အဆောင်ပြန်ရောက်တဲ့အခါ ပြန်ရောက်ပါပြီ လို့ နှုတ်ဆက်ပေမယ့် ပြန်လာပြီလား လို့ ပြန်ပြောမယ့် လူ မရှိခဲ့ဘူး ဗိုက်ဆာတယ် လို့ အော်ရင် အိန္ဒြာကျော်ဇင် လို ၃ မိနစ်ပဲ စောင့် လို့ ပြောမယ့် လူမရှိသလို လုပ်ပေးမယ့် လူလဲ မရှိခဲ့ပါဘူး စကားပြောဖော် မရှိခဲ့သလို တယောက်တည်း လျှောက်တွေးရင်းနဲ့ပဲ တယောက်တည်း စကားတွေ ပြောတတ်ခဲ့တယ် တယောက်တည်း ရီတဲ့အခါရှိသလို ငိုတဲ့အခါလဲရှိတတ်ခဲ့ပါတယ် တယောက်တည်းနေတာ ၁ လတောင် မပြည့်ပေမယ့် နေရတာ အထီးကျန်နေခဲ့တယ် အရင်က မငိုတတ်ခဲ့ပါဘူး အခုနောက်ပိုင်း မျက်ရည် အရမ်းလွယ်လာခဲ့တယ် တခုခုဆို ငိုချင်လာတယ် ရင်ထဲမှာ ဆို့ဆို့တက်လာတယ်
နေသားကျသွားမှာပါ လို့ သာ ကိုယ့်ကိုယ်ကို အားတင်းထားပေမယ့် နေသားက ဘယ်တော့မှ ကျမှာလဲ တခုခု အဆင်မပြေဖြစ်တိုင်း မျက်ရည်ဝဲတက်လာတဲ့ ကိုယ့်ကိုယ်ကို လဲ မကျေနပ်ဘူး
နေချင်ဦးဟဲ့ တယောက်တည်း နေတော့လဲ အဒေါ်တွေနဲ့ ဟိုးးးးးးးး အဝေးကြီးမှာ
ကိုယ့်ကိုယ်ကို သာ အပြစ်တင်ရင်း အချိန်တွေ မြန်မြန်ကုန်ပါစေ ကျောင်းမြန်မြန်ပိတ်ပါစေ လို့ သာ ဆုတောင်းနေမိတယ် (ဒါမှ တီတီ့ဆီပြန်ပြီးတော့ စားချင်တာ ချက်ကျွေးခိုင်းရမယ်)
အဓိက တရားခံက မစနေ ပါ ဟင့် သူ့ရဲ့ ဒီပို့စ်လေး ဖတ်ပြီး ငိုချင်သွားတာ မစနေ မကောင်းဘူး ပြန်လျော်ပေး မျက်ရည်တွေ ပြန်လျော်ပေး
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
1 month ago



28 comments:
တစ်ယောက်ထဲနေတတ်ခဲ့တဲ့ငါ အခုတော့လဲ တစ်ယောက်ထဲပါပဲ... ဟတ်ဟတ်....
ဘာမှလဲချိုင်ဖူးနော်... ခစ်ခစ်...။:P
:P
အာဝါးးးး
ညီမလေးရယ် ဖတ်ရတာ စိတ်မကောင်းလိုက်တာ။
အားငယ်နေလား။ဝမ်းနည်းနေတဲ့အခါ အစ်မတို့ကလည်း အဝေးမှာဆိုတော့ မေတ္တာပဲ ပေးနိုင်တယ်။
စိတ်မကောင်းဘူး ညီမလေးရယ်။
ဒီလိုပါပဲညလေးရယ်..အားတင်းထားနော်..
ကြားလား..ငိုရဘူးနော်...
ပျော်ရာမှာ မနေရ .. တော်ရာမှာ နေရ၏ တဲ့ ..
ဒီတော့ အခြေအနေ အရ တော်ရာမှာ နေ.. နေရတုံး ပျော်အောင်သာတွေး နေတော့ ဝက်ကလေး ရေ ..
အားတင်းထားဟေ့..
ဝက်တို့ မျက်ရည် မြေမကျကောင်းဘူးကွဲ့  ..
ကုန်သွားပြီလား. မျက်ရည်တွေ... ဒါဆို ရေများများ သောက်.. ရှုးရှုး နဲနဲပေါက်.. ဒါမှ ငိုရင် အားကောင်းမှာ.. အဟဲ..ခင်လို့စတာပါ..
အဆင်ပြေပါစေနော်..
အဆိပ်ခွက်
နေသားမကျသေးလို့ပါညီမလေးရယ်.... ဘာမှလုပ်လို့မရတဲ့ အခြေအနေတစ်ခု အတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်နေမဲ့ အစား စာတွေဖိရေးပေါ့ကွယ်...
