Thursday, 17 September 2009

မွေးနေ့ မင်္ဂလာ

၁၈ ရက်နေ့ မနက် ၁၀ ခွဲမှာ ညီမ့ကို ဒီလူ့လောကထဲရောက်အောင် မွေးထုတ်ပေးခဲ့တဲ့မေမေ လိုအပ်သမျှကို ဖြည့်ဆည်းပေးတဲ့ ဖေဖေ ညီမနဲ့ ရန်ဖြစ်ဖော် ရန်ဖြစ်ဖက် တခါတလေလဲ အရမ်းတည့်ကြတဲ့ အစ်ကိုနဲ့ အငယ်မလေး တို့ကို ညီမ အရမ်းသတိရတယ် ညီမ မွေးနေ့မှာ ချမ်းမြေ့ရိပ်သာမှာ အာရုဏ်ဆွမ်း ကပ်မယ်လို့ပြောတယ်

Birthday party လေး လုပ်ပေးတဲ့ ယောင်းလေး ရွှေညာသူလေး ဂျစ်(မချစ်ရ) နဲ့ကောင်လေး ငယ်တို့ကိုလဲ ကျေဇူးတင်အရမ်းတင်တယ် ဖော်မပြတတ်အောင် လဲ ဝမ်းသာတယ်
Birthday wish လေးလုပ်ပေးတဲ့ မမကွန် ကိုဇော် မမမေလေး(မေလေးလွင်) ကိုယုယ ကိုဝသန်မိုး c box မှာ လာအော်သွားကြတဲ့ ကိုလင်းကြယ်ဖြူ သက်(သက်တန့်ချို) အနော် တို့ကိုလဲ ကျေးဇူးအများကြီးတင်ပါတယ် mail နဲ့ လှမ်းပြီးတော့ စင်ကာပူအချိန် ၁၂ နာရီ တိတိမှာ Birthday wish လုပ်တဲ့ ဆောင်း(ဆောင်မြူခိုး) ကိုလဲ ကျေးဇူးအကြီးကြီးတင်ပါတယ် မွေးစားအစ်မကြီးဖြစ်တဲ့ မမကိုးကလဲ စင်ကာပူအချိန် ၁၂ နာရီ တိတိမှာ Happy Birthday လုပ်သွားခဲ့ပါတယ် chat ကနေ ပြီးတော့ ညီမလေး မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးတဲ့ ကြယ်လေးရဲ့ ချစ်သူကိုလဲ ကျေးဇူးးးအထူးပါလို့ ညီမ့ရင်ထဲမှာ အတိုင်းမသိ ကြည်နူးရပါတယ်

အဟမ်း အဟမ်းးး အခုချိန်ကစ ပြီးတော့ ကျွေးမွေးပါတော့မယ် ယောင်းလေး က ဟင်းချက်ပြီးကျွေးလိုက်တယ်လေ အချိုရည်ပဲ တိုက်တော့ ဆိုတာနဲ့ အဟမ်း အဟမ်းးးး ကိုကို တို့အကြိုက် လာလေရော့ဟယ် ဟပ်ချလောင်းးးးးးးး




အယ် ဘာကြီးထွက်လာတာလဲ အသိဘူးတော့ လုပ်ကြပါဦး ဟီးးးဟီးးးး နည်းသေးလားဟင် ရှိသေးတယ် သိလား ဒီမှာနော် အများကြီးပဲ ဟက်


မွေးနေ့ကိတ်ကို google ကနေ အော်ဒါမှာ အဲ ကိုယ်တိုင် ဖုတ်ထားတာနော် စားသွားကြီဦး သိလား ဟိဟိ




လူအရမ်းများတော့ မလောက်မှာစိုးလို့နော် သိလား



ပြန်တော့မလို့လား ဒါဆိုလဲ ဒီကားလေးနဲ့ ပြန်သွားနော် ဒရိုင်ဘာ Rain ကို လိုက်ပို့ခိုင်းလိုက်မယ်သိလား ဟိဟိ
ဒီကားက မမတွေအတွက် စပါယ်ရှယ်သိလား ကိုကို တွေကတော့ ဆိုက်ကားစီးပြီးပြန် လိုက်တော့နော် ဟက်



အားလုံးကို ရမ်းရမ်းချစ်တဲ့ ဝက်ဝံလေး ချစ်စရာ ဆိုလို့ ဒီညီအစ်ကို မောင်နှမတွေပဲ ရှိတာကိုး လို့နော့် (ချွဲတာ ချွဲတာ သိလား)


44 comments:

မချစ်ရ said...

