ဘာလိုလိုနဲ့ သူ နဲ့ခွဲခွာခဲ့တာ သုံးနှစ်တောင် ကျော်ခဲ့ပြီပဲ
" ငါ နိုင်ငံခြားကို ပညာသွားသင်မလို့ " လို့ ကိုယ် သူ့ကို ပြောလိုက်တော့ သူ့မျက်လုံးလေးတွေ ချက်ချင်း အရောင်မှိန်သွားပြီး မျက်ရည်တွေ ဝဲနေခဲ့တာ ကိုယ် အခုထိ မြင်ယောင်နေတုံးပါပဲ
" အေးပါ ပညာပြည့်စုံရင် ပြန်လာခဲ့ပေါ့ ငါ ရှိနေပါ့မယ် ငါ နင့်ကို စောင့်နေမယ်နော် " လို့ပြောပြီး အမှတ်တရ ပစ္စည်းလေးအဖြစ် ငှက်ကလေးပုံ ရင်ထိုးလေးရယ် ကော်ဖီခွက် တခွက်ရယ် ပေးခဲ့တဲ့သူပေါ့
" ငါလေ နင့်အတွက် ကြယ်လေးတွေ ကိုယ်တိုင်ခေါက်ထားတယ် သိလား သူများတွေ ပြောတယ် ကြယ် ၃၆၅ လုံးကို ကိုယ်တိုင်ခေါက်ပြီး ဆုတောင်းရင် ပြည့်တယ် " တဲ့ ဆိုတော့ သူက
" နင် ဘာဆုတောင်းလဲ " လို့ မေးတယ်
" နင် မှန်းကြည့်လေ ဘာဖြစ်မလဲ " လို့ ကိုယ်က ပြန်မေးတော့ သက်ပြင်းလေးကို မသိမသာခိုးချပြီးတော့ ခေါင်းလေးကို ဖြေးညင်းစွာခါကာ
" ငါ မှန်းရဲဘူး မှားသွားမှာ ကြောက်တယ် " တဲ့
" ငါ လေ နင် နဲ့ ပြန်ဆုံဆည်းရပါလို၏ လို့ ဆုတောင်းထားတယ် " ဆိုတော့ သူ့မျက်လုံးလေးက အရောင်လက်လာပြီး နှုတ်ခမ်းနှစ်လွှာကို ပြုံးကာ
" ပေါက်ကျော်မရယ် ငါ စောင့်နေမယ်နော် သိလား " တဲ့ ပေါက်ကျော်မ ဆိုတဲ့ နံမည်လေးက သူ တယောက်ပဲ သီးသန့်ခေါ်တဲ့ နံမည်လေးပါ
" ဟင့်အင်း မစောင့်ပါနဲ့ ငါ နင့်ကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်ဘူး နင် သင့်တော်တဲ့သူတွေ့ရင် နင်ချစ်နိုင်ပါတယ် ငါနင့်ကို ဘာမှ မချည်နှောင် ချင်ဘူးလို့ ငါ နားလည်ပါတယ် " လို့ပြောတော့ သူက
" အင်းပါ နင်သာ နိုင်ငံခြားကောင်တွေကို စိတ်မဝင်စားနဲ့ " အဲလိုပြောတော့ ကိုယ့်ရင်ထဲ နွေးခနဲဖြစ်သွားတယ် ကိုယ် ကြာကြာ ဆက်မနေနိုင်တော့ဘူး ကြာရင် ငိုမိတော့မယ် ဒါနဲ့
" ငါ သွားတော့မယ် ပစ္စည်းတွေ ထည့်စရာ ရှိသေးတယ် နင့်ကို လာတွေ့တာ " လို့ပြောပြီး လမ်းခွဲခဲ့တယ် အဲဒီကနေ အဆက်အသွယ် ပြတ်သွားတာ အခုချိန် ထိ ဆိုပါတော့ ကိုယ် တို့တွေ အဲဒီတုံးက internet e mail ဆိုတာ မတွင်ကျယ်သေးတော့ ဆက်သွယ်စရာ account လေးတခုတောင်မရှိခဲ့ဘူးပေါ့
မှတ်မှတ်ရရ ကိုယ့်ကို သူ နှင်းဆီပန်း စ ပေးတော့ အားမနာစွာ ကိုယ်နှင်းဆီပန်းမကြိုက်ကြောင်း ငြင်းမိခဲ့တယ်
