
မနက်ကျတော့ ၅ နာရီခွဲလောက်ထ အရင်အတိုင်းပဲ ဘုရားရှိခိုးပြီး ၇ နာရီလောက် ဘတ်စ် ကားမှတ်တိုင်ကို ထွက်လာခဲ့လိုက်တယ် ကျောင်းက ၉ နာရီ တက်မယ်ဆိုပေမယ့် ကိုယ်က စောရောက်နေတာ အကြောင်းမဟုတ်ဘူးလေ ဒါနဲ့ ဘယ်လိုသွားရမလဲ မေးတော့ သူတို့က ဘတ်စ်ကား နံပါတ် ၁၆ ကိုစီးတဲ့ ဒါနဲ့ စီးလာလိုက်တာ ကျောင်းရောက်လာခဲ့တယ် အဟဲ တော်ပါသေးရဲ့ ကျောင်းရောက်သွားလို့

ဟိုရောက်တော့ စာသင် ပြီးတော့ ID card လုပ်ပြီးတော့ ဈေးဝယ်လိုက်သေးတယ် ကျောင်းနဲ့ morrison supermarket နဲ့နီးတယ် လေ နိပ်တယ် ဒါနဲ့ ပြန်မယ်လုပ်တော့ အဲဒီမှာ ပြဿနာ စ တက်တယ် ဘယ်ဘတ်စ်ကား စီးရမယ်မှန်းမသိဘူး အဆောင်နားက ဘတ်စ်ကား မှတ်တိုင်လဲ မမှတ်ထားလိုက်မိဘူး သေချင်တယ် လူလဲ ဒါနဲ့ accommodation လိပ်စာလေး ကိုင်ပြီး မေးရတော့တာပေါ့ သူတို့က မသိဘူးတဲ့ အီးးးး ဟီးးးးးး ဒါနဲ့ ပြောတာပေါ့ ငါ အလာတုံးက နံပါတ် ၁၆ စီးလာတာဆိုတော့ တယောက်က ဒါဆိုရင် နံပါတ် ၁၆ ပဲပြန်စီးသွားလိုက်လေ ဒါနဲ့ ၁၆ ပဲပြန်စီးလာလိုက်တယ် ဘယ်နေရာ ဆင်းရမယ်မှန်း မှတ်မထားမိဘူး အဟက် ဒါနဲ့ ရောက်ပြီထင်တဲ့ နေရာကျတော့ ဆင်းလိုက်တယ် ဘယ်နေရာတွေလဲ မသိဘူး ဒါနဲ့ လျှောက် လျှောက် လျှောက် တယ် ဝူးးးးးး လူလဲ နဲနဲ မောနေပြီ မဖြစ်တော့ဘူး ဆိုပြီး လိပ်စာ ပြပြီး မေးတော့ သူတို့က နံပါတ် ၁၆ စီးတဲ့ ကားသမားကို ဒီလိပ်စာပြလိုက် သူပြောလိမ့်မယ် တဲ့ ဒါနဲ့ လာတဲ့ နံပါတ် ၁၆ ပေါ်ကို တက်ပြီး ကားသမားကို လိပ်စာပြတော့ ကားသမားပြောပါတယ် ဘာတဲ့ ဘယ်မှတ်တိုင်ဆိုလား အဟီးးး မမှတ်မိတော့ဘူး အဲဒီမှာ ဆင်းတဲ့ ငါ့ကိုပြောနော် ရောက်ရင် ငါမသိလို့ လို့ ပြောတော့ ကားသမားကြီးက အေးအေး ဆိုပြီး ပြောတယ် ဒါနဲ့ စီးလာလိုက်တာ မှတ်တိုင်ကိုရောက်တော့ ရပြီတဲ့ လမ်းလျှောက်သွားလိုက် တဲ့ နင့်ရဲ့လိပ်စာကို ရောက်မယ်တဲ့ ဟုတ်ကဲ့ ကျေးဇူးးး လို့ပြောပြီး လမ်းလျှောက်လာလိုက်တယ် ဒီနေရာတွေ ဟုတ်သလိုလိုပဲ ဘာလဲညာလဲ နဲ့ မေးပါများ အာခေါင်ခြောက် သွားပါများ ဖိနပ်ပါး အဲလေ မေးပါများ စကားရ သွားပါများ ခရီးရောက် ဆိုသလိုပဲ ဟိုမေး ဒီစမ်းနဲ့ လာခဲ့လိုက်တယ် နေတဲ့လိပ်စာက Portsburgh court တဲ့ Lady Lawson Street တဲ့ Lady