Sunday, 12 July 2009

ဘလော့ဂ်ဂါ မောင်နှမ များရဲ့ လတ်တလော အခြေအနေ

ငှက်ကလေး : မမများးးးးးးးးးးးး(အာပြဲအောင် အော်သည် လိပ်ခေါင်းထွက်အောင် အော်သည်)

မမများအဖွဲ့က တလှမ်းချင်း ဖင်ကို နွဲ့ပြီးလာကြသည်

ငှက်ကလေး : ဟာကြာတာ မြန်မြန်လာပါ ဟ ဒီမှာသတင်းတွေ ရခဲ့လို့

မမများ : ဟဲ့ ငါတို့က ဂလိုပဲလမ်းလျှောက်တတ်တာကိုးဟ ဘာတုံး ဘာအတင်းတုံး

ငှက်ကလေး : အောင်မာ အတင်းမဟုတ်ပါဘူးနော် သတင်းသတင်းတွေ ရလာခဲ့တယ်

နွေအူး : ဘာတွေတုံး ငှက်ရဲ့ပြောပါဦး

ငှက်ကလေး: အခုတလောလေ ဘလော့ဂ်ဂါ မောင်နှမတွေက ထူးထူးခြားခြားလုပ်မယ်ဆိုပဲ အရင်နဲ့ မတူ အသစ်အဆန်းတွေ လုပ်မယ်ဆိုပဲ အဲဒီသတင်း သိပီလား

မေလေး : ဟုတ်လား ဘယ်လိုလုပ်မှာတုံး ငှက်ရဲ့ လင်းစမ်းပါဦး

ငှက်ကလေး : အာ... သတင်းတွေက အများကြီးရယ် ဂလိုလုပ်ပါလား နာ့ကို by name နဲ့မေးဟာ ငါပြောပြမယ် ဟုတ်ပလား

lunn : အိုတေ ကောင်းပြီ အရင်ဆုံး ငါတို့ အမကြီးပေါ့ဟာ မစနေ သူကော ဘာအပြောင်းအလဲ လုပ်မတုံး ပြောပါဦး ငှက်ရဲ့

ငှက်ကလေး : အင်းးးးး သူကတော့ တော်တော် ပြောင်းလဲမယ်တဲ့ နင်တို့သိတယ် ဟုတ် ငါတို့မစနေက ဟိုလေ Jammy ရဲ့ သရုပ်ဖော်ပုံတို့ ဗဟုသုတတို့ ဘာသာပြန်တို့ ရေးတယ်ဟုတ် အဲဒါ သူ မရေးတော့ဘူးတဲ့ ငါ့လို ပေါက်တတ်ကရတွေ ရေးမယ်တဲ့ ဒါနဲ့ အခု သူ ကုန်ကြမ်းရှာနေတယ် ဟ

ဆောင်းမြူခိုး : အယ် မကြီးကတော့ လုပ်ပီ ငါ့မှာသူ့စာ ဖတ်ပြီး အားမွေးရပါတယ် ဆိုနေ

ငှက်ကလေး : နင်က အားမွေးပြီးရင် ကလေး မွေးမလို့လား ဆောင်းရဲ့

ဆောင်းမြူခိုး : သေလေ ငှက် လဒ ငါပြော ဗဟုသုတရပြီး စိတ်ကို ကျန်းမာစေတယ် ပြောတာ ဟဲ့ နလပိန်းတုံးရဲ့

Tony : ကဲ ရန်မဖြစ်ကြနဲ့ ဒါနဲ့ ဟို မယ်ကိုးရော သူရော ဘာလုပ်မလဲတဲ့

ငှက်ကလေး : အင်းးးး အဲဒီမမလဲ အရမ်းပြောင်းလဲတယ် ဟ သူအချစ်ဝတ္ထုရေးတာ သိတယ် ဟုတ် အခု သူ အဲဂလို ဇာတ်လမ်းရှည်ရေးတော့ဘူးတဲ့ လူသတ်ဇာတ်လမ်း သည်းထိတ် ရင်ဖိုရေးမယ် ဆိုပြီး ဟိုတလောက ၅ လောင်းပြိုင်လူသတ်မှု သိတယ် ဟုတ် အဲဒါကို လိုက်ပြီး စုံစမ်းနေလေရဲ့

မင်း : ဟာ လုပ်ချလိုက်ပြန်ပြီ အဲဒါကြီးက shock ရှိတယ်လေ ရဘူးမလား ငါတို့ မမမယ်ကိုးတော့ ကွိုင်ရှာပြန်ပါပြီ

ဆောင်းမြူခိုး : အယ် ငါက သူ့ရဲ့ ဝတ္ထုအရေးအသားလေးတွေ ကြိုက်တယ် ဟ အရေးအသားက သူများနဲ့မတူဘူး လန်းတယ် ဒုက္ခပဲ သူမရေးတော့ဘူးဆိုတော့ ငါ ဖတ်လို့မရတော့ဘူးပေါ့

