"ဟေးးးးး ငါ့ကို မိအောင်လိုက် သာအောင်ရေ ဟေ ဟားးးဟားးးး " လို့အော်ပြီး ဘမော်က ရှေ့ကနေ ပြေးသွားတယ် သားတို့ သူငယ်ချင်း ၃ ယောက် နွေရာသီကျောင်းပိတ်ရက်ဆိုတော့ ဗြောင်းဆန်အောင် ဆော့နေကြတာပေါ့ တနေရာအရောက် ခြေထောက်နားကို စပ်ဖျင်းလေးဖြစ်သွားတယ် ကြည့်လိုက်တော့ မြွေတကောင်
" အားးးးးးးးးး " လို့အော်လိုက်တယ်
" ငါ့ကို ပိုးထိ... "
စံစံရဲ့
" လာကြပါဦး သာအောင့်ကို ပိုးထိသွားလို့ " ဆိုတဲ့ အသံတွေ သားရဲ့ နားထဲမှာ ဝေဝေဝါးဝါးပဲ ပြီးတော့ အမှောင် အတိ ကျသွားခဲ့တယ်
သတိရလာတော့ အိမ်မှာ လူတော်တော် စည်နေတယ် လူတွေမှ အများကြီးပဲ သား အရမ်းပျော်သွားတယ် ဟာ အလှူရှိလို့လားမသိဘူး ဆိုပြီး မေမေ့ကိုလိုက်ရှာတယ် ဟော မေမေက ဧည့်ခန်းမှာ ဒါနဲ့
" မေမေ " လို့ခေါ်တယ် ပြန်မထူးဘူး တရှုံ့ရှုံ့နဲ့ ငိုနေတယ် ဟင် မေမေ ဘာဖြစ်လို့ပါလိမ့် အန်တီ အေးက
" စိတ်မကောင်းမဖြစ်ပါနဲ့ကွယ် ကလေးက ကောင်းရာရောက်မှာပါ ကလေးဆိုတော့ ဘာအကုသိုလ်မှ မရှိဘူးလေ တိတ်ပါကွယ် တိတ်ပါ " သားသွားကြည့်လိုက်တော့ ကုတင်ပေါ်မှာ သားကိုယ်တိုင်ပါလား ဘုရားဘုရား ဒီလိုဆိုရင် သားသေပြီပေါ့နော် ဟင့်အင်း မသေချင်သေးဘူး သားမသေချင်သေးဘူး ဆိုပြီး အော်ဟစ်ငိုနေမိတယ် သားငိုတာ ဘယ်သူမှလဲ သားကိုမချော့ကြဘူး အီးးးးဟီးးးး မေမေရေ သား မသေချင်ဘူး မေမေရ သား မေမေတို့နဲ့ နေချင်သေးတယ် အီးးးးဟီးးးးးးးး ခဏနေတော့ ကျွန်တော့် ခန္ဓကိုယ်ကြီးကို သယ်သွားကြတယ် ဒါနဲ့ သားလဲ သူတို့နဲ့ လိုက်သွားလိုက်တယ် သားရဲ့ ခန္ဓကိုယ်ကို တွင်းတူးပြီး မြုပ်လိုက်ကြတယ် ပြီးတော့ ပြန်ကုန်ကြတယ် မိစံရော ဘမော်ရော လာပို့ပြီး ပြန်သွားကြတယ် မိစံလဲ ငိုနေတယ် လူတွေပြန်သွားတော့ သားလဲ သူတို့နောက်ကို လိုက်သွားတယ်
" ဟေ့ ကောင်လေး ဘယ်လိုက်သွားမလို့လဲ နေခဲ့လေ "
" ဟင့်အင်း မေမေ့ကို မခွဲနိုင်ဘူး "
" အာ.. ဒီကောင်လေး နင်သေပြီးပြီလေ သူတို့နောက်လိုက်လို့မရတော့ဘူးဟ "