lawson street လဲရောက်ရော လမ်းက လေးခွ ဒွက်ခပဲ ဘယ်ကို ကွေ့ရမယ်မှန်းမသိဘူး ဒါနဲ့ စုံတွဲတတွဲလမ်းလျှောက်လာတော့ ထုံးစံအတိုင်း မေးတော့တာပေါ့ ဒါက Lady lawson Street တော့ဟုတ်တယ် ငါ့ accommodation ကိုရောက်ဖို့ ဒီကို သွားရမလား ဟိုကိုသွားရမလားဆိုပြီး မေးတော့ ဟိုးးး ရှေ့တည့်တည့်ထင်တယ် ကျေးဇူးးး ပြောပြီး ဆက်လျှောက် လာလိုက်တယ် အမလေး United Accommodation ကိုတွေ့တော့မှပဲ ပျော်လိုက်တာ ပြောမနေနဲ့ ဒီနေ့ အဆောင် ပြန်မရောက်တော့ဘူး မှတ်နေတာ ဟဟဟဟ တော်ပါသေးရဲ့ ဘုရားသိကြားမလို့ အဆောင်ပြန်ရောက်တယ် ဟိဟိ ဝူးးးးးး တော်ပါသေးရဲ့ ညီမက တခါမှ ဘတ်စ်ကားမစီးဖူးဘူးလေ အရင် Isle of Wight မှာနေတုံးက ဦးလေးက အကြိုအပို့လုပ်ပေးတယ် တခါတလေ မှ ဘတ်စ်ကား စီးရတယ် ဒါတောင် ကိုကိုပါတယ်လေ အခုတော့ တယောက်တည်း အစက ငိုတောင်ငိုချင်တယ် လူလဲ စိတ်ပူပြီး ပြန်မရောက်တော့ဘူး ထင်တာကိုး ဒါပေမယ့် ငါဘာလို့ ငိုမှာလဲ ဆိုပြီး အားတင်းပြီး ဟိုလူ့မေး ဒီလူ့မေးနဲ့ လမ်းမှာလဲ ဘုရားစာတွေ ရွတ်လာလိုက်တယ်လေ ဂလိုနဲ့ ရောက်လာတာပဲ ဟိဟိ ကြောက်လိုက်တာနော် နောက်ဆိုရင် ဘတ်စ်ကား မှတ်တိုင်တွေ မှတ်ထားမှပဲ ဟားဟားးးးးးးးး

ကိုကို့ ကိုပြောတော့ ကိုကိုက အေးအေး နင် ရင့်ကျက်လာပြီပဲ တဲ့ အဖေကလဲ ဖုံးတွေ ခေါ်တယ် ပြန်ရောက်ပြီလား နဲ့ အဖေဖုံးခေါ်တဲ့အချိန်က စိတ်တွေညစ်ပြီး လမ်းပျောက်နေတဲ့အချိန်လေ ဒါနဲ့ ဖေဖေ စိတ်ပူမှာစိုးလို့ လမ်းပျောက်နေတယ် မပြောဘူးပေါ့ အဆောင်ပြန်မရောက်သေးဘူး ရောက်ရင် ဖုံးဆက်လိုက်မယ် ပြောထားလိုက်တာပေါ့ တော်သေး အဆောင် ပြန်ရောက်တော့ လူလဲ ပြိုင်းနေပြီ ထမင်းချက် ပြီး အန်တီ ချက်ထားပေးတဲ့ ဟင်းတွေနဲ့ စားလိုက်တယ် ဟဲဟဲ

နောက်နေ့တွေ နောက်နေ့တွေ ဘတ်စ်ကား မှတ်တိုင် မှတ်ဖို့ စာရွက်လေးနဲ့ ဘောလ်ပင်လေး ဆောင်ထားမယ် အဟက် ဒါမှ မဟုတ်ရင် ဒီတခါလို လမ်းမှားလို့ကတော့ မချောင်ဘူးရွေ လမ်းတော်တော်လျှောက်လိုက်ရတယ် ဝိတ်တော်တော် ကျသွားပြီ ထင်ပါ့ ဟားဟားးးးးးးးးး



27 comments:
အင်း လျှောက်လျှောက် များများသာလျှောက် ကျန်းမာရေးကောင်းတယ် လမ်းပျောက်လေ ဇာတ်လမ်းများလေပဲ ဟီး မြန်မာရုပ်ရှင်ထဲကလိုလေ..
