Showing posts with label မွေးနေ့. Show all posts
Showing posts with label မွေးနေ့. Show all posts

Saturday, 18 September 2010

Special day 4 me !!!

ဒီနေ့က ထူးခြားပါတယ် special day ပေါ့ ဒီလောကထဲရောက်အောင် မွေးဖွားပေးတဲ့ မေမေ ရယ် လိုချင်တာမှန်သမျှ ဖြည့်ဆည်းပေးတဲ့ ဖေဖေရယ် ကိုယ်ဆိုးချင်တိုင်း ဆိုးလို့ရပြီး

အလိုလိုက်ခဲ့ကြတဲ့ ကိုယ့်ရဲ့ ကိုကိုနဲ့ ညီမလေး ရယ်ကို ကျေးဇူးလဲတင်ပါတယ် ချစ်လဲချစ်ပါတယ်လို့ ပြောချင်ပါတယ် (ဟိုလေ အကယ်ဒမီရရင် အဲဂလို ကျေးဇူးတင်စကား ပြောတယ်မလား ဟိ)

(မမကိုး ဆွဲထားပေးတဲ့ကာတွန်းလေး ကလစ်ထောက်ကြည့်နော် ပြီးတော့ ချဲ့ကြည့်သိလား အရမ်းချစ်ဖို့ကောင်းတာပဲ ကာတွန်းလေးက အဟိ)

“ ချစ်ညီမလေး မွေးနေ့မှစ လိုရာရ ရွှင်လန်းချမ်းမြေ့ ပျော်ရွှင်ပါစေ”
ညီမလေးရေ... မမ ခရီးသွားလိုက်ရတာရော ရုံးမှာ အရမ်းအလုပ်များနေတာရော ခုမှ မွေးနေ့လက်ဆောင်ပို့လိုက်ရတာ စိတ်မကောင်းဘူးကွယ။် ဒါပေမယ့် မွေးနေ့အမှီ မမ ကြိုးစားပြီး ဆွဲထားပါတယ်း) ညီမလေး.... ရာသက်ပန် ပျော်ရွှင်ချမ်းမြေ့ပါစေ။

ဆိုတဲ့မေးလ် နဲ့တူတူ မမမယ်ကိုး က ကာတွန်းလေး ပို့ပေးခဲ့ပါတယ်
ဒေါ်လေးမိုးကယ် (အဲလိုခေါ်ရင် အကြိုက်ဘူးတဲ့ ဟိဟိ) မမကိုးရေ ကျေးဇူးနော် ပုံလေးက သမီးထက်တောင် ချစ်ဖို့ကောင်းသေးတယ် ဟိ

မနက်ဖြန်မွေးနေ့ ~~ ကံကောင်းအောင် ဘုရားစာလေး ဘာလေးဆို ဝက်စုတ်လို့ လာပြောတဲ့ ဆောင်း
ဝက် နင်က စောစောက မပြောဘူး ငါ လက်ဆောင် ပို့ပေးမှာပေါ့ လို့ ပြောတဲ့ သူငယ်ချင်း ချစ်ပါးလုံးလေး
ဖုံးနဲ့လှမ်းပြီး Happy Birthday ပါဆိုပြီး message ပို့တဲ့ သူငယ်ချင်း အာနိုး
မွေးနေ့လား ဖွား ဆုတောင်းပေးမယ်နော် မြေး လို့ ပြောတဲ့ မခိုင်နုငယ်
မွေးနေ့မှာပျော်ရွှင်ပါစေနော် ငါမသိလို့လို့ ပြောတဲ့ သူငယ်ချင်း ဂူးငယ်
ည ၁၁ ခွဲမှာ ဖုံးဆက်ပြီး Birthday Wish လှမ်းလုပ်တဲ့ ကိုကြယ်
မနက် ၉နာရီ ခွဲလောက်ကျ မွေးနေ့မှာ ပျော်ရွှင်ပါစေ မမ ဆိုပြီး ဖုံးလှမ်းဆက်တဲ့ ညီမလေး နဲ့မေမေ (အဲဒီအချိန်ထိ အိပ်ယာကမထသေး ဟိဟိ)
မျက်နှာစာအုပ် (facebook) ကနေ မွေးနေ့ ဆုတောင်းပေးကြတဲ့ သူငယ်ချင်း အားလုံး (အဖေ့ဘွတ်လဲ ဖွင့်လိုက်ရော အာားဘာားး အများဂျီးပဲ သိရား ပျော်စရာကြီး သူတို့ကို reply ပြန်ရတာ ဟိဟိ )

