Saturday, 18 September 2010

Special day 4 me !!!

ဒီနေ့က ထူးခြားပါတယ် special day ပေါ့ ဒီလောကထဲရောက်အောင် မွေးဖွားပေးတဲ့ မေမေ ရယ် လိုချင်တာမှန်သမျှ ဖြည့်ဆည်းပေးတဲ့ ဖေဖေရယ် ကိုယ်ဆိုးချင်တိုင်း ဆိုးလို့ရပြီး

အလိုလိုက်ခဲ့ကြတဲ့ ကိုယ့်ရဲ့ ကိုကိုနဲ့ ညီမလေး ရယ်ကို ကျေးဇူးလဲတင်ပါတယ် ချစ်လဲချစ်ပါတယ်လို့ ပြောချင်ပါတယ် (ဟိုလေ အကယ်ဒမီရရင် အဲဂလို ကျေးဇူးတင်စကား ပြောတယ်မလား ဟိ)

(မမကိုး ဆွဲထားပေးတဲ့ကာတွန်းလေး ကလစ်ထောက်ကြည့်နော် ပြီးတော့ ချဲ့ကြည့်သိလား အရမ်းချစ်ဖို့ကောင်းတာပဲ ကာတွန်းလေးက အဟိ)

“ ချစ်ညီမလေး မွေးနေ့မှစ လိုရာရ ရွှင်လန်းချမ်းမြေ့ ပျော်ရွှင်ပါစေ”
ညီမလေးရေ... မမ ခရီးသွားလိုက်ရတာရော ရုံးမှာ အရမ်းအလုပ်များနေတာရော ခုမှ မွေးနေ့လက်ဆောင်ပို့လိုက်ရတာ စိတ်မကောင်းဘူးကွယ။် ဒါပေမယ့် မွေးနေ့အမှီ မမ ကြိုးစားပြီး ဆွဲထားပါတယ်း) ညီမလေး.... ရာသက်ပန် ပျော်ရွှင်ချမ်းမြေ့ပါစေ။

ဆိုတဲ့မေးလ် နဲ့တူတူ မမမယ်ကိုး က ကာတွန်းလေး ပို့ပေးခဲ့ပါတယ်
ဒေါ်လေးမိုးကယ် (အဲလိုခေါ်ရင် အကြိုက်ဘူးတဲ့ ဟိဟိ) မမကိုးရေ ကျေးဇူးနော် ပုံလေးက သမီးထက်တောင် ချစ်ဖို့ကောင်းသေးတယ် ဟိ

မနက်ဖြန်မွေးနေ့ ~~ ကံကောင်းအောင် ဘုရားစာလေး ဘာလေးဆို ဝက်စုတ်လို့ လာပြောတဲ့ ဆောင်း
ဝက် နင်က စောစောက မပြောဘူး ငါ လက်ဆောင် ပို့ပေးမှာပေါ့ လို့ ပြောတဲ့ သူငယ်ချင်း ချစ်ပါးလုံးလေး
ဖုံးနဲ့လှမ်းပြီး Happy Birthday ပါဆိုပြီး message ပို့တဲ့ သူငယ်ချင်း အာနိုး
မွေးနေ့လား ဖွား ဆုတောင်းပေးမယ်နော် မြေး လို့ ပြောတဲ့ မခိုင်နုငယ်
မွေးနေ့မှာပျော်ရွှင်ပါစေနော် ငါမသိလို့လို့ ပြောတဲ့ သူငယ်ချင်း ဂူးငယ်
ည ၁၁ ခွဲမှာ ဖုံးဆက်ပြီး Birthday Wish လှမ်းလုပ်တဲ့ ကိုကြယ်
မနက် ၉နာရီ ခွဲလောက်ကျ မွေးနေ့မှာ ပျော်ရွှင်ပါစေ မမ ဆိုပြီး ဖုံးလှမ်းဆက်တဲ့ ညီမလေး နဲ့မေမေ (အဲဒီအချိန်ထိ အိပ်ယာကမထသေး ဟိဟိ)
မျက်နှာစာအုပ် (facebook) ကနေ မွေးနေ့ ဆုတောင်းပေးကြတဲ့ သူငယ်ချင်း အားလုံး (အဖေ့ဘွတ်လဲ ဖွင့်လိုက်ရော အာားဘာားး အများဂျီးပဲ သိရား ပျော်စရာကြီး သူတို့ကို reply ပြန်ရတာ ဟိဟိ )

