တနေ့ သူငယ်ချင်းတယောက် က မေးတယ် နင် စာမရေးဘူးလား တဲ့ ဒါနဲ့ သူ့ကို တိုင်သလို ရင်ဖွင့်သလိုနဲ့ ပြောလိုက်တော့ သူက
" တကယ့်ဘဝ မှာ အတိုက်အခံဆိုတာ ဒီထက်ပိုများပါတယ် သူပြောတာလေးနဲ့တင် ကိုယ်လျှောက်တဲ့လမ်းကို ပြောင်းလျှောက်မလား နေ့တိုင်း အသစ်ရေးရမယ်လို့ အာမမခံနဲ့ပေါ့ အားရင်ရေးမယ် မအားရင် မရေးဘူး mood ဝင်ရင်ရေးမယ် mood မဝင်ရင်မရေးဘူး ဒါပဲပေါ့ နင်ပိတ်ပစ်လိုက်ရင်တောင် ရှက်စရာကောင်းသေးတယ် နင်က ငယ်သေးတော့ ပိုခံစားရမှာပေါ့လေ ငါတော့ ရေးဖို့အားပေးတယ် ဆက်ရေး အဲဒါလေးကြောင့် ရပ်ပစ်လိုက်တယ်ဆိုမှ ရှက်စရာ ဒါကို မရပ်ပဲ ကြံ့ကြံ့ခံပြီး ဆက်ရေးနိုင်မှ လေးစားစရာ "
တဲ့ သူပြောတာနဲ့တင်ပဲ ဆက်ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်
သူငယ်ချင်းဆိုတာ ဘာလဲ ? အားငယ်နေတဲ့အချိန်မှာ အားပေးစကားလေးပြောပြီး အားအင်တွေ ရစေတာ စိတ်ဓာတ်ကျနေတဲ့အချိန်မှာ ကြံ့ကြံ့ခံနိုင်ဖို့ စကားတွေ ပြောပေးတာ ငှက်ကလေး လိုချင်နေတာ အဲဒါမျိုးလေးပါ ငှက်ကလေး လိုချင်တဲ့ အချစ်က အေးမြတဲ့ ၅၂၈ မေတ္တာပါ ငှက်ကလေးလဲ သူငယ်ချင်းတွေ အားလုံးကို အဲလိုအချစ်မျိုးလေး ပေးချင်တယ် အခုတော့ ငှက်ကလေး က မောင်နှမတွေရဲ့ အေးမြတဲ့ အချစ်ကို ရတယ် လို့ခံစားရတယ် ဒါကြောင့် ဘလော့ဂ်လေးကို မပိတ်ပဲ ဆက်ရေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်
ကဲ အခုချိန်က စ ပြီး အရင်လိုပဲ ပျော်ပျော်ပါးပါး ဘလော့ဂ် တခွင် ပြဲပြဲစင်အောင် လျှောက်လည်ရင်း ဘလော့ဂ် ဂင်းပါတော့မယ် ကွယ် ငှဲလယောင်း ငှဲလယောင်း
သူငယ်ချင်း တယောက်ပို့ပေးတဲ့ ဒီပုံလေးကို သဘောကျလို့လဲ တင်လိုက်ပါတယ်

ရုပ်ပုံ၏ ဆိုလိုချက်
သူငယ်ချင်းဆိုတာ သင့်ကို အပေါ်ဆွဲတင်နိုင်ချင်မှ နိုင်ပါလိမ့်မယ်...
ဒါပေမဲ့
သင်အောက်ကို ပြုတ်မကျသွားဖို့ အတွက် ဘယ်လိုလုပ်ရလဲဆိုတာ စဉ်းစားပေးတယ်...
အားပေးစကားပြောပေးတဲ့ အမည်မဖော်လိုသူ သူငယ်ချင်းရော ရုပ်ပုံလေးပို့ပေးတဲ့ မအေးဖြူဖြူရော ကျေးဇူးအထူးတင်ပါတယ်လို့ ပြောချင်ပါတယ်



24 comments:
ငှက်လေးရေ
ဘယ်သူဘာပြောပြော ပြောတဲ့သူကို ဂရုစိုက်မနေနဲ့
အာညောင်းရင်တိတ်သွားလိမ့်မယ်။
စိတ်ဓါတ်မကျနဲ့
ငှက်လေး။။။။ဆက်ရေး
အားပေးနေမယ်။
နင့်ရဲ့အမြဲတမ်း ပုရိသတ် လေငါက
ရပ်ရဲရပ်ကြည့် ဂွစာမိမယ်
ဟွန်း~~~~~~~
ဟဲ့ဒါနဲ့ မေးကြည့် အုံးမယ်
ငါ့ကြောင့် တော့မဟုတ်ပါဘူးနော်
ငါမှားတာ ရှိရင်တောင်းပန်တယ်နော်
g talk ကိုလာခဲ့ နော် သူငယ်ချင်းလေး
ငှက်လေးရေ ..
