Friday, 28 August 2009

အမေး အဖြေ (၁)

မေး။ ။ ဗုဒ္ဒဘာသာဆိုတာ ဘာလဲ

ဖြေ။ ။ ဗုဒ္ဒဘာသာ ဆိုတဲ့ စကားလုံးဟာ " ဗုဓိ " ဆိုတဲ့ စကားလုံးမှ လာတာပါ ဗုဒ္ဓဆိုတာ (ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ) နိုးလာသူ လို့ အဓိပ္ပါယ်ရပါတယ် ဒါကြောင့် ဗုဒ္ဓဘာသာ ဆိုတာ နိုးကြားရေး အတွေးအမြင် (ဒဿန) ပညာပါပဲ ဒီဒဿန ပညာကို ဂေါတမနွယ်ဖွား သိဒ္ဓတ္ထမင်းသားကနေ ဘုရားဖြစ်လာတဲ့ ဗုဒ္ဓမြတ်စွာဘုရားက စ တင်ဟောပြောခဲ့ပါတယ်

ဗုဒ္ဓရှင်တော်မြတ်ဘုရားဟာ သက်တော် ၃၅ နှစ်မှာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) နိုးလာပြီးလျှင် ဘုရားအဖြစ်သို့ ရောက်တော်မူပါသည် ဗုဒ္ဓဘာသာဟာ နှစ်ပေါင်း ၂၅၀၀ ကျော်ကြာမြင့် ခဲ့ပြီ ဖြစ်လို့ ဗုဒ္ဓဘာသာဝင်ပေါင်း သန်းသုံးရာကျော် ရှိနေပါပြီ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာလောက် အထိတော့ ဗုဒ္ဓဘာသာဟာ အရှေ့တိုင်း ဒဿန ပညာရပ် တစ်ခု အဖြစ်သာ တည်ရှိခဲ့ပါတယ် သို့သော်လဲ ယခု အချိန်မှာ ဥရောပနှင့် အမေရိကတိုက်ရှိ နိုင်ငံပေါင်းများစွာမှာလဲ ဗုဒ္ဓဘာသာဝင် ဦးရေ တဖြည်းဖြည်း တိုးပွားနေပါတယ်

မေး။ ။ ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿန ပညာရပ် တစ်ခုပဲပေါ့

ဖြေ။ ။ ဒဿန ပညာဆိုတာ အင်္ဂလိပ်စကား " Philosophy " ကို ဘာသာပြန်ထားတာပါ အဘိဓာန် များဖွင့်ပြချက်အရ ဆိုရင် " Philo " ဆိုတာ ချစ်ခင်ခြင်း မေတ္တာလို့ ဆိုလိုပါတယ် " sophy " ဆိုတာ ပညာလို့ အဓိပ္မါယ်ရပါတယ် ဒီတော့ Philosopy ဆိုတာ ပညာကို ချစ်ခင်ခြင်း သို့မဟုတ် မေတ္တာနှင့် ပညာ လို့ အဓိပ္မါယ်ရပါတယ်

ဒီစကားလုံး နှစ်လုံးဟာ ဗုဒ္ဓဘာသာရဲ့ အဓိပ္မါယ်ကို အပြည့် အဝ ဖော်ပြနိုင်ပါတယ် ဗုဒ္ဓဘာသာ တရားကတော့ သဘာဝတရားကို ကြည်လင် ပြတ်သားစွာ ကျွန်ုပ်တို့ နားလည် နိုင်ရေးအတွက် အပြည့်စုံဆုံး ဥာဏ်ပညာ အရည်အသွေး တိုးတက်အောင် ကြိုးစားကြဖို့ သင်ပေး ပါတယ် ပြီးတော့ ကျွန်ုပ်တို့ဟာ သတ္တဝါ အားလုံးရဲ့ မိတ်ဆွေသဖွယ် ဖြစ်စေနိုင်ရန် မေတ္တာ ကရုဏာတရားတိုးပွားအောင် ကြိုးစားဖို့ကိုလဲ သင်ပေးပါတယ် ဒါကြောင့် ဗုဒ္ဓဘာသာကို အတွေးအမြင် ပညာတစ်ရပ်လို့ ဆိုနိုင်သော်လဲ သာမာန် အတွေးအမြင် ပညာ (Supreme Philosohpy )သာဖြစ်ပါတယ်

