" ဟိုင်း နိ ဟောင်မား " လို့ နှုတ်ဆက်လာတဲ့ တရုတ်ကို ကျွန်မက
" ဝါပုဟောင် " လို့ပြန်ပြောတော့ သူက
" နိချွေ့နာလိ (ဘယ်သွားမလို့လဲ)" တဲ့ ဒါနဲ့
" I am not chinese I know just a little " လို့ပြောတော့
" အာ... လူနောက် " လို့ ပီပီ သသ မြန်မာလိုပြောလာတယ် ဒါနဲ့ အံ့သြစွာနဲ့
" အောင်မလေး မြန်မာဖြစ်နေပြီး မြန်မာလိုပြောပါလား ဘာလို့ တရုတ်လိုလာမှုတ်နေလဲ သိပ်မတတ်ဘူးဟဲ့" ဆိုတော့
" သိဘူးလေ ယူက တရုတ်နဲ့နဲနဲ ဆင်နေတာကိုး " တဲ့ ဒါနဲ့ ကျွန်မလဲ
" အင်းလေ တရုတ်မင်းသမီး လင်ရှောက်ရှာနဲ့ နင်လားငါလား ဆင်တာပေါ့ ဟဟဟ " ဆိုတော့
" အင် ဘယ်သူတုံး သူက အဲဒီမင်းသမီး ကျွန်တော်မသိရပါလား "
" ဟွန်းးး ပိန်းပါ့ ရွဲ့ပြောလို့ပြောမှန်းလဲမသိဘူး " ပေါက်ဖော်က ဆက်ပြီးတော့
" ဘယ်နားမှာနေတာလဲဟင် အခု ဘယ်သွားမှာလဲ အလုပ်လုပ်တာလား ကျောင်းတက်တာလား " လို့တရစပ်မေးလာတဲ့ ပေါက်ဖော်ကို စိတ်ထဲရှိတာနဲ့
" အော် ဘယ်လိုဖြစ်နေတာလဲ စ သုံးလုံးကလား ခင်ဗျားက " လို့မေးလိုက်တော့ ပေါက်ဖော် ကြောင်သွားတယ် ပြီးမှ
" မဟုတ်ပါဗျာ ဆော်ရီး သိချင်လွန်းလို့ပါ မြန်မာကဒီမှာ ရှားတော့လေ တွေ့တော့ မေးကြည့်တာပါ " တဲ့
" အင်း တခုပဲပေးသိမယ် နောက်ကျန်တဲ့ဟာတွေကို နောက်နေ့မှ ထပ်မေး ဘယ်နားနေလဲဆိုတော့ ဒီနားနေတယ် ဒါပဲ ထပ်မမေးနဲ့ "
" ဟုတ်ကဲ့ပါ ရပါတယ် ကျွန်တော့်နံမည် မှတ်ထားပါဗျာ လမင်းလို့ခေါ်ပါတယ် "
" အင် နံမည်ကြီးကလဲ ဘယ်လိုကြီးလဲ ဟုတ်တယ် မွေးတဲ့နေ့က လပြည့်နေ့မှာမွေးလို့ " တဲ့ စိတ်ရှည်လက်ရှည် သူ့နံမည်ကို ပေါက်ဖော်ကြီး ရှင်းပြနေတယ်
" ဒါနဲ့ ဒီက နံမည်ကရော "
" အော် ပြောပြီးပြီကောလား နောက်နေ့မှ နောက်မေးခွန်းတခုထပ်မေးလို့ မိန်းကလေးဆိုတော့ နဲနဲ မူလိုက်ဦးမယ် "
" ဟုတ် မေ့သွားလို့ ဒါနဲ့ ကျွန်တော့်ကို ခင်လို့ရတယ်နော် "
" စိတ်ချ ခင်တယ် နောက်အကူအညီလဲတောင်းဦးမှာ သိလား " ဒီလိုနဲ့ ပေါက်ဖော်ကြီးနဲ့ ဘတ်စ်ကားမှတ်တိုင်မှာပဲ သူငယ်ချင်းဖြစ်သွားခဲ့ကြတယ်
