Wednesday, 21 October 2009

Glasgow သို့ တခေါက်

၂၀.၁၀.၀၉
Glasgow ကိုသွားလည်တယ်လို့တော့ မထင်လိုက်နဲ့နော် မသွားမဖြစ်လို့သာ သွားရတာ သွားချင်တာမဟုတ်ဘူး တခါတခါသွားရင် ပိုက်ဆံကုန်တာကိုး ဒီတော့ သွားချင်ဖူးရယ် အဟီးးးး ဘာသွားလုပ်တာလဲ ဟုတ်လား မေးမှမေးရက်တယ် visa ကိစ္စလေ သက်တမ်းသွားတိုးတာ လက်ဗွေနှိပ် ဓာတ်ပုံရိုက်ပေါ့လေ ဒီမှာ မရှိလို့ အနီးဆုံးရှိတဲ့ Border Agency ကို ဒိုးရတာပေါ့
Physics ထဲမှာ သင်ရသလိုပဲ energy သုံးမှ အလုပ်ပြီးမြောက်တယ်တဲ့ ကဲ နဲနဲလေးပြင်ချင်တယ်နော့် ပိုက်ဆံကုန်မှာ အလုပ်ပြီးမြောက်တယ်လို့ ဟက်
ဟုတ်တယ် ကုန်တယ် ပြောရင်လဲ ညည်းတယ် ဖြစ်ဦးမယ် နဲနဲတော့ ပြောမယ်နော် အကုန်တော့မပြောဘူး ဟိဟိ Bus car ခက အသွားအပြန် return ticket ဝယ်တယ်လေ ၈ ပေါင်နဲ့ ၉၀ ပေးရတယ် တွေ့လား စ ရွေ့လိုက်တာနဲ့ ကုန်ပေါက်ပဲလေ

ခရီးစဉ် စ ပါပြီ
ချိန်းထားတာက ၁ နာရီ ငါ ရှာရဦးမှာ ရထားစီးရမှာ ဘာညာနဲ့ တွက်ပြီးတော့ ၇နာရီ ၁၅ လောက်အိမ်က ထွက်သွားလိုက်တယ် ကားဂိတ်ရောက်တော့ ၇နာရီခွဲ Glasgow သွားမယ့်လက်မှတ်ဝယ်ပြီး ကားထွက်တော့ ၇နာရီ ၄၅ ဟိုကိုရောက်ဖို့ ၁ နာရီ ၂၀ မိနစ်ကားမောင်းတယ် ကားပေါ်မှာ ဘုရားစာရွတ် ဟိုတွေးဒီတွေးနဲ့ ခဏနေတော့ အိပ်ငိုက်လာရော မငိုက်ပဲနေမလား မနက်အစောကြီးထ ရတာကိုး ဒါနဲ့ အိပ်ပျော်သွားပါရောပေါ့ ဟိဟိ စိတ်မပူပါနဲ့ Glasgow မရောက်ခင်နိုးပါတယ် ဟီးးးး
အဲဒီ Glasgow ကားဂိတ်ကနေ ဘူတာရုံကို လမ်းလျှောက် (ဟိုမေးဒီစမ်းပေါ့လေ သိတယ်မလား ပါးစပ်ပါရင် ရွာရောက်တယ်လေ) ဘူတာရုံရောက်တော့ လက်မှတ်ဝယ်
တောသူမအကြောင်း ပြောပြမယ် ဟီးးး ရီချင်လိုက်တာ ကိုယ့်ဟာကိုလဲ
ကိုယ်က ဘယ်သိမှာလဲ ရထားလက်မှတ်က ရထားပေါ်မှာ လိုက်စစ်မယ် မှတ်တာကိုး ဂိတ်ပေါက်ဝလဲ ဖြတ်ရော သွားလို့မရဘူး ဟိုးအတန်းကြီးက တားထားတယ် (ရထားစီးတဲ့လူတွေသိမှာပါ) အယ် ဆက်တိုးလို့မရဘူး ငါ့ဘာလို့တားလဲ တိုးတယ် မရဘူး အင် ဘာများမှားသလဲပေါ့ နောက်ဘေးနားက တယောက်ကလက်မှတ်လေးကို ထည့်ပြီး ဟိုဘက်ကနေ ပြန်ထွက်လာတော့မှ အော် ဒီလိုလုပ်ရပါလား ဆိုပြီး အဲလိုလုပ်မှ အတန်းလေး ဖွင့်ပေးတယ် ဟားဟားးးး ရီလိုက်ရတာ အော် တောသူမရယ် ဒါတောင်မသိဘူးလား ဆိုပြီး ဘယ်သိမှာလဲလို့ တခါမှ ရထားမှ မစီးဖူးတာကိုး

