Showing posts with label ခရီးသွားမှတ်တမ်း. Show all posts
Showing posts with label ခရီးသွားမှတ်တမ်း. Show all posts

Thursday, 5 January 2012

Manchester သွား တောလား



အစ က တော့မရေးတော့ဘူးလားလို့ ခြေချုပ်ကော လက်ချုပ်ကော အကုန်မိနေတာနဲ့ မတင်တော့ဘူးလို့ စဉ်းစားလိုက်တာ ... မနေနိုင်လို့ ရေးမိပြန်ဘီ သည်းခံပြီးသာ ဖတ်ပေးကြနော် ....

၂၂.၁၂.၂၀၁၁
“ ရိပ်သာကို စောစောသွား ” လို့ Isle of Wight က နေ ရာဇသံ လှမ်းပေးလိုက်တဲ့ အန်တီ့ရဲ့ စကားကိုမလွန်ဆန်နိုင်တာကြောင့် ၂၂ ရက် ညနေ ၄ နာရီ ၅ နာရီလောက်မှာ မန်ချက်စတာ ဘုန်းကြီးကျောင်းကို ရောက်သွားခဲ့ပါတယ်။ (အဖွင့် နိဒါန်း)

ရောက်တော့ ဝေယျာဝစ္စအန်တီကြီး (အန်တီတင်) ဆီမှာ ထမင်းတောင်းစားတယ် (သူတောင်းစားလို့ မထင်စေလိုပါ)
“ အန်တီ သမီး ဗိုက်ဆာ လို့ ”
ဆိုပြီးတော့ အန်တီကြီးကျွေးတဲ့ ထမင်းစားပြီးတော့ ကိုကိုဦးဇင်းနဲ့ တွေ့ရတယ်လေ (ကိုကိုက ဘုန်းကြီးဝတ်နေတာ သိမှာပါနော်)
ကိုကိုဦးဇင်းနဲ့စကားလေးဘာလေး ပြောပြီးတော့ အန်တီတင်က အခန်းထဲလိုက်ပို့ပြီးတော့
“ သမီး နားချင်နား တရားမှတ်ချင်လဲ မှတ် ” တဲ့
ခရီးကလဲ ပင်ပန်းလာတော့ ၈ နာရီလောက်ကနေ အပြန်အပြန်အလှန်လှန် အိပ်လိုက်တာ မနက် ၄ နာရီမှ ကုန်းရုန်းထ ပြီး တရားထထိုင်ဖြစ်တယ် ။ တရားစခန်းက ၂၄ မှ ဖွင့်မှာ လူတွေ သိပ်မရောက်သေးဘူးလေ ။ အာရုဏ်ဆွမ်း စား ပြီးတော့ ငိုက်တယ် ဆိုပြီး အိပ် သည်ပေါ့ (ခုချိန်ထိ တရားကို ကောင်းကောင်းမထိုင်သေးဘူး)

၂၄.၁၂.၂၀၁၁
လူတွေ တဖွဲဖွဲ ရောက်လာပြီ ဆိုတော့ ကိုယ်က နဲနဲလိမ်မာ ပြ ဖို့ လိုတာပေါ့နော့်... ဒီတော့ တရားလေး ဘာလေး ကောင်းကောင်းမှတ်ပြတာပေါ့ ..... မဟာစည် အခွဲ ခေါ်မလား ဘာခေါ်မလား မဟာစည် ဆိုတော့ မဟာစည် လုပ်နည်းပေါ့နော် တနာရီ စင်္ကြ လျှောက် တနာရီ တရားထိုင်ပေါ့ .... တရား ၁ နာရီ ထိုင်နိုင်ပေမယ့် (ကောင်းကောင်းထိုင်တဲ့အခါလဲ ထိုင်ပါတယ်) စင်္ကြ တော့ ၁ နာရီ အပြည့်မရဘူးရယ် ..... အများဆုံးရ နာရီဝက်ပဲ ဘာလို့မရလဲ သိလား တရား ၁ နာရီ ထိုင်ပြီးတော့ ပင်ပန်းတယ်ဆိုပြီး အခန်းထဲမှာ သွားလှဲနေတယ်လေ ဟိုလုပ် ဒီလုပ်ပေါ့