ပေါက်ဖော်ကြီးရဲ့ ဒိုင်ယာရီထဲမှာ ဒီနေ့ မြန်မာ တရုတ်မလေးနဲ့တွေ့တယ် ခင်ဖို့ကောင်းတယ် တနေ့ မေးခွန်းတခုပဲ မေးရမယ် လို့ရေးမှတ်ထားလိုက်တယ်
နောက်နေ့
" ကဲ မမလေး နံမည်ပြော "
" အော် သိချင်တယ်လား ပြောရမှာပေါ့ သိမ့်သီရိတဲ့ ဒါပဲနော် တနေ့ကို မေးခွန်း တခုပဲဖြေမယ် ပိုမဖြေဘူး " လို့ပြောတော့ ပေါက်ဖော်က
" ဟဟဟ သိမ့်က တကယ့်လူနောက်ပဲ ခင်ဖို့ကောင်းတယ် ဒါနဲ့ သိမ့်လို့ခေါ်လို့ရပါတယ်နော် "
" အင်း ရပါတယ် ခေါ်ပါ သူငယ်ချင်းတွေက သီရိလို့ခေါ်တယ် ခင်ဗျားကြိုက်သလိုခေါ်ပေါ့ရတာပဲဟာ " ဒီလိုနဲ့ ခင်မင်မှုတွေ အစ ပြုခဲ့ကြတယ် ဆိုပါတော့ လမ်းကလဲ တစ်ကြောင်းတည်းပဲဆိုတော့ ဘတ်စ်ကား အတူတူစီးရင်း ခင်ခဲ့ကြတာ မဆန်းပါဘူး လေ
နံမည်လေးက သိမ့်သီရိတဲ့လူလေးကချစ်စရာလေး လို့ ပေါက်ဖော်ကြိးက စာရွက်နောက်တရွက်မှာ ရေးထားလိုက်မိတယ်
" ဘာတက်နေတာလဲ သိမ့်က "
" uni လေ advertising ပေါ့ "
" အော် ဟုတ်လား ကျွန်တော်ကတော့ အလုပ်လုပ်နေတာလေ "
" သိပါတယ် ဘာလို့ကြွားတာတုံး "
" ဟော ဗျာ မကြွားရပါဘူး မသိမှာစိုးလို့ပြောပြတာပါ "
" ဟိဟိ အင်း သိတယ် စ တာ ခင်ဗျား ဘယ်မှာနေလဲ တယောက်တည်းလား "
" ဟုတ်ဘူး room mate ၂ ယောက်နဲ့နေတာ ယောက်ျားလေးတွေဆိုတော့ အိပ်စရာရရင် တော်ပြီလေ ဒါကြောင့် သိပ်လဲ ဈေးကြီးကြီးမငှားဘူး "
" အင်းလေ ကောင်းပါတယ် "
" ဒီနေ့ နဲနဲအေးတယ်နော် သိမ့် "
" သူ့သူ အေးတာ ဘာလုပ်ပေးရမှာလဲ လို့ "
" အင် နှုတ်ခွန်းဆက်တာလေ မင်္ဂလာပါလို့ပြောရတာကြာတော့ ငြီးငွေ့လာလို့ ဒီနေ့ နေသာတယ် ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ နှုတ်ဆက်တာလေ "
" အော် ဂလိုလား သိဘူးလေ ဘယ်သိမှာလဲ အေးတာကို သိမ့်က ဘာလုပ်ပေးရမှာလဲလို့ ဒါပဲနော် ပြဿနာလာမရှာနဲ့ လူကတင်းနေတယ် "
" ကျွန်တော် ဘာများ အမှားလုပ်မိလို့လဲ "
" ခင်ဗျားမလုပ်ပါဘူး မနေ့ အွန်လိုင်းပေါ်က ငနဲပေါ့ တော်တော်လေး ရစ်တယ် သူ့ကြောင့် ညနက်တယ် အိပ်ယာဝင်တာ "
" အော် ဒါများ မပြောချင်ရင် ပိတ်ပြီးအိပ်ပေါ့ ခင်ဗျားလေးက သူနဲ့ချက်နေတာကိုး ဒါများ ကျွန်တော့်ကို ပြဿနာ လာရှာနေတယ် "