ပိုင်ရည် : ဒါနဲ့ သားကြီးရော သူကော ဘာလုပ်မတဲ့လဲ ငှက်

ငှက်ကလေး : အင်းသူကတော့ နဲနဲ ဆက်နွယ်တယ် ပြောရမယ် အရင်က သရဲအကြောင်းတွေ ရေးတယ် လေ အခု အစွယ် ၁ ချောင်းနဲ့ ဘီလူးအကြောင်းရေးမယ်တဲ့

မမများ : ဟဲ့ ငှက် ဘာကြီးတုံး (အံ့သြတကြီး သိချင်စိတ်ဖြင့် ဝိုင်းမေးကြသည့်အသံ)

ငှက်ကလေး : အော် ငါ့မမတွေကလဲ ရွတာ ပြောတာ ဆုံးအောင် နားမထောင်ဘူးရယ် အစွယ်တချောင်းရှိတဲ့ ကြံ့ ဘီလူးအကြောင်းရေးမလို့ပါဆိုနေ ဂယ်ပဲ ဟွန်းးးးး ပြောချင်ဘူးရယ်

ဗညား : ငှက်ရယ် ငါဖြင့်လန့်သွားတာပဲ ကလူ ကလူ ရင်တွေရော ဖင်တွေပါ တုန်ပါဘိဟယ်

သားငယ်လေး : ငှက်ရယ် ထားပါတော့ ငါတို့ ကိုလူထွေးကြီးရော ဘာလုပ်မလဲ

ငှက်ကလေး : အင်းးး သူကတော့ ကောင်းတယ် ပြောရမလားပဲ သူအသက်ကြီးပြီတဲ့ သေရင် ဘာမှမပါဘူး အပြောင်အပျက်တွေ လျှော့မှ ဆိုပြီး အခု ဘာသာရေးဘက်လိုက်နေတယ်ဟဲ့ တရားအကြောင်း ဘုရားအကြောင်း ရေးမယ်ဆိုပြီး အခု ၅၅၀ နိပါတ်နဲ့ ဇာတ်ကြီး ၁၀ ဘွဲ့ ဖတ်နေလေရဲ့ သူ့မဒမ်လူထွင်းပြောတာ ငါကြားလာခဲ့ရတယ် ဟ

ငြိမ်းငြိမ်း : အယ်ဒါဆို အတော်လိမ္မာနေတာပဲ ငါတော့ သူ့ဘလော့ဂ်သွားပြီး သွားသွားရယ်ရတာ အခုတော့ အဲဂလိုရတော့ဘူးပေါ့နော် ဟုတ်လား အီးးး

ကျော်ကျော်အောင် : အော်ဒါနဲ့ ဟို Mae ရောဟင် သူကကော ဘာလုပ်မတဲ့လဲ

ငှက်ကလေး : အော် ဓာတ်ပုံရိုက်တဲ့ မမမေလား အင်းးး သနားစရာ သူ့ကင်မရာကြီး စိစိညက်ညက် ကျေသွားလို့တဲ့ စိတ်လေပြီး ဓာတ်ပုံမရိုက်တော့ဘူးတဲ့ အခု ဝတ္ထုရေးမယ်တဲ့လေ

ဆောင်းမြူခိုး : ဟယ် ငါက သူ့ရဲ့ ရိုက်ကွက်လေးတွေကို ကြိုက်တာဟ တော်တော်လေးလဲ ရိုက်တတ်တယ်လှတဲ့ဟာကို နော်

ballonlay : ငှက် မမခင်ဦးမေရာ ဘာတဲ့တုံး

ငှက်ကလေး : အော် ရန်ကုန်အကြောင်းရေးတဲ့ မမကွန်လား အင်းး သူကတော့ နဲနဲ ပဲပြောင်းပါတယ် ဟ အခုသူ ရန်ကုန်အကြောင်းမရေးတော့ဘူးတဲ့ အိန္ဒယ အကြောင်းရေးမယ်ဆိုပြီး ကုလားပြည်ထွက်သွားပြီ

ဗညား : ဟာ လုပ်လိုက်ဟ ဆလမလေးကွန်းး တွေ အာလူးပူရီတွေ တိုရှည်တွေ တိုပြတ်တွေ ဖြစ်ကုန်တော့မှာပဲ

ငှက်ကလေး : အေးလေ ကုလားပြည် ၁ ၂ ၃ ဆိုပြီး ရေးမယ်ဆိုပဲ ဟဲ့

သားငယ်လေ : ဒါနဲ့ မြူးသျှီရီကော ဟင် သူကလေးလေ ဟင်းချက်တဲ့ သူကောဟင်

ငှက်ကလေး : ပြောမယ် ယောင်းမြူးပေါ့ ဟင်းချက်စရာ ကုန်ပြီတဲ့ မရှိတော့ဘူးတဲ့ ချက်ရရင်တောင် ဂေါ်ဇီလာ ခြေသည်းပဲ ရှာချက်ရမယ့် ဘဝတဲ့ သူရယ် ယောင်းမက်ရယ် ဖွားကိရယ် မမမိုးခါးရယ်လေ ဘလော့ဂ်မရေးတော့ဘူးတဲ့ မင်းသမီးလုပ်မယ်ဆိုပြီး ဖြူဖြူကျော်သိန်းဆီမှာ တပည့်ခံနေကြတယ်