" အီးးးးးဟီးးးး ဒါဆိုရင် သားက ဘာလုပ်ရမှာလဲ ပြောပါဦး ဦးကြီးရယ် "
" နေခဲ့လေ နင့်ကို မြုပ်ထားတဲ့နေရာက နင့်နေရာလေ အဲမှာနေလေ နင် အိမ်ထဲဝင်လို့မရတော့ဘူး ကောင်လေးရ " သားလဲ စိတ်ပျက်လက်ပျက်နဲ့ သားကိုမြုပ်ထားတဲ့ မြေပုံ့ပုံ့လေး ပေါ်မှာ ထိုင်နေမိတယ်
ည တဖြည်းဖြည်းနက်လာတယ် သားလဲ ဟိုကြည့်ဒီကြည့်လုပ်နေတုံး အလျှိုလျှို နဲ့ ထွက်လာတဲ့ လူတွေကို တွေ့ရတယ် သူတို့လဲ သားလိုပဲ မြေပုံလေးတွေ ပေါ်ကနေ ထွက်လာတာ မမ တယောက်က
" ဟေးးး ကောင်လေး နင်က အသစ်လား "
" အင်း " ဆိုပြီး ခေါင်းငြိမ့်ပြလိုက်တယ်
" ငါတို့ အပြင်သွားမလို့ လိုက်မလား "
" အပြင် ဘယ်လဲ ဗျ "
" ရွာထဲသွားပြီး စားစရာ သွားရှာမှာပေါ့ ကောင်လေးရာ ဗိုက်မဆာဘူးလား "
အဲဒီမမပြောမှပဲ သားလဲ ဗိုက်ဆာသလိုရှိတယ် ဒါနဲ့ မမတို့နောက်ကို လိုက်လာခဲ့လိုက်တယ် ခွေးတွေရဲ့ အဆက်မပြတ်အူသံကို ကြားတော့ သားလေ ကြက်သီးတွေ တဖျန်းဖျန်း ထ သွားတယ် ဒါနဲ့
" မမရေ ကြောက်စရာကြီးနော် " ဆိုတော့ မမက ရယ် ပြီးတော့
" မကြောက်နဲ့ကောင်လေးရေ သူတို့က မြင်ရပြီးဟောင်ပဲ ဟောင်နိုင်တာ ကိုက်လို့ရတာလဲ မဟုတ်ဘူး " တဲ့ ဒီတော့မှ သားလဲ ဟုတ်သားပဲလို့ သက်ပြင်းချလိုက်နိုင်တယ် အယ် ဘာလိုလိုနဲ့ သားတို့အိမ်ရှေ့ရောက်လာပါလား သား ရပ်ပြီး ခြံထဲကို မျှော်ကြည့်လိုက်တယ် မမ က
" ကောင်လေး လာလေ ဘာလုပ်နေတာလဲ "
" မမ သား မေမေ့ကို တွေ့ချင်တယ် "
" မရဘူး ကောင်လေးရ မင်း မေမေက မင်းကို တွေ့မှာမဟုတ်ဘူး လာ သွားစို့ တို့တွေ စားစရာတွေ မမီဘဲနေမယ် "တဲ့
" မမပဲသွားတော့ သားမေမေ့ကို ကြည့်ချင်သေးတယ် " ဆိုတော့ မမက သားကို ထားပြီး ထွက်သွားတယ် ဒါနဲ့သားလဲ ခြံထဲကို လှမ်းဝင်လာလိုက်တယ် အိမ်တံခါးကို ဖွင့်ထားတယ်
" မေမေ " မေမေက ကြားလဲမကြားဘူး အိမ်ရှေ့မှာ အပ်ချုပ်နေတယ် ဒါနဲ့ သားလဲ
" မေမေ " လို့အော်ပြီး အိမ်ထဲလှမ်းဝင်သွားလိုက်တယ်
