Wednesday, 8 July 2009

ပင်ယံပေါ်မှာ ပန်းလေး လန်းပါစေ

" ဖြိုး နင့်ကို ပြောစရာ ရှိတယ် ငါလေ ဟို... ဟာ မဖြစ်တာ ကြာပြီသိလား လွန်တောင်လွန်နေပြီ ဟယ် "
" နင် ဆရာဝန်ပြကြည့်ပါလား "
" ငါကြောက်တယ် ဖြိုးရာ ငါလေ အဲဒီနေ့က နင့်ကို လက်မခံခဲ့ရင်ကောင်းသား "
" နင်ကလဲ ဟာ စိတ်မပူပါနဲ့ နောက်ကျတာနေမှာပါဟာ စောင့်ကြည့်လိုက်ပါဦးလေ "
" တကယ်လို့ ဟိုဟာဆိုရင် ဘယ်လိုလုပ်မလဲ ငါ့အမေ ငါ့ကို သတ်လိမ့်မယ် "
" ငါ တာဝန်ယူမယ် လေ "
" ဖြိုးနင်တကယ်ပြောတာနော် " သူအဲဒီစကားပြောမှပဲ ကျွန်မ သက်သာသွားတော့တယ် ဘာပဲဖြစ်ဖြစ်လေ သူတာဝန်ယူမယ်ဆိုတော့ တော်သေးတာပေါ့လေ
ကျွန်မတို့က GTC မှာ တက်နေကြတဲ့ ကျောင်းသားကျောင်းသူတွေပေါ့လေ ကျွန်မနဲ့ သူနဲ့ ချစ်သူဖြစ်တာ သိပ်မကြာသေးပါဘူး အဲဒီနေ့က သာ ကျွန်မတို့.....
ကျွန်မ သိပ်နေလို့ မကောင်းဘူး ရင်ထဲမှာ ဆို့ဆို့ကြီး ပျို့အန်ချင်သလိုကြီးဖြစ်နေတယ် သိပ်နေလို့မကောင်းဘူး ဖြိုးလဲ ကျောင်းမတက်ဘူး ဘာများဖြစ်လို့ပါလိမ့်နော် ဟင်းးးး လို့သာ သက်ပြင်းရှည်ကြီး ချရင်း မိဘတွေကိုဘယ်လိုပြောရမလဲ စဉ်းစားနေမိတယ် အခုတလော သိပ်မပျော်ဘူး ဖြိုးက လဲ သိပ်ဟက်ဟက် ပက်ပက်မရှိလှဘူး

" ဖြိုး နင်ငါ့ကို ရှောင်နေတာ မဟုတ်လား "
" မဟုတ်ပါဘူး ဟာ ငါ... "
" နင်နော် နင်ယောက်ျားမလား စားပြီးရင် နားလည်ရတယ်ဟဲ့ "
" အေးပါ ငါ အမေ့ကို ပြောကြည့်ပါဦးမယ်နော် ခဏလေးစောင့်ပါနော် "
" နင်နော် ငါ မိန်းကလေးဆိုတာကော သတိရဦးနော် "
" အေးပါဟ " သူနဲ့ သိပ်အစေးမကပ်လှတော့ ဘူး ဖုံးဆက်ရင်လဲ စကားကို အင်း အဲ ပဲပြောတယ် ဘာမှန်းမသိဘူး ကျွန်မလဲ စိတ်ပူစ ပြုလာပါပြီ ဘယ်လိုလုပ်ရပါ့မလဲနော်

