Friday, 18 September 2009

ဒီနေ့ ကိုယ့်မွေးနေ့

မနက် စောစောစီးစီးပဲ အိပ်ယာကတောင် မထသေးဘူး ဒက်ဒီကြီးက ဖုံးဆက်ပြီး Birthday Wish လုပ်တယ်
" သမီးရေ ဒီနေ့ ဘာနေ့လဲသိလား " တဲ့ အယ် ကိုယ့်မွေးနေ့ကိုယ် မေ့ပါ့မလားလို့ အိပ်ချင်မူးတူးနဲ့
" ဟုတ် သိတယ် သမီးမွေးနေ့လေ " လို့ပြောလိုက်တယ်
" အေးအေး အသက် ၂၀ ပြည့်ပြီနော် Happy Birthday ပါ မေမေနဲ့ အငယ်မလေးက ဖုံးဆက်ခိုင်းလို့ သမီးအခုမှနိုးတာလား " (အဖေက ရန်ကုန်မှာမဟုတ်ဘူး ဒါကြောင့် ဒီကို ဖုံးခေါ်လို့ရတယ်)
" ဟုတ်တယ် ခဏနေရင် စားသောက်ပြီးရင် ကျောင်းသွားတော့မယ် "
" အေးအေး အဲဒါဆိုလဲ ဒါပဲ နော် " ဆိုပြီး ဖုံးချသွားတယ် Message တစောင်ဝင်နေလို့ ကြည့်လိုက်တော့ ၁၂ နာရီ တိတိမှာ Birthday wish လုပ်ထားတဲ့ အာနိုး(အရိုင်းလေးသူငယ်ချင်း) ရဲ့ message လေးတွေ့တာနဲ့ သူ့တောင် ပြန်လိုက်သေးတယ် ကျေးဇူးဆိုတာလေး ဒီလိုနဲ့ ပျော်ရွှင်ဖွယ်ရာ နေ့လေး တနေ့ကို စ ခဲ့ပါတယ်

ကျောင်းရောက်တော့ break time ရတဲ့အချိန်မှာ mail ဖွင့်စစ်တော့ ကော်ကျို(ကျော်ကျော်အောင်နဲ့ သူ့ဇနီး)က ဓာတ်ပုံလေးပေါ်မှာ ပျော်ရွှင်ပါစေ ဆိုပြီး ရေးပြီး လှမ်းပို့တယ် နောက်တော့ ဘလော့ဂ်လေး လဲ ဖွင့်လိုက်ရော လူတွေအများကြီး Birthday wish လုပ်ထားတာ တွေ့လိုက်ရတယ် အရမ်းပျော်တာပဲ ဟိဟိ(တယောက်ချင်းစီမပြောတော့ဘူးနော်)
မွေးနေ့လေး လုပ်ပေးတဲ့ မမသိင်္ဂါကျော်ကိုလဲ ကျေးဇူးးးပါ လို့နော်
ခဏနေတော့ ချစ်တီး(သူလဲအရိုင်းလေးသူငယ်ချင်းပဲ) က ဖုံးဆက်ပြီးတော့ Happy Birthday ပါဆိုပြီးပြောတယ် ဘေးနားမှာ ဟိုးတခါကပြောတဲ့ မွတ်ဆလင် လင်မယားနှစ်ယောက်ရှိတယ်လေ ဒါနဲ့ ဖုံးလဲချပြီးရော သူတို့ကို ကြွားတာပေါ့
" ဒီနေ့ငါ့မွေးနေ့လေ ဒါကြောင့် ငါ့ကို Birthday wish လှမ်းလုပ်တာ " ဆိုတော့ သူတို့က အတင်းပဲ
" အိမ်လိုက်ခဲ့လေ ငါတို့အိမ်မှာ ည အိပ်ပါ " ဘာညာ တွေဖြစ်ကုန်ရော (လျှာရှည်မိတဲ့ ဒီပါးစပ်လေ ဆက်ပြောမယ် အသက်မရှူကြနဲ့နော် ဆက်ပြီးဖတ်ကြဦးသိလား)
" ဟင့်အင်း လိုက်တော့ဘူး ငါ အပြင်မှာ မအိပ်တတ်ဘူး " လို့ ငြင်းလိုက်တယ် ဟုတ်တယ်လေ သူများအိမ်ကြီးမှာ ည အိပ်ချင်ပါဘူးလေ
" ဒါဆိုလဲ ဒီ စနေ တနင်္ဂနွေ ငါတို့ဆီလာခဲ့ " ဘာညာပေါ့ ဒါနဲ့ အားနာလို့ လိုက်သွားလိုက်တယ် သူတို့အိမ်ကို (အော်မကောင်းတာ ပြောပါတယ် လူကလဲ သိပ်အားနာတတ်တာသိလား ဟိဟိ) ဒါနဲ့ သူတို့နဲ့ ပါသွားရော သူတို့က ASDA မှာ ဈေးဝယ်ကြတယ် ညီမလဲ နားကြပ်လေး ဝယ်တာပေါ့နော် နားကြပ်နဲ့ စားချင်တဲ့ ဒိုးနပ်လေးပါ အဲဒါကို သူတို့ပဲ ရှင်းပေးသွားတယ် (ကောင်းတာနော် ရှင်းပေးမယ့် လူ အဆင်သင့်နဲ့ ဟိဟိ) ကားပေါ်မှာလဲ ညီမ့ကို စ တယ်
" Sky ငါတို့ အခုဘယ်သွားနေတာလဲ သိလား "
" ဟင့်အင်း သိဘူး "
" နင့်ကိုရောင်းစားမလို့ ဟားဟားးးးး " တဲ့ အားကြီးရီရတယ် ဟက်