ပိုင်ရည် : လုပ်လိုက်ဟ ငါ့နှယ်နော် ဂလိုဆို ဖူဖူဂျော်ဒိန်း ကြီးပွားနေတယ်ပေါ့ ဟုတ်လား ငှက်

Tony : ဟို အိန်ဂျယ်ရောဟင်

ငှက်ကလေး : တိုနီ နင်မြှောက်ပေးတာလေ မမအိန်ဂျယ်ရယ်ပေါ့ ဘောလီးဝုဒ် သွားပြီးမင်းသမီး လုပ်မလို့ဆိုပဲ

ကျော်ကျော်အောင် : ဟို ဒါနဲ့ ကဗျာ ဆရာ ကြယ်ကလေး ရောဟင်

ငှက်ကလေး : အယ် ပြောမလို့ အဲဒီ ကြယ်ကလေးရယ် ကိုအနော်မာရယ် ကိုသုဏော်စိုင်းရယ် ကိုပြည့်စုံရယ် ကိုစည်သူရယ် ကိုမင်းနေဝေးရယ်လေ ကဗျာမရေးတော့ဘူးတဲ့ အဆိုတော် လုပ်မယ်ဆိုပြီး ဟို.. ငါပြောတဲ့လေ အနူခွက်လက် နဲ့ ရွှေခွက်နှိုက်တဲ့ ကော်ပီစိုင်းစိုင်းဆီမှာ တပည့်ခံနေလေရဲ့

မင်း : ခံချင်တာများဟာ ငါတို့ဆီလာတာဟုတ်ဘူး စိုင်းစိုင်းဆီများ သွားရတယ်လို့

ငှက်ကလေး : ဘာတုံးဟ နင့်ဟာကလဲ မရှင်းမရှင်းနဲ့

မင်း : အော် တပည့်ခံချင်တာ ပြောပါတယ် ငှက် နင်ဟာလေ တော်တော် အတွေးပေါက် ပြောချင်ဘူးရယ်

သားငယ်လေး : ဟာ လုပ်ရော့မယ် ငါကသူတို့ရဲ့ ကဗျာလေးတွေ ကြိုက်တာဟ သူတို့ ကဗျာ အဖွဲ့ကောင်းတယ် ဟ သေပါပီဟာ

lunn : ထားပါ ဒါနဲ့ ဟို အိမ်အရောင်းအဝယ်ရေးတဲ့ ကတ်ကြီး အဲလေ ဟတ်ကြီးကော ဘာလုပ်မယ်တဲ့လဲ

ငှက်ကလေး : သူတို့က အဖွဲ့လိုက် အုပ်စုတောင့်တယ် လွန်းရေ ကိုဖြူ(လင်းကြယ်ဖြူ) ကိုယုယ ကိုပြည့်ဖြိုး ကိုမြစ်ကျိုးအင်း နဲ့ ဦးဟတ်ကြီးပေါ့ တော်ပီ တဲ့ ဘလော့ဂ်ဂါလုပ်စားရတာ ပင်ပန်းတယ်တဲ့ ဒါနဲ့ မင်းသား လုပ်မယ်ဆိုပြီး ဗေလုဝဆီမှာ တပည့်ခံနေတယ်

ဆောင်းမြူခိုး : ဂလိုဆို ငှက် နင့်ဗေလုဝ အဲ ဗေလုဝ ကြီးတော့ ကောင်းစားနေတာပေါ့ ဟတ်လား

ငှက်ကလေး : ဆောင်းစုတ်နော် ဘာငါ့ဗေလုဝ လဲ နင်ကျတော့ ကြူကြူသင်းနဲ့လေ

ဆောင်းမြူခိုး : ဒါဆိုရင် နင် ငါ့ကို အခု ဘယ်ထဲထည့်လိုက်တာတုံး အလုံးလား အပြားလား

ငှက်ကလေး : ငါ့ဟာ ငါထည့်ချင်တဲ့အထဲထည့်မယ် လျှာမရှည်နဲ့

ငြိမ်းငြိမ်း : ကဲပါလေ တော်ပါတော့ နင်တို့ကလဲ ကိုက်နေကြတာပဲ

ငှက်ကလေး : သူ အရင် စ ဟောင်တာကိုး

ပိုင်ရည် : ငှက်ရယ် နင့်အတင်း အဲလေ သတင်းလေး ဆက်ပြောပါဦး ဟ

နွေအူး : အေးလေ ဘယ်တောင် ရောက်သွားမှန်းမသိဘူး ဒါနဲ့ ဟိုလေ ခရေတွန် တယောက်ကော ဘာတဲ့တုံး