ဖြိုးကျောင်းကို မတက်တော့ဘူး ကျွန်မဖုံးဆက်တယ် မရှိဘူး အဖြေပဲ ရတယ် ကျွန်မဘာလုပ်သင့်ပြီလဲ မသိတော့ဘူး ဒီရက်တွေမှာ မျက်နှာနဲ့ ခေါင်းဦးကို အပ်ကာ ငိုခဲ့ရတဲ့ နေ့တွေ များလှပြီ နင် တာဝန်မဲ့တယ် နှမချင်းကိုယ်ချင်းမစာဘူး ငါ လဲ သိပ်အညှာလွယ်တယ် ကိုယ့်ကိုယ် ကို ဒေါသထွက်မိတယ် ကျွန်မ သူ့ကို ချစ်တာကို သူက ဘာလို့ ဒီလို ဆက်ဆံသလဲ ကျွန်မကို အတွေးပေါင်း သောင်းခြောက်ထောင်နဲ့ ကျွန်မ ငိုပဲ နေနေခဲ့တယ် အမေ့ကို ကျွန်မဘယ်လိုရင်ဆိုင်ပြီး ပြောရမလဲ မိဘတွေကို ဘယ်လိုမျက်နှာနဲ့ ကျွန်မ ပြောရမလဲ ပြီေးတာ့ ပတ်ဝန်းကျင်ကို ကျွန်မ ဘယ်လိုရင်ဆိုင်ရမလဲ မသိတော့ဘူး ကျွန်မ သေချင်တာပဲ သိတယ် ကျွန်မ ဆုံးဖြတ်ချက်တခုကို ခိုင်ခိုင် မာမာ ချလိုက်တယ် ရုပ်ရှင်တွေထဲကလို ကျွန်မ သူရဲကောင်းမလုပ်နိုင်ပါ ပြီးတော့ ဒါကလဲ ရုပ်ရှင်မဟုတ်ပါ ကျွန်မ တခုခုတော့ လုပ်မှဖြစ်မယ် လူကြီးတွေ မရိပ်မိခင်

ကျွန်မ အနှိပ်သည် ဆီကို တယောက်တည်းသွားခဲ့တယ် အနှိပ်သည်က
" ကလေးမက လ သိပ်မရင့်သေးဘူးပဲ ရပါတယ် " ဆိုပြီး ကျွန်မ ဗိုက်ပေါ်ကို နှိပ်ချတယ် နာလိုက်တာ ကျွန်မလေ သေလုမတတ်ပဲ အံကြိတ်ကာ မအော်ပဲ အောင့်နေလိုက်တယ် အဲဒီလို နှိပ်နေတဲ့ ခဏတာ ဟာ ကျွန်မအတွက် ငရဲကျနေသလိုပဲ ချွေးစီးချွေးပေါက်တွေကျပြီး မအော်မိအောင် နှုတ်ခမ်းကို ကိုက်ထားရလို့ နှုတ်ခမ်းက ပေါက်တောင်ပေါက်နေပြီ
ပြီးသွားတော့ အနှိပ်သည်က
" ရပြီ ကလေးမ နောက်ကို ဆင်ဆင်ခြင်ခြင်နေနော် " တဲ့
" ဟုတ်ကဲ့ ကျေးဇူးပါပဲ " လို့ ကျေးဇူးတင်စကားပြောပြီး ထွက်လာခဲ့တယ်