" ဟာ... ငါမှ နှင်းဆီပန်းမှမကြိုက်တာ " ဆိုတော့
" နင် မိန်းကလေးမဟုတ်ဘူးလား " လို့မေးလာတဲ့ သူ့ကို ရှုတည်တည် ပြန်ကြည့်ကာ
" မိန်းကလေးတိုင်း ပန်းကြိုက်ရမယ်လို့ နင့်ကို ဘယ်သူပြောလဲ " လို့ပြန်မေးတော့
" ဟားဟားးးးး နင်ကလေ တမျိုးလေးပဲ ဒါဆိုကဗျာရော ကြိုက်လား "
" ဟင့်အင်း မခံစားတတ်ဘူး အဲဒါတွေ " ဟက်ခနဲ တချက်ရယ်လိုက်ပြန်တယ် ဘာရီစရာပါလို့လဲ မျက်မှောင်ကုတ်ပြီး သူ့ကိုကြည့်လိုက်တော့ သူက
" အေး နင်မကြိုက်လဲ ငါကတော့ နင့်ကို တနေ့ နှင်းဆီပန်း တပွင့်ပေးမယ် " လို့ပြောခဲ့တယ် သူ့ဂတိအတိုင်း တနေ့ကို နှင်းဆီပန်း တပွင့် ကိုယ်ရခဲ့တယ် အဖြူရောင်လေးပါ နှင်းဆီဖြူလေး သူ့ကြောင့်ပဲ ကိုယ် အခုနောက်ပိုင်းမှာ နှင်းဆီပန်းလေးတွေကို မြင်ရင် ဖျတ်ခနဲ သူ့ကို သတိရတတ်တယ် အသားညိုညို မျက်ခုံးထူထူအောက်မှာ ရိုးသားအပြစ်ကင်းတဲ့ မျက်ဝန်းတစုံနဲ့ သူ့ကို ကိုယ် ဘယ်လိုမေ့ရမလဲ
အတန်းထဲမှာ ကိုယ် ငြိမ်နေရင်
" နေမကောင်းဘူးလား " လို့ လာမေးတတ်တဲ့ သူ
" ဘာလို့လဲ " ပြန်မေးရင်
" နင် ငြိမ်နေလို့ စိတ်ပူလို့လာမေးတာ " တဲ့ ကိုယ်က သူပြောသလိုပဲ တကယ့်ပေါက်ကျော်မ ပါ ဒါကြောင့်သူက ချစ်စနိုး ဒီနံမည်လေး ပေးထားတာ
တနေ့ ကိုယ် ကောင်လေး တယောက်နဲ့ ရန်ဖြစ်တယ် အဲဒီကောင်လေးက သူ ခေါ်သလို ကိုယ့်ကို ပေါက်ကျော်မ လို့ ခေါ်တယ်
" မခေါ်နဲ့ ငါ့ကို " လို့ပြောတာမရဘူး
" ဟိုကောင်လဲ ခေါ်တယ် ငါလဲခေါ်မယ် " ဆိုပြီး ပြောတယ် သူ့ကို များ ဟိုကောင်တဲ့ ကိုယ်လဲ တင်းတင်းရှိတာနဲ့ သင်္ချာ ကွန်ပါဘူးနဲ့ ကောက်ထုလိုက်တယ် အတန်းထဲက လူတွေအားလုံး ကိုယ်တို့ ၂ ယောက်ကို ဝိုင်းကြည့်ကြတယ် ကိုယ်တော်တော်လေး ဒေါသထွက်တာက သူ့ကို ဟိုကောင်လို့ ခေါ်တာရယ် ကိုယ့်ကို သူတယောက်တည်း ခေါ်တဲ့နံမည် ပေါက်ကျော်မ လို့ခေါ်တာရယ် ပေါင်းပြီး ထုလိုက်တာပါ
ကျောင်းဆင်းတော့
" နင်ကလဲဟာ ပေါက်ကျော်မ လို့ခေါ်တာမကြိုက်ဘူး လား ဒီလိုဆို ငါလဲမခေါ်တော့ဘူး လေ " လို့ပြောလာတဲ့ သူ့ကို
" မဟုတ်ဘူး သူက နင်ခေါ်တဲ့နံမည်ကိုခေါ်လို့ ငါမကျေနပ်လို့ " ဆိုတော့
