Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Monday, 2 January 2012

မင်္ဂလာ နှစ်သစ် ဖြစ်ပါစေ

blog လေးကို ပစ်ထားတာလဲ ကြာပြီဆိုတော့ ဖုံများလဲ ရှင်းရင်းပေါ့လေ ....

အားလုံးပဲ နှစ်သစ်မှာ မင်္ဂလာဆောင်နိုင်ကြပါစေ .....

နှစ်သစ်ကနေ စ လို့ တနှစ်လုံး ပျော်ရွှင်သွားကြရအောင် ဟာသ လေးနဲ့ပဲ စ လိုက်ပါရစေနော် ... သိပြီးသားလဲ ဖြစ်ချင်ဖြစ်မယ် မသိသေးတဲ့လူများလဲ ရယ်မောနိုင်အောင်လို့ မှတ်မိတဲ့ဟာသလေးများကို တင်ပေးလိုက်ပါရစေ ..

ပုံဆွဲတော်တဲ့ ဆရာမ

ဆရာမက ကျောက်သင်ပုန်းပေါ်တွင် ပန်းသီးပုံ ဆွဲလိုက်သည် ထို့နောက် ကျောင်းသားများကို မေးလိုက်သည်။

ဆရာမ ။ ။ ကလေးတို့ ဒါ ဘာပုံလဲ

ကျောင်းသားများ ။ ။ (တညီတညွတ်တည်း) ဖင်တုံးကြီးပါ ဆရာမ

ဆရာမ အရမ်းဒေါသထွက်ကာ ကျောင်းအုပ်ကြီး ရုံးခန်းသို့ ဒေါနဲ့မောနဲ့ ထွက်သွားလေသည် ။ ထို့နောက် ကျောင်းအုပ်ဆရာကြီးနဲ့ အတူ ဆရာမ ပြန်လာလေသည်။ ဆရာကြီးက ကျောင်းသားများကို ဆိုဆုံးမ စကား ပြောသည် ထို့နောက် ကျောက်သင်ပုန်းဖက်သို့ လှည့်ကြည့်လိုက်ပြီးတော့

“ ဟင် ??? ဒီ ကျောက်သင်ပုန်းပေါ်က ဖင်တုံးကြီးက ဘယ်သူဆွဲထား တာလဲ ”




---------



အားလုံးကို သူ မြင်မိ လို့


အတန်းထဲတွင် ဆရာမက ကျောင်းသားများကို စာမေးလေသည်။
ဆရာမ ။ ။ ငါးဖယ်က ဘာလို့ ပြားနေတာလဲ
မောင်ပီတာ။ ။ ဝေလ ငါးနဲ့ တူတူ အိပ်လို့ပါ ဆရာမ
ဆရာမ အကြီးအကျယ် ဒေါသထွက်ကာ
ဆရာမ ။ ။ သွား .... မင်း အခန်းပြင်ထွက်သွား အခန်း ဝ မှာ မတ်တပ်ရပ်နေ
ဟု ပြောလိုက်သည်။
ထို့နောက် ဆရာမ က ကျောင်းသားများကို စာ ဆက်မေးလေသည်
ဆရာမ။ ။ ကျောက်ပုဇွန် ရဲ့ မျက်လုံးကရော ဘာလို့ ပြူးနေတာလဲ
အခန်း ဝ မှနေ၍ မောင်ပီတာ ပြန် ပြောလိုက်ပုံ က
မောင်ပီတာ။ ။ အဲဒါတွေ အားလုံးကို သူ မြင် မိ လို့ပါ

----------



မှတ်မိ နေ တဲ့ မောင်ကောင်းထိုက်ဟာသလေး တွေပါ
တကယ်လို့ မရယ် ရဘူး ဆိုရင်လဲ ကလိ ထိုးပြီးတော့သာ ရယ်လိုက်ပါတော့နော် ....
အားလုံး ပျော်ရွှင် နိုင်ကြပါစေ

Saturday, 28 August 2010

25 % of half a chicken

ဘာရယ် မဟုတ် ကြွားပို့စ်လေး ပျောက်ချင်လို့ ဟိ

အသေရယ်ရတယ် ပါးစပ်ကို မပိတ်ရဘူး ဟားဟားးးးး ကြည့်လို့မရဘူးဆိုတဲ့လူအတွက်တော့ ဆော်ရီးနော်

