Friday, 11 September 2009

ဘလော့ဂ်ဂါများ နှင့် ခဏတာ

ဒီပို့စ်ကို ရေးမယ် ရေးမယ်နဲ့မရေးဖြစ်ဘူးလေ အွန်လိုင်းတက်ရင် ချက်ဖြစ်တာတော့ အများကြီးပေါ့လေ ဘလော့ဂ်ဂါ စာရင်းဝင်သွားအောင် စကားပြောဖြစ်တဲ့လူတွေလဲ ရှိတယ်

ပထမဆုံး ဘယ်သူလဲဆိုတော့ ဘလော့ဂ်ပိတ်သွားတဲ့အရိုင်း (လူရိုင်းလေး) ထင်တယ် သိပ်မမှတ်မိတော့ဘူး သူက သူငယ်ချင်းတယောက်ကနေ တဆင့်ခင်တာလေ သူ ဘလော့ဂ်ရေးတာနဲ့ ညီမလဲ အားကျပြီး ဘလော့ဂ်လေး စ ရေးဖြစ်တာပါ အခု ကိုယ်တော်က ဘလော့ဂ်ပိတ်လိုက်ပြီလေ အင်းလေ ဘယ်အားရှာမလဲ ကြူနေရတာကိုး အွန်လိုင်းမှာ ဘယ်နိုင်ငံက ကောင်မလေး ဆိုလား (အရိုင်းရေ ငါ ဖွလိုက်ပြီနော် ဟဟဟ)

နောက်တော့ ကိုဘ ပေါ့ (အိမ်ကိုဘယ်တော့မှ မလာတဲ့ လူဂျီးလေ လူပြိုဂျီးးး ဟိဟိ သူမလာလို့ ပြောတာ ဘာဖစ်ရဲ)သူ့ကို မစနေ စီဘောက်မှာတွေ့ပြီး အကူအညီတောင်းတယ်လေ သီချင်းတင်ဖို့ ဒါနဲ့ ရန်ဖြစ်ကြတယ် သိတယ်မလား ကိုဘလေ ကလေးနဲ့တောင် ပြိုင်ရန်ဖြစ်တာ အဲလို အဲလို ပြီးတော့ ပြောသေးတယ် ညည်းစက်ကို မီးရှို့ပစ်လိုက်တော့တဲ့ ကဲ ဒါ ပြောစရာလားလို့နော် ဟွင်းးး ကုလားမနိုင် ရခိုင်မဲတယ်ဆိုတာ ဒါမျိုးနေမှာပေါ့ ဟားဟားးးးး

သမီးကြီးအိန်ဂျယ်ပေါ့ သူနဲ့ စကားပြောဖြစ်တော့ နားထောင်ရတာ အသံလေးက ဝဲတဲတဲ နဲ့ အသိတယောက်နဲ့ တူပါတယ် လို့ စဉ်းစားရင်း ဘယ်ကလဲ မေးတော့ သူက ကလေးကတဲ့ ဟုတ်ပါ့ အဲဒီအန်တီကလဲ ကလေးကပဲလေ သူ့လေသံပဲ ဟဟဟ(သမီးဂျီးရေ ဖွလိုက်ပြီနော် ဟိဟိ) နောက်တခါကျတော့ အိန်ဂျယ်က သီချင်းဆိုပြတယ် ဆုန်သင်းပါရ်ရဲ့ အဖြူရောင်လေးကို ဆေးလဲမဆိုးနဲ့ ဆိုတာလေး ဂစ်တာလေး တီးပြီးဆိုပြတယ် ဒီလိုကျတော့လဲ နားထောင်ကောင်းသားပဲ စကားလဲမဝဲတော့ဘူး ဂယ်ပြောတာပါ ဆိုနေ ကဲ အလှည့်ကျ မနွဲ့စတမ်းတဲ့ ဆိုပြဆိုတော့ နေဦး ခဏ ကြယ်ပေးတဲ့ သီချင်းဆိုတဲ့ ဆိုဒ် ရှိတယ် အဲဒါ နဲ့ဆိုပြမယ် လုပ်ပါတယ် ဆိုဒ်က ဖွင့်လို့မရဘူး ဟိဟိ ဒါနဲ့ မဆိုပြလိုက်ရဘူး (ကြယ် အဲဒါနင့်ကြောင့်)

ကိုသားကြီးနဲ့ကတော့ ချက်ပဲချက်ဖြစ်တယ် သူက ဂျီပုန်းလေ သိတယ်မလား ကြွေးရှင်တွေရှောင်နေတာလားမသိပါဘူး ဟဟဟလ အမြဲပဲပုန်းနေတယ် စကားပြောမယ်လုပ်တော့ သူ့မှာ hear phone မရှိဘူးတဲ့ ဒါနဲ့ မပြောဖြစ်ဘူး

ကြယ် ပေါ့ အသက်မေးတာ မပြောပြဘူး သူ့ကိုတော့ တန်းပလိတ် လုပ်ခိုင်းတာနဲ့ ပတ်သတ်ပြီး စကားပြောဖြစ်ပါတယ် သူ့ဆီက ပညာတွေ ရပြီး အခုဆိုရင် ဆရာ ပြန်လုပ်နေတာပေါ့ ကျေးဇူးးး ကြယ်ရေ...