ဒါနဲ့ သွားရမယ့် Cessnock ဘူတာကို ရောက်ဖို့ outer circle ကိုစီးရတယ် တဲ့ စီးလာလိုက်တယ်



Cessnock ဘူတာပေါ့

Cessnock ဘူတာကိုရောက်တော့ ၉နာရီ ခွဲ ဒါနဲ့ Border Agency ကိုလိုက်ရှာတယ် မြေပုံတရွက်ရယ် ဟိုလူ့မေး ဒီလူ့မေးနဲ့ ရှာလိုက်တာ တွေ့ပါပြီ ဒါနဲ့ သွားတာပေါ့ ငါ appointment လုပ်ထားလို့ ၁ နာရီ ဆိုတော့ ဟာ စောနေတယ် နင် ၁၂ လောက်မှ ပြန်လာခဲ့ ဆိုတာနဲ့ ဟိုနား ဒီနားလျှောက်သွားပြီး အချိန်ဖြုန်းနေလိုက်တယ် သိပ်ဝေးဝေး လံလံလဲမသွားရဘူး တော်နေ လမ်းပျောက်သွားရင် ဂွိ နေမှာစိုးလို့
ရာသီဥတုက အေးတာကိုး ဒါနဲ့ ရှူးရှူးပေါက်ချင်လာရော public toilet လိုက်ရှာတယ် မရှိဘူး ဒွက်ခ ဆိုင်တဆိုင်ဝင်ပြီးမေးတော့ ဒီနားမှာမရှိဘူး တဲ့ ဟိုးးးထောင့်နားမှာ ကော်ဖီဆိုင်ရှိတယ် အဲဒီမှာ သွားလို့တော့ရတယ် ဒါပေမယ့် နင် သူတို့ဆီက ကော်ဖီ ဝယ်သောက်ရမယ် တဲ့ မတတ်နိုင်ဘူးလေ ဝယ် ဆိုလဲဝယ်တာပေါ့ ဆိုင်ထဲဝင်ပြီးတော့ ကြည့်တယ် ဘာရမလဲပေါ့ ကော်ဖီတော့ ကိုယ်က မကြိုက်တော့ မသောက်ချင်ဘူး ဒါနဲ့ Hot chocolate ရတယ်ဆိုတာနဲ့ ဝယ်သောက်ပြီး အိမ်သာထဲဝင်လိုက်ရတယ် ဟီးးးး

အချိန်လဲဖြုန်းပြီးသွားတော့ ၁၂ လောက်ကျတော့ Border Agency ကိုသွားတာပေါ့ ဟိုရောက်တော့ လက်ဗွေနှိပ် ဓာတ်ပုံရိုက်ပြီး ပြန်လာရတာပါပဲ
အပြန်မှာ ဇာတ်လမ်း စ ပြီလေ ကိုယ့်ဟာကိုယ်လဲသိတယ် အသွားတော့ လမ်းမှားမှာမဟုတ်ဘူး စိတ်ဆောင်နေတာဆိုတော့ လေ အပြန်ကျတော့ အကုန်လုံးလဲ ပြီးပြီဆိုပြီး အေးဆေး စိတ်ကိုလဲလွှတ်ပြီး လုပ်ချင်တာလုပ်တာလေ ရထားပြန်စီးတော့ အင်း ငါ outer circle စီးရမှာပဲဆိုပြီး မြေပုံလဲကြည့်လိုက်ရော အင် Buchanan street လဲမပါ ပါ့လားဆိုပြီး ဟိုဘက် inner circle ကိုကြည့်လိုက်တော့ဟိဟိ Buchanan street ဆိုမှ inner circle ကိုပြန်စီးခဲ့တယ် သိမှမသိဘဲကို သူတို့လဲ ဘတ်စ်ကားတွေလိုပဲနော် အသွားကျရင် ဒီဘက် အပြန်ကျတော့ ဟိုဘက်နော် ဟားဟားးးးး



