၁။ ဖေဖေနဲ့မေမေ
နေမကောင်းဖြစ်တိုင်း ဘေးနားမှာ အမြဲပြုစုပေးတဲ့ မေမေလေ ထမင်းဘူးအမြဲထည့်ထည့်ပေးတယ် အဲဒီအတွက် မနက် ၄ နာရီထပြီးချက်ပြုတ်ပေးတဲ့ မေမေပေါ့
ဘာမဆိုလိုချင်တာကို ဖြည့်ဆည်းပေးတဲ့ ဖေဖေ မောင်နှမတွေထဲမှာ ညီမ ကိုအချစ်ဆုံး ဘာလုပ်လုပ်အပြစ်မမြင်ဘူး ခွင့်လွှတ်တတ်တဲ့ ဖေဖေပါ
၂။ ကြီးကြီး(မေမေ့ အမကြီး)
ဒုတိယ မေမေလို့ခေါ်ရလောက်အောင်ပဲ ညီမ တို့မောင်နှမ ၃ ယောက်ရဲ့အကြိုက်ကို သိတယ် ဘာလေးဖြစ်ဖြစ်တူတူမတွေကို ဦးစားပေးပြီး သတိရတတ်တဲ့ ကြီးကြီးပေါ့ ညီမ နေမကောင်းဘူးဆိုရင် ခမည်းလိုတယ်ဆိုပြီး မုန့်တွေဝယ်လာပြီး လာပြုစုတတ်တဲ့ ကြီးကြီးပေါ့ ဘဘကြီး(ကြီးကြီး အမျိုးသား)ကလဲ သူ့တူမအရင်းခေါက်ခေါက်တွေတောင် မချစ်ဘူး ညီမတို့ မောင်နှမ ၃ ယောက်ကို အရမ်းချစ်တယ် ၃ ယောက်လုံး ဘဘကြီးလက်ထဲမှာ ကြီးလာတာလဲ ပါတာပေါ့လေ မမကြီး(ကြီးကြီးရဲ့ သမီး) က တဦးတည်းသော သမီးဖြစ်ပေမယ့်လို့ ကြီးကြီး က အငယ်တွေကို ညှာရမယ်လို့ပြောထားတဲ့အတွက် အမြဲပဲ အလျှော့ပေးပြီး အရာရာကို သည်းခံတတ်တဲ့ မမကြီး တဝမ်းကွဲဆိုပေမယ့် မမကြီးကို အရင်းလိုချစ်တယ်
၃။ ဘဘကြီး (မေမေ့ရဲ့ အကိုကြီး)
မေမေတို့ကို ကျောင်းထားပေးခဲ့တယ် ဘဘကြီးမှာ သားသမီးမရှိပါဘူး အဲဒါကြောင့်လဲပါတယ် ညီမ တို့ကို အရမ်းချစ်တယ် လာတိုင်း မုန့်ဖိုးတွေပေးတယ် ညီမ ကလဲချွဲတာပေါ့ လက်သည်းခြေသည်းညှပ်ပေးရတာနဲ့ အမြဲလာတိုင်း အင်း လက်သည်းတွေက သမီး ညှပ်ပေးဖို့ထားတာ ဆိုပြီး လက်သည်းအညှပ်ခံတဲ့ ဘဘကြီးပေါ့ လက်သည်းညှပ်ပေးနေရင် ငြိမ်ပြီး ပြုံးပြုံးနဲ့ သူ့တူမ လက်သည်းညှပ်ပေးနေတာကို ကြည့်နေတယ်
၎။ အန်တီ
(မေမေ့ ညီမအငယ်ဆုံး အခုညီမ က အန်တီ့အိမ်မှာနေနေတာလေ) နိုင်ငံခြားမှာ ပညာသင်ဖို့ကလေးတွေကို လွှတ်လိုက်ပါ သူ အစစအရာရာ တာဝန်ယူတယ် ကျောင်းထားပေးပါ့မယ်လို့ပြောတဲ့အန်တီပေါ့ အန်တီကျေးဇူးကြောင့် ညီမ ဒီကိုရောက်လာတာပါ ပြောတဲ့အတိုင်းပါပဲ အကုန်လုံး လုပ်ပေးတယ် လိုချင်တာ မှန်သမျှပြောရင် ဖြစ်အောင်လုပ်ပေးတဲ့ အန်တီနဲ့ဦးလေး(အန်တီ့အမျိုးသား) ရယ်ပေါ့