ကိုမင်းအိမ်ဖြူကလဲ သူ့အိမ်မလာလို့တဲ့ ဟိဟိ ဒါနဲ့ ဟုတ်ပါဘူး အိမ်ပြင်လိုက်လို့ လင့်ခ် ပျောက်သွားလို့ပါ ပြောထားရတယ် (ခုလဲ အိမ်ထပ်ပြင်ထားပါတယ်)

ကာတွန်း(ခရေတွန်) ကျတော့ သီချင်းပို့ခိုင်းတာနဲ့ ပတ်သက်ပြီး သူနဲ့စကားပြောဖြစ်တယ် အဆိုတော်(ညီမ့)ကို သီချင်းတပုဒ် တောင်းဆိုလို့ ကောင်းကင်ပြာ သီချင်း ဆိုပြလိုက်ရသေးတယ် ဟက် သူ က စာမျက်နှာ ၁၅ ဆိုပြမယ်ဆိုပြီး ဂတိလဲ မတည်ဘူး ဆိုလဲမဆိုပြဘူး ဟိဟိ (ဟေ့ရောင် နာထွလိုက်ပီ နင်ရှင်းတော့)

ဆူး(ကာရံဆူး) အခုတလော သူ ပျောက်နေတယ် နေမှကောင်းရဲ့လားမသိဘူး လှမ်းတော့မေးထားတာပဲ အရင်ဆုံးသူက ဘလော့ဂ် ဖွင့်ချင်တယ် ဆိုတာကို မစနေ စီဘောက်မှာ လာအော်တော့ ကူညီဖြစ်ခဲ့တယ်လေ သူ့ပို့စ်မှာလဲ ရေးထားပါသေးတယ် ဟိဟိ ညီမက ဘာမှမသိပါဘူး နဲနဲလေး သိတာကို ဆရာပြန်လုပ်တာပါ ဟဟဟဟ

ယောင်းမက်ကလဲ ဟိုးတခါ video ကြီးတွေ့တယ် ခေါ်လိုက်မယ်ဆိုပြီး ခေါ်ပြီး ညီမရဲ့ ကြောင်ချေးရုပ်ကို ကြည့်သွားပါတယ် ဟွင်းးး ဓာတ်ပုံထဲမှာ မြင်ပြီးသားကို မကျေနပ်သေးဘူးထင်တယ် ည အိပ်မပျော်အောင် ထပ်ကြည့်သွားတာ နေမှာ ဟိုးးနေ့က ဂျကားပြောမယ်ဆိုတော့ နေဦးတဲ့ တရားဆွေးနွေးနေတယ် ပြောတယ် ဟွန်းးး များ နဲ့စကားမပြောချင်လို့နေမှာ ရဒယ် ဖြစ်ထား ပြောဘူး ဒါဗြဲ ဟွန်းးး

ငှက်ငယ်လေး နဲ့ကလဲ အမည်ပြောင်းကိစ္စနဲ့ပတ်သက်ပြီး ချက်ဖြစ်ရုံလောက်ပါ

ဆုငယ်နဲ့ကလဲ ချက်ပဲချက်ဖြစ်ပါတယ် စကားမပြောဖူးဘူး လေ (သိဒယ်မလား အားဘူးလေ ကိုကြီးနဲ့ ကျလိကျလိ ဟိဟိ)

ယောင်းမြူးလေး နဲ့လဲ စကားပြောဖြစ်တယ် အားကြီးချစ်ဖို့ကောင်းတယ် ယောင်းက ၂ ယောက်သား ရီလိုက်ရတာ တဟားဟားးးးပဲ ကလေးကိုနော် ဟုတ်ပါ့ ဘာဖြစ် ညာဖြစ်ဆိုပြီးတော့လေ ကချင်ဆိုတော့ နဲနဲလေး စကားဝဲတယ် အဲဒီ ဝဲတာလေးကလဲ နားထောင်လို့ကောင်းတယ် ဂျစ်ဖို့လဲကောင်းတယ် သိလား ဟိဟိ (ပြောလိုက်ပြီနော် ယောင်းလေး) လမ်းမှားနေရင် မျက်မမြင်ခေါ်သွားပေါ့လို့ အကြံပေးတဲ့ယောင်းပေါ့ သိပ်ချစ်တယ် သူ့ယောင်းကို ဟွန်းးးး

ကိုဇော်နဲ့စကားပြောတော့ ၂ ယောက်သား ပြောချင်တာ များနေတော့ လု ပြောကြတာလေ ရီလိုက်ရသေးတယ် ဟိဟိ ဘော်ဒီဂတ်လုပ်ပေးမယ် တဲ့ လမ်းပျောက်နေလို့တဲ့ လေယာဉ်လက်မှတ် ပို့လိုက်ဆိုပဲ အမလေး နစ်နာနေပါဦးမယ် ဒါနဲ့ သိလား ကိုဇော်နဲ့ စကားပြောနေတုံး ကျ ကျသွားတယ် ဟဟဟ ကြားထဲကနေ hack နေလားမသိဘူး ဟိဟိ အော် အသက်ကသာ ၃၀ ကျော်နေတာ အသံက မထင်ရဘူးနော် ဆိုတော့ ဘာစားမလဲ တဲ့ ဟဟဟဟ (ဟိဟိ ၃၀ ကျော်ဆိုတာကို ဖွလိုက်ပြီနော် ဟဲဟဲ)

