Saturday, 30 May 2009

ခွဲမသွားပါနဲ့ အချစ်ရယ်

သူမ နဲ့ ကျွန်တော်နဲ့ အလုပ်မှာသိကျွမ်းခဲ့ကြတယ် သူမဟာ အလွန်ခင်ဖို့ကောင်းပြီး သူတဖက်သားကိုလဲ ကူညီတတ်တယ် အလုပ်အတူတူလုပ်ကြရတဲ့ ကျွန်တော်တို့ နှစ်ယောက် နီးစပ်တာလဲ မဆန်းပါဘူး ကျွန်တော် သူမ ကို ချစ်တယ် လို့စ ပြောခဲ့တာ လဲ ကဗျာမဆန်လှပါဘူး ကျွန်တော်တို့ရဲ့ ချစ်ခရီးလမ်းဟာလဲ ဖြောင့်ဖြူးခဲ့ပါတယ် သူမ ကျွန်တော့်အပေါ်ကို တော်တော်လေး ဂရုစိုက်ပါတယ် အသေးအဖွဲလေးက စ ဂရုစိုက်တာ တွေ့ရတော့ ကျွန်တော် သူမ ကို ပိုပြီး ချစ်ခဲ့မိပါတယ်

ကျွန်တော်တို့ ချစ်သူ သက်တမ်း ၁ လ ကျော်ကို ပျော်ရွှင်စွာဖြတ်သန်းခဲ့ကြပါတယ် ကံကြမ္မာက ဘာလို့ ကျွန်တော်တို့ကို မျက်နှာသာမပေးတာလဲ သူမ မှာ သွေးကင်ဆာ ဖြစ်နေတယ်ဆိုတာ သိလိုက်ရချိန်မှာ ကျွန်တော် ဘာများလုပ်ပေးနိုင်မလဲ လို့ အပြေးအလွှားစဉ်းစားခဲ့တယ် အခုချိန်မှာ ရိုးတွင်းခြင်ဆီ ရှာဖို့က လဲ အရမ်းနောက်ကျခဲ့ပါပြီ သူမရဲ့ ကင်ဆာ ဆဲလ်တွေက ပျံနှံ့နေပါပြီ ဘယ်အချိန်က စ ပြီးဖြစ်နေလဲ မသိပါဘူး သိလိုက်တဲ့ အချိန်မှာတော့ အရမ်းနောက်ကျခဲ့ပါပြီ

ဒီလိုနဲ့ သူမ သွေးသွင်းတဲ့ အချိန်တွေ ဆေးရုံတက်ရတဲ့ ရက်တွေမှာ ကျွန်တော် အနားကနေ လိုက်စောင့်ပေးခဲ့ပါတယ်




ကျွန်တော်ရဲ့ ရင်ထဲက စကားတခွန်းကို သူမ ကိုပြောလိုက်တယ် " ငါနင့်ကို လက်ထပ်မယ် " သူမရဲ့ မျက်လုံးထဲမှာ မျက်ရည်တွေအပြည့်နဲ့ ကျွန်တော့်ကို စိုက်ကြည့်ခဲ့တယ် ကျွန်တော်သူမ ကို ပွေ့ဖက်ထားခဲ့တယ်

အောက်စီဂျင်ပိုက်တန်းလန်း နဲ့ ကျွန်တော့်ရဲ့ သတို့သမီး ဟာ ကျွန်တော့်အတွက်တော့ အစဉ်အမြဲလှပခဲ့ပါတယ် အရိုးပေါ်အရေတင် အသားအရေကို တွေ့လိုက်ရတော့ ကျွန်တော် စိတ်မကောင်း ဖြစ်ခဲ့ရတယ်


မင်္ဂလာပွဲမှာ သီချင်းတွေ ဆိုနေတဲ့ သူငယ်ချင်းများနဲ့ ကျွန်တော့်ကို ပျော်ရွှင်စွာ ကြည့်နေတဲ့ သူမ ဘယ်အချိန် လောကကြီးကနေ ထွက်ခွာမလဲ ?

သီချင်းတွေ ဆိုပြီးလို့ သူများတွေ ကနေချိန်မှာတော့ သူမ မတ်တပ်ရပ်နိုင်စွမ်းမရှိပါဘူး ကဖို့နေနေသာ နာကျင်လွန်းလှတဲ့ ဒဏ်ကို အံကြိတ်ပြီး ခံနေခဲ့ပါတယ် ကျွန်တော်သူမ ကို ဘာများလုပ်ပေးနိုင်ပါသလဲ အဲဒီ နာကျင်မှုကနေ လွတ်မြောက်အောင်






ကျွန်တော့်ရဲ့ သတို့သမီးလေးဟာ ကျွန်တော်နဲ့အတူ လက်ထပ်ပြီး ငါးရက်အကြာမှာ လူ့လောက ကနေအပြီးပိုင်စွန့်ခွာခဲ့ပါတယ် ကျွန်တော် သူမ နဲ့ အတူနေတဲ့အချိန်လေးတွေကို မေ့မှာမဟုတ်ပါဘူး " နောက်ဘဝဆိုတာ ရှိခဲ့ရင် ငါနင့်ကိုလက်ထပ်မယ် ပြီးရင် ငါတို့မခွဲအတူ နေကြမယ် " လို့ကျွန်တော် တီးတိုးပြောဆိုနေတာကို သူမ ကြားနိုင်ပါစေ



forward mail ကနေတဆင့် သူငယ်ချင်းပေးတာလေးကို ရေးဖွဲ့ထားတာပါ သူက " နင်ဝတ္ထုရေးရအောင် " ဆိုပြီးပို့ပေးခဲ့ပါတယ် ပြီးတော့ မေးတယ်

" နင့်မှာ အဲဒီလိုမျိုး ချစ်သူရှိရင်နင်ဘာလုပ်မလဲ " တဲ့ ညီမ ဖြေလိုက်တယ်

" ငါသူ့ကို သေသွားတဲ့အချိန်ထိ ချစ်နေမယ် သူ့ဘေးနားမှာ အမြဲပြုစု စောင့်ရှောက်နေမယ် " လို့ပြန်ဖြေလိုက်ပါတယ်

ဒီပို့စ်လေး ကို ဖတ်ပြီး သူငယ်ချင်း သားငယ် ကျေနပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်

ရေးထားတာလေးတွေ မကောင်းရင် သည်းခံပြီး ဖတ်ပေးကြပါ

အမေရိကန်မှာ တကယ်ဖြစ်သွားတဲ့ စုံတွဲပါ ညီမ ရေးတာ မကောင်းရင် ဗွေမယူပါနဲ့လို့ မေတ္တာရပ်ခံအပ်ပါတယ်

ငှက်ကလေး ရဲ့ ကောင်းကင်ပြာ


Thursday, 28 May 2009

ကျေးဇူးရှင်များ

၁။ ဖေဖေနဲ့မေမေ
နေမကောင်းဖြစ်တိုင်း ဘေးနားမှာ အမြဲပြုစုပေးတဲ့ မေမေလေ ထမင်းဘူးအမြဲထည့်ထည့်ပေးတယ် အဲဒီအတွက် မနက် ၄ နာရီထပြီးချက်ပြုတ်ပေးတဲ့ မေမေပေါ့
ဘာမဆိုလိုချင်တာကို ဖြည့်ဆည်းပေးတဲ့ ဖေဖေ မောင်နှမတွေထဲမှာ ညီမ ကိုအချစ်ဆုံး ဘာလုပ်လုပ်အပြစ်မမြင်ဘူး ခွင့်လွှတ်တတ်တဲ့ ဖေဖေပါ

၂။ ကြီးကြီး(မေမေ့ အမကြီး)
ဒုတိယ မေမေလို့ခေါ်ရလောက်အောင်ပဲ ညီမ တို့မောင်နှမ ၃ ယောက်ရဲ့အကြိုက်ကို သိတယ် ဘာလေးဖြစ်ဖြစ်တူတူမတွေကို ဦးစားပေးပြီး သတိရတတ်တဲ့ ကြီးကြီးပေါ့ ညီမ နေမကောင်းဘူးဆိုရင် ခမည်းလိုတယ်ဆိုပြီး မုန့်တွေဝယ်လာပြီး လာပြုစုတတ်တဲ့ ကြီးကြီးပေါ့ ဘဘကြီး(ကြီးကြီး အမျိုးသား)ကလဲ သူ့တူမအရင်းခေါက်ခေါက်တွေတောင် မချစ်ဘူး ညီမတို့ မောင်နှမ ၃ ယောက်ကို အရမ်းချစ်တယ် ၃ ယောက်လုံး ဘဘကြီးလက်ထဲမှာ ကြီးလာတာလဲ ပါတာပေါ့လေ မမကြီး(ကြီးကြီးရဲ့ သမီး) က တဦးတည်းသော သမီးဖြစ်ပေမယ့်လို့ ကြီးကြီး က အငယ်တွေကို ညှာရမယ်လို့ပြောထားတဲ့အတွက် အမြဲပဲ အလျှော့ပေးပြီး အရာရာကို သည်းခံတတ်တဲ့ မမကြီး တဝမ်းကွဲဆိုပေမယ့် မမကြီးကို အရင်းလိုချစ်တယ်

၃။ ဘဘကြီး (မေမေ့ရဲ့ အကိုကြီး)
မေမေတို့ကို ကျောင်းထားပေးခဲ့တယ် ဘဘကြီးမှာ သားသမီးမရှိပါဘူး အဲဒါကြောင့်လဲပါတယ် ညီမ တို့ကို အရမ်းချစ်တယ် လာတိုင်း မုန့်ဖိုးတွေပေးတယ် ညီမ ကလဲချွဲတာပေါ့ လက်သည်းခြေသည်းညှပ်ပေးရတာနဲ့ အမြဲလာတိုင်း အင်း လက်သည်းတွေက သမီး ညှပ်ပေးဖို့ထားတာ ဆိုပြီး လက်သည်းအညှပ်ခံတဲ့ ဘဘကြီးပေါ့ လက်သည်းညှပ်ပေးနေရင် ငြိမ်ပြီး ပြုံးပြုံးနဲ့ သူ့တူမ လက်သည်းညှပ်ပေးနေတာကို ကြည့်နေတယ်

၎။ အန်တီ
(မေမေ့ ညီမအငယ်ဆုံး အခုညီမ က အန်တီ့အိမ်မှာနေနေတာလေ) နိုင်ငံခြားမှာ ပညာသင်ဖို့ကလေးတွေကို လွှတ်လိုက်ပါ သူ အစစအရာရာ တာဝန်ယူတယ် ကျောင်းထားပေးပါ့မယ်လို့ပြောတဲ့အန်တီပေါ့ အန်တီကျေးဇူးကြောင့် ညီမ ဒီကိုရောက်လာတာပါ ပြောတဲ့အတိုင်းပါပဲ အကုန်လုံး လုပ်ပေးတယ် လိုချင်တာ မှန်သမျှပြောရင် ဖြစ်အောင်လုပ်ပေးတဲ့ အန်တီနဲ့ဦးလေး(အန်တီ့အမျိုးသား) ရယ်ပေါ့

၅။ ကျေးဇူးရှင်ချမ်းမြေ့ဆရာတော်
နွေရာသီကျောင်းပိတ်ရင် ချမ်းမြေ့ရိပ်သာသွားပြီး ယောဂီဝတ်တယ် သီလရှင်ဝတ်တယ်လေ ဆရာတော်ဘုရား က ယဉ်ကျေးမှုသင်တန်း ဖွင့်ပေးထားတယ် အသက် ၅ နှစ်ကနေ ၂၀ အထိ ဆရာတော်ဘုရားရဲ့အဆုံးအမကြောင့် မကောင်းမှုရှောင်ပြီး ကောင်းမှုတွေကို ဆောင်နိုင်ခဲ့တယ် အဲဒီသင်တန်းက ဘုရားစာတွေ ကျက်ရပြီး စာမေးပွဲဖြေရတယ်လေ စာမေးပွဲဖြေပြီးရင် ဆုတွေပေးတယ် ဒါနဲ့ နွေရာသီရောက်တိုင်း ဘယ်မှမသွားဖြစ်ပဲ ရိပ်သာပဲသွားဖြစ်ခဲ့တယ် သူငယ်ချင်းအသစ်တွေနဲ့လဲ တွေ့ရတယ် စာတွေကျက်ပြီး ဆုတွေရတော့ ပျော်တာပေါ့

၆။ ဆရာ ဆရာမများ
စာတွေကို တတ်အောင် သင်ပေးခဲ့တဲ့ ကျောင်းကဆရာမများနဲ့ ကျူရှင်က မေမေ့ရဲ့ သူငယ်ချင်းဆရာ ဆရာများ စာမေးပွဲနီးရင် အချိန်ပိုပါခေါ်တတ်ပြီး သင်တဲ့ဆရာ ဆရာမများ စာမေးပွဲဖြေနေစဉ်အတွင်း မုန့်တွေယူလာပြီး အားပေးတတ်တဲ့ ဆရာမများ

၇။ အဘကျော်
ညီမ ၁၀ တုံးက အနေအထိုင်မဆင်ခြင်လို့ လေဖြန်းသွားသေးတယ် ပါးစပ်ရွဲ့သွားတာပေါ့လေ အဲဒါကို ပြန်ကောင်းအောင် နှိပ်ပေးတဲ့ တောင်ဥက္ကလာက အဘကျော် အခုတော့မရှိတော့ပါဘူး ဆုံးသွားပါပြီ ( အဘ ကောင်းရာမွန်ရာရောက်ပါစေ ) အခုတော့ မျက်နှာက ပုံမှန်အတိုင်း ပြန်ဖြစ်နေပါပြီ ဒါပေမယ့် ဆင်ခြင်ရတာပေါ့လေ

၈။ ဆရာလေး မရှမ်း
ရိပ်သာဝင်တိုင်း ဆရာလေးအခန်းမှာပဲ နေတယ် ညီမ က အဲတုံးက ငယ်သေးတော့ အဝတ်တွေဆိုရင် မလျှော်ပဲ ပစ်ထားတာ ဝတ်စရာမရှိမှလျှော် တာ ဒါကို ဆရာလေးက မနေနိုင်တော့ လျှော်ပေးတယ် ဟိဟိ ဒါနဲ့ မေမေက ငရဲကြီးမှာစိုးလို့ မလျှော်ပါနဲ့ ဆရာလေး ဆိုပြီးတားထားရတယ် ပြန်လာရင် အိပ်ချင်နေမယ်ဆိုပြီး ခြင်ထောင် ထောင်ထားပေးတဲ့ ဆရာလေးပေါ့ တခါတခါ အာရုဏ်သွားမစားရင် စားဖို့ ယူယူလာပေးတဲ့ ဆရာလေးရယ်ပါ