အမြင်ကတ်ကတ်နဲ့ ကျွန်မလဲမျက်စောင်း အကြီးကြီးထိုးပေးလိုက်တယ်
သိမ့်ဆီက မျက်စောင်းအကြီးကြီး ရတယ် နဂါးသာဆိုရင် ကျွန်တော်တော့ပြာကျပြီ လို့ ဒီနေ့ နေ့စွဲနဲ့ ပေါက်ဖော်ရဲ့ ဒိုင်ယာရီထဲမှာ ရေးမှတ်ထားလိုက်တယ်
" နီယောက်ချူည်းစမော (ဘာစားချင်လဲ)" လို့ရုတ်တရက် မေးလာတဲ့ပေါက်ဖော်ကို
" ဘာတွေပြောနေတာလဲ " ဆိုတော့
"ဖုံးနံပါတ် ပေးပါလား အားရင် ဖုံးဆက်ရအောင်လေ အကူအညီလိုတော့လဲ တောင်းလို့ရအောင်ပေါ့ ဟုတ်ဘူးလား " တဲ့ အင် ဘာမှလဲ မဆိုင်ဘူး ဒါနဲ့ကျွန်မ ရှုတည်တည် ပြန်ကြည့်ပြီး
" တောင်းတိုင်းပေးရင် သူတောင်းစားတွေ သူဌေးဖြစ်ကုန်မှာပေါ့ " ဆိုတော့ မျက်နှာကြီး နီသွားပြီး
" သိမ့်ရာ ကျွန်တော်က သူငယ်ချင်းအချင်းချင်း ခင်လို့တောင်းတာပါ အဲဒီလောက်ထိ ပြောဖို့မသင့်ပါဘူး " တဲ့ သူ့ကြည့်ပြီး ခွီးခနဲ တချက်ရီတော့ သူက
" သိမ့်နောက်တာလား " တဲ့
" အင်းလေ နောက်တာပေါ့ ပေးမှာပေါ့ မနက်ဖြန်ပေးမယ် ဟုတ်ပြီလား ဒီနေ့မရဘူး ဈေးကိုင်တယ်နော် ခစ်ခစ် "
" ဟုတ်ကဲ့နော် မနက်ဖြန်စောင့်နေနော် ကျွန်တော်လာခဲ့မယ် " မသိမသာ သံယောဇဉ်တွေ ရစ်တွယ်နေတာ.....
ဒီနေ့ ပေါက်ဖော်ကြီးတယောက် စာအုပ်ထဲမှာ ရေးဖြစ်တာကတော့ ထပ်ထပ်ရစ်ပတ် ရုန်းထွက်ခက်တဲ့ သံယောဇဉ် ဆိုတဲ့ စာကြောင်းကြီးကို အကြီးကြီးရေးထားလိုက်တယ်
ဒီနေ့ နေလေးလဲသာတယ် ရာသီဥတုလေးလဲ ကောင်းလိုက်တာ လမ်းသွားလမ်းလာတွေ နဲ့ လူတွေ ပျားပန်းခတ်မျှ လှုပ်ရှားသွားလာနေကြတယ် ကျွန်မကတော့ ပေါက်ဖော်ကြီးကို စောင့်နေတယ် ဟုတ်တယ်လေ သူပြောထားတယ် စောင့်နေတဲ့ ဖုံးနံပါတ် တောင်းမလို့တဲ့
ပေါက်ဖော်ကြီးရယ် ကြာလိုက်တာ ဘာလို့မလာသေးတာလဲ ငါ စောင့်နေတယ်လေ ဟော ဘတ်စ်ကားတွေ တစင်းပြီးတစင်းထိုးဆိုက်လာတယ် ငါလေ နင်မလာသေးလို့နင့်ကိုစောင့်နေတယ် သိလား ငါကျောင်းနောက်ကျတော့မယ် ပေါက်ဖော်ရ လာသေးဘူးလားလို့
ဘတ်စ်ကားဂိတ်ကို လာသောလမ်းမှာ ပေါက်ဖော်ကြီးတယောက် ကားတိုက်ခဲ့တာကို သိမ့်တယောက် သိခဲ့မယ်ဆိုလျှင်........
(ဘာရယ်မဟုတ် ဘတ်စ်ကား စောင့်ရင်း တွေးဖြစ်သော အတွေးလေးတခုအား....)