inner circle တွေ outer circle တွေ နဲ့ရှုပ်နေတာပဲ ဟွင်းးး

နောက်ရှိသေးတယ် လမ်းတွေ မှားကုန်တာလေ ဘူတာရုံက ထွက်ပြီးတော့ ကားဂိတ်ကိုပြန်မရောက်တော့ဘူး ဒါနဲ့မဖြစ်ချေတော့ဘူး ဆိုပြီး မြေပုံထုတ် တွေ့တဲ့လူကို ဘယ်လိုသွားရလဲ လိုက်မေး လူကြီးတယောက်က တော်တော်သဘောကောင်းတယ်သိလား သူ့ကိုပြောတာပေါ့ ငါ ဘတ်စ်ကားဂိတ် သွားချင်တယ် ဆိုပြီး မြေပုံပြတော့ (အဲဒီမြေပုံက ဘတ်စ်ကား ဂိတ်ကနေယူလာတဲ့ Glasgow မြေပုံလေ) သူက ငါတို့ ဒီနားကို ရောက်နေတာ တွေ့လား မြေပုံကို ဒီလိုကိုင် ဒီလိုမကိုင်နဲ့ လို့လဲပြောတယ် ဟီးးးး ဟိုမှာ church ကျောင်းတွေ့လား ဟိုးမှာမြင်နေရတဲ့ ဆိုင်းဘုတ် အပြာရောင်တွေ့လား အဲဒီကိုရောက်ရင် ဘယ်ကွေ့ အဲဒါဆိုရင် ရောက်ပြီတဲ့ သေချာရှင်းပြပေးတယ် ကျေးဇူးလို့ ပြောတော့ ကံကောင်းပါစေ ဆိုပြီး ထွက်သွားတယ်
ဘာရမလဲ သူပြောတဲ့ church ပုံလဲ ဓာတ်ပုံရိုက်လာခဲ့တယ် ဆိုင်းဘုတ် အပြာကြီးလဲ ဓာတ်ပုံရိုက်လာခဲ့တယ်






လူကြီးပြောတဲ့ church ကျောင်းနဲ့ ဆိုင်းဘုတ် အပြာလေ

သူပြောတဲ့ ဆိုင်းဘုတ် အပြာရောင်ကိုရောက်ပြီး ဘယ်လဲကွေ့ပြီးရော အမလေး များလိုက်တဲ့လူတွေ ရှုပ်ရှက်ကိုခတ်နေတာပဲ လူလဲ ဘယ်ကိုကွေ့လို့ ကွေ့ရမယ်မှန်းမသိတော့ဘူး မထူးဘူး မေးမယ် ဆိုပြီး အလှူခံနေတဲ့ အဘိုးကြီး ၂ ယောက်ကိုမေးတယ် သူတို့က ပြောပြတယ် အလှူထည့်ခဲ့တယ် သူတို့ကိုလဲဓာတ်ပုံရိုက်ခဲ့တယ် အဘိုးကြီးတွေက ပြုံးလို့ အဟီးးး အားကြီးချစ်ဖို့ကောင်းတယ်





အလှူခံအဘိုးကြီး ၂ ယောက်ပေါ့

လျှောက် လျှောက် ရောက်အောင်လျှောက် ဝေးးးး Buchanan Bus station ကိုတွေ့ပြီကွ အဲဒီတော့မှပဲ ဝမ်းသာသွားတယ် ငါ ပြန်ရောက်ပြီဆိုပြီး ဓာတ်ပုံတွေလဲ မလွတ်တမ်းရိုက်ခဲ့လိုက်တယ်