" ဟင် " လို့ အံ့သြစွာ ရေရွတ်ပြီး သူ့မျက်လုံးလေးတွေ ပြုံးယောင်သန်းသွားကာ ကိုယ့်ကို ပြုံးပြတယ် ပြီးတော့
" နင်ဟာလေ ..... နောက် ရန်မဖြစ်နဲ့တော့နော် " ဆိုကာ ကိုယ့်ကို ရေခဲမုန့်ဝယ်ကျွေးခဲ့တယ် အဲဒီအချိန်က စ ပြီး ကိုယ်လေ ရေခဲမုန့်စား တိုင်း သူ့ကို လွမ်းနေတာ သူ သိနိုင်ပါ့မလား
ရယ်စရာတွေ ပြောပြရင် တဟားဟားးးး နဲ့ရယ်ပြီး
" ပေါက်ကျော်မ နင်မို့တွေးတတ်တယ် " ဆိုပြီး ပြောလေ့ရှိတဲ့ သူ ကိုယ်က မိန်းကလေး မဆန်ပါဘူး သူ့လိုပဲ တဟားဟား လိုက်ရယ် ရင်
" ဟဲ့မိန်းကလေးတွေ က သိုသိုသိပ်သိပ် ပဲလေးနဲ့ရယ်တာဟဲ့ နင့်လိုမဟုတ်ဘူး " ဆိုပြီး ပြောတတ်တယ်
" သိဘူးဟာ ငါက ဒီလိုပဲရယ်တတ်တယ် " လို့ပြန်ပြောရင်
" အေးပါ နင် လွတ်လွတ်လပ်လပ်ပဲနေပါ နင့်ပုံစံနဲ့ နင်ပဲလိုက်ပါတယ် " လို့ ပြောတတ်တဲ့ သူ့ရဲ့ စကားသံလေးတွေ အခုထိ ကိုယ် ကြားယောင်နေမိတယ်
သူ ရေ အခုချိန်မှာ ပြန်တွေရင် အရင်ကလိုပဲ ကိုယ့်အပေါ် မှာ အလိုလိုက်ဦးမှာလား ချစ်ဦးမှာလား
သူ ပြောသလိုပဲ ကိုယ့်ကို စောင့်နေသေးလား
အရင်ကလိုပဲ နှင်းဆီပန်း တပွင့် ပေးဦးမှာလား
စိတ်ဆိုးရင် ရေခဲမုန့်ဝယ်ကျွေးဦးမှာလား
မသိတော့ဘူး ကိုယ် ဘာမှမသိချင်ဘူး ကိုယ် သိတာ သူ့ကိုလွမ်းတာပဲ သိတယ် သူ... ရေ
ဖြေရှင်းချက်။ ။ ရေခဲမုန့်ဆိုသည်မှာ စန္ဒီမြင့်လွင်စားတဲ့ ရေခဲမုန့်ကို မဆိုလိုပါ သာမန်ရေခဲမုန့်ကို ဆိုလိုပါသည် အဓိပ္ပါယ်ပေါက်မလွဲကြပါရန် (စန္ဒီမြင့်လွင်စားတဲ့ရေခဲမုန့်အကြောင်းသိချင်ရင် ကိုသားကြီးကို တိတ်တိတ်လေး မေးကြပါရန် ဟိဟိ ဖေသားကြီးရေ ဖွလိုက်ပြီနော် ရှင်းပေတော့သိလား ဟက်) ဘာရယ်မဟုတ် နှင်းဆီပန်းမကြိုက်တဲ့အကြောင်းလေး မစနေ စီဘောက်မှာ ပြောကြရင်းနဲ့ အတွေးလေး ရပြီးချရေးဖြစ်တာပါ ဇာတ်လမ်းကို ဇာတ်လမ်းလို ဖတ်ပေးကြပါရန် နှင့် ဇာတ်လမ်းရှိလား မမေးကြပါရန် အဘယ့်ကြောင့်ဆိုသော် ဇာတ်လမ်းမရှိလို့ပါ ခွီးးးးခွီးးးးးး (ငါဒီလိုပြောတော့ ကျေနပ်ပြီလား အရက်ခွက်ရေ ဟွင်းးးးး)
ဇာတ်လမ်းရေးပါလို့ တောင်းဆိုတဲ့ ကိုဇော် ကျေနပ်နိုင်လိမ့်မယ်လို့ထင်ပါတယ်
အမြဲအားပေးနေတယ်လို့ပြောတဲ့ မမကိုးနဲ့ တကွ ဘလော့ဂ်ဂါ မောင်နှမများ အားလုံးကို ကျေးဇူးးးးအထူးတင်ပါတယ် လို့ ပြောရင်း..........