ဟိုရောက်တော့ သူတို့မှာ သမီးလေးတယောက်ရှိတယ် အစကတော့ ကလေးက စိမ်းတာပေါ့နော် နောက်တော့ ညီမပေါင်ပေါ်ကကိုမဆင်းတော့ဘူး သူ့အမေက ဟဲ့ ငါ့ဆီလာ ဆိုလဲမရဘူး ညီမ ဆီမှာပဲနေတယ် ဟိဟိ အဲလိုပဲ ကလေးတွေက ညီမဆို အရမ်းချစ်တာ ညီမကလဲ ကလေး အရမ်းချစ်တတ်တာလေ ဒါနဲ့ သူနဲ့ဆော့ Hana(ကလေးအမေ ညီမသူငယ်ချင်းပေါ့) က
" ဗိုက်ဆာလား ဘာစားမလဲ ငါတို့ကတော့ ၇ နာရီ ခွဲမှ ဥပုသ် ထွက်မှာ " တဲ့ ဒါနဲ့
" ရတယ် သိပ်မဆာပါဘူး " ဆိုပြီး သူပေးတဲ့ ဆိတ်သား puff လေးစားထားလိုက်တာပေါ့ ကလေးကလဲ တယောက်တည်းမို့ တူတယ် အရမ်းဆော့တာပဲ သူနဲ့ အတူ ဓာတ်ပုံရိုက်တာ ကင်မရာတွေလဲ လျှောက်ကိုင် လျှောက်ကလိ နဲ့ ညီမကလဲ ကလေး ချစ်တော့ လွှတ်ထားလိုက်တယ် ဟုတ်တယ်လေ ဘာမှ ဖြစ်တာမှမဟုတ်တာ သူ့အမေက တော့
" Sky သူ့ဆီကပြန်တောင်း သိမ်းထားလိုက်တော့ " တဲ့ ဒါနဲ့ သူဆော့တာ အားရတော့မှ သူ့ဆီက ချော့ပြီး ပြန်တောင်းထားလိုက်တယ်