ဘုရားဟော တရားလို " သူတပါး ကျေးဇူးရှိပေဖူးက အထူးသိတတ်တုံ့ပြန် ဆပ်ခြင်းသည် မင်္ဂလာတပါး ဖြစ်ပါသည် " တဲ့
ကျေးဇူးရှင်များရဲ့ ကျေးဇူးကို တနေ့ပြန်ဆပ်နိုင်မယ်လို့မျှော်လင့်မိပါတယ် အဲလိုပြန်ဆပ်နိုင်အောင်လဲ အထက်ပါ ကျေးဇူးရှင်များသည် (အဘကျော်မှ လွဲလို့ ) စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ သက်တမ်းစေ့နေနိုင်ရန် ဆုတောင်းမေတ္တာပို့သ မိပါတော့သည်

ဒီပို့စ်လေးကို ရေးဖြစ်တာက အရမ်းအရမ်းကို သတိရလွန်းလို့ပါ ဒါကြောင့် တောင်ပံ တစုံလိုချင်တယ်လို့ပြောတာ :(

Wednesday, 27 May 2009

စံပါယ် ၄ ရုံ

စံပါယ် တဲ့ ၄ ရုံ
ပျိုတို့ မောင် မပန်ခိုက်
ပန်းပြတ်ခိုက်ကြုံ
အပွင့်ရယ် စုံ
၁ ငုံဖြင့် ကျန်ပါသေး
ပန်ချင်သူ ပျို့မောင်ကြီး ရယ်
ဆံပင်ကို ပျော့ပျော့ပျောင်းအောင်
ခေါင်းဖီးခဲ့လေး

ငယ်ငယ်က ကျက်ခဲ့ရတဲ့ ကဗျာလေးပေါ့ ဒါပေမယ့် အဓိပ္ပါယ် နားမလည်ပါဘူး ဆရာမတွေကလဲ ကျက်လို့ပဲပြောတယ် ဘာရယ်လို့ သေချာရှင်းမပြခဲ့ဘူး နောက်ပိုင်း ရိပ်သာဝင်မှ ဦးသုစိဏ္ဏက (ချမ်းမြေ့ ) တရားဟောရင်းရှင်းပြမှပဲနားလည်တော့တယ်
ဘုရား ၄ ဆူပွင့်သွားခဲ့ပြီ ဖူးဖို့ကံမပါလိုက်ဘူး အခုပွင့်မယ့် ဘုရား ကျရင် ဖူးခွင့်ရအောင် ကောင်းမှုကုသိုလ်တွေ လုပ်ကြဆိုပြီး ဟောမှပဲ ဒီကဗျာလေး တော်တော် အဓိပ္ပါယ် ရှိပါလားလို့ အဲဒီကျမှပဲ သိတော့တယ်

ဘာရယ်မဟုတ်ပါဘူး မနေ့က အန်တီတို့နဲ့ တရားအကြောင်းဆွေးနွေးကြရင်းနဲ့ အဲဒါလေး သတိရသွားလို့ တင်လိုက်တာပါ

Tuesday, 26 May 2009

အနာဂတ်သို့ အလည်တခေါက်

ကျွန်တော် အနာဂတ်ကာလကိုရောက်ဖူးတယ် အဲဒီမှာ နေ့လည်စာစားဖူးတယ် ဘာတွေရှိလဲဆိုတာကို တွေ့ခဲ့ရတယ် ဖြစ်နိုင်ရင် အဲဒီကနေပြန်မလာသင့်ဘူး
ကျွန်တော့နံမည် က ပရော်ဖက်ဆာ ဂျိမ်း။ အချိန်တွေရွေ့လျားပြောင်းလဲတာကိုလေ့လာတယ် မနှစ်က အချိန် ယန္တယား တခုကို ကျွန်တော် တီထွင်နိုင်ခဲ့တယ်။ ကျွန်တော့်ရဲ့ အခန်းထဲမှာ ကျွန်တော့်လိုပဲ ပရော်ဖက်ဆာ တယောက်ရှိတယ် သူ့နံမည်က ဟယ်တန် တဲ့ သူကတော့ လေဆာ လက်နက်ကိုစမ်းသပ်တီထွင်ဖို့ လုပ်နေခဲ့တယ်။
ဟယ်တန်က " မင်း ငါ့ရဲ့ လေဆာလုပ်ငန်းမှာ ကူသင့်တယ် မင်းရဲ့ ယန္တယားကြီး က အသုံးဝင်မှာ မဟုတ်ဘူး ဘာမှဖြစ်လာမှာလဲ မဟုတ်ဘူး အဲဒါကြီးနဲ့ အချိန်ကုန်မနေနဲ့ " လို့ သူကကျွန်တော့ကို ပြောတယ် သူမှားတယ် ကျွန်တော်မှန်တယ်ဆိုတာကို ယန္တယားကြီး တီထွင်ပြီးသိခဲ့ရတယ်။
ကျွန်တော့်ရဲ့ ယန္တယားကြီးကို Kronite X နဲ့ အသုံးပြုပြီး တီထွင်ခဲ့တာ ဖြစ်တယ် မကြားဖူးလို့ မအံ့သြပါနဲ့ ကျွန်တော်လဲ အဲဒီ atom ကို တခြားအာကာသ တခုကနေရခဲ့တာပါ ဒီကမ္ဘာပေါ်ကမဟုတ်ပါဘူး။ ကျွန်တော်ကံကောင်းတယ်လို့ပြောရမယ် အဲဒါက တခုပဲရှိတယ်။ တခြားယန္တယားတွေလိုပါပဲ စက်ထဲဝင်သွား ပြီး သွားချင်တဲ့ ခုနှစ် ရက်ကို နှိပ်လိုက်ရုံပါပဲ။ ဒါနဲ့ ကျွန်တော် ယုန်လေးနဲ့ စမ်းသပ်ကြည့်ခဲ့တယ်။ တနာရီအချိန်စောပြီး start ခလုတ်ကိုနှိပ်ခဲ့တယ်။ ရုတ်တရက် ယန္တယားကြီးပျောက်သွားတယ်။ ကျွန်တော်တနာရီကြာအောင် စောင့်နေခဲ့တယ် တနာရီပြည့်တော့ ပြန်ပေါ်လာတယ်။ အထဲက ယုန်လေးကလဲ ဘာမှမဖြစ်ဘူး ကျွန်တော့ကိုတောင် နှာခေါင်းလေး ရှုံပြီး ကြည့်နေတယ်။ ဒါနဲ့ ဒီယန္တယားကြီး အလုပ်လုပ်တယ်ဆိုတာကို ကျွန်တော်သိလိုက်ရတယ် ချက်ချင်းပဲ ဆိုင်းငံ့မနေပဲ စက်ထဲဝင်ပြီး သက္ကရာဇ် ၃၀၀၀ ကိုနှိပ်လိုက်တယ် စက်ထဲမှာစက်လှေကား သွားနေသလိုမျိုးခံစားလိုက်ရတယ် ပြီးတော့ အောက်ကို အရမ်းကြီးထိုးကျသွားတာကို သိလိုက်ရတယ် ခုနှစ်တွေက တရွေ့ရွေ့နဲ့ ၃၀၀၀ လဲရောက်ရော ရပ်သွားတယ်။ ဒါနဲ့ ကျွန်တော်လဲ ခန်းဆီးလေး ဖယ်ပြီး အပြင်ကိုကြည့်လိုက်တယ်။
မြက်ခင်းစိမ်းစိမ်းစိုစိုနဲ့ သစ်ပင်တွေ ဒရယ်တွေ ပြေးလွှားနေတာကို တွေ့လိုက်ရတယ်။ မြင့်မားလှတဲ့ ငွေရောင်အဆောက်အအုံကြီးတွေ တလက်လက်တောက်ပနေတာကို တွေ့လိုက်ရတယ်။ ဘာကားသံမှလဲ မကြားရပါလား အိုးးးး ငွေရောင်သဘောင်္ကြီး ကောင်းကင်ပေါ်မှာ ရွက်လွှင့်နေပါ့လား ဘာသံမှလဲမကြားရဘူး။ မထင်မှတ်စရာပါလား ကျွန်တော်ထင်ထားတဲ့ နောက်နှစ်ပေါင်းမှာ ဖြစ်လာမယ့် လန်ဒန်ရဲ့ ပုံစံဟာဆိုရင် လူသူထူထပ်ပြီး ကားသံတွေ ဆူညံနေလိမ့်မယ်လို့ထင်ထားတာ။လူတယောက်က ကျွန်တော့ဆီကိုရွေ့လာတာကိုတွေ့လိုက်ရတယ် သူ့ခြေထောက်က မြေကြီးကို ထိထားရုံပဲ လေထဲမှာ စကိတ်စီးနေသလိုပဲ။ အရပ်ရှည်ပြီး ခန့်ညားတဲ့ လူတယောက်ပဲ ဒါပေမယ့် သူ့အသားက ညိုတယ်
သူက " မင်းက ပရော်ဖက်ဆာ ဂျိမ်း ဖြစ်ရမယ် ဟုတ်လား တွေ့ရတာ ဝမ်းသာပါတယ် " တဲ့ ကျွန်တော်အံ့သြစွာနဲ့ သူ့ကို စိုက်ကြည့်လိုက်မိတယ် သူ ဝတ်ထားတာက အမဲရောင် ကုတ်အင်္ကျီနဲ့ ရွှေရောင် ဖိနပ်ကို စီးထားတယ် အဲဒီရွှေရောင် ဖိနပ်က မြေကြီးနဲ့ထိမနေဘူးနဲနဲလေး ကွာနေတာကို တွေ့လိုက်ရတယ်။
" ကျွန်တော့်နံမည်ကို ဘယ်လိုလုပ် သိနေတာလဲ " လို့အံ့သြစွာမေးလိုက်မိတယ်
သူက " ခန့်မှန်းကြည့်တာပါ ကျွန်တော် ခင်ဗျားရဲ့ စာအုပ်တွေကို ဖတ်ဖူးတယ်လေ "
" စာအုပ်ဘာစာအုပ်လဲ ကျွန်တော် ဘာစာအုပ်မှမရေးဘူး " ဆိုတော့
သူက " အခုတော့မဟုတ်သေးဘူးလေ ခင်ဗျားဒီကနေ ပြန်သွားပြီးရင် ရေးမှာ " တဲ့ ပြီးတော့ သူက သူ့ကိုယ်သူမိတ်ဆက်တယ် " ကျွန်တော့နံမည်က ချားလ် တဲ့ ကျွန်တော် ဒီမြို့မှာ နေပါတယ် " ဆိုပြီး ငွေရောင် အဆောက်အအုံကြီးတွေကို လက်ညှိုးထိုးပြတယ် " မြို့အနှံ့လျှောက်ပြရမလား " တဲ့ ဒါနဲ့ကျွန်တော်လဲ ခေါင်းညိမ့်လိုက်တယ် ကျွန်တော်တို့တွေ လယ်ကွင်းတွေကို ဖြတ်ပြီးသွားခဲ့ကြတယ် သူကတော့ သူ့ရဲ့ ရွှေရောင်ဖိနပ်လေးနဲ့ လျှောတိုက်ပြီးသွားတယ် မြို့ထဲလဲရောက်ရော အဆောက်အဦးကြီးတွေကလှမှလှ ရေပန်းလေးတွေ သံစဉ်လေးတွေနဲ့ သာယာနာပျော်ဖွယ်ကောင်းလှတယ် လူတွေက သူတို့ရဲ့ ရွှေရောင်ဖိနပ်လေးတွေနဲ့ လျှောတိုက်ပြီးသွားကြတယ် သူတို့အကုန်လုံး အသားက အညိုရောင်ပဲ အားလုံးကျန်းမာသန်စွမ်းပြီး ပျော်ရွှင်နေကြတယ် သူတောင်းစားလဲမတွေ့ရဘူး ဆင်းရဲသားလဲ မတွေ့ရဘူး လူတွေက ကျွန်တော့်ကိုကြည့်နေတာနဲ့ ချားလ် က
" ဒါပရော်ဖက်ဆာ ဂျိမ်းလေ သူက ငါတို့ဆီကို လာလည်တာ " လို့ မိတ်ဆက်ပေးတယ် လူတွေက ကျွန်တော့်ကို ပြုံးပြပြီးလက်ပြနှုတ်ဆက်ကြတယ်
" ဘာမြို့လို့ ခေါ်လဲ " လို့မေးတော့ သူက
" New London " တဲ့
" ဟင် ကျွန်တော် သိတဲ့ လန်ဒန်နဲ့လဲမတူပါလား "
" အင်းကျွန်တော်တို့ အရင်က ဟာတွေကို ဖျိုဖျက်ပြီး အသစ်ဆောက်ထားတာ ကြာပြီ " လို့သူကပြောတယ်
" လွန်ခဲ့တဲ့ အနှစ် ၂၀၀၀ တုံးက Old London ကိုကျွန်တော် စာအုပ်ထဲမှာပဲ ဖတ်ဖူးတယ် စိတ်ဝင်စားစရာကောင်းတဲ့နေရာပဲ " လို့သူကပြောတယ်
" ဟုတ်တယ် " လို့ပြန်ဖြေလိုက်တယ် " နေ့လည်စာစားရအောင် " ဆိုပြီး ဆိုင်တဆိုင်ရဲ့ အပြင်ဖက်မှာ ဝင်ထိုင်လိုက်ကြတယ် သူက " grilled zerg ကိုစားကြည့် အရမ်းကောင်းတယ် " လို့ပြောတယ် ပြီးတော့သူက ဆက်ပြီးတော့ " ခင်ဗျားမှာ မေးစရာ မေးခွန်းတွေ အများကြီးရှိတယ်မလား "
" အင်း သိချင်တာတွေအများကြီးပဲ ကျွန်တော်သိချင်တာက ဒီမှာ သက်ကြီးရွယ်အိုတွေ မရှိဘူးလား "
" ရှိတယ် ကျွန်တော့်ကို ဘယ်လောက်လဲလို့ ခန့်မှန်းကြည့်စမ်းပါ နောက်နှစ်ဆိုရင် ကျွန်တော် အသက် ၁၅၀ ပြည့်ပြီ " တဲ့ သူ့ကို ကြည့်လိုက်တယ် မျက်နှာမှာ အရေးအကြောင်းလဲမရှိဘူး ၃၅ အပြင်မပိုဘူး
" မဖြစ်နိုင်တာ " ဆိုတော့ သူက
" ကျွန်တော်တို့ ဆေးတမျိုးကို ရှာတွေ့ခဲ့ကြတယ် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးတယ် ဒီမှာရှိတဲ့လူတိုင်း အသက် ၃၀၀ အထိနေနိုင်တယ် " လို့သူကပြောတယ်
" ဒါပေမယ့် ဖျားတာ နာတောရော "
" ဒီမှာဘယ်သူမှ မဖျားဘူးသေလဲမသေဘူး နားလဲမလေးဘူး ကန်းလဲမကန်းဘူး ကျွန်တော်တို့ရဲ့ လက်တွေခြေတွေ တခုခုဖြစ်ရင် ခွဲခန်းထဲမှာ အသစ်တခုထပ်လုပ်ပေးတယ် "
" ကောင်းတာပေါ့ ဒါနဲ့ ဒီကလူတွေအကုန်လုံးအသား ညိုတယ်နော် ဘာလို့လဲ "
" လူမျိုးတွေ ရောကုန်ပြီလေ အမဲနဲ့အဖြူတွေရပြီး အညိုလေးတွေ မွေးလာကြတာလေ ခင်ဗျားတို့ဆီမှာ အသားအရောင်ခွဲခြားမှုရှိတယ် ဒီမှာမရှိဘူး " လို့သူကပြန်ဖြေတယ် " အိုး grilled zerg ရပြီ "
အဲဒီ grilled zerg ကိုရွှေပန်းကန်နဲ့ထည့်ထားပြီး လာချပေးတယ် အသားနဲ့တူတယ် လှီးပြီးစားကြည့်တော့ တော်တော်စားလို့ကောင်းတာပဲ ကျွန်တော်စားဖူးသမျှထဲမှာ ဒီအစားအစာက စားလို့အကောင်းဆုံးပဲလို့ မှတ်ချက်ချလိုက်မိတယ်
" ဘာသားနဲ့လုပ်တာလဲ "
" အသား ကျွန်တော်တို့ တိရိစ္ဆာန် တွေရဲ့ အသားကို မစားဘူး မမျှတဘူးထင်လို့ သိပ္ပံပညာရှင်တွေ တီထွင်ထားတဲ့ အပင်ကနေရတဲ့ဟာလေ အသားနဲ့အရသာတူတယ် အခုဆိုရင် ကျွန်တော်တို့က အသားစားဖို့အတွက် တိရိစ္ဆာန်လေးတွေကို သတ်စရာမလိုတော့ဘူး " လို့သူကပြောတယ် စားသောက်ပြီးတော့ ကျွန်တော်က ခုံပေါ်မှာ မှီပြီးစားမြုံပြန်နေလိုက်တယ် နေရောင်က မျက်နှာပေါ်ကို ကျလာတာနဲ့
" ဘာလို့ဒီလောက်တောင် နွေးနေရတာလဲ အခုက ဆောင်းရာသီမဟုတ်ဘူးလား ကျွန်တော်တို့ အချိန်နဲ့ အတူတူပဲမလား "
" ကျွန်တော်တို့ ရာသီဥတုတွေကို ထိန်းချုပ်လိုက်ပြီလေ အချိန်တိုင်းနေသာတယ် မိုးက ညကျမှရွာတယ် ခရစ်စမတ်ကျရင် နှင်းကျတယ် "
အိုးးကောင်းလိုက်တာ ဒီမှာ အဖျားအနာလဲမရှိ ဆင်းရဲမှုလဲမရှိ လူမျိုးခွဲခြားမှုလဲမရှိ နဲ့တော်တော်လေး နေချင်စရာကောင်းတာပဲ လို့ကျွန်တော် တွေးလိုက်မိတယ်
" စစ်တွေဘာတွေကော မဖြစ်ဘူးလား " ဆိုတော့
" ကျွန်တော်တို့ စစ်မဖြစ်တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ လောက်ကပဲလေ "
ဟ ဒါဆိုရင် ဟယ်တန်တီထွင်နေတဲ့ လေဆာလက်နက်က အလကားပဲ ဘာအတွက်လဲ သူကမှအသုံးမကျတာ လို့စိတ်ထဲကတွေးလိုက်ပြန်တယ် ပြီးတော့ သူ့ကို
" ဒီမှာ တော်တော် လေး နေလို့ကောင်းမယ့်ပုံပဲ ကျွန်တော်ဒီမှာနေချင်တယ် " ဆိုတော့သူက
" ဘာလို့မဖြစ်ရမှာလဲ ခင်ဗျားနေချင်ရင်နေပေါ့ " တဲ့ ဒါနဲ့ကျွန်တော်လဲ စဉ်းစားလိုက်တယ် အင်းဘာလို့မဖြစ်ရမှာလဲ ဟုတ်သားပဲ ငါ့မှာ မိသားစုလဲမရှိ ဒီမှာနေတာကမှ ပိုကောင်းမယ်လို့ တွေးလိုက်မိတယ် ပြီးတော့သူ့ကို " ကျွန်တော်ဒီမှာနေမယ် ဒါပေမယ့် ကျွန်တော် ပြန်သွားချင်သေးတယ် " ဆိုတော့ သူက
" ဘာလို့လဲ "
" တခြားသိပ္ပံပညာရှင်တွေကို ကျွန်တော် လုပ်နိုင်ခဲ့ကြောင်းကြွားချင်သေးတယ် "
" အဲဒီတော့ "
" ပရော်ဖက်ဆာ ဟယ်တန်ကို ကျွန်တော့်ရဲ့ အောင်မြင်မှုကို သိစေချင်တယ် ကျွန်တော် အချိန်ဖြုန်းနေတာ မဟုတ်ပါဘူး ဆိုတာကို လက်တွေ့ပြချင်တယ် "
" ခင်ဗျား မဟာအမှားကြီးကို လုပ်တော့မှာပဲ ဒါပေမယ့် မတားပါဘူး " ဆိုပြီး ကျွန်တော့ကို ယန္တယားကြီးဆီကို လိုက်ပို့ပေးတယ် သူ့ကို နှုတ်ဆက် အထဲဝင်ပြီး ကျွန်တော်တို့ အချိန်ကို နှိပ်လိုက်တယ် ခုနှစ်တွေ တရွေ့ရွေ့ပြုတ်ကျလာတာကို တွေ့လိုက်ရတယ် နောက် ပေါက်ကွဲသံကြီးကြားလိုက်ရပြီး ခတ္တအဆက်အသွယ်ပြတ်သွားခဲ့တယ် ကျွန်တော် နိုးလာခဲ့တယ် ဆေးရုံရောက်နေတာကို သိလိုက်ရတယ် ဟယ်တန်က ကျွန်တော့်ဘေးမှာ " ဘယ်လိုလဲ သက်သာရဲ့လား " ကျွန်တော့်ရဲ့ခြေထောက်တွေလက်တွေ နာနေတယ် ခြေထောက်မှာလဲကျောက်ပတ်တီးအဖွေးသားနဲ့
" ဘာဖြစ်တာလဲ " လို့မေးလိုက်တယ်
" ကျွန်တော်လဲ ခင်ဗျားကို အဲဒီအကြောင်းမေးမလို့ " တဲ့ဟယ်တန်ကပြောတယ် " ကျွန်တော့်ရဲ့ လေဆာနဲ့ လက်တွေ့ခန်းထဲမှာ စမ်းသပ်နေတုံး ရုတ်တရက် ခင်ဗျားရဲ့ စက်ကြီးပေါ်လာတယ်လေ ပြီးတော့ ပေါက်ကွဲသွားတာပဲ ကျွန်တော့်ရဲ့ လေဆာလဲ အစိတ်စိတ်အမွှာမွှာဖြစ်သွားပြီ"
" ကျွန်တော့်ရဲ့ ယန္တယားရော "
" သူလဲပေါက်ကွဲသွားပြီ ခင်ဗျားအသက်ရှင်နေတာ ကံကောင်းတယ်မှတ်ပါ " ကျွန်တော် မျက်စိကို စုံမှိတ်ထားလိုက်မိတယ်
ဟယ်တန်က " အဆင်ပြေရဲ့လား ကျွန်တော် ဘာလုပ်ပေးရဦးမလဲ "
" ကျွန်တော့ကို ထားခဲ့ပြီးထွက်သွားပေးပါ " လို့ကျွန်တော် တောင်းဆိုလိုက်တယ်
ဟယ်တန်ထွက်သွားပြီ
ကျွန်တော့်ရဲ့ ယန္တယားကြီးကို ဘယ်လိုမှ ပြန်ဆောက်လို့မရတော့ဘူး kronite X ကမရှိတော့ဘူး ကျွန်တော်ပြန်မလာသင့်ဘူး အဲဒီမှာပဲနေသင့်တယ်