ရန်ကုန်သားရေ နာ့စာတွေ ဖတ်ပြီးမရီနဲ့နော် ဟွင်းးးးးးးး အားနယ်တယ် ဂယ်ပဲ
တရုတ်လိုရေးတာ မှားခဲ့သည်ရှိသော် ကိုယုယနဲ့ ခရေတွန် အပြစ်သာဖြစ်ကြောင်း ဝက် အပြစ်တခုမှ မပါပါ ဟိဟိ

38 comments:
111111111111111111111
222222222222222222
3333333333333333333
4444444444444444444
555555555555555
6666666666666666666666
ပြန်ပြီ
ပါးလုံး
အပေါ်ကတယောက် ဘာဖြစ်သွားလဲ မသိ ... ၀က်ဝံ လေး တယောက် ကားစောင့်ရင်း ပေါက်ဖော်ကြီးကို ဒန်တန်ဒန် .... စိတ်ကူးယဉ်နေတယ် ... ဇတ်လမ်းလေက ကောင်းပါ့ ...
ဟားဟား တော်တော်ရယ်ရတယ်၊တွေးလည်းတွေးတက်ပါ့
တရုတ်မင်းသမီးနာမည်လေးတော့ အတော်သဘောကျသွားတယ်ဗျာ..ဟဟအဆင်မပြေလဲပြောနော် အဲဒါဆို သိပ်ကူညီချင်တာ ဟဲဟဲ
ဂျိတ်ဆိုးကြေးနော်..
ဝေါ်အိုက်နီ ...ရှောင်ကျူးးးးးး
ဝေါ်မဲန်း ကျယ်ဝှဲန်း ပါးးးးးး
( ပေါက်ဖေါ်ကြီး လာပြောသွားပါသည် )
ခိခိ ..
ပါးလုံးလေးတော်တော်ဆိုး
သူချည်းပဲ ၇ ခုယူသွားတယ်
နိချွေနားလီတော့ မသိဘူး
နင်ချွေရင် ငါနားတော့မယ်
ငါချည်းပဲအရွက်ချွေနေရတာ
ပင်ပန်းလာပီ
း))
ဇာတ်လမ်းလေးကောင်းတယ်
ဟာသလေးနဲ့ 
ရဲဘော်ဝက်
ဆက်လုပ်
ဝသန်မိုး
ရည်းစားတောင် မဖြစ်ရသေးဘူး ဘာလို့  အတင်းကြီးကားတိုက်သေခိုင်းရတာလဲ.. သေစေချင်တော့လဲ သူပဲ ဇွတ်
ဟယ် ... လုပ်ပြီ ဇာတ်ရှိန်ကောင်းပြီဆို သေပြီ ... ဂယ်ပဲ ... :(
ဝေး.... ၀က်ကလေး...
သေချာတယ် ဇာတ်လမ်းတော့ရှိခဲ့ဘူးတာသေချာနေပြီ...
ဘာသွားသတိရလည်းဆိုတော့ ကိုပေါအဖြစ်ကိုပေါ့...
သူ့ခမျာ အသက်ပေးချစ်သွားရှာတာ....
ကျွတ်ကျွတ်... အင်း...
ပေါက်ဖော်ကြီးသာ အခုအခြေအနေကို သိခဲ့ရင်...
ဟေးးးးးးးးးးးးးး
နင်ဟောင်မား...
နင်မဟောင်.. ငါဟောင်လား.. ခွီး..း)
မိုင်ရှီရွှတ် အေဝံ့ ဂိုးလီးရား..
ချစ်ရင်ချစ် မချစ်ရင် သတ်မယ်.. အဲလိုပြောတာ..
ဒါပဲ...
စပါပြီခင်ဗျာ.. ပေါက်ဖော်ကြီးနဲ့ ၀က်ဝံလေး ဇာတ်လမ်းလေးပါး) အဟေးဟေးးးးးးး
လေးစားလျက်
တောင်ပေါ်သား
သနားစရာ ဇာတ်လမ်းလေးပါ ၀က်ကလေးရေ ဆက်ရေးဗျာ ချစ်တိုင်းလဲ မပေါင်းရတဲ့ အဖြစ်တွေ ကိုရန်ကုန်သားနားက ကူးလာတယ်ထင်တယ်း)
လေးစားလျက်
တောင်ပေါ်သား
ညီမလေးလည်း sad ending တွေ ကြိုက်လာပြီ ထင်တယ် =)
ဘာပဲဖြစ်ဖြစ် အရေးအသားသွက်သွက်လေးနဲ့ တကယ်ဖတ်လို့ကောင်းပါတယ်။
တနားပါတယ်ဟ...