" ဖုန်းးးးးးးးး " ဆိုပြီး သားရဲ့ရင် ဘတ် တော်တော်လေး အောင့်သွားတယ် ကြည့်လိုက်တော့ အိမ်ပေါက်ဝမှာ မားမားကြီးရပ်နေတဲ့ အမည်မသိ နှုတ်ခမ်းမွှေး ကျိုတိုး ကျဲတဲ့နဲ့ လူတယောက်
" ဟေ့ကောင်လေး မင်းဝင်လို့မရဘူး ပြန်တော့ " တဲ့ သားလဲ
" ဦးဦးဗေလုဝရယ် သားအထဲဝင်ချင်လို့ပါ "
" ဘာကွ " (မှတ်ချက် ကျော်ဟိန်းအချိုရည် ကြော်ငြာတာမဟုတ်ပါ အိမ်စောင့်နတ် စိတ်တို၍ အော်သံအသံဖြစ်ပါသည်)
" ငါ့ကိုများ ဗေလုဝတဲ့ ငါ ဒီကနေ ရာထူးတိုးရင် မင်းသားလုပ်စားမလို့ကွ "
" ဦးဦးကလဲ ဗေလုဝလဲ မင်းသားပဲ ဟာကို ဘီလူးမင်းသားလေ "
" တော်ကွာ ဝေ့လည်ကြောင်ပတ်မလုပ်နဲ့ ပြန်တော့ "
" သားမေမေ့ကို တွေ့ချင်လို့ပါ "
" မရဘူး ကွာ သွားတော့ မင်း လာလဲမင်းအမေက မြင်နိုင်တာ မှမဟုတ်တာ ဘဝတွေ ခြားသွားပြီ ကောင်လေးရေ ပြန်တော့ကွာ သွားဆို " အီးးးဟီးးး သူက အခုမှ အာဏာပါဝါတွေ ပြနေတယ် အရင်တုံးက ဖြင့် သူ့တောင် မြင်ရတာဟုတ်ဘူး အီးးးဟီးးးး သားလဲ ငိုပြီးခြံထဲကနေ ထွက်လာခဲ့လိုက်တယ် မမ တို့လဲ ဘယ်သွားလဲမသိဘူး သား လဲ ကြောက်ကြောက်နဲ့ သားရဲ့မြေပုံလေး ဆီကို ပြန်လာခဲ့တယ် ဝုတ် ဝုတ် ဟယ် ဒီခွေးနှယ် ဘာလို့လာဟောင်တာလဲ သွား သွား လက်နဲ့ ယမ်းထုတ်လေ ခွေးက ပိုဟောင်လေ သားလဲ ကြောက်ကြောက်နဲ့ အမြန်ပြေးလာခဲ့တယ် ပြီးမှ မမ ပြောတာ သတိရတယ် သူတို့က ဟောင်သာဟောင်နိုင်တာ ဘာမှလုပ်နိုင်တာ မှ မဟုတ်တာ
ခုဏက ဆာနေတဲ့ ဗိုက်တောင် ဘယ်လိုပျောက်သွားမှန်းမသိဘူး စားစရာလဲမရှိဘူး
" မေမေရေ အီးးးဟီးးးးးးးးးးးးးး သားကိုအနိုင်ကျင့်တယ် "
" မင်းကို ဘယ်သူအနိုင်ကျင့်လိုလဲ ကွ ချာတိတ်ရ " မော့ကြည့်လိုက်တော့ အရပ်ရှည်ရှည်နဲ့ လူကြီး
" ဦးလေးက တယ်သားနားပါလား ဘယ်သွားမလို့လဲ "
" ဥစ္စာစောင့်မ သွားငမ်းမလို့ကွ ချာတိတ်ပျင်းရင် လိုက်ခဲ့ပါလား "
" အင် ဘာစားရမှာတုံး "
" ဟယ် ချာတိတ်ရယ် ဝိညာဉ်ဖြစ်တာတောင် မင်း ဆာတုံးလားကွ "
" ဦးဦး ဥစ္စာစောင့်မက ချောလား "