ငှက်ကလေး : ဟဟဟ သူက ရယ်ရတယ် ပြောပြမယ် ဟို.. နင်တို့မှတ်မိလား မသိဘူး သူ အတွေ့ချင်ဆုံး ၁၀ ယောက်ဆိုပြီး ရေးတဲ့အထဲမှာလေ နောက်ဆုံး ဟာ ကိုရီးယားကောင်မလေးလေ လွမ်းမပြေထဲက မင်းသမီးပေါ့ သူသိပ်ကြိုက်တယ် ဆိုတာလေ သိလား

ballonlay : အေး မှတ်မိတယ် ပြော အဲဒါ ဘာဖြစ်လဲ

ငှက်ကလေး : အေး ဘာစိတ်ကူးပေါက်လဲ မသိဘူး အဲကောင်ပေါ့ ကိုရီးယားသွားတယ် ဟယ် ငါ့တောင်ပြောမသွားဘူး

ဗညား : နင့်ပြောရင် နင်လိုက်ချင်နေမှာစိုးလို့နေမှာ ပေါ့ ငှက်ရဲ့

ငှက်ကလေး : ဖြတ်မပြောနဲ့ ငါ ပြောချင်တာ မေ့ကုန်မယ် အဲကောင် ဟိုကိုသွားပြီး မင်းသမီး ရုပ်ရှင်ရိုက်တာ သွားကြည့်တယ်လေ ပြီးတော့ လူရှေ့သူရှေ့ မင်းသမီးကို ဖက်နမ်းလို့ တာဝန်ရှိသူတွေက သူ့ကို ထိန်းသိမ်းထားလိုက်ရတယ်လေ ဒါနဲ့ သူ့ကိုမေးမြန်းတော့ ငတိက ငါ့နံမည် ပြောလိုက်လေရဲ့ ဒါနဲ့ ဟိုက ငါ့ကိုဖုံးဆက်ပြီး ခေါ်တယ် ငါ့မှာ ဟိုကို ပျံရတယ် ဟယ် ဟိုရောက်တော့ ဟုတ်ပါတယ် ကျွန်မသူငယ်ချင်းပါ မနေ့တနေ့က မှ ဆေးရုံက ဆင်းလာတာပါဘာညာဆိုပြီး တောင်းတောင်းပန်ပန်ပြောလိုက်မှ သူ့ကိုပြန်လွှတ်ပေးလိုက်တယ်လေ ဟွန်းးးးး မလွယ်ပါတယ် ငါ့မလဲ နံမည်ကြီးဖြစ်ရတာ

ကျော်ကျော်အောင် : ဟွန်းး မွှန်းပြန်ပြီ ကိုယ့်ကိုယ်ကို ဓားနဲ့

Tony : အင်းအင်းးး ဒါနဲ့ ဟို လမင်းငယ်တို့ အတွဲကရော ဘာတဲ့တုံး

ငှက်ကလေး : အယ် အယ်ပြောမယ် ဟဟဟ သူတို့အတွဲရယ် ကိုနေဒေးသစ်ကြီးသိတယ် ဟုတ် သူ့မှာလဲ ငယ်ရှိတယ်လေ ပြိးတော့ ဟို ဆုံနိုင်ခွင့်နေ့ရက်လေးက မေလေးကို သိတယ် မလား အေး သူတို့လဲ ဘလော့ဂ်မရေးတော့ဘူး ဆိုပဲ ရုပ်ရှင်ရိုက်မယ် တဲ့ ရုပ်ရှင်မင်းသား မင်းသမီး သူတို့ပဲတဲ့ ဇာတ်ညွှန်းလဲ သူတို့ တည်းဖြတ် အို အကုန်သူတို့ပဲတဲ့ ဟိဟိ

ငြိမ်းငြိမ်း : အိ ဂလိုဆိုရင် မောင်မျိုးမင်း ရေတွင်းပျက်တို့ ကိုနေကိုတိုးတို့ တော့ မွဲပါပီဟယ် နော် ငှက်ရယ် ညည်းဟာက ဟုတ်မှလဲ လုပ်ပါဟာ

မေလေး : ဟိုငါတို့ ကိုဇော်ကြီးရော ဟင် ဘာသတင်းကြားတုံးဟ

ငှက်ကလေး : အော် သူလဲလိမ္မာ တော့မယ်ဆိုပဲ သူက အန်တီစု အကြောင်းရေးတယ် ဟုတ် အခုသူ နိုင်ငံတော် ကောင်းကြောင်းရေးမယ်ဆိုပဲ(လေသံကို နှိမ့်ချလျှက်)

မမများ : ဟေ (ပြိုင်တူ ထွက်လာသေအသံ) ဟုတ်လို့လားဟယ် ငါတို့ဖြင့် နင့်သတင်းတွေ မယုံနိုင်အောင်ပဲ

ငှက်ကလေး : အော် ကဲ ကြည့် များက ညာစရာလားဟွန်းးးး အတိအကျပါနော် ဂလိုဆိုလဲ ပြောတော့ဘူး ပျံတော့မယ် ဟွန်းးးးး

