ငါလေ ရှင်ချင်တယ် ဂယ်ပါပဲ အေးလေ သူများက ချစ်လို့ တဂ်ထားမှတော့ရေးပေးရမှာပေါ့ သိတယ် ဟုတ် ငှက်တို့က အဲဂလို လူချစ်လူခင်ပေါတာရယ် ဘာတဲ့ သူ့ တဂ်နံမည်က အော် " ရဖူးတဲ့အထဲကအကြိုက်ဆုံးကွန်မန့် ၊ဒါမှမဟုတ် ကွန်မန့်တွေကိုပိုစ်အနေနဲ့ပေါ့ " တဲ့ သေဟ လုပ်လိုက်ဟ " ငါ့ကို ဖြေးဖြေးသတ်ပါ " ဆိုတဲ့ ကျားပေါက်သီချင်းထဲကလို ဖြစ်နေပါပြီကွယ် ကဲရေးမယ် နောက်မှ စာအရှည်ကြီးဖတ်ရတယ် ပျင်းတယ် မလုပ်နဲ့ အရမ်းစကားများတယ် နော် ငှက်က
ညီမ စာစရေးတော့ မေမေ့မွေးနေ့လေ မှတ်မှတ်ရရပေါ့ အမှတ်တရလေး ဖြစ်သွားအောင်ပါ ဒါနဲ့ " စတင်ခြင်း" ဆိုပြီး ရေးလိုက်ရေ ပြီးတော့ ကိုဘွိုင်းဇ် ရဲ့ " ပေါက်စီပို့စ် " ပါ မှတ်မှတ်ရရ အဲဒီမှာ သွားမန့်လိုက်တာ ကိုဘ ကလိုက်ချလာတယ် ပြီးတော့ ဘလော့ဂ်အဟောင်းရှိလားတဲ့ ရှိရင်ပြောပါလား တဲ့ ညီမပျော်လိုက်တာနော် ဘာလို့လဲဆိုတော့ ကိုယ် စ ရေးတာကို စပြီး မန့်လို့လေ အဲလိုလဲ မန့်ပြီးတော့ ဘိုးတော် က ထပ်ပေါ်မလာတော့ဘူးလေ နောက်တော့ " ကိုယ့်ကိုယ်ကိုမိတ်ဆက် ခြင်း " ရေးတယ် ပြီးတော့ မမမယ်ကိုးဆီသွားပြီး လာလည်ပါရန်ဖိတ်ခေါ်ခဲ့တယ် မမက အရမ်းသဘောကောင်းတယ် ညီမကို အဲဒီကနေ စပြီး အားပေးလိုက်တာ အခုထိပဲ ပြီးတော့ ကိုနေဒေးသစ်ပေါ့ နောက်တော့ မမမျက်မှန်လေး ပြီးတော့ ကိုဝသန် နောက်တော့ နောက်တော့ လူတွေ အများကြီးတိုးလာတာပေါ့လေ ကိုသားကြီးပြောသလိုပါပဲ ကိုယ့်ပို့စ် ၁ ခု ရေးပြီးရင် comment ရရင် ဘယ်သူကမပျော်ပဲ နေမလဲ မဟုတ်ဘူးလား ဒါကလဲ ကိုယ့်ရဲ့အောင်မြင်မှုပဲလေ ဟုတ်တယ်ဟုတ်
ညီမ ကိုအားလုံး က ခွင့်လွှတ်စွာနဲ့ချစ်ကြတာ သိပါတယ် ညီမက ပေါတောတောရယ် အိမ်က အကိုဆိုရင် စိတ်ပျက်လွန်းလို့မှ မနိုင်လို့ လက်မြှောက်အရှုံးပေးထားရတာလေ
" နင်နော် မိန်းကလေး ပေါတောတောနဲ့ ဘယ်လိုဖြစ်နေတာတုံး " ပြောလဲ ခဏပဲ နောက်တော့ ပေါမြဲ ပေါဆဲ ပေါလတ္တံပဲလေ သူလဲ ကြာတော့မနိုင်တော့ လွှတ်ထားလိုက်ရေ အယ် ပြသနာတက်တာ အဖေပေါ့ ညီမ က အဖေ့အသည်းလေ