ခဏနေတော့ သားငယ်ဆီက Message လာတော့ ကလေးက ဖုံးတွေ့ပြီး ဖုံးကို ဆော့ပါလေရော ဓာတ်ပုံတွေ ရိုက်လိုက် တဖျပ်ဖျပ်နဲ့ ခဏလောက်ပေးကိုင်ပြီးတော့ ဖုံးကို LOCK ချထားလိုက်တယ် ဟိဟိ အေးတာပဲ ဒါတောင် သူက ပါးစပ်ကနေ ကလစ် ကလစ် ဆိုပြီး ဓာတ်ပုံ တပုံပြီး တပုံရိုက်နေတာ သူ့အမေ က ပြန်တောင်းပြီးပေးတော့မှပဲ ရပ်သွားတော့တယ် ဒါနဲ့ ၇နာရီခွဲကျတော့ စားကြတာပေါ့ ဘာမှ ထွေထွေထူးထူးမရှိပါဘူး အာလူးနဲ့ ချက်ထားတဲ့ ချဉ်ဟင်းရယ် ငါးကြော်ရယ် ဆိတ်သား PUFF ရယ် နောက် သူတို့ ကုလား ထမင်းပေါ့နော် အဲဒါမျိုးကြီးရယ် စားခဲ့တယ် စားနေရင်းတန်းလန်း ဦးလေးဆီကဖုံးလာလို့ လူလဲ ပြာသွားတယ် ဒါနဲ့ နောက်ဖေးသွားပြီး စကားသွားပြောလိုက်တယ် ဦးလေးက Birthday wish လုပ်တာပါ ခဏနေတော့ အန်တီနဲ့ စကားပြောတယ် ပြောနေရင်း တန်းလန်း ကလေးကလိုက်လာလို့ အိမ်သာထဲ ချက်ချပြီး ဝင်ပြောရတယ် ဒါတောင် အပြင်ကနေ ခေါက်နေသေးတယ် တော်သေးရဲ့ အန်တီက ပြီးခါနီိး တာ့တာဆိုပြီး ဖုံးချသွားလို့ ဟက် လန့်လိုက်တာ လူလဲ ဟုတ်တယ် အန်တီသိရင် ကြိုက်မှာမဟုတ်ဘူး အန်တီက အဲလိုတွေ ကြိုက်ဘူးရယ် ပြီးတော့အခုမှ သိတဲ့လူတွေကို ဒါနဲ့ သူတို့ကို ရှင်းပြလိုက်တာပေါ့နော် အန်တီက မကြိုက်ဘူး ဘာညာဆိုတော့ ဘာလို့တုံး တဲ့ ဖြေရခက်ကြီးရယ် Najat (ကလေးအဖေ ညီမ့သူငယ်ချင်းပဲ) ကပဲ ဘာလဲ မကောင်းတဲ့ လူတွေနဲ့ ပေါင်းမိမှာ စိုးလို့လား တဲ့ အင်း လို့ပဲ ဖြေလိုက်တယ် ဒါနဲ့ စားသောက်ပြီးတော့ ၈ နာရီဖြစ်နေပြီ
" ပြန်တော့မယ်" ဆိုတော့
" မပြန်နဲ့တော့လေ ဒီမှာပဲ ညအိပ်တော့ " တဲ့ အိ သေတော့မှာပဲ ငါတော့ ညီမက မအိပ်တတ်ဘူး သူများအိမ်မှာ ကိုယ်နေချင်သလို နေလို့မရဘူးလေ ဒါနဲ့
" ဟင့်အင်း ပြန်တော့မယ် " လို့ ပြောလိုက်တယ်
" နင် ဒီမှာ အိပ်ရင် မနက် ပြန်လိုက်ပို့ပေးမယ် "
" ရတယ်နေပါစေတော့ ပြန်တော့မယ် " ဆိုတော့ ဘတ်စ်ကား ဂိတ်အထိ လိုက်ပို့ပေးတယ် ညဘက်ကျတော့ သူ့ယောက်ျားက ကားမောင်းရတာ အဆင်မပြေလို့တဲ့ ဒါနဲ့ ရပါတယ် ကျေးဇူးပဲလို့ ပြောပြီး ထွက်လာခဲ့တယ် သူတို့ကတောင် မွေးနေ့ ကဒ်လေး ပေးလိုက်သေးတယ်