အားလုံးကိုကျေးဇူးတင်ပါတယ် ကိုယ့်ရဲ့မွေးနေ့ကို သတိတရ wish လုပ်ပေးတဲ့အတွက်ပေါ့ (ကိုကို မပါဘူး နော် ဧကန္တ wish မလုပ်ပဲ အံ့သြသွားအောင် မွေးနေ့လက်ဆောင် ပေးမလို့နဲ့တူတယ် ဟိဟိ ညီမလေးက ပြောတယ် ကိုကို့ဆီက မွေးနေ့လက်ဆောင်တောင်းတဲ့ အတော်ပဲနော် external hard drive ဝယ်တာ ပိုက်ဆံပြန်မပေးရသေးဘူး အဲဒါ မွေးနေ့လက်ဆောင် အဖြစ် ပေးလိုက်တော့နော် ဟိ)

မစနေ စကားယူသုံးလိုက်မယ်နော် “ အသက်သာကြီး၏ သို့သော် ကျွန်မ မရင့်ကျက်သေးပါ ” ဆိုသလိုပဲ အသက် ၂၁ နှစ် (ထည့်မပြောချင်ဘူး ကိုယ်အသက်ကြီးတာမသိစေချင်ဘူး ဟိဟိ) သာ ပြည့်တာပါလူက တကယ် မရင့်ကျက်သေးပါဘူး ရင့်ကျက်ဖို့ အများကြီးလိုပါသေးတယ် မရင့်တော့ မရင့်ကျက်သေးဘူး ဒါပေမယ့် ရင်တော့ကျပ်တယ် အဟွတ် အဟွတ်

ဘာမှမကျွေးတော့ဘူးနော် တကယ်လဲ စားရတာလဲ အဟုတ်ဖဲနဲ့နော့် နောက် လူချင်းတွေ့မှ ဝက်ကို မုန့်ဝယ်ကျွေးနော် အဲလေ ယောင်လို့ ဝက်က မုန့်ဝယ်ကျွေးမယ်နော် ဟဲဟဲ

Happy Birthday To Me, Bear !!!!

Thursday, 9 September 2010

ကိုယ့်ရဲ့ ကြယ်ကလေး

အချိန် ၂၀၀၃ ခုနှစ်
နေရာ America, LA

နဒီ
ကား accident ဖြင့် မိဘနှစ်ပါး ဆုံးပါးသွားတော့ နဒီတယောက်တည်း ယောင်လည်လည်ဖြင့် လောကကြီးအလယ်တွင် ကျန်ခဲ့သည်။ ၁၀ တန်းပြီးခါက နဒီတယောက်ဘာဆက်လုပ်လို့ လုပ်ရမယ်မှန်းမသိအောင် တကောင်ကြွက်ဖြစ်ခဲ့သည် ကံကောင်းထောက်မစွာ အမေ့ရဲ့မောင် ဦးလေးတို့မိသားစုက နဒီ့ကို အမေရိကား လာပြီးကျောင်းတက်ဖို့ ခေါ်ခဲ့သည် ကျောင်းတက်လိုက် အချိန်ပိုင်း အလုပ်လေး လုပ်လိုက်ဖြင့် နဒီ့ဘဝအခြေကျခဲ့သည် ကျောင်းတက်ရင်းပင် ဇေယျ နဲ့ ဆုံစည်းခဲ့လေသည်