လိုရင်ပြော .. ဒိထက်ကြီးတဲ့ ကျောက်တုံးကြီးနဲ့ ဖိပေးမယ် ..အချိန်မရွေးဘုးနော် ။။ ပိသာ ၁၀၀၀၀၀၀၀၀၀၀၀၀၀၀၀ ...
သွပ်ပြားက စေတနာ နဲ့ပါအေ ..
ဒီမှာ မုန်တိုင်းဝင်နေတော့ ငှက်လေး လွင့်သွား မစိုးလို့ပါ ။
ဘယ်သူတွေ ဘာပြောပြောအေ ...
ခွေးဟောင်တိုင်း ထကြည့်နေရင် အိပ်ရေးပျက်တယ်
ကိုယ့်ဟာကိုယ် ဝအောင်သာအိပ် .. ဟုတ်ပလား
အိပ်လိုက် စားလိုက် ဂရိတ်ဖိုက်ပေါ့ ...
ငှက်မလေး.. မမလဲ ဒီလို စိတ်ကူးမျိုးပေါ်ဖူးတယ်၊ ဒါပေမယ့် သူများကို မထိခိုက်ရင် ကိုယ်စိတ်ချမ်းသာတာလုပ်၊ နော်..
နောက်ဆို သမီး တစ်ယောက်တည်း သွားနေရမှာ၊ ရင်ဖွင့်ချင်တာတွေရှိမှာ၊ စိတ်ထွက်ပေါက်လဲ ပိုလိုမှာ၊ အတိုက်အခံလဲ ပိုများချင်ပိုများလာမှာ... အဲ့ဒါတွေကို ခံနိုင်ရည်ရှိရမယ်လေ.. ဟုတ်လား?
လူကြီး ဖြစ်ပြီလေ.. သူများ ပြောတာတွေ သိပ်ဂရုမစိုက်နဲ့၊ ကိုယ့်ကို လိုလို့ ပြောတာကို နားထောင်၊ နေရင်းထိုင်ရင်း ပုတ်ခတ်တာမျိုးကို ရယ်ပစ်လိုက်၊ ပြောပစေ၊ ဘာမှ ပဲ့ပါသွားတာမဟုတ်ဘူး၊
ဒီအရွယ်ပဲ ပေါချင်တိုင်းပေါလို့ ရတာ.. မမတို့ အရွယ်မှဆို ကြည့်မကောင်းဘူး၊ ဟဟ
ကာတွန်းလေး ချစ်ဖို့ ကောင်းလိုက်တာ၊ သဘောကျတယ်၊
ချစ်တဲ့
မမမေ
ငါ့ကောမန့်များကြောင့်လား မသိဘူး။
ကိုယ်က တော်နေလို့၊ တတ်နေလို့ ဘလော့ဂင်းလုပ်နေတာမဟုတ်ဘူးလေ။ ကိုယ်သိထားတာ၊ မှတ်ထားတာတွေ မျှဝေမယ်။ သူငယ်ချင်းမောင်နှတွေဆီက ပညာယူမယ်။ ခံစားချက်တွေဖလှယ်ကြမယ်။ တို့တော့ ဒါမျိုးပဲခံယူတယ်။ လူဆိုတာ စေတနာမေတ္တာနဲ့မတန်ဘူးလို့ ပြောကြတာမှားပါတယ်။
တချို့ စိတ်သဘောထား သေးသိမ်တဲ့သူတွေပဲ ပေါင်းရခက်တာပါ။
သူတို့အတွက် ဘာလို့အချိန်ကုန်ခံပြီး ခံစားနေမလဲ။ နောက်ဆုတ်လိုက်ရမလဲ။ မလိုအပ်ပါဘူး။ တန်လဲမတန်ဘူးနော်။ ဒါလေးတွေးကြည့် အားပေးစကားတော့ မပြောတတ်ဘူး။ နောက်ကြုံမှ ပြောစရာတွေ အများကြီးရှိတယ်။ ဆရာလုပ်တာတော့မဟုတ်ဘူးနော်။ ဆရာလုပ်တယ်ထင်ရင်လဲ စိတ်ဆိုးဘူး။ ထင်စေသတည်း။ နောက်မှတွေ့မယ်။အားမာန်သစ်တွေနဲ့ ခြေလှမ်းတွေ ဆက်လှမ်းပါ။ ဒါပဲ။
အင်းနော် ... အဲလို ဘော်ဒါတွေ များကြီးလိုချင်လိုက်တာ... ဒါပေမယ့် ပုံထဲကလို နှာနုကို ကျောက်ခဲနဲ့ ဖိပေးရင် ဒုက္ခ ...