အပြန်လမ်းမှာ တယောက်တည်း ပြီးတော့ အဲဒီလမ်းတွေကလဲ မသွားဖူးဘူးလေ Hana ကတော့မှာရှာတယ်
" Sky အဆောင်ပြန်ရောက်ရင် ဖုံးဆက်နော် လမ်းမှာ တခုခု ဖြစ်ရင်လဲ ဖုံးဆက်လိုက်သိလား " တဲ့
" အင်းပါ ကျေးဇူး " ဆိုပြီး ထွက်လာခဲ့လိုက်တယ် ကား က ၂ ဆင့်စီးလိုက်ရတယ် ည လဲဖြစ်တာရော မသွားဖူးတဲ့ နေရာရော ပေါင်းပြီး လူလဲ နဲနဲတော့ ကြောက်တာပေါ့နော် စိုးရိမ်လို့ ဘုရားစာတွေ ရွတ်လိုက်ရတာ အဆောင်ပြန်ရောက်တဲ့အထိပဲ ဟီးးးးးးးးးးး
ဒါနဲ့ အဆောင်ပြန်ရောက်တော့ သူတို့ဆီဖုံးဆက်ပြီး ပြန်ရောက်ပြီဆိုတာလေး ပြောလိုက်တယ် ဒါနဲ့ ဘုရားရှိခိုးပြီး အမှတ်တရ အဖြစ် ဒီပို့စ်လေး ရေးလိုက်တာပါ ဟိဟိ

အဟက် မောသွားပြီလားဟင် စာတွေ ဖတ်လိုက်ရတာ ညီမလဲ နဲနဲ မောသွားတယ် ဟီးးးးးးးး (ဘယ်သူ့မှ ရေမသောက်ခင် ညီမ ကြိုသောက်ထားလိုက်မယ်နော် ဟီးးးးး)
ကလေး ဓာတ်ပုံလေးတွေကြည့်လိုက်ဦးနော် ချစ်စရာလေး ကလေးလေးက









ညီမနဲ့ ရိုက်ထားတဲ့ ပုံတော့ တင်တော့ဘူးရယ် ကြယ်က သိပ်ပြောတာ ဒါကြောင့် ဟိဟိ
အားလုံး ကို ခင်တယ်နော် ချစ်လဲ ချစ်တယ် သိလား ပျော်ရွှင်ဖွယ်ရာ မွေးနေ့လေးအတွက် ကျေးဇူးလဲ တင်တယ် သိလား
မွေးနေ့လေး လုပ်ပေးတဲ့ မွတ်ဆလင် လင်မယား ၂ ယောက်ကိုလဲ ကျေးဇူးးးတင်တယ်

Thanks you so much Najat, Hana and Renas.

I was so happy because of you.

I really love Renas !

သူတို့ နားလည်အောင်ပါ ကလေးလေး အဖေက ညီမ့မှာ ဘလော့ဂ်ရှိတာ သိတယ် ညီမမပြောပဲနဲ့ ညီမမေးလ်ကို google ကနေ ရှာလိုက်တာ တွေ့သွားတာတဲ့ ဟိဟိ ဒါကြောင့် ရေးပေးထားတာ

26 comments:

Steve Evergreen said...

် Happy Birthday

khin oo may said...

happy birthday............

Anonymous said...

မွေးနေ့မှာပျော်ရွှင်ပါစေနော်..ချစ်သောသူငယ်ချင်းတွေနဲ့ ဘ၀တစ်သက်တာ အတူလက်တွဲပြီး ဘ၀ပင်လယ်ပြင်ကြီးကို
ရွက်လွှင့်နိုင်ပါစေသယ်ရင်းရေ....

Yu Ya said...

Many Happy Returns!!!!

Happy Birthday, Dear Little Bear!!!

Best Whshes,
yu ya

PhotoVigor said...