ဒီရောက်တော့ အိမ်နဲ့ g talk ပြောရေ သိတဲ့အတိုင်းရယ် မြန်မာနိုင်ငံ connection ကျလိုက် မတက်လိုက်နဲ့လေ ဒါနဲ့လူလဲ တိုတာပေါ့နော် (စိတ်ပြောပါတယ် သိတဲ့အတိုင်းလူက လက်တဆစ် စိတ်ကလဲ လက်တဆစ်ရယ် ခိခိ ) ပြောပြော တရစပ်ပြော signal အတုံးကျသွားရင် ရပ်လိုက် အကိုနဲ့ ၂ ယောက်သားရယ်ရတယ် သူကလဲသူ့ကွန်ပြူတာနဲ့ အမေ နဲ့ပြော ဒီကလဲ ညီမကွန်ပြူတာနဲ့ အဖေနဲ့ပြော သူကလဲ ဟဲ့တိုးတိုးပြော ငါ ဘာမှမကြားရဘူး ဒီကလဲ မရဘူး သူအော်ပြောတာနဲ့ပဲ အဖေမကြားရမှာစိုးလို့ အော်ပြော အို.. ဆူညံနေတာပဲ signal အတုံးကျသွားရင် ရပ်လိုက်နဲ့ ကြာတော့လေလာရော လူက မောလာရော ဒါနဲ့ အကိုနဲ့ ဟာသတွေလုပ်ပြီး ရယ်တာပေါ့ ဒါကိုလေ အဖေရယ်ပေါ့
" သမီး ဘာလို့ ခဏခဏ ရယ်နေတာလဲ ကောင်းကောင်းနေစမ်း " တဲ့ သူများတွေကပြောတယ် ၁၃ ၁၄ နှစ်အရွယ်က သစ်ရွက်လှုပ်တာတောင် ကြည့်ပြီး ရယ် တယ်တဲ့ ညီမကတော့ အဲဒီအသက်လဲ လွန်သွားပါပြီ ဒါပေမယ့် ရယ်ကောင်းတုံးပဲ ဘာလို့မှန်းကိုမသိဘူးရယ် ပြီးတော့ရှိသေးတယ် တယောက်တည်း စကားတွေပြောပြီး ရယ်နေတာ အကိုက
" ဟဲ့ နင်ရူးများရူးသွားပြီလား " တဲ့ ဒါနဲ့ " မဟုတ်ဘူး ဟိုဟာလေ ငါ တွေးပြီးရယ်ချင်လို့ " ဆိုပြီး သူ့ကို ပြောပြ သူနဲ့ လက်တို့ပြီး ရယ်ကြရော ဟိဟိ (အယ် ကိုသားကြီး တဂ်ထားတာနဲ့ လားလားမှမဆိုင် ဘာတွေ လျှောက် ရေးမှန်းကို မသိတာ ) အဲဒါကြောင့်ပြောတယ် ရေးချင်တာရေးပါတယ် ဆိုမှ
ပြောဦးမယ် ဟိုးးးးတခါ ပေါက်တတ်ကရပို့စ်တွေ လေ သိတယ် ဟုတ် " သတင်းကြော်ငြာတာ " တို့ " ဘလော့ဂ်ဂါမောင်နှမတွေရဲ့ လတ်တလော အခြေအနေတို့ " ရေးပြီးတော့ လူလဲ အော် အပြောင်အပျက်တွေလျှော့ ဦးမှ ဆိုပြီး " မေမေပို့စ် " တင်လိုက်ပါတယ် ညီမ ရေးတာပဲ မကောင်းတာလားမသိပါဘူး လိုက်မသွားနဲ့ဦးနော် တကယ့်အဖြစ်အပျက်လားတဲ့ ငါလေ ရှင်ချင်တယ် အိမ်မှာက အမေက ငုတ်တုတ်ကြီးရယ် ဘာနှလုံးရောဂါမှမဖြစ်ဘူး ကျန်းမာတယ် လုပ်လိုက်ဟ ငါ့စာဖတ်ပရိတ်သတ်ရယ် ဆိုပြီး comment တွေ ကြည့်ပြီး ရယ်ရသေးတယ် တယောက်တည်း တခွီးခွီးနဲ့
လက်တို့ပြီးတော့ ပြောရဦးမယ် သိလား ညီမ ဒီလို ဘလော့ဂ်ရေးတာ အကိုမသိဘူး ဒါကြောင့် ညီမက သူမရှိမှ ကွန်ပြူတာ ကိုင်တာလေ အကြောင်းရင်းကတော့ အဲဒါပါပဲ သူသိရင် ဆူခံရမှာ ဟဟဟ