တွေ့ဘူးလား... ကူညီမဲ့သူနဲ့
လမ်းလျှောက်ရင်း လမ်းပျောက်သူ..ဖြစ်ခဲ့တာပေါ့လေ..
အတွေ့အကြုံ တစ်ခုပေါ့...
အားလုံး အဆင်ပြေသွားမှာပါ...
ဟေ့ ဝက်ဝံရေ တစ်နေရာယူလို့လည်းမရတော့ဘူး နှစ်အသင့်ပြင်မယ်လုပ်တော့လည်း ကိုလင်းကြယ်ဖြူကြီးက ရောက်နှင့်ပေါ့နော်။ သုံးကြည်ဆံထည့် လေးမောင်းချိန်ပြီး အခုတော့ စာဖတ်လိုက်ဦးမယ် ပြီးမှပြန်မန့်မယ်။
ခင်မင်လျှက်
သူငယ်ချင်းပါးလုံး
ဟ ဝက်ဝံရေ ဒီတခါတော့ ငါပါးလုံး တောကလေးက လူလည်ဖြစ်သွားပြီဟ ငါကတော့ ငါ့အတွက်ပထမဆုံးပါ ငါ့ကိုအဲ့နေရာရောက်ရင် ငါ stop မနှိပ်လည်း ငါ့ကိုရပ်ပေးနော် ငါ့ကိုပြောနော်လို့ပြောပြီးတော့ကို သွားတာ အဲ့တော့အေးဆေးအိပ်ပျော်နေရင်တောင်လာနှိုးတယ်ဟ။
နင်လည်း ဘာမှမပူနဲ့ ပါးစပ်ရွာတွေ့တဲ့ ချိုချိုသာသာပြောလို့ကတော့ လေယဉ်တောင်အလကားစီးရမယ်သိလား။
ပျော်ရွှင်ပါစေ အဟိ ဆရာနည်းနည်းလုပ်ကြည့်တာ။
ခင်မင်လျှက်
သူငယ်ချင်းပါးလုံး
(ငါနင့်ကိုအက်ထားတယ်။ ကိုသားကြီးဆီကနင့်အကောင့်တောင်းပြီးတော့နင်ပြောချင်ရင်တော့ လက်ခံလိုက်နော်)
သယ်ချင်းက လမ်းပျောက်လို့ စိတ်ညစ်နေတယ်
ကျနော်ကတော့ လမ်းပျောက်ချင်နေတာ
မျက်စိလည်ပြီး အက်ဒင်ဘာရ် ရောက်သွား အောင်လို့  :D :D
အဆင်ပြေပါစေ
ခင်မင်လျှက်
ရန်ကုန်သား
:D
စောစောကပဲ ပါးလုံးလေးရဲ့အတွေ့အကြုံကိုဖတ်သွားတာ
ခုတော့ ကိုယ့်ညီမလေးအတွေ့အကြုံပြန်ပေါ့
ကိုဆိုရင် မြန်မာပြည်မှာတုန်းက လိုင်းကားစီးရင် ဆင်းမယ့်မှတ်တိုင်ရောက်တာတောင် တစ်ယောက်ယောက်ကကိုယ့်အရင်အော်
မလားလို့စောင့်နေတတ်တယ်
“ပါတယ်ဗျို့”လို့ဒရိုင်ဘာကြားအောင်အော်ရ
မယ့်ကိစ္စကြီးဟာ စိတ်ထဲမှာတမျိုးကြီးပဲ ကိုယ်တကယ်“ပါ”လိုက်တာမှမဟုတ်ဘဲ ဟီးး
သတ္တိခဲမကြီးအဆင်ပြေမှာပါ ကြာတော့လည်းနေသားကျသွားမှာပေါ့
အိမ်ကိုလွမ်းရင် ဘလော့ပေါ်သာတက်လာခဲ့
ဝက်ဝံလေးကိုချစ်တဲ့ဘော်ဘော်တွေအများ
ကြီးရှိတယ် အားမငယ်နဲ့သိလား
နောက်ဆိုရင် navigation-device လေးဝယ်ထား... လမ်းမမှားရအောင်...