" ချောတယ် မိုးဟေကိုနဲ့ နင်လားငါလားပဲ "
" ဟင် ဒါဆို သူတို့လဲ လိုးရှင်းလူးတယ်လား
" တယ် ဒီကောင်လေး ဘာတွေ လျှောက်ပြောနေလဲ ငါပြောတာ ချောတာပြောကွ သူလိုးရှင်းလူးမလူးတော့ ငါလဲမသိဘူး "
" ဦးလဲ ချောပါတယ် ဟိုရုပ်ရှင်ထဲက တယောက်နဲ့တောင် တူသေးတယ် "
" ဘယ်သူလဲ စိုင်းစိုင်းခမ်းလှိုင်နဲ့တူတာလား "
" ဟင့်အင်း ကင်းကောင်နဲ့တူတာ "
" ဒီချာတိတ်တော့ နာတော့မယ် မင်းပျင်းနေမှာစိုးလို့ ငါသွားမယ့်နေရာ ခေါ်ရသေးတယ် ငါ့ကို အကောင်း တခွန်းမှ မပြောဘူး "
" စ တာပါ ဦးဦးရ သူတို့နဲ့ ဘာလို့တူချင်မှာတုံး ကိုယ့်စတိုင်လ် နဲ့ကိုယ်နေပေါ့ ဟုတ်ဘူးလားလို့ "
" အေး ဟုတ်တယ် " ဒါနဲ့ သားလဲ ဦးဦးသွားတဲ့ ဥစ္စာစောင့်မတွေ ဆီကိုလိုက်သွားတယ်
အားပါးပါးးးး ချောလိုက်တာ နန္ဒာလှိုင်ထက်လဲ ချောတယ် ချစ်စနိုးဦးထက်လဲ ချောတယ် လှမှလှ အဲဒါကြောင့် ဦးဦးက ရှိုးတွေမိုးတွေနဲ့ အပြတ်ကို ရှိုင်းနေတာကိုးးးးး မမတွေက
" ဟယ် ကောင်လေးက အသစ်လား " ဦးဦးကင်းကောင်က
" အေး ငိုနေလို့ ငါ ခေါ်လာတာ " အားးးး မျက်စိကျိန်းတယ် ဗိမာန်ကြီးတွေက လှမှလှ
" ဟင် အရင် က ဒီနေရာမှာ ဒါတွေ မရှိပါဘူး အခု မှ ဘယ်လို ဖြစ်တာလဲ "
" ကောင်လေးကလဲ မမ တို့ မမြင်အောင် ဖွက်ထားတာလေ တွေ့ရင် လူတွေ ရတနာတွေကို လာယူမှာစိုးလို့ပေါ့ မမတို့က စောင့်နေပေးရတာလေ မင်းလဲ ဝိညာဉ် မို့လို့မြင်ရတာ လူဆိုရင် ဘယ်မြင်ရပါ့မလဲကွယ် " တဲ့ မမ တယောက် က ရှင်းပြတယ်
" အော် ဒါဆိုရင် သားလဲ ဘယ်လောက်ထိ ဒီလိုနေရမှာလဲဟင် "
" မင်းကို လာခေါ်ရင် လိုက်သွား နောက်ဘဝ တခု စ လေ ဘယ်သူမှ ဘာမှလာမပြောဘူးလား "
" ဟင့်အင်း " ဆိုပြီးသား ခေါင်းခါပြလိုက်တယ် မမ တယောက်က
" နေဦး ငါကြည့်ပေးမယ် " တဲ့ ဆိုပြီး မျက်စိမှိတ်ကာ ပါးစပ်က ပွစိ ပွစိ ရွတ်တယ် သူဘာကြည့်တာလဲ သားလဲမသိဘူး ဒီနေ့ ဘာကိုရီးယား ကား လာမလဲကြည့်တာ လားမသိဘူး ဒါမှမဟုတ် Revlon တို့ lolane တို့ ဈေးဘယ်လောက်ရှိပြီလဲ ကြည့်တာလားမသိ ခဏနေတော့