ကဲ စာတောင် အတော်ရှည်သွားပြီ ကိုသားကြီးတော့ စိတ်ပျက်ပြီ သူတဂ်ထားတာ တခြား ရေးတာက တခြား ဟဟဟဟ နောက်ဆိုရင် သေချာတယ် ကိုသားကြီးမတဂ်တော့ဘူး ညီမ သိတယ် ဟဟဟဟ မှတ်ပလား ကိုသားကြီးရေ ခိခိ စတာနော် ညီမကို အခုလို အရေးတယူနဲ့ တဂ်ပို့စ်ထဲ ထည့်တဲ့အတွက် ကျေးဇူးတင်ပါတယ် လို့နော်
အားလုံး အားလုံး ညီမကို အားပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်နော်
ဆက်ရန် ရှိပါသေးတယ် မနက်ဖြန် ဘာလဲဆိုတာ တင်မယ် အားလုံးစောင့်ဖတ်မယ် ဟုတ်
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
1 month ago



17 comments:
ငှက်ကလေးရေ
အမှတ်တရ ကောမန့်လေးတွေ အကြောင်းဖတ်သွားပြီ
လူနောက်ပဲနော် ငှက်ကလေးက
ခင်မင်စွာဖြင့်
သီဟသစ်
အချိန်ကုန်ခံပြီးရေးပေးနေတာကိုပဲကျေးဇူးတင်လှပါပြီဗျာ
ခေါင်းစဉ်အောက်ရောက် မရောက်ဆိုတာထက် ငှက်ကလေးရဲ့ အဖြစ်သနစ်လေးတွေဖတ်ရတော့လည်း ဘာပဲဖြစ်ဖြစ်ဖတ်ပျော်တာပဲပေါ့
ငှက်ကလေးကဥာဏ်ကောင်းပါတယ် final destination လိုရုပ်ရှင်မျိုးကြည့်ပြီး ပိုစ်လေးတစ်ခုကောက်ကာငင်ကာရေးတတ်တာမျိုး
နောက်ပြီး အရင်တစ်ခါ ကားအက်ဆီးဒင့်ဖြစ်တဲ့ အဖြစ်မှန်ကိုအခြေခံပြီးပြန်စိတ်ကူးယဉ် ဇာတ်လမ်းထွင်တာမျိုးပေါ့ တော်ပါတယ်
စိတ်ချ....နောင်လည်းtagပေဦးတော့မည်ပဲ ဟဲဟဲ
ဆက်ရန်ဆိုတော့လည်း မျှော်ရပါကြောင်းပေါ့ :)
ငှက်မလေး ဘရုတ်ကျမှန်း သိပြီးသား၊ လာရယ်သွားတယ်
p.s. အဲ့ဒါ မြက်မဟုတ်ပါဘူး ကြီးတော်လေးရယ်၊ ယာခင်းရယ်ပါ
ရောက်ပါသည်ခင်ဗျာ ! လေ့လာမှတ်သားသွားပါသည်။
ငှက်ကလေးရေ ... ဘာတွေရှောက်ရေးနေလဲလို့ .... အကို့ကို တိုင်ပြောလိုက်မယ်နော် ...ဘလေဂ့်ဂင်းနေတယ်လို့
ဘဝတူ ဌက်လေးရေ ရောက်တယ်ဗျို့။ မနက်ဖြန်တင်မှာကိုလည်း စောင့်နေမယ်နော်။ အိမ်မှာလည်း ကိုသားကြီးရဲ့ ကျေးဇူးကို ဒီနေ့ဆပ်တယ်လေ အဟိ။ မနေ့ကတောင်သုံးရတဲ့ ဌက်လေးကို သနားတဲ့အကြောင်း ကွန်းမန့်ပေးမလို့ မခင်သေးလို့ဆိုတော့ ကိုသားကြီးက ဌက်လေးက ပျော်ပျော်နေတတ်တယ်တဲ့ဆိုတာ။ အခုဒီပို့စ်ဖတ်မှပဲ ယုံသွားတော့တယ်။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံးလား မမပါးလုံးလားတော့မသိဘူး အဟိ
ဒါဆို ပါးလုံးကကြီးတယ်ပေါ့ မေ ၁ မှာ ၂၀ ပြည့်သွားပြီ ဟီ ညီမလေး ရလိုက်ပီ။
ခင်မင်လျှက်
