စိတ်ကောင်းရှိသူ
တရာတကာ စွာကျယ်စွာ ဝင်လုပ်နေသည့် ယောက္ခမကို ကိုဘမောင် သည်းမခံနိုင်တော့သည်နှင့် တစ်နေ့တွင် ယောက္ခ၏ ခြေထောက်နှစ်ဘက်ကို ဆွဲကိုင်ကာ ကိုးထပ်တိုက်ခန်း ပြတင်းပေါက်၏ အပြင်ဘက်သို့ ထုတ်လိုက်၏ ခေါင်းအောက်စိုက် ဖြစ်နေသော ယောက္ခမ နှင့် ကိုဘမောင် အကြားစကားပြောခန်းမှာ ဤသို့ဖြစ်သည်
" တစ်အိမ်ကျော်က ကိုမြ သူ့ယောက္ခမကို ဘာလုပ်လိုက်တယ်ဆိုတာ သိလား "
ယောက္ခမဖြစ်သူက တုန်တုန်ယင်ယင်ဖြင့်
" ဟင့်အင်း "
"ယောက္ခမကို ကိုမြ ပေါက်ဆိန်နဲ့ခုတ်သတ်လိုက်တယ်ဗျ အောက်ထပ်က ကိုရွှေဂဲ ကျတော့ ဘယ်လိုလုပ်လဲသိလား "
" ဟင့်အင်း "
" သူ့ယောက္ခမကို ရေနစ်သစ်ပစ်လိုက်တယ် အဲ ကျွန်တော် ကတော့ စိတ်ကောင်းရှိတဲ့လူ ဒါကြောင့် အန်တီကို ကျွန်တော် လွှတ်ပေးလိုက်မယ် ကိုင်း သွားပေတော့ "
ဒါမှမဟုတ်
အမျိုးသမီးတစ်ဦး ဆရာဝန်မထံ ရောက်လာပြီး ပြောသည်
"ဒေါက်တာ ကျွန်မယောက်ျားဟာ သူ့ရဲ့ယောက်ျားတာဝန်ကို ကျွန်မ ကျေနပ်အောင် မဖြည့်ဆည်းပေးနိုင်ဘူးရှင့် "
ဆရာဝန်မက အမျိုးသမီးကို ကြည့်ရှုစစ်ဆေးသည်
" ရှင့်ဆီမှာ ကျွန်မ ဘာချို့ယွင်းချက်မှ မတွေ့ဘူး ယောက်ျားကို ခေါ်လာခဲ့ပါ "
ယောက်ျားရောက်လာသည် သူ့ကို ဆရာဝန်မ စစ်ဆေးသည် ထို့နောက် မေးနေကျ ပုံစံမျိုးဖြင့် မေးသည်
" တစ်နေ့ တစ်နေ့ အချိန်ဘယ်လိုကုန်တယ်ဆိုတာ ပြောပြစမ်းပါ "
" မနက် ရုံးသွားတယ် လမ်းမှာ အသိအမျိုးသမီးတယောက်က သူ့ကားကို ရပ်ပြီး ရှင်ရုံးသွားမှာလား ဒါမှမဟုတ် ဆိုပြီး အဓိပ္ပါယ် ပါပါ မေးတယ် ကျွန်တော် ဒါမှမဟုတ် ကိုရွေးလိုက်တယ် ရုံးရောက်တော့ အတွင်းရေးမှူးမက ကြိုနေပြီး အကိုကြီး အလုပ်လုပ်မှာလား ဒါမှမဟုတ် ဆိုပြီး ပြောတော့ ကျွန်တော် ဒါမှမဟုတ်ကို ရွေးလိုက်တယ် ညနေကျတော့ ကျွန်တော့အိမ်ပြန်လာတယ် အိမ်ထဲမဝင်ခင် ဘေးခန်းက အမျိုးသမီးထွက်လာပြီး ဘယ့်နှယ့်လဲ အိမ်ကိုတန်းဝင်မှာလား ဒါမှမဟုတ်လို့ မေးတယ် ဒါမှမဟုတ်ပဲ ကျွန်တော် ရွေးလိုက်တယ် ကိုယ့်အိမ်ရောက်တော့ မိန်းမက ရှင်အိပ်မှာလား ဒါမှမဟုတ် ဆိုပြီး ကျွန်တော့ အဖြေကိုစောင့်တယ် ဒီတခါတော့ ကျွန်တော် ထိုးအိပ်လိုက်တယ် "
အမျိုးသမီး ဆရာဝန်က ချက်ချင်းမေးခွန်းထုတ်တယ်
" ကိုင်း ရှင်ကုမှာလား ဒါမှမဟုတ်...."
အားလုံးပဲ ပေါ့ပေါ့ပါးပါးလေး ပြုံးနိုင်အောင်လို့ပါ သိပြီးသားလဲ ဖြစ်နိုင်ပါတယ်



24 comments:
အဟီး..ဒါမှမဟုတ်တဲ့... ဘာကြီးလည်းမသိပါဘူး.. ၀က်ဝံပုတုလေးနော်...ရှက်စရာကြီး.
yu ya
ဝေး...၁ ၁ ၁ ကွ..
၂..၂..၂..ကွ..