ဘာပဲ ဖြစ်ဖြစ်လေ .. စာဆက်ရေးပေးတာ ကျေးဇူးပါပဲ ... အမိုက်အမဲလေး ဆောင်းမြူခိုး သင်ခန်းစာ ယူရတာပေါ့ ...
အဝေဖန်လွတ်တဲ့သူလောကမှာ မရှိဘူးဆိုတာ ညီမလေးလည်း သိမှာပါ။
အပြစ်ရှာချင်သူတွေ ဘယ်လိုပြောပါစေ... ညီမလေးဝါသနာပါတဲ့ စာရေးခြင်းကို ပျော်ပျော်ရွှင်ရွှင်ဆက်လုပ်နော်။
အမြဲအားပေးနေတဲ့....
ငှက်ကလေးရေ... သူများတွေ အများကြီးပြောထားကြလို့ ဘာမှ ပြောစရာ မလိုတော့ဘူး ထင်ပါတယ်ဗျာ...။
yu ya
ငှက်လေးရေ .... ဘယ်သူတွေဘာပြောပြော... မိမိလျှောက်နေတဲ့ လမ်းကို မိမိသာလျှင် ပိုင်ဆိုင်တယ် ကလေးရဲ့ .... အိုကေ.. Believe in you, Walk on your way, You own your way, You own your self, OK.. ဟားဟားဟားဟားးးး ဘာတွေလျှောက်ရေးလိုက် လဲ မသိဘူးဟေ့.......
ကျွန်တော် ကိုယ်ချင်းစာပါတယ်။ ကျွန်တော်ဆို မလုပ်တတ်လုပ်တတ်နဲ့ ဘလော့ဂ်စလုပ်ခါစမှာပဲ ပို့စ်တစ်ခုကြောင့် တော်တော်ပွဲဆူသွားတယ်။ စီဘောက်မှာလဲ မြင်ရက်စရာမရှိအောင်ကို ဆဲခံရတယ်။ ဒါပေမယ့် ကျွန်တော် ရှေ့ဆက်ခဲ့တာပဲ။ အဲဒါဟာ ကျွန်တော့်ကို ဘယ်လိုမှ မခံစားစေသလို အဲဒီကောင်တွေကို ဂရုကိုမစိုက်ပဲ လုပ်စရာရှိတာဆက်လုပ်ခဲ့တာ။ အမြင့်ကိုရောက်ချင်ရင်တော့ လေတိုက်ခံရမှာပေါ့ဗျာ။
ဒါကြောင့်ပြောကြတာပေါ့ သူငယ်ချင်းဆိုတာ မိတ်ဆွေဆို
တာထက် ပို အဓိပ္ပါယ်ရှိတယ်လို့လေ...