ဇေယျ
မိသားစုထဲတွင် သားအကြီးဆုံးဖြစ်ပြီး သူ့တွင် ညီမလေး တယောက်ရှိသည် အဖေက နိုင်ငံရေးသမားဖြစ်သည့်အတွက် မြန်မာနိုင်ငံမှ ခိုးထွက်ကာ ထိုင်းတွင်ခဏ ခိုလှုံ၍ နောက်တော့ အမေရိကားသို့ မိသားစုလိုက်ပြောင်းရွှေ့လာကြသည် ဇေယျ ဘဝတွက်အခက်အခဲ ဒုက္ခမျိုးစုံကိုအရွယ်နဲ့မလိုက်အောင် ခါးစည်းခံခဲ့ရလေသည် အခုတော့ အားလုံး အခြေကျကာ အဖေလဲ အချိန်ပိုင်းအလုပ်လေးလုပ်ရင်း သူကလဲ အလုပ်လုပ်လိုက် ကျောင်းတက်ကာ ညီမလေးကို ကျောင်းဆက်ထားပေးဖို့ ကြိုးစားခဲ့သည်

၂၀၀၅ April

သင်္ကြန်ရက်များကို အမေရိကားရောက်မြန်မာများနှင့် ကုန်ဆုံးရင်းပင် နဒီနှင့် ဇေယျတို့ ၂ ယောက်သား သူငယ်ချင်းအဆင့်မှ ချစ်သူအဆင့်သို့ရောက်ခဲ့လေသည်။ ဇေယျက အေးဆေးပြီးရင့်ကျက်သလောက် နဒီကတော့ ဇေယျအပေါ်တွင် နွဲ့ဆိုး ဆိုးပြီး အနိုင်ယူခဲ့သည်
“ ဇေယျ နင့်ဘဝမှာ ဘာအဖြစ်ချင်ဆုံးလဲ ဟင် ” ဟု နဒီမေးလိုက်သည်
“ ငါ့မိသားစုကို ပျော်ပျော်ရွှင်ရွှင် တင့်တောင့်တင့်တယ်ထားချင်တယ် ညီမလေးကိုလဲ သူတက်ချင်တဲ့ တက္ကသိုလ်ပေးတက်စေချင်တယ် ငါ့ညီမလေးကို ငါကိုယ်တိုင်ကျောင်းထားချင်တယ် ”
“ ဒါဆို နင်စဉ်းစားတဲ့အထဲမှာ ငါမပါဘူးပေါ့ ဟုတ်လား ”
“ ပါပါတယ် နင်ကလဲ အေးဆေးဖြစ်တဲ့အချိန်ကျ ငါတို့လက်ထပ်ကြတာပေါ့ ”

----

ဇေယျက တော်တော်လေးအေးပါတယ် နဒီ့ကိုလဲတော်တော်လေးသည်းခံရှာသည်
“ မနေ့ကလဲ ငနဲတယောက်က စကားပြောချင်လို့ဆိုတာနဲ့ g talk နဲ့ပြောကြသေးတယ် သိလား ”
“ အင်း ဘယ်အချိန်ထိလဲ သိပ်လဲ ညနက်တဲ့အထိမနေနဲ့နော် ”
ဒီလောက်သာ ပြောလေ့ရှိသည် ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ ချုပ်ချယ်လေ့မရှိ
တခါတလေ ပြောသည့်စကား
“ နဒီ နင်မရီနဲ့နော် နင်ရီရင် အရမ်းချစ်ဖို့ ကောင်းတာ သိလား ကောင်လေးတွေကိုမရီပြနဲ့နော် ”
ဒီတော့ နဒီ့အနေဖြင့် သူမ ကိုမချစ်ဘူးလား သဝန်မတိုဘူးလား ဘာလို့မချုပ်ချယ်တာလဲ စ သည်ဖြင့် အတွေးပေါင်းများစွာဖြင့်
ဇေယျ အနေနဲ့က နဒီ့ကိုသူအရမ်းချစ်သည် ထို့အတွက် နဒီက သူ့ကြောင့် ဝန်ထုပ်ဝန်ပိုးမဖြစ်စေလို ဒါကြောင့် ဘာကိုမှ အတင်းအကျပ်မတောင်းခဲ့ပါ