ဆောင်းမြူခိုး : နေပါဟယ် မူးမနေနဲ့ အဲ မူမနေနဲ့ မေးစရာရှိသေးတယ် နေဦး ဟို နွေးနေခြည်တို့ကော ဘာသတင်းကြားတုံး

ငှက်ကလေး : ပြောချင်တာမှ ယားနေတာပဲ သူတို့ အဖွဲ့လေ ဟို ဆုငယ်ရယ် မီးတောင် ရယ် ဟိုလေ နောင့်လိုပြောတဲ့ မမမေဇင်ရယ် မမနွေးရယ်ပေါ့ အဆိုတော် လုပ်မယ်ဆိုပြီး သီချင်းတွေ သံပြိုင်ဟစ်လိုက်ကြတာ ရပ်ကွက်က ခဲနဲ့ပေါက်လို့ အဟိ အခု သူတို့ အိမ်ဆောက်လို့ တောင် ရပြီ ဟဟဟဟဟ

ပိုင်ရည် : ငှက်ရယ် သတင်းကလဲ စုံပါ့ ဒါနဲ့ ဟို ရတနာဦးရော ဟင် ဘာလုပ်မယ်တဲ့လဲ

ငှက်ကလေး : အော် မမကြည်ဖြူပိုင်ကိုပြောတယ် ထင်ပါ့ အင်းးး အင်းးး သူလေ ဆားချက်ရတာ ပင်လယ်ခန်းပြီတဲ့ ဟိုမယ်မီးလေ သိလား မိုးသောက်ကြယ်လေ အင်းးး သူတို့ ၂ ယောက်ပေါင်းပြီး ဝတ္ထု ရေးမယ် ဆိုပဲ ကမ္ဘာ့ top 10 ဝင်အောင်တဲ့

lunn : အင်းးး ထိုင်နေမှ အကောင်း ထ လိုက်တော့ ဆိုတာမျိုး ဖြစ်နေပါပီ နင့် မိုးသောက်ကြယ်က စာတကြောင်းတောင် ဖြောင့်အောင် မရေးနိုင်ဘူးဆို ဟုတ်လို့လား ငှက်ရာ နင့်သတင်းကလဲ

မင်း : ဒါနဲ့ ဒေါ်မှန်လေးတို့ သတင်းကော ဘာကြားသေးတုံး

ငှက်ကလေး : အေးလေ အိမ်ထောင်ရှင်မတွေ တနေ့ တပုဒ် ပို့စ်မတင်နိုင်ကြဘူးလေ များ တို့က သိပါတယ် သူတို့မှာက အလုပ်တဖက် ကလေး တဖက် နဲ့ဟာကိုဖတ်ဖတ်မော နေတာပေါ့လေ ဒါကို ဘယ်သူက ဘာပြောလဲ မသိပါဘူး အခု မမမျက်မှန်လေးရယ် တီတီဆွီရယ် မမဝါရယ် နေ့တိုင်း ပို့စ်အသစ်တင်မယ် ဆိုပဲ အိမ်အလုပ်လဲ မလုပ်တော့ဘူး ကလေးလဲ မထိန်းတော့ဘူး အလုပ်လဲမသွားတော့ဘူး ဆိုပဲ ကြားရတာ မယုံနိုင်စရာ ဟယ်

ဗညား : ငှက်ရယ်ဟုတ်မှလဲ လုပ်ပါဟယ် အော် ဒါနဲ့ ကိုနွယ်ရိုးတယောက်ကော ငြိမ်နေပါ့လားဟဲ့

ငှက်ကလေး : အော် ကွန်ပျူတာ ပရိုဂရမ်မာ ကိုကျူရိုးလား အင်းးးးးးးး သူရယ်ပေါ့ တနေ့တနေ့ ကွန်ပျူတာ ကိုင်ရတာ ခေါင်းကိုက်တယ်ဆိုပြီး သူရယ် ကိုရီနိုမန်ရယ် စက်ပြင်သမား လုပ်မယ် ဆိုပြီး သူတို့ အိမ်ရှိ ထော်လာဂျီ အစုတ်ကို ထိုင်ဖျက်နေကြတယ်လေ

ballonlay : ဗုဒ္ဓေါရေ ကြည့်လုပ်ပါဦး တော်နေ ဓာတ်လိုက်နေပါဦးမယ် ဟယ်

နွေအူး : ဟုတ်ပါပီ ငှက်ရယ် ငါတို့ အကိုကြီး မင်းအိမ်ဖြူရော သူရော ဘာအစီအစဉ်ရှိသလဲ

ငှက်ကလေး : ဟဟဟ သူနဲ့ ကိုဘွိုင်းဇ်(ကိုဘ)ပေါ့ မမများ အဖွဲ့ကို အားကျလို့တဲ့ ထိုင်းသွားပြီး ခွဲစိပ် မယ် ဆိုပဲ ခစ်ခစ်

