ဗုဒ္ဓဘာသာ တယောက်အနေနဲ့ ကံကံရဲ့အကျိုးကို ယုံတယ်လေ ပြီးတော့ နောက်ဘဝ ရှိတယ် ဆိုတာယုံတယ် (သူများဘာသာရေးကို မထိခိုက်ပါဘူးနော် ကိုယ်ယုံတာကိုယ်ပြောတာနော်) ငရဲတိရစ္ဆာန် အသူရကယ် ရှိတာယုံတယ် နိဗ္ဗာန်ရှိတာ ယုံတယ် အင်း ပြောရရင်တော့ အများကြီးပါပဲ ဝဋ်တွေ ဘာတွေလဲ ယုံတယ် အဟဲ ပန်း ပြောသလို ဖူးစာ တို့ ရေစက်တို့လဲ ယုံတယ် အင်း ရေစက်တော့ ရေဘုံဘိုင် အောက်သွားခံရင် ရတာပဲနော့် ဟားဟားးးးး စ တာနော် အဲ နောက်တခု အချိန်မတိုင်သေးဘဲ ဘာမှမဖြစ်ဘူးဆိုတာလဲ ယုံတယ် အင်း ယုံကြည်မှု တွေပေါ့နော် ဆက်ပြီးပြောရင် ရိုးရာတွေ ဓလေ့ထုံတမ်းတွေပါ ပါလားမလားမသိဘူးနော် ဗေဒင် ယတြာတွေလဲ ယုံတာပဲ သူများတွေကတော့ ပြောတယ် အဲဒါကိုယ့်ဟာကို မယုံလို့ သူများတကာကို အားကိုးတာတဲ့ အင်း မသိတော့ဘူး ယုံတာတော့ ယုံတယ် နောက်လေ အောက်လမ်းတွေ အထက်လမ်းတွေလဲ ယုံတယ်သိလား မှော်တို့ စုန်းကဝေ တို့လဲ ယုံတယ် ဟီးးးးး ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ် ကိုယ်ပြုလိုက်တဲ့ အလုပ်တွေ (ကံ) က ကိုယ့်နောက်ကို အရိပ်လို အမြဲလိုက်နေတာ တွေ အဲဒါတွေလဲ ယုံတယ
်
နောက်တခုကတော့ ကိုယ့်ဟာကို ယုံတယ် ကိုယ်က ဒီတခုကိုဖြစ်အောင် လုပ်မယ် ဆိုရင် ဖြစ်အောင်လုပ်တယ် မဖြစ်နိုင်တာမရှိဘူး မဖြစ်သေးတာပဲ ရှိတယ်ဆိုပြီး လုပ်တယ် အ စ ကတော့ Glasgow သွားဖို့ ကြောက်နေမိတယ် အန်တီ့သူငယ်ချင်းရဲ့ တူကို အကူအညီ တောင်းမယ် လို့ စဉ်းစားထားတယ် ပါးလုံးကိုပြောတော့ ပါးလုံးက နင် အကူအညီရရင် နောက်လဲလိုချင်ဦးမှာ ကိုယ့်ဟာကို သွားတဲ့ ဒါနဲ့ အင်း ငါ ဖြစ်အောင် လုပ်မယ် ဆိုပြီး ကိုယ့်ဟာကို တယောက်တည်း သွားခဲ့တာပဲလေ အခုလဲ ဖြစ်တာပဲဟာနော့်(ကျေးဇူးနော် ပါးလုံး)