မမ မမ မမ လို့ခေါ်တဲ့ ကလေးငယ်လေးနဲ့ကတော့ ချက်ပဲချက်ဖြစ်ပါတယ် သူ့အိမ်မှာ comment ပေးလို့မရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကလေးကို ကူညီပေးခဲ့တာပေါ့ ဟိဟိ ငယ်တာဆိုလို့ သူတယောက်ပဲရှိတယ်လေ ကျန်တာတွေ အားလုံး ကြီးကြတယ် အဟီးးးး အသက် ပြောပါတယ် ဟက်

အရက်ခွက်(အဆိပ်ခွက်) ကလဲ အားကြီးရစ်တယ်လေ တကယ် တကယ် တော်တော်လဲ စပ်စုတဲ့ကောင်စုတ်လေးပေါ့ ဟဟဟ သူ့ရည်းစားအကြောင်းပြောပြမယ် လုပ်နေတယ် အဒူကသိချင်တယ်ပြောလို့လဲ ဟားဟားးးးးးး ချက်လဲချက်ဘူးဟေ့ တူ့အစား နာတော့ ချက်ပါတယ်ဟေ့ တရော် တရော် (နာပြောလိုက်ပြီနော် နီ နာ့ လာပြီး ရန်မတွေ့နဲ့ နာ ပုံးနေမှာ)

သန်းသန်း(ဝသန်မိုး) နဲ့လဲ စကားပြောဖြစ်တယ် များဂါကိုများ လူကြီးအသံလို့ပြောတယ် ဟွန်းးးး များက ထုမှ ခယေးပဲရှိသေးတာကိုနော် ပြောချင်ဘူး သူ ဝမ်းလျှောနေလို့ အကောင်းနဲ့ ဝမ်းနှုတ်ဆေး စားပါလားလို့ အကြံပေးလိုက်တယ်လေ ခစ်ခစ် ယောင်းလေးက သန်သန်ဂျပန်မိုးဆိုလို့ ယောင်းနဲ့မတူအောင် သန်းသန်း လို့ခေါ်လိုက်တယ် အဲလို ခေါ်တာ ခေါင်းတောင်ယားတယ် ဆိုပဲ ယားမှာပေါ့ ခေါင်းမှ မလျှော်တာ ညစ်ပတ်ကြီး ဟိဟိ

ဂေါက်နဲ့ ရှောက် ထဲက ရှောက်နဲ့လဲ ချက်ဖြစ်ပါတယ် သူက စကားပြောမယ်လုပ်တော့ အစ်ကိုနဲ့စကားပြောနေလို့ နောက်နေ့မှလို့ မူ ထား အဲ ပြန်ချိန်းလိုက်ပါတယ် သူလဲ ပေါပါ့ ပေါပါရမီရှိရှာတယ် အားဂျီးပေါတယ် ဟက်

ကိုပြည့်စုံနဲ့လဲ ချက်ဖြစ်တယ် အစကတော့ ချစ်ထုံးပြေ ဆိုလို့ ဘယ်သူများလဲ မှတ်တယ် နောက်တော့ သူ့ custom message မှာ ဒါဝင်ရေ ဘာဖြစ်ဆိုလား အဲတော့မှ ကိုပြည့်စုံမှန်းသိတော့တယ် ဟိဟိ နာ့များ အထင်သေးလို့ တူက ဟုတ်လို့လား သေချာလို့လား ပြန်မေးနေတယ် လူဇိုးးးးးးးးး ဂျီးးးးး သူများကလေးမွေးစာရင်းသွားလုပ်ပေးမယ်ဆိုပြီး လစ်ထွက်သွားတယ် ဟဟဟ ကိုပြည့်စုံ အလှည့်ကဘယ်တော့လဲဟင် ဟိဟိ

ပါးလုံးကလေ ပြောတယ် နင်နဲ့စကားပြောရင် သွားမချိတဲ့ အဖွားဂျီးကျနေတာပဲ တဲ့ ဟိဟိ အဲပလုံးလေ မူးနေတာ အဲ မူနေတာ သိလား ဂျကားပြောမယ်ဆိုတာ ကို မအားဘူးတဲ့ ဟွန်းးး ရဒယ် ဖစ်ထား ပြောဘူး နင်နဲ့ နာ ဘယ်တော့မှ ဂျကားပြောဘူး မှတ် ချိတ်နာဒယ် ဂယ်ပဲ

အိမ်မက်ခြေရာ ကတော့ ပါးလုံးကနေ တဆင့်သိတယ် ညီမကို ဘလော့ဂ်တကာမှာ တွေ့နေရလို့ မျက်စိနောက် အဲလေ ခင်ချင်နေတာတဲ့ ဟိဟိ တားကလေ တားကဆိုပြီး အရွယ်နဲ့မလိုက်အောင် ပြောတဲ့ လူဂျီးပေါ့ ဟွန်းးးး ပြောလိုက်သေး ပြီးတော့ မမဝက်ဝံလေး အမြင်မတော်တာရှိရင် စုန်းမစကားပြော အဲလေ ဆုံးမပါတဲ့ ဘာဂျီးလဲမသိဘူး အသက်ကဖြင့် ငါလေ ပြောလိုက်ချင်ဘူး ဟိဟိ (ဖွလိုက်မယ်နော် အိမ်မက်ရေ ဟဟဟ)