မေး။ ။ ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ

ဖြေ။ ။ ခရစ်မပေါ်မီ ၅၆၃ ခုနှစ်မှာ အိန္ဒယပြည် မြောက်ပိုင်း (ကပ္မိလဝတ်ပြည်) ဘုရင် သုဒ္ဓေါန နှင့် မိဖုရား မယ်တော် မာယာတို့မှာ သားကလေား တစ်ယောက် ဖွားမြင်ပါတယ် ဒီမင်းသားလေးဟာ စည်းစိမ်ဥစ္စာ ပြည့်ပြည့် စုံစုံနှင့် ကြီးပြင်းရသော်လဲ နောက်ဆုံးမှာ လောကီစည်းစိမ် ဥစ္စာတွေဟာ ချမ်းသာပျော်ရွှင်မှုကို မပေးနိုင်ဘူးဆိုတာ တွေ့လာရတယ် ဒီမင်းသားဟာ သူ့ပတ်ဝန်းကျင်မှာ သူတွေ့မြင်ရတဲ့ ဆင်းရဲဒုက္ခတွေကြောင့် အကြီးအကျယ် စိတ်မချမ်းမသာ ဖြစ်ပြီး လူသားတို့ ချမ်းသာရရေးအတွက် သော့ချက်ကို ရှာဖို့ ဆုံးဖြတ်လိုက်တယ် အသက် ၂၉ နှစ် ရှိတဲ့အခါ အဲဒီမင်းသားလေးဟာ သူ့ရဲ့ကြင်ယာတော် (ယသော်ဓရာ) နှင့် သားတော် (ရာဟုလာ) ကိုထားခဲ့ပြီးတော့ အဲဒီခေတ်က ဘာသာရေး ဆရာကြီးများရဲ့ အထံမှာ အသိပညာ ဆည်းပူးဖို့ ထွက်လာခဲ့တယ် သူတို့ဟာ ဒီမင်းသားကို မြောက်မြားစွာ သင်ကြားပေးကြသော်လည်း သူတို့ကိုယ်တိုင် ဆင်းရဲဒုက္ခရဲ့ အကြောင်းအရင်း ဇစ်မြစ်ကို မသိကြတဲ့အတွက် ဒီဆင်းရဲ ဒုက္ခကို ဘယ်လိုကျော်လွန်အောင် လုပ်နိုင်တယ်ဆိုတာကိုလဲ မသိကြပါဘူး

သိဒ္ဓတ္ထမင်းသားဟာ (ဥရုဝေလတော) မှာ ဒုက္ကရ စရယာ အကျင့်မှားကို ခြောက်နှစ်ကြာအောင် လေ့လာပွားများအားထုတ်ခဲ့ပြီး မှားမှန်းသိတဲ့အခါမှာ အာနာပါနဈာန်ကို အခြခံလျက် မဂ္ဂင်ရှစ်တန် ပွားမှသာ အဝိဇ္ဇာကို ပယ်နိုင်တဲ့ အတွက် (အမှန်တရား) ကိုထိုးထွင်းသိမြင်သွားပါတယ် အဲဒီအခါမှ ဘုရားအဖြစ်သို့ ရောက်ရှိခဲ့ပါတယ် အဲဒီအချိန်က စ ပြီး သူ့ကို ဗုဒ္ဓ (ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ) နိုးလာသူ လို့ ခေါ်ဝေါ် သမုတ် ကြပါတယ် ဗုဒ္ဓရှင်တော်မြတ်ဘုရားဟာ အဲဒီအချိန်မှ စ ပြီး ၄၅ နှစ်ပတ်လုံး အိန္ဒိယပြည် မြောက်ပိုင်းမှာ သူတွေ့သိထားတဲ့ တရားတော်များကို လှည့်လည်ဟောပြောခဲ့ပါတယ်

ရှင်တော်မြတ်ဘုရားရဲ့ ကြီးမားလှတဲ့ မဟာကရုဏာတော်နှင့် ခန္တီတရားကြောင့် များစွာသော လူတို့ဟာ တပည့်သာဝက အဖြစ်ခံယူကြပါတယ် သက်တော် ရှစ်ဆယ် ပြည့်တော်မူတဲ့အခါ သဘာဝအလျောက် အိုခြင်းတရား နာခြင်းတရား များ ဖိစီးနှိပ်စက် ခံရသော်လဲ ချမ်းမြေ့ အေးငြိမ်းလျက်ပင် နောက်ဆုံးမှာ ပရိနိဗ္ဗာန် ဝင်စံတော်မူပါတယ်

မေး။ ။ ဗုဒ္ဓဟာသူ့ရဲ့ကြင်ယာတော်နဲ့ သားတော် ကို ပစ်ထားခဲ့တဲ့အတွက် တာဝန်မဲ့ရာ မရောက်ဘူးလား