၅။ ကျေးဇူးရှင်ချမ်းမြေ့ဆရာတော်
နွေရာသီကျောင်းပိတ်ရင် ချမ်းမြေ့ရိပ်သာသွားပြီး ယောဂီဝတ်တယ် သီလရှင်ဝတ်တယ်လေ ဆရာတော်ဘုရား က ယဉ်ကျေးမှုသင်တန်း ဖွင့်ပေးထားတယ် အသက် ၅ နှစ်ကနေ ၂၀ အထိ ဆရာတော်ဘုရားရဲ့အဆုံးအမကြောင့် မကောင်းမှုရှောင်ပြီး ကောင်းမှုတွေကို ဆောင်နိုင်ခဲ့တယ် အဲဒီသင်တန်းက ဘုရားစာတွေ ကျက်ရပြီး စာမေးပွဲဖြေရတယ်လေ စာမေးပွဲဖြေပြီးရင် ဆုတွေပေးတယ် ဒါနဲ့ နွေရာသီရောက်တိုင်း ဘယ်မှမသွားဖြစ်ပဲ ရိပ်သာပဲသွားဖြစ်ခဲ့တယ် သူငယ်ချင်းအသစ်တွေနဲ့လဲ တွေ့ရတယ် စာတွေကျက်ပြီး ဆုတွေရတော့ ပျော်တာပေါ့
၆။ ဆရာ ဆရာမများ
စာတွေကို တတ်အောင် သင်ပေးခဲ့တဲ့ ကျောင်းကဆရာမများနဲ့ ကျူရှင်က မေမေ့ရဲ့ သူငယ်ချင်းဆရာ ဆရာများ စာမေးပွဲနီးရင် အချိန်ပိုပါခေါ်တတ်ပြီး သင်တဲ့ဆရာ ဆရာမများ စာမေးပွဲဖြေနေစဉ်အတွင်း မုန့်တွေယူလာပြီး အားပေးတတ်တဲ့ ဆရာမများ
၇။ အဘကျော်
ညီမ ၁၀ တုံးက အနေအထိုင်မဆင်ခြင်လို့ လေဖြန်းသွားသေးတယ် ပါးစပ်ရွဲ့သွားတာပေါ့လေ အဲဒါကို ပြန်ကောင်းအောင် နှိပ်ပေးတဲ့ တောင်ဥက္ကလာက အဘကျော် အခုတော့မရှိတော့ပါဘူး ဆုံးသွားပါပြီ ( အဘ ကောင်းရာမွန်ရာရောက်ပါစေ ) အခုတော့ မျက်နှာက ပုံမှန်အတိုင်း ပြန်ဖြစ်နေပါပြီ ဒါပေမယ့် ဆင်ခြင်ရတာပေါ့လေ
၈။ ဆရာလေး မရှမ်း
ရိပ်သာဝင်တိုင်း ဆရာလေးအခန်းမှာပဲ နေတယ် ညီမ က အဲတုံးက ငယ်သေးတော့ အဝတ်တွေဆိုရင် မလျှော်ပဲ ပစ်ထားတာ ဝတ်စရာမရှိမှလျှော် တာ ဒါကို ဆရာလေးက မနေနိုင်တော့ လျှော်ပေးတယ် ဟိဟိ ဒါနဲ့ မေမေက ငရဲကြီးမှာစိုးလို့ မလျှော်ပါနဲ့ ဆရာလေး ဆိုပြီးတားထားရတယ် ပြန်လာရင် အိပ်ချင်နေမယ်ဆိုပြီး ခြင်ထောင် ထောင်ထားပေးတဲ့ ဆရာလေးပေါ့ တခါတခါ အာရုဏ်သွားမစားရင် စားဖို့ ယူယူလာပေးတဲ့ ဆရာလေးရယ်ပါ