Edinburgh မှာ ပြန်တွေ့ကြမယ် အားလုံး တာ့တာ

Wednesday, 19 August 2009

ဟာသ (မောင်ကောင်းထိုက်)

စိတ်ကောင်းရှိသူ

တရာတကာ စွာကျယ်စွာ ဝင်လုပ်နေသည့် ယောက္ခမကို ကိုဘမောင် သည်းမခံနိုင်တော့သည်နှင့် တစ်နေ့တွင် ယောက္ခ၏ ခြေထောက်နှစ်ဘက်ကို ဆွဲကိုင်ကာ ကိုးထပ်တိုက်ခန်း ပြတင်းပေါက်၏ အပြင်ဘက်သို့ ထုတ်လိုက်၏ ခေါင်းအောက်စိုက် ဖြစ်နေသော ယောက္ခမ နှင့် ကိုဘမောင် အကြားစကားပြောခန်းမှာ ဤသို့ဖြစ်သည်

" တစ်အိမ်ကျော်က ကိုမြ သူ့ယောက္ခမကို ဘာလုပ်လိုက်တယ်ဆိုတာ သိလား "
ယောက္ခမဖြစ်သူက တုန်တုန်ယင်ယင်ဖြင့်

" ဟင့်အင်း "

"ယောက္ခမကို ကိုမြ ပေါက်ဆိန်နဲ့ခုတ်သတ်လိုက်တယ်ဗျ အောက်ထပ်က ကိုရွှေဂဲ ကျတော့ ဘယ်လိုလုပ်လဲသိလား "

" ဟင့်အင်း "

" သူ့ယောက္ခမကို ရေနစ်သစ်ပစ်လိုက်တယ် အဲ ကျွန်တော် ကတော့ စိတ်ကောင်းရှိတဲ့လူ ဒါကြောင့် အန်တီကို ကျွန်တော် လွှတ်ပေးလိုက်မယ် ကိုင်း သွားပေတော့ "



ဒါမှမဟုတ်

အမျိုးသမီးတစ်ဦး ဆရာဝန်မထံ ရောက်လာပြီး ပြောသည်
"ဒေါက်တာ ကျွန်မယောက်ျားဟာ သူ့ရဲ့ယောက်ျားတာဝန်ကို ကျွန်မ ကျေနပ်အောင် မဖြည့်ဆည်းပေးနိုင်ဘူးရှင့် "
ဆရာဝန်မက အမျိုးသမီးကို ကြည့်ရှုစစ်ဆေးသည်

" ရှင့်ဆီမှာ ကျွန်မ ဘာချို့ယွင်းချက်မှ မတွေ့ဘူး ယောက်ျားကို ခေါ်လာခဲ့ပါ "
ယောက်ျားရောက်လာသည် သူ့ကို ဆရာဝန်မ စစ်ဆေးသည် ထို့နောက် မေးနေကျ ပုံစံမျိုးဖြင့် မေးသည်

" တစ်နေ့ တစ်နေ့ အချိန်ဘယ်လိုကုန်တယ်ဆိုတာ ပြောပြစမ်းပါ "

" မနက် ရုံးသွားတယ် လမ်းမှာ အသိအမျိုးသမီးတယောက်က သူ့ကားကို ရပ်ပြီး ရှင်ရုံးသွားမှာလား ဒါမှမဟုတ် ဆိုပြီး အဓိပ္ပါယ် ပါပါ မေးတယ် ကျွန်တော် ဒါမှမဟုတ် ကိုရွေးလိုက်တယ် ရုံးရောက်တော့ အတွင်းရေးမှူးမက ကြိုနေပြီး အကိုကြီး အလုပ်လုပ်မှာလား ဒါမှမဟုတ် ဆိုပြီး ပြောတော့ ကျွန်တော် ဒါမှမဟုတ်ကို ရွေးလိုက်တယ် ညနေကျတော့ ကျွန်တော့အိမ်ပြန်လာတယ် အိမ်ထဲမဝင်ခင် ဘေးခန်းက အမျိုးသမီးထွက်လာပြီး ဘယ့်နှယ့်လဲ အိမ်ကိုတန်းဝင်မှာလား ဒါမှမဟုတ်လို့ မေးတယ် ဒါမှမဟုတ်ပဲ ကျွန်တော် ရွေးလိုက်တယ် ကိုယ့်အိမ်ရောက်တော့ မိန်းမက ရှင်အိပ်မှာလား ဒါမှမဟုတ် ဆိုပြီး ကျွန်တော့ အဖြေကိုစောင့်တယ် ဒီတခါတော့ ကျွန်တော် ထိုးအိပ်လိုက်တယ် "

အမျိုးသမီး ဆရာဝန်က ချက်ချင်းမေးခွန်းထုတ်တယ်

" ကိုင်း ရှင်ကုမှာလား ဒါမှမဟုတ်...."