အားလုံးကိုကျေးဇူးတင်ပါတယ် ကိုယ့်ရဲ့မွေးနေ့ကို သတိတရ wish လုပ်ပေးတဲ့အတွက်ပေါ့ (ကိုကို မပါဘူး နော် ဧကန္တ wish မလုပ်ပဲ အံ့သြသွားအောင် မွေးနေ့လက်ဆောင် ပေးမလို့နဲ့တူတယ် ဟိဟိ ညီမလေးက ပြောတယ် ကိုကို့ဆီက မွေးနေ့လက်ဆောင်တောင်းတဲ့ အတော်ပဲနော် external hard drive ဝယ်တာ ပိုက်ဆံပြန်မပေးရသေးဘူး အဲဒါ မွေးနေ့လက်ဆောင် အဖြစ် ပေးလိုက်တော့နော် ဟိ)

မစနေ စကားယူသုံးလိုက်မယ်နော် “ အသက်သာကြီး၏ သို့သော် ကျွန်မ မရင့်ကျက်သေးပါ ” ဆိုသလိုပဲ အသက် ၂၁ နှစ် (ထည့်မပြောချင်ဘူး ကိုယ်အသက်ကြီးတာမသိစေချင်ဘူး ဟိဟိ) သာ ပြည့်တာပါလူက တကယ် မရင့်ကျက်သေးပါဘူး ရင့်ကျက်ဖို့ အများကြီးလိုပါသေးတယ် မရင့်တော့ မရင့်ကျက်သေးဘူး ဒါပေမယ့် ရင်တော့ကျပ်တယ် အဟွတ် အဟွတ်

ဘာမှမကျွေးတော့ဘူးနော် တကယ်လဲ စားရတာလဲ အဟုတ်ဖဲနဲ့နော့် နောက် လူချင်းတွေ့မှ ဝက်ကို မုန့်ဝယ်ကျွေးနော် အဲလေ ယောင်လို့ ဝက်က မုန့်ဝယ်ကျွေးမယ်နော် ဟဲဟဲ

Happy Birthday To Me, Bear !!!!

Saturday, 30 January 2010

HaPpY BiRtHdAy ပါ ကိုကို

ကိုကိုရဲ့ အသက်၂၃ နှစ်ပြည့်မွေးနေ့ပေါ့
ကိုယ်တို့ ရန်ကုန်မှာ ရှိတုံးကတော့ ချမ်းမြေ့ ရိပ်သာမှာ အရုဏ်ဆွမ်းကပ်ကြတယ် မိသားစုတွေ တပျော်တပါးပေါ့ ကြီးကြီးက ရော့ သားကြီးဖို့ ဆိုပြီး စာအိတ်လေးနဲ့ ပေးရင် ဟာာာ ကြီးကြီးကလဲ မဟုတ်တာ ဆိုပြီး လက်လှမ်းပြီး ယူတတ်တယ် (ဟိ ဖွပြီ) ဘုန်းကြီးအရုဏ်ဆွမ်းဘုန်းပေး ယောဂီတွေ စားပြီးရင် မောင်နှမ ၄ယောက် တပျော်တပါး စ ကြနောက်ကြရင်း နဲ့ စားသောက်ကြတယ် (ပျော်ဖို့ကောင်းတယ် အခုတော့လဲ တော်တော်လေး လွမ်းပါတယ်) ကိုယ်တို့ ဒီကို ရောက်နေပေမယ့် အိမ်ကလူကြီးတွေကတော့ အမြဲပဲ မွေးနေ့ ရောက်တိုင်း အရုဏ်ဆွမ်း ကပ်ပေးပါတယ် ကိုယ်တို့ ၂ ယောက်ကိုလဲ အမြဲသတိရတယ် ပြောပါတယ် ကျန်ခဲ့တဲ့လူကြီးတွေကတော့ အမြဲသတိရနေတာပေါ့လေ ဘာလေး ချက်ရင် ဒါက သားကြီး ကြိုက်တာ ဒါကတော့ သမီးလတ် ကြိုက်တာဆိုပြီး အမြဲအောက်မေ့နေတာပါ

