Friday, 4 September 2009

ထိုည

တီတီ
ကေသီကောက်ပြီး ထူးလိုက်သည်
" ဟယ်လို "
" ဟယ်လို ကေသီလား ကြော်ငြာထားလို့ ညစောင့် လုပ်မယ်ဆို အဲဒါ စုံစမ်းတာပါ ဒီည ၈ နာရီလောက် xxxx ကိုလာပေးနိုင်မလား ကလေးက တယောက်တည်းပါ ၂ နှစ် အရွယ်ကလေး မို့ သွားစရာရှိလို့ ထားခဲ့ရမှာမို့ပါ "
" ဟုတ်ကဲ့ ရပါတယ် ဒီနေ့ ည ၈ နာရီ အရောက်လာခဲ့ပါ့မယ် "
" အိုကေ လေ ပြောထားတဲ့ဈေးကို ပေးပါ့မယ် " ဆိုပြီး ဖုံးချသွားတယ်
ကေသီ ဖုံးတကော ထပ်ခေါ်လိုက်တယ်
" ဟယ်လို ဖရက် လား ငါ ဒီနေ့ ညစောင့်သွားလုပ်ရမယ် အဲဒါ မနက်ကျရင် ငါ့ကို ကြိုပေးနိုင်မလား xxxx ဒီနေရာတဲ့ ဟုတ်ပြီနော် ဘိုင် " ဖရက်က ကေသီရဲ့ ချစ်သူပါ

ည ၇ နာရီလောက်ကျတော့ ကေသီ ဘတ်စ် ကားစီးပြီး လိပ်စာအတိုင်းလာခဲ့လိုက်တယ် အော် ဒီနေ့မှာ လကြီးကလဲသာလိုက်တာ ဟုတ်ပါ့ ဒီနေ့ လပြည့်နေ့ကို မေ့နေတာပဲ လို့ တွေးလိုက်မိတယ်
ဒေါက်ဒေါက် တံခါးခေါက်လိုက်တော့ တံခါးလာဖွင့်တဲ့အမျိုးသမီးက မျက်နှာတခုလုံး ဖြူစွတ်နေတာပဲ အပြင်သွားမှာမို့ပြင်ထားတယ်နဲ့ တူပါတယ်
" ဟယ်လို ကျွန်မ ကေသီပါ ဒီနေ့ ညစောင့်မယ်လို့ ပြောထားပါတယ် "
" အင်း ဟုတ်ပြီ လာဝင်ခဲ့ " လို့ အေးစက်စွာပြောပြီး အိမ်ထဲကို ဝင်ခိုင်းတယ် အိမ်ကြီးကရှေးအိမ်ကြီးပဲ အကျယ်ကြီး
" ကလေးက တော့ အပေါ်ထပ်မှာ အိပ်နေတယ် ကလေးက အိပ်ရင် မနိုးတတ်ပါဘူး သိပ်ထားတယ် (အနောက်နိုင်ငံတွေမှာ ကလေးတွေကို တယောက်တည်းထားခဲ့လို့မရဘူးလေ) သိပ်တော့စိတ်ပူစရာမရှိပါဘူး အပြင်ကပြန်လာရင် မင်းကိုပိုက်ဆံပေးမယ် အခုတော့ သွားဦးမယ် " လို့ပြောပြီး ထွက်သွားတယ်

အပေါ်ထပ်ကိုသွားကြည့်တော့ ရှေးဟောင်းပန်းချီကားတွေ တော်တော် တန်ဖိုးကြီးမှာပဲလို့ တွေးလိုက်မိတယ် ကလေးအခန်းကို ကြည့်လိုက်တော့လဲ ပြောတဲ့အတိုင်းပဲ ကလေးလေးက အိပ်နေတယ် လှုပ်တောင်မလှုပ်ဘူး
တီတီ ဖုံးလာလို့ ကိုင်လိုက်တယ်
" ဟယ်လို ဖရက်လား အင်း အဆင်ပြေပါတယ် အင်း အိမ်ရှင် အမျိုးသမီးကတော့ အပြင်သွားပြီ အင်း အင်း မနက်ကျလာကြိုဖို့ မမေ့နဲ့နော် ဘိုင် "
ကလေးကိုကြည့်နေရင်းနဲ့ ရုတ်တရက် ကလေးက ကြီးလာသလို ဒါနဲ့ မျက်စိပွတ်ပြီးကြည့်တော့လဲ နဂိုအတိုင်းပါပဲ ငါများ အိပ်ချင်နေလို့လား ဆိုတဲ့အတွေးနဲ့ ကြက်သီးဖြန်းကနဲ ထမိသွားတယ် ခဏနေတော့ကြည့်နေရင်းနဲ့ ကလေးပါးစပ်ကနေ အစွယ်တွေထွက်လာသလို တွေ့လိုက်တော့ မျက်လုံးပြူးသွားတယ် ဒါနဲ့ သေချာကြည့်တော့လဲ မဟုတ်ပါဘူး ဟင့်အင်း ပုံမှန်တော့မဟုတ်ဘူး ဘာများပါလိမ့်ဆိုပြီး ကြက်သီးတွေ တဖြန်းဖြန်းထနေမိတယ် ဒီလိုနဲ့ ကလေးကို ကြည့်ရင်းကြည့်ရင်းနဲ့ မျက်တောင်များ စေးမှေးကာ အိပ်ပျော်သွားပါတော့တယ်