ကြယ်ကလေး က အသစ်မတင်ဘူးလားဆိုလို့ တင်လိုက်တာပါ
အမှားအယွင်းရှိရင်လဲ ပြင်ဖတ်ပေးပါဦးလို့
အားလုံးကို ကျေးဇူးတင်ပါသည်
ငှက်ကလေး ရဲ့ ကောင်းကင်ပြာ

Sunday, 24 May 2009

သိချင်တယ်ပေါ့ ဟုတ်စ

နံမည်က ကောင်းကင်ပြာ အထက်တန်းကျောင်းက သယ်ရင်းတွေက chucky တဲ့ GCE ကသယ်ရင်းတွေကတော့ ဖြူဖြူကျော်သိန်းတဲ့ အင်္ဂလိပ်သူငယ်ချင်းတွေက Sky တဲ့ ကိုယ့်ကိုယ်ကို ပေးထားတဲ့ အင်္ဂလိပ်နံမည်က Kelly ဆရာမပေးထားတဲ့ နံမည်က Jade တဲ့
ငှက်ကလေး ဆိုတာတော့ ညီမက အိမ်ကို ခဏပြန်ချင်တယ် လေယာဉ်ခက လဲ ဈေးကြီးတာနဲ့ မပြန်ဖြစ်ဘူး ဒါနဲ့ အတောင်ပံ တစုံလိုချင်တယ်ဆိုပြီး ငှက်ကလေး လို့ ပေးလိုက်တာ ကောင်းကင်ပြာ ဆိုတဲ့ ဘလော့ဂ်လုပ်မလို့ဟာကိုမမကောင်းကင်ပြာက ဦးလိုက်တော့ မရှိတော့ဘူး ဒါနဲ့ little bird လုပ်တော့လဲ သူများ ဦးပြီးသားကြီးဆိုတော့ kaungkin ပဲလုပ်လိုက်တာ 18 ကျတော့ ညီမရဲ့မွေးရက်လေ အဲဒီ ဂဏန်းလေး လဲ ကြိုက်တာနဲ့ kaungkin18 ဆိုပြီးဘလော့ဂ်လေးဆောက်ဖြစ်တာပါပဲ

တဂ်ချင်တဲ့ လူတွေကတော့ အများကြီးပဲ အဟိ
အရင်ဆုံး အရိုင်းရေ ငါ့မှာပြောစရာတွေများတော့ နင့်ကို နံပါတ်ထဲမထည့်တော့ဘူးနော် နားလည်ပေးနော် သယ်ရင်း ကြီး
ကဲ တဂ်ပြီ
၁။ မမမယ်ကိုး က အရင်ဆုံး မီး ဘလော့ဂ် စရေးတော့ comment ပေးတာပဲ တကယ်တော့ ko boyz ပါ သူကလည်လည်မလာဘူး ဒါနဲ့ သူနဲ့ မခေါ်တော့ဘူး ဟိဟိ ပြောသာပြောတာ အခုတဂ်တဲ့အထဲ သူပါသွားပြီ ဟားဟား

၂။ မမမျက်မှန်လေး က လဲ မီးလိုပဲ အခုမှစ ရေးတာ ဒါပေမယ့် စီနီယာကျမယ်ထင်တယ် မနိုင်း ဆီမှာ ဖိတ်ထားတာ တွေ့လို့ သွားဖတ်ရင်းနဲ့ ခင်နေတာလေ မနိုင်း က တော့ ဗဟုသုနဲ့ ဘာသာပြန်လေးတွေရေးတယ်လေ စိတ်ဝင်စားဖို့ကောင်းတယ် ဒါနဲ့ ညီမလဲ မနိုင်းကို အားကျလို့ မတောက်တခေါက်ရေးထားတာတွေလဲ ရှိတယ် အဟိ မနိုင်းစာတွေဖတ်တယ် ဒါပေမယ့် တခါတလေမှ comment ပေးဖြစ်တယ် ၁ အချက်က ကိုယ့်ထက်ဦးတဲ့ လူတွေရှိတယ်လေ မန့်တာပြောပါတယ် ဒါနဲ့ မပေးဖြစ်ဘူး ၂ အချက်က အကိုက မနိုင်းဘလော့ဂ်ကို ဖတ်တယ်လေ တော် နေ ညီမ ဘလော့ဂ်ကိုတွေ့ပြီး လိုက်ချလာမှာစိုးလို့ ဒီဘလော့ဂ်ရေးတာ အကိုမသိဘူးးး ဟားဟားး မနိုင်းနေ အမစာတွေ ညီမဖတ်တယ်နော် လင့်ခ်တောင်လုပ်ထားသေးတယ် ဒါပေမယ့် တခါတလေမှ မန့်ဖြစ်တာလေ ပြီးတော့ အမရေ မသိတာကိုပြောပြပေးတဲ့အတွက်လဲ ကျေးဇူးပါပဲ

၃။ ကိုဝသန် ကလဲ ရေးတာ အခုမှ ၁ လပဲ ရှိသေးတယ် ဆိုပြီး ညီမ ကိုတဂ်တယ် နံမည်က စိတ်ဝင်စားစရာပဲ ကိုဝသန်ရေ နောက်တခါ ညီမ ဘလော့ဂ်အသစ် ဖွင့်ရင် နွေဂိမှာန် ဆိုပြီးဖွင့်မယ် သိလား ခွိခွိ မနွေးကလဲ တဂ်လာတယ်လေ အစက လုပ်နေသေးတယ် မမက မောင်လေးလား ညီမလေးလားမသိဘူးဆိုပြီး နောက်မှ profile ကြည့်ပြီးတော့မှ အော် ညီမလေးတဲ့ လေ

၎။ မမက်မက် ကျတော့ အမြဲတမ်းလူတိုင်းကို အာဘွားလိုက်ပေးနေတာပေါ့ အဟိ ပြီးတော့ ဂျကားလဲ အပီဘူး တရော်တရော် ရှက်ပါတယ် ကိုနေဒေးသစ် က ညီမစရေးတော့ comment ပေးတယ် ဒါနဲ့ ကလစ် လုပ်ကြည့်တာ မရဘူး အော် ဘလော့ဂ်မရေးဘူးထင်နေတာ နောက် မနွေးဆီမှာ သူ့ဘလော့ဂ်လိပ်စာ ပေးထားတာနဲ့ လိုက်သွားတာ ဟွန်းးးး စိတ်ပုတ်ဘာညာဆိုပြီး ပြောထားလိုက်တယ်

၅။ မမမြူးက ဟင်းချက်တော်တယ် သူ့အိမ်သွားရင် ပြန်တောင်မပြန်ချင်တော့ဘူး စားစရာတွေမှ ရှယ်ပဲ ရှလွတ် မမမြူးကနေ တဆင့် ကိုမြစ်ကျိုးအင်းကို ဖတ်ဖြစ်တယ် နံမည်က ဆန်းသား ဆိုပြီးတော့လေ နံမည်ဆန်းတဲ့လူတွေကတော့ အနော်မာ နဲ့ ကိုနွယ်ရိုးပဲ ဟဟ ကိုနွယ်ရိုးကိုတောင် nick name တခုညီမပေးထားသေးတယ် ဘာတဲ့ ကိုကျူရိုးတဲ့ အဟိ စိတ်ဆိုးနဲ့နော် ကိုကျူရိုးရှင့် နောက် ကိုလူထွေး သူ့အိမ်သွားပါတယ် ငိုပြီးပြန်လာရလို့ လိုက်ချလာတယ် ညီမ့အိမ်ကို ဟားဟား