" ကောင်လေး ဘာလေးဖြစ်ချင်တုံး "
" ဘာကိုလဲ "
" နောက်ဘဝလေ "
" အင်းးးး သိဘူး မေမေတို့နဲ့ ပြန်တွေ့ချင်တယ် "
" ပြန်တွေ့ရမှာပေါ့ ကောင်လေးရ နောက် ၂ ရက်လောက်နေရင် မင်းကို လာခေါ်လိမ့်မယ် " တဲ့ ဒါနဲ့ သားလဲ ပျော်သွားတယ်
ပြောတဲ့အတိုင်းပဲ ၂ ရက်လောက်နေတော့ ဦးလေးကြီးတယောက်က သားနံမည်ကို ခေါ်တယ်
" မင်းလား သာအောင် ဆိုတာ "
" ဟုတ်ပါတယ် "
" ကဲလိုက်ခဲ့ ငါ့နောက်" သားလဲ သူ့နောက်လိုက်သွားလိုက်တယ် ဦးဦးကင်းကောင်နဲ့ ဥစ္စာစောင့် မမတွေက သားကို လက်ပြရင်း ကျန်ခဲ့ကြတယ် ရွာအဝင် လမ်းမကြီးရောက်တော့ ဦးလေးကြီးရပ်လိုက်တာ နဲ့ သားလဲ လိုက်ရပ်လိုက်တယ် ခဏနေတော့ မိသားစု တစု လမ်းလျှောက်လာတကိုတွေ့လိုက်ရတယ် သူတို့ ရွာထဲက ဟုတ်ဟန်မတူဘူး သားသူတို့ကို မမြင်ဖူးဘူး ဦးလေးတယောက် အန်တီကြီးရယ် သားအရွယ်ကောင်မလေးရယ် လမ်းလျှောက်လာတာတွေ့ရတယ် လက်ထဲမှာလဲ အထုပ်တွေနဲ့ တအိမ်အိမ်လာတဲ့ ဧည့်သည်ထင်တယ် သားကို ခေါ်လာတဲ့ဦးလေးကြီးက
" ကဲကောင်လေးရေ ဟိုမိန်းမကြီးထဲ ဝင် " ဆိုပြီး သားကိုဆောင့်တွန်းလိုက်တယ် ရုတ်တရက်ဆိုတော့ သားလဲ ဟန်ချက်ပျက်ပြီး မိန်းမကြီးဆီမရောက်ဘဲ လူကြီးဆီရောက်သွားတယ် ဒိန် အားလားးးးးးလားးးးး ခေါင်းကို အီစောင့်သွားတာပဲ
" ဟဲ့ကောင်လေး မင်းနှယ်ကွာ မိန်းမကြီးဆီ သွားပါဆိုနေ ဘယ်နှယ့် ယောက်ျားဆီသွားတာတုံး ယောကျာ်းက ဘယ်လို သန္ဓေတည်မတုံးဟ လာလာ ပြန်လာခဲ့ ဒီတခါ မမှားစေနဲ့ ကဲ တွန်းပြီနော် " ဆိုပြီး ဆောင့်တွန်းလိုက်တယ် သားလဲ ဒီတခါတော့ မိန်းမကြီးဆီ ရောက်သွားတယ် ဖူးးးးးးးးး အထဲထဲမှာ မှောင်လိုက်တာ မွန်းကျပ်တယ် ဒါပေမယ့် သားပျော်ပါတယ် သား လူပြန်ဖြစ်ရတော့မယ်
ဖတ်ဖူးသော လူဝင်စား ဇာတ်လမ်းလေးအား အခြေခံ၍



21 comments:
1111111111111
ငှက်မခုတလောဘာဖြစ်တယ်မသိ
မဟုတ်တာတွေလှိမ့်ရေးနေတယ်
ခူလဲလာပြန်ပီ ကလေးမွေး ဖို့.