တစ်ယောက်တည်း နေရတဲ့သူရဲ့ ခံစားချက်ကို ကိုယ်ချင်းစာတယ် ... လုပ်စရာအလုပ်မရှိရင် သေလုများပါးနဲ့ အချိန်တွေကုန်ဖို့  ရုန်းကန်ရတယ် .... သိပ်ဆိုးတာပဲ .... ဒါပေမယ့် အင်တာနက်ကို သိပ်ကျေးဇူးတင်မိတယ် သူက ချစ်တဲ့ သူတွေ နဲ့  ဆက်သွယ်ပေးတယ်လေ .... ရေးချင်တဲ့စာ တွေကိုလည်း ရေးခွင့်ပြုတယ် ချစ်တဲ့ မောင်နှမ တွေနဲ့ လည်း ခင်မင်ခွင့်ရတယ် .... အထီးကျန် ဖြစ်နေတဲ့အခါ စာရေး သူငယ်ချင်း .... အားမငယ်နဲ့ .... ငိုစရာရှိ အော်သာငိုပစ်လိုက် ရယ်စရာရှိ အော်သာရယ် ပစ်လိုက် ခံစားချက်တွေ ရင်ထဲ သိမ်းမထားနဲ့  အစိုင်အခဲအဖြစ်မခံနဲ့ .... သူငယ်ချင်းတွေကို ရင်ထဲရှိတာ တွေ ပြောပစ်လိုက် ....
ခင်တဲ့
ရန်ကုန်သား
ပျော်ရွှင်ပါစေ :)))
မသိလို့မေးပါရစေ.......
ငှက်စုတ်........နင့်ဟာနင် ငိုတာ.....ဘာလို့ ပိန္နဲပင်ဆွဲထည့်ရတာတုံး......။
အနေကျ တော့ ပျော်သွားမှာပါ..
ဖြစ်တတ်ပါတယ်..
အဆင်ပြေသွားပါစေ..အဆင်လည်းပြေသွားမှာပါ...
ပျော်ပါစေ
ဝံလေးကလည်း နေသားကျတော့မှာပဲလေ။ တစ်ယောက်တည်းဖြစ်တာ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူးနော်။ ငိုချင်တဲ့အခါ ငိုချလိုက်. ပြီးရင် ပျော်ပျော်နေ။ အင်တာနက်ရှိတယ်။ သူငယ်ချင်းတွေရှိတယ်။ စာရေးလို့ရတယ် ကဲ။။။။။ဝံလေးက လူချစ်လူခင်ပေါပါတယ်။ မကြာပါဘူး။ ကိုယ့်ကိုချစ်သူ ခင်သူပေါလာမှာပဲဟာ. အဆင်ပြေတော့မယ် ဝံလေးရ. နည်းနည်းပဲစောင့်။။။။ကျန်းမာပျော်ရွှင်ပါစေ
ငှက်ရယ် အခန်းဖော်မရှိဘူးလား ??
အခန်းဖော်မရှိလည်း အွန်လိုင်းက သူငယ်ချင်းတွေရှိပါသေးတယ် :))
ငှက်ရယ် အခန်းဖော်မရှိဘူးလား ??
အခန်းဖော်မရှိလည်း အွန်လိုင်းက သူငယ်ချင်းတွေရှိပါသေးတယ် :))
တစ်ယောက်တည်းနေတဲ့အခါ...သတိရလိုက်တာ
...အိမ်မက်တွေအထဲမှာ မင်းပျော်နေမှလား...
နင်မရှိတဲ့အခိုက်မှာ...သတိရနေမှာပါ...
ဟီး ဘာမှလည်းမဆိုင်ဘူး...
ကျနော်ကတော့ တစ်ယောက်တည်းနေရတာကို
ကြိုက်တယ်...အခန်းဖော်တွေနဲ့ဆိုရင်
အားနာနေရတာတို့...အနှောက်ယှက်ဖြစ်တာတို့
ရှိတယ်ဗျ...မွေးကတည်းကတစ်ယောက်တည်း
အခုလည်းတစ်ယောက်တည်းပါ... :P
ဝက်ရယ်နင်တစ်ယောက်ထဲ
မနေတက်ရင်ငါအကောင်းဆုံး
အကြံပေးမယ်ငါ့လိုလုပ်လိုက်ပါ
လားးငါလဲတစ်ယောက်ထဲနေရ
တာရူးချင်သလိုနမ်းချင်သလို
နဲ့တစ်ခါထဲကိုမိန်းမကောက်
ယူပလိုက်တာဟားဟားး
အလကားစတာနော်ကလေး
သွားမြောက်ပေးနေတယ်ဟိ
ဘုရားတရားကောင်းကောင်းလုပ်
ငိုချင်လာရင်တရားထိုင်စိတ်ကို
တည်ငြိမ်အောင်ထားဒီလိုဘဲ
လူတိုင်းကဖြစ်နေတာပါဘဲဟာ
ငါပြောနေကြစကားတစ်ခွန်းလိုဘဲ
ပေါ့အရာအားလုံးကပြီးတော့လဲဘဲ
ပြီးသွားတာပါဘဲဟာ....