ငယ်ငယ်ကတည်းက အိမ်က အကုန်လိုက်လုပ်ပေးတော့ ဘာမှမလုပ်တတ် မသွားတတ်မလာပေါ့နော် အဲလိုက နေ နောက် ဒီကိုရောက်လာရော ဒီရောက်တော့လဲ ဘာထူးလဲ အန်တီက သူ့တူမကို ဥ ထားတာလေ ကျောင်းနဲ့ အိမ်နဲ့ပဲ ကျောင်းကို လိုက်ပို့ပေးတယ် ပြန်ကြိုတယ် အလုပ်လုပ်မယ် ပြောတော့ လုပ်လေဆိုပြီး တကယ်တန်းကျတော့လဲ ဟိုဟာက မကောင်းပါဘူး ပင်ပန်းတယ် ဒီဟာကဖြင့် သမီးရယ် ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုပြီး အဲလိုလုပ်တော့ လူက ဘာမှမလုပ်တတ်တော့ဘူးလေ တော်သေးရဲ့ အခု ဒီကောလိပ်ကို ရောက်လာတော့မှ ကိုယ့်လက်ကိုယ့်ခြေ အကုန် အဲတော့မှပဲ ကိုယ့်ဟာကို အားကိုးပြီး လုပ်နေရတာလေ ဒီနိုင်ငံတွေမှာက DIY လေ Do It Yourself ဒီတော့ ဘာဖြစ်ဖြစ်ကိုယ့်ဟာကိုယ် လုပ်ပဲ
နောက်ဆုံး တခု ပေါ့နော် တနေ့နေ့ကျရင် မြန်မာကို ကမ္ဘာကသိလာစေရမယ် ဆိုတာလဲ ရဲရဲကြီး ယုံပါတယ် လို့ပြောရင်း တဂ်ထားတဲ့ ပန်းရေ ကျေနပ်မယ်လို့ထင်ပါတယ်နော်
နောက်ထပ်တဂ်မယ် တယောက်တည်းပဲ သီးသန့် တဂ်မှာ သိလား အရမ်းချစ်လို့လေ ဟိဟိ
ယောင်းရေ (မြူးသျှီရီ) ရေးပေးနော် ယောင်းတယောက်တည်းကိုပဲ သီးသန့် တဂ်တာသိလား အာဘွားးးးးးးးရှလူးးးးးးးးးးး ယောင်းက သူ့ဆီမလာလို့တဲ့ မဟုတ်ရပါတယ် ယောင်းရယ် ဟယ်လီကော်ပတာကြီးလေ ပျက်သွားလို့သိလား အဲဒါ ခဏ ပြင်ထားတာနဲ့ ဘယ်မှသွားနိုင်ဖြစ်နေတာ ယောင်းရေ ရေးပေးဦးနော် ဟီးးးးးးးးးးး
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
1 month ago



30 comments:
ယောင်းလေး အီးးးးးဟီးးးးးးးးး
တော်တော်ချစ်လားဟင်
အရမ်းချစ်နော်
ပိုးစိုးပက်စက် ချစ်သိလား
ဟဟားးးးးးးးးးးးးးးးးးးးးး
ချစ်တဲ့
ယောင်းမြူး
ယုံပါတယ်....ယုံပါတယ်....
ဟဲဟဲ...း)
ဝက်ဝံလေးရေ ကိုယ့်အားကိုယ်ကိုးတဲ့ စိတ်ဓာတ်ကိုတော့ တကယ့်ကို လေးစားပါတယ် ညီမလေးရေ
ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာညီမလေး :)
Glasgow နဲ့ရောမွေဖတ်သွားသည်။
ယုံပါတယ် ယုံပါတယ်
ခုလည်းမြန်မာကိုကမ္ဘာကသိနေပါတယ်
ရက်စက်မှုအပေါင်းသရဖူဆောင်းတဲ့
“အကောင်”တွေကြီးစိုးရာနေရာဆိုပြီးတော့....