----

“ နဒီ တစ်သျှူးပါလား ပေးပါဦး ” ဟု ဇေယျက တောင်းလိုက်သည်
“ ရော့ အိတ်ထဲရှာလိုက်ဟာ ငါလက်မအားလို့ ” ဟုဆိုကာ စာဆက်ရေးနေသည်
အိတ်ထဲရှာရင်း နဒီ့အိတ်ထဲမှ စီးကရက်ဘူး ထွက်လာသည် ဇေယျ မျက်လုံးပြူးသွားသည်
“ နဒီ နင်... ” ဟု ဆိုကာ ဘာစကားမှပင် မပြောနိုင်ပါ
မျက်မှောင်ကြုံ့ကာ နဒီက
“ အတန်းပြီးမှ ပြောစမ်းပါ အာရုံနောက်တယ် ”
အတန်းပြီးတော့ ဇေယျ တယောက်ပေါက်ကွဲလေသည်
“ နင် ဆေးလိပ် စ သောက်နေတာလား ဟုတ်လား ပြောစမ်း နဒီ ”
“ နင်ကလဲဟာ ဒါများ အဆန်းလုပ်လို့ ဒီနိုင်ငံမှာ ဒီလိုပဲ သောက်နေကျဟာကို ”
“ မရဘူး မရပါဘူး နင် မသောက်နဲ့ဟာ ”
“ ငါ့ကို အမိန့်ပေးနေတာလား ဒါက ”
“ မဟုတ်ပါဘူးဟာ နဒီရာ ငါတောင်းဆိုတာပါ တောင်းပန်တာပါ မသောက်ပါနဲ့နော် ”
“ မသိဘူး စဉ်းစားလိုက်ဦးမယ် အခုတလောက် ငါ stress တွေသိပ်များတယ် ”
“ နင် ဘာဖြစ်နေလဲ ငါ့ကိုရင်ဖွင့်နော် ငါနားထောင်ပေးမယ်လေ နော် ဆေးလိပ်တော့မသောက်ပါနဲ့နော် ရောဂါရမှာစိုးလို့ပါ ”
ဒီလိုပြောနေတဲ့ ဇေယျကို နဒီကြည့်ပြီး စိတ်ထဲကြိတ်ပျော်သွားသည် ဘယ်တော့မှ စိတ်ပူလေ့မရှိသည့် ဇေယျ အခုတော့
“ မသိသေးဘူး ငါ့ကို စိတ်ညစ်အောင်လာမစားနဲ့ ”
တကယ်တော့ နဒီ ဆေးလိပ်မသောက်တတ်ပါ သူငယ်ချင်းတယောက်က နဒီ့ကိုခဏသိမ်းခိုင်းထား၍သာ နဒီ့ဆီမှာ ဆေးလိပ်ဘူးရှိနေခြင်းဖြစ်သည် နဒီက ဇေယျကို စ ခြင်းသက်သက်သာဖြစ်သည်
-----

၂၀၀၇ March

နဒီ့ဦးလေးတို့ မိသားစု ကိုရီးယားသို့ အလည်သွားကြသည် နဒီ့ကိုလိုက်ဖို့ ခေါ်သည် နဒီမလိုက်ချင်ပါ နွေရာသီကျောင်းပိတ်ရင် အလုပ်လုပ်ချင်သည် ထို့အတွက်နေခဲ့ခြင်းဖြစ်သည်
တကယ်လို့ လိုက်သွားရင် တမျိုးတဖုံတော့ အခြေအနေတွေ ပြောင်းလဲမယ်လို့ ထင်သည် လိုက်မသွားခဲ့မိသည့်အတွက်လဲ နဒီ နောင်တရမဆုံး ကိုယ့်ကိုယ်ကို ယူကြုံးမရဖြစ်ခဲ့သည်
နဒီ့ဘဝမှာ ကံကြမ္မာဂြိုဟ်ဆိုး ဝင်ခဲ့သည့် အချိန် .