ဖတ်ဖူးတဲ့ ဟာသလေးတွေပါ။ ကျွန်တော်ကိုလည်း မမေးနဲ့နော် ရယ်မှာလား ဒါမှမဟုတ်လို့ :-)
စိတ်ကောင်းရှိလိုက်တာဟာ... ဒီတိုင်းကြီး လွှတ်ချလိုက်တာလားးး အင်းး ... ဒါမှ မဟုတ်...... အဲလေ...အောက်မှာ ကယ်ဖို့ လူတွေဘာတွေ ခေါ်သေးထားလား မေးပါတယ်...ဟီးး
ဟီး....... တစ်ပုဒ် ဖတ်ဖူး တယ် နောက်တစ်ပုဒ် ဖတ်ဖူးဘူး...း)...။ ၀က်ကလေး....... ရီရမလို ငိုရမလို..ဟဲဟဲ... ယောက်ခမကို သနားလို့...။
နင် ကော့မန့်တွေ ဖတ်မှာလား... ဒါမှမဟုတ်....
ဝက်ဝံလေးလား ၊ ဒါမှ မဟုတ် ....???
ဒီနေ့ ကျောင်းသွားတယ်လား ၊ဒါမှ မဟုတ် ???
အခု တယောက်ထဲ လား ၊ ဒါမှ မဟုတ် ???
အဟဲ .. ဘာမှ မဟုတ်ရင် ပြန်တော့မယ်ကွယ် ..
ပြူတင်းပေါက်ကနေတော့ ပစ်မချလိုက်ပါနဲ့ နော်
ကြောက် ကြောက်...
=)
ဟားဟား လွှတ်ပြီးကိုရယ်လိုက်တာ ဝက်ဝံလေး ရေ ကျေးဇူးကျေးဇူး ပင်ပန်းတာတွေ ပျောက်သွားတယ် .... :D
ဝက်ဝံလေး.... အိပ်နေပြီလား.. ဒါမှမဟုတ်???
:P
ကျေးကျေး ညလေးရေ...
ညစ်နေတာတွေပျောက်ကုန်ပြီ....
ညလေးလည်း ပျော်ရွှင်ပါစေနော်...
စာလာဖတ်တယ်နော် ...။
ငါတော့ဘာမှမဟုတ်လို့ ပြန်အိပ်ပြီ
အဟင့်.. ဆီဗုံးက ဘယ်ရောက်နေတာတုန်း.. ညစ်တင်းတင်းလာဘီနော်...ဟီးးးး
ဘာမှဟုတ်ဘူး.. ဂျစ်ဂျစ်နဲ့ ရန်ဖစ်လို့ ညစ်နေတာ.. ဟီးးးးးးး homework assignment ကလည်း ၂၈ ရက်နေ့နောက်ဆုံးတဲ့ ၃ ဘာသာလုံး... ညစ်တယ် ညစ်တယ်...
အားကျတယ်
အားကျတယ်
ဟီးးးးး
သားသားလည်း “ဒါမှမဟုတ်”ကိုပဲရွေးမယ် အဟိ
ယောက္ခမကို ဆုံးမပုံလေး သဘောကျတယ်
...........
တခါ နာမည်ကြီးဓမြကပြောတယ်
ဘဏ်တိုက်တစ်ခုကိုဖေါက်ချင်တယ်
ပြီးရင် ယောက္ခမကြီးရဲ့ လက်ဗွေရာ ချန်ခဲ့ချင်တယ်တဲ့
တာယာမင်းဝေရေးတာပါ
ပျော်ရွှင်စွာပဲဖတ်ရှုသွားတယ် ဝက်ဝံကလေးရေ :P
ဒါမှမဟုတ်..ဒါမှမဟုတ်..
ဒါဘဲလုပ်တော့မယ်...Blogging
နို့မို့ဆို ဒါမှမဟုတ်။....
ဒါမှမဟုတ်တွေများလာတော့ မိန်းမနဲ့ကျတော့ ဒါမှ မဟုတ်နိုင်တော့ဘူးကို ...
ဝက်ကလေးရဲ့
ဒါမှမဟုတ်ကတော်တော်
ကိုလူကြိုက်များသွားတယ်
နာလဲကြိုက်သလိုလိုဘဲ
ဟားးဟားးးးဝက်ဝံလေးရဲ့ ဒါမှမဟုတ်ကိုတွေးတွေးပြီး
ရယ်ရတာ..ဟီးဟီး..ပေါက်ပေါက်ရှာရှာဟာ....
ပေါ့ပေါ့လေး နဲ့အားပါးတရရီသွားတယ်ညီမလေး
ဝက်ဝံလေးရေ...ရယ်သွားပါတယ်.ကာရံလည်း စဉ်းစားနေတာ...အလုပ်ပဲ ဆက်လုပ်ရမလား...ဒါမှမဟုတ် အလုပ်ပြောင်းရင် ကောင်းမလား...ဒါမှမဟုတ် ချစ်ချစ်ကြီးကို မေ့လိုက်ရင်ကောင်းမလား..ဒါမှမဟုတ်?????????
ဝံဝံလေးရေ အိပ်နေသလား ဒါမှမဟုတ် ......ဟားဟား ဟား ရယ်သွားတယ် ညီမလေးရေ
ကျေးဇူး နော်။
အလုပ်မှာ စိတ်ပင်ပန်းသမျှ ဝက်ကလေး... အော်..မှားလို့ ဝက်ဝန်လေး စာလာဖတ်တော့ အမော်ပြေရုံမက စိတ်ပါကြည်သွားတယ်
hote kal. :)
great.
ဘာလို့် ကျနော်တို့ရဲ့ ကံတရာလှည့်ကွက်ကို သိချင်တာလဲ... ဒါမှမဟုတ်.... ဟဲဟဲဟဲ... ဒီမှာလဲ ရှာနေတာနော်.... အဟီးဟီး..။
ချစ်တတ်တဲ့ အသည်းနှလုံးနှင့် ကျွန်တော် ဒီခေါင်းစဉ်အောက်မှာ ကွန့်သွားတာကိုပြောတာပါ
Post a Comment