ဖြေ။ ။ ဗုဒ္ဓမြတ်စွာဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို လွယ်လွယ်နဲ့ ပစ်ထားနိုင်ခဲ့တာမဟုတ်ပါဘူး သူ အချိန်အကြာကြီး စဉ်းစားပြီး တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေခဲ့ပါတယ် နောက်ဆုံးကျမှ သူ့မိသားစုကို ကျွေးမွေးစောင့်ရှောက် တာထက် တလောကလုံးရဲ့အကျိုးကို ဆောင်ရွက်တာက ပိုပြီး အကျိုးကြီးမားတယ်လို့ ဆုံးဖြတ်ပြီး ဒီလမ်းကိုရွေးချယ်ခဲ့တာပါ ကြီးမားတဲ့ မဟာကရုဏာတော်က ဗုဒ္ဓမြတ်စွာစွာကို တလောကလုံးရဲ့ အကျိုးကို ဆောင်စေတာပါပဲ ဗုဒ္ဓမြတ်စွာရဲ့ ကိုယ်ကျိုးစွန့်ပြီး အဆင်းရဲ အပင်ပန်းခံမှုကြောင့် တလောကလုံး ကြီးမားတဲ့ အကျိုးကို အခုတိုင် ခံစားနေကြရတာ ဖြစ်ပါတယ် ဒါကိုကြည့်ရင် ဗုဒ္ဓမြတ်စွာ တာဝန်မမဲ့ကြောင်းထင်ရှားပါတယ် ဒါဟာ အကြီးမားဆုံးသော စွန့်လွှတ်မှုကြီးပါပဲ

ချမ်းမြေ့ဆရာတော်ဘုရား ဘာသာပြန်ထားတဲ့ နိုင်ငံခြားသား ဘုန်းတော်ကြီးတစ်ပါး၏ ဗုဒ္ဓဘာသာအမြင် အမေးအဖြေများ စာအုပ်မှ ထုတ်နုတ် ဖော်ပြလိုက်ပါတယ် အရမ်းကောင်းပြီး ဗဟုသုတရစေတဲ့အတွက် မျှဝေပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်
သရဲ အကြောင်းလေး ခေတ္တနားထားလိုက်ပါဦးမယ် ဟိဟိ

20 comments:

ကိုဟန် said...

ငါသည် နံပတ်တစ်ဖြစ်ပေ ၏

အံမာ ၀က်တရားဟောတာဒီတစ်ခါပဲမြင်ဘူးတယ်ဟေ့ နောက်တာနော် :p

မေဇင် said...

ဝက်ကလေး.... အရမ်း နှစ်သက်မိပါတယ်... ကော်ပီ ကူးခွင့် ပေးမလား ဟင်... လူတစ်ယောက် ဆီကို ပို့ပေးချင်လို့ပါ... ။ ၀က်လေး ရဲ့ လင့်လေးပါ ထည့်ပေးမှာပါနော်...။ ကျေးဇူးပါ ၀က်ကလေး ဖြန့်ဝေပေးတဲ့ အတွက်ပါနော်...။း))

မြစ်ကျိုးအင်း said...

ဒီလိုအကျိုးရှိတဲ့ အသိပညာ ပေးတဲ့ ပို့စ်မျိုးတင်တာ တကယ်သဘောကျပါတယ်။အားလည်းပေးပါတယ်
ဘလော့ရေးတယ်ဆိုတာ သဘောထားတတ်ရင် အလင်းတိုင်လေးထွန်းသလိုသဘောထားပါ ရသတခုခု ဗဟုသုတပေးတဲ့စာမှန်သမျှ အားပေးပါတယ်

Anonymous said...

လာပြီး ဖတ်မှတ်သွားတယ်
ဝက်ကလေးရေ
ဒီလို အကျိုးရှိ အသိပညာပေးတဲ့
ပို့ စ်လေးတွေ ကြိုဆိုပါတယ်

ခင်တဲ့
ဝသန်မိုး

Yu Ya said...

ဝက်ကလေးရေ... ဗဟုသုတတွေအများကြီးယူသွားပါတယ်ခင်ဗျ

yu ya

yangonthar said...

ဝက်ဝံလေးရေ
မြတ်ဗုဒ္ဓဝင်ကို လာဖတ်ရင်းကြည်ညိုသဒ္ဓါပွား
သွားပါတယ် သာဓုလည်းခေါ်သွားပါတယ်
အေးမြသာယာပါစေ
ရန်ကုန်သား :D

သားကြီး said...