“ နဒီ ဒီနေ့ Shelly မွေးနေ့ club သွားမယ် လိုက်ခဲ့ပါ့လား ”
“ အိုခေ လေ လိုက်တာပေါ့ ” ဟုဆိုကာ နဒီတို့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေ ညနေ ၇ နာရီလောက်ကျ ဆိုင်ထဲသို့ရောက်နေလေသည်
ကကြ သောက်ကြရင်း နဒီကတော့ အချိုရည်ပဲ သောက်ပါသည် ထိုစဉ် ဇေယျ ဖုံးဝင်လာသည်
“ ဟယ်လို ”
“ အာ.... နဒီ ဆူညံနေတာပဲ နင် ဘယ်မှာလဲ ”
“ ငါလား club မှာလေ ဒီနေ့ Shelly မွေးနေ့တဲ့ ဒါနဲ့ လိုက်တိုက်လို့ ”
“ နင် ရော သောက်နေတာလား ”
နဒီ ဇေယျကို စ ချင်သွားသည် ဇေယျက ဒီလို အရက် ဆေးလိပ် ကိစ္စဆို နဒီ့ကို စိတ်ပူသည် ထို့အတွက်
“ အေးပေါ့ နဲနဲပါးပါးပါဟ ငါမမူးပါဘူး ” ဟုဆိုကာ ခပ်ထွေထွေအသံဖြင့် ပြန်ဖြေလိုက်သည်
“ နဒီ နင့်ကို ငါစိတ်မချဘူး ဘယ်ဆိုင်လဲ ပြော ငါအခုလာခဲ့မယ် ငါ့ကို စောင့်နော် နင်အရမ်းမသောက်နဲ့ မူးပြီးလဲမရမ်းနဲ့နော် ” ဟု ဇေယျ ပြန်ပြောလိုက်သည် ဇေယျ တယောက်စိတ်တွေ အရမ်းလှုပ်ရှားနေသည် နဒီတယောက်တည်း မူးမူးရူးရူးဖြင့် ဇေယျ ဆက်မတွေးရဲအောင်ပင် ထို့နှင့် နဒီရှိရာသို့ ဇေယျ အပြေးလာခဲ့သည်
နာရီဝက် ၄၅ မိနစ်ကြာသော် နဒီ့ဆီ ဇေယျဖုံးဝင်လာသည်
“ ဟယ်လို ” နဒီ နောက်ချင်သောကြောင့် မူးမူးအသံဖြင့် ဖြေလိုက်သည်
တဖက်မှ စကားသံများကို ကြားရသောအခါ နဒီ ဖုံးလွတ်ကျကာ ဘာစကားမှ မပြောနိုင်အောင် ဖြစ်ခဲ့လေသည်
သတိပြန်ဝင်လာသောအချိန်တွင် နဒီ ရင်ထဲ ဆို့နေသည် ထို့နှင့် ဆေးရုံသို့ တက္ကစီငှားကာ သွားခဲ့သည်

အရာအားလုံးနောက်ကျခဲ့လေသည်
သွေးအလိမ်းလိမ်းဖြင့် ဇေယျ ခန္ဓာကိုယ်က နဒီ့ကို ဆီးကြိုနှုတ်ဆက်ခဲ့သည်
ရင်တွေ တလှပ်လှပ်ခုန်ကာ ဒါဟာ အိမ်မက်ကြီး တကယ်မဟုတ်ဘူး နိုးပါတော့ ဟု စိတ်ထဲတွင် ပြောမိသည် တကယ်တော့ ဒါဟာ အိမ်မက်မဟုတ်ခဲ့ပါ
ဒီလိုနှင့် ဇေယျ တယောက် နဒီ့ဘဝထဲကနေ အပြီးအပိုင်ထွက်ခွာသွားခဲ့သည်