ဟားဟား ရယ်ရတယ်.. လင်လျှောက်ရှာတဲ့.. အဟီး.. အင်္ဂလန်သွားပြီ အဲဒါလုပ်နေတာလားအဟီး..
နာမည်ကလဲ လင်လျှောက်ရှာ.. ဝါးဟားဟား...
ခင်မင်လျှက်
အဆိပ်ခွက်
ဝံလေးရေ ရောက်နောက်ကျ ဆောတီးနော် ။ ဖတ်ရကောင်းတယ်။ သူက မှတ်တိုင်ကနေ ဘယ်ချိန်ပြန်လိုက်လဲ။ ဒိတိုင်းထိုင်စောင့်နေတော့ ဟိုတခါလို လမ်းမမှားရင်တောင် လမ်းပျောက်တော့မယ်နော့်။ သနားပါတယ်။ ကွေကွင်းရခြင်းတွေ ကူးကုန်ပြီ(ငွားးငွားး) ရေးပါ။ ဆက်ရေးနော်။ ကောင်မလေး စိတ်ကူးက လွန့်ပါ့။
နာတိတယ် .. ရေးနေရင် ပျင်းလို့ ပေါက်ဖော်ကြီးကို တက်ပစ်တာ မဟုတ်လား... ငှားငှားငှားငျား
မရဘူး ဆက်ရေး
ဝိညာည်ဘ၀နဲ့ အင်တာနက်မှာ ဆက်ချက်တာရေး ဒါပဲ
မင်းအိမ်ဖြူ
ဝက်နင်အကြောင့်တွေကိုရေးတာတော့ဟုတ်ပါဘူးနော်
ဇတ်သိမ်းခန်းမှာဘာလို့ကွဲခိုင်းတာလဲသနားပါတယ်
သူတို့မှာဂျစ်ဂျစ်တောင်မဖြစ်သေးဘူး
ပြည်ကြီးစကားမတတ်ပါ
အတင်းပြောရင်ဖြစ်ဖြစ် ဆဲရင်ဖြစ်ဖြစ် တော့နားလည်တယ် မလေးရှားမှာ သားကြီးကို ဘာ ဘာသာစကားနဲ့မှလာဆဲလို့မရဘူး ဟဲဟဲ
ပေါက်ဖေါ်ကြီးကလည်း ဖုန်းနံပါတ်ရတော့မယ်ဆိုတာနဲ့
ကားတောင်မရှောင်တော့ဘူးကိုး
ကားကသူ့ကိုတိုက်သွားတာလား
သူက ကားကိုပြန်တိုက်တာလား
ရှင်းဦးလေဟာ :P
သိမ့်တစ်ယောက်သနားပါတယ်
ခုထိစောင့်နေတုန်းလားဟင် အပ်ချလောင်းလို့အော်ပြီး ပေါက်ဖေါ်ကြီးစတိုင်နဲ့ သိမ့်ဆီသွားမလို့သားကြီးက ဟိဟိ
တပိုင်းတစ ပေါက်ဖေါ်ကြီးရဲ့ ဒိုင်ယာရီစာအုပ်ကိုလည်း စာလုံးကြီးကြီးနဲ့ဆက်ရေးမယ်လေ :P
ဘာတွေများ ဆက်ဖြစ်ဦးမလဲလို့ ချက်ချင်းကြီး အလွမ်းနဲ့ ပြီးသွားပါလား...