ဘုရားဟော တရားလို " သူတပါး ကျေးဇူးရှိပေဖူးက အထူးသိတတ်တုံ့ပြန် ဆပ်ခြင်းသည် မင်္ဂလာတပါး ဖြစ်ပါသည် " တဲ့
ကျေးဇူးရှင်များရဲ့ ကျေးဇူးကို တနေ့ပြန်ဆပ်နိုင်မယ်လို့မျှော်လင့်မိပါတယ် အဲလိုပြန်ဆပ်နိုင်အောင်လဲ အထက်ပါ ကျေးဇူးရှင်များသည် (အဘကျော်မှ လွဲလို့ ) စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ သက်တမ်းစေ့နေနိုင်ရန် ဆုတောင်းမေတ္တာပို့သ မိပါတော့သည်
ဒီပို့စ်လေးကို ရေးဖြစ်တာက အရမ်းအရမ်းကို သတိရလွန်းလို့ပါ ဒါကြောင့် တောင်ပံ တစုံလိုချင်တယ်လို့ပြောတာ :(
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
1 month ago



9 comments:
အော် အင်း ငှက်ကလေး က ဂလိုလား တိတွားဘီ
လိမ္မာလိုက်တဲ့ငှက်ကလေး
း)
အဆင်ပြေပါစေ ညီမရေ
သူများကိုကျတော့ အတိမရဘူးမဟုတ်လား။
၁၆နှစ်အရွယ်မှာ လေဖြန်းတယ်... ???? အမလေးးးးးးလေးးးးးး
ကျန်းမာရေးဂရုစိုက်ပါ ငါ့ညီမရယ် မိဝေးဖဝေးမှာ...
အတောင်ပံတစ်စုံ မြန်မြန်ပိုင်ဆိုင်နိုင်ပါစေလို့  ဆုတောင်းပေးပါတယ်ဗျာ...
လိုရာကို ပြန်သန်းနီုင်ပါစေ....
ကိုလူထွေး
မမညီမလေးလည်း လေဖြန်းဖူးတယ်။ ငယ်တုန်းမို့လို့ပြန်ကောင်းတာ ... ဂရုတော့စိုက်ပါ။
အတောင်ပံတွေရရင် တစုံလောက်ပိုတောင်ပေးပါ... ငှက်ကလေးလိုပဲပြန်ချင်တယ်
ညီမလေးရေ...ဟိုမှာ အေးကအေး...အစားအသောက်ကလည်း ဆင်ခြင်ရတယ်နော်။ ကျေးဇူးသိတဲ့ ညီမလေးက ခလုတ်မထိပါဘူး။
အစ်မ add လိုက်မယ် သိလား။ ဒါပေမယ့် chatting မဝင်ဖြစ်ဘူး ... မတွေ့ ခဲ့ရင် စိတ်မရှိနဲ့ ဦး... ညီမလေးရေ...
မေမေ့ကိုသတိရတာကတော့ တူတူပါပဲ..း(
လွမ်းတယ်.. လွမ်းတယ်.. တောင်ပံတစ်စုံသာနင်ရခဲ့ရင် ငါ့ကိုတစ်ဝက်ပေးဟာ..
နားလည်တတ်လွန်းတဲ့ ကျေးဇူးသိတတ်မှုလေးတွေ ...
အရေးအသားကတော့ရှယ်ပဲ ။ဒါပေမယ်တခုတော့
မကောင်းဘူး။ငါပေးတဲ့မုန့်ဖိုးကိုတော့စပ်ဖြဲဖြဲနဲ့ယူ
တတ်တယ်ငါ့ကိုကြတော့ကျေးဇူးရှင်ထဲမှာမထည့်ဘူး
နာမယ်နော်
Post a Comment