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
3 months ago



38 comments:
ေ၀းးးးး
ဝက်ကလေးပေါ့လေ..
သူ.... သူ.... သူ....တဲ့...
ကိုဇော်ကတော့ မသိ...
နာကတော့ ကျေနပ်ဘူး....
(၁) ပဲရလို့....
သူ့မျက်နှာ ကျနော်အသဲစွဲနေတယ်
သူသာ ကျနော့်ဘဝ
သူသာ ကျနော့်ရဲ့ကမ္ဘာ
တာဝန်မဲ့တစ်ယောက်လိုဖြစ်နေသော ကိုယ်ဟာ
ညီမလေးရေ... အမြဲအားပေးနေတာ ကိုယ့်ညီမလေးမို့ ချစ်ခင်လို့ရယ် သာမကပါဘူး...အရေးအသားလေးတွေပါ တစ်နေ့တခြားကောင်းလွန်းလာလို့ပါ...
(ဒီတစ်ခါ ကိုယ့်အစ်မကို မေ့မသွားတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း :P )
၅ မည်မက ရနေတဲ့ ငှက် ဝက် ကြွက် ပေါက်ကျော်မ ..ပြီးတော့ ဘာကောင်တွေ ခေါ်ရအုံးမလဲ ဟေ...
စံဒီမျင့်လွင် စားတာက ဘယ်လို ရေဂဲမုန့် လဲ ဗျိုးး
မစားဘူး လို့ ပါ .. နောက်တခါ ဓါတ်ပုံ ပါထဲ့တင်ပေး သိလား ..
မူလီလေးးးးးးး
အယ်ဟုတ်ဖူးးးးးးးးးးးးးးးးး
ယောင်းလေး
ကိုသားကြီးစကားများသွားနားရောင်နေသေးတယ်
ယုံနေတာလား ရူးသွားမယ်နော် ကလေး
ဖတ်လို့ အရမ်းကောင်းတယ်သိလား
ချစ်တဲ့
ယောင်းမြူး
ချိတ်ချိုးနဲ့
အနော်လည်းခေါ်မယ်
“ပေါက်ကျော်မ” ဟီးးးးးးး
အင်း လွမ်း လွမ်းဗျာ သယ်ချင်းပဲလွမ်းတော့ နှင်းဆီဖြူမြင်ရင်လွမ်း
ရေခဲမုန့် စားရင်လွမ်း
ပေါက်ကျော်မလို့ ခေါ်ခံရရင်လွမ်း
ကြယ်တွေမြင်ရင်လွမ်း
သူ့ ကိုလွမ်း
လွမ်းလွမ်းလွမ်း အလွမ်းစာသုံးပုဒ်ဆက်တိုက် ရေးပါတယ် :PPPPP
မှတ်ထားတယ်နော် သယ်ချင်း
ပျော်ရွှင်ပါစေ
ရန်ကုန်သား
ပန်းနီနီပေးနဲ့ကွယ် ပန်ချင်ဘူး
ပန်းနီနီပေးနဲ့ကွယ် ပန်ချင်ဘူး :P
အသားညိုညို မျက်ခုံးထူထူ
အရပ်မြင့်မြင့်
စကားပြောရင် အသံသြဇာအလွန်ပြည့်တယ်
ယောင်္ကျားပီသတဲ့ ရုပ်ရည်နဲ့
ဒါဆိုရင် ဆားပုလင်းပဲဖြစ်ရမယ်
အိုင်ဆေး ကိုနှင်းမောင်.... လမ်းမတော်မှာဖြစ်ခဲ့တဲ့ မယ်သီလရှင်နှစ်ပါး