ကဲပါ မွေးနေ့ရှင်ရဲ့ ဂုဏ်ပုဒ်လေးတွေ ဖော်လိုက်ကြရအောင် ဟားးးးးးးးး
ကိုကိုက အကုန်ကောင်းပါတယ် (စိတ်ပျက်ဖို့) အဲလေ ဟုတ်ပါဘူး အအိပ်မက်တာလေး တခုပါပဲ အအိပ်ကတော့ တော်တော်မက်တယ် သူအိပ်နေရင်းသွားနှိုးရင် စိတ်တိုတယ် အော်ရော အိပ်ယာက နိုးလို့ ကြည်ကြည်လင်လင်ဆိုရင် ဘာခိုင်းခိုင်း အကုန်လုပ်ပေးတယ် အခုတော့ သူလဲ ဒီရောက်တော့ ကျောင်းတက် အလုပ်လုပ်နဲ့ အအိပ်မမက်နိုင်ရှာတော့ပါဘူးလေ (သနားထှာာာ နော် ဂျွတ် ဂျွတ်) ညီမတွေလဲ တော်တော် ချစ်ပါတယ် (သံပရပ်နဲ့) တကယ်ပါ ကိုယ့်ကို အရင်တုံးက မုန့်ဖိုးပေးတယ် တလ ပေါင် ၈၀ အန်တီတို့ အိမ်မှာနေတုံးကတော့ အဲတုံးက စားစရိတ် အဆောင်ခ ဘာမှပေးစရာမလိုဘူးလေ သူက သူဌေးသိလား (ဖွပြီဟ သူများတွေ ပိုက်ဆံလာချေးရင် ကိုယ့်ဟာကိုသာ ရှောင်တော့ဟေ့) တလကို ပေါင် ၄၀၀ လောက်ဝင်တာ သူ့ကိုဈေးဆစ်တာပေါ့ ညီမလေးကို ၁၀၀ ပေးပါလား ဆိုတော့ အောင်မာ အလကားရတဲ့ ပိုက်ဆံ ၈၀ မယူချင်လဲ နေ ဆိုတာနဲ့ ထပ်မပြောရဲတော့ဘူး ဟုတ်တယ်လေ တော်နေ စိတ်တော် ကောက်ပြီး မပေးတော့ရင် ဘယ့်နှယ့်လုပ်မီတုံးးး အခုတော့ သူလဲ မပေးနိုင်ရှာတော့ ဘူး သူ့ဟာနဲ့သူနေပြီဆိုတော့လေ တော်ပြီ ဒီ့ထက် ဂုဏ်ပုဒ်တွေ ထပ်ဖော်ရင် ရိုက်ပေါက်ပဲ ဒီတော့ သူ့မွေးနေ့လေးအတွက် လာလည်တဲ့ ဧည့်သည်တွေကို ဧည့်ခံမယ်နော်

အရင်ဆုံး ကိတ်မုန့်လှီးပေါ့ ကိတ်မုန့်စားပေါ့



ပြီးရင် တရုတ် ဟင်းတွေနဲ့ ဧည့်ခံမယ်







တော်ပြီလား ဝ ပြီလား ရေခဲမုန့်စားပါဦးလား လို့



နောက်ဆုံး ကျန်သေးတယ်နော် ကိုယ့်ဟာကိုယ်သာ ထည့်သောက်ကြတော့ ဟဲဟဲ



ကိုကိုရေ မွေးနေ့မှာ ပျော်ရွှင်ပါစေ မိဘ ကိုလုပ်ကျွေးနိုင်တဲ့ သားကောင်းရတနာလေး ဖြစ်ပါစေ
ညီမလေးတွေကိုလဲ မုန့်ဖိုးများများပေး နိုင်ပါစေ (ဒါအရေးကြီးတယ်)
ကဲ ဝက်ဝံလေးရဲ့ အကို ဝက်ဝံကြီး မွေးနေ့ပါဗျားးးးးးးးးးးးး ဆုတောင်းပေးလိုက်ကြပါဦးးးး နော်

Sunday, 4 October 2009

၃.၁၀.၀၉

ဒီနေ့က ကောင်လေးငယ် ရဲ့ ၂၃ နှစ်ပြည့်မွေးနေ့လေ သူက မလုပ်တော့ ဝံလေးက လုပ်ပေးရတာပေါ့လို့ နော် ဟုတ်လား ကောင်လေး မွေးနေ့မှာပျော်ရွှင်ပါစေနော်

ကြွရောက်လာတဲ့ မောင်နှမများကို ဧည့်ခံပါတယ်နော် သုံးဆောင်ကြပါရှင်




ကြက်စွပ်ပြုပ် ကိုငါးဆုပ်နဲ့ အရွက်လေးထည့်ပြီး ဟင်းချိုလုပ်ထားတယ် မြူးလေး ကိုယ်တိုင်လုပ်ပေးတာ နော် သိလား ဟိဟိ



ဒါလေးကတော့ ဖက်စပ် ခေါက်ဆွဲတဲ့ ဒါလဲယောင်းမြူးလေး ကိုယ်တိုင် လုပ်ပေးထားတာ အားရပါးရ စားသွားကြနော် ဟိဟိ

တော်ပြီ သူများဆီက ကော်ပီလုပ်ရတာ အောက်တယ် မလုပ်တော့ဘူး ကိုယ့်ဟာကိုပဲ google က ရှာ အဲလေ ကိတ်မုန့် ဖုတ်တော့မယ် ဟိဟိ