မမများ : ဝေ.....(အံ့သြသောလေသံဖြင့်) အဲဂလို အဖြစ်မျိုးရှိသလား သူတို့လဲ ငါတို့ကို အားကျတယ် ထင်ပါ့ ဟားဟားးးးးးးးး

မင်း : ငှက်ရယ် နင် ဒီသတင်းတွေ ဘယ်က ရတုံး(အထင်ကြီးသော လေသံဖြင့်)

ငှက်ကလေး : ဟဲ့ငါက လျှောက်ပျံနေတာကိုးးး သိတာပေါ့ဟ

ဆောင်းမြူခိုး : နင်နော် စာကလေး လေးခွစာမိမယ် သတိထားဦး

မင်း : ငါလေ ကင်မရာမရှိလို့ သိလား မဟုတ်ရင် အောက်ကနေ ဓာတ်ပုံရိုက်ထားတယ်

ငှက်ကလေး : အမငှီး ဘာကြီးတုံးဟ လန့်ထှာ

မင်း : နင်ဟာလေ ငါပြောတာ နင်ပျံနေတဲ့ပုံလေးက လဒလေးလို ချစ်စရာလေး ဒါကြောင့် ဓာတ်ပုံရိုက်ထားမယ်ပြောတာ ဘာတွေ လျှောက်တွေးနေတာတုံး ဟွန်.....

Tony : မင်း နော် သူက အပေါ်ကနေ ရှူးရှူးနဲ့ ပန်းလိုက်ရင် နင့်ပါးစပ်ထဲ တည့်တည့် ဝင်မယ် ဟင်းးးး

ငြိမ်းငြိမ်း : ငါလဲ စိတ်လေတယ် ငှက်က ရှူးရှူးနဲ့ ပန်းလိုက် သိမ့်သိမ့်အိက ကုလားအုပ်သေးတိုက်လိုက်နဲ့ ငါတို့တွေတော့ ရှူးပင်လယ်ထဲ မျောပါပြီဟယ်

သားငယ်လေး : သူများ ကျတော့ပြောတယ် ငှက် ညည်းရော ဘာအစီအစဉ်ရှိတုံး ဟ

ငှက်ကလေး : အေးလေ ငါလဲ အပြောင်းအလဲလေးများ လုပ်မလားလို့ စဉ်းစားထားပါတယ်

မမများ : ဘယ်လိုလုပ်မှာ လဲ မိငှက် ( သိချင်သော လေသံဖြင့်) အားလုံး အနားကပ်ကာ

ငှက်ကလေး : ငါလဲ ကိုရီးယားသွားပြီး ကိုရီးယားမင်းသမီးလုပ်ရင် ကောင်းမလားလို့.....

ပြောလို့တောင် မဆုံးသေးဘူး မမများ အဖွဲ့က ဝါးလုံးကွဲအောင် တဝါးးးဝါးးးး တဟားးးဟားးးးးဖြင့် ဗိုက်ကိုနှိပ်ကာ ရယ်ကြပါကြောင်းးး ဟောင်းးးး ဟောင်းးးးးး

ငါဘာများမှားသလဲ လို့ ငှက်ကလေး စဉ်းစားနေမိပါတယ်

အားလုံး ကျေနပ်တယ် ဟုတ် ပျင်းသွားပြီလား ဖတ်ရတာ ဟဲဟဲ နောက်တာပါနော် အားလုံး စိတ်မဆိုးဘူးဟုတ်

34 comments:

ကြည်ဖြူပိုင် said...

ချိတ်ချိုးပါဘူးဟယ်။။။။ဂယ်ပဲ ဂယ်ပဲ။ ဆားချက်ရတာ ငှက်ပြောတဲ့အတိုင်းပင်လယ်ရေတွေလဲခန်းပေါ့။ ဒါနဲ့ငှက်ဆီကိုလာပြီးအကူအညီတစ်ခုတောင်းတာ..ဘယ်နေရာမှာဆားများများရနိုင်တဲ့ပင်လယ်ရှိမလဲလို့မမကိုရှာပေးစမ်းပါဦးဟ.ငှက်ကအတောင်ပံပါတော့ နေရာတကာပျံကြည့်နိုင်တယ်လေ။ဒါကြောင့်အားကိုးတာ ။ဟဟ

မယ့်ကိုး said...

ကြောက်ကြောက်နဲ့  လာဖတ်တာ။

ရယ်လိုက်ရတာ ညီမလေးရယ်။
ဒီလို မရယ်ဖြစ်တာတောင် ကြာပြီ။

ညီမလေးက ဟာသဥာဏ်ရွှင်ရွှင်နဲ့  တကယ်အရေးတော်ပါတယ်။ :)

kyaw kyaw aung said...

လုပ်ချလိုက်ပေါ့ငှက်ရယ်........ရှင်တို့ကရဲတွေကို..

Lunn said...

ငှက်လေးဟာလေ.. ညည်းပြောမှဘဲ.. ငါတို့လဲ..
ရှူးပင်လယ်ထဲမျှောကြရပါပြီနော်.. ကောင်းပါ့ကွာ..

Anonymous said...