ကျွန်မ သိပ်နေလို့မကောင်းဘူး ဗိုက်ထဲမှာ အောင့်အောင့်နေတယ် ဗိုက်မှာ လဲ အညိုအမည်းစွဲနေတယ် အနှိပ်သည် နှိပ်ထားတဲ့ ဒဏ်တွေလေ ကျွန်မ ဖြိုးကိုတော်တော်လေး ချဉ်သွားပြီ ယောက်ျားမပီသတဲ့ သူ့ကို ဘာမှ စဉ်းစားနေစရာအကြောင်းမရှိဘူး အောင့်အောင့်လာတဲ့ ဗိုက်ကို နှိပ်ရင်းနဲ့ပဲ ကျွန်မ အရမ်းကိုမောပန်းနေခဲ့ပြီ လူလဲ တော်တော်လေးကို နုံးချိနေတယ် မရတော့ဘူး တခုခုလုပ်မှဖြစ်မယ် တော်တော်လေးအောင့်နေပြီ ဗိုက်က ကျွန်မ သည်းမခံနိုင်တော့ဘူး ဒါနဲ့ ကျွန်မ ဆေးရုံကိုသွားခဲ့တယ် သားဖွားမီးယပ် ဆရာဝန်နဲ့ တွေ့ပြီး ပြခဲ့တယ် ဆရာဝန်က
" သမီးတော်တော်လေး ဗိုက်အောင့်လား "
" ဟုတ်ကဲ့ "
" ကဲလာ ကုတင်ပေါ်တက် စမ်းကြည့်ရအောင် " တဲ့ pressure တိုင်းတယ် ပြီးတော့ ကျွန်မ အင်္ကျီကို လှန်ကြည့်တယ် ဆရာဝန် ဆီမှ အံသြတဲ့ မျက်နှာကို တွေ့လိုက်ရတယ်
" သမီး ဘာလုပ်ထားသေးလဲ "
" ဘာမှမလုပ်ပါဘူး ဒေါက်တာ သမီး ဗိုက်အောင့်လို့ နဲနဲ နှိပ်ထားတာပါ " ကျွန်မ မုသားသုံးလိုက်မိတယ်
" မညာနဲ့ သမီး ဒါညာလို့မရဘူး သမီး အနှိပ်သည်ဆီ သွားထားတယ်မလား " ကျွန်မ ဘယ်လိုမှ ရှောင်လို့မရတော့ပါဘူး ဒါနဲ့
" ဟုတ်ကဲ့ " လို့ တိုးတိုးလေးပြောလိုက်ပါတယ် ဆရာဝန်က
" ဟင်း သွေးပုပ်တွေ ကျန်ခဲ့သေးတယ် တခုခုလုပ်ပေးမှ ဖြစ်မယ် " ဆိုပြီး ထွက်သွားတယ် ပြီးတော့ နာစ်မ တယောက်ဝင်လာတယ် ဆောင့်ကြီးအောင့်ကြီးနဲ့
" ကမြင်းကြောထတုံးကတော့ ထပြီး အခုတော့ မရှူနိုင်မကယ်နိုင်ဖြစ်မှ ရောက်လာကြ ဒီမှာက အလုပ်ရှုတ်ပါတယ် ဆိုမှ " ဆိုပြီး သွေးသွင်းဖို့လုပ်တယ် သူလုပ်တာနဲ့ ကျွန်မလက်တောင် တော်တော်လေး နာသွားတယ် ဆောင့်ကြီးအောင့်ကြီးလုပ်တာကိုး
လူက တော်တော်လေး ဟန်ချက်ပျက်နေပြီ မရတော့ဘူး ထင်တယ် နာစ်မပြောတာနဲ့တင် ကျွန်မဘယ်လို နေရမှန်းတောင် မသိဘူး နှလုံးခုန်နှုန်းတွေလဲ တဒိုင်းဒိုင်းနဲ့ မြန်လာတယ် လူလဲ ရှက်စိတ်နဲ့ မွှန်ထူပြီးတော့ ရီဝေဝေနဲ့ ဘာမှ သိပ်မသိတော့သလိုပဲ ခန္ဓာကိုယ်မှာ လည်ပတ်နေတဲ့ သွေးတွေ ကမောက်ကမ ဖြစ်ကုန်ပြီထင်တယ်
" ငယ်ငယ်ရွယ်ရွယ်နဲ့ ရွလိုက်ကြတာလဲ လွန်ပါရော ဟင်းးးးး ခေတ်ကာလ သားသမီးတွေများ ကောင်းကို မကောင်းဘူး " နာစ်မ ပြောနေတဲ့ စကားသံတွေ ဗလုံးဗထွေးနဲ့ ကျွန်မနားထဲမှာ ....
ဒီလိုနဲ့ ကျွန်မ လောကကြီးကို အပြီးအပိုင် နှုတ်ဆက် ခဲ့ပါတယ် သမီးမိုက်ကို ခွင့်လွှတ်ပေးပါ လို့ ဆုတောင်းရင်းးးးး

ဝန်ခံချက်။ ။ Bio ဆရာမပြောပြတဲ့ ကောင်မလေးတယောက် ကိုယ်ဝန်ဖျက်ချတာ တဲ့ အထဲမှာ သွေးပုပ်တွေ ကျန်ခဲ့သေးတယ် ဒါနဲ့ ဆေးရုံသွားတာ နာစ်မ ကအဲလိုပဲ ပြောတယ်တဲ့ အဲကောင်မလေးကတော့ သူငယ်ချင်းတယောက် အဖော်ခေါ်သွားတယ်လို့ပြောတယ် အဲဒီ သူငယ်ချင်းကလဲကြောက်လို့ထွက်ပြေးသွားတယ်တဲ့ နောက်တော့ ကောင်မလေး ဆုံးသွားတယ်တဲ့ အဲဒါလေးကို ရေးထားတာပါနော်
GTC လို့နံမည်တပ်လိုက်တာကတော့ သူငယ်ချင်း တယောက်က GTC တက်တယ်လေ အဲကောင်က စွမ်းသား သူ့ကောင်မလေးနဲ့ ကြိုတင်စာရံ ယူထားလို့ အိမ်က ပေးစားလိုက်ရတာလေ အဲဒါကြောင် GTC လို့နံမည် တပ်လိုက်ပါတယ် စိတ်မရှိပါနဲ့နော် :P အခု သူတို့လင်မယားတောင် ကလေးလေး မွေးပြီးပြီပေါ့လေ သူငယ်ချင်းတွေ ပြန်ပြောပြလို့လေ အဲကောင်နဲ့တောင် မတွေ့ဖြစ်ဘူး ဟိဟိ

15 comments:

မင်း said...

