နံမည်က ကောင်းကင်ပြာ အထက်တန်းကျောင်းက သယ်ရင်းတွေက chucky တဲ့ GCE ကသယ်ရင်းတွေကတော့ ဖြူဖြူကျော်သိန်းတဲ့ အင်္ဂလိပ်သူငယ်ချင်းတွေက Sky တဲ့ ကိုယ့်ကိုယ်ကို ပေးထားတဲ့ အင်္ဂလိပ်နံမည်က Kelly ဆရာမပေးထားတဲ့ နံမည်က Jade တဲ့
ငှက်ကလေး ဆိုတာတော့ ညီမက အိမ်ကို ခဏပြန်ချင်တယ် လေယာဉ်ခက လဲ ဈေးကြီးတာနဲ့ မပြန်ဖြစ်ဘူး ဒါနဲ့ အတောင်ပံ တစုံလိုချင်တယ်ဆိုပြီး ငှက်ကလေး လို့ ပေးလိုက်တာ ကောင်းကင်ပြာ ဆိုတဲ့ ဘလော့ဂ်လုပ်မလို့ဟာကိုမမကောင်းကင်ပြာက ဦးလိုက်တော့ မရှိတော့ဘူး ဒါနဲ့ little bird လုပ်တော့လဲ သူများ ဦးပြီးသားကြီးဆိုတော့ kaungkin ပဲလုပ်လိုက်တာ 18 ကျတော့ ညီမရဲ့မွေးရက်လေ အဲဒီ ဂဏန်းလေး လဲ ကြိုက်တာနဲ့ kaungkin18 ဆိုပြီးဘလော့ဂ်လေးဆောက်ဖြစ်တာပါပဲ
တဂ်ချင်တဲ့ လူတွေကတော့ အများကြီးပဲ အဟိ
အရင်ဆုံး အရိုင်းရေ ငါ့မှာပြောစရာတွေများတော့ နင့်ကို နံပါတ်ထဲမထည့်တော့ဘူးနော် နားလည်ပေးနော် သယ်ရင်း ကြီး
ကဲ တဂ်ပြီ
၁။ မမမယ်ကိုး က အရင်ဆုံး မီး ဘလော့ဂ် စရေးတော့ comment ပေးတာပဲ တကယ်တော့ ko boyz ပါ သူကလည်လည်မလာဘူး ဒါနဲ့ သူနဲ့ မခေါ်တော့ဘူး ဟိဟိ ပြောသာပြောတာ အခုတဂ်တဲ့အထဲ သူပါသွားပြီ ဟားဟား
၂။ မမမျက်မှန်လေး က လဲ မီးလိုပဲ အခုမှစ ရေးတာ ဒါပေမယ့် စီနီယာကျမယ်ထင်တယ် မနိုင်း ဆီမှာ ဖိတ်ထားတာ တွေ့လို့ သွားဖတ်ရင်းနဲ့ ခင်နေတာလေ မနိုင်း က တော့ ဗဟုသုနဲ့ ဘာသာပြန်လေးတွေရေးတယ်လေ စိတ်ဝင်စားဖို့ကောင်းတယ် ဒါနဲ့ ညီမလဲ မနိုင်းကို အားကျလို့ မတောက်တခေါက်ရေးထားတာတွေလဲ ရှိတယ် အဟိ မနိုင်းစာတွေဖတ်တယ် ဒါပေမယ့် တခါတလေမှ comment ပေးဖြစ်တယ် ၁ အချက်က ကိုယ့်ထက်ဦးတဲ့ လူတွေရှိတယ်လေ မန့်တာပြောပါတယ် ဒါနဲ့ မပေးဖြစ်ဘူး ၂ အချက်က အကိုက မနိုင်းဘလော့ဂ်ကို ဖတ်တယ်လေ တော် နေ ညီမ ဘလော့ဂ်ကိုတွေ့ပြီး လိုက်ချလာမှာစိုးလို့ ဒီဘလော့ဂ်ရေးတာ အကိုမသိဘူးးး ဟားဟားး မနိုင်းနေ အမစာတွေ ညီမဖတ်တယ်နော် လင့်ခ်တောင်လုပ်ထားသေးတယ် ဒါပေမယ့် တခါတလေမှ မန့်ဖြစ်တာလေ ပြီးတော့ အမရေ မသိတာကိုပြောပြပေးတဲ့အတွက်လဲ ကျေးဇူးပါပဲ