ဂွန်းနဲ့ကျတော့လဲ ချက်ပဲချက်ဖြစ်ပါတယ် သူ့ကောင်မလေး မကြိုက်မှာစိုးးးလို့ ဟိဟိ ဟိုးနေ့ကပေါ့ ဒီလင့်ခ်လေး နှိပ်လိုက်လို့ပြောတယ် ဒါနဲ့ နားထောင်တာပေါ့နော် သူက သီချင်းလွှင့်နေတာကို ခဏနေတော့ ဘာပြောလဲဆိုတော့ ဒီနားနားပြီးပြောဆိုတဲ့သီချင်းကို ငှက်စုတ်လေး နားထောင်ဖို့အတွက် ထုတ်လွှင့်လိုက်ပါတယ် တဲ့ ကဲ ကောင်းရော သူသီချင်းလွှင့်ရတယ်ဆိုပြီး များဂါကို အနိုင်ကျင့်တယ် ဟွန်းးး ဂွန်းးးစုတ် နောက်တပုဒ်ကောပဲ တယ်လီပန့် ဖွင့်ပြီး အဲလိုပဲပြောပြန်တယ် လေတယ် ဂယ်ပဲ တေချင်တယ် ငါမင်းကို သတ်ချင်တယ် သီချင်းနဲ့ပါ ထုတ်လွှင့်လိုက်ပြန်တယ် ဟီးးးး တော်တော် မေတ္တာရှိတယ် သတ်ချင်နေတယ် ဟဲဟဲ

မိုးစက်ပွင့်တဲ့ သူကျတော့ ကြာပါပြီ သိတာ အခုမှ သူကတော့ စာစရေးတာပေါ့နော် သူ့ကိုပြောထားသားပဲ ညီမ ဘယ်မှာဆိုတာ မှတ်မထားဘူး ဒါကြောင့် ပြောပြဘူး ဟွန်းးးးး ထပ်ပြီးတော့ မေးနဲ့ အားဂျီးးးစိတ်ဆိုးတယ် ဒါဗြဲ

မမမေ လေ ဟိုးနေ့က ကျောင်းမှာ break ရတုံးလေး ဖုံးဆက်လိုက်တာ မကိုင်ဘူး မအားဘူးကိုး စာသင်နေတုံး ပြန်ဆက်တယ် မမက ဒါနဲ့ မကိုင်ဖြစ်ဘူး ဟိဟိ စာသင်ပြီးတော့ ပြန်ဆက်တော့ သူက မကိုင်ဘူး ဒါနဲ့ message ပို့ထားတော့ ပြန်ပို့တယ် အဆောင်ပြန်ရောက်တော့ ဟင်းချက်နေတုံး ဖုံးဆက်ရော ဖုံးက အနားမှာမရှိတော့ မသိလိုက်ဘူး miss call ဖြစ်သွားရော ပြန်ဆက်တော့ သူကမအား ဟင်းချက်နေတယ်တဲ့ ညီမတို့တွေ လိုက်တမ်းပြေးတမ်း ကစားနေတာ ကျနေတာပဲ ဟိဟိ ဒါနဲ့ ခဏနေတော့ မမ ပြန်ဆက်တော့ ဒီတခါ တွေ့သွားတယ် မမအသံလေးကလေ ချစ်စရာလေး အသက် ၃၀ လို့တောင်မထင်ရဘူး နုနေတာပဲ ဟိဟိ(ဖွလိုက်ပြီနော် အသက် ပါ ထည့်ပြောလိုက်ပြီ ဟားဟားးးးး) ညီမကတော့ သန်းသန်း(ဝသန်မိုး) ပြောသလို လူဂျီးသံကြီးတဲ့ ဟွန်းးးး

မမမှန်လေးနဲ့လဲ ချက်ဖြစ်ပါတယ် စကားမပြောဖြစ်သေးဘူး နောက်မှ ပြောတာပေါ့နော်

မမကိုးနဲ့ကတော့ မမက အွန်လိုင်းမတက်ဘူးဆိုလို့ စာ အဆက်အသွယ်ပဲရှိတယ်လေ ဓာတ်ပုံပို့ပြီး မမကိုရှာခိုင်းတာ ဟိဟိ မှားသွားကြောင်းပါ ဟဟ(ပညာရှိ သတိဖြစ်ခဲလေသိတယ်မလား ဟဟဟ) ဒါပေမယ့် အသက်မှန်းတာတော့မှန်ပါတယ်နော် ဟဲဟဲ