ငှက်ကမပျံနိုင်တော့ဘူးဆိုတော့ ခက်တာပေါ့...
ဝက်ဆိုတော့ အိပဲ့အိပဲ့...
ဘာတဲ့ အခုလဲ မျောက်ဖြစ်ချင်ပြန်ဘီဆိုလား...
းဝ)
ငှက်ရေ.... ငါလဲ ခဏခဏ လမ်းမှားတတ်တာဟ။
တစ်ခါ လမ်းမှားလို့  အိမ်က အမတွေ ဖုန်းဆက်ရင်းနဲ့ လျှောက်သွားနေတာ ရဲစခန်းရှေ့ ရောက်ရောဟ။ မထူးဘူးဆိုပြီး ရဲတွေကို အကူအညီတောင်းလိုက်တယ်။ အိမ်ပြန်ပို့ ပေးလို့ တော်သေးတာပေါ့ ဟဟားးးး
အတွေ့ အကြုံပေါ့ဟယ်။ သတိသာထား။ ဘေးပတ်ဝန်းကျင်သေချာလေ့လာ မှတ်သားထား။
ဂရုစိုက်နော်။။ ဘာမှတော့ မကြောက်နဲ့ ။ အားလဲမငယ်နဲ့ ။။။ ပါးစပ်က ဘာလုပ်ဖို့ လဲ ( ပြန်စွာဖို့ ) အဲဟုတ်ပါဘူး....ယောင်ကုန်ပြီ။။။ ပါးစပ်ကို ချိုချိုသာသာလေး သုံးလိုက် အကုန်အဆင်ပြေလိမ့်မယ်။ ဒါပဲမှာမယ်ဟာ.... ဂရုစိုက်နော်။။။
ဟဲ့... ၀က်ရေ... မှားခေါ်မိလို့ ဟ။။
ငှက်ရေ နေရာမှာ ချစ်စရာ ၀က်ဝံလေးရေ... လို့ အပေါ်က စာကိုပြောင်းဖတ်လိုက်။ ဒါပဲ။ ပြန်ပြီ။။။။ ဒုန်းဒုန်း ဒိုင်းဒိုင်း ခွမ်း ချလွမ်း ဗွမ်းးး တွေ့ သမျှ အကုန် ၀င်တိုက်တာ..ဟဟားးးး
cute experience :)
တော်တော်လေးကို ပင်ပန်းပြီး စိတ်မော လူမော ဖြစ်သွားမှာဘဲနော်... ဝိတ်ကျသွားရင်တော့ အမြတ်ပေါ့
နာ့ညီမလေး တနားပါတယ်...
လန့်သွားမှာပဲနော်...
နောက်ဆိုသေချာမှတ်ထား၊ မြေပုံတွေဘာတွေဆောင်ထားပေါ့နော်
ဆက်သာလျှောက် ခြေဦးတည့်ရာ ..
လမ်းပျောက်မှာတော့ မပူနဲ့  .
ပါးစပ်ပါတာဘဲ နော့ ..
မသိရင်မေး ..
မစင်ဆို စား(ဝက်ဖြစ်နေမှ ဘာကြောက်သလဲ)..အဲ .. မစင်ရင်ဆေး ။
ခြေထောက်ပေါက်ရင် ပလာစတာကပ်ပြီး ဆက်သာလျှောက်..
ဖွားကိ..
ဝက်ဝံလေး ရယ် ... မောသွားလား... သနားပါတယ်.. ဒါပေမယ့်...တစ်ခါ တစ်လေ အဲ့လိုလေး ကြုံရတာလဲ တစ်မျိုးကောင်းပါတယ်...ကိုယ့်ဘာသာ ယုံကြည်မှုနဲနဲရှိသွားတာပေါ့... ၀က်ကလေး ကသတ္တိခဲပါကွ နော်...။ လမ်းများများလျှောက်တာကောင်းတယ်... ၀ိတ်ကျတာပေါ့...း)) လမ်းမှားမှ ပဲ လမ်းများများလျှောက်ဖြစ်တာ... :P
မပြောချင်တော့ဘူးဟေ့ ....... အင်္ဂလန်လို နိုင်ငံကြီးမှာ လမ်းလျှောက်နေရတာများ .... ဒီတခါ လမ်းပျောက်ရင် ဖုန်းဆက်လိုက် GPS နဲ့ လမ်းရှာပေးမယ် ... ၀က်ဝံ လေးကို တနားလို့ ..