----

March ၂၈

နဒီ တညလုံးငိုခဲ့သည် ကိုယ့်ကိုယ်ကို လဲ ယူကြုံးမရဖြစ်ခဲ့သည် ငါ့ကြောင့် ငါ့ကြောင့် ဟုဆိုကာ ကိုယ့်ကိုယ်ကို အပြစ်တင်နေမိသည်
ဇေယျ အသုဘ ချသည့်နေ့တွင် နဒီ့တွင် ငိုစရာမျက်ရည်မရှိခဲ့ပါ
နဒီ ကိုယ့်ဟာကို သတ်သေဖို့ စဉ်းစားသေးသည် ဒါပေမယ့်မလုပ်ဖြစ်ခဲ့
ဇေယျရဲ့ ဆန္ဒကို နဒီဖြည့်ပေးချင်သည် ညီမလေးကို ကျောင်းထားပေးဖို့
“ သမီး ငိုလိုက်လေ နဒီ ငိုလိုက် အားရအောင် ငိုလိုက်နော် ” ဟု အန်တီက နဒီ့ကိုအားပေးရင် သူချည်းပဲ ငိုလေသည်
နဒီ စိတ်မကောင်းပါ ရင်ထဲတွင်လဲ ဖော်မပြတတ်အောင်ပင် ညီမလေးကလဲ တရှုံ့ရှုံ့ဖြင့် ဇေယျအဖေကတော့ ယောကျာ်းဆိုတော့ရင်ထဲတွင် ကြိတ်ကာ ရှိုက်နေလေသည်
သူတို့အားလုံးကို ဝေဝေဝါးဝါး ကြည့်ကာ
“ ဇေယျ စိတ်ချပါ နင့်မိသားစုကို ငါကြည့်ရှုစောင့်ရှောက်ပါ့မယ် ” ဟု စိတ်ထဲတွင် တီးတိုးပြောလိုက်လေသည်

-----

နဒီ တယောက် ဇေယျ အုတ်ဂူလေးပေါ်သွားပြီး နှင်းဆီပန်းလေးတွေသွားချသည် တနေ့မှ ဝတ္တရားမပျက်ခဲ့ ဘေးနားပတ်ဝန်းကျင် သန့်ရှင်းရေးလုပ် လှဲကျင်းကာ ဇေယျနဲ့ စကားပြော အဖော်ပြုပြီးမှ ပြန်လာခဲ့သည်




“ အန်တီ နဲ့ ဦး သမီးကို ခွင့်ပြုပါ ”
“ မဟုတ်တာ သမီးရယ် ”
“ အန်တီတို့ခွင့်မပြုရင် ဇေယျ အသေမဖြောင့်ပဲ နေပါလိမ့်မယ် သမီးကို ခွင့်ပြုပါ ညီမလေးကို သမီးပဲ ကျောင်းဆက်ထားပေးပါ့မယ် ”
တရှုံ့ရှုံ့ဖြင့်ငိုနေသော အန်တီ့ကို နဒီမကြည့်နိုင်တော့ပါ ညီမလေးကို ဖက်ကာ နဒီ မျက်ရည်ကျခဲ့သည်
နဒီရဲ့ ပြင်းထန်လွန်းသည့် ဆန္ဒကို ဇေယျ မိဘတွေ သဘောတူခဲ့ကြသည်
နဒီ အလုပ်ကို ၂ ခု ၃ ခုလုပ်ကာ ညီမလေးကို ကျောင်းဆက်တက်စေခဲ့သည်
နဒီ့ဦးလေးကလဲ နဒီ့ကိုပြောမရ၍ မနိုင်လို့ လွှတ်ထားလေသည်
“ ဇေယျ နင့် ဆန္ဒပြည့်စေရမယ် ငါဖြည့်ဆည်းပေးမယ် ”
နဒီ အရယ်အပြုံးလဲ နဲခဲ့သည် ရီလိုက်တိုင်း ဇေယျ ပြောသည့်စကားကို ပြန်ကြားနေသည်
“ နင်ရယ်ရင် သွားတက်လေးနဲ့ အရမ်းချစ်ဖို့ကောင်းတာပဲ ” ဟူသည့်စကား နားထဲတွင် ပဲ့တင်ထပ်နေသည် နားကိုပိတ်ကာ မျက်ရည်ဝဲမိသည်
ဘယ်နေရာ သွားသွား ဇေယျအရိပ်တွေချည်းပဲ မြင်နေရသည် အရာရာဟာ နဒီ့အတွက်အကျည်းတန် ဆန်ခဲ့သည်
“ ဇေယျ နင် ငါ့အနားမှာ ရှိနေတာ ငါသိပါတယ် နင် ငါ့ကို စိတ်မချတာ ငါသိတယ် ” ဟုတီးတိုးပြောမိသည်