အချင်းချင်းဆံပင်ဆွဲ ပါးရိုက်မှု တရားခံပေါ်ပြီလား :P
စတာပါဟ နင်ကလဲ စိတ်ဆိုးနဲ့နော် ပေါက်ကျော်မလေး :P
စာရေးအားတော်တော်ကောင်းတယ်
ဘလော့ကိုအစဉ် updateလုပ်နိုင်တယ်
တော်တယ်
နာတော့လစ်ပြီ ဒုန်းးးးးးးးးးးး ဒုန်းးးးးးးးးးးးး ဒုန်းးးးးးးးးးးးးး အောင်မယ်လေးးးးးးးး လှေကားကျိုးပြီဟ မွေးမေလေ့လေ့လေ့ :P
ကောင်းလေးက မိန်းခလေး အစစ်ထင်ပြီး နှင်းဆီပန်းပေးတာ ကောင်လေးက တကယ်မသိလို့ .. သူလေးက လက်စ်ဘီဟန်း ဖြစ်နေတာလေ .. ဟားဟား ဒါပေမယ့် သူက သဘောတော့ ပေါက်တယ်ထင်တာ ဒါကြောင့် ပေါက်ကျော်မ လို့ လဲ ပြန်ခေါ်တာလေ .. ဒါကို သဘောပေါက်မှားတော့ သူက ပီတိတွေ ဖြစ်လို့ ... အဟိ သနားစရာလေးနော် ....
သူ.. သူပေါ့ ညညဆို ၀က်မကိုအိပ်ရေးပျက်အောင်
ညစဉ်နှိပ်စက်နေတာ
သူ..သူပေါ့ ပေါက်ကျော်မ တစ်ယောက်ကိုရွာဝင်လမ်းက
နေစောင့်နေမယ်လို့ပြောခဲ့တာ
သူ.. သူ..သူ..
ဂျစ်ရေ......
ယုံဘူးယုံဘူးးးး
ဇာတ်လမ်းဆိုတာ.
ဖြစ်ရပ်မှန်ဇာတ်လမ်းပဲဖြစ်မယ်ဟိ
ဟဟနာလဲ ယူံဝူးနော်
စန္ဒီမြင့်လွင်စားတဲ့ရေခဲမုန့်အကြောင်းသိချင်လို့။
ဝက်ကလေး ဇာတ်လမ်းမရှိတာ အဲဒီလိုပေါတောတောနဲ့ ကလေးစိတ်မကုန်သေးလို့ပါ...
စန္ဒီမြင့်လွင်ကတော့ သူ့ဖာသာသူ ဘာစားစား စိတ်မဝင်စားပါဘူး...
းဝ)
ဝိညာဉ်ဇာတ်လမ်းမရေးပြန်ဘူးလား...
းဝ)
တို့ လည်းရေခဲမုန့် အကြောင်းသိချင်တယ်ဝေ့...
အယ်...ကြည့်ချမ်း..ရေခဲမနု့် ချားချင်နေတာဒါကြောင့်ကိုးး....
အရမ်းဖတ်လို့ ကောင်းပါသည်. ညလေး ဝက်လေးရေ..
ညလေးသာ စာရေးလို့ ကတော့ လွန်းထားထားတို့..စိုးမြတ်သူဇာတို့ ထိုင်ငိုလောက်တယ်.. ဟိဟိ..စာရေးကောင်းလို့ ပြောပါတယ်..
ကိုယ်တွေ့ဇာတ်လမ်းတော့ဟုတ်ပါဝူးနော်..
ခစ်ခစ်ခစ်ခစ်...
အပေါ်ကနေ တစ်မရတော့ အောက်ကနေ ပဲ တစ်ယူတွားရယ်နော်.. ကြန်တော့မယ်တွယ်..တာ့တာ.