လမ်းပျောက်တာလောက်တော့ ကိစ္စမရှိပါဘူးး အဲ..လူမပျောက်ဖို့ တော့ အရေးကြီးတယ်.. :P ငါ့ အသိ အန်တီကြီးပြောတာသွားသတိရတယ်.. သူက UK ကသူ့  သားဆီ အလည်သွားတော့ အိမ်နဲ့ ခပ်ဝေးဝေးတွေ တစ်ယောက်တည်း မသွားရဲတဲ့ အပြင် တစ်လှမ်း နှစ်လှမ်း လှမ်းပြီးတာနဲ့  ကိုယ့်တိုက်ကို ပြန်ပြန်လှည့်ကြည့်ရတယ် ဆိုပဲ... တိုက်တွေ အားလုံးက ဆင်တူတယ် ပြောတာပဲ... အဲ့လိုကျ game ဆော့တဲ့ ကောင်တွေက map ကြည့်တဲ့နေရာမှာ တပန်းသာသလိုပဲ... ချဟာ..ချသာချ.. (ကြိုးစားး ဘာမှ မကြောက်နဲ့ ..အဲဒါကိုပြောတာ... :D )
နင့်စာဖတ်ပြီး မောတောင်မောတယ် ...
ရေတစ်ခွက်လောက် ခပ်တိုက်အုံး :haha
အတွေ့အကြုံသစ်လေးနဲ့ စိတ်မောသွားမှာပဲ ။ ပျော်လာတော့မယ်ဆိုတာ မြင်ယောင်သေးတယ်။ အိမ်လွမ်းရင် မောင်နှမတွေရှိတယ်နော့ ဝံလေး။ ကျန်းမာပျော်ရွှင်ပါစေ အဆင်ပြေ အောင်မြင်ပါစေ
နေရာသစ် ဒေသသစ်ကတော့ အဲဒီလိုပါပဲ ။းD
လေရူးကျောင်းစတက်တဲ့နေ့တွေကဆို တစ်ခါတစ်ခါအိပ်ပျော်သွားလို့ ဘတ်စကားမှတ်တိုင်တွေကျော်ကျော်သွားသေးတယ် ။ :P
ဒါမျိုးတွေကြုံမှ အတွေ့အကြုံ အသစ်ကို ရတာပေါ့။
ဘာပဲဖြစ်ဖြစ် မကြောက်နဲ့ ပါစပ်ပါရွာရောက်တဲ့
ကောင်းကောင်းမွန်မွန်သာ မေး ကူညီတဲ့သူတွေ ရှိမှာပါ။
ငါလဲအဲ့ဒီလိုမှတ်ဥာဏ်တွေတစ်အား
ကောင်းတယ်ဟနှစ်ရက်လောက်ကတော့ဟာ
လမ်းတွေမှားလို့ခြေထောက်တွေပေါက်လိုက်တာ
ဖိနပ်တောင်မစီးနိုင်ဘူးနီးရက်နဲ့ဝေးဆိုတာဒါပေါ့
ငါမရေးတော့ဘူးနော်
မမ တော်တော်မောသွားမှာပဲနော်..
ဟဟ ဖြစ်ရမယ် ၀က်ဝံလေးတို့ကတော့
တော်သေးတာပေါ့
အိမ်ပြန်ရောက်ပေလို့
နောက်ဆို ဘက်စ်ကားမှတ်တိုင်တွေသေချာမှတ်ထားနော်
ဟီး၂
လမ်းလျှောက်ခြင်းသည် ကျန်းမာရေးအတွက် ကောင်း၏ ထို့ကြောင့် ဆက်သာလျှောက်ပါ။
မမလည်း အဲဒီလို လမ်းခဏခဏမှားလို့ ညီမလေးကို ကိုယ်ချင်းစာသနားလိုက်တာ။
Post a Comment