ငှက် .. ဒီ post က နင်ငါ့ကိုပြော တဲ့ နင်ရေးမယ် ဆိုတာလားးးးး)

Yu Ya said...

ငှက်ကလေးရေ... ဒီဝတ္ထုတိုလေးက အမှန်တကယ်ကောင်းတယ်... အများအားဖြင့် ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ အကြောင်းအရာလေးပါ။ မိန်းကလေးတွေအတွက် အင်မတန်မှ သင်ခန်းစာ ယူသင့်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် လက်မထပ်ခင်မှာ နှလုံးသားတွေ ဖြူစင်ဖို့ လိုတယ်နော်။ ဒါမှ လက်ထပ်ပြီးရင်လည်း အသက်ထက်ဆုံး ပေါင်းသင်းနေထိုင် ကြလေသတည်းနဲ့ အဆုံးသတ်မှာ။

ကျေးဇူးတင်စွာဖြင့်
yu ya

ဆောင်းမြူခိုး said...

ဟုတ်တယ် ငှက်...အပြင်မှာ OG က nurse မတွေ အဲဒီလို တကယ်ပဲ အပေါက်ဆိုးတာပါ။ ကိုယ့်မေမေ ကိုယ့်မမွေးခင် "ကလေး"တစ်ယောက် ပျက်ကျဖူးတယ်။ တကယ် သူ့ ဖာသူ ရိုးရိုးပျက်ကျတာပါ။ အဲဒါကို အဲလိုပဲ ပက်ပက်စက်စက်ကိုပြောခဲ့တာ။ မေမေ့လို ဘာမှ အမှားမလုပ်ခဲ့တဲ့သူတောင် သူ့ စကား ကြမ်းတာတွေ မခံနိုင်ဘဲ ငိုပြီးပြန်ခဲ့ရသေးတယ်တဲ့။ အားငယ်တဲ့သူကို အားပေးဖို့  မရှိဘဲ ဘာကြောင့် အဲဒီလို အော်ငေါက်ကြတာလဲ မသိဘူးနော်။ သက်ဆိုင်ရာ လူကြီးတွေက ဒီလိုဆက်ဆံရင် နင်တို့ ဆေးကုမစားရဘူး ဆိုပြီး ထိထိမိမိ အရေးယူသင့်တယ်။

မယ့်ကိုး said...

စာရေးဖို့  အမြဲတွေးနေသူညီမလေးဆိုတော့ ဒီလိုပဲ ဇာတ်အိမ်ကောင်းကောင်းလေးတွေ အမြဲကြုံတွေ့ နိုင်ပါစေ။
အားပေးလျက်...

ကိုလူထွေး said...

မီးမီးတို့ ဆင်ခြင်ဖို့ပေါ့။

ကောင်းတယ်...
ကျန်းမာရေးရှုထောင့်ကရော.. လူမှုရေးရှုထောင့်ကရော.. တရားဥပဒေရှုထောင့်ကရော.. ပညာတွေ အများကြီးရစေတယ်...

ဒီနေ့ခေတ်ရောဂါတွေကလဲ ကြောက်စရာအကောင်းသားလား ညီမရယ်... ဆင်ဆင်ခြင်ခြင်နေတတ်ထိုင်တတ်မှ အန္တရာယ်ကင်းမှာလေ...

ကြိုက်စ်စ်စ်စ်စ်စ်... ခွိခွိ... လစ်ဦးမယ်

းဝ)

ခြေလှမ်းသစ် said...

ငှက်ကလေးရေ သခန်းစာ တွေ ရေးနေပါလား ကောင်းပါတယ် ဘယ်ရှုထောင့်က ကြည့်ကြည့်ကောင်း နေပါတယ် ငှက်ကလေးက တော်ပြီးသားပဲ
ကိုဇော်

သားကြီး said...