ဟယ် ...(၁)လား
ဝက်ဝံလေးမွေးနေ့မှာ (၁) ရလို့
ကျေနပ်ပါတယ်
ဂျစ်လေးအစစအရာရာ
အဆင်ပြေပျော်ရွှင်နိုင်ပါစေလို့
ဆုတောင်းပေးပါတယ်

မချစ်ရ said...

စားပြီးလို့ပြန်ပြီ
ကဲကဲ ..ကားလေးနဲ့ပြန်လိုက်ပို့တော့
အိပ်ချင်ပြီ.........:P

နေဒေးသစ် said...

မင်္ဂလာရှိတဲ့မွေးနေ့လေးမှာ မင်္ဂလာအပေါင်းနဲ့ပြည့်စုံနေတဲ့ မုန့်လေးတွေစားပြီး မင်္ဂလာမွေးနေ့ရှင်လေးအတွက် မင်္ဂလာပွားစေဖို့ " မင်္ဂလာ မင်္ဂလာပါ " လို့ ထပ်ခါတလဲလဲ နှုတ်ဆက်ရင်း နောင်မွေးနေ့ပေါင်းများစွာမှာလည်း ဆထက်တပိုး မင်္ဂလာပေးနိုင်စွမ်းတဲ့ မင်္ဂလာဝက်ဝံလေး ဖြစ်ပါစေ ညီမလေးရေ ...

နေဒေးသစ်။

kiki said...

ံHaPpY bIrThDaY PoLaR bEaR ! !
ဝက်ကလေးရဲ့  မွေးနေ့ မှသည် အသက်ထက်ဆုံး ပျော်ရွှင်နိုင်ပါစေ ....

ဘလောဂင်းတွေ များများလုပ်ပြီး များများ ပေါနိုင်ပါစေ..
နေရာဦး ရင်း နဲ့ အိပ်ရေးပျက်ပါစေ .
ဘလောဂါ ကောင်စီရုံးမှာ နေ့တိုင်း လက်မှတ်ပြေးထိုးရပါစေ.....

စေတနာ ဗလပွ နဲ့  ဖွားကိ ..

Yu Ya said...

HAPPY BIRTHDAY!!!

MANY HAPPY RETURNS!!!

yangonthar said...

သူငယ်ချင်း ရေ မွေးနေ့ လေးမှာ ပျော်ရွှင်ပါစေ ဒီမွေးနေ့ မင်္ဂလာမှသည် နောင် နှစ်ပေါင်းများ စွာတိုင် ပျော်ရွှင်မှုချည်းသာ ရရှိပိုင်ဆိုင်ပါစေ မချစ် မနှစ်သက်သူများနှင့် ကင်းဝေးပါစေ ချစ်ခင် သောသူများနှင့်သာ တွေ့ ဆုံရပါစေ
ကျန်းမာပါစေ ချမ်းသာပါစေ .... ပေးရင်းပေးရင်းနဲ့  သီတင်းကျွတ် ကတော့ရင် ပေးတဲ့ ဆုတောင်းဖြစ်တော့မယ် :)))))
တိုက်တာကျွေးတာတွေ သောက်စ် စားစ် သွား တယ် သယ်ချင်း
ခင်တဲ့
ရန်ကုန် :)))))

zawzaw said...

မင်္ဂလာရှိတဲ့ ဤမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ အထိ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျမ္မာခြင်းများပြည့်ဝ ၍ လိုအင်ဆန္ဒ အ၀၀ ပြည့်ဝနိုင်ပါစေ ... အဖော်ကောင်းလည်း အမြန်ရပါစေဟေ့ ... ဒီမို စနစ်ကိုလည်း အမြန်ဆုံး ခံစားနိုင်ပါစေလို့

ကာရံဆူး said...