၆။ မမကောင်းကင်ပြာ နံမည်လေးတူလို့ သွားဖတ်ဖြစ်တယ် အပြာရောင်ကြိုက်တာချင်းလဲတူတယ် ဟွန်းးးး မမကြောင့် ညီမ ကောင်းကင်ပြာဆိုတဲ့ ဘလော့ဂ်လေးမရတာ အဟိ စ တာနော်မမရေ စိတ်မချိုးရဘူးနော် နောက်တယောက်ကျတော့ ကြယ်ကလေး တဲ့ နံမည်လေးက လှတာ မကြည်ဖြူပိုင်ကျတော့ အစက မသိဘူး ကိုကြည်ဖြူပိုင်ထင်နေတာ နောက်မှ အမဖြစ်နေမှန်းသိတယ် ဟားဟား

၇။ ခရေတွန် သူ့ကို မနိုင်းဘလော့ဂ်မှာ တွေ့လို့ လေ သူရေးထားတာလေးက သူငယ်ချင်းတယောက်နဲ့ အရမ်းတူတယ် အဲဒီသူငယ်ချင်းလဲ ဘလော့ဂ်ရေးတယ် ဒါပေမယ့် ညီမကိုမပေးဘူး ဒါနဲ့ လိုက်ရှာတာ အဟား တွေ့ပြီလို့ ဝမ်းသာအားရ သူ့အိမ်ကိုသွားတာ ဟုတ်လဲ အဟုတ်ဘူး ဒါပေမယ့် သူ့စာတွေကို အားပေးပြီးပြန်လာခဲ့တယ် မန့်ထားပါသေးတယ် သူ့ကို အိမ်လဲ လိုက်မလာဘူး ဒါရေးပြီးရင်ထပ်သွားခေါ်ဦးမယ် သူ့ကို အသက်ချင်းအတူတူပဲဆိုတော့ လေ သူငယ်ချင်းပေါ့နော်

၈။ ကိုခရောင်း ကတော့ အရိုင်းဆီမှာ တွေ့လို့ဝင်ဖတ်ဖြစ်တယ် အရိုင်းကိုလဲ ချစ်ပုံရတယ် ကောင်လေးကောင်လေးနဲ့နေတာပဲ သူ့ကိုတောင် video ဖိုင်မတင်တတ်လို့ အကူအညီတောင်းထားတာ တခါလာလည်ပြီး မလာဘူး ကိုခရောင်းရေ ညီမလဲ အရိုင်းရဲ့ သူငယ်ချင်းပါပဲ ညီမဆီလဲ လာလည်ပါဦးလို့ အဟိ

၉။ ဖိုးဂျယ် ကတော့ ညီမထင်တာပေါ့နော် ညီမ့ထက်အသက်ငယ်မယ်လို့ အမလေး ဘယ်ဟုတ်လိမ့်မလဲ ကြီးသား (အသက်ကိုပြောပါတယ်) ဒါနဲ့ အဲလိုလေး မန့်ပြီးပြန်လာခဲ့တယ် အကိုဖိုးဂျယ်က လာလည်တယ် လင့်ခ်ထားမယ်လို့ပြောသွားတယ်

၁၀။ တီတီဆွီ နဲ့ တီတီဝါ အယ် ဘယ်လိုရေးရမှန်းတောင်မသိဘူး ခရေတွန်က တီတီလို့ ခေါ်လို့ ညီမလဲ လိုက်ခေါ်တာ အဲဒါ ညီမကို comment ပေးတော့ ညီမလေး ဆိုတာနဲ့ အဟီး မမဆွီနဲ့ မမဝါ ဖြစ်သွားရော ကိုသောကြာ ကတော့ မနိုင်းဆီမှာတွေ့လို့ ဝင်ဖတ်ဖြစ်တယ် လေ ဒါနဲ့သူလဲ လည်လည်လာပါတယ်
အယ် မေ့နေတာ ကိုသားကြီး ကျန်နေတယ် တဂ်လိုက်ပြီနော် ကိုသားကြီးရေ

ကဲ tag အကြွေးတွေဆပ်ပြီးပြီနော် တကယ်တော့ ဘလော့ဂ်ဂါ မောင်နှမတွေ အကုန်လုံးကိုတွေ့ချင်တာပါပဲ
နံပါတ် ၁ ခုမှာ ၃ ၄ ယောက် ဖြစ်နေတယ် နံပါတ် ၁ ခု ၁ ယောက်မထားနိုင်တာ နားလည်စေချင်ပါတယ် ရေးချင်တဲ့လူတွေက များတော့ အဲလိုဖြစ်သွားပါတယ် ခွိခွိ

Saturday, 23 May 2009

မျက်မှန်လေး

သင်္ချာ အချိန်ပြီးတော့ gym မှာ သွားဆော့တယ် ထုံးစံအတိုင်းပေါ့လေ အင်္ကျီလဲပြီးတော့ မျက်မှန်လေးကို စာအုပ်ပေါ်မှာ တင်ထားခဲ့တယ် ပြီးတော့ ၁ နာရီလောက် ကစားတယ်လေ (အဲဒီလောက်မှ မဆော့ရင်လဲ လူလဲလုံးတုတ်ဖြစ်နေပြီ သူငယ်ချင်းတယောက် ဒီလိုခေါ်တယ် ရှင်ဂွမ်းဂွိ တဲ့ လူကိုများ ဟင်းးး ) ခဏနေတော့ အကိုတော် ရောက်ချလာတယ် သူလဲဆော့တယ် သူလဲ ဝ တယ် မီး တို့အမျိုးတွေက ဝ မျိုးတွေလေ ဝ ကြတယ် အဟိ အကိုက နောက်မှရောက်လာတော့မပြီးသေးဘူး ဒါနဲ့သူ့ကို library စောင့်မယ်ဆိုပြီး အဝတ်အစားလဲပြီး library သွားတာပေါ့ ဟိုရောက်တော့မှ မျက်မှန်မပါမှန်း သတိရပြီး gym ကိုပြန်လာပြီး မျက်မှန်ရှာတာပေါ့လေ မတွေ့ဘူး ရှင်းနေတာပဲ ဘာမှကိုမရှိတာ မျက်မှန်နဲ့ တူတာဆိုလို့ အဲဒီက staff လေးကို
" ငါ့မျက်မှန်တွေ့မိလား ငါပျောက်နေလို့ " လို့မေးတော့ သူလဲ ကူရှာပေးမယ် မတွေ့ဘူး စိတ်ပျက်ပျက်နဲ့
" ဒါဆိုလဲ မျက်မှန်တွေ့ရင် သိမ်းထားပေးပါ " လို့ပြောလိုက်တယ်အကို့ကို ပြောတော့ အကိုက
" နင် သင်္ချာ အတန်းမှာ ကျန်ခဲ့လား မသိဘူး သွားကြည့် " တဲ့ ဒါနဲ့ သွားတော့ Martin ( maths tutor ) က နောက်တတန်းတောင် စ နေပြီ
" ငါ့မျက်မှန် ကျန်ခဲ့လား မသိဘူး တွေ့မိသေးလား " လို့မေးတော့ သူ က
" မတွေ့ဘူး Sky ပျောက်နေရင် reception မှာ သွားပြောထားလိုက်လေ " တဲ့ ဒါနဲ့ reception ကို ဒိုးရတာပေါ့ စိတ်ကို လေ တယ် ဂယ်ပဲ မျက်မှန်မရှိရင် လူက မမြင်ရဘူး အဝေးကြည့်ဆိုတော့ ပိုဆိုးတယ် အဲဒီနေ့က ကောင်လေး ချောချောလေး တွေကို ကောင်းကောင်းမငမ်းလိုက်ရဘူး (အဲလေ အမှန်တွေလျှောက်ပြောမိကုန်ပြီ)ခဏနေတော့ အန်တီတို့လာကြိုတယ် အန်တီိ့ကိုပြောလိုက်တယ်
" အန်တီ မီး မျက်မှန်ပျောက်သွားလို့ " ဆိုတော့ အန်တီက
" ဘယ်လိုလုပ်မလဲ စာမေးပွဲကလဲ နီးနေပြီ မျက်မှန် အသစ် ထပ်လုပ်ဖို့ appointment က ယူရဦးမှာ ကြာဦးမှာ ဒီကြားထဲ သမီးဘယ်လိုလုပ်မလဲ " တဲ့ လူလဲငိုချင်ရော ဦးလေးက
" ဘယ်မှာပျောက်တာလဲ " တဲ့
" gym မှာပျောက်တာ " ဆိုတော့
ကိုကို " နင်က သေချာလို့လား မသေချာပဲနဲ့ gym ပဲစွတ်ပြောနေတယ် " တဲ့
ဦးလေးကလဲ " ဟုတ်တယ် ဒီကောင်မလေးက ဘာမှသေချာတာဟုတ်ဘူး " တဲ့ ကဲ ကောင်းရော အဲလိုမျိုး မီးပြောသမျှကို ယုံကြတာ စိတ်ညစ်ရတဲ့ အထဲ ဒါနဲ့ ဘာမှပြန်မပြောတော့ဘူး အန်တီက အိမ်ရောက်ရောက်ချင်း ပဲ appointment လုပ်ပေးတယ် ဆရာဝန်နဲ့တွေ့ပြီး မျက်စိစစ်ဖို့က တပတ်လောက်နေမှတဲ့ အင်းး ဒီကြားထဲ ဘယ်လိုစခန်းသွားရမလဲ မသိ စိတ်ညစ်တယ်
နောက်နေ့ကျတော့ Bio tutor က Cell လေးတွေ အလုပ်လုပ်တာ ကို video ပြတယ်လေ မျက်မှန်မရှိဘူး မမြင်ရပါဘူးဆိုနေမှပဲ မနည်းလိုက်ကြည့်ရတယ် မှုန်တာ နော် နောက်ရက်ကျတော့ Paul (English tutor) အချိန် စိတ်ပိန်ပိန်နဲ့ (လူတော့ မပိန်ဘူး ) အတန်းထဲ အစောကြီးရောက်နေလိုက်တယ် ကိုကိုကတော့ ဘယ်မှာလဲမသိဘူး သိလဲမသိချင်ဘူး ခဏနေတော့ ကိုကိုကပြောတယ်
" ဟဲ့ နင့်မျက်မှန်ကို gym mananger ဆီမှာ သွားယူလိုက် သူ ငါ့ကို ပြောတယ် ပြန်တွေ့ပြီတဲ့ " ဒါနဲ့ gym ကို အပြေးအလွှား သွားတာပေါ့ gym mananger က
" ရော့ နင့်မျက်မှန် သူများ အိတ် ထဲရောက်နေတာ သူက လာပြန်ပေးသွားတယ် " တဲ့ ဒါနဲ့သူ့ကို ကျေးဇူးတင်စကားပြောပြီး reception ကိုသွားလိုက်တယ် ဟုတ်တယ်လေ မျက်မှန်ပြန်တွေ့ကြောင်း သတင်းပေးရဦးမယ်လေ ဟုတ်ဘူးလား
အဲလိုပါဆိုနေမှ ကိုယ့်မျက်မှန် တခုလုံး သူများအိတ်ထဲပါ သွားတာလေ ကိုကိုကတော့ ပြောမဆုံးဘူး
" နင်ဟာလေ လူတွေအကုန်လုံးကို ဒုက္ခလိုက်လျှောက်ပေး သိလား " တဲ့ ဘာပဲပြောပြော တော်သေးတယ် မျက်မှန်ပြန်ရလို့ မဟုတ်ရင် မြင်ရမှာ မဟုတ်ဘူး ခွီးခွီး
အဲဒါ အဖေကသိတော့ ပြောပါလေရော " သမီးအဲလိုနမော်နမဲ့မလုပ်ရဘူးလေ ကိုယ့်ပစ္စည်းကိုယ် သေချာသိမ်းမှပေါ့ " တဲ့

မမမျက်မှန်လေး ရေ အမက မျက်မှန်လေးအကြောင်းရေးတော့ ညီမကလဲ မျက်မှန်ပျောက်တဲ့အကြောင်းရေးတယ် မမရေ အဟ ဘာမှတော့မဆိုင်ဘူး ဒါပေမယ့် ရေးစရာမရှိလို့ ဟိဟိ

