Sunday, 23 August 2009

မေးခွန်း အဖြေများ


ပထမ မေးခွန်းရဲ့ အဖြေက အေ သစ်ပင်ပေါ်က ၇ ကောင်နဲ့ ဘီသစ်ပင်ပေါ်က ၅ ကောင်ပဲ ဖြစ်ပါတယ်

ဒုတိယမေးခွန်းရဲ့ အဖြေကတော့ ကိုယုယဖြေသလိုပါပဲ မှန်ပါတယ် ကိုယုယရေ
၁။ လူနဲ့ ကြက်နဲ့ ဟိုဘက်ကမ်းအရင်သွားမယ်။ ပြီးရင် ကြက်ကိုဟိုဘက်ကမ်းမှာထားခဲ့ လူဒီဘက်ကမ်းပြန်လာခဲ့ပါမယ်။
၂။ လူနဲ့ မြေခွေးနဲ့ ဟိုဘက်ကမ်းထပ်သွားမယ်။ မြေခွေးကို ဟိုဘက်ကမ်းမှာ ထားခဲ့ပြီး ကြက်ကို ဒီဘက်ကမ်း ပြန်ခေါ်လာခဲ့ပါမယ်။
၃။ ကြက်ကို ဒီဘက်ကမ်းဖက်မှာ ထားခဲ့ပြီး ပြောင်းဖူးနဲ့ လူနဲ့ ဟိုဘက်ကမ်းသွားမယ်။ ပြောင်းဖူးကို ဟိုဘက်ကမ်းမှာ မြေခွေးနဲ့ အတူထားခဲ့မယ်..( အဟီး မြေခွေးက ပြောင်းဖူးမစားဘူးနော်..အသားပဲစားတာ)
၎။ လူတစ်ယောက်ထဲ ဒီဘက်ကမ်းကို ပြန်လာမယ်။ ပြီးရင် ဒီဘက်ကမ်းက ကြက်ကိုခေါ်ပြီး ဟိုဘက်ကမ်းကူးသွားတဲ့အခါမှာတော့
ဒုတိယမေးခွန်းအဖြေက ထွက်သွားပါတော့တယ်။

တတိယမေးခွန်း ကို ဘယ်သူမှ မဖြေနိုင်ဘူးဆိုတော့ ညီမ မေးတာ မဟုတ်လို့ပဲ သတ်မှတ်လိုက်ပါ့မယ်
သူ့ရဲ့ original မေးခွန်းလေး တင်ပေးလိုက်တယ်နော်
Place 10 balls in 5 lines in such a way that each line has exactly 4 balls on it.
အဖြေကတော့ ဒီလိုလေးပဲ ဖြစ်ပါတယ်



မေးခွန်းများကို ဖြေပေးတဲ့ ကိုယုယ နဲ့ ငုဝါဝင်းကို ကျေးဇူးတင်ပါတယ်
ညီမ တဂ်ထားတာလေးကို မရေးပေးချင်လဲ ရပါတယ် စိတ်မဆိုးပါဘူးရှင့် နံမည်နဲ့တကွ မတဂ်တာက မအားတာရယ် မရေးပေးချင်တာ ရယ် ရှိမှာစိုးလို့ပါ အဟီးးးးးးးးးးးးးး ခွေးလွှတ်
ဖေသားကြီးကတော့ တုတ်စာ မိတော့မယ် ပေါက်တတ်ကရတွေ လျှောက်ဖြေသွားတယ် ဟွန်းးးးး သတိကြပ်ကြပ်ထား

10 comments:

Lucifer said...

ဟဟဟ..မမီးကွ...ဒီတစ်ခါတော့ ၁ ရဖူးပြီ...

Anonymous said...

ူကြည့်ပါလား
ဖြေမလို့ ပဲရှိသေး
သူ က အဖြေပို့ စ်တင်လိုက်ပြီ
ဝက်ဝံဆိုး
း))

ခင်တဲ့
ကိုဝသန်မိုး

Yu Ya said...

way!! ၀က်ဝံပုတုလေးရေ...

အဖြေမှန်တာ ဘာကျွေးမှာလဲ ...ငှဲ.ငှဲ.ငှဲ.

စတာပါဗျာ..။ ဘာမှ မကျွေးလည်း နောက်ထပ်မေးခွန်းတွေ ရှိသေးရင် ထပ်ဖြေပေးမယ်နော့။

ကျွန်တော်လည်း ငှက်ငယ်လေးရယ် အခု ၀က်ဝံပုတုလေးရယ် ကိုပေါင်းပြီး ပဟေဌိ ပို့စ်တင်ပေးမယ်။ ကြိုးစားဖြေကြည့်နော်။

yu ya

မယ့်ကိုး said...

ညီမလေးရေ...အစထဲက မေးခွန်းတွေဖတ်မသွားဘူး။
ဒါပေမယ့် ဘယ်သူမှန်လဲ သိချင်လို့ လာကြည့်တာ =)

လင်းကြယ်ဖြူ said...

ဝက်ရေ...
တော်သေးတယ်..တက်ဂ်လွတ်သွားတယ်.ဟဲ..
နေမကောင်းလို့ မဖတ်မိလိုက်ဖူး..
အဖြေတော့သိသွားပြီ..
စိတ်ဝင်စားစရာပဲ..

မင်း said...

တော်တော် တော်တယ်ပေါ့လေ တော်တီးတော်ပေါ့ ..ဟွန့်

နွေဆူးလင်္ကာ said...

နံပါတ်သုံးမေးခွန်းလေးက သေချာတာမေးခွန်းသိရင် စဉ်းစားလို့ တော်တော်ကောင်းမယ်နော်။ ဒါပေမယ့် မေးခွန်းကလည်း ပြည့်စုံနေတာပဲ။ ကျနော်အပါအ၀င် ပိန်းလို့ မစဉ်းစားတတ်ကြတာ။

ကိုလူထွေး said...

း = မျက်လုံးနှစ်လုံး
ဝ = နှာခေါင်းတလုံး
) = အပြုံးတခု

ပဟေဠိလာဖြေတာပါ။

ပြီးတော့မှ "သိသားပဲ ညီမဆီလာအောင် တမင်မေးသွားတာ" လို့တော့ မလုပ်နဲ့...

းဝ)

Anonymous said...

ရူးအောင်တော့ မလုပ်ပါနဲ့ဗျာ

Libratun said...

မသိလိုက်ဘူးဗျာ။ မဟုတ်ရင် မှန်တာပေါ့။ အဲဒီ့မေးခွန်းက နောက်တစ်မျိုး ကျွန်တော်မေးပြီးသား။း) နောက်တစ်ခေါက် ဥာဏ်စမ်းဆို စီဘောက်မှာ လာပြောသွားပါ။