အစားအသောက် ကိစ ပြောပြမယ်
ပထမ တရက်က နေ့လည်စာ စားတော့ ဗိုက်တော့တင်းပါတယ်... ဒါနဲ့ ထပ်မထည့်ဖြစ်တော့ဘူး ညနေကျ ဗိုက်က ဆာရော ... ကိုယ်က တနာရီ တခါ Programme သွင်းထားသလား အောက်မေ့ရတယ် တနာရီ တခါ ဆာ တဲ့ဗိုက်လေ တခါစား နဲနဲ နဲ့ အကြိမ်ကြိမ်စားနေတဲ့လူများ ဒီတော့ တခါတည်းလဲ အများကြီး မသွင်းနိုင်ဘူးလေ .... ညနေကျ ဗိုက်ဆာတာပေါ့ .... ဒါနဲ့ ကိုကိုဦးဇင်း ပေးထားတဲ့ Coke ပုလင်းကြီးကို ဖွင့်ပြီး သောက်ရတာပေါ့
Coke ကိစ ပြောပြရဦးမယ် ကိုယ့်အခန်းက ၃ ယောက်ခန်းလေ ကိုယ့်အခန်းမှာ နိုင်ငံခြားသားအဖွားကြီး တယောက်ရှိတယ်.... ကိုယ်က တယောက်တည်း ကုတ်နေတော့ အဲအဲ ကုတ်သောက်နေတော့
“ အင်း... သူလဲ ဆာရှာမယ် သူက အသက်ကြီးပြီ ” ဆိုပြီး ကိုယ်သောက်တဲ့ ကုတ်ကို သူ့ကိုပါ တိုက်တယ်
အဖွားကြီးကလဲ “ ကျေးဇူးပါ” ပေါ့
အဲလို ၃ ရက်လောက်လဲ ဆက်တိုက် သူ့ကိုပါ တိုက်ပြီးရော နောက်နေ့ကျ
“ No coke ” ဆိုပြီး လက်ခါ ပြတယ်
သူ ချောင်းဆိုးနေလို့တဲ့ ဟားဟားးးးးးးးးးးးးးးး
ကိုယ်ကတော့ စေတနာနဲ့ သူကချောင်းဆိုးလို့တဲ့ အဲဒီနောက်ပိုင်း တဟွတ်ဟွတ်နဲ့ ချောင်းဆိုးတော့တာ အဖွားကြီး သနားပါတယ် ဟိဟိ ကိုယ့်ပရောဂ မကင်းဘူးရယ် ....

အော်... အစားအသောက်အကြောင်းပြောနေတာ
အစားသောက်တွေက ကောင်းပါတယ် ..... ကိုယ်က ထင်နေတာ
“ အန်တီ့အိမ် မပြန်ရတော့ ကောင်းကောင်း မစား ရတော့ဘူးလား ” ပေါ့ ဘယ်ဟုတ်မလဲ ဘုန်းကြီးကျောင်းက အစားအသောက်တွေက ပိုကောင်း (ရှူးတိုးတိုး အန်တီ မသိစေနဲ့)
ဘုန်းကြီးကျောင်းက ကျွေးတာ စားလိုက် တရားထိုင်တော့ ငိုက်လိုက် အိပ်လိုက်နဲ့လူလဲ ရိပ်သာက ထွက်တော့ ၂ ဆ ဖြစ်လာတယ်လေ ယုံတယ်မလား

၃၁.၁.၂၀၁၁ ကတော့ ကိုယ်တို့တွေ အလှူပေါ့ ... အန်တီက အာရုဏ်ရော နေ့ဆွမ်းကော ယူထားခဲ့တာလေ ... (အဲဒီ ဓာတ်ပုံတွေ facebook ပေါ်တင်မယ် ကင်မရာထဲမှာ ကွန်ပြူတာထဲ မရောက်သေးလို့) သိပ်တော့ မတင်ချင်ဘူး လူက ၂ ဆ လောက်ဖြစ်နေတော့ မလှလို့ (အစ က ကျ လှတာကျလို့)

ကဲ အကျဉ်းပဲပြောလိုက်တော့မယ်
၁.၁.၂၀၁၂ နေ့ကို ရောက်လာသည်ပေါ့ တရားမှတ်ရင်းနဲ့
အဲဒီနေ့က စုပေါင်းအလှူ ဆိုတော့ များလိုက်တဲ့လူတွေ ကိုယ်က လူများနေရင် မနေတတ်ဘူး လူတွေက များ ဟင်းတွေကလဲ များဆိုတော့ ဘာစားလို့စားရမယ်မှန်းတောင် မသိဘူးရယ် .... နေ့လည်စာစားပြီးတော့ ဘုန်းကြီးက တရားဟောတယ် ..... တချို့လူတွေကတော့ နေ့လည်စာ နေ့ဆွမ်းစားပြီး ထွက်တဲ့လူ ထွက်ပေါ့ နောက်ဆုံး ကိုယ်ရယ် အမ ကြီး ၅ ယောက်ရယ် ဦးဇင်းကိုကိုရယ်ပဲ ကျန်ခဲ့တော့တာပေါ့ ဒါနဲ့ ရိပ်သာကို သန့်ရှင်းရေးတွေလုပ် အမျိုးသား အိမ်သာ ရေချိုးခန်း အမျိုးသမီး အိမ်သာ ရေချိုးခန်း တရားထိုင်တဲ့နေရာတွေ ဖုန်စုန်စက်နဲ့ သန့်ရှင်း စ သည်ဖြင့်ပေါ့ ..... ကုသိုလ်လဲရတာပေါ့လေ ....... အဲဒီအချိန်မှာတော့ ကိုကိုဦးဇင်းက