“မဖြစ်နိုင်တာမရှိဘူး မဖြစ်သေးတာပဲရှိတယ်”ဆိုတဲ့စိတ်ဓါတ်ကို
လေးစားပါတယ်
ကိုယ်လည်းအဲလိုစိတ်ဓါတ်မျိုးမွေးထားပါတယ်
“မသောက်နိုင်တာမရှိဘူး မသောက်ရသေးတာပဲရှိတယ်”ဆိုပြီးတော့ :P
ဟယ်လီကော်ပတာပျက်သွားရင် မီးပုံးပျံအစားထိုးစီးဖို့အကြံပေးချင်ပါတယ် ဟဲဟဲ :P
အို
ခု မြန်မာကို ကမ္ဘာက မသိလို့လား .. :P
ဟယ်လီကော်ပတာပျက်ရင် လေယာဉ်စီးလုံးငှားပေါ့ကွယ်
ခဏတဖြုတ်ပေါ့ :P
ယုံတယ် .. ယုံပါတယ် ။
ဒါတွေကို ယုံတယ်...
ဝက်ကို ရေထဲချရင် ပလုံလို့  မြည်မယ် ဆိုတာ ယုံတယ်..
ရဲရဲကြီး အာမခံတယ် ဝေးးး
တကယ်ဖြစ်ချင် တကယ်လုပ် ၊ အဟုတ် ဖြစ်ရမည် ၊ ပေါ့ .
ဖြစ်ချင်ရာ ဖြစ် စိတ်မညစ် နဲ့ တဲ့ ၊
DIY ကိုယ့်အားကိုယ်ကိုး စီးပွားတိုး သတဲ့ . . .
တတ်သမျှလေး ချရေးကြည့်တာ ...
ယုံတာတော်တော်များများတော့ တူတယ်ကွ
လူတိုင်းကိုတော့ အရမ်းကာရော မယုံလေနဲ့....။
ကောင်းသတင်းတွေနဲ့ မြန်မာကို ကမ္ဘာက သိစေချင်ပါတယ်..။
ယုံဆိုလို ယုန်သားဟင်းလေးစားချင်လိုက်ထှာ..
ဘာမှလဲဆိုင်ဘူးနော်..
ကံ၊ ကံရဲ့ အကျိုးကို ညီမလေးယုံသလို မမလည်း ယုံတယ်...
ညီမလေး ကိုယ့်အားကိုယ့်ကိုးတာလေးကို သဘောကျလိုက်တာ။
မယုံနိုင်စရာ မရှိပါဘူး.မယုံသေးတာပဲရှိတယ်...
ဟိဟိ...နောက်တာ...
အာဝါးးးးး မတွေ့တာကြာပြီ... မရောက်တာကြာပြီ.. သတိရလိုက်တာ စာဥရယ်... အဲ..ဟုတ်ပါဘူး ..
သတိရလိုက်တာ မိယောင်းရယ်...အဟား..
အာဝါးးနော်
ကံကံရဲ့အကျိုးကို ယုံတယ်လေ.......
ရိုးရာတွေ ဓလေ့ထုံတမ်းတွေပါ ပါလားမလားမသိဘူးနော် ဗေဒင် ယတြာတွေလဲ ယုံတာပဲ ..........
ဗေဒင် ယတြာများသည် ကံနှင့် ကံအကျိုးပေးများ မဟုတ်ကြပါ။ ကံနှင့်ကံအကျိုးပေးကိုလုံးဝ(လုံးဝ) ယုံကြည်သွားသူသည် ဗေဒင် ယတြာများကို အလိုလိုယုံကြည်မှု ကင်းသွားပါသည်။
အဘယ့်ကြောင့်ဆိုသော် ကံကိုယုံကြည့်မှုနှင့် ဝေဒယုံကြည်မှုသည် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက် ဖြစ်သည်။
ဝက်ကလေး ကံကိုယုံပီး ဆူးပုံမနင်းနဲ့နော် ဆူးတွေကျိုးသွားမယ် ... ၀က်ကလေးက ၀ိတ်များလို့လေ ...