Happy birthday..Wish you all the best and more happy birthday to come.

linn said...

ဝက်ဝံလေးရေ..
မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်ဖွယ် ဘ၀လေးကို ရရှိနိုင်ပါစေ..

စည်သူ said...

ငှဲ.. ငှဲ.. ငှဲ..

မွတ်စ်လင်မယားက မပြောဘူးလား.. မမေးဘူးလား..
ကျွန်တော့် ကိုသိလားလို့လေ..းP.. အဟတ်..

သိပါတယ်..သိပါတယ်..
သူများအိမ်မှာ ဘယ်အိပ်ရဲမှာလဲ..
အိပ်တာကိုက မျောက်ရှုံးလေ..

အရှေ့ဘက်ကအိပ်တာ..
မနက်ကျတော့ အနောက်ဘက်ကိုေ၇ာက်နေတယ်..

ဒီလောက်ဖြစ်ရလားဆိုပြီး...
အနောက်ဘက်က အိပ်တယ်..
မနက်ကျတော့.. အရှေ့ပြန်ရောက်နေတယ်..း)

တောင်ဘက်ကအိပ်လည်း.. အဲလို့ပဲ..
မနက်ကျ မြောက်ဘက်ရောက်နေတယ်..း)

မထူးတော့ပါဘူးဆိုပြီး
ကူတင်ပေါ်တက်အပ်တယ်မှတ်လား..

မိုးလင်းကျတော့ ပျောက်လို့ လိုက်ရှာတာ..
ဟား..ဟား..ဟား.. ဘယ်ဟုတ်မလဲ..

ဝက်ဝံကလေးက ကတင်အောက်ရောက်နေတယ်..
တော်တော်ကိုဆိုးတာပဲ..

အဲဒါကြောင့် မအိပ်ရဲတာ အရပ်ကတို့ရေ..
ဘာပြောချင်သေးလဲ..
ဖွတာဟုတ်ဘူးနော်..

ဝက အီမှန်ကိုပေါတာ..

စည်သူ said...

ပြောဖို့ကျန်ခဲ့တယ်ညီမရေ...

ပျော်ရွှင်ဖွယ် မွေးနေ့မှသည်..

နောင်နှစ်ပေါင်းများစွာဆို့...

ပုံ.../
..... ကိုကြီးဟီးဟီး..

စိမ်း... said...

ဟက်ပီး ဘုတ်စဒေး အဲ မှားလို့ ဟက်ပီး ဘတ်ဒေး ... ၂၀ ဆိုတော့ လူကြီးဖြစ်နေပြီနော်... အဘွားကြီးပေါ့... ဒါဆို မစိမ်းတို့ကတော့ စီနီယာအဘွားကြီး ...
ဘာတွေလည်း မသိဘူး ပြောချင်တာလျှောက်ပြောသွားတယ်...
ပျော်စရာမွေးနေ့လေးတွေ နှစ်တိုင်းပိုင်ဆိုင်နိုင်ပါစေကွယ်...

သံလွင် HeRo said...

အိမ်မှာဆားတွေပိုနေလို့ လာပေးတယ်သိလား
ဟီးဟီး
ချိတ်ချိုးပါဝူးကွယ်... တဘောထားကြီးပါ့
:)

yangonthar said...

မွေးနေ့ မှာပျော်ရွှင်ပါစေ
:))

မိုးစက်ပွင့်လေး said...

ဟက်ပီဘတ်ဒေးပါနော်..20 ပြည့်ပီဆိုတော့..
အပျိုကြီးဖြစ်ပီ.. ဟီးဟီး..ရည်းစားထားရဝူးနော်..ညလေး..ပျော်ရွှင်ပါစေနော်..

မယ့်ကိုး said...

အချိန်တွေ မတူတဲ့ နေရပ်တစ်ခုဆီမှာ ဆိုတော့ ညီမလေးမွေးနေ့က မြန်မာပြည်မှာ တစ်ခါ စလုံးမှာ တစ်ခါ ညီမလေးဆီမှာ တစ်ခါ ပျော်စရာကြီးပဲနော် =)

mae said...

