ကြွရောက်လာတဲ့ မောင်နှမများကို ဧည့်ခံပါတယ်နော် သုံးဆောင်ကြပါရှင်

ကြက်စွပ်ပြုပ် ကိုငါးဆုပ်နဲ့ အရွက်လေးထည့်ပြီး ဟင်းချိုလုပ်ထားတယ် မြူးလေး ကိုယ်တိုင်လုပ်ပေးတာ နော် သိလား ဟိဟိ

ဒါလေးကတော့ ဖက်စပ် ခေါက်ဆွဲတဲ့ ဒါလဲယောင်းမြူးလေး ကိုယ်တိုင် လုပ်ပေးထားတာ အားရပါးရ စားသွားကြနော် ဟိဟိ
တော်ပြီ သူများဆီက ကော်ပီလုပ်ရတာ အောက်တယ် မလုပ်တော့ဘူး ကိုယ့်ဟာကိုပဲ google က ရှာ အဲလေ ကိတ်မုန့် ဖုတ်တော့မယ် ဟိဟိ

အီသွားပြီလား စားရတာ ဂလိုဆိုလဲ သောက်လိုက်ကြဦးပေါ့ နော့်

တော်ပြီ ပြန်ကြတော့ အဲလေ အဲလို မောင်းမထုတ်ပါဘူး စိတ်ကြိုက်စားကြနော် ဟိဟိ
အပြန်လက်ဆောင်ယူသွားကြနော် အားမနာ လျှာမကျိုးပေးနေတယ်သိလား ယူသွားနော် ပြီးရင် မုန့်ဝယ်စားကြ ဟိဟိ