"ကေသီ ကေသီ " လို့ ဖရက်ရဲ့ အသံလိုလိုကြားတော့ မျက်လုံးဖွင့်ကြည့်လိုက်မိတယ် အလို ငါ ဘယ်ရောက်နေတာလဲ
" ကေသီ ကေသီ နင် ဘာလို့ ဒီမှာ အိပ်နေတာလဲ နင်ပြောတဲ့ လိပ်စာ ငါ ရှာမရလို့ ဒီနားတင် ငါ တဝဲလည်လည် ဖြစ်နေတာ ဘယ်လိုဖြစ်တာလဲ " ဖရက် မေးမှပဲ ကြည့်လိုက်တော့ သင်္ချိုင်းပျက်ကြီး မြေပုံတခုပေါ်မှာ ကေသီ မှောက် အိပ်နေတာပဲ
" Oh my god! " ကေသီ တော်တော်လေး တုန်လှုပ်သွားမိတယ် ဒီလိုဆို ငါ ညက စောင့်အိပ်တဲ့ အိမ်က သရဲအိမ်လား ဘုရား ဘုရား ဆိုပြီး ဘုရား တ မိတယ် တော်သေးတယ် သရဲက ငါ့ကို ဘာမှ မလုပ်လို့ ဖရက်က
" ကေသီ လာ လာ ငါတို့ပြန်ကြစို့ " တဲ့ ဒီလိုနဲ့ ဖရက်ရဲ့ ကားလေးက သင်္ချိုင်းကနေ ထွက်ခွာသွားပါတော့တယ်

ဖတ်ဖူးတဲ့ ဝိညာဉ်ဇာတ်လမ်းလေးကို ပြန်ချရေးလိုက်ပါတယ် တယောက်တည်းနေရင်လဲ သရဲအကြောင်းလေးတွေ ရေးလို့ပြောတဲ့ ဘလော့ဂ်ဂါ မောင်နှမများ ကျေနပ်နိုင်ပါစေ နော်

22 comments:

kiki said...

တော်သေးတယ် ဝက်မလေးဂုတ်ချိုး မခံလိုက်ရတာ..

တော်ကြာနေ ဝက်သားတုတ်ထိုး ဘဝပြောင်း နေအုံးမယ်

သတိထား အိပ်အုံး ။ မှောက်ရက်ကြီး အိပ်တော့ ရင်နာနေမလား လို့ ...

ဝေးးးးးး
၁ ကွ

kiki said...

ပြန် အိပ်တော့ မယ်...
ဘုရား ဘုရား ဘုရား

တုန်ရီစွာ ပြန်သွားပါပြီ..

ဂစ် ဂစ် ..၂ လဲ ယူလိုက်ပါတယ်

yangonthar said...

အားးးးးးးးးးးးးးးးးးးးးးးး သုန်းချိုင်းကင်းကြီး တော်ပီ တော်ပီ ဘယ်နှယ့် ကြံတောလိုလို
ထားဝယ်ချောင်လိုလို ရေဝေးလိုလို နဲ့ 
ကျန်နနန ပီိ
အူတုန် နှလုံးတုန် ရှိပါဘိနဲ့ 

ဧရာဝတီသား said...

သြော် သူတို့ဆီမှာလည်း ဒီလို ဇာတ်လမ်းမျိုး ရှိတယ်လား။ မြန်မာ ဇာတ်လမ်းတွေတော့ ခဏ၊ ခဏ ဖတ်ဖူးတယ် ဒါမျိုး။
သရဲ(၄)ကောင် လုပ်ပြီးကတည်းက သရဲ အကြောင်းပဲ ရေးချင်နေတယ် နဲ့တူတယ်။
ဆက်ရေး ... ဆက်ရေး ကောင်းပါတယ် :D

နှင်းဟေမာ said...