အားလုံးပဲ ပေါ့ပေါ့ပါးပါးလေး ပြုံးနိုင်အောင်လို့ပါ သိပြီးသားလဲ ဖြစ်နိုင်ပါတယ်

Thursday, 18 June 2009

မင်းသမီးလေး

တခါက မင်းသမီးလေး တပါးရှိတယ် သူ့လက်နဲ့ထိလိုက်တဲ့ အရာမှန်သမျှဟာ အကုန်အရည်ပျော်ကျသွားတယ် တဲ့ တနေ့ ဘုရင်ကြီးက အမိန့်ထုတ်တယ် မင်းသမီးလက်နဲ့ ထိလိုက်တဲ့အခါ အရည်မပျော်ကျသွားတဲ့ ပစ္စည်းကို ယူလာခဲ့တဲ့သူကို ဆုချမယ် မင်းသမီးလေးနဲ့ပေးစားမယ် လို့ အမိန့်ထုတ်လိုက်တယ်
ညီအကို သုံးယောက်က ပြိုင်ပွဲဝင်ဖို့လာတာပေါ့လေ အကိုကြီးက စိန်တုံးကြီး အကြီးကြီးယူလာတယ် အကိုလတ်ကတော့ ရှားပါးပုလဲကြီး ယူလာတယ်တဲ့
ဒီလိုနဲ့ အကိုကြီး အလှည့်ကျတော့ မင်းသမီးလေးက လက်ကလေးနဲ့ ထိလိုက်တယ်ဆိုရင်ပဲ ချက်ချင်း အရည်ပျော် ကျသွားပါလေရော
အကိုလတ်လဲ ဘာထူးလဲ အစိစိ အညက်ညက်ကျေသွားပါလေရော ဒါနဲ့ ပြန်သွားရတာပေါ့လေ အငယ်ဆုံးလေး အလှည့်လဲရောက်ရော သူကပြောမယ် မင်းသမီးလေးကို
" မင်းသမီးလေး ကျွန်တော့်ဘောင်းဘီအိတ်ကပ် ထဲကို နှိုက်ကြည့်ပါ အဲဒီထဲက ပစ္စည်းကို ယူပေးပါ " လို့ပြောလိုက်တယ် မင်းသမီးလေးက ရှက်ရှက်နဲ့ပဲ ဘောင်းဘီ အိတ်ကပ် ထဲကို လက်နှိုက်လိုက်တယ် အဲဒီမှာ မာမာအချောင်းကြီးကို ကိုင်မိတယ် အဲဒါက အရည်မပျော်ဘူးတဲ့ ဒါနဲ့ပဲ အငယ်ဆုံးမင်းသားလေးက မင်းသမီးလေးကို ရသွားရောတဲ့

အော် ဘာလဲ သိချင်တယ်လားးး ပြောမယ် လက်ထဲ ကိုင်ထားရင် အရည်မပျော်ဘူး လျှာပေါ်တင်မှ အရည်ပျော်တဲ့ Nest Coffee လေ ဟဲဟဲ
အဲဒါညီမပြောတာ ဟုတ်ဘူးနော် မောင်ကောင်းထိုက် ရေးတာကို သတိရသွားလို့ သတိရဆို သူငယ်ချင်းးး ဆုငယ်က ဘယ်သူမှ စကားနိုင်လုတဲ့ မင်းသမီးလေး ကိုရေးထားတာကို ဖတ်ရပြီး သတိရလို့ ချရေး လိုက်တာပါ သူငယ်ချင်းရေ ကျေးဇူးးးပဲနော် တို့ရေးစရာ ပို့စ်လေး ရသွားလို့ ဟဟဟဟဟ
ဟဲဟဲ ငှက်မတို့ကို မတ်ရိုင်းတယ်လို့ပြောနဲ့နော် ခိခိ