ဒါကတော့ bus car ဂိတ်



ဒီပုံကတော့ Buchanan ကားဂိတ်ထဲက



ဟဲ့ဖယ်လေ ငါ ဒီမှာ ဓာတ်ပုံရိုက်နေတယ် အယ် ကိုယ်တော်က ပို့စ်တောင် ပေးလိုက်သေးတယ် ဟားဟားးးး(တကယ်တော့ အဲလိုဖယ်ပါ မပြောဖြစ်ပါဘူး ဒါပေမယ့် သိရမှာပေါ့လို့ ဒီမှာ သူများက ဓာတ်ပုံရိုက်နေတဲ့ဟာကို အလိုက်ကန်းဆိုးကို မသိတဲ့ဟာကြီး) ဘတ်စ်ကား ဂိတ်မျက်နှာချင်းဆိုင်က နာရီပေါ့



Holloween နီးပြီလေ ဒါကြောင့် ဒီလိုပြင်ထားတယ်



ဝင်ဝယ်တယ်လို့ထင်နဲ့နော် (မထင်မှန်းလဲသိပါတယ်) အပြင်ကနေပဲ ဓာတ်ပုံရိုက်ခဲ့တာ ဟားဟားးးးး



အဲဒါကြီးရှေ့မှာ ဓာတ်ပုံရိုက်ထားသေးတယ် ကိုယ့်ပုံပါနေတော့ တင်တော့ဘူးရယ် ဟီးးးးး (မလှလို့)

ဒီလိုနဲ့ အိမ်ကိုပြန်ရောက်ခဲ့ပါတယ်

လတ်တလော အခြေအနေ : ခြေထောက်နာနေပါတယ် နာနေရင်းတန်းလန်း နဲ့ပဲ ဒီနေ့ အိမ်သွားရှာလိုက်သေးတယ် အိမ်ရှင်နဲ့လဲသွားတွေ့လိုက်ပါသေးတယ် ဟီးးး ခြေထောက်က တော်တော် နာတာပဲ မနေ့ကလေ တချိန်လုံးခြေထောက်ကိုကွေးထားရတာကိုး ဒါကြောင့် ဒါကြောင့်
ခြေထောက်နာနေသောကြောင့် ဝက် တကောင်မသောင်းကျန်းနိုင်ပါ ဟားဟားးးးးးး

27 comments:

မယ့်ကိုး said...

တစ်မယူဘူးနော် ညီမလေး =)

မယ့်ကိုး said...

ညီမလေးတို့ တစ်လုတမ်းကစားတဲ့ မောင်နှမတွေကို ပျော်လို့ နောက်သွားတာ။
ညီမဆလေးလည်း လမ်းပျောက်တတ်တယ်နော်။ မမနဲ့တူတာ =)
ခြေထောက်နာနေရင် အေးအေးဆေးဆေးနားနော် ညီမလေး။
ဒုန်း ဒုန်း နဲ့ ပြန်လို့ မရတော့ဘူး ...=)

အနော် said...

ဂလက်စဂိုကို လည်လည်လိုက်ဖို့ ဝက်ဝံလေး နောက်က လိုက်ရတာ ခြေထောက်ကို ညောင်းနေတာပဲဝေ့
ဓာတ်ပုံတွေ အများကြီးရိုက်ခဲ့တာပဲ
လူပုံလေးနဲ့ တွဲတင်တာ ဟုတ်ဘူးကွ :)

အနော် said...

ဂလက်စဂိုကို လည်လည်လိုက်ဖို့ ဝက်ဝံလေး နောက်က လိုက်ရတာ ခြေထောက်ကို ညောင်းနေတာပဲဝေ့
ဓာတ်ပုံတွေ အများကြီးရိုက်ခဲ့တာပဲ
လူပုံလေးနဲ့ တွဲတင်တာ ဟုတ်ဘူးကွ :)

zawzaw said...

ဝက်ဝံကလေးရေ ရူးရူးပေါက်ချင်လို့ ၀င်သွားတာ ကျားနဲ့ မ မှားပြီး ၀င်သွားတယ်မဟုတ်လား အနော်တွေ့လိုက်တယ်နော် .... ဟားဟား.... ဘာပဲဖြစ်ဖြစ်ပါ ယခုလို တကူးတက ဓါတ်ပုံတွေ ရိုက်ရင်း ပိုစ့်တင်ပေးတာ့ ဖတ်လိုက်ရတာပေါ့ ....