လောကမှာပျော်ရွှင်ခြင်းနဲ့
ငိုယိုချင်းဆိုပြီးနှစ်ခုဘဲရှိတယ်
ဒါပေမယ့်လူတွေကအမြဲငိုယိုချင်းတွေက
များနေတယ်
ကော်ကျိုနော် ငါ့ကို မြှောက်ပေးနေ ဟွင်းးး ဒီစကားပဲပြောနေကြတာပဲ ငါ စိတ်တိုလာရင် တကယ်ကောက်ယူလိုက်မှာနော် ဘာမှတ်လဲ ဟွင်းးးးးး ငါ စိတ်သိပ်ကြီးတာ သိလား မကျေနပ်ရင် ရေခဲမုန့်တောင် အစိမ်းလိုက် ဝါးစားတာ သိရဲ့လား ဟွန်းးးးးး
ဝက်ဝံလေးရေ...
ဘလော့ဂါ မောင်နှစ်မတွေရှိတယ်လေ...
အားမငယ်နဲ့ နော်...
ခင်တဲ့
moemoestar
တစ်ယောက်တည်းနေတဲ့အခါ သတိရလိုက်တာ...
အိတိုးဆိုထားတဲ့ သီချင်းလား မသိဘူး...
တစ်ယောက်တည်းနေတဲ့အခါ တောင်တောင်မြောက်မြောက် လျှောက်တွေးဖြစ်တယ်၊ လျှောက်တွေးဖြစ်တော့ စိတ်က အထီးကျန်သလို ခံစားလာတယ်.. ပိုလွမ်းလာတယ်...း)
ငှက်ကလေး ပျော်ပါစေနော်
တစ်ယောက်တည်းလားမေးတော့ ကိုယ်တစ်ယောက်တည်းပါ...
ပျော်စေချင်လို့ စတာပါနော်..
ညီမလေးရေ မစိမ်းလည်း တစ်ယောက်တည်းပါပဲကွယ်...
ဘ၀တူတွေပါ... ဘာမှအားမငယ်ပါနဲ့... ကိုယ့်မှာ ကွန်ပျူတာဖွင့်လိုက်တာနဲ့ မောင်နှမတွေအများကြီးရှိတာပဲဟာ...
ဆရာတော်အရှင်ဆန္ဒဓိက ရေးတဲ့ တစ်ယောက်တည်းနေ တစ်စိတ်ထဲထား ဆိုတဲ့ စာအုပ်လေးကို ဖတ်ကြည့်ဖို့ အကြံပေးပါတယ်... ဖတ်ကြည့်လိုက်နော်...
ဝက် နင်ငိုတတ်သေးသကိုး ဟိဟိ စတာနော် ၀က်
နင်ကတွေ့လိုက်ရင် ပေါနေတာ ထင်တောင် မထင်ရဘူး
အဟိ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ကွာ ပျော်ရာမှာ မနေရ တော်ရမှာနေရဆိုသလိုပေါ့ကွာ ဟိုသီချင်းလိုပေါ့ကွာ
တနေ့တော့နီးရဖို့ ခဏတော့ ဝေးနေမယ်ဆိုတာလေ ဟိ ဘာမှလည်းဆိုင်ဝူးနော်း))
အစပိုင်းမို့ပါ.. မမ ဆီ ဖုန်းဆက်လေ
hugs
ခုမှတွေ့တော့တယ် :P
အရင်ကလာတာ မရပါဘူး ... လာဖြစ်လို့လည်းမသိ ..
စာလာဖတ်တယ် ... ပြန်ပြီ ...