၃။ ကိုဝသန် ကလဲ ရေးတာ အခုမှ ၁ လပဲ ရှိသေးတယ် ဆိုပြီး ညီမ ကိုတဂ်တယ် နံမည်က စိတ်ဝင်စားစရာပဲ ကိုဝသန်ရေ နောက်တခါ ညီမ ဘလော့ဂ်အသစ် ဖွင့်ရင် နွေဂိမှာန် ဆိုပြီးဖွင့်မယ် သိလား ခွိခွိ မနွေးကလဲ တဂ်လာတယ်လေ အစက လုပ်နေသေးတယ် မမက မောင်လေးလား ညီမလေးလားမသိဘူးဆိုပြီး နောက်မှ profile ကြည့်ပြီးတော့မှ အော် ညီမလေးတဲ့ လေ
၎။ မမက်မက် ကျတော့ အမြဲတမ်းလူတိုင်းကို အာဘွားလိုက်ပေးနေတာပေါ့ အဟိ ပြီးတော့ ဂျကားလဲ အပီဘူး တရော်တရော် ရှက်ပါတယ် ကိုနေဒေးသစ် က ညီမစရေးတော့ comment ပေးတယ် ဒါနဲ့ ကလစ် လုပ်ကြည့်တာ မရဘူး အော် ဘလော့ဂ်မရေးဘူးထင်နေတာ နောက် မနွေးဆီမှာ သူ့ဘလော့ဂ်လိပ်စာ ပေးထားတာနဲ့ လိုက်သွားတာ ဟွန်းးးး စိတ်ပုတ်ဘာညာဆိုပြီး ပြောထားလိုက်တယ်
၅။ မမမြူးက ဟင်းချက်တော်တယ် သူ့အိမ်သွားရင် ပြန်တောင်မပြန်ချင်တော့ဘူး စားစရာတွေမှ ရှယ်ပဲ ရှလွတ် မမမြူးကနေ တဆင့် ကိုမြစ်ကျိုးအင်းကို ဖတ်ဖြစ်တယ် နံမည်က ဆန်းသား ဆိုပြီးတော့လေ နံမည်ဆန်းတဲ့လူတွေကတော့ အနော်မာ နဲ့ ကိုနွယ်ရိုးပဲ ဟဟ ကိုနွယ်ရိုးကိုတောင် nick name တခုညီမပေးထားသေးတယ် ဘာတဲ့ ကိုကျူရိုးတဲ့ အဟိ စိတ်ဆိုးနဲ့နော် ကိုကျူရိုးရှင့် နောက် ကိုလူထွေး သူ့အိမ်သွားပါတယ် ငိုပြီးပြန်လာရလို့ လိုက်ချလာတယ် ညီမ့အိမ်ကို ဟားဟား
၆။ မမကောင်းကင်ပြာ နံမည်လေးတူလို့ သွားဖတ်ဖြစ်တယ် အပြာရောင်ကြိုက်တာချင်းလဲတူတယ် ဟွန်းးးး မမကြောင့် ညီမ ကောင်းကင်ပြာဆိုတဲ့ ဘလော့ဂ်လေးမရတာ အဟိ စ တာနော်မမရေ စိတ်မချိုးရဘူးနော် နောက်တယောက်ကျတော့ ကြယ်ကလေး တဲ့ နံမည်လေးက လှတာ မကြည်ဖြူပိုင်ကျတော့ အစက မသိဘူး ကိုကြည်ဖြူပိုင်ထင်နေတာ နောက်မှ အမဖြစ်နေမှန်းသိတယ် ဟားဟား
၇။ ခရေတွန် သူ့ကို မနိုင်းဘလော့ဂ်မှာ တွေ့လို့ လေ သူရေးထားတာလေးက သူငယ်ချင်းတယောက်နဲ့ အရမ်းတူတယ် အဲဒီသူငယ်ချင်းလဲ ဘလော့ဂ်ရေးတယ် ဒါပေမယ့် ညီမကိုမပေးဘူး ဒါနဲ့ လိုက်ရှာတာ အဟား တွေ့ပြီလို့ ဝမ်းသာအားရ သူ့အိမ်ကိုသွားတာ ဟုတ်လဲ အဟုတ်ဘူး ဒါပေမယ့် သူ့စာတွေကို အားပေးပြီးပြန်လာခဲ့တယ် မန့်ထားပါသေးတယ် သူ့ကို အိမ်လဲ လိုက်မလာဘူး ဒါရေးပြီးရင်ထပ်သွားခေါ်ဦးမယ် သူ့ကို အသက်ချင်းအတူတူပဲဆိုတော့ လေ သူငယ်ချင်းပေါ့နော်
၈။ ကိုခရောင်း ကတော့ အရိုင်းဆီမှာ တွေ့လို့ဝင်ဖတ်ဖြစ်တယ် အရိုင်းကိုလဲ ချစ်ပုံရတယ် ကောင်လေးကောင်လေးနဲ့နေတာပဲ သူ့ကိုတောင် video ဖိုင်မတင်တတ်လို့ အကူအညီတောင်းထားတာ တခါလာလည်ပြီး မလာဘူး ကိုခရောင်းရေ ညီမလဲ အရိုင်းရဲ့ သူငယ်ချင်းပါပဲ ညီမဆီလဲ လာလည်ပါဦးလို့ အဟိ