အီသွားပြီလား စားရတာ ဂလိုဆိုလဲ သောက်လိုက်ကြဦးပေါ့ နော့်



တော်ပြီ ပြန်ကြတော့ အဲလေ အဲလို မောင်းမထုတ်ပါဘူး စိတ်ကြိုက်စားကြနော် ဟိဟိ

အပြန်လက်ဆောင်ယူသွားကြနော် အားမနာ လျှာမကျိုးပေးနေတယ်သိလား ယူသွားနော် ပြီးရင် မုန့်ဝယ်စားကြ ဟိဟိ

Friday, 18 September 2009

ဒီနေ့ ကိုယ့်မွေးနေ့

မနက် စောစောစီးစီးပဲ အိပ်ယာကတောင် မထသေးဘူး ဒက်ဒီကြီးက ဖုံးဆက်ပြီး Birthday Wish လုပ်တယ်
" သမီးရေ ဒီနေ့ ဘာနေ့လဲသိလား " တဲ့ အယ် ကိုယ့်မွေးနေ့ကိုယ် မေ့ပါ့မလားလို့ အိပ်ချင်မူးတူးနဲ့
" ဟုတ် သိတယ် သမီးမွေးနေ့လေ " လို့ပြောလိုက်တယ်
" အေးအေး အသက် ၂၀ ပြည့်ပြီနော် Happy Birthday ပါ မေမေနဲ့ အငယ်မလေးက ဖုံးဆက်ခိုင်းလို့ သမီးအခုမှနိုးတာလား " (အဖေက ရန်ကုန်မှာမဟုတ်ဘူး ဒါကြောင့် ဒီကို ဖုံးခေါ်လို့ရတယ်)
" ဟုတ်တယ် ခဏနေရင် စားသောက်ပြီးရင် ကျောင်းသွားတော့မယ် "
" အေးအေး အဲဒါဆိုလဲ ဒါပဲ နော် " ဆိုပြီး ဖုံးချသွားတယ် Message တစောင်ဝင်နေလို့ ကြည့်လိုက်တော့ ၁၂ နာရီ တိတိမှာ Birthday wish လုပ်ထားတဲ့ အာနိုး(အရိုင်းလေးသူငယ်ချင်း) ရဲ့ message လေးတွေ့တာနဲ့ သူ့တောင် ပြန်လိုက်သေးတယ် ကျေးဇူးဆိုတာလေး ဒီလိုနဲ့ ပျော်ရွှင်ဖွယ်ရာ နေ့လေး တနေ့ကို စ ခဲ့ပါတယ်

ကျောင်းရောက်တော့ break time ရတဲ့အချိန်မှာ mail ဖွင့်စစ်တော့ ကော်ကျို(ကျော်ကျော်အောင်နဲ့ သူ့ဇနီး)က ဓာတ်ပုံလေးပေါ်မှာ ပျော်ရွှင်ပါစေ ဆိုပြီး ရေးပြီး လှမ်းပို့တယ် နောက်တော့ ဘလော့ဂ်လေး လဲ ဖွင့်လိုက်ရော လူတွေအများကြီး Birthday wish လုပ်ထားတာ တွေ့လိုက်ရတယ် အရမ်းပျော်တာပဲ ဟိဟိ(တယောက်ချင်းစီမပြောတော့ဘူးနော်)
မွေးနေ့လေး လုပ်ပေးတဲ့ မမသိင်္ဂါကျော်ကိုလဲ ကျေးဇူးးးပါ လို့နော်
ခဏနေတော့ ချစ်တီး(သူလဲအရိုင်းလေးသူငယ်ချင်းပဲ) က ဖုံးဆက်ပြီးတော့ Happy Birthday ပါဆိုပြီးပြောတယ် ဘေးနားမှာ ဟိုးတခါကပြောတဲ့ မွတ်ဆလင် လင်မယားနှစ်ယောက်ရှိတယ်လေ ဒါနဲ့ ဖုံးလဲချပြီးရော သူတို့ကို ကြွားတာပေါ့
" ဒီနေ့ငါ့မွေးနေ့လေ ဒါကြောင့် ငါ့ကို Birthday wish လှမ်းလုပ်တာ " ဆိုတော့ သူတို့က အတင်းပဲ
" အိမ်လိုက်ခဲ့လေ ငါတို့အိမ်မှာ ည အိပ်ပါ " ဘာညာ တွေဖြစ်ကုန်ရော (လျှာရှည်မိတဲ့ ဒီပါးစပ်လေ ဆက်ပြောမယ် အသက်မရှူကြနဲ့နော် ဆက်ပြီးဖတ်ကြဦးသိလား)
" ဟင့်အင်း လိုက်တော့ဘူး ငါ အပြင်မှာ မအိပ်တတ်ဘူး " လို့ ငြင်းလိုက်တယ် ဟုတ်တယ်လေ သူများအိမ်ကြီးမှာ ည အိပ်ချင်ပါဘူးလေ
" ဒါဆိုလဲ ဒီ စနေ တနင်္ဂနွေ ငါတို့ဆီလာခဲ့ " ဘာညာပေါ့ ဒါနဲ့ အားနာလို့ လိုက်သွားလိုက်တယ် သူတို့အိမ်ကို (အော်မကောင်းတာ ပြောပါတယ် လူကလဲ သိပ်အားနာတတ်တာသိလား ဟိဟိ) ဒါနဲ့ သူတို့နဲ့ ပါသွားရော သူတို့က ASDA မှာ ဈေးဝယ်ကြတယ် ညီမလဲ နားကြပ်လေး ဝယ်တာပေါ့နော် နားကြပ်နဲ့ စားချင်တဲ့ ဒိုးနပ်လေးပါ အဲဒါကို သူတို့ပဲ ရှင်းပေးသွားတယ် (ကောင်းတာနော် ရှင်းပေးမယ့် လူ အဆင်သင့်နဲ့ ဟိဟိ) ကားပေါ်မှာလဲ ညီမ့ကို စ တယ်
" Sky ငါတို့ အခုဘယ်သွားနေတာလဲ သိလား "
" ဟင့်အင်း သိဘူး "
" နင့်ကိုရောင်းစားမလို့ ဟားဟားးးးး " တဲ့ အားကြီးရီရတယ် ဟက်