Wednesday, 20 May 2009

သူငယ်ချင်း စုံတွဲလေး

" Hi " လို့ လာနှုတ်ဆက်လာသူကတော့ ပေါက်ဖော် လို့ မီးနံမည်ပေးထားတဲ့ သူပါပဲ ဒါနဲ့
" ဟဲ့ နင်က ငါ့ကို offline ကြီးနဲ့ ချက်နေတာလား " ဆိုတော့
" ဟိဟိ invisible ပါဟ " တဲ့
" အောင်မာ ဘာတွေများရယ်စရာ ရှိတုံး တဟိဟိ " နဲ့
" sis က သူ့ရဲ့ ရည်းစားပါ " တဲ့ ပေါက်ဖော်တခါပြောဖူးတယ် သူ့ရည်းစားက သူ့ထက် အသက်ကြီးတယ်တဲ့ ဒါနဲ့ " အော် မမလား နေကောင်းလား " လို့ နှုတ်ဆက်လိုက်တယ် အဲဒါကို
" ဟုတ်ဘူး sis က အခုမှ ၁၈ ပဲရှိသေးတာ " တဲ့ အယ် တခုခုတော့ မှားနေပြီ ငါပဲ မှားလား ဘယ်သူမှားလဲမသိဘူး ဆက်အစ်ကြည့်ဦးမှ ဆိုပြီး " ဟုတ်လား " လို့မေးလိုက်တယ် ကောင်မလေးက ပြန်မေးတယ် " sis ကရော ဘယ်နှနှစ်လဲ ကို့သူငယ်ချင်းဆိုတော့ ၁၉ ပေါ့နော် မမ လို့ခေါ်မယ်နော် " တဲ့ " အင်းရတယ် ကြိုက်သလိုခေါ် " လို့ပြောလိုက်တယ်
" ဟိုးတနေ့က တို့ကြောင့်ရန်ဖြစ်သေးတယ်ဆို " လို့မေးလိုက်တော့
" အဟီး ဟုတ်ပါဘူး မမရာ သူ့ကို ကောက်ကြည့်တာပါ " တဲ့
" အင်းလေ တို့က သူငယ်ချင်းတွေပါပဲ အထင်မလွဲပါနဲ့ " လို့ပြောလိုက်တယ်
" မမ ကို အလုပ်ရသွားပြီဆို ဟုတ်လား " တဲ့
" အင်း ဟုတ်တယ် သူပြောတယ် ညီမလေး "
" အရမ်းပင်ပန်းလား ဟင် ညီမ ကသူပင်ပန်းတာ မကြည့်ရက်ဘူး " တဲ့
" ဒါတော့ မသိဘူးညီမ အမကို ပင်ပန်းတယ်လို့မပြောဖူးဘူး " ပေါက်ဖော် ကောင်စုတ်သူ့ကောင်မလေးကို ချွဲတာနေမှာပေါ့ ဟိဟိ
" ညီမက အခုဘာတက်နေတာလဲ " ဆိုတော့
" အင်္ဂလိပ်စာ day တဲ့ " အင်းးး
" ဘယ်ကလဲ ရန်ကုန်ကပဲလား " ဆိုတော့ " ဟုတ်ကဲ့ " တဲ့ အဟား ပေါက်ဖော်ပြောတော့ သူ့မမ က ပြည်ကဆို အခုတော့ ရန်ကုန်တဲ့
" ညီမလေး နဲ့ဘယ်လိုတွေ့ကြတာလဲဟင် "
" chatting မှာတွေ့ကြတာ " တဲ့ ဟိုက် ရော ဒါလဲလွဲပြန်ပြီ ပြောတော့ လူကူးမျဉ်းကြားမှာ မကူးလို့ ဒဏ်ရိုက်ခံရတုံးက တွေ့တာဆို ဟုတ်နေပါပြီ ငပွေ လှေနံနှစ်ဖက်နင်းနေပြီ နေမှာပေါ့
" မ ညီမရဲ့ မေးလ်ယူထားလိုက်ဆိုပြီး " ပေးတယ် ကောင်မလေးနဲ့ ချက်ပြီးသွားတော့ ခင်တင်းတင်းရှိလှတာနဲ့ ပေါက်ဖော်ဆီ မေးလ်လှမ်းပို့ ပြီး ဆဲထားလိုက်တယ် စုံနေတာပဲ အဲဒီအကောင်ကို ဆဲထားတာမှ ကြာကူလီတွေရော ငပွေတွေရော အမှန်တော့ မီးနဲ့ ဘာမှမဆိုင်ပါဘူး ဒါပေမယ့် မျက်စိလည်အောင် လုပ်လို့ဆိုပြီး လှမ်းဆဲလိုက်တယ် ညရောက်တော့ မေးလ်လှမ်းပို့တယ် အဲကောင်က
" ဟဲ့ ငါရှင်းပြမယ် နင်အားတဲ့ နေ့ကျရင်ပြောသိလား " တဲ့ အဲလိုပြောပြီးတာနဲ့ လူလဲမအားတော့ဘူး ဘလော့ဂ် လုပ်ဖို့လုံးပန်းရ ကျောင်းတက်ရနဲ့ chatting မထိုင်ဖြစ်တာတော်တော်လေး ကြာသွားတယ် ၃ ပတ်လောက်ရှိမယ်ထင်တယ် တနေ့ chatting လေးထိုင်ဖြစ်ပါတယ်
" မရေ " တဲ့ သူ့ကောင်မလေးက လှမ်းနှုတ်ဆက်တယ် " မတွေ့ရတာကြာပြီ လွမ်းလိုက်တာ မရယ် " တဲ့
" အင်း မမလဲ လွမ်းတယ် မအားလို့မတက်ဖြစ်တာ "
" မမ ကို မေးစရာရှိတယ် "
" မေးလေ ညီမလေး "
" သူ့မှာ နောက်ကောင်မလေး တယောက်ရှိတယ် ဆို ဟုတ်လား " ဟိုက်ရှာလပတ်ရည် သူများရည်းစားကြားထဲ ဖြစ်နိုင်ရင် ကိုယ်က ပါချင်တာ မဟုတ်ဘူးတော်နေ ကိုယ်ပြောလိုက်လို့ ပြတ်သွားရင် ပြသနာတက်ဦးမယ်
" ဒါနဲ့ ဘယ်သူပြောတာလဲ ညီမလေး ရ မရှိပါဘူး သူ့မှာ "
" မညာပါနဲ့ မ ရာ သူ့သူငယ်ချင်းတယောက်ကပြောတာ " တဲ့ ခက်ကုန်ပါပြီ ဘာလုပ်ရမှန်းမသိပြောရမှာလား မပြောရဘူးလားမသိဘူး အဲဒီအချိန်မှာပဲ ကိုယ်တော်က
" ဟဲ့ နင်ဘလော့ဂ်တွေ ရေးနေတာလား မပင်ပန်းဘူးလား " တဲ့ လာပြောတာနဲ့
" နင့်ကောင်မလေး ငါ့ကို နင့်စော် အကြောင်းမေးနေတယ် ပြောရမှာလား "
" မပြောနဲ့ ဘာမှမပြောနဲ့ " တဲ့
" အေးအေး " လို့ပြန်ဖြေတယ် ဒါကို
" sis အဲဒီ account က ညီမဝင်နေတာ " တဲ့ အယ် ခုဏက ပေါက်ဖော်ပါ အခုဘယ်လိုဖြစ်တာလဲ စဉ်းစားလိုက်တော့ အော်သိပြီ သူနဲ့ သူ့ကောင်မလေးနဲ့က သူ့ account ကို ပြိုင်တူဖွင့်ထားတာ ပေါက်ဖော် ကောင်းကင် ဆီကို စာလှမ်းရိုက်တာတော့ ကောင်မလေးကမမြင်ဘူး ကောင်းကင်က ရိုက်လိုက်တာတော့ မြင်ပြီးပြောတာ ဒါနဲ့ ကောင်မလေး account ကိုသွားပြီးတော့
" ညီမရေ မမကို မျက်စိလည်အောင်မလုပ်နဲ့တော့ ပြောပြမယ် " ဆိုတော့
" ဝေးးး ဒါမှတို့မမတဲ့ ကွ "
" ဟုတ်တယ် သူ့မှာ မမရှိတယ် သူ့ထက် ၄ နှစ်ကြီးတယ် "
" အင်း ဒါတော့ သိတယ် ဘယ်ကလဲ ရန်ကုန်ကလား အင်္ဂလန်ကပဲလား "
" ပြည်က "
" ဘယ်လိုချစ်သွားတာလဲဟင် အခုရော ချစ်နေတုံးပဲလား ပြတ်သွားပြီလား " တဲ့
" မသိဘူး ညီမလေး မမလဲဒီလောက်ပဲသိတယ် သူနဲ့ သိပ်မရင်းနှီးဘူး " အမှန်တော့သိတယ် တော်ပြီလေ ဒီလောက်ပြောပြီးရင် ဟုတ်တယ်မလား
" မမ သူ့မှာ တခြား account ရှိသေးတယ် အဲဒါ မ သိလား " တဲ့ အမှန်တော့ သိတယ် ပေါက်ဖော် ပြသနာတက်မှာစိုးတာနဲ့
" မသိဘူး ညီမလေး ဒါပဲရှိတာမဟုတ်ဘူးလား မမကိုလဲ ဒါပဲပေးထားတာ လေ ဟုတ်ဘူးလား " ဆိုတော့
" ဟုတ်ဘူး နောက်တခုရှိသေးတယ် သူက သိပ်ပိရိတယ် မမရ ညီမသိတယ် " တဲ့ အိရား မလွယ်ပါလား ဟရိုးးး မိန်းကလေးတွေက လည်တယ်နော် တကယ်မလွယ်ဘူး ဒါနဲ့
" အင်း မမတော့ ဒါပဲသိတာပါဆိုပြီး " ဘူးးခံငြင်းလိုက်တယ် မလွယ်ကြောပဲ ကြာရင် အကုန်ပေါ်တော့မယ် ဆိုပြီး
" ညီမလေးရေ မမ မနက်ဖြန်စာမေးပွဲရှိသေးလို့တာ့တာ နော်" ဆိုပြီးလစ်ထွက်လာလိုက်တယ်
အမလေးနော် ပေါက်ဖော် ရည်းစားနှစ်ယောက်ထားတာ ကိုယ်ပါကြားထဲက အချောင် မျက်စိတွေလည်ပြီး ခေါင်းတွေကိုက်နေပြီ

အရိုင်းရေ ငါလဲနင့်ကို အားကျလို့ ဒီပို့စ်လေး တင်လိုက်တယ်ဟေ့
ပေါက်ဖော် ငါ့ကို စိတ်မဆိုးနဲ့နော် သိလား သူငယ်ချင်း

Tuesday, 19 May 2009

အောင်မြင်ကြောင်းတရား




မကောင်းမှုရှောင် ၊ ကောင်းမှုဆောင် ၊ ဖြူအောင် စိတ်ကိုထား ။
ပြောပြုတွေးလျှင် ၊ သတိယှဉ် ၊ ဆင်ခြင် ဥာဏ်ရှေ့သွား ။
စိတ်ထားဖြောင့်မှန် ၊ ခွင့်လွှတ်ရန် ၊ သည်းခံမေတ္တာထား ။
လုံ့လနှင့် ဇွဲ ၊ မလျှော့ဘဲ ၊ အမြဲတင်းတင်းထား ။
အရာရာတွင် အသုံးဝင် ၊ အောင်မြင်ကြောင်းတရား ။

Sunday, 17 May 2009

ဗူဒူးအရုပ်

ဒီနေ့ဟာ မိုးမရွာခဲ့ဘူး အန်တီတို့လဲ အပြင်မသွားခဲ့ဘူး ဆိုရင် ဒီလိုဖြစ်လာစရာ အကြောင်းမရှိပါဘူး
ဂျိုးဂျိုးမှာ အမရှိတယ် သူ့နံမည်က ဆူး တဲ့ ဂျိုးဂျိုးထက် ၂ နှစ်ကြီးတဲ့ အပြင် ဂျိုးဂျိုးက သူ့ကိုကြောက်ရတယ် သူ ဘာခိုင်းခိုင်း လုပ်ပေးရမြဲပါပဲ အခုလဲ သူ ခေါ်လို့ ဂျိုးဂျိုး တို့ ထပ်ခိုးပေါ် ရောက်ခဲ့ကြတာပါပဲ သိတဲ့အတိုင်းပဲ ထပ်ခိုးက မသုံးတာ ကြာတော့ ဖုံတွေနဲ့လေ ဆူး က ရှေးဟောင်း သေတ္တာ ကြီးကို ဟိုမွှေဒီမွှေ လုပ်နေတယ် အဲဒီ သေတ္တာ က အဘိုးရဲ့ သေတ္တာပါ။ အဘိုးက ခရီးသွားရတာ ဝါသနာ ပါတယ်လေ သူ ခရီးက ပြန်လာရင်လဲ တခုခုတော့ ပါလာစမြဲပါပဲ ရှေးဟောင်းပစ္စည်းတွေ စုဆောင်းရတာလဲ ဝါသနာပါတယ်လေ ဂျိုးဂျိုးက ဘာသိမှာလဲ ဒါနဲ့ ရပ်ကြည့်နေတာပေါ့ ဆူး ဘာလုပ်နေလဲဆိုတာ ခဏနေတော့ အရုပ်တရုပ်ထွက်လာတယ် ဒါနဲ့ ဂျိုးဂျိုးက မေးတယ် " အဲဒါ ဘာလဲ ဆူး" ဆူးက အရုပ်ကိုသေချာကြည့်ပြီး
" ငါထင်တာ မမှားဘူးဆိုရင် ဒီအရုပ်ဟာ ဗူးဒူး အရုပ်ပဲ"
ဂျိုးဂျိုးက " အဲဒီ ဗူးဒူး အရုပ်က ဘာလုပ်လို့ရလို့လဲ ဆူးရ"
" ခဏနေဦး အရေးကြီးတဲ့ ဘယ်လိုအသုံးပြုရလဲဆိုတာ ရှာလိုက်ဦးမယ် " ဆိုပြီး ဆက်ပြီး မွှေနေတယ် ခဏကြာတော့ ဆူး က " ဟေးးး တွေ့ပြီဟေ့ ဒါကအရေးအကြီးဆုံးပဲ"
စာက ဟောင်းနေပါပြီ ဒါပေမယ့် ဖတ်လို့တော့ ရပါသေးတယ် စာထဲမှာ ဘာရေးထားလဲဆိုတော့
" ဗူးဒူး အရုပ်ပေါ်ကို အသုံးပြုချင်တဲ့ လူရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း ကို ကပ်ပြီး အသုံးပြုရမှာဖြစ်ပါတယ် " အဲလိုရေးထားတယ် ဒါနဲ့ ဂျိုးဂျိုးက " ဆူး အဲဒါ ဘာဆိုလိုတာလဲ " ဆိုတော့ ဆူးက မဲ့ပြုံးပြုံးပြီးတော့ ဂျိုးဂျိုး ကို ခိုင်းတယ် " ဂျိုးဂျိုး သွား အန်ကယ် ဟန်နရီ ရဲ့ ခေါင်းပေါ်က ဆံပင်မွှေး နဲနဲ သွားယူလာခဲ့ "
ဂျိုးဂျိုး လဲ ဆူး ရဲ့ စကားကို မလွန်ဆန်နိုင်တာနဲ့ အန်ကယ်လ် ဟန်နရီ ဆီကို ထွက်လာခဲ့တယ် သူက အိမ်ရဲ့ မာလီပါ အန်ကယ်လ် ဟန်နရီ အနောက်ကနေ သူ့ဦးထုပ်ကို ဆွဲချွတ်လိုက်တယ်
အန်ကယ်လ်က " ဟေ့ ကလေးမ ငါ့ ဦးထုပ်ပြန်ပေး " ဆိုပြီး လိုက်တောင်းတယ် ဒါနဲ့ ဂျိုးဂျိုးလဲ ဦးထုပ်မှာ ကပ်နေတဲ့ ဆံပင် ၃ ၄ ပင်ကို မသိမသာ ယူပြီးတော့ အန်ကယ်လ့် ကို ပြန်ပေးလိုက်တယ် ပြီးတော့ ဆူး ဆီပြန်လာပြီး ပေးလိုက်တယ် ဆူးက အဲဒီ ဆံပင်ကို ဗူးဒူးအရုပ်ရဲ့ ရင်ဘတ်မှာ ကပ်ပြီး အပ်လေးနဲ့ အရုပ်ရဲ့ ခြေထောက်ကိုထိုးလိုက်တယ်ဆိုရင်ပဲ အန်ကယ်လ် ဟန်နရီက " အားးးးး " လို့အော်ပြီး ဒူးကွေး ကျသွားတယ် ဒါနဲ့ ဂျိုးဂျိုး လဲ အရမ်းလန့်သွားတယ် ဆူး ကတော့ အောင်မြင်သူ ပြုံးတဲ့ အပြုံးနဲ့ ပြုံးနေတယ်