အယ်..နောက်ကျသွားတယ်...ဘာပဲဖြစ်ဖြစ်ပါ...၀က်ဝံလေးရဲ့ မွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာတိုင် မိဘကျေးဇူး သိတတ်ပြီး ပြန်ဆပ်နိုင်သော သမီးကောင်းရတနာလေး ဖြစ်ပါစေ...မိဘကို ကျေးဇူးဆပ်ရင် ကိုယ်လည်း အလိုလို ဘေးကင်းပြီး စိတ်ချမ်းသာရမှာမို့ ကျန်တာတွေ ဆုမတောင်းပေးတော့ဘူးနော်......

ကိုလူထွေး said...

happy birthday ဝက်ကလေးရေ...
မွေးနေ့ကိတ်လား... မင်္ဂလာကိတ်လား မကွဲသေးဘူး...

ဘာလက်ဆောင်ပေးရမလဲ...

းဝ)

ဂေါက်သီးနဲ့ရှောက်သီး said...

Happy Birthday ပါဝက်ဝံလေး
ပျော်ရွှင်ချမ်းမြေ့ခြင်းများစွာကို ပိုင်ဆိုင်ပြီး လိုအင်ဆန္ဒတွေပြည့်ဝနိုင်ပါစေဗျာ...

ကျော်ကျော်အောင် said...

ဝက်မွေးနေ့ပွဲကအစောကြီးလုပ်လို့
ပါလားးငါတောင်နောက်ကျသွားးပြီ
ဝိုင်တွေကလဲသရေယိုချင်စရာဟာ
အမူးသောက်သွားပြီဝက်ရေ..ဒီမွေးနေ့
မင်္ဂလာကနေနောင်နှစ်ပေါင်းး၁၀၀ကျော်
အောင်ပျော်ရွင်ကြည်နူးစွာနဲ့ဘဝခရီး
လမ်းကိုဖြတ်ကျော်နိုင်ပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်ဟာ

လင်းကြယ်ဖြူ said...

စက်တင်ဘာ လထူး ၁၈ ရက်နေ့အကူးမှာ
မြူးလို့ ပြုံးပျော် နေမှာသေချာ တဲ့ ညီမ ငှက်တစ်ဖြစ်လဲ၊၀က်တစ်ဖြစ်လဲ၊စက်တင်ဘာကောင်းကင် တစ်ယောက်......
အောင်မြင်မှုအရောင်တွေတောက်
ပြောင်မြောက်တဲ့ စွမ်းပကားတွေနဲ့
မှန်းထားသမျှ ကောင်းသောဆန္ဒ
ကြံသမျှအောင် စိတ်ဆောင်တိုင်းကိုယ်ပါ
လိုရာဟူသမျှ ပြည့်ဝနိုင်ပါစေ ...။ ။

***H*A*P*P*Y****B*I*R*T*H*D*A*Y***
ဝက်ဝံလေး...စက်တင်ဘာ...ကောင်းကင်
အမြဲတန်းကြည်လင် လှပနေပါစေ

ခင်မင်လေးစားစွာ

လင်းကြယ်ဖြူ

မယ့်ကိုး said...

ှညီမလေးရေ....

ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ...

ဒီမွေးနေ့ မင်္ဂလာမှသည် နောင် နှစ်ပေါင်းများ စွာတိုင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာလို့ လိုရာမှန်သမျှ ပြည့်ဝပါစေနော်။

ညီမလေးကို ချစ်သောသူတွေနဲ့ ညီမလေးက ချစ်တဲ့သူတွေနဲ့ ရာသက်ပန် မခွဲမခွာပျော်ရွှင်ပါစေလို့ ....

Angel Shaper said...

ဝက်ရေ... မင်းအုပ်ထိန်းသူတွေကို နားလည်ပေးတယ်မို့လား။ အာဘွားနော်။
ကိုသားကြီးလဲ ဟိုမှာ ပိလို့သေတော့မယ်တဲ့ (အလုပ်ပြောတာ)။ ငါလဲ ခုမှပြန်ရောက်တယ်။
ရင်ဘတ်ထဲကနေဆုတောင်းပေးလိုက်တယ်။
ပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်ပေါင်းများစွာ၊ အောင်မြင်မှုများစွာ၊ ၀က်ကလေးအတွက်ဖြစ်ပါစေ။
လျှောက်လှမ်းနေတဲ့ ခြေလှမ်းတိုင်းဟာ အဖိုးတန်လို့ လူသားအားလုံးအတွက် အကျိုးပြုတဲ့ သမီးကောင်းရတနာလေး ဖြစ်ပါစေလို့  ဆုတောင်းပေးလိုက်ပါတယ်။
ဟက်ပီဘတ်ဒေးပါနော်။။။
Happy Birthday....
Sweet Kissssssss And A Big Hug!!!!!
အာဘွားးးးးးးးးးးးးး

Anonymous said...