ဟိုရောက်တော့ သူတို့မှာ သမီးလေးတယောက်ရှိတယ် အစကတော့ ကလေးက စိမ်းတာပေါ့နော် နောက်တော့ ညီမပေါင်ပေါ်ကကိုမဆင်းတော့ဘူး သူ့အမေက ဟဲ့ ငါ့ဆီလာ ဆိုလဲမရဘူး ညီမ ဆီမှာပဲနေတယ် ဟိဟိ အဲလိုပဲ ကလေးတွေက ညီမဆို အရမ်းချစ်တာ ညီမကလဲ ကလေး အရမ်းချစ်တတ်တာလေ ဒါနဲ့ သူနဲ့ဆော့ Hana(ကလေးအမေ ညီမသူငယ်ချင်းပေါ့) က
" ဗိုက်ဆာလား ဘာစားမလဲ ငါတို့ကတော့ ၇ နာရီ ခွဲမှ ဥပုသ် ထွက်မှာ " တဲ့ ဒါနဲ့
" ရတယ် သိပ်မဆာပါဘူး " ဆိုပြီး သူပေးတဲ့ ဆိတ်သား puff လေးစားထားလိုက်တာပေါ့ ကလေးကလဲ တယောက်တည်းမို့ တူတယ် အရမ်းဆော့တာပဲ သူနဲ့ အတူ ဓာတ်ပုံရိုက်တာ ကင်မရာတွေလဲ လျှောက်ကိုင် လျှောက်ကလိ နဲ့ ညီမကလဲ ကလေး ချစ်တော့ လွှတ်ထားလိုက်တယ် ဟုတ်တယ်လေ ဘာမှ ဖြစ်တာမှမဟုတ်တာ သူ့အမေက တော့
" Sky သူ့ဆီကပြန်တောင်း သိမ်းထားလိုက်တော့ " တဲ့ ဒါနဲ့ သူဆော့တာ အားရတော့မှ သူ့ဆီက ချော့ပြီး ပြန်တောင်းထားလိုက်တယ်