Khyl said...

ဝက်ကလေးရေ မြေအောက်ရော ဆင်းခဲ့သေးလား... မြေအောက် ဂိုဏ်းရောဖွဲ့ခဲ့သေးလား...ပေါက်တောက် ကလောက် ပြောသွားသီ...

သားကြီး said...

ရှုးရှုးပေါက်ချင်လာရင်အိမ်သာရှာဖို့မလိုတဲ့နည်းကောင်းလေး :P
http://kopeter.blogspot.com/2009/10/blog-post_14.html

သားကြီး said...

ကိုပီတာဆီကနေမလာတာနော်
ပိုင်ရှင်တောင်ခွင့်မတောင်းရသေးဘူး:P

သားကြီး said...

အဖိုးကြီးနှစ်ယောက်ကတော်တော်ခင်စရာ
ကောင်းတဲ့ပုံစံမျိုးပဲ
အားလုံးကိုပတ်ရိုက်နေတာပဲ
ကိုယ့်ကိုကိုယ်လည်းရိုက်ခဲ့ဦးလေ
သြော်..ဓါတ်ပုံကိုပြောတာပါ အဟွီး..ဟွီးးး :P

Angel Shaper said...

ဟဲ့ ၀က်....
ခြေထောက်နာနေတာလားးးးးးးး
ဖြတ်လိုက်မှ အေးမယ်။
ဝက်ခြေထောက်စွတ်ပြုပ် လေးလုပ်ပြီး ကိုသားကြီးကို တိုက်ရမယ် သူဘီယာနဲ့ မြည်းပါစေပေါ့။ ဟဲဟဲ
စတာ... တကယ်။အဟီးးးးးး
ဝက်လေးက ပုံလေးတွေနဲ့ ပိုစ့်တင်ပြတော့ တို့က ဖတ်ရကြည့်ရတာပေါ့။ ကျေးကျေးစ်နော်။

Anonymous said...

ယောင်းလေး
လာဖတ်တာကြာပြီ သိလား
ခုမှလာမန့် တယ်
ပုံတွေကြည့်သွားတယ်
ယောင်းလေးပုတုပုံလေးပြ

တောင်ပေါ်သား said...

မရောက်ဖူးတော့ ပြတာလေးတွေပဲ ကြည့်ရတယ်ပေါ့ဗျာ အဟား ပျော်ရွှင်ဖွယ် Visa ကိစ္စလေးဖြစ်ပါစေ သြော် ငွေလား ကုန်ပါလေစေပေါ့ ငွေကုန်မှ အရာရာပြီးမြောက်တဲ့ ခေတ်ကိုးဗျး)



လေးစားလျက်
တောင်ပေါ်သား

ရင်ရဲ့ ရိုးရာ said...

ဝက်ခြေထောက်စွတ်ပြုတ်ရောင်းဖို့ ၀က်ခြေထောက်လာဖြတ်တာ ဟဲ့ ၀က် နင့်ခြေထောက်ခဏ ငှား အဟိ နင်ကလည်း နင်ပဲများနေတဲ့ ပုံလေး ဘာလေးတော့ မတင်ဘူး ကပ်စေးနှဲကော်တရာ ဟွန်း

မိုးခါး said...

ကျွတ်ကျွတ်ကျွတ် သွပ်သွပ်သွပ်
သနားသွားတယ်
ဝက်ကလေးကို :P

သိင်္ဂါကျော် said...

Glasgow က ပုံတွေ ကြည့်သွားတယ်...
ဝက် ပုံလေးပါ ကြည့်ချင်တာ ;)

စိမ်း... said...

တော်သေးတာပေါ့ သူမသောင်းကြမ်းနိုင်သေးလို့ပဲ တော်တော့တယ်... :)

အတ္တ said...

တော်သေးတ်ာပေါ့ ငှက်ရယ်...
မျက်စိလည်ပီး ကိုစိမ်းဆီ ရောက်မသွားလို့..။ :D

naychi said...