----

၂၀၀၉ September

ညီမလေး ဘွဲ့ရပြီ
အန်တီနဲ့ ဦးလေးနဲ့အတူ နဒီ ပါ အခမ်းအနားသို့ တက်ရောက်ခဲ့သည်
“ ဇေယျ ရေ နင့်ညီမလေး ဘွဲ့ယူနေပြီ နင် တမလွန်ကနေ ဝမ်းသာပါတော့ ” ဟု နဒီ စိတ်ထဲမှ တီးတိုးပြောနေမိသည်
ဓာတ်ပုံတွေရိုက်ကြသည်
“ မမ လာ ညီမလေးနဲ့ တူတူ တပုံလောက် ”
“ မိသားစု ဓာတ်ပုံရိုက်မယ် ” ဟု ဦးလေးက ဆိုသဖြင့် နဒီ အနားမှာထွက်မည်အပြုတွင်
“ သမီးပါ လာလေ ” ဟု ဆိုသဖြင့် နဒီ့ရင်ထဲ နွေးသွားသည်
ဓာတ်ပုံထဲတွင် နဒီအလှဆုံးဖြစ်မည် ဟု ထင်သည်
ထိုပုံလေးသည် နဒီ့အတွက်နောက်ဆုံးပုံလေးပင်ဖြစ်သည်ကိုတော့ နဒီတယောက်မှ လွဲ၍ ဘယ်သူမှ မသိနိုင်ပါ

-------

၂၀၁၀ March ၂၈

ညီမလေး တယောက်အလုပ်လုပ်နေပြီ ဟု သိရသောအခါ နဒီ စိတ်ချလေသည်
ဒီနေ့ဟာ ဇေယျဆုံးတာ ၃ နှစ်ပြည့်တဲ့နေ့ပဲ နဒီ အားလုံးကို ပြင်ဆင်ခဲ့ပြီလေ ဒီရက်ကို နဒီစောင့်နေရတာ ကြာပြီ မောလိုက်တာ ဇေယျရယ် ဟု စိတ်မှ တီးတိုးပြောလိုက်သည်
ဒီနေရာဟာ ဇေယျ ကိုကားတိုက်ခဲ့တဲ့ လမ်း
နဒီ ရင်တွေ တလှပ်လှပ်ခုန်နေသည် တံတွေးတချက်ကို မြိုချလိုက်သည်
ထို့နောက် တဖြေးဖြေးချင်း
“ Hayyy watch out lady ” ဆိုသည့် စကားသံများ ကို လျှစ်လျှူရှူကာ ကားရှေ့တည့်တည့်သို့
နဒီ ခန္ဓာကိုယ် လေထဲသို့ မြောက်တက်သွားပြီး
“ ဇေယျ ရေ ငါနင့်ဆီကို လာနေပြီ ငါ့ကိုစောင့်.............”
လောကကြီးတခုလုံး နှင့် နဒီ အဆက်ပြတ်ခဲ့လေသည်

-----

အမှားပါရင် သည်းခံပြီးဖတ်ပေးကြပါနော် အင်တာနက်မရတုံးက ရေးထားတာလေးပေါ့
ပုံကို google ကနေ ယူပါသည်
အားလုံး ကျေးဇူးးးးးးးးးးးးးးး