ငယ်လေ(အိမ်ဝေးနှင်းဆီရဲ့အထ္ထုပတ္တိ) သူနဲ့လဲစကားပြောဖြစ်တယ် အင်းလေ သိသားပဲနေနိုင်အကြောင်း ငယ်သူ့ရည်းစားလုပ်ရင် လက်ရှိ ရည်းစားတွေကိုလဲ ဖျက်ပစ်မယ်ပြောတာမလား ဆိုတော့ အယ် မပြောရပါဘူး တော် ဝက်နော် ငါ့စာတွေကို တော်တော် ဘယ်လိုဖတ်တာတုံး တဲ့ အော်ကဲ သေချာဖတ်ပါတယ် သူပဲ အဲလိုရေးထားပြီးတော့ ဆိုတော့ ဟုတ်ပါဘူးတော် နင်လေ ငါ့ကို လဲ ယောက်ျားပေးစားလို့ပေးစား ကလေး တယောက်လဲ ရှိခိုင်းလို့ရှိခိုင်းနဲ့ အဟင့် တဲ့ ဟိဟိ ကဲပါလေ နောက်မှတ်ထား စာဖတ်သူဆိုတာ စာရေးသူထက် ပိုသိတယ် ဟုတ်ပြီလား ဆိုတော့ ဟုတ်ကဲ့ မှတ်ထားပါ့မယ် တဲ့ ဒါနဲ့ စဉ်းစားတယ် ငါ ဘယ်မှာ ဖတ်မိတာလဲ လက်ရှိရည်းစားတွေ ဖျက်ပစ်မယ် ဆိုတာကို အော်... နောက်မှ နောင့်ဆီက ဖတ်မိတာကိုး ဟားဟားးးး ဘလော့ဂ်တွေလဲ လိုက်လည်ရလွန်းတော့ မှတ်ကိုမမှတ်မိတော့ဘူး အားနာထှာ ဟိဟိ ဆော်ရီးနော် ငယ် ဟက်

ကိုမြစ်ကျိုးအင်း နဲ့လဲ ချက်ဖြစ်ပါတယ် တဂ်ထားတယ် ဆိုတော့ သူက အရည်မရ အဖတ်မရ ပို့စ်တွေ မရေးပါဘူး တဲ့ဆိုပြီး တဂ်ပို့စ်ကို အမိန့်နဲ့ ဖီဆန်လိုက်ပါတယ် ဟိဟိ (အခုတော့ ချိတ်ညစ်နေရှာတယ်ထင်ဒယ်)

ကိုယုယ ကျတော့ တရုတ်လိုပြောပြပေးတာလေ နောက်ကို စင်ကာပူကလူတွေ အားမကိုးရဘူးလို့မပြောနဲ့တဲ့ ဟိဟိ အခုလဲ ဖွားကိ လုပ်ခိုင်းတဲ့ Empathy ကိစ္စကို ခေါင်းစားနေတယ် ဟိဟိ သူ့ကိုကူပါဦးတဲ့ ကူနိုင်ဘူးလို့ ပြောလိုက်တယ် ကိုယ့်ဟာကိုယ် လုပ်လို့ ဟိဟိ ချောက်တွန်းလိုက်တယ် ဟဟဟ

ပန်း(ပန်းရင့်) နဲ့လဲချက်ဖူးပါတယ် ပန်းလို့ခေါ်မယ်ဆိုတော့ ခေါ်တဲ့ သူကတော့ ဝံလေးလို့ခေါ်မယ်တဲ့ ဟိဟိ ချစ်ချာလေး နံမည်လေးက ဟဟဟ

ကောင်လေးငယ်နဲ့လဲ ချက်ဖူးတယ် သူ့မမ မချစ်ရက စီဘောက်မှာ နဲနဲ ပြဿနာဖြစ်တာနဲ့ ဖြုတ်ထားတယ် ဆိုတာလေး အကြောင်းပြပြီးတော့ပေါ့လေ ဂျစ်(မချစ်ရ)ရေ ဘာမှအားမငယ်နဲ့သိလား နောက်ပြန်တင်နော် စီဘောက်ကို သိလား

မေလေးလွင်(မေလေး) မစနေ အူးးး(နွေအူးးး) ဆောင်း မွှေး သက် မင်း တို့နဲ့ကတော့ မစနေ စီဘောက်မှာပဲ ချက်ဖြစ်ကြပါတယ်

အယ် မချက်ဖြစ်တာဆိုလို့ အကောင့်ရှိပြီးသား ဦးလူထွေးဂျီးနဲ့ပေါ့ ဟွန်းးးးး

သူငယ်ချင်းတွေ အများကြီးနဲ့ စကားလဲပြောဖူးသလို ချက်လဲချက်ဖြစ်ခဲ့ပါတယ် ဒါပေမယ့် ခေါင်းစဉ်က ဘလော့ဂ်ဂါများနဲ့ ခဏတာလို့တပ်ထားလို့ ကျန်တဲ့လူများ ကော်ကျိုတို့ လွန်း တို့ နဲ့ချက်တာတွေ ထည့်မပြောတော့ဘူး ဟိဟိ ပြောရရင်လဲ ရီလဲရီရတယ် အားကြီးပဲ ဟဟဟဟ အော် သူတို့လဲ ငါ့လောက် နီးနီးပေါနိုင် အဲလေ ပြောနိုင်ကြပါလားလို့ ဟက်

ဟူးးးးးးးး ဖတ်ရတာမောသွားပြီလား ဟိဟိ ပြောသားပဲ အားကြီးစကားများပါတယ်ဆိုမှ ခစ်ခစ်
အီးးး ဒီပို့စ်လေး တင်ပြီးသွားရင်တော့ နာ လေ အွန်လိုင်းမတက်ပဲ ပုန်းနေဦးမှပဲ ခစ်ခစ် မဟုတ်ရင် သူတို့အကြောင်းထည့်ရေးလို့ ဆဲနေမှာစိုးလို့ တိန် တိန် တိန် (ကိကိ စတိုင်လ် ဟဟဟဟ)
အော် ပြောဖို့မေ့နေတယ် ဘလော့ဂ်ဂါ မောင်နှမတွေက အသက်အရွယ်နဲ့ မလိုက်အောင် နူကြ အဲ နုကြတယ်နော် ဟိဟိ (လေပြေသွေးခြင်းဖြစ်ပါသည်)

39 comments:

ဝသန်မိုး said...