ပျော်ရွှင်သောမွေးနေ့ ပွဲလေးဖြစ်ပါစေနော်ယောင်းလေး

ချစ်တဲ့
ယောင်းမြူး

လူရိုင်းလေး said...

သူများဆီမှာပဲ Birthday Wish လုပ်ရသေးတယ်
နင့်ဆီမှာ မလုပ်ရသေးဘူး
အခု လုပ်လိုက်တော့မယ်
ပျော်ရွှင်ဖွယ်ကောင်းသော မွေးနေ့လေးဖြစ်ပါစေခင်မျာ

မျက်မှန်လေး said...

ဟက်ပီးဘက်ဒေးပါ ၀ံလေးရေ...
ယနေ့မွေးနေ့မှသည် နောင်နှစ်ပေါင်း တစ်ရာနှစ်ဆယ်တိုင် ရှည်စေနော်။။။(အသက် အသက်)

အဖြူရောင်နတ်သမီး said...

Happy Birthday ပါ...ဝက်ဝံလေးရေ....
ဝက်ဝံလေးရဲ့..၁၈ရက်နေ့မှာကျရောက်တဲ့...
မွေးနေ့မှာ...၁၈ ယောက်မြောက်...ဆုတောင်းပေးတဲ့သူအဖြစ်....
အမှတ်တရပါနော်.....

အဖြူရောင်နတ်သမီး said...
This comment has been removed by the author.
နွေးနေခြည် said...

HAPPY BIRTHDAY! WAT WIN LAY
မွေးနေ့တင်သာမကပဲ နေ့ရက်တိုင်းပျော်ရွှင်ချမ်းမြေ့ပါစေ ညီမလေးရေ...
BIRTHDAY KISS :*
အာဘွားးးးးးးး)

Unknown said...

ဝက်ကလေးရေ....

HaPpY bIrTHdaY !

HaPpY bIrTHdaY !

HaPpY bIrTHdaY !

နောက်ကျသွားတာ စောရီးနော်...

အခုရက်မှာ အလုပ်တွေရှုပ်နေတာ...

အပြင်မှာချည်းဖြစ်နေတာ...

မွေးနေ့မှာ ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ...

အလိုရှိတိုင်း အရာရာ ပြီးပြည့်စုံတဲ့ သူလေးဖြစ်ပါစေဗျာ...

မွေးနေ့မှာ လာကွဲသွားတယ်...
ကိုကိုတို့အကြိုက်တွေကို လိုက်မြည်းကြည့်ရုံနဲ့တင်( ဟဲဟဲ..သိပ်မကြိုက်ရှာဘူးလေ..)

ပြန်ဖို့ လမ်းမသိတော့လို့ ယူကေမှာ တညခေါက်သွားတယ်ဗျာ...

တော်သေးတယ်...

တရေးနှိုးတော့ အိမ်ပြန်ရောက်နေလို့....

Anonymous said...

ချစ်ချာကောင်းတဲ့ ၀က်ဝံလေးရေ....
မမနှင်း မွေးနေ့လက်ဆောင်လာပေးတာ ...
မျက်ချိမှတ် .... မျက်ချေးတွေသုတ်ပေးမလို့ :p
ဟိုဘက်ကိုလှည့် ... ၀က်ဝံလေးရဲ့ အမြီးမှာ အီ အီးတွေကပ်နေတာ သုတ်ပေးမလို့ ....းp
အဟီး ... ချစ်လို့ စတာနော် ချိတ်ချိုးနဲ့
ဝက်ဝံလေးတစ်ယောက် မွေးနေ့မှစ၍ အနာဂတ်များစွာတိုင်အောင် ..... ကျေးဇူးရှင်မိဘနှစ်ပါး
ရဲ့ကျေးဇူးကို ကျေပွန်စွာဆပ်နိုင်သော သမီးရတနာလေးဖြစ်ပြီး အမျိုး ဘာသာ သာသနာတော် ရဲ့ အကျိုးများကိုလည်း တက်စွမ်းသလောက် ဆောင်ရွက်နိုင်ပါစေ .......
အမြဲထာဝရ ပျော်ရွှင်ခြင်းများစွာဖြင့် လောကအလည် ၀ံ့ထည်စွာ ရပ်တည်နိုင်ပါစေလို့ တောင်းဆုပြုလိုက်ပါတယ် .......။
အာဝါး ..... တစ်ချက်းp
ချစ်ခင်စွာဖြင့်
နှင်းဟေမာ

ကြယ်ကလေးချစ်သူ said...