ငှက်လေးရေ
comment တစ်ခုကြောင့် ဘလော့ပိတ်လိုက်မယ် ဆိုရင် ကိုယ့်မောင်နှမတွေရဲ့ ချစ်လို့ပေးကြတဲ့ comments တွေ အများကြီးကို အားနာစရာနော်၊ ဘာဖြစ်ဖြစ်နဲ့ ဆုံးဖြတ်ချက် မစောပါနဲ့ကွယ်၊ မလိုလို့ ပုတ်ခတ်တဲ့လူရှိပေမယ့် လိုလို့အားပေးကြတဲ့ သူတွေ အများကြီးရှိနေတာကို လတ်တလော ခံစားချက် ကြောင့်မေ့ မသွားစေနဲ့လေကွယ်။
(အမယ်လေးလေး ... ကံကောင်းလို့၊ ပိတ်သာ ပိတ်မိလိုက်လို့ ကတော့ နောက်တခါ ငှက်လာပစ်လို့ မရတော့ဘူး ဖြစ်တော့မလို့ :D)
ပျံပြီ ... အဲ ပြန်ပြီ ။
ငှက်လေး နင့်ကိုချစ်တဲ့ ကိုကိုမမတွေ အဲလောက်များတာ ဒီအိမ်လေးကို ပိတ်စရာလားအေ့ နာလာဆော့စရာအိမ်မရှိမှာစိုးလို့ :P
မဟုတ်တာ ငှက်ကလေး ရယ်.... ဟိုတစ်နေ့ ကလဲ.. G talk မှာ .... ညီမလေး တစ်ယောက်ကပြောတယ်.. သူ့ဘလော့လေးကို သူများပြောလို့... ဆေးရုံတောင် တတ်လိုက်ရတယ် တဲ့... တကယ် ရင်ထဲမကောင်းဘူး..။ အဲ့လောက်ကြီး လိုက်ဂရုမစိုက်နေပါနဲ့လို့ တတ်သလောက်လေး ပြောလိုက်ပါတယ်...။ ငှက်ကလေး ကိုလဲ အဲ့လိုပဲ ပြောမယ်နော်...။ သူများ ကိုသိပ် ဂရုမစိုက်နေပါနဲ့....။ ငှက်ကလေး အသစ်တင်မှာ ကိုမျှော်နေတဲ့ နောင့် တို့တွေ ရှိတယ်လေ..။ ငှက်ကလေး သူငယ်ချင်း လေးက တော်လိုက်တာ...။
ငှက်ကလေးရေ
carry on blogging
care on nothing
ပါကွယ်
ခင်မင်စွာဖြင့်
သီဟသစ်
ဟဲ့ ဘယ်သူကဝင်ပြီးဖဲ့သွားတာတုန်း
ငှက်ကလေးကိုဘလော့ပိတ်ချင်စိတ်ဖြစ်သွားအောင်
နာတောင်မသိလိုက်ပါလား ဘယ်ပိုစ်မှာလဲဟင်
ပြောပြပါလား ဘလော့ကိုမပိတ်ပါနဲ့ကွယ်
ဒီကသိပ်ပြီးစိတ်မခိုင်ဘူးရယ်
လမ်းခွဲဖို့စကားတော့မပြောနဲ့ကွယ်
တော်ပါသေးရဲ့ငှက်ရယ် မပိတ်ဖြစ်လို့ ငှက်ပြောတော့မမတော်တော်ငိုချင်သွားတယ်...ခုမှပဲရီနိုင်တော့တယ် ဟဟ (ငှက်ရီသံခဏငှားသည်)။ ဆက်ရေးနော်ကလေးလေး လိမ္မာတယ်။
ဘာမှ မရေးတော့ဘူး တော်ပြီ။ငှက်လေးက ခိုင်မာပါတယ်။ အပေါ်မှာ အားပေးခဲ့ကြသလိုမျိုးပဲ။ စကားတောင်ရှိသေး။ အပင်မြင့်လေ...လေတိုက်ခံရလေ..တဲ့ ကောင်မလေး ဆက်ရေးပါ။
ငှက်လေးရယ်
လုပ်ပါနဲ့ ဘလော့မှာ အရှုပ်တယောက်လျော့
အဲပာုတ်ပေါင် နင်မရှိရင်ပျင်းနေကြပါဦးမယ်
မပိတ်ပဲဆက်ရေးမယ်ဆိုတော့ ဝမ်းသာပါတယ်
ပီား
ချိတ်ဆိုးရဘူးနော်
ကိုကြီး
ရှေ့ဆက်လျှောက်ပါ။တို့အားပေးမယ်
ငှက်ကလေးရယ်.. မမီးငြီးဖို့ချန်ပါအုံး
မအားလို့ လာမလည်တာ ကြာသွားတဲ့ အချိန်မှာ ဘာတွေ ဖြစ်သွားပါလိမ့်...
ဒီလောက် လူချစ်လူခင် ပေါတဲ့ ဘလော့လေးကို မပိတ်လိုက် ပါနဲ့ကွာ..
ကဲ့ရဲ့ ခုနှစ်ရက် ချီးမွမ်း ခုနှစ်ရက် တဲ့။
Post a Comment