ဝသန်မိုး said...

2

ဝသန်မိုး said...

သုံး

ဝသန်မိုး said...

နာမည်ဖျက်ဖို့ ဆို ၀က်တို့ ကထိပ်ဆုံးက
ဟားဟား
ခေါ်ပါဗျာ ကြိုက်သလို ခေါ်နိုင်ပါတယ်
ခင်လို့ ခေါ်တာ ပဲ
ဟုတ်စ
ဝေးကလက်ရေ
ပြန်ပြီ ဒုန်းးးးဒုန်းးးဒုန်း အဲလို
ခြေသံပြင်းပြင်းနဲ့ ပြန်မယ်ထင်တယ်
အသံမကြားအောင်ပြန်သွားတယ်

ခင်တဲ့
ကိုဝသန်မိုး(ဝေးကလက် အခေါ် သန်းသန်း)

Yu Ya said...

ဟာ..အပေါ်မှာ တစ်ယောက် သောင်းကျန်းနေပါတယ်။

ဝေါ်ခဲယ်ရီ ပေါက်နီမား.. ပေါင်ပေ့ = မင်းကို ဖတ်ထားလို့ ရမလား ခလေးလေးရယ်

အဟဲ.. လိုအပ်ရင် ဆက်သွယ်လိုက်နော်.. ပေါက်ဖော်ကြီးပြောတဲ့ဟာတွေ ဘာသာပြန်ပေးမယ်..အဟီး။

တော်ပြီ..ဖွားကိ..ကိစ္စတော့ လက်လျော့လိုက်ပြီ။ သူ့ဖာသာပဲ လုပ်ပလေ့စေတော့.

Adios!!!!

yu ya

Dream said...

ဟဲ့...ပြာတာလူးငှက်ဝက်လေး..နာ့ကိုရေမြန်မြန်တိုက်
စမ်းဘာာာာာာာာာာာာာာ ဟူးးးးးးးးးးးးး
ဖတ်ရတာ မောလို့.......... ဟောဟဲ..ဟောဟဲ

နေဦး.......အမောဖြေလိုက်ဦးမယ်......

ဘလော့ကာတွေမကုန်သေးဘူးနော်...အဟား....:P

ဂေါက်သီးနဲ့ရှောက်သီး said...

သူများရဲ့ ဂုဏ်ဒြပ်တွေဖော်ရမယ်ဆိုနှစ်ယောက်မရှိဘူး
တွေ့ဦးမယ် ညည်းတော့ ကျုပ်ကိုများ ပေါပါရမီရှိတယ်ဆိုဘဲ။
ဂတိမတည်သေးဘူးနော်..စကားပြောမယ်ဆိုပြီး ထွက်ပြေးနေတယ်..

ကိုလူထွေး said...

ဒီတခါတော့ ၁ ထင်တာပဲ...

သူ့ဆီမှာ နေရာဦးရတာကလဲ ခပ်ခက်ခက်ရယ်...

Anonymous said...

အောင်မာ.. ငါ့များ..ငါ့များ.. မိဝက်နော်.. နင်နာချင်လို့.. တော်တော် ပြောလည်းပြောနိုင်တဲ့ မိန်းမ.. နင်.. စကားများတဲ့ အကြောင်း ငါဖွလိုက်ရ ဟွင်းး ဟွင်းး

Unknown said...

ဝေးးးးးး....

ဝက်ကလေး...

ကင်ပွန်းတပ်ကြရင်ဖိတ်လိုက်မယ် ဒါပေမယ့် ကိုပြည့်စုံကို နားလည်မဲ့သူက နားမှာမရှိဘူးဗျ...

သူများကိုပဲ အလှည့်မလုပ်နဲ့အုံး ကိုယ့်ကိုကိုယ်လည်း ပြန်မေးအုံး ငါဘယ်တော့လည်းဆိုတာ... :) :) :)

သူများတွေချည်း ဖောက်သည်ချနေတယ်...

သိနေတယ်နော်.... ပြောပြဘူး...

Anonymous said...

နင် ကောင်းကင်ပြာဆိုတုန်းကလေ...

ငါ့မှာ
အသက်တောင်
မရှူရဲဘူး
ကောင်းပြီး
ချိုမြိန်လိုက်တဲ့
အသံလေးဆိုတာ ကြည်ပြီးသာယာနေတာ........... ပဲ............ လို့
လုံးးးးးးဝ မထင်နဲ့.... ဒါဗြဲ

ကိုလူထွေး said...

ဟောဗျာ ၁ မှတ်လို့ ဦးလိုက်တာ ရှေ့မှာတင် လူတွေမနည်းပါလား...

းဝ)

မယ့်ကိုး said...

အားလုံးက ချစ်တဲ့ ညီမလေးရေ...
အားလုံးအကြောင်းလေးတွေ ရေးသွားတာချစ်စရာ =)

yangonthar said...

လူတွေများစုံချက်ဗျာ :)

မိုးစက်ပွင့်လေး said...