ဂျစ်လေးတစ်ယောက်ထဲနေတဲ့အခါ
စိတ်ဓါတ်ကြံ့ခိုင်လာပါလိမ့်မယ်
ကိုယ့်အပေါ်ဘယ်သူကောင်းတယ်
မကောင်းဘူးဆိုတာကိုယ်တိုင်ခွဲခြား
သိမြင်လာနိုင်ပါလိမ့်မယ်
အဲဒီလိုအကျိုးအမြတ်တွေရလို့
ဂျစ်လေးအတွက်အကျိုးရှိပါတယ်
စိတ်ဓါတ်ကျမနေနဲ့နော်
ချစ်တဲ့အမဂျစ်
ဝက်ဝံလေး
နာမည်ပြောင်းလိုက်ပြန်ပြီလား ၊ အားမငယ်ပါနဲ့ ၊ အမ လဲ တစ်ယောက်တည်းပါဘဲ ။ ကြာတော့ ရူးချင်သလို ဖြစ်နေတယ် ။ အပြင်သွားရင်ပိုဆိုးတယ် ။ တစ်ယောက် တည်းအူကြောင်ကြောင်နဲ့ ။
ဝက်ဝံလေးရဲ့ မေးလ်သိချင်တယ် ။ အမက ၀က်ဝံလေး နဲ့ အရမ်းနီးးတဲ့နိုင်ငံတစ်ခုကပါ ။ ဗမာရှိဘူး ။ အမကို အကြောင်းပြန်ဦးနော် ။
ဝေးခလက်ရေ
နိုနဲ့ဟ.. တစ်တစ်.. အဲ.. မှားလို့
တိတ် တိတ် ဟ..
ဒီလိုပါပဲ
ကိုယ်တစ်ယောက်ထဲ ဖြစ်တယ် မထင်ပါနဲ့
တစ်ခြားသူတွေလည်း ဖြစ်တာပါပဲ..
ယောကျာ်းလေး ဖြစ်နေပေမယ့် တစ်ခါတစ်ခါ အိမ်ကို အရမ်းသတိရလွန်းလို့..
ညီကိုမောင်နှမတွေကို သတိရလွန်းလို့..
ဖိုးဖွားမိဘတွေကို သတိရလွန်းလို့..
အိမ်သာထဲဝင်ပြီး ကြိတ်ငိုခဲ့ရတဲ့ သူတွေလည်း ရှိပါတယ်..
ပျော်ရွှင်ပါစေ ဝက်ညီမရေ..
ဝက်ရေ
ဟိုစာအုပ်လေးဖတ်ဖူးလား
တစ်ယောက်တည်းပဲ ဒါပေမယ့် ကျားဆိုတာလေ
အခုလည်း တစ်ယောက်တည်း ဒါပေမယ့် ၀က်လို့ အော်လိုက်
စတာနော်
ဘ၀ဆိုတာဒီလိုပါပဲ နေရတာပဲ
ပျော်ရာမှာမနေရ တော်ရာမှာနေရတဲ့
ပျော်အောင်နေပါ
သီချင်းလေးကောင်းတယ် တခါမှ နားထောင်ဖူးဘူး
တစ်ယောက်တည်း ပျင်းရင် အွန်လိုင်းလာခဲ့ ပြီးရင် ရုပ်ရှင်ကြည့် ဟာဟ
မင်းအိမ်ဖြူ
ဝက်ရေ........ ပျော်ပျော်နေပါဟ။
တစ်ယောက်တည်းနေရင် အဲလိုဖြစ်တတ်တယ်။
ကြာရင် ဂေါက်သွားရော...ကိုယ့်ကိုယ်ကို ကွန်ထရိုးလုပ်ဦးနော်။ မဂေါက်စေနဲ့။ ဟဲဟဲ
ချစ်လို့စသွားတာ။
အားမငယ်ပါနဲ့လေ။ ပျော်စရာကောင်းမယ်ထင်တာ အကုန်လုပ် (ကောင်းတာလေးတွေရွေးလုပ်ပေါ့)။
အဆင်ပြေပျော်ရွှင်ပါစေဟာ.......
ဝက်ကလေး ..
မိသားစုနဲ့ခွဲပီး တယောက်တည်းနေရတဲ့အခါ အထီးကျန်တာတို့ ၀မ်းနည်းတာတို့ ခံစားရတယ်.. ခု နင်က တယောက်တည်းပေမဲ့ နင့်ကို ချစ်တဲ့သူငယ်ချင်းတွေ မောင်နှမတွေရှိနေပါတယ်.. ငိုချင်ရင်ငိုလိုက် ပီးလုပ်စရာရှိတာတွေ ဆက်လုပ်ရမှာပဲ.. စာကျက်ရမယ်.. စိတ်ကူးပေါက်ရင်စာတွေရေး.. စိတ်တွေမွန်းကြပ်လာရင် သီချင်းဆို.. ဒီလိုပဲ ကျော်ဖြတ်ရမှာပဲ ၀က်ကလေး ပူတူးတူးလေးရ..
တစ်ယောက်ထဲမနေချင်ရင် နှစ်ယောက်လုပ်လိုပ်လေ... ဒါလေးများ ဘာခက်တာမှတ်လို့ ...
မင်း
Post a Comment