ဝက်ကလေးကိုလည်း ယုံတယ် (ဘာမှန်းတော့ မသိဘူး ဟိဟိ )
ဟယ်လီကော်ပတာပျက် တာစောစောကမပြောဘူး
အိမ်မှာပိုနေတဲ့အထဲက တစီး လွှတ်လိုက်မှာပေါ့ :P
ဝက်ဝံလေးရေ လာလည်သွားတယ်ညီမရေ။ ရန်ကုန်ရောက်နေလို့ စာတွေ အကုန်လိုက်မဖတ်နိုင်သေးဘူး။လာလည်ဦးနော်။ မျှော်နေမယ်။
ယုံတာတွေကလည်း အများကြီးပါလား...
အယုံလွယ်တဲ့ကောင်မလေး သတိထား အလိမ်ခံရမယ်... :)
ဟေးးစိတ်ဆိုးပြီးထွက်ပြေးသွားတယ်ဆိုလို့
ဝက်ဝံလေးကိုလိုက်ဖမ်းတယ်းးဟဲဟဲ..
ချိတ်ချိုးပြေနော်
ညီမလေးရေ
မဖြစ်နိုင်တာမရှိဘူးဆိုတဲ့ စိတ်ဓါတ်လေးကို ကြိုက်တယ်။ကျွန်မလည်းအဲလိုပဲ။ကိုယ့်ကိုယ် အရမ်းယုံတယ်။ညီမလေးအဆင်ပြေပါစေ။ဗေဒင်တွေဘာတွေက အရမ်းမယုံနဲ့သိလား။ခုခေတ်က လူလိမ် သိပ်ပေါတာ။
ဟာ.... ယုံကိုယုံရမှာပေါ့....
ဒါယုံသင့်တယ်လေ.....
ဒါနဲ့ ဘာတွေပြောနေဂျတာလဲဟင်...
ဟီးဟီး.... ချစ်လို့စတာ ကောင်မလေးရေ...
တနေ့နေ့ကျရင် မြန်မာကို ကမ္ဘာကသိလာစေရမယ် ဆိုတာလဲ ရဲရဲကြီး ယုံပါတယ် အင်း ရဲရဲကြီးသာ ယုံလိုက်စမ်းပါ စကားမစပ် ဘယ်နေ့တုန်း ၂၀၁၂ က နီးနေပြီနော့် အဟား
လေးစားလျက်
တောင်ပေါ်သား
ဆိုတော့ glasgow တစ်ယောက်တည်းသွားပီးပီပေါ့.. ဝံမလေးတော်တယ်
ယုံကြည်မှုတွေ အကြောင်း စပ်စုသွားတယ်ဗျို့  ဟုတ်တယ် ဝက်ဝံလေး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့ ကအရေးအကြီးဆုံး ပဲဗျ
ခင်မင်လျှက်
ရန်ကုန်သား :))
ယုံတယ် အခုဆို ငှက်ကလေးကြောင့် ကျောင်းက လူတွေတောင် သိနေပြီမဟုတ်လား P:
နောက် ငှက်တို့ ကျောင်းပြီးရင်ပိုတောင် သိအုံးမှာဗျ
မင်းအိမ်ဖြူ
ဗေဒင်တို့၊ အောက်လမ်း အထက်လမ်းတို့ကို စဉ်းစားချင့်ချိန်ပြီးမှ ယုံသင့်ပါတယ် ၀က်ဝံလေးရေ...
ယုံတာတွေ လာဖတ်သွားတယ်နော်
ဝက်ဝံလေးရေ..
ဟယ်လီကော်ပတာ ပျက်နေခဲ့တာလား ... လင်းက မသိပါဘူး ... အခုရော ဘာနဲ့ သွားနေလဲ .. အဟိ.. မီးပုံပျံ ပြောင်းစီးပြီလား...
ကိုယ်လဲ ဗုဒ္ဓဘာသာလူမျိုးတစ်ဦးဆိုတော့ ဒါတွေကိုယုံပါတယ်။
လင်းလင်း
www.asiantraveler.co.cc
Post a Comment