၉။ ဖိုးဂျယ် ကတော့ ညီမထင်တာပေါ့နော် ညီမ့ထက်အသက်ငယ်မယ်လို့ အမလေး ဘယ်ဟုတ်လိမ့်မလဲ ကြီးသား (အသက်ကိုပြောပါတယ်) ဒါနဲ့ အဲလိုလေး မန့်ပြီးပြန်လာခဲ့တယ် အကိုဖိုးဂျယ်က လာလည်တယ် လင့်ခ်ထားမယ်လို့ပြောသွားတယ်
၁၀။ တီတီဆွီ နဲ့ တီတီဝါ အယ် ဘယ်လိုရေးရမှန်းတောင်မသိဘူး ခရေတွန်က တီတီလို့ ခေါ်လို့ ညီမလဲ လိုက်ခေါ်တာ အဲဒါ ညီမကို comment ပေးတော့ ညီမလေး ဆိုတာနဲ့ အဟီး မမဆွီနဲ့ မမဝါ ဖြစ်သွားရော ကိုသောကြာ ကတော့ မနိုင်းဆီမှာတွေ့လို့ ဝင်ဖတ်ဖြစ်တယ် လေ ဒါနဲ့သူလဲ လည်လည်လာပါတယ်
အယ် မေ့နေတာ ကိုသားကြီး ကျန်နေတယ် တဂ်လိုက်ပြီနော် ကိုသားကြီးရေ
ကဲ tag အကြွေးတွေဆပ်ပြီးပြီနော် တကယ်တော့ ဘလော့ဂ်ဂါ မောင်နှမတွေ အကုန်လုံးကိုတွေ့ချင်တာပါပဲ
နံပါတ် ၁ ခုမှာ ၃ ၄ ယောက် ဖြစ်နေတယ် နံပါတ် ၁ ခု ၁ ယောက်မထားနိုင်တာ နားလည်စေချင်ပါတယ် ရေးချင်တဲ့လူတွေက များတော့ အဲလိုဖြစ်သွားပါတယ် ခွိခွိ
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
1 month ago



15 comments:
အိမ်လာလည်လို့  ငိုပြီးပြန်လာရတာကလဲ... ဟီးဟီး... တဲ့လား ?
kelly chunky sky jade GCE လို့ ခေါ်တဲ့ ကောင်းကင်ပြာထဲက ငှက်ကလေးရယ်...
အဲ.. နေပါဦး... GCE ဆိုတာတော့ နာမည်မဟုတ်ဘူးထင်တယ်... ပြန်မေးဦးမှ
ရှင်းပြမယ် GCE ဆိုတာက ညီမတို့က နိုင်ငံခြားသွားချင်တော့ အဲဒီသင်တန်းတက်တယ်လေ နိုင်ငံခြားအနေနဲ့ က အဲဒါက အလယ်တန်းအဆင့်လေ အဲဒါပြီးတော့ GCE A level တက်မယ်ဆိုပြီးတော့ ဒီကိုလာတာပဲ သင်တန်းပေါ့ ကိုလူထွေးရေ ရှင်းလားမသိဘူး ညီမပြောတာ
မမမယ်ကိုး က အရင်ဆုံး မီး ဘလော့ဂ် စရေးတော့ comment ပေးတာပဲ တကယ်တော့ ko boyz ပါ ...
အစ်မ မျက်စိလည်သွားတယ်... :)
အမှတ်တရ တဂ်တာလေးကို ရေးမယ်နော် ညီမလေး...ဒါပေမယ့် လာတော့လာမယ် ကြာမယ်နော် ညီမလေး....
ဒီလိုမမရေ ဒီလိုဆိုတော့ ဟိုလိုဟုတ်ဘူး အရင်ဆုံး စတင် ဆိုပြီးရေးတာ အဲဒါ ko boyz က မန့်ထားတာ ဘလော့ဂ်အဟောင်းရှိလားဆိုပြီးတော့
ပြီးတော့မှ မိတ်ဆက်ရေးတာ အဲဒါ မမ comment အရင်ပေးတာ လေ မိတ်ဆက်မှာ အဲဒါကြောင့်ပြောတာ အဟီး နားရှုတ်သွားလားမသိ
ဖတ်သွားတယ် ညီမလေးရေ..