မမ ပါးလုံး ( အဟဲ အမြဲညီမလေးလုပ်နေရတာ အရသာတော့ ရှိသား)
ညည်းငါ့ ထက်ငယ် ပါသည် သူငယ်ချင်း
ဆက်ခင် ကြ မယ်
ဖတ် မပျက် မန့်မပျက် နော်
ငှက်ကလေးရေ.... ဘာပဲပြောပြော ချစ်ဖို့ ခင်ဖို့ကောင်းတဲ့ မင်းအကြောင်းလေးတွေ ဖတ်လို့ ကောင်းပါတယ်ကွယ်။ အင်း....... ကိုသားကြီးရဲ့ ကျေးဇူးကို ဆပ်လိုက်နိုင်ပြီပေါ့နော်။ တို့ လည်းကြိုးစားရ ဦးမှာပေါ့ကွယ်။
ဆက်ရေးပါနော်။မျှော်နေတယ်။
ညီမလေးစိတ်ကလေး ကြည်ရွှင်နေလို့  ရယ်နိုင်တာပါ။ အစ်မက ပေါတယ်လို့ လုံးဝကို မထင်ဘူး။
ညီမလေးရယ်သံကို ဖတ်မိတိုင်း အစ်မလည်း အမြဲပြုံးမိတယ်။
အဲဒီလို အမြဲပျော်ရွှင်ပြီး စာဆက်ရေးနိုင်ပါစေ ( အစ်ကိုမသိဘဲ :) ) ...ဆက်ရန်လည်းစောင့်နေတယ်နော်။
ငှက်ကလေး...နောင့် ကသူများ ရီသံကြားရင် လိုက်ရီတတ်တယ်.။ ခုလဲ ရုံးရောက်ရောက်ချင်း ကွန်ပြူတာဖွင့်ပြီး ပြုံးနေလို့...ဘေးစားပွဲက Good morning တဲ့..သူ့ ပြုံးပြတာလဲ မဟုတ်ပဲနဲ့...ဟိဟိ..။
ပေါမြဲ ပေါနိုင်ပါစေ။
ပေါကမ္ဘာလေးတစ်ခုတည်ဆောက်နိုင်ပါစေ
ချစ်သော
မျက်မှန်လေး
တို့မမများအဖွဲ့ဝင်ပဲဟာ။ ငှက်က အရယ်မသန်၊စကားမများဘဲရှိမလား။ ငှက်လေးရယ်နေတဲ့ အသံကြားရင်ပဲ ဝမ်းသာပါတယ်။ ဆက်ရေး ညီမလေး
ှငှက်ကလေးရေ...
အတောင်စုံပြီဆိုတော့ ...
ငှက်ကလေးတို့က.... လွတ်လပ်မှုကို သိပ်မသုံးတတ်ရှာဘူးလေ... လစ်ရင် လစ်သလိုပဲ....
ငှက်ကလေးကို အားကျတယ်ဗျာ...
ပျော်ရွှင်စရာတွေကို ကြံဖန်ပြီးတော့ကိုဖန်တီးတတ်တာလေ...
ပြည့်စုံကတော့ နာမည်ပဲပြည့်စုံတယ်ဗျာ...
ခင်တဲ့
ပြည့်စုံ
"ရဖူးတဲ့အထဲကအကြိုက်ဆုံးကွန်မန့်"ကဘာများဖြစ်မလဲလို့ ဖတ်ရင်း ဖတ်ရင်းးးး "ဆက်ရန်မျှော်" နဲ့ ဆုံးနေတယ် ... လူကိုအဆုံးရောက်အောင် ညာခေါ်တယ် ... လူဇိုးးးး
စောင့်ဖတ်နေပါတယ် ငှက်ကလေးရေ... ပေါတယ်ဆိုတာ ပါရမီပါမှ ဖြစ်ရတာမဟုတ်လား.. အဟီး..
yu ya
ဟေ့ ဌက်လေး ငါစောင့်နေတာ လည်ပင်းလည်း ကုလားအုပ်နဲ့ နင်လားငါလားဖြစ်တော့မယ် နင်အသစ်တင်မယ်ဆို ငါတစ်ယူမလို့ဟဲ့ မြန်မြန်တင် ငါမအိပ်ခင် စောင့်နေတယ်ဟ ငါ့မှာအော်စရာစီပုံးလည်းမရှိ ငါ့နှယ်နော် ရှင်ချင်တယ်(ဌက်လေသံဖြင့်) မြန်မြန်တင်နော်။
ခင်မင်လျှက်
ပါးလုံး
Post a Comment