ယောင်းလေးးးးးးးးးးးးးးးးးးး
ရေးလဲရေးတတ်ပ့ ဘယ်လောက်တောင်စဉ်းစားလိုက်လဲ

ဒါနဲ့ ဂေါ်ဇီလာခြေသဲးလေးတော့နောက်ဆုံးချက်ပ့ရစေနော်

ယောင်းလေးဖြတ်ထားပေးနော် လာယူမယ်သိလား

ချက်ပြီးကျွေးပြီး အဲ့မှာပဲဗြဲဗြဲကျော်သိန်း

ဆီတပည့်ခံမယ်လေ သင်ပေးမယ်ဟုတ်

ဟဟားးးးးးးးးးးးးးးးးး တော်တယ်ပေါက်တကရလုတ်ဖို့ 

ဆက်ရေးအားပေးနေမယ်သိလား

ခင်တဲ့
ယောင်းမြူး

Ree Noe Mann said...

တော်သေးတယ်။ စက်ပဲပြင်ရလို့

ရီနို

ကိုလူထွေး said...

လိုင်းပြောင်းတော့မလို့...
၅၅၀ ဇာတ်နိပါတ်တွေ ဖတ်နေတယ်...

းဝ)

Tony said...

ကောင်းတယ်.. (ကောင်းတယ်.. စိတ်ပျက်ဖို့..)
ချိန်းဘရီး.. တော်တော်ထွက်တယ်.. ကြိုက်တယ်..
မိုက်တယ်.. နောက်လဲဆက်ရေးပါ.. အားပေးတယ်..
တကယ်..

kiki said...

ခစ်ခစ်
နာတော့ မြင်းသမီး ဖစ်ရချည်သေး...ဟေးဟေး။
ဖူဖူကြော်ဒိန်း တော့ နောက်ကောက်ကျ ပြီသာ မှတ်ပရော့။
ဒါပေတဲ့  သွပ်ပြား က ဒေါ်မြလေး နေရာ က တပြားမှ မလျှော့ဖူး နော် . . ဒါပဲ ဟွန်း ။။


အကယ်ဒမီ မြင်းသမီးကြီး
ဖွားကိ
( မွေးမေမေရေ ... ဆောတီးပါ နော် .. ကန်တော့ ကန်တော့
နေရင်း ထိုင်ရင်း မြင်းမကြီး ဖြစ်ရတော့ မလို့  )

Ba Nyar said...

သိပ်မဆိုးလို့ တော်သေး ငှက်ရေ.... ဟီး

Unknown said...

ငှက်မလေးရေ....

အတွေးအခေါ်တွေက တယ်လည်းလက်သွက်နေပါလား...

ဟဲဟဲ... အဲဒီလိုပေါ့လေ... ဟုတ်လား..


ငှက်မလေးရဲ့ ဖန်တီးမှုလေးကို (တကယ်ဆိုရင်တိဘူးနော်)
လေးစားပါတယ်ဗျာ...

ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)

သားကြီး said...

ရင်တုန်တာကောင်းပါ၏
ဖင်တုန်တာမကောင်းပါ
အစွယ်တချောင်းရှိတဲ့ ကြံ့ ဘီလူးကွ ငှဲ..ငှဲ...ငှဲ :P:P:P

မီးတောင် said...

ငှက်ရယ်
လုပ်လိုက်မှဖြင့် ......းP
ကောင်းပါတယ် ....
အဲဒီမှာ ရေးထားတာနဲ့တော့ဆန့်ကျင်ဖက်နော် ...း)
ရယ်ရပါတယ် ဟဲ ဟဲ

Angel Shaper said...

ကောင်မလေး... တယ်တော်တဲ့ငှက်လေးပါလား...
နာ့မှာ ဓာတ်ပုံတောင် လှအောင်အရိုက်မခံတတ်တာ ဘောလီးဝုဒ် မင်းသမီးတောင် ဖြစ်ရတော့မယ်...ဟဟားးးးးးး
တယ်ဟုတ်ပါလား....
ကိုသားကြီးလည်းပြောနေတယ်...
တို့ တွေ ဇီးသီးမထုတ်ဖြစ်ရင်တောင် ရုပ်ရှင်ရိုက်ကြမယ်ဆိုပဲ.... ညကဘရက်ပစ် ဆီကဖုန်းလာတယ်... ရုပ်ရှင်ရိုက်ဖို့ လာကမ်းလှမ်းတာ.... ဟူးးးးးးးးး

နွေဦး said...

လုပ်ပါ ငှက်ရယ် ရယ်ရပါတယ် ဟွန်း

မေဇင် said...

ငှက်ကလေး ... ကိုရီးယား သွားရင် နောင့်တို့ ကိုလဲ ခေါ်လေဟယ်...သီချင်းလိုက်ဆိုရအောင်ပေါ့...း)

Lucifer said...

ဒီ မီဒီယာ တော်တော်လေးတော်တယ်... ငါ ပိပိ ရိရိ လုပ်တာကို သူရှာလို့တွေ့တယ်..