တွေ့ချင်ရင် တွေ့ကြတာပေါ့ညီမလေးရယ်..တစ်နေ့နေ့ပေါ့နော်.း))
တော်ပါသေးရဲ့ ရေးလက်စ တက်ဂ်ကိုပဲ ထပ်တက်ဂ်တာ ခံရလို့ .. ရေးတာသာ သိပ်မကြာသေးတယ် တက်ဂ်တဲ့သူကလည်း ဘလော့လောက တစ်ခွင်ပြဲပြဲကို စင်ပါပေါ့လား .. :D တော်တော်တဂ်လည်း တက်ဂ်နိုင်တဲ့ ကလေး :D ရေးပေးမယ်ဗျား လောလောဆယ်လည်း ရေးနေတယ် နောက်ပြီးလည်းရေးဦးမယ် .. အားမနာတမ်းသာတက်ဂ် :D
ဟေးးးးးးးးးးးးးးးးးးးးးးးးးး
ညလေးးးးးးးးးးးးးးးးးးးးးး
U့  ကိုအရမ်းခင်သွားပြီသိလား
ချစ်စရာလေးနေမှာနော်
ဟိဟိ တဲ့လားခစ်ခစ် တဲ့နော်
သစ်ရွက်လှုပ်တဲ့ချိန်ရီတဲ့
အရီမျိုးလို့  မ..တို့ ဖွားဖွား
ပြေားဖူးတယ်..ဟိခစ်လေးရေး
မမမြူးလေးလဲတွေ့ ချင်လိုက်တာရှင်
စာတွေရေးတတ်လိုက်တာ
ငှက်လေးဆိုတော့ပျံခဲ့ပါလား
မ..တို့ ဆီကိုညနေတိုင်းစာရေးလာသင်ပေး
မုန့် ကျွေးမယ် U့ လိုသာ အတောင်ပံရှိရင်တကယ်အဲဒီထိကို
လာသင်မှာ...တာ့တာ အစဉ်ပြေပါစေရှင်
မမမြူး
နားမရှုပ်တော့ပါဘူး ညီမလေးရယ်...နား ချာချာလည်သွားတယ်။ :)
အမယ်မင်း ... ... လာလည်ပါဦးဆိုတော့ လာလည်လိုက်တာ တက်ခ် နဲ့တိုးနေပါရောလား ကွယ်တို့။ ဒီတက်ခ် တောင်ကိုတော့ မယ်ကျော်နိုင်မယ်မထင်ဘူး။ တက်ခ်ထားတဲ့သူတွေလည်း နည်းတာမဟုတ်ဘူး။ ကောင်းကင်ပြာမှာ ပျံမဲ့ငှက်ကလေး chucky ရေ ... အချိနရရင် ရေးပေးမယ်နော် ...
ငှက်ကလေးရေ ကိုယ့်ကွန်ပြူတာလေးရေတိမ်နစ်ရှာပြီကွယ့်
တက်ဂ်ထားတာလေးနော်များမှဆပ်ပါရစေတော့.. ငိုချင်တယ် အီးဟီးဟီး..:(:(
ငှက်လေးရေ C-box error ဖြစ်နေတယ် အကိုမမြင်ရဘူး။
လာလည်တယ်နော်
ငှက်ကလေးရေ အကိုဒီပိုစ်လေးကိုရေးထားတာရှိတယ်နော်
ဒီမှာဝင်ကြည့်လိုက် ဟုတ်ပြီလား http://www.khayaunglam.co.cc/2009/04/blog-post_27.html
ငါ့ညီမလေး အဆင်ပြေပါစေ
ညီမလေးကောင်းကင်ပြာ မမကောင်းကင်ပြာ (နာမည်၂လုံးရေးတာတောင်မောနေပီ:P )ရေးပီးပီလေ ညီမလေးရေ၊ တနေ့နေ့ ဆုံကြမှာပါ
ညီမလေးရေ...ဘာခေါင်းစဉ်နဲ့ တဂ်တာလဲဟင်.
နည်းနည်းရှင်းပြပါဦး
မက iq ပုတယ် ငှက်လေးရေ...
မင်္ဂလာနေ့ ရက်ပါ
ကောင်းကင်မပြာလိုက်ရတဲ့  အိမ်လွမ်းငှက်ကလေးရေ...
မောင်နှမတွေ ရင်ဘတ်ထဲက အမြဲထာဝရခင်မင်နေရင်း ကျွန်တော့်ကို Link ချိတ်ပေးတာကော၊ ဒီစာလေးမှာနာမည်စမ်းလို့ ထည့်ရေးပေးတာကောအားလုံးအားလုံးအတွက် ကျေးဇူးအထူးဗျာ။ လာလည်နောက်ကျသွားတဲ့အတွက်လည်း တောင်းပန်တယ်။ နောက်လည်းခဏခဏလာလည်မယ်နော်။
About Me မှာ ခွီးခွီးလို့ ရီတာ ကဗျာဆန်လိုက်တာ။ :P အရာရာအဆင်ပြေပျော်ရွှင်ပါစေ....
Post a Comment