ဟယ်... တယ်တော်တဲ့ ၀က်ပဲ...
တယောက်တည်း မဖြစ်ဖြစ်အောင် လုပ်နိုင်တယ် (မြှောက်သွားသည် ဟိဟိ)

တကယ်တော်ပါတယ် ညီမလေးရေ
ရေးထားတာလဲ ချစ်စရာလေးး)

နွေးနေခြည်

ဗလာဗလာဗလာ said...

ဝက်နင်ကိုပုံတွေတင်ဖို့ပြောနေတယ်လူတွေက
ဟိုလူနှစ်ယောက်နဲ့ရိုက်ထားတဲ့ပုံတင်
ပါ့လားအဲ့ဒီပုံလေးကအရမ်းလှတာဟ

ဝက်ဝံလေး said...

ဟားဟားးးး ကော်ကျိုရယ် မလုပ်ပါနဲ့ ငါ့ကို ဝိုင်းချစ်သွားရင် ငါ ပြေးပေါက်မှားနေလိမ့်မယ် ကိုကို Rain က ငါ့ပုံမတင်ရဘူးတဲ့ သူ စိတ်မချ ဘူးတဲ့ ဒါကြောင့်နော် ဟိဟ

မချစ်ရ said...

ပုံလေးတွေလာကြည့်တယ် ၀က်ကလေးရေ
ဂျစ်လေး ဗီဇာ ကိစ္စ အဆင်ပြေတယ် ဟုတ်

linmgmg said...

ဝက်ရေ..လာဖတ်သွားတယ်။ ငါလဲလာလည်ချင်တယ်။ ခေါ်မလား။ ဟားဟား

kiki said...

နောက်ဆို ဘယ်သွားသွား ဝက်တို့ ခြေရာချန်ခဲ့ပါ.. ဒါမှ လမ်းမပျောက်အောင် လို့ ..
ရောက်လေရာမှာ ပေါက်ချင်နေရင်တော့ နောက် နာမည် တခု ပေးလိုက်မယ်.
" အိမ်သာဒေဝ " လို့ .. မကြိုက်သေးရင်ပြော ..
ဒီထက်လှတာ ရွေးပေးအုံးမှာ နော် ..

သံလွင် HeRo said...

ဝက်ကြီး...ငါလာလည်ရင် လိုက်ပို့ရမယ်နော်
ဒါဗြဲး)

မြစ်ကျိုးအင်း said...

မသိတာတွေ ငါ့တော့လာမမေးနဲ့နော် တော်ကြာမေးပြီးရင် ဓါတ်ပုံရိုက်သွားအုံးမယ်...။

ဘာပဲဖြစ်ဖြစ် သွားလိုက်တော့လည်း ရောက်တာပဲပေါ့။

yangonthar said...

အဲဒီ မြို့ ကို သွားဖို့ (သွားရမလားလို့ ) စိတ်ကူး ရင်နေခဲ့ဖူးတယ် ခုထက်ထိပဲ ဝက်ကလေးရ ... ဒါပေမယ့် ဘယ်တော့ရောက်မလဲ တော့ မသိဘူး အဲဒီအိပ်မက်က လည်း မက်ရတာ အရှည်ကြီးပဲ ဓါတ်ပုံလေးတွေနဲ့  ပိုစ့်တင်ပေးတာ ကျေးဇူး အိပ်မက်မြို့ တော် တစ်ခေါက် ရော်သွားတာပေါ့ ဝက်ဝံလေး ကျေးဇူးနဲ့  ....
ခင်တဲ့
၇န်ကုန်သား :))

မင်းအိမ်ဖြူ Minn Eain Phyu said...

မောလိုက်တာ ၀က်ရယ် တကယ်ပါပဲ

ဟားဟာ

တောသူမလေး ရထားတောင် မစီးတက်ဘူး P:

မြို့ပတ်လို ခိုးစိးပေါ့ ဟာဟ တကယ်မလုပ်နဲ့နော် ရဲဖမ်းခံ ထိနေမယ်

မင်းအိမ်ဖြူ