ဟယ်.. သာအောင်ငှက်လေး ပါလားးး
လာ... လာ ... ဒီကိုလာ .....
ဒီ ရေမြင်းမကြီး ရဲ့ ဗိုက်ထဲသာ အတင်းတိုးဝင်လိုက်..
ဒီတသက် မကဘူးးး နောက် ဆယ်သက်စာပါ စားမကုန် သောက်မကုန် နေရ မှာ ဟ..
လာ ... မြန်မြန်လာဝင် .. တော်ကြာ သူများ ဦးသွားမယ်နော်..
ငှက်ရေ ....ရေးတာလေး ကောင်းတယ် ..ဟိဟိ..ကိုယ်တောင် ဘယ်နေရာ သွားဝင်ရမလဲ ချောင်းနေတာ ..ဟားဟား
မြန်မာသရဲကားတွေလိုပဲနော်။ ၀ိညာဉ်ဇာတ်လမ်းဆိုပီး ကြောက်စရာလဲမကောင်းဘူး။ ရယ်ရတယ်။ အရေးအသားကောင်းပါတယ်
ဟိ.. မျက်လုံးထဲတောင် မြင်တယ်.. မိငှက်ရယ်.. နင်ကတော့ ရေးလိုက်မှဖြင့်..
:D ... ညီမလေးဇာတ်လမ်းလေးက ချစ်စရာလေး။ရယ်လည်းရယ်ရ..သနားစရာလည်းကောင်း။
ကိုသားကြီးနဲ့ ပေါင်းပြီး စီးရီးလည်းထုတ်။ စာအုပ်လည်းထုတ်လေ..အစ်မ အားပေးမယ်။ :)
ဝိညာဉ်ဇာတ်လမ်းတွေဖတ်ပြီး အိပ်မပျော်လို့ကတော့ ဒုက္ခပါပဲနော်။
yu ya
ဖတ်ပြီး ရီသွားတယ်
ငှက်ကလေးရေ ငါတို့ကိုဘော်ဘော်တွေကဝေဖန်ကြကုန်ပြီလားမသိဘူး
ပေါတယ်ဆိုပြီးတော့လေ ဟီးးးး
ဘာဇာတ်လမ်းပဲရေးရေး လက်ကတည်တည်တံ့တံ့မရှိဘူး နေရင်းထိုင်ရင်း
ကပေါက်တိ ကပေါက်ချာဖြစ်သွားတယ်
ဒါလည်းပဲကောင်းတာပါပဲလေ
အဲ...နေဦးးးး
သာအောင်ကိုမှာမလို့ ဖြစ်နိုင်မယ်ဆိုရင်လေ
မြန်မာပြည်မှာ ပြန်မဝင်စားပါနဲ့လားလို့
ဥစ္စာစောင့်မတွေ လိုးရှင်းမလူးတာ တော်သေးတာပေါ့
မဟုတ်ရင်...နေရင်းထိုင်ရင်း အင်တာနက်ထဲရောက်လာဦးမယ် အဟိ :P
အတွေးကမိုက်တော့ အရေး ကခိုက်စရာဖြစ်သွားတာပေါ့
အဲဒီ ကိုသားကြီးဟာ...
ဥစ္စာစောင့်တောင် လိုးရှင်းပေးလူးမလို့လားမသိဘူး။
ကြီးပါ့တော်။။။။ ဟိဟိ ၀ါသနာပြောတာပါအေ....
အထင်မလွဲကြပါနဲ့။
ငှက်ရေ... သာအောင်ကို မှာလိုက်မယ်။
ပြန်ဝင်စားရင် ကိုးရီးယားမှာပဲ ၀င်စားပါလို့ ။။
ဟုတ်ပလား...