ခဏနေတော့ သားငယ်ဆီက Message လာတော့ ကလေးက ဖုံးတွေ့ပြီး ဖုံးကို ဆော့ပါလေရော ဓာတ်ပုံတွေ ရိုက်လိုက် တဖျပ်ဖျပ်နဲ့ ခဏလောက်ပေးကိုင်ပြီးတော့ ဖုံးကို LOCK ချထားလိုက်တယ် ဟိဟိ အေးတာပဲ ဒါတောင် သူက ပါးစပ်ကနေ ကလစ် ကလစ် ဆိုပြီး ဓာတ်ပုံ တပုံပြီး တပုံရိုက်နေတာ သူ့အမေ က ပြန်တောင်းပြီးပေးတော့မှပဲ ရပ်သွားတော့တယ် ဒါနဲ့ ၇နာရီခွဲကျတော့ စားကြတာပေါ့ ဘာမှ ထွေထွေထူးထူးမရှိပါဘူး အာလူးနဲ့ ချက်ထားတဲ့ ချဉ်ဟင်းရယ် ငါးကြော်ရယ် ဆိတ်သား PUFF ရယ် နောက် သူတို့ ကုလား ထမင်းပေါ့နော် အဲဒါမျိုးကြီးရယ် စားခဲ့တယ် စားနေရင်းတန်းလန်း ဦးလေးဆီကဖုံးလာလို့ လူလဲ ပြာသွားတယ် ဒါနဲ့ နောက်ဖေးသွားပြီး စကားသွားပြောလိုက်တယ် ဦးလေးက Birthday wish လုပ်တာပါ ခဏနေတော့ အန်တီနဲ့ စကားပြောတယ် ပြောနေရင်း တန်းလန်း ကလေးကလိုက်လာလို့ အိမ်သာထဲ ချက်ချပြီး ဝင်ပြောရတယ် ဒါတောင် အပြင်ကနေ ခေါက်နေသေးတယ် တော်သေးရဲ့ အန်တီက ပြီးခါနီိး တာ့တာဆိုပြီး ဖုံးချသွားလို့ ဟက် လန့်လိုက်တာ လူလဲ ဟုတ်တယ် အန်တီသိရင် ကြိုက်မှာမဟုတ်ဘူး အန်တီက အဲလိုတွေ ကြိုက်ဘူးရယ် ပြီးတော့အခုမှ သိတဲ့လူတွေကို ဒါနဲ့ သူတို့ကို ရှင်းပြလိုက်တာပေါ့နော် အန်တီက မကြိုက်ဘူး ဘာညာဆိုတော့ ဘာလို့တုံး တဲ့ ဖြေရခက်ကြီးရယ် Najat (ကလေးအဖေ ညီမ့သူငယ်ချင်းပဲ) ကပဲ ဘာလဲ မကောင်းတဲ့ လူတွေနဲ့ ပေါင်းမိမှာ စိုးလို့လား တဲ့ အင်း လို့ပဲ ဖြေလိုက်တယ် ဒါနဲ့ စားသောက်ပြီးတော့ ၈ နာရီဖြစ်နေပြီ
" ပြန်တော့မယ်" ဆိုတော့
" မပြန်နဲ့တော့လေ ဒီမှာပဲ ညအိပ်တော့ " တဲ့ အိ သေတော့မှာပဲ ငါတော့ ညီမက မအိပ်တတ်ဘူး သူများအိမ်မှာ ကိုယ်နေချင်သလို နေလို့မရဘူးလေ ဒါနဲ့
" ဟင့်အင်း ပြန်တော့မယ် " လို့ ပြောလိုက်တယ်
" နင် ဒီမှာ အိပ်ရင် မနက် ပြန်လိုက်ပို့ပေးမယ် "
" ရတယ်နေပါစေတော့ ပြန်တော့မယ် " ဆိုတော့ ဘတ်စ်ကား ဂိတ်အထိ လိုက်ပို့ပေးတယ် ညဘက်ကျတော့ သူ့ယောက်ျားက ကားမောင်းရတာ အဆင်မပြေလို့တဲ့ ဒါနဲ့ ရပါတယ် ကျေးဇူးပဲလို့ ပြောပြီး ထွက်လာခဲ့တယ် သူတို့ကတောင် မွေးနေ့ ကဒ်လေး ပေးလိုက်သေးတယ်

အပြန်လမ်းမှာ တယောက်တည်း ပြီးတော့ အဲဒီလမ်းတွေကလဲ မသွားဖူးဘူးလေ Hana ကတော့မှာရှာတယ်
" Sky အဆောင်ပြန်ရောက်ရင် ဖုံးဆက်နော် လမ်းမှာ တခုခု ဖြစ်ရင်လဲ ဖုံးဆက်လိုက်သိလား " တဲ့
" အင်းပါ ကျေးဇူး " ဆိုပြီး ထွက်လာခဲ့လိုက်တယ် ကား က ၂ ဆင့်စီးလိုက်ရတယ် ည လဲဖြစ်တာရော မသွားဖူးတဲ့ နေရာရော ပေါင်းပြီး လူလဲ နဲနဲတော့ ကြောက်တာပေါ့နော် စိုးရိမ်လို့ ဘုရားစာတွေ ရွတ်လိုက်ရတာ အဆောင်ပြန်ရောက်တဲ့အထိပဲ ဟီးးးးးးးးးးး
ဒါနဲ့ အဆောင်ပြန်ရောက်တော့ သူတို့ဆီဖုံးဆက်ပြီး ပြန်ရောက်ပြီဆိုတာလေး ပြောလိုက်တယ် ဒါနဲ့ ဘုရားရှိခိုးပြီး အမှတ်တရ အဖြစ် ဒီပို့စ်လေး ရေးလိုက်တာပါ ဟိဟိ