နောက်နေ့ကျောင်းသွားတော့လဲ ဆူး ဟာ အဲဒီ အရုပ်ကို အိတ်ထဲ ထည့်သွားတာ တွေ့ရတယ် ဒီနေ့နေ့လည်ကျတော့ ကေသီက နေမကောင်းလို့ ဆေးခန်းလိုက်ပို့ရတယ်လို့ ကြားလိုက်ရတယ် ကေသီဆိုတာ ဆူး တို့အတန်းထဲက စာတော်တဲ့ တယောက်ပါ ချောလဲချောတယ် ဒါနဲ့ ဂျိုးဂျိုးလဲ ချက်ချင်းပဲ ဆူး ဆီသွားပြီး
" ဆူး အဲဒါ နင်လုပ်တာလား " လို့မေးတော့
ဆူးက " ဒီကိစ္စ နင်မပြောရင် ဘယ်သူမှမသိဘူး နင်ငြိမ်ငြိမ်နေပါ နင့်ပါးစပ်ကို ပိတ်ထား နင့်ကို ငါမနာကျင်စေဘူး " လို့ပြောတယ်
ဂျိုးဂျိုးလဲ ဘာမှ ဆက်မပြောနိုင်တော့ဘူး ဒါပေမယ့်တော့ ဆူး ဒီလိုလုပ်တာကိုတော့ မကျေနပ်ဘူးပေါ့ နောက်နေ့တွေ နောက်နေ့တွေ သတင်းတွေ မရိုးအောင် ကြားနေရတယ် ဘယ်သူက ဘာဖြစ်ပြန်ပြီ အိမ်ပြန်သွားပြန်ပြီ ဆေးခန်းလိုက်ပို့ရပြန်ပြီဆိုပြီး နားနဲ့ မဆန့်အောင် ကြားနေရတယ် ဂျိုးဂျိုးဘာတတ်နိုင်မှာလဲ ဆူး ကိုကြောက်ရတာကိုး ဆူး ရဲ့ ရုပ်ကလဲ တနေ့တခြား ပြောင်းလဲလာသလိုပဲ မျက်စိထဲကြည့်ရတာ မကြိုက်ဘူး အရင်ကလို အပြစ်ကင်းစင်တဲ့ ဆူး မဟုတ်တော့ဘူး တနေ့တခြားပြောင်းလဲသွားပြီ

ဒီလိုနဲ့တနေ့ပေါ့ ဦးလေးက ဆူး ကိုရိုက်တယ် စာမေးပွဲအမှတ်တွေမကောင်းလို့ တဲ့ ဆူး က ဘာမှပြန်မပြောဘူး မျက်လုံးကြီးနဲ့စိုက်ကြည့်နေတယ် ကြောက်စရာကောင်းလိုက်တာ ဂျိုးဂျိုး အရမ်းကြောက်တာပဲ ဆူး ရယ်ဘာတွေဖြစ်နေတာလဲ ညကျတော့ ဦးလေး အခန်းထဲက အော်သံကြားလိုက်ရတယ် မနက်ကျတော့ ဦးလေး ဆေးရုံတင်ထားတယ်တဲ့ အန်တီက ပြောတယ် ဂျိုးဂျိုး အရမ်းအံ့သြသွားတယ် ဒါပေမယ့် ဘယ်သူလုပ်တာလဲ ဆိုတာ သိနေတယ် ပြောမထွက်ခဲ့ဘူး
တပတ်နေတော့ ဆူး က အမှိုက်ပုံးထဲက ခြေသည်းလက်သည်းတွေကို လိုက်ကောက်နေတာတွေ့တယ် ဂျိုးဂျိုးက " ဆူး ဘာလုပ်နေတာလဲ " ဆိုတော့
ဆူးက " ဒါက အန်တီရဲ့ လက်သည်း နင်နဲ့ အန်တီနဲ့ မနေ့က လက်သည်းညှပ်ထားတာ ငါသိတယ် ဒါကတော့ နင့်ရဲ့ လက်သည်း မနေ့က အန်တီ ငါ့ကို ဆူတယ် ငါမကျေနပ်ဘူး မနက်ကျလို့ အသံကြားရင် သွားမကြည့်နဲ့ အံ့သြစရာလဲမရှိဘူး " ပြောတဲ့ စကားတွေက ဆူး မှ ဟုတ်ပါလေစလို့ စိတ်ထဲက ထင်လိုက်မိတယ် ဂျိုးဂျိုး အရမ်းလဲ လန့်သွားတယ် ဒါနဲ့ ပြောလိုက်မိတယ်
" ဆူး ရယ် အန်တီက အမေလိုပဲ မိဘတွေ မရှိကတည်းက ငါတို့ကို ထိန်းခဲ့တာပဲ ဘာလို့...." ပြောလို့တောင်မဆုံးသေးဘူး မျက်လုံးစူးကြီးနဲ့ ဂျိုးဂျိုးကို ကြည့်ပြီး
"ဂျိုးဂျိုး ငါ့ဆီမှာ နင့်ရဲ့လက်သည်းလဲ ရှိတယ်နော် နောက်တခါ နင့်အလှည့်မဖြစ်ချင်ရင် ငါ့ကို ဘာမှလာမပြောနဲ့" ဂျိုးဂျိုး အဲဒီ ညက အိပ်လို့မပျော်ဘူး မနက်ရောက်မှာ ကြောက်နေတယ် ည ၂ နာရီလောက်တော့ တခုခုလုပ်မှ ဖြစ်မယ်ဆိုပြီး ဆူး အခန်းထဲကို ဝင်သွားတယ် ဆူးကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလေရဲ့ သူ့ စားပွဲပေါ်မှာ စာရွက်လေးတွေနဲ့ သူမုန်းတဲ့လူတွေရဲ့ ခန္ဓာကိုယ်ပေါ်က ပစ္စည်းအချို့ကိုတွေ့လိုက်ရတယ် တွေ့ပါပြီ " မေရီ" လို့ရေးထားပြီး မီးခြစ်ဆံဘူးထဲမှာထည့်ထားတဲ့ လက်သည်းအချို့ ကိုတွေ့လိုက်ရတယ်ဂျိုးဂျိုးလဲ ပါလာတဲ့ လက်သည်းညှပ်နဲ့ ဆူး ရဲ့လက်သည်းတွေကို ညှပ်လိုက်ပါတယ် ပြီးတော့ အန်တီ့ရဲ့ လက်သည်းကို ဆူး ရဲ့ လက်သည်းနဲ့ လဲထားလိုက်တယ် " ခွင့်လွှတ်ပါ ဆူး ရယ် ဒီလိုမှ မလုပ်ရင် နင့်ကို ဘယ်လိုမှ ထိန်းလို့မရတော့လို့ပါ "

နောက်နေ့ကျတော့ " အားးးးးးးးး " ဆိုတဲ့ အသံကြီးကို ကြားလိုက်ရတယ် အန်တီနဲ့ ဂျိုးဂျိုး ရော အန်ကယ်လ် ဟန်နရီရော ဆူး အခန်းထဲ ဝင်သွားလိုက်တဲ့ အချိန်မှာတော့ ဆူး ဟာ ဗူးဒူး အရုပ်ကို လက်က ကိုင်ထားပြီး သတိလစ်နေတာကို တွေ့လိုက်ရပါတယ်
အခုတော့ ဆူး ဟာဆိုရင် ဆေးရုံမှာ Coma နဲ့ ကုတင်ပေါ်မှာလဲလျောင်းနေပါတယ် ဘယ်တော့ သတိပြန်ရလာမလဲ ဆိုတာ ဘယ်သူမှမသိပါဘူး ဒါပေမယ့် ဘာဖြစ်တယ်ဆိုတာကိုတော့ ဂျိုးဂျိုးက လွဲလို့ ဘယ်သူမှမသိပါဘူး

Friday, 15 May 2009

GCE တက်တုံးက အဖြစ်အပျက်လေးပါ

၁၀ ပြီးတော့ GCE O level တက်တယ်လေ အဲဒီမှာ သူငယ်ချင်းတွေ အများကြီးနဲ့တွေ့တယ် ပျော်ဖို့လဲကောင်းတယ် သူငယ်ချင်းတွေက ကောင်းကင်ကို ဖြူဖြူကျော်သိန်းတဲ့ အဟက် ရယ်ရတယ် လူကလဲစုံသား အကုန်လိုလို ခင်ဖို့ကောင်းတယ် တရုတ်တွေ များတယ် အဲဒီတရုတ်သူငယ်ချင်းနံမည်က "နေလင်းအောင် " တဲ့ သူက အင်္ဂလိပ်ကျောင်းက အင်္ဂလိပ်စာတတ်တယ် တရုတ်လိုလဲ တတ်တယ် မြန်မာလိုတော့ သိပ်တော့အကျွမ်းကြီးမဟုတ်ဘူးပေါ့လေ
ပြောပြမယ်သူ့အကြောင်း ကောင်းကင်တို့ Chemistry ဆရာမနံမည်က " ဒေါ်စောမြင့် "တဲ့ ဆရာမတော်တယ် စာသင်တာလဲကောင်းတယ် လက်တွေ့လဲလုပ်ပြတယ် ပြီးတော့သူက ကလေးတွေ ပျင်းနေမှာစိုးလို့ဆိုပြီး ချိုချဉ်ကျွေးတယ် အိပ်ငိုက်ပြေပေါ့ လေ
တနေ့ ဆရာမက " ငါ့ကလေးတွေ အတွက် အောင်ကိုရေ ချိုချဉ်ဝေပေးလိုက်ပါဦး " လို့ပြောတယ် ဒါကို တရုတ်ကြီးက " ဆရာမ ချိုချဉ်မစားချင်ဘူး ချိုချိုတိုက် " တဲ့ ရော်ခက်ကုန်ပြီ ဒီတရုတ်ကြီးနှယ် ဘာတွေလျှောက်ပြောမှန်းမသိ အကုန်လုံးက တဝါးဝါးနဲ့ ဝိုင်းရယ်တော့ ဘာမှန်းမသိသေးဘူး အဲဒီကောင်က ဒါနဲ့ သူ့သူငယ်ချင်းက ရှင်းပြတော့မှ ရှက်သွားသေးတယ် ကိုယ်တော်က
သူပြောချင်တာက အချိုရည် တိုက်လို့ပြောတာ ဒါကို ရေလည်အောင်မပြောတတ်တော့ အဓိပ္ပါယ်က တမျိုးပေါက်သွားတာပေါ့ တော်သေးတယ် ဆရာမ သူ့အကြောင်းသိလို့
ဟိဟိ ရယ်ရတယ် အဲလိုပါဆိုနေမှ ပျော်ဖို့လဲကောင်းတယ် တကယ်ပါ ကောင်းကင် ကတော့ ကျောင်းတက်ပြီး သူငယ်ချင်းတွေနဲ့ တွေ့ရတာပျော်တယ် ကျောင်းပျော်လေးပေါ့ အဟဲ

Saturday, 9 May 2009

အချိန် ရွေးမနေနှင့်



အိုဘယ့် လူသား၊ ငမိုက်သား သင်ကား အဝိဇ္ဇာ ၊
ပိတ်ဖုံးကာရ်ျ၊ ငါးဖြာ အာရုံ၊ ဒုက္ခပုံကို၊ အကုန်မမြင်၊
အကောင်းထင်ကာ၊ ခင်မင် တပ်မက်၊ တွယ်ကာဖက်လျက်၊
အောက်ထက်သံသာ ၊ စုန်ဆန်ကာဖြင့် ၊ တဏှာ လက်သယ်(သည်)၊
ထင်တိုင်းခြင်ယ်ရ်ျ ၊ အေးတယ်မရှိ၊ ဆင်းရဲ ဖိသည် ၊
ဝဋ် ၏ သားကောင် လုံးလုံးတည်း။

ဝဋ် ၏ သားကောင် ၊ ဒုက္ခဘောင်မှ ၊ လွတ်အောင် ရုန်းရ်ျ၊
ချမ်းသာတွေ့ ဖို့ ၊ မမေ့ ရုပ်နာမ် ၊ ဖြစ်ပျက် ဟန်ကို ၊
အမှန် ဥာဏ်ညှိ၊ ဖြစ်တိုင်း သိလော့၊ ဝီရိ နှစ်တန်၊ ရှို့မြှိုက် တံဖြင့်၊
ဆယ်တန်ကိလေ၊ လောင်ကျွမ်း ကြေအောင် ၊ မသေမနာ ၊
မအိုပါခင် ၊ တက်သုတ် နှင်လျက် ၊ ဆောလျင် မြန်စွာ၊
ရှို့မြှိုက်ပါလော့ ၊ နောင်ခါကာလ ၊ ချိန်လွန်ရဟု ၊ နောင်တ တကြီး၊
သင် မညည်းလင့် ၊ ဇနီးမယား ၊ သမီး သား နှင့် ၊ လင်သား အိမ်ရာ၊
အဖြာဖြာကို ၊ ငဲ့ကာဖင့် နှေး ၊ အချိန်ရွေးက၊
သေဘေး သင့်ကို ၊ ဦးလိမ့် တည်း။
ကဆုန်လပြည့် ဗုဒ္ဓနေ့ အတွက် ချမ်းမြေ့ ဆရာတော် ဘုရားရဲ့ ဆောင်ပုဒ်လေး ပါ
နောက်လဲ ဖော်ပြပါဦးမယ်

Friday, 8 May 2009

ကျောင်းတုံးက အဖြစ်အပျက်လေးတွေ

ဆရာ့ နံမည်က ဦးသိန်းမြင့်တဲ့ ဆရာက ရယ်စရာတွေပြောတယ် အရမ်းရယ်ရတယ် ဆရာက ၉ တန်း သင်္ချာ သင်တယ်လေ သူသင် တာ နားလည်မလည်တော့ မသိဘူး ကောင်းကင်တို့ သူငယ်ချင်းတွေက တော့ သူ့အချိန်ဆိုရင် အရမ်းပျော်တာပဲ

ဆရာကပြောတယ် စာကို စာမေးပွဲ နားနီးမှ ကျက်တာထက်စာရင် အခုကတည်းက လုပ်ထားတော့ ကောင်းတာပေါ့တဲ့ ဆုံးမတယ်

သူတို့ အိမ်ဘေးနားက ကောင်လေး တဲ့ ၁၀ တန်း သင်္ချာ မဖြေခင် တညလုံး သင်္ချာထိုင်တွက်တာတဲ့ မနက် မိုးလဲလင်းရော ဂေါက်သွားတာ ပုဆိုးကြီး ကွင်းသိုင်းပြီး အိမ်ပတ်ပြေးနေတယ်တဲ့ သူ့အမေက ပြောတယ် သူ့သားကို ရွာသူ နှောင့်ယှက်တယ်တဲ့ ဆရာက ဘာပြောလဲဆိုတော့ သူ့သား ဒီလို ပုဆိုး ကွင်းသိုင်းကြီးနဲ့ ဘယ်ရွာသူမှ သူ့အနားမကပ်နိုင်ဘူး တဲ့ အဟိ