:)
အဲ ဘာလို့ ရယ်ရမှာတုန်း..... ဝမ်းနည်းစရာ
ဇာတ်လမ်းကြီးကို ...... သံယောဇဉ်ဆိုတာ
အဲလိုပဲလေ မရှိတဲ့အခါကျမှ သတိကထားမိ
တာ ကျနော်ကျတော့ ဟက်ပီးအန်းဒင်းတဲ့ သယ်ချင်းကျတော့ မဟက်ပီးတဲ့အန်းဒင်းကြီး
နဲ့  ဝက်ဝံလေးပြောလို့ လက်ကို မနည်းအငို တိတ်အောင် လုပ်ထားရတယ် အား အား ရှိ လွမ်း ချင်
ဆွေးချင် ငိုချင်ယိုချင်နေလို့  :)
ခင်တဲ့
ရန်ကုန်သား
နွေးထွေးပါစေ :)
အင်းးးးး ငှက်တကောင် .. စိတ်ကူးယဉ်နေပြီ သတိထားအုံးးး အပြင်မှာ ကားတိုက်ခံရတာ နင်ဖြစ်နေအုံးမယ် စိတ်ကူးယဉ်ပြီး မီးနီတုန်း လမ်းကူးမိလို့ .ဟဟဟ
အော် ဖုန်းနံပါတ် မပေးလိုက်ရဘူးပေါ့။ တစ်ခုတော့ ကောင်းပါတယ် ဟိုဝတ္တုထဲကလို သေမင်းက ဖုန်းနံပါတယ်တောင်းရင် သိမ့်ရဲ့ ဖုန်းနံပါတ်ပေးလိုက်မှာ မကြောက်ရတော့ဘူးပေါ့
ဟဲ..ဟဲ.. နောက်ကို သိချင်တာရှိလည်း မေးနော်။ စလုံးကလူတွေ အားမကိုးရဘူးလို့ ပြောနဲ့တော့နော်..နော်။
yu ya
ဝက်ကလေးက မူနေတာကိုး...
စောစောစီးစီးမှ မပေးတာ... :)
ဝက်ဝံလေးရေ
လုကမူနေတာကိုး ဝတော့လစ်သွားပြီ
ဆိုပြီ တလုပ်ကြီးပြောသွားတယ်တဲ့
ခင်မင်စွာဖြင့်
သီဟသစ်
တီရုတ်ကြီးကဆေးရုံရောက် ဒိုင်ယာရီစာအုပ်လေးကို သိမ့် ကကောက်ရ ဖတ်မိ ....... တီရုတ်ကြီးက ဆေးရုံမှာ ပတ်တီးတွေနဲ့ ဖုန်းနံပတ်ကိုသတိတရမေး သိမ့် က သိမ့်သိမ့်လေးဆွေး ဆက်ရေးလို့ရတယ်လေ ဟဲ ဟဲ
ဝက်ဝံလေးရေ.............
အပေါ်ဆုံးက အဒူလဲ တိဘူး....လောဘကြီးလိုက်တာ....
ဟွင်း........တန်းစီပီးယူတွားတယ်....။
ဂယ်ပဲ ဘတ်စ်ကားမှတ်တိုင်ရောက်ရင် သတိထားမှပဲ
အဟီး ပြန်တွားပီနော်
အိုက်စစ်.......................နီလား အဟိးp
ဝက်ဝံလေးကလဲနော်..ပေါက်ဖော်ကြီး ခမျာ ဝေါ်အိုက်နီ တောင် ပြောမတွားရရှာဝူး..တီနားပါရယ်.
ဟိဟိ...
အတွေးရလို့ရေးလိုက်တာတဲ့။
ဒီက တကယ်ထင်လို့။ =)
ဝက် စာရေးအား တကယ်ကောင်းလာတယ်နော်။
တော်လိုက်တာ။ =)
ဝက်ကလေး လာဖတ်တာ တကယ်အတွေးကောင်း အရေးကောင်းပဲ အားပေးတယ်ဆက်သာရေးး)))
ဟဟဟဟားးးးးးးးးးးးးးး
အဲ နိုရမှာပဲ ဟင့်ဟင့်ဟင့်...
ဖုန်းနံပါတ်တောင် မပေးလိုက်ရဘူး။ တူက တေတွားပီဒဲ့။ ဟင့်ဟင့်
တနားလိုက်ထှာတော်။
ဒီဝက်စုတ်ဟာ တော်တော်ရက်စက်တာပဲ။
အပေါ်က ပါးလုံးတောင် သွက်သွက်ခါ ရူးစေတယ်။ ဟိဟိ
Post a Comment