နွေးနေခြည် said...

တယ်တော်တဲ့ငှက်

ကမ္ဘာကျော် အဆိုတော်ဖြစ်မှ မမနွေး မမနွေး ဆိုပြီး အင်တာဗျုး လာမလုပ်နဲ့နော်...ဟွန့်

Anonymous said...

ဟာ... ကောင်းလိုက်တဲ သတင်းတွေ..........
ကောင်းတယ်ဗျို.....

maylay said...

လာဖတ်ပြီးရီသွားတယ် ငှက်ကလေးရဲ့။ တော်တော်ရေးတတ်နော်။ ဆက်ရေးပါ။ ဟုတ်ပါပြီးးးးဟင်းးးး (သက်ပြင်းချသွားပါတယ်)
maylay

ballonlay said...

သတင်းစုံလင်တဲ့ ငှက်ကလေးအိမ်ပါ..

သုဏော်စိုင်း said...

ရို့  ရို့ 
အာ ဟာ အာဟာ
what'up, man?
နာလည်း rapper ဖြစ်တွားပြီ..
ရို့  ရို့ 


မနေဘဲကို မရီနိုင်ဘူး....ငှက်ရယ်

မေလေး said...

တော်လိုက်တဲ့ ဌက်ကလေး.
နောက်တစ်ခါ စင်ကာပူဘက် ပျံလာရင် မုန့်ကျွေးမယ်နော်။
အမြဲတမ်းခင်နေမဲ့
မေလေး

မင်းနေဝေး said...

အမ် .... သွားပါပြီဗျာ .....
နာ့ကိုသနားလို့တဲ့ သူတောင်းစားကတောင် တစ်ဆယ်ပေးသွားတယ် .. အရှက်ကိုကွဲရောပဲ ...

kyalkalay said...

သေပြီ ဆရာ

စာလုံးပေါင်း မမှန်တဲ့ ငါ့ကို ကဗျာဆရာ တဲ့

ဟုတ်တော့ဟုတ်မှာပါ
ငါစာရေးတာ Hip Hop သီချင်းလိုဖြစ်နေတာကိုး

တောင်ရောက်မြောက်ရောက် စာလုံးပေါင်း မမှန် (စကားလဲမပီ)
အဓိဒ်ပယ် ကမရှိ

အင်း ~~~~~~~~ဇောင်းတန်း မှာတွေ. ရင် ပိုက်ပိုက် ထည်.နော်

kyalkalay said...

နင် korea လာရင် ငါ bodyguard လုပ်မယ် နော်

လင်းကြယ်ဖြူ said...

အခု ကိုဗေလု ဆီက ပညာတစ်ချို့ ရလိုက်လို့ တ္ဂဲဖက်မင်းသမီး လိုနေတယ်..ကိုယ်တိုင်ရေး၊ကိုယ်တိုင်ရိုက်၊ကိုယ်တိုင်ထုတ်လုပ်၊
ပြီး ကိုယ်ဟာ့ကိုယ်ပဲကြည့်တော့မယ်..ဟဲ..ဟဲ...

khin oo may said...

မနေ့ညကတည်းက လာဖတ်ပြီးသား။ စင်စင် ပြောလို့။

လူရိုင်းလေး said...

တော်လိုက်တဲ့ ငါ့သူငယ်ချင်း ဌက်ကလေးပါလား :)

WWKM said...

တော်ပါသေးရဲ့.. ဘာတွေများလဲဟဲ့လို့ စိတ်ပူပူနဲ့ဖတ်နေတာ..း)) မီးမီးလား စာရေးနိုင်သေးဘူးနေ့တိုင်းတော့.. အပျင်းရောဂါရနေတယ်.. အလှူပဲခံတော့မယ်.း)))

ညီမလေးပျော်ပါစေ.
မမ၀ါ

Unknown said...

အခုကဗျာပြန်ရေးနေပြီဗျ...

ကော်ပီတွေကို မီဒီယာတွေက ပြန်ကော်ပီလို့ဗျ...

အခု ဝေါသားလေးမှာ လေးလုံးစပ်ထားတယ်... ;) :) :)

ကဗျာကိုပြောတာနော်.. ဟိဟိ..

ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)

s said...

ပီားပိာ စိုင်းစိုင်းက အဲလိုလား၊ သတင်းတော်တော် စုံတာပဲ ၊ တို့တွေတောင်မ လွှတ်ဘူး ပီားပိာ ၊ သူငယ်ချင်း က တော်၂ ရယ်ရအောင်ရေးတက်တာပဲ သိလား ၊ တို့လည်း ဖက်ရင်းရယ်သွားတယ်၊ ကျေးဇူးပဲ သူငယ်ချင်းရေ နောက်လည်းများ၂ ရေးနိုင်ပါစေ။း)

မျက်မှန်လေး said...

ဟားဟားဟား

Anonymous said...

ဟားဟားဟား
ခုမှ ကိုယ့်ဆရာ ဘူဒူလဲ တိတော့တယ်အေ :P

မိုးခါး