17 comments:
ကောင်လေးငယ်အတွက် ၀ံလေးနဲ့အတူ မွေးနေ့ဆုတောင်းပေးခဲ့ပါတယ် ... ဤနေ့မှသည် ဘ၀၏ ပန်းတိုင်ဆီသို့ အောင်မြင်စွာ လျှောက်လှမ်းနိုင်ပါစေလို့ .....
သြော်... ဟုတ်လား... သွားလိုက်ဦးမှ...
ဒေါ်စုအုပ်ချုပ်တဲ့ ခေတ်မှာဆို ၁ ကျပ်တန်တောင် တန်ဖိုးရှိစေရမယ်ဟေ့...
၅၀၀၀ တန်မလိုဘူး...
းဝ)
5000 Kyats /၅၀၀၀ ကျပ် စ်...
ကလူထွင်းပုံနဲ့ ထုတ်စေ ..
ဒေါ်စု ပုံနဲ့  မြန်မာ ၁ကျပ် = ယူရို ၁၀၀ ဖြစ်စေ ..
ဒူ ဝေ ဝေ ... .....
ပုံ /
အုတ်ကထ ဂျီး
ဖွားကိ ...( ချက်မှာ .. လက်မ ထိုးလိုက်သည်)
ဟိ ..ယားတယ် .. ယားတယ် ..
ဪ .. မွေးနေ့ ရှင် အတွက်ဆုတောင်း ပေးဖို့ တောင်မေ့နေတယ် .. ကလူထွင်းကို စ နေရတာနဲ့ ။။
သက်တော်ရာကျော်ရှည်ပါစေ..ကောင်လေးမငယ်တငယ်ရေ..
လောကကြီးမှာ ပျင်းလောက်စရာ နေရလောက်အောင်ကို ရှည်ပါစေ .. အသက်..း)
ဝက်ဝံလေးရေ ကောင်လေးငယ်ရဲ့ မွေးနေ့မှာ ဆုမွန်ကောင်းလာတောင်းပေးသွားတယ်နော်
ကျွေးသမျှ မုန့်တွေလဲ အကုန်စားသွားတယ်
မုန့်ဖိုးလဲ ယူသွားတယ် ဟိဟိ
အပြန်လက်ဆောင်ကို သဘောကျလို့လာယူတာ အဟီး နည်းတောင်နည်းနေပြီး)) မွေးနေ့ရှင်ကို ဆုတောင်းပေးပါတယ် ယနေ့မှစနှစ်တစ်ရာတိုင် အဲလေ သီချင်းနဲ့မှားသွားလို့ ယနျေွှ့စ နောင်နှစ်ပေါင်းရာချီတိုင် စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ဆက်လက်ချီတက်နိုင်ပါစေဗျာ
အော် မုန့် တွေ ကျွေးနေတာ ခုမှ သိလို့ အပြေးအလွှား လာစားပါတယ်... မွေးနေ့ ရှင် ထာဝရ ပျော်ရွှင်နိုင်ပါစေ... ၀က်ဝံလေးရေ..မုန့် ဖိုးက တစ်ရွက်ထဲဆို လောက်ဘူး...ထပ်ပေး...ဒါပဲ
အယ် အိပ်ချင်မူးတူးနဲ့  ကိုယ့်နာမည်တောင်မှန်အောင် မပေါင်းနိုင်တော့ဘူး..ဟဲဟဲ..(ရှက်လို့ ရယ်သွားပါတယ်..)
ဟယ် အမတော့ငတ်ပါပြီနောက်ကျသွားလို့
၅ဆင့်ပေါက်ဗျောက်အိုးသွားဖောက်နေတာ
သူများအိမ်ရှေ့မှာဟီးးးးး
ကောင်လေးငယ် က ကပ်စေးနှဲ
သူကျွေးရမှာကြောက်လို့
မပြောတာသူ့မွေးနေ့ကိုလေ
ဝက်ဝံလေး
ပြန်ရောက်ပြီ ။ ရောက်ရောက်ချင်း ပို့စ်အသစ်များဖတ် သွားပါသည် ။
ဝံလေး ချစ်သော သူငယ်ချင်း ကောင်လေးငယ် အတွက် မွေးနေ့မှာ ပျော်ရွှင်ပါစေ ။ ချစ်သော သူငယ်ချင်းများနဲ့ နှစ်တစ်ရာတိုင် မွေးနေ့များ စွာ ဆင်နွှဲနိုင်ပါစေ ။
မေ့သွားလို့ ၀ံလေးရေ ။ နက်ဖြန်ကျမှ နာဒါး ပုံ ပို့ပေးမယ်နော်။ ပြည်တွင်း ပွဲစဉ်တွေ သူက ရှားတယ် လေ ။ ဒါကြောင့် အမလဲ အနီးကပ်မကြည့်ဖူးဘူး ။ ဒီကကောင်မလေးတွေလည်းသဲသဲလှုပ်ဘဲ ။ ကလေး တွေကအစ ။ ဒါပေမဲ့ သူ့မှာ Novia ( Girl Friend ) ရှိတယ် ။ သူက စိတ်ဓါတ်အရမ်းကောင်း တယ် ။ သူ့ရွာငယ်ငယ်လေးမှာဘဲနေတယ် ။ ဘယ်ကို မှ မပြောင်းဘူး ။
မွေးနေ့ရှင်ရေ...
နောက်ကျသွားတယ်... စောရီး...
ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ...
အခုလို ၅၀၀၀ တန်နဲ့ ဂုဏ်ပြုပေးတဲ့အတွက် ကျေးဇူးပါ..
မြန်မာနိုင်ငံဟာ သူတို့ပိုင်တဲ့နိုင်ငံမဟုတ် တို့တွေအားလုံးနဲ့ဆိုင်တယ်
တို့ပိုင်တဲ့ တို့နိုင်ငံ တို့ရေ တို့မြေ
တို့ခေတ်ကို ရောက်တော့မှာပါ....
ချစ်စရာ ၀က်လေးရေ...
မွေးနေ့ပွဲလေးကို ရောက်လာပါတယ်
Happy Birthday ပါ မွေးနေ့ရှင်လေးရေ...လို့ ပြောလိုက်ပါ..........................
ချစ်တဲ့ နှင်း
ကောင်လေးငယ်ရေ... မင်္ဂလာရှိသောမွေးနေ့ဖြစ်ပါစေ... ဝိုင်လေးငေးသွားတယ်... အန်တီစုပုံနဲ့ ထုတ်မဲ့ ငွေစက္ကူ တနေ့ တကယ်ထွက်လာဖို့မျှော်လင့်နေမိတယ်....
အပေါ်ကဟာတွေ မစားဘူးနော် အောက်ဆုံးကဟာပဲ အကုန်သောက်သွားတယ်။ ဘယ်သူ့အတွက်မှ မချန်ဘူးနော်။
နောက်ကျမှေ၇ာက်လာပေမယ့် ဆုတောင်းပေးသွားပါတယ်။ ဟက်ပီဘတ်ဒေး ပျော်ရွှင်ပါစေ ကောင်လေးငယ်။
အောင်မြင်မှုများ နေ့ သစ်တိုင်း မနက်ဖြန်တိုင်းမှာ ရရှိပါစေ။
Post a Comment