ညလေးနော်..ညလေး..တိတားပဲ...တမင်မကြောတာနော်..
ဟွန့် .. နောက်နော့ကျ ကြောကျမယ်..(အဒူ့ မေးရင်ကောင်းမလဲမတိ..တိတဲ့သူ မိုးစက်အိမ်မှာလာပြောကြပါ..ဝက်ကလေးမသိပါစေနဲ့နော်.
အဟိ.. )

မိုးစက်ပွင့်လေး said...

ပန်ပါတော့မယ်..အဲလိုပဲ..အားနေတော့ လိုက်နှောက်ယှက်နေတာ.. ခစ်ခစ်ခစ်...

မိုးစက်ပွင့်လေး said...

မနက်ဖန်ကျကြောကြမယ်..ညလေးနေတာကို...
မိုးစက်ပွင့်တဲ့တွ...(ချိတ်ညစ်ပါရယ်..တိဝူး..
မိုးစက်လေးကို တီနားရင် လာကြောကြပါနော်..)

မချစ်ရ said...

ဝက်ဝံလေးရေလာဖတ်သွားပါတယ်
ရီလည်းရီရပါ့....:P

သားကြီး said...

ဟီးဟီး
ငါ့မွေးစားသမီးလေးက လူချစ်လူခင်တယ်ပေါတာကိုး
ဖေဖေကြီးကတော့ ပုန်းနေရတယ် ဝိုင်းရိုက်မယ့်လူတွေများလို့ :P
ချဲပေါက်ရင်တော့ hear phoneဝယ်မယ်ကွာ
ကဲ....ကံဇာတ်ဆရာရေ သားကြီးကို တဆိတ်လောက်စောင်မတော်မူကြပါဦး :P

မိုးစက်ပွင့်လေး said...

နာတို့ကိုနူတယ်တဲ့..အဟင့်..ကြောရက်လိုက်တာ
ဝက်စုတ်လေး...အဲလေ.မှားလို့..ချစ်ညလေးရယ်..
ရေးလိုက်တာ တော်တော်မောတွားရားးး..
ရော့..တောက်လိုက်အုံး..... ph7 နော်..အချိုရည်တော့ရဘူးအေ...ဒါဗြဲ..တကယ်ပန်ဘီ..ဘိုင်းးးးးးးး

သားကြီး said...

အိမ်ကလည်းခဏခဏပြောင်းနေပါလားဟရိုး
သြော်....တတ်နိုင်တဲ့သူတွေများ :P

စည်သူ said...

မရဘူး မရဘူး ..
ဘယ်သူတွေ ဘာပြောင်းပြောင်း

ဒီကတော့ ဝေးဝံလက်မှ.. ဝေးဝံလက်ပဲ..

အပေးအယူလုပ်မှ နာမည်ပြောင်းကိုခေါ်မယ်..

ဝေးဝံလက်ရေ... ဟဲ.. ဟဲ..

khin oo may said...

မူးသွားပြီ.

kiki said...

စက်တင်ဘာ ...ဝက်တင်ဘာ ကောင်းကင် ...
ဘီလိုဖစ်လို့  နာမယ်တွေ ထန ထန ပြောင်းနေရဒါလဲ ...

မှတ် ဥာဏ် မကောင်းရတဲ့ကြားထဲ
အညိုးညိုးဘာလား အေ ..

တိန် တိန် တိန်

မိုးအိမ့်ဖြူ said...

အကောင်းနဲ့လဲ ရန်ပြန်တွေ့ရသေးတယ်.....း)
သီချင်းလွင့်နေလို့ မအားပါဘူးဆိုနေမှရလာတွေ့တာကို ဒါကြောင့် သီချင်းနဲ့ ပြန်ရတွေ့တာ ဘာဖြစ်လဲ မကျေနပ်ရင်နောက်နေ့ အွန်လိုင်းလာလေ သီချင်းနဲ့ပြန်ရန်တွေ့မယ်လေ :P

Anonymous said...

တော်သလင်း ကောင်းကင်
လို့ မှည့်လိုက်ပါလား ပိုလှသွားအောင်လေ

လူရိုင်းလေး said...

ငါ့နာမည်က ထိပ်ဆုံးက ပါပေမယ့် မန့်တာကတော့ နောက်ဆုံးဖြစ်သွားတယ် check key ရယ် ဟဲ ဟဲ
နင်ဖွတာကလဲ ကြောက်စရာကြီးပါလား
တစ်ယောက်မှကို မလွတ်တော့ဘူး
နင်တွေ့မယ် ဟင်း ဟင်း

မင်းအိမ်ဖြူ said...

ငှက်ရေ အဲယောင်လို့ ၀က်ရေ အင်းနောက်ဆို ဘာကောင်ဖြစ်အုံးမယ်မသိ
တိရိစာန်တွေတော့ရင်လေး၏ ဟီဟိ

စတာနော်

ပျော်ရွှင်ပါစေဗျာ

မင်းအိမ်ဖြူ

chitpalone said...