သမီးရေ.. မမ နောက်ကျသွားတယ်နော်၊ ဖုန်းဆက်လို့မရလို့ပါ၊ ဖုန်းပျက်နေတယ်.. အဟတ်

happy belated birthday! many happy returns!!

Anonymous said...

ဟတ်ပီဗာတ်ဒေးပါ.. မဝက်...
ပျော်စရာမွေးနေ့လေးဖြစ်ပါစေ

ကြည်ဖြူပိုင် said...

ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေနော်

Angel Shaper said...

ဟက်ပီဘတ်ဒေးမှာ ပျော်ခဲ့တယ် ကြားလို့  ကြည်နူးမိပါတယ်။ မိဝက်ကလေး အမြဲတမ်း အောင်မြင်ပျော်ရွှင်ပါစေကွယ်။။။။။ (လူကြီးလေသံနှင့် ဆုပေးသွားသည်) ဟိဟိ

နေဒေးသစ် said...

မွေးနေ့မှာ ဝက်ဝံမလေး ပျော်ရွှင်ပါစေ ..
မွေးနေ့ မဟုတ်တဲ့ နေ့တိုင်းမှာလည်း အမြဲအေးချမ်းပါစေ ..

နေဒေးသစ်။

maylay said...

ကောင်မလေးဝံလေးက နှစ်ခါတောင် တို့တွေဆီက မွေးနေ့ဆုကို ယူသွားတယ်နော် ပျော်ရွှင်ဖွယ်ဖြစ်တဲ့အတွက် ဝမ်းသာပါတယ်နော်။ နှစ်တိုင်း ပျော်ရတဲ့မွေးနေ့ကိုသာ ဖြတ်သန်းရပါစေနော်။

kiki said...

hApPy biRtHdAy LiTtLe pIg ...

ဝက်ကို မွတ်စ် က မွေးနေ့ မှာ ကျွေးလိုက်တယ်ပေါ့....
ကုလားစာတော့ကြိုက်တယ်ဝေ့...

မချစ်ရ said...

ဂျစ်လေး..
မွေးနေ့မှာပျော်ရွှင်ပါစေ
စာတွေလည်းများများရပါစေနော်
မွေးနေ့ပြီးရင်စာကျက်တော့

rose of sharon said...

ချစ်စရာကောင်းတဲ့ညီမလေး... ချစ်သူခင်သူများ နဲ့ထာဝရပျော်ရွှင်ရ ပါစေ.......

s said...

ပိာတ် ကောင်မလေး မွေးနေ့မှာပျော်ရွှင်ပါစေနော် သူငယ်ချင်း၊ ဆုမအားလို့ ဘလော့ဂ်တွေမရောက်ဖြစ်တာခုမှ အားတုန်း ရောက်လာတာ မွေးနေ့ကစ ပျော်ရွှင်ကျန်းမာလို့ လိုတိုင်းတရနိုင်ပါစေနော်

မင်းအိမ်ဖြူ said...

ဟေး ပျော်ရွှင်စရာမွေးနေ့လေးပေါ့လေ

တော်တော်ပျော်ခဲ့တယ်ဟုတ်

မင်းအိမ်ဖြူ

မင်းအိမ်ဖြူ said...

နောက်ကျသော မွေးနေ့ဆုတောင်း

ပျော်ရွှင်စရာမွေးနေ့လေးကို နောက်နှစ်ပေါင်းများစွာ ချစ်သောသူများနဲ့ ဖြတ်သန်းနိုင်ပါစေဗျာ

မင်းအိမ်ဖြူ

နှင်းဟေမာ said...

ဝက်ဝံလေး ရေ...
မတွေ့တာကြာပြီနော်
စားလေးက ဖတ်လို့ကောင်းတယ်
တ၀......ကြီးဖတ်သွားတယ်နော်
ချစ်ခင်စွာဖြင့်
နှင်း