ညကျမုန့်လာချားနော်.. မမဒီနေ့ အိမ်သစ်တက်ပွဲလေးလုပ်မို့ ..ရေခဲမုန့် ကျွေးမယ်နော်..:PPPPPPPPPPPP
ဖတ်သွားတယ် ... ပြောတာပဲဇါတ်လမ်းမရှိဘူးလို့တော့ .. ဟုတ်ကောဟုတ်ရဲ့လား .. :P
ဟေးးးးးးး...၀က်ဝံလေး...မအော်ရတာ ကြာလို့ လာအော်တာ...အရေးအသားတွေ အရမ်းကို မြောက်နေတယ်...တော်လိုက်တာနော်...ကိုယ်တွေ့ လေးလဲ ရေးမှပေါ့..ပရိသတ်က စောင့်နေတာ...ပျောက်နေတာကို စိတ်မဆိုးပဲ နေမကောင်းဘူးလားလို့ စိုးရိမ်ဖော်ရပေးတဲ့ ၀က်ကလေးက...ချစ်ဖို့ ကောင်းသွားပြန်ရော...ကဲ ခုတော့ ပြန်လိုက်ဦးမယ်...အကြွေးတွေ ဘလော့မှာရော အပြင်မှာရော ၀ိုင်းနေလို့ ...ရေပတ်လည်ဝိုင်းတာက ကျွန်း အကြွေးပတ်လည်ဝိုင်းတာက ကာရံဆူး..ဟိဟိ..ရှိတဲ့ အကြွေးလေးတွေကို ဆပ်နိုင်အောင် အချိန်ရှိခိုက် လုံ့ လစိုက်ရမယ်...ပြန်ပြီ...
စူးရှနေတယ်
မြူးကြွနေတယ် ဟစ်ဟော့ ဆက်တိုက်ဖွင့်နေမှာ နားလေးစွင့်လေကွာ :P
အလဲ့.. ခံစားတတ်နေတယ်နော် ပေါက်ကျော်မ၊
ကိုယ်တွေ့ပဲနေမယ်။ ဒီကောင်မလေး စိတ်ကူးယဉ်ပုံတော့ မဟုတ်လောက်ဘူးနော်။ ကိုယ်တွေ့မဟုတ်ကြောင်း အဆက်ရေးပါ။
ဆက်ရေးညီမလေး... ဖတ်လို့ကောင်းတယ်... အားပေးနေမယ်
ဝေး..၀က်ကျော်မ..ဟုတ်သေးဘူး.. အင်း ၀က်ဝံလေးပါနော့...
ကောင်းတယ်...လွမ်းနေ..လွမ်းနေ...
လွမ်းတယ်ဆိုတာ သတိရခြင်းရဲ့ အမြင့်ဆုံးအခြေအနေတဲ့...(Superlative Degree) ပေါ့နော်။
ဒါပေမယ့် အရမ်းကြီးမလွမ်းနဲ့အုံးနော်.. တော်ကြာ.. လွမ်းပြီးရင် ဆွေးရတတ်တယ်..အဟီး။ အခုဆိုရင် သူက ဂျီးပေဂျီး ဖြစ်ရင် ဖြစ်နေလောက်ပြီ.. :P
yu ya
အော် ပေါက်ကျော်မ ပေါက်ကျော်မ.. နိုင်ငံဂျားမှာ လွမ်းနေသလို ရွာက သူ နွားကျောင်းရင်း သတိရနေမှာ သေချာပါတယ်...
ငှက် တိတ်တိတ်နေ နားညီးတယ် ...
ဝက်ဇတ်လမ်းလေးဖတ်ပြီးတော့
ငိုဘဲငိုရတော့မလိုရီဘဲရီရတော့မလို
ဖြစ်သွားတယ်..စန္ဒီမြင့်လွင်သူ့ဟာ
သူငှက်ပျောသီးစားတာလဲ...အယ်
ယောင်လို့ရေခဲမှန့်စားတာလဲအငြိမ်
မနေရပါလားနော်
ပေါက်ကျော်မလေး ဇာတ်လမ်းလာဖတ်တယ်။
ရယ်လိုက် ငိုလိုက် နဲ့ ပြန်သွားပြီ...
လုပ်ချလိုက်ပြန်ပြီနင်ကတော့ ။ဘယ်ကနေ ဖတ်လာခဲ့မှန်
မသိဘဲနဲ့ စန္ဒီမြင့်လွင်အကြောင်းငါ့ကိုလာမေးတုန်း
ကဘာတွေမေးနေတာလဲဟလို့တောင်ပြန်ပြောလိုက်
သေးတယ်း) နင်က ဒီမှာအကုန်လုံးကို ကြော်ငြာနေပါလားး)
Post a Comment