ဟုတ်လဲ ဟုတ်တယ် ဆရာပြောတာ ရွာသူ ရှက်သွားမှာပေါ့နော် ကပ်ချင်ရင်တောင်

ရယ်လိုက်ကြတာ ကျောင်းသားတွေ ဆို ဝက်ဝက်ကွဲ ပဲ ဟဟဟဟဟ

မှန်

ဒါလီ ခေါင်းကိုက်နေတယ် မနေ့က သူငယ်ချင်း နှစ်ယောက်နဲ့ အတူ ကမ်းခြေကို holiday ထွက်လာကြတာလေ မနေ့ ညက pub မှာ သောက်ပြီး ဒီနေ့တော့ ခေါင်းကိုက်တာနဲ့ လိမ္မော်ရည်ထိုင်သောက်နေလိုက်တယ် အေမီနဲ့ ဆာရာ ကတော့ တည်းခိုခန်းမှာ အိပ်ကျန်ခဲ့တယ်ဒါလီက သူ့ဘဝသူ မကျေနပ် ဖြစ်နေတယ် ရတဲ့လစာကလဲ နည်း holiday ထွက်တာတောင် ပိုက်ဆံကို ချင့်ချိန်နေရတော့ ဒေါသထွက်နေတယ် ဒီကြားထဲက ခေါင်းကလဲ တစစ်စစ်ကိုက်တော့ ပိုပြီးစိတ် မကျေမနပ်ဖြစ်နေတယ်လေ စိတ်ထဲမှာတော့ " ချမ်းသာတဲ့ယောက်ျားရရင် ပူစရာမလိုတော့ဘူး ငါချောတာပဲ ငယ်လဲငယ် တယ် အခုမှ ၂၃ ပဲရှိသေးတာ ဘီလျံနာကို ရှာယူမယ်"

အဲဒီအချိန်မှာ သူ့ဘေးနားကို အရိပ်တရိပ်ကျလာလို့ ကြည့်လိုက်တော့ အဘိုးကြီးတယောက် တုတ်ကောက်ကြီးကို အားပြုပြီး သူ့စားပွဲကို လျှောက်လာတယ် ပြီးတော့ ပြုံးပြီးတော့ " ဒီစားပွဲမှာ ထိုင်လို့ ရမလား" လို့မေးလိုက်တယ်
ဒါလီ ဝေ့ကြည့်လိုက်တယ် စားပွဲအလွတ်တွေ အများကြီးရှိရဲ့နဲ့ ဘာလို့များ သူ့ စားပွဲကို လာထိုင်ချင်ရတာလဲ ?ဒါလီ လဲ ယဉ်ကျေးစွာပဲ " ဟုတ်ကဲ့ ရပါတယ်" လို့ပြန်ဖြေလိုက်တယ် အဘိုးကြီးက အကောင်းစားရှန်ပိန်မှာတယ် စားပွဲထိုးကောင်လေးကို " ခွက်နှစ်ခွက် " လို့ပြောတယ် ဒါနဲ့ ဒါလီက " နေပါ ရပါတယ် ကျွန်မ ခေါင်းကိုက်နေလို့ အချိုရည်ပဲသောက်တော့မယ် " ဆိုပြီး ပြောတော့ အဘိုးကြီး က ခွက် ၁ ခွက်ပဲ မှာလိုက်တယ် ရှန်ပိန်ရောက်လာတော့ အဘိုးကြီးက ဒါလီ့ဘက်ကိုလှည့်ပြီး
" သေချာလား ရှန်ပိန်မသောက်ဘူး ဆိုတာ " လို့မေးတယ် ဒါနဲ့ ဒါလီ လဲပြုံးပြီး ခေါင်းညိမ့်ပြလိုက်တယ် အဘိုးကြီးက သူ့ကိုယ်သူ မိတ်ဆက်တယ် သူ့နံမည်က ဂျော့ တဲ့ အခု ပင်လယ်ကမ်းခြေမှာ အပန်းလာဖြေတဲ့ အကြောင်း လုပ်ငန်းတွေ ဘယ်လောက်ရှိတယ်ဆိုတဲ့ အကြောင်း ဒါလီ့ကို ပြောပြတယ် ဒါနဲ့ ဒါလီက လဲ သူ့ဘဝကို ရင်ဖွင့်ပြီးပြောတယ် သူက ဘယ်မှာ အလုပ်လုပ်တဲ့အကြောင်း အခု သူငယ်ချင်းနှစ်ယောက်နဲ့အတူ အားလပ်ရက်ထွက်လာတဲ့ အကြောင်း အလုပ်ကိုလဲ စိတ်ပျက်တဲ့အကြောင်း စသည်ဖြင့်ပြောတာပေါ့ ပြန်ခါနီးကျတော့ အဘိုးကြီးက ဒါလီကို သူ့ရဲ့ ဘန်ဂလိုကို လာခဲ့ဖို့ ညစာ လာစားဖို့ဖိတ်လိုက်တယ် ဒါလီလဲ ခေါင်းညိမ့် သဘောတူလိုက်တယ
်ညရောက်တော့ ဒါလီလဲ အကောင်းစား ညပွဲတက်တဲ့ ဂါဝန်ကို ဝတ်ပြီး အဘိုးကြီးရဲ့ ဘန်ဂလိုကို လာခဲ့တယ် အပေါက်ဝမှာ လူတယောက် က ကြိုနေတာကို တွေ့ရတယ် သူ့ကို တွေ့တော့ အဲဒီလူက အရိုအသေ ပေးပြီး
" ကျွန်တော့နံမည် ကယ်ဘင် လို့ခေါ်ပါတယ် ဆရာရှိတဲ့ နေရာကို လိုက်ပြပေးပါ့မယ် လိုက်ခဲ့ပါ " သူ့ကိုခေါ်သွားတယ် အဘိုးကြီးရဲ့ ဘန်ဂလိုဟာ ကမ်းခြေမှာရှိတဲ့ ဘန်ဂလိုတွေထက်အဆပေါင်းများစွာ ကြီးပြီးလှလဲ လှတယ် ဒါလီ အရမ်းသဘောကျသွားတယ် " ဒီဘန်ဂလိုကို ငါပိုင်ရင် " ဆိုတဲ့ အတွေးဝင်လာခဲ့တယ် အဘိုးကြီးနဲ့သူ နဲ့ ညစာစားပြီးတော့ အဘိုးကြီး က သူ့ရဲ့ ဘန်ဂလိုကို လိုက်ပြတယ် အခန်းတခန်းထဲရောက်တော့ မှန် အကြီးကြီးတချပ်ကို တွေ့တယ် ကိုယ်လုံးပေါ်မှန်ကြီးလေ ဘောင်တွေကွပ်ထားပြီး လှမှလှပဲ ဒါနဲ့ ဒါလီလဲ မနေနိုင်တော့ တာနဲ့ " လှလိုက်တာနော် " လို့ မနေနိုင်မထိုင်နိုင်ချီးမွမ်းမိတယ် အဘိုးကြီးက သူ့ကို မှန်ရှေ့ခေါ်သွားတယ် ပြီးတော့ သူ့ပခုံးပေါ်လက်တင်ပြီး
" ဒီမှန်က ငါ့အတွက် အရမ်းအရေးပါတယ် မင်းရဲ့ လှပ ပျိုနုတဲ့ ရုပ်ကို မှန်ထဲမှာ ကြည့်ကြည့်ပါ " လို့ပြောတယ် အဘိုးကြီးရဲ့ ဘန်ဂလိုက ထွက်လာပြီးတော့ ဒါလီ အရမ်းပဲ စိတ်ကြည်နူးနေတယ် ပျော်လဲ ပျော်မိတယ်
" ငါသာ အဲဒီလိုမျိုး ဘန်ဂလိုကြီးကို ပိုင်ခဲ့ရင် " ဆိုတဲ့ အတွေး ဒုတိယပ္မိ ပေါ်လာပြန်တယ်

" ဘာ နင် သူ့ကို လက်ထပ်မယ် ဟုတ်လား " ဒီစကားက အေမီနဲ့ ဆာရာ မတိုင်ပင်ပါပဲ ပြိုင်တူ ထွက်လာတဲ့ စကားပါ ဒါလီက သူ့ကိုယ်သူ မှန်ထဲမှာ ကြည့်ပြီးတော့ " ဘာလို့ မဖြစ်နိုင်ရမှာလဲ " လို့မေးလိုက်တယ် အေမီက " နင်သေချာစဉ်းစားနော် သူက နင့်ထက် အသက် အများကြီး ကြီးတယ် ပြီးတော့ နင်နဲ့ သူနဲ့ က သိတာ လဲ ဘာမှကြာသေးတာမဟုတ်ဘူး "
ဒါလီက " သူက ချမ်းသာတယ်လေ ငါလိုချင်တာ ဘာမဆိုရမှာပဲ ဟာ "
ဆာရာ ကတော့ " ငါတော့ မစဉ်းစားတတ်တော့ဘူး ဟာ နင့် သဘောပဲလေ တားမရလဲ မတတ်နိုင်ဘူး " လို့ပြောတယ်
ဒါနဲ့ တပတ်ကြာတော့ ဒါလီ နဲ့ ဂျော့ လက်ထပ်လိုက်ကြတယ် အံ့သြစရာကောင်းလောက်အောင်ကို ဂျော့ ရဲ့ အိမ်ကြီးက ခန်းနားထည်ဝါလှပါတယ် သူတို့ အခန်းထဲမှာ မှန် ကြီးကို ချိတ်ထားတယ် ဂျော့ က ပြောတယ်
" ဒီမှန်ကို နေ့တိုင်းကြည့်ပေးရမယ် " လို့ပြောတယ် ဘာအဓိပ္ပါယ်မှန်းတော့ ဒါလီလဲ မသိဘူး မှန်ကြီးကလဲ လှ အိမ်ကြီးကလဲ လှတာပဲ သိတယ်
ဒီလိုနဲ့ တနေ့ကျတော့ ထူးထူးခြားခြား မှန်ထဲမှာ သူ့ရဲ့ မျက်နှာပေါ်မှာ အရေးအကြောင်းတွေကို တွေ့လိုက်ရတယ် ဒါလီ လန့်သွားတယ် " ဟယ် ဘယ်လိုဖြစ်တာလဲ ငါ့မျက်နှာပေါ်က အရေးအကြောင်းတွေက အရင်တုံးက ဒါတွေမရှိပါဘူး အခုကျမှ ဘယ်လိုဖြစ်ရတာလဲ " ဆိုပြီး သူ့ကိုယ်သူ မကျေမနပ်ဖြစ်နေတယ်
" အရင်တုံးက နဲ့တော့ မတူ သေချာတယ် ခန္ဓာကိုယ်တခုလုံးလဲ ညောင်းညာကိုက်ခဲနေတယ် ဘာမှလဲမလုပ်ရပဲနဲ့ ဒုက္ခပဲ မနက်ဖြန်ဆိုရင် သူငယ်ချင်းတွေလာမှာ ဒီလိုရုပ်ကြီးနဲ့တော့မတွေ့ချင်ဘူး " ဆိုပြီး စိတ်ထဲမှာတွေးနေတယ် အဲဒီအချိန်မှာ ဂျော့ဟာ အားကစားလုပ်ပြီးရာကနေ ပြန်လာတယ် သူ့ကြည့်ရတာ အရင်ကထက်ပိုပြီး နုပျို သန်စွမ်းနေသလိုပဲ ဒါလီ မကျေနပ်နိုင်ဘူး ဖြစ်နေတယ်

" ဟယ် ဒါလီ နင်ဘယ်လိုဖြစ်တာလဲ ဟယ် နင့်ရုပ်ကလဲ အိုစာသွားလိုက်တာ ဟာ မတွေ့ရတဲ့ ဒီတလအတွင်းမှာကို နင်နေရောကောင်းရဲ့လား " ဆိုပြီး ဆာရာက မေးတယ
်ဒါလီက " ကောင်းပါတယ် လာ လေ ငါ့ရဲ့ အိမ်ကို လိုက်ပြမယ် " ဆိုပြီးခေါ်သွားတယ် သူတို့အခန်းထဲလဲရောရော အေမီက " ဟဲ့ ဒီမှန်ကြီးက ဘယ်လိုကြီးလဲ ကြောက်စရာကြီးပါလား ခြောက်ခြားစရာကြီးနော် " လို့ပြောတယ် ဒါလီက " လှပါတယ် ဘာဖြစ်လို့လဲ "
အေမီက " မသိဘူး ဒီမှန်ကြီးကြည့်ရတာ စိတ်ထဲမှာ တမျိုးကြီးပဲ ဘာလို့မှန်းကိုမသိဘူး " လို့ပြောတယ် ဒါနဲ့ သူငယ်ချင်း ၃ ယောက် နေ့လည်စာ အတူစားပြီး ညနေကျတော့ အေမီနဲ့ ဆာရာ ပြန်သွားကြတယ် နောက်နေ့မနက် ဒါလီသွားတိုက်တော့ သွားတချောင်းကျွတ်သွားတာကို တွေ့ရတယ် ဒါနဲ့ သွားဆရာဝန်ဆီ ဒါလီသွားခဲ့တယ် ဆရာဝန်က ဒါလီကို သွားပြန်တပ်ပေးပြီး " ဒီလိုအသက် အရွယ်မှာ ဖြစ်တတ်ပါတယ် သတိထားပါ " လို့ပြောတယ်
ဒါနဲ့ဒါလီက " ဆရာ ကျွန်မက အခုမှ ၂၃ ပဲ ရှိသေးတဲ့ဟာကို သွားက ကျွတ်ပြီလား " လို့မေးတယ် ဆရာဝန်က သူ့ကို တချက် စောင်းငဲ့ ကြည့်တယ် ပြီးတော့ ဘာမှမပြောပဲ ဝယ်ရမယ့်ဆေးစာ ကိုရေးပေးလိုက်တယ် အပြန်လမ်းမှာ ဒါလီ့ကိုပြောတဲ့ ဆရာဝန်စကား ကို ပြန်စဉ်းစားပြီး မကျေနပ်နိုင်ဘူး ဖြစ်နေတယ် တနေ့တခြား ဒါလီ့ရဲ့ရုပ်က အိုစာသွားသလိုပဲ တနေ့တခြား ဂျော့က နုပျိုလာတာကိုတွေ့ရတယ် အိပ်ယာပေါ်မှာ ထိုင်ပြီး မကျေမနပ်နဲ့ ဂျော့ ကိုပြောတယ် " ဂျော့ ငါ တနေ့တခြား အိုလိုက်လာတယ် နင်ကျတော့ နုပျိုနေတာပဲနော် " ဆိုတော့ ဂျော့က " ငါက အမြဲတမ်း နုပျိုနေတာပါ " လို့ပြန်ပြောတယ်
ဒါနဲ့ ဒါလီလဲ စိတ်တိုတိုနဲ့ လက်ထဲရှိတဲ့ ဘီးနဲ့ မှန် ကြီးကိုပစ်ပေါက်မယ်လုပ်တော့ ဂျော့ က အတင်းတားပြီး
" မလုပ်နဲ့ အဲဒီမှန်က ငါ့အတွက် အရမ်းအရေးကြီးတယ် " လို့ပြောပြီး သူ့လက်ထဲက ဘီးကို အသာချော့ယူပြီး မှန်တင်ခုံပေါ်တင်ထားလိုက်တယ်