ဟယ် ဒီဝက်ကတော့ ငါတကယ်ဘုရားကျောင်းသွားရမှာမလို့ပါဆို မအားတာတော့ တကယ်ကိုမအားတာ နင်မြင်ရင် တော်တော်သနားမယ် ငါ့ကို သိလား ကိုယ်ချင်းစာကြည့်ပါလား။ နင်ကစကားပြောတာ မပီတော့ သွားကြိုးနေတဲ့ အဖွားကြီးနဲ့ စကားပြောရသလိုပဲလေ ငါက မအားရတဲ့အထဲ နင့်နဲ့လည်းပြောရော အလုပ်ပါဆက်လုပ်မရတော့ဘူး တကိုယ်လုံးစောင်းကုန်လို့လေ အဟိ။ နင်ကလေ တော်တော်ကို သတင်းစုံပါလားနော်။ ဘီဘီစီ ဘီအိုအေ အာအက်ဖ်အေ အားလုံးကို ကန်ထရိုက်ဆွဲထားလားမှတ်ရတယ်။ အဟိ ရင်ထဲရှိတာကို ပြောတတ်တာက ပါးလုံးအကျင့်
ခင်မင်လျှက်
သူငယ်ချင်း ပါးလုံး
အမှားပါရင် ခွင့်လွှတ်နော် သယ်ရင်းလေး

rose of sharon said...

ဝက်ဝံလေးက တော်တော် ခင်တတ်တာဘဲနော်.... ချစ်စရာအကျင့်လေး

Anonymous said...

ရှာလိုက်ရတာ ၀က်လေးရယ်
တွေ့မယ့်တွေ့တော့လည်း မူးနောက်သွားတာပဲ
:P

မိုးခါး

ဧရာဝတီသား said...

ဖတ်ရတာ မောသွားပြီ။
လူချစ်လူခင် လည်းများပ။
စကားပြောရအောင် mail add လိုက်လေ၊
ayeyawaddythar@gmail.com မှာရှိတယ်။
ပြီးမှ ပေါတယ်လို့တော့ မပြောနဲ့နော်၊ နဂိုတည်းက ပေါပြီးသား။ ဟ ဟ

ခင်မင်လျက်
ဧရာဝတီသား

အဆိပ်ခွက် said...

နာကိုများ အရက်ခွက်တဲ့... မမ ဝက်မလေး.. အဲလေ မမဝက်ဝံလေ... ဂျီတော့မှာတွေ့မယ်.. ဟွန့်

ခင်မင်လျှက်
အဆိပ်ခွက်

maylay said...

အဟား လက်တော်တော်ညောင်းသွားပလား။ မှတ်ဥာဏ်ကောင်းလိုက်တဲ့ ဝံလေးနော်။ ဒါဆို ကျောင်းနဲ့အိမ် လုံးချာလည်လိုက်နေတာ မဟုတ်ဘူးပေါ့ ။ကောင်မလေး တီတီနဲ့ကိုကို့ကို တိုင်ပြောမယ်။ တာ့တာနော် ကျန်းမာပျော်ရွှင်ပါစေ

မိုးစက်ပွင့်လေး said...

ဝက်ဝံလေးရေ..ညလေးနေတာ နန တိတွားပီနော်..
ဟဲဟဲ... အားယူအိုကေ.....အဲထဲမှာ ညလေးနေတဲ့နေရာ ပါတွားပီနော်.... ဟိဟိ...

Angel Shaper said...

အောင်မလေးးးးးးးလေးးး
ဒီ ၀က်စုတ်ကလေးဟာလေ
အင်မတန် ဖွတာပဲ။
နာတော့မယ်။ နာတော့မယ်။
ငါ့ကို ကိုသားကြီးအိမ်မှာ လျှောက်ပြီး အတင်းပြောတယ်။ လူလုပ်ထားတာတွေကို ငါ့အပြစ်ဖြစ်အောင်လုပ်လိုက်သေး ကောင်စုတ်မလေး အဲ ၀က်စုတ်လေး။
ငါစကားဝဲတာ ကလေးကမို့ လို့ မဟုတ်ပါဘူးဟယ်။ ချစ်စရာချင်းမလေး မို့လို့ပါ။ ဟိဟိ
တော်သေးတာပေါ့နော်။။ ဟိုနေ့ က ကြယ်ကလေးကျေးဇူးကြောင့် နင့်အသံပြဲကြီး နားမထောင်လိုက်ရတာ ဟဟဟားးးးးးးး ကြယ်ကလေးရေ ကျေးဇူး ဟိဟိ
နောက်တစ်ခါ နင့်ကိုသတိထားရမယ်။ ဟွန်းးး
ကြောက်လာပြီ တဖြည်းဖြည်း။။ သူကြူနေတာကို ငါ့လာပြောနေတယ်။ ဟွန်း ကျေကို မကျေနပ်နိုင်ဘူး။ ဒါဗြဲ

Angel Shaper said...

အိုးးးးးးးးးးးး
ဝသန်မိုး သောင်းကျန်းလှချေလား ဟင်။။။
တိန် တိန် တိန်.... ခေါင်းခေါက်လိုက်ပြီ။
ငြိမ်ငြိမ်နေတော့နော်။ လိမ်မာတယ် ဟဲဟဲ

လင်းကြယ်ဖြူ said...

ပြောင်းပြန်ပြီလား..
ကောင်းတယ်..အိမ်လေးလှတယ်
ဆက်လက်အားပေးနေဆဲပါ...
ပျော်ပါစေ..
အိမ်မှာလည်း နာမည်ပြောင်းပြီးလင့်ထားရဦးမယ်..

mae said...

31 ပါ ဝက်မလေးရယ်.. ဖွချင်းဖွလဲ အသက်ကို သေချာမှန်အောင် လုပ်ပါ၊