အယ်
ကြောက်စရာလဲမကောင်းဘူး။ ကျနော်က ကြောက်ဖို့ကောင်းမယ်ထင်လို့ အိပ်ခန်းထဲမှာတောင် မဖတ်ဘဲ ဧည့်ခန်းထဲမှာ ဖတ်ရတာ။
ဒါပေမယ့် သဘောကျတယ်ဗျာ။ =)
ငှက်လေးရေ....ေ၇းထားတာလေးကစွဲဆောင်မှုရှိတယ်
ဖတ်ပြီးရင်းဖတ်ချင်ဘဲ
ငှက်ကလေး....ကြောက်စရာကောင်းမယ် ထင်နေတာ..နောင့် လိုသရဲကြောက်တတ်တဲ့သူတောင်မှ ငှက်ကလေး ရေးတာဖတ်ပီး မကြောက်ချင်တော့ဘူးဟိဟိ
အိမ်ဝ မှာစောင့်နေတဲ့လူကို ဦးဦး ဗေလုဝ လို့ သွားခေါ်တာ ရီရတယ်...ကောင်းလိုက်တာ ငှက်ကလေး ဒီလိုလေးတွေ ဆက်ရေးနော်...။
ငှက်လေးရေ ခလေးလေး အထဲဝင်သွားတာ ဘယ်သူမှ မတွေ့လိုက်ဖူးလားဟင်... ဘာပဲဖြစ်ဖြစ် ငှက်လေးရဲ့  ဇတ်လမ်းလေးတွေ ကတော့ ဖတ်လို့ကောင်း..
ဝိညာဉ်ဇာတ်လမ်းဆိုလို့ ကြောက်စရာကောင်းလားဆိုပြီး စိတ်ပုတီးလည်ပင်းမှာ ချိန်ပြီး ဖတ်တာ...
နောက်ဆုံးတော့ ငှက်ကလေးက ဗေလုဝတို့ ကင်းကောင်တို့ ကြိုက်တဲ့သူ ဖြစ်နေတာကိုးးးး
((((((((ဝူးထွားဟားဟား))))))))
သရဲလာခြောက်သွားတယ်...
းဝ)
ကျနော်က အဲဒီလို လူဝင်စားတို့ ဂမ္ဘီရ ဆန်ဆန်... တွေကို ၀ါသနာပါတယ်ဗျသိလား..
မြန်မာပြည်မှာတုန်းကဆို....
ရောင်ပြန်၊ လျှို့ဝှက်ဆန်းကြယ်၊ သူရဇ္ဖ၊ ဂမ္ဘီရ အဲလိုစာအုပ်တွေ ဖတ်တယ်သိလား...
အဲလို မှင်စာ၊ ကျက်ကုန်း၊ ဥစ္စာစောင့်တို့ မကျွတ်မလွတ်တဲ့ အကြောင်းတွေဆို ခဏခဏဖတ်ဖြစ်တယ်....
အခုလို ငှက်မလေးက ရေးထားတော့ မြန်မာပြည်ကို ပြန်ရောက်သလို ခံစားရတယ်...
အတိတ်ကို ပြန်သတိရသွားတယ်....
ငှက်မလေးရေ....
အခုလို ပြန်လည်ခံစားတင်ပြပေးတဲ့အတွက် ကျေးဇူးပါ...
ပြန်ပြီ အတောင်တွေ ခဏယူသွားတယ်... :) :) :)
ငှက်ကလေးက ဘာပဲ ရေးရေး ဟာသဓါတ်ခံလေး ရှိတယ်နော်... ဖတ်လို့ကောင်းတယ်။
နောက်တစ်ခါလူမှားပြီး မ၀င်စေနဲ့နော်။။ဟားဟား
ခင်တဲ့
ဖတ်လို့ကောင်းတယ်ငှက်လေးရေ ဆက်ရေးနော်
အင်း ငှက်ကတော့ လုပ်ပြီ။ မှင်စာကိုတောင် ဟာသမြောက်အောင် ရေးနိုင်တယ်။ ဘာပဲပြောပြော အရေးအသား တော်တယ်။ ဆက်ရေး။
ခင်မင်လျက်
Post a Comment