သူ့ရဲ့ ခန္ဓာကိုယ်ကို ထမ်းစင်ပေါ်တင်ပြီး ခေါ်သွားကြပြီ ဆရာဝန်တွေက သတ်မှတ်တယ် " ဒီအသက် အရွယ် ဆိုတော့ ဦးနှောက်သွေးကြောပြတ်ပြီး သေတာ " တဲ့
ဒါလီပြောချင်နေတယ် သူဟာ အခုမှငယ်ငယ်လေး ပဲ ရှိသေးတယ် ဦးနှောက်သွေးကြောပြတ်တာ မဟုတ်ပါဘူး ဆိုတာ ကို လူတွေကို ရှင်းပြချင်တယ် ဒါပေမယ့် သူ ဘာတတ်နိုင်မှာလဲ အခုချိန်မှာ သူဟာ သေလူဖြစ်နေပြီပဲ

ဂျော့ရဲ့ ရုပ်ဟာဆိုရင် တကယ့်ကို ၂၀ ကျော်ကျော်လေးအတိုင်းကို နုပျိုသွားတာပါ သူ့ကို ဘယ်သူက မှ အသက် ၇၀ ကျော်အဖိုးကြီးဆိုတာ ယုံမှာလဲ ဂျော့ က သူ့ကိုယ်သူ မှန်ထဲမှာကြည့်ပြီးတော့ ကျေနပ်နေတယ် ကယ်ဘင်က " ဆရာ ဒီမှန်ကြီး ကို သိမ်းထားလိုက်ရတော့မလား " လို့မေးတော့ ဂျော့ က " အေး သိမ်းထားလိုက်ဦး အခုလောလော ဆယ် ငါမလိုသေးဘူး " မလိုသေးဘူးလို့ ပြန်ဖြေလိုက်တယ်

Isle of Wight ကို စ ရောက်ကြောင်းလေး

၂၉.၄.၂၀၀၈


" ဘယ်သူပြောလဲ ဟ အင်္ဂလန် ရာသီဥတုက အေးတယ် လို့ " ကိုကို က လေယာဉ်ပေါ်မှာပြောတယ် ကောင်းကင်လဲ သူပြောတာလက်ခံရမလိုပဲ အိုက်တောင်အိုက်တယ် ဒါနဲ့လေယာဉ်ပေါ်ကလဲ ဆင်းရော အမလေး မိုးလေးတွေဖွဲဖွဲကျပြီး အေးလိုက်တာ ပါးစပ်ကတောင် အငွေ့ထွက်တယ် ဒါနဲ့ အကိုတော် ကို " ဟဲ့ဘယ်လိုလဲ နင်ပြောတော့ ပူတယ်ဆို ဒီမှာ ငါ့ပါးစပ်က အငွေ့ထွက်နေပြီ " ဆိုတော့ သူက " အေးနော် လေယာဉ်ပေါ်မှာ တုံးက heater ဖွင့်ထားတာ မသိဘူးလေ ဟာ ဒါကြောင့်မို့လို့ပြောတာပေါ့ " ဒါနဲ့ ကောင်းကင်တို့တွေ immigration ကိုဖြတ်ရတာပေါ့လေ ကျောင်းသားဆိုတော့ စစ်ဆေးနေတာလေ ရှေ့မှာလဲ တန်းကြီးကအရှည်ကြီးပဲ ကောင်းကင်တို့ အလှည့်ရောက်တော့မြန်ပါတယ် ပါလာတဲ့ ဆေးစစ်ချက်လေးတွေပြပြီး နှစ်ယောက်သားထွက်လာကြတာလေ လေယာဉ်က ၇ နာရီကျော်ကျော်လောက် ဆိုက်တာကို အပြင်ကို ၈ နာရီခွဲ ကျော်ကျော်လောက်မှ ရောက်တယ် ဒါနဲ့ အိတ်တွေရွေးပြီး ထွက်လာခဲ့ကြတာ အန်တီတို့က ရောက်တောင် ရောက်နှင့်နေပြီလေ

ကားပေါ်ရောက်တော့ အန်တီက " သမီးတို့ seat belt ပတ်ကြ " တဲ့ အယ် အဲကျမှ ပဲ seat belt ပတ်ကြတယ် နှစ်ယောက်သား ဟုတ်တယ်လေ မြန်မာမှာ တုံးက ပတ်မှမပတ်တာ ကို

London Hethroe လေဆိပ်ကနေ Southampton အထိ အန်တီမောင်းတယ်လေ Southampton ရောက်တော့ Red funnel ကြီးစီးရတယ် အန်တီက Isle of Wight မှာနေတာလေ အဲဒီကို ရောက်ချင်ရင် အဲလိုပဲ မြန်မာအခေါ် ဇာတ်နဲ့ ဖြတ်ရတယ်ပြောမလားပဲလေ အဲဒါကြီးကို၁ နာရီနီးပါးစီးရတယ် ပြီးမှ အန်တီနေတဲ့ Isle of Wight ကိုရောက်တာလေ

လိုအပ်တာလေးတွေ အန်တီက လိုက်ဝယ်ပေးပြီးတော့ အိမ်ပြန်လာကြတာ အိမ်ရောက်တော့ စားသောက်ပြီးတာ နဲ့ မောင်နှမနှစ်ယောက်လုံး ဒေါင်းတာပဲလေ ဟုတ်တယ်လေ စဉ်းစားကြည့် လေယာဉ် ၁၃ နာရီကျော်ကျော်လောက် စီးလာရတာ မပြိုင်းပဲနေမလား နော့်


နောက်နေ့ ကျတော့ ကျောင်းက မတက်ရသေးတာနဲ့ အိမ်မှာပဲလေ အင်တာနက် က connection ကောင်းတယ်လေ ဒါနဲ့ အစွမ်းကုန် ဗြင်းကြတာပေါ့ အဟိ


နောက်နေ့ ကျောင်းကို အန်တီက လိုက်ပို့ပေးတယ် Tutor တွေ့ပြီးလိုက်အပ်ပေးတယ် ဒါနဲ့ စာ စ သင်ဖြစ်တယ်

ကောင်းကင် ရဲ့ နံမည်ကို မခေါ်တတ်ဘူး ဒါနဲ့ပြောလိုက်တယ် " ငါ့ရဲ့ နံမည် အဓိပ္ပါယ်က Sky " လို့ဆိုတော့ သူတို့တွေ sky လို့ခေါ်ကြတယ် ဒါနဲ့" ဘယ်ကလာတာလဲ " တဲ့ " မြန်မာက " လို့ပြောတော့ မသိဘူးတဲ့ အယ် ခက်ပြီ ဒါနဲ့ ထိုင်းနဲ့ တရုတ်ကြား က လို့ပြောတော့ အော် သိပြီတဲ့ သူတို့ သိတာ ထိုင်းနဲ့ တရုတ်လေ မြန်မာကို မသိဘူး

ဂျပန်မ တယောက် က ဘာထပြောလဲဆိုတော့ " အော် သိပြီ Miss Aung San Su Kyi ရှိတဲ့ နိုင်ငံလား " တဲ့ ဒါနဲ့ အကိုကလဲ ဟုတ်တယ်လို့ပြောလိုက်တယ်

နောက်ရက်ကျတော့ အာဂျင်တီးနားက မိန်းမ နဲ့တွေ့တယ် သူ ကဘာပြောလဲဆိုတော့ " အော် ဟိုတလောက ဘုန်းကြီးတွေ နဲ့ အရေးခင်းဖြစ်သွားတဲ့ နိုင်ငံမလား " တဲ့ ကဲ ဒါနဲ့ အကိုလဲ စကားကို ဟိုရောက် ဒီရောက်နဲ့ လက်စသတ်လိုက်တယ်

ကိုယ့်နိုင်ငံကို မသိလို့ စိတ်တိုရနဲ့ သိပြန်တော့လဲ အောင်ဆန်းဆုကြည် နဲ့ ဘုန်းကြီးသတ်တာတဲ့ ကဲ ကောင်းကြသေးရဲ့လား စိတ်ကို လေ သွားတာပဲ လူကို ဟင်းးး ပြောတော့ အရင်တုံးက မြန်မာဆိုရင် ကမ္ဘာက သိတယ်ဆို အခုကျတော့ ကော စိတ်ကို ပိန်ပါတယ် တကယ်ပဲ ပြောချင်ဘူး


ဆရာ ဆရာမတွေက ဖော်ရွေပါတယ် ဒီ ကောလိပ်က အနိုင်ကျင့်တာ လက်မခံဘူးလေ ပြီးတော့ ကောင်းကင်တို့က international student တွေဆိုတော့ ဂရုစိုက်ပါတယ် ကောင်းကင်တို့ အတန်းက လူစုံတယ်လေ : ဂျပန် တရုတ် ထိုင်ဝမ် စပိန် တာကီ ပြင်သစ် အီတလီ ဂျာမနီ ဘိုလာရု(ရုရှား) ထိုင်း အီဂျစ် သီရိလင်္က္ကာ အစုံပဲလေ ကောင်းကင်တို့က အင်္ဂလိပ်စာ တက်မယ်ဆိုပြီး လာတော့ အင်္ဂလိပ်စာ သင်ရတာပေါ့ ပျော်ဖို့ကောင်းပါတယ်

အဲဒါပါပဲ ရေးချင်လို့ သာ လျှောက်ရေးတာ ဘာတွေမှန်းကိုမသိဘူး ဟိုရောက်ဒီရောက်ပဲ အဟိ

ကိုယ့်ကိုယ် ကို မိတ်ဆက်ခြင်း

ဘာရေးရမယ်မှန်း မသိတာနဲ့ ငယ်ငယ်က ရေးပေးပါ ရေးခိုင်းတာ သွားသတိရသွားတာနဲ့ ချရေးလိုက်တာပါ



အမည် ကောင်းကင်
သူငယ်ချင်းတွေက ဒီလိုခေါ်တယ် Chucky (အင်္ဂလိပ်သူငယ်ချင်းတွေက Sky တဲ့ )
မွေးသက္ကရာဇ် ၁၈.၉.၁၉.. (မွေးနေ့ပြောပြပြီးပြီနော် လက်ဆောင်ပေးရမယ် မွေးနေ့ရောက်ရင် ဒါပဲ)
ကိုယ်ဒီမှာ နေတယ် အဒေါ်အိမ်မှာကပ်နေတယ် (ကပ်ပါးပေါ့လေ အဟိ)
ကိုယ့်ကို ဆက်သွယ်ချင်ရင် ၀၇၇၁၂၃၄၅၆၇၈ (မယုံရင်ဆက်ကြည့် ur no is not avaliable ဆိုပြီးပြောလိမ့်မယ် အဟီး)

ကိုယ့်အကြိုက်ဆုံးတွေက

အရောင် အပြာ (ဘယ်လိုမျိုးမဆိုကြိုက်တယ် ရင်ရင့် နုနု မိုးပြာရောင်းလေးဖြစ်ဖြစ်)
ပစ္စည်း ဖိနပ် (တလတခါလောက်ဝယ်ရမှ ကျေနပ်တယ် ဒီမှာတော့ မဝယ်နိုင်ပါဘူး အဟိ)
အစားအစာ ကုလားအစားအစာကလွဲရင် အားလုံးကြိုက်တယ် (ကုလားအစားအစာထဲမှာတော့ အာလူးပူတီကို ကြိုက်တယ် )
အဆိုတော် အာဇာနည်ပေါ့ (သူတို့ဆိုတာကောင်းရင်လဲ ကြိုက်တာပါပဲ လေ)
သီချင်းအမျိုးအစား R&B and POP
မင်းသား ကိုရီးယားမင်းသားတွေကို ကြိုက်တယ် ဒါပေမယ့် သတ်သတ်မှတ်မှတ်ရယ်လို့ မရှိဘူး (သိတယ်နော် အဲလိုမျိုှး ပြည်တွင်းဖြစ်ကို အားပေးတာလေ)
မင်းသမီး ကိုရီးယားမင်းသမီးတွေကို ကြိုက်တယ် (မြန်မာမတွေကို ကြည့်လို့ ကို အရဘူး အေးတာပဲ အဲဒါလေ)
စာရေးဆရာ မင်းလူ မစန္ဒာ တက္ကသိုလ် ဘုန်းနိုင် မိုးမိုးအင်းလျား
ဝတ္ထု ကံ့ကော်နီ ဆဌဂံ သူငယ်ချင်းလို့ပဲ ဆက်ရူ် ခေါ်မည် ခိုင်
အားကစား တင်းနစ် ကြက်တောင် ဘိလိယက်
အားကစားသမားများ Nadal(tennis player), Carter (Snooker)
အပျော်ဆုံးနေ့ နေ့တိုင်းလိုလိုပျော်နေတာပါပဲ
ဝမ်းအနည်းဆုံးနေ့ မသိဘူး နောက်မှမှတ်ထားလိုက်မယ်လေ
ကိုယ့်ကိုယ်ကို ဒီလိုမြင်တယ် ချစ်ဖို့ကောင်းတယ် (ဘယ်သူမှမပြောလို့ ကိုယ့်ဟာကိုပြောတာလေ) အော် ပြီးတော့ရှိသေးတယ် သူများကို အရမ်း စ တတ်တယ် ငိုအောင်ကို စ တာ စိတ်ဆိုးအောင်ကို စ တာ
ကိုယ့်ရဲ့ လက်စွဲဆောင်ပုဒ် ပျော်ပျော် နေ သေခဲ


ဖတ်ပေးတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးအထူးတင်ပါတယ် ဖတ်ပြီး comment မပေးသူများ လူပျိုကြီး အပျိုကြီးများ ဖြစ်ကြပါစေသောဝ်

Wednesday, 6 May 2009

စတင်ခြင်း

အမှတ် တရလေး ဖြစ်သွားအောင် ပါ ဒီနေ့က မေမေ့ မွေးနေ့လေ
ဘာရယ် ညာရယ် မဟုတ်ပါဘူး သူများတွေ ရေးတော့ ကိုယ်လဲ အားကျလို့ ရေးမလို့ စိတ်ကူးတုံးပါ ဘာရေးရမှန်းလဲမသိဘူး တကယ်လို့ရေးဖြစ်ရင်တော့ ကိုယ့်ရဲ့အကြောင်းလေးတွေနဲ့ သူငယ်ချင်းတွေရဲ့အကြောင်းလေးတွေရေးဖြစ်မယ်ထင်တာပဲ လေ သူများ ဘလော့တွေ လိုက်ဖတ်ပြီးအားကျတယ် သူတို့ရေးတတ်ကြတယ် ဘာရယ်ညာရယ်နဲ့ ဒီလိုနဲ့ comment လေးတွေပေးဖြစ်တယ် ဘာရယ်တော့မဟုတ်ဘူး လူရှိန်တာပေါ့နှော့် အဟိ