အဟက် မောသွားပြီလားဟင် စာတွေ ဖတ်လိုက်ရတာ ညီမလဲ နဲနဲ မောသွားတယ် ဟီးးးးးးးး (ဘယ်သူ့မှ ရေမသောက်ခင် ညီမ ကြိုသောက်ထားလိုက်မယ်နော် ဟီးးးးး)
ကလေး ဓာတ်ပုံလေးတွေကြည့်လိုက်ဦးနော် ချစ်စရာလေး ကလေးလေးက









ညီမနဲ့ ရိုက်ထားတဲ့ ပုံတော့ တင်တော့ဘူးရယ် ကြယ်က သိပ်ပြောတာ ဒါကြောင့် ဟိဟိ
အားလုံး ကို ခင်တယ်နော် ချစ်လဲ ချစ်တယ် သိလား ပျော်ရွှင်ဖွယ်ရာ မွေးနေ့လေးအတွက် ကျေးဇူးလဲ တင်တယ် သိလား
မွေးနေ့လေး လုပ်ပေးတဲ့ မွတ်ဆလင် လင်မယား ၂ ယောက်ကိုလဲ ကျေးဇူးးးတင်တယ်

Thanks you so much Najat, Hana and Renas.

I was so happy because of you.

I really love Renas !

သူတို့ နားလည်အောင်ပါ ကလေးလေး အဖေက ညီမ့မှာ ဘလော့ဂ်ရှိတာ သိတယ် ညီမမပြောပဲနဲ့ ညီမမေးလ်ကို google ကနေ ရှာလိုက်တာ တွေ့သွားတာတဲ့ ဟိဟိ ဒါကြောင့် ရေးပေးထားတာ

Thursday, 17 September 2009

မွေးနေ့ မင်္ဂလာ

၁၈ ရက်နေ့ မနက် ၁၀ ခွဲမှာ ညီမ့ကို ဒီလူ့လောကထဲရောက်အောင် မွေးထုတ်ပေးခဲ့တဲ့မေမေ လိုအပ်သမျှကို ဖြည့်ဆည်းပေးတဲ့ ဖေဖေ ညီမနဲ့ ရန်ဖြစ်ဖော် ရန်ဖြစ်ဖက် တခါတလေလဲ အရမ်းတည့်ကြတဲ့ အစ်ကိုနဲ့ အငယ်မလေး တို့ကို ညီမ အရမ်းသတိရတယ် ညီမ မွေးနေ့မှာ ချမ်းမြေ့ရိပ်သာမှာ အာရုဏ်ဆွမ်း ကပ်မယ်လို့ပြောတယ်

Birthday party လေး လုပ်ပေးတဲ့ ယောင်းလေး ရွှေညာသူလေး ဂျစ်(မချစ်ရ) နဲ့ကောင်လေး ငယ်တို့ကိုလဲ ကျေဇူးတင်အရမ်းတင်တယ် ဖော်မပြတတ်အောင် လဲ ဝမ်းသာတယ်
Birthday wish လေးလုပ်ပေးတဲ့ မမကွန် ကိုဇော် မမမေလေး(မေလေးလွင်) ကိုယုယ ကိုဝသန်မိုး c box မှာ လာအော်သွားကြတဲ့ ကိုလင်းကြယ်ဖြူ သက်(သက်တန့်ချို) အနော် တို့ကိုလဲ ကျေးဇူးအများကြီးတင်ပါတယ် mail နဲ့ လှမ်းပြီးတော့ စင်ကာပူအချိန် ၁၂ နာရီ တိတိမှာ Birthday wish လုပ်တဲ့ ဆောင်း(ဆောင်မြူခိုး) ကိုလဲ ကျေးဇူးအကြီးကြီးတင်ပါတယ် မွေးစားအစ်မကြီးဖြစ်တဲ့ မမကိုးကလဲ စင်ကာပူအချိန် ၁၂ နာရီ တိတိမှာ Happy Birthday လုပ်သွားခဲ့ပါတယ် chat ကနေ ပြီးတော့ ညီမလေး မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးတဲ့ ကြယ်လေးရဲ့ ချစ်သူကိုလဲ ကျေးဇူးးးအထူးပါလို့ ညီမ့ရင်ထဲမှာ အတိုင်းမသိ ကြည်နူးရပါတယ်

အဟမ်း အဟမ်းးး အခုချိန်ကစ ပြီးတော့ ကျွေးမွေးပါတော့မယ် ယောင်းလေး က ဟင်းချက်ပြီးကျွေးလိုက်တယ်လေ အချိုရည်ပဲ တိုက်တော့ ဆိုတာနဲ့ အဟမ်း အဟမ်းးးး ကိုကို တို့အကြိုက် လာလေရော့ဟယ် ဟပ်ချလောင်းးးးးးးး




အယ် ဘာကြီးထွက်လာတာလဲ အသိဘူးတော့ လုပ်ကြပါဦး ဟီးးးဟီးးးး နည်းသေးလားဟင် ရှိသေးတယ် သိလား ဒီမှာနော် အများကြီးပဲ ဟက်