Happy Birthday ဝံလေး
Blow out the candles, wish away, you are the superstar of the day.

rose of sharon said...

HAPPY BIRTHDAY MY LOVELY LITTLE SISTER, WISHING YOU ALL THE BEST,
WITH LOVE,
ROSE OF SHARON

Waing said...

ပျော်ရွှင်ဖွယ်မွေးနေ့လေး ဖြစ်ပါစေ
ကိတ်မုန့်လာစားသွားတယ် သောက်သွားပါတယ် တခါတည်း အကြိုအပို့တွေလည်း စီစဉ်ပေးထားတာပဲ
နောက်နှစ်တွေမှာလည်း အခုလို ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့မှာ ဘလော့ဂါညီအစ်ကိုမောင်နှမတွေနဲ့ ပျော်ရွှင်နိုင်ပါစေနော်
ခင်လျက်
ဝိုင်း

တောင်ပေါ်သား said...

မွေးနေ့လေးမှသည် နောင် နှစ်ပေါင်းများစွာ ချစ်သော မိသားစု၊ မောင်နှမ၊ ချစ်သူ နှင့်ပျော်ရွှင်စွာ နေနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်


လေးစားလျက်
တောင်ပေါ်သား

သုခုမလေဒီ said...

ဝက်ဝံမွေးနေ့ လူစည်သားနော်။ ရောက်တာနောက်ကျလို့ မင်္ဂလာကိတ် အဲမွေးနေ့ ကိတ် တောင်ကျန်သေးရဲ့ လား။ မွေးတာကတော့ခုမှမွေးမှာပါနော်။ ခုမှ၁၀ကျော်သေးတာ(မြန်မာအချိန်)း)
မွေးနေ့ မှာ ၀က်ဝံလေး ဆန္ဒရှိတာတွေအကုန်လုပ်နိုင်ပါ စေနော်။ အိမ်တကာလည်တာမှာ နံပါတ်၁ရသလို ကျောင်းစာနဲ့ ရှေ့ လျှောက်မယ့်အနာဂတ်မှာလည်း နံပါတ်၁တွေပဲရပါစေလို့ ဆုတောင်းပေးပါတယ်။

maylay said...

ရောက်တာနောက်ကျသွားတယ် ညီမလေးဝံလေးရေ ။ နောင်နှစ်ပေါင်းများစွာအထိ ကျန်းမာပျော်ရွှင်တဲ့ ဘဝခရီးလမ်းကို ချစ်သောသူများနဲ့ အတူ အောင်မြင်အောင် လျှောက်လှမ်းနိုင်ပါစေနော် ။ အပျော်တွေ ပြည့်ပါစေ။ အမောတွေ ပြေပါစေ။

သံလွင် HeRo said...

ဝက်ဝံလေးရေ...
ဒီမွေးနေ့မှသည်...နောင်လာမဲ့မွေးနေ့များဆီသို့
အောင်မြင်မှုတွေကိုလက်လှမ်းယူနိုင်ပြီး
ဆန္ဒနဲ့ဘဝထပ်တူကြပါစေဗျာ...
ဆိုက်ဆိုက်နဲ့ပြန်ရမယ်ဆိုတော့
ဘူးဂစ်ကဟာမျိုးဆိုရင်တော့မချိုးဝူး...ငှားပေးလေ
ဟတ်ဟတ် :)

မေဇင် said...

ဝက်ဝံလေး ရဲ့ မွေးနေ့လားဟင်...မသိလိုက်လို့ လာတာ နောက်ကျသွားတယ်...ညီမလေးရယ်...။ ညီမလေး နေ့ရက်တိုင်းမှာ ချစ်သောမိသားစု၊ ချစ်သောသူများနဲ့ ပျော်ရွှင်နိုင်ပါစေနော်...။

မိုးစက်ပွင့်လေး said...