ဝက်ဝံလေး ....
အဟီး မီးမီးကြောက်တယ်....
လာဖတ်နေတဲ့အချိန်က မနက် 3 နာရီ 26 မိနစ်ဖြစ်နေပြီ
တစ်အိမ်လုံးမအိပ်ရသေးတာ နှင်းတစ်ယောက်ထဲ
အဟင့် .... ရှလွတ် ရွှတ် ဖတ် ....
သွားပြီနော်....။
ခင်မင်မှု..........အမြှောက်..........တစ်သိန်း
နှင်းဟေမာ

ကိုလူထွေး said...

ဂတ်..ဂတ်..ဂတ်... ဂစ်..ဂစ်...ဂစ်...

ကြောက်နေတာ... အဲဒါ ကြောက်နေတာ...

မဖတ်ရဲလို့ စိတ်ပုတီးလည်ပင်းမှာဆွဲပြီးမှ ဖတ်ရတယ်...

းဝ)

သားကြီး said...

အစ်မကိအော်သလိုပဲ သားကြီးလည်းအော်ရတော့မယ်
ဘုရား ဘုရား ဘုရား
ညကြီးမင်းကြီးသရဲဇာတ်လမ်းတင်နေပါလား
(ဒီမှာညရောက်နေမှန်းသိလို့တမင်တင်တာဖြစ်မယ်)
ဘုရား ဘုရား ဘုရား
အိပ်ယာလည်းထရော သင်္ချိုင်းကုန်းမှာဖြစ်နေပါပေါ့လား
ကေသီဆိုတော့ ဗမာမပေါ့နော်
ဖရက်ဆိုတော့ဘိုလူမျိုးပဲဖြစ်ရမယ်
ကလေးကြီးလာတယ်လို့ထင်တဲ့အခန်း
အစွယ်များထွက်လာသလားလို့ထင်တဲ့အ
ခန်း တစ်ကယ်ကြက်သီးထတယ်
(သတ္တိကအဲလောက်ကောင်းပါတယ်ဆို)
မကောင်းနေနိုင်ရိုးလား ဒီမှာလူသေတာကြာမှမကြာသေးဘဲ နောက်ပြီးသေသွားတဲ့လူက အရင်မသေခင်က သားကြီးနဲ့ခဏခဏစကားများနေကြ
သူ့ဘာသာသူ သက်တမ်းစေ့လို့မာလကီးယားသွားပြီ
သက်တမ်းမစေ့သေးတဲ့ သားကြီးကကြောက်နေရတာ သဘာဝတော့မကျဘူး
မကျလည်းမတတ်နိုင်ဘူး ခုလောလောဆယ်တော့
ကြောက်တယ်ခင်ည :P

သားကြီး said...

ဒီညဘုရားစာရွတ်ပြီးအိပ်မယ်
သွားတော့မယ် သားကြီးမှာလည်းငှက်ကလေးလိုအတောင်ပံ
မပါပါ ဒါကြောင့်ဝက်ဝံကလေးလိုပဲလှိမ့်ပြီ
“ဒုန်း....ဒုန်း....ဒုန်း” :P

သားကြီး said...

အဲ...အဲ...
မေ့တော့မလို့
ဟိုလေ...နောက်တခါရေးရင်ဒီထက်နည်းနည်း
ရှည်ပေးပါလား ကြောက်တော့ကြောက်တယ်
ဒါပေမယ့် ဘာပဲပြောပြော သရဲဇာတ်လမ်းတော့ စိတ်ဝင်စားတယ်ဟ
ဒီတခါအမှန်အကန်လှိမ့်ပြီ
“ဒုန်း.....ဒုန်း.....ဒုန်း”

ခြေလှမ်းသစ် said...

ဝက်ဝံကလေးရေ သူရဲပေါင်းချုပ် ဇတ်လမ်းထုတ်မယ် ဆို အယ်ဒါ သိရလို့ လာသတင်းမေးတာ ထုတ်ရင်အမြန် ပို့ပေးနော်

chitpalone said...

ငါကဘာများဖြစ်လည်းလို့ နင်များလားလို့ဝက်ရယ် သရဲဝတ္ထုကိုး ငါကနင်မအားတဲ့ကြားကစာတော်တော်ရေးနိုင်တယ်မှတ်တာ။ အဆွယ်ကလည်းထွက်လာလိုက်သေးတယ် ဒါဆို သူပိုက်ဆံမရလိုက်ဘူးပေါ့နော် ပြန်လာရင်ပေးမယ်ဆိုတာလေ။ အဟိ။
ခင်မင်လျှက်
သူငယ်ချင်း ပါးလုံး

Anonymous said...