မွေးနေ့ကိတ်ကို google ကနေ အော်ဒါမှာ အဲ ကိုယ်တိုင် ဖုတ်ထားတာနော် စားသွားကြီဦး သိလား ဟိဟိ




လူအရမ်းများတော့ မလောက်မှာစိုးလို့နော် သိလား



ပြန်တော့မလို့လား ဒါဆိုလဲ ဒီကားလေးနဲ့ ပြန်သွားနော် ဒရိုင်ဘာ Rain ကို လိုက်ပို့ခိုင်းလိုက်မယ်သိလား ဟိဟိ
ဒီကားက မမတွေအတွက် စပါယ်ရှယ်သိလား ကိုကို တွေကတော့ ဆိုက်ကားစီးပြီးပြန် လိုက်တော့နော် ဟက်



အားလုံးကို ရမ်းရမ်းချစ်တဲ့ ဝက်ဝံလေး ချစ်စရာ ဆိုလို့ ဒီညီအစ်ကို မောင်နှမတွေပဲ ရှိတာကိုး လို့နော့် (ချွဲတာ ချွဲတာ သိလား)


Sunday, 6 September 2009

မွေးနေ့ မင်္ဂလာ





HAPPY BIRTHDAY ပါ ကလေးငယ်လေး နဲ့ အငယ်မလေး (ညီမရဲ့ ညီမလေး အရင်းခေါက်ခေါက်ပါ) ရေ ကလေးလေးက POOH ရုပ်လေး တွေ ကြိုက်တတ်တယ် ထင်လို့ မမ ဒါလေး လက်ဆောင် ပေးလိုက်တယ်နော် မမရဲ့ ညီမလေးက တော့ ဘာအရုပ်ပဲဖြစ်ဖြစ် ကြိုက်တာပဲ ကလေး စိတ်မကုန်သေးဘူးကွယ် ကလေးငယ်လေး လိုပဲ သူလဲ ကလေး လို အရုပ်လေးတွေ ကြိုက်တယ်
အငယ်မလေးက ၇.၉.၀၉ မှာ ၁၆ နှစ်ပြည့်တယ်လေ ကလေးလေး ကတော့ ၈.၉.၀၉ မှာ ၁၅ နှစ်ပြည့်တယ် ဟိဟိ ညီမ နှစ်ယောက်ရဲ့ မွေးနေ့ကို မမ လုပ်ပေးရတာ ဝမ်းသာတယ်ကွယ် အရုပ်လေး တွေနဲ့ ဆော့ရအောင် အများ ကြီးပေးလိုက်တယ်နော် ကလေးတို့ရေ...


barbie ရုပ်လေးတွေ က ဈေးကြီးတယ်တဲ့ မမ က ရက်ရောပါတယ်နော် ကလေး ရေ ယူနော် မမ ပေးတာ ခိခိ


မမကိုယ်စား ဝက်ဝံလေးက ပန်းပေးပါတယ်တဲ့ မွေးနေ့မှာ ပျော်ရွှင်ပါစေ တဲ့ ကွယ်

dog:

ဒီခွေးလေး လဲ လက်ဆောင်ပေးတယ် သိလား အဲကောင်လေး အားကြီးချစ်ဖို့ကောင်းတယ် ဟိဟိ


မမကိုယ်တိုင် google က နေရှာထား အဲလေ ကိုယ်တိုင်ဖုတ်ထားတဲ့ ကိတ်မုန့်လေး စားသွားဦးနော် ဟဲဟဲ

(ကြောက်လို့ ဓာတ်ပုံလေး ဖြုတ်လိုက်ပါတယ်)
ဒါက တော့ အငယ်မလေး ပုံလေ ကြည့်တာနဲ့ သိတယ်နော် ညီမ့ထက်ထွားမှန်း ဟဟဟဟဟ ဘယ်သူပိုချောလဲ မမေးတော့ဘူးနော် တော်နေ မနာလိုဖစ်နေရမှာ စိုးလို့ အဟက်


(ဒါလဲပဲ တချို့တချို့လူများကို ကြောက်၍ ဓာတ်ပုံဖြုတ်လိုက်ပါ တယ် ကလေးငယ်လေးရေ ဆော်ရီးးးနော်)
ဒါကတော့ ကလေး ငယ်လေး ပုံပါ ညီမ ဓာတ်ပုံ တောင်းထားလို့ ပို့ပေးတာ ကျေးဇူးးးကလေးရေ သူ့ ဘလော့ဂ်မှာတောင် မတင်ဘူး ညီမ့ကို ဦးဦးဖျားဖျားပေးတာ ကျေးဇူးနော် ကလေး