အင်း...ဘယ်လိုပြောရမလဲ
မပြောတတ်ဘူးဗျ ဒီမှာတော့တခါကြုံဖူးတယ် ကို့ကိစ္စမဟုတ်ဘူးနော် သူများကိစ္စ စပ်စလူးထတုံးကတော့ထထားတယ် ဖြစ်လည်းလာရော မရှုနိုင် မကယ်နိုင်နဲ့ ပြီးလည်းပြီးရော အဲလိုပဲ ရမ်းကုတစ်ယောက်ဆီသွားပြီးဖျက်တာ လူကမျော့မျော့ပဲကျန်တယ် အဲဒီမျော့မျော့ပဲကျန်တဲ့လူကိုမသနားဘူး အချိန်မတန်ခင်အသတ်ခံလိုက်ရတဲ့ အထဲကရင်သွေးကိုပဲသနားတယ် ဒါဟာ လူသတ်မှုပဲ သတ်တာတောင်မှ ကိုယ့်ရင်သွေးကိုပြန်သတ်တာ .. ဒါပေမယ့် ဘယ်လိုပြောရမလဲ သိတော့ဘူးဗျာ သူတို့မှာလည်း သူတို့အကြောင်းနဲ့သူတို့ပေါ့လေ ကိုကျရင် ဘယ်တော့မှဒီလိုမဖြစ်စေရဘူးလို့တော့ ဆုံးဖြတ်ထားတယ် ဒါပါပဲငှက်ကလေးရေ :)

လင်းကြယ်ဖြူ said...

အင်း ..ပညာပေးလေးပါပဲနော်....
ဒါနဲ့ စကားမစပ် နာ့စ် မမကြီးတ္ဂေ က ဘာကြောင့် အဲ့ဒီလောက် အပြောအဆို ညင်သာညက်ညောကြတာလဲမသိဘူးနော်?????

Lucifer said...

စာလေးက ပညာတကယ်ရတယ် ညီမလေးရယ်..
ကျေးဇူးတင်ပါတယ်နော်...

နွေးနေခြည် said...

သင်ခန်းစာ ယူသွားပါတယ် ညီမလေးရေ...

မေဇင် said...

ညီလေးလေး ရေ...သင်ခန်းစာပေါ့နော်..။ အဲ့လို လေး တွေ များများ ရေးပေးနော်...။

maylay said...

ဒီမှာဆို အဲလိုတွေ့ရင် လူသတ်မှုဆိုပြီး ကိုယ်ဝန်ရှင်ကို တရားစွဲတယ်။ အခြေအနေအရ (မုဒိမ်းကျင့်၊ စော်ကားခံရရင်)တော့ သူတို့က သေချာမေးမြန်းပြီး ကုပေးတယ်။ မှုခင်းဆရာဝန်နဲ့အတူပေါ့။ ဟို ကိုယ်ဝန်ရှင်ကိုလည်း ကုပေးပါတယ်။ အသက်အန္တရာယ် မရှိအောင်ထိ စောင့်ရှောက်ပေးတယ်။ အဲ့မှာ အဲလို ရှိတာသိရ၊သင်ခန်းစာရတဲ့အတွက် ကျေးဇူးနော် ငှက်ကလေး။
maylay

promise said...

ငှက်လေးရေ
အစကိုစဖတ်တုန်းကတော့ ဘာပါလိမ့်လို့
အော် စားပြီးနားမလည်လုပ်သွားတာကိုး

Dream said...

စာဖတ်ရင်း လူကိုမျောသွားတာပဲ...... အရေးအသားက ရေလယ်လန်းတယ်...း)


ဟုတ်တယ်ပြာတာလူးလေးရေ........မြန်မာပြည်မှာ ကျောင်းသူတွေ အဲလိုတွေဖြစ်လို့လေ...ဖျက်ချတာမှာ သေသွားခဲ့ရတဲ့ ကျောင်းသူဝိညဏ်လေးတောင် ရှိသေးတယ်.... မက်မက်လဲ အချိန်ရရင် အဲဒီအကြောင်းလေး ရေးဖြစ်ပါဦးမယ်...ဖြစ်ရ့ပ်မှန်ဇာတ်လမ်းလေးကို ....

ပြာတာလူးလေးက အရေးအရမ်းသွက်တယ်...

အာဝါးးးးးးးးးးးးးး

s said...

အမလေးကြောက်စရာကြီးနော် ငှက်ကလေးရေ ခုလို အဖိုးတန် အကျိုးရှိမဲ့ပိုစ်လေးကိုဖက်ခွင့်ရလို့ကျေးဇူးပဲသူငယ်ချင်းရေ။ ပျော်ရွှင်ပါစေ