ဟင့်..နက်ကြီးစုတ်နေလို့  ..နောက်ကျတွားရယ်..
မွေးနေ့လေးမှသည်နောင်နှစ်ပေါင်းများစွာအထိ
ပျော်ရွှင်သော ဘဝလေး ကို ပိုင်ဆိုင်နိုင်ပါစေနော်..

မိုးစက်ပွင့်လေး said...

နောက်ကျမှရောက်တော့လဲ အောက်ကနေပဲ တစ်ပေါ့နော်.. ဟိဟိ..
ချစ်ညလေး အမြဲပြုံးပျော်ရွှင်ပါစေ..ချစ်တဲ့ မိသားစုလေးနဲ့ အတူ အောင်မြင်မှုတွေကိုလက်လှမ်းယူနိုင်ပြီး
ဆန္ဒနဲ့ဘဝထပ်တူကြပါစေနော်....

(`'·.¸ (`'·.¸*¤* ¸.·'´) ¸.·'´)

►►►=------♥Happy Birthday ♥-----=►►►

(¸.·'´ (¸.·'´*¤* `'·.¸) `'·.¸)

မိုးစက်ပွင့်လေး said...

ဒါကမွေးနေ့ လက်ဆောင်..အာဝါးးးးးးးးး...:PPPP

ကိုလူထွေး said...

"You have been banned" တဲ့ ဝက်ကလေးရဲ့...

ပြန်ဖွင့်ပေးဦး...

HAPPY BEARSDAY နော်....

းဝ)

သားကြီး said...

အပေါ်က ပုလင်းတွေချည်းပတ်မော့နေလို့
အောက်က ကိတ်တွေမစားနိုင်တော့ဘူး
မူးဒယ်
ဆိုက္ကားဆိုလည်း ဆိုက္ကားပေါ့ဗျာ
လေကောင်းလေသန့်တောင်ရသေး
happy birthday ပါ
ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ

Anonymous said...

ကျနော်က မွေးနေ့ဆုလေးတောင်းပေးမယ်နော်
ဝက်ဝံလေး...ပိုဝပါစေ(တိန်)
ပိုလှပါစေလို့........
မွေးနေ့ပေါင်းများစွာကို.......ခလုတ်မတိုက်ပဲ
အဲယောင်လို့..........ပျော်ရွှင်စွာဖြတ်သန်းနိင်ပါစေနော်
ဝက်ဝံလေးရေ
ဘရာဗိုက ကုလားမဟုတ်ပါဘူုး နွား ပါ(တိန်)မှားပြောတာ.......လူဆိုးလေးပါ အမ်ယောင်ပြန်ုပြီ
လူချောလေးတစ်ယောက်ပါ
မွေးနေ့ကိတ်ကို တစ်ဝက်တိတိ ကိုက်စားသွားပါကြောင်း

Anonymous said...

ကျနော်က မွေးနေ့ဆုလေးတောင်းပေးမယ်နော်
ဝက်ဝံလေး...ပိုဝပါစေ(တိန်)
ပိုလှပါစေလို့........
မွေးနေ့ပေါင်းများစွာကို.......ခလုတ်မတိုက်ပဲ
အဲယောင်လို့..........ပျော်ရွှင်စွာဖြတ်သန်းနိင်ပါစေနော်
ဝက်ဝံလေးရေ
ဘရာဗိုက ကုလားမဟုတ်ပါဘူုး နွား ပါ(တိန်)မှားပြောတာ.......လူဆိုးလေးပါ အမ်ယောင်ပြန်ုပြီ
လူချောလေးတစ်ယောက်ပါ
မွေးနေ့ကိတ်ကို တစ်ဝက်တိတိ ကိုက်စားသွားပါကြောင်း

မင်း said...

ငပေါ ..ငှက်ငပေါ အသက်ရာကျော်ရှည်ပါစေ ငှက်ပြက္ခဒိန်နဲ့လေ...

နိုင်းနိုင်းစနေ said...