သိတယ်ယောင်းလေး ထိုညက
အဲ့ဒီသရဲ အကြောင်းမဟုတ်ဖူး
တခြားပါနော် မသိရင်ခက်မယ်ဟဟား
ဖွလိုက်ရမလား?????????????
;

မယ့်ကိုး said...

အစ်မက ကြောက်ဖို့စောင့်နေတာ။း) ဇာတ်လမ်းလေးကို ဘာဖြစ်လို့ဆုံးလိုက်ရတာလဲ ညီမလေး။ဒါပေမယ့် ညီမလေးစာရေးကောင်းတော့လည်း ဇာတ်ကလေးက ကောင်းပါတယ်....

Anonymous said...

ကြောက်စရာကြီး.. !_!

ကျော်ကျော်အောင် said...

ဝက်နော်နင်နေတဲ့နေရာက
အရမ်းသရဲပေါတယ်လို့သတင်းကြား
တယ်သတိလဲထားအုံး

Anonymous said...

မေးလ်တောင်မဝင်ချင်ပါဘူးဆို ဝံလေးက သရဲတဲ့ အင်း အဲလိုမျိုးပဲ အားသန်နေပုံထောက်ရင် အမငီး ငါတို့မမများအဖွဲ့ကို ပြောထားအုံးမှပါ။ တော်နေကြာရင် ဝံလေးက တခုခုဖြစ်နေရင် သုန်းချိုင်းကင်းကြီးတော့ မသွားပါရစေနဲ့ကွယ်နော််ဝံလေး။ (နောက်တခါ ရှည်ရှည်ရေးပါ ကောင်မလေး) ဖတ်ကောင်းတော့ ဖတ်မဝဘူးရယ် ။ ကျန်းမာပျော်ရွှင်ပါစေနော်

Anonymous said...

ဟင်... ဖစ်မှဖစ်ရလေ..ဟယ်.. ဂုတ်မချိုးသွားတာ ကံကောင်း...။

ဆောင်းမြူခိုး said...

ဝံဝံ ..ဒီသရဲတွေ ကလေးကြည့်ခိုင်းပြီး ပိုက်ဆံရှင်းမသွားဘူးပေါ့.. တောက်..သရဲပါးဝလိုက်တာ..

စိမ်း... said...

ဘုရား ဘုရား ... တော်သေးလို့ ..

ကြည်ဖြူပိုင် said...

အားပါးပါး..င့ါညီမ..သရဲအကြောင်းတွေပဲစွတ်ရေးတော့တာပဲ
သရဲကားကြည့်သရဲဇာတ်လမ်းဖတ်ရတာ
တော်တော်ကြိုက်တယ်ထင်ပ :D

မြစ်ကျိုးအင်း said...

သရဲလေးကောင်ကိုပါ ထည့်ရေးလိုက်ရမှာ
အဲဒါဆို ပိုကြောက်ဖို့ကောင်းမှာ
နောက်တခါရေးရင် ရှည်ရှည်ရေးကွယ်
ကြောက်မယ်မှမကြံသေးဘူး ဇာတ်လမ်းက ပြီးနေပြီ

Angel Shaper said...

ဒီတစ်ခါ ဘလော့ဂါရုံးကို လက်မှတ်လာထိုးရမှာ အန်တီ ကိကိ ပါ။ အိမ်တကာတွင် တစ်၊ နှစ် ယူမှု အမြန်လာထိုး ( လက်မှတ် )နော် မဟုတ်လို့ကတော့ ဆွဲစိပစ်မယ် ( အချုပ်ထဲ ) ဟူးးးး မနည်းပြန်ရှင်းယူရတယ်။ မတော်တရော် တွေးကြမှာစိုးရသေးတယ်လေ။
င့ါညီမ၀က်ကတော့လေ သူ့ အပေါင်းအသင်းအကြောင်းပဲရေးတယ်။ ငါက ကြောက်တာမဟုတ်ဘူးနော်။ ဟိဟိ။
အံမယ် မောင်သားကြီးက သရဲဇာတ်လမ်း စိတ်ဝင်စားသတဲ့လား။ မှန်အကြည့်များပြီးကိုယ့်ကိုယ်ကို သဘောကျနေတာကို ပြောတာဝက်ရဲ့ သိလား။
တို့ ကိုသားကြီးဟာလေ... ဟိဟိ
ဒီတစ်ခါ မကြောက်တစ်ကြောက်လေး ဖြစ်သွား၏ ဟိဟိ