ညီမလေးရေ
ကြည်ညိုဖွယ်ရာ ဒို့မြတ်ဗုဒ္ဓအကြောင်းကို
လာရောက်ဖတ်ရှုသွားပါတယ်
ဒီပို့လေးမျှဝေမှုအတွက်လည်းညီမလေး
ကုသိုလ်ရပါတယ်
သရဲအကြောင်းတော့နားထားပါ
လောလောဆည်မတင်ပါနဲ့ဦး
အိမ်မှာ သရဲကြောက်လို့ဟ :(
ဂယ်ပြောတာ မနောက်ဘူး :)

ခြေလှမ်းသစ် said...

ဘယ်သူတွေဘာပြောပြော ဒို့ ၀က်ကလေး ဘုရား တရား နား ကပ်လာလို့ ၀မ်းသာတယ်ဟေ့.. ဆက်လုပ် ဆက်လုပ်....

ဆောင်းမြူခိုး said...

ဖတ်ရကျိုးနပ်တယ်.. မှတ်လည်းမှတ်ထားရဦးမယ်..ဘာသာခြားတွေ လာမေးရင် ကိုယ့်ဘာသာ အကြောင်းတော့ ကိုယ် ကောင်းကောင်းပြန်ပြောတတ်အောင်..

Anonymous said...

မှတ်သားစရာတွေပဲမို့..မှတ်ထားလိုက် ပါတယ်..
တော်တော်လေ့လာထားတာပဲနော..ကောင်းတယ်ဗျာ..
ဆက်လက်ချီတက်ပါ..

လင်းကြယ်ဖြူ

ကာရံဆူး said...

ဝက်ဝံလေးရေ..ကာရံလည်း ဟိုတစ်လော သွားကိုက်တုန်းက ဘုရား တရားစာတွေ ဖတ်နေတာ..(ဝေဒနာ ခံစားမှ ဘုရားကို သတိယတာ..ဟီး)အချိန်ရရင် တင်မယ်လို့ ရေးထားလေးတွေ ရှိ တယ်...ခုလို ၀က်ဝံလေး ရေးတော့လဲ ကာရ့တို့ အတွက် သိစရာတွေ ထပ်များလားတာပေါ့...သာဓု သာဓု သာဓု...

နှင်းဟေမာ said...

ဝက်ဝံလေးရေ...
အရမ်းလေးစားတယ် သိလား
ဘာသာရေး ဗဟုသုတလေးတွေ
နောက်လည်း ဝေမျှပေးဦးနော်...။
ဝက်ဝံလေး ထာဝရ ပျော်ရွှင်ချမ်းမြေ့ပါစေကွယ်...။

ချစ်ခင်မှုများဖြင့်
နှင်းဟေမာ

ကိုလူထွေး said...

အဲဒါကြောင့်ပြောတာ...
ဝက်ကလေးက ပါရမီမသေးပါဘူးလို့...
စာလာဖတ်တဲ့သူတွေကို တခုခုပေးဖို့ အမြဲကြိုးစားနေတဲ့ ဝက်မလေး...
ကျေးဇူးတင်ပါတယ်...

းဝ)

Lucifer said...

မှတ်သားသွားတယ် ဝက်ဝံလေးရေ...

မင်း said...

ရေးနေရုံနဲ့ မရဘူးနော် ညဘက်ရော ဘုရားရှစ်ခိုးအိပ်ရဲ့လား

ကျော်ကျော်အောင် said...

ကောင်းတယ်ဝက်ရေ
နင်ကဘက်ပေါင်းစုံတော်
တယ်နော်..သာဓုခေါ်သွား
ပါတယ်ဟာအခုလိုလေးဖြန့်ဝေ
ပေးတဲ့အတွက်...

မင်းနေဝေး said...

:) သာဓု သာဓု သာဓု

Angel Shaper said...

အလဲ့... ၀က်ကလေးက တယ်ဟုတ်ပါလား။
လိမ်မာတယ်။ သာဓုခေါ်တယ်နော်။
ကိုသားကြီး ဂယ်ကြောက်နေတာ သနားပါတယ်။
မခြောက်နဲ့တော့နော်။ သရဲအကြောင်းများများရေးးးးး
အဲ ဟုတ်ဘူး လျော့ပါလို့ ဟိဟိ
ပျော်ရွှင်ပါစေ ၀က်ရေ....

Anonymous said...

တန်ဖိုးရှိလိုက်တာဗျာ... အမေးနဲ့ အဖြေတွေဟာ သဘာဝကျသလို ဘယ်ုလိမှ ငြင်းချက် ထုတ်မရတဲ့ အဖြေတွေပါပဲ....။ ဖတ်ရူမှတ်သားသွားပါတယ်ဗျာ။

Libratun said...

သာဓု သာဓု သာဓု။