မွေးနေ့မှာ ပျော်ရွှင်ပါစေ ငှက်ကလေး... ဝက်ကလေး

အလာနောက်ကျပေမယ့် ဝိုင်တစ်စင်လုံး ကျန်သေးတဲ့အတွက် ဝမ်းသာပါတယ်..

ကျေးဇူးးး)

ဧရာဝတီသား said...

အခုမှ (၁၈)ရက်နေ့ပဲ ရှိပါသေးတယ်၊ ငါလာတာ မနောက်ကျပါဘူး၊ ဒါတောင်နံပါတ် ၄၀ ဖြစ်နေပြီ။ တော်သေးတာ ပေါ့ ပုလင်းတွေ အများကြီးမို့လို့။ အ၀စား၊ အ၀သောက် သွားတယ် ၀က်ကလေးရေ (ငတ်နေတာ ကြာပြီမို့လား)။

အဲ ...မေ့လို့ မွေးနေ့ ဆုမတောင်းပေးရသေးဘူး၊
ပျော်ရွှင်ရသော မွေးနေ့လေး ဖြစ်ပါစေ ၀က်ကလေးရေ၊ ပျော်ရွှင်ဖွယ် မနက်ဖြန်များစွာလည်း ရရှိပိုင်ဆိုင်ပါစေ။ ချစ်ခင်သူ အပေါင်းနဲ့လည်း မခွဲမခွါ ပျော်ရွှင်စွာနေရပါစေ။


ဆိုက်ကားပေါ် အိပ်ပြီးလိုက်သွားတယ် ..သိလား၊ သောက်တာနည်းနည်း များသွားလို့ :P

Anonymous said...

ပျော်စရာမွေးနေ့လေးဖြစ်ပါစေနော်
ဝေးကလက်ရေ
အကို ရောက်တာနောက်ကျသွားလို့ 
ဆောတီး
ကိုသားကြီးနဲ ကိုဧရာဝတီသား တို့ 
သောက်သွားတာနဲ့  ကျန်တဲ့ပုလင်းတွေပဲ
မော့လိုက်ရတော့တယ်
များသွားလို့လားမသိဘူး
ရီဝေယံတောင်ဖြစ်လို့ ဟဟ

ဆိုက်ကားနဲ့ ကိုသားကြီးနဲ့ ကိုဧရာဝတီသား တို့ကို
တင်ပြီး ပြန်သွားပီးးးး
တာ့တာ

ခင်တဲ့
ကိုဝသန်မိုး

စိမ်း... said...

အောင်မလေး စားလို့သောက်လို့ ကောင်းလိုက်တာ... ဗိုက်ကိုတင်းသွားတာပဲ... အေ့... အောင်မလေး ဂျို့ထိုးတယ် အေ့... ရေသောက်လိုက်ဦးမယ်နော်... ခဏလေး... အေ့...

စိမ်း... said...

ဟူးးးးး တော်သေးတယ်...
အင်း အခုလို မရှိဆင်းရဲသားတွေ အဲလေ... အပေါင်းအသင်း ရောင်းရင်း သူငယ်ချင်းမိတ်ဆွေသင်္ဂဟ ဆွေမျိုးပေါက်ဖော် အဆွေတော် တို့ကို စေတနာဗရပွနဲ့ သဒ္ဒါတရားထက်သန်စွာကျွေးမွေးဧည့်ခံရသော ကုသိုလ်တော်ဧ။် အကျိုးကြောင့် ယခု အသက် ၂၀ ပြည့်မွေးနေ့မှသည် နောင် နှစ်ပေါင်း ၁၀၀ တိုင် အဲ ပျင်းစရာကြီးနော် အကြာကြီးဆို နောက် ၈၀ လောက်ပဲယူတော့... နောက်နှစ်ပေါင်း ၈၀ တိုင် စိတ်ဧ။်ချမ်းသာခြင်း ကိုယ်ဧ။်ကျန်းမာခြင်းနဲ့ ထာဝရပြည့်စုံနိုင်ပါစေလို့...

ချစ်တဲ့
မမစိမ်း

လင်းငယ် said...

ပျော်ရွှင်ဖွယ်ရာ မွေးနေ့လေး ဖြစ်ပါစေ။ အရင်ကလည်း လာလည်ပါတယ်။ မမန့်ဖြစ်တာပေါ့လေ။ ကျွန်တော့်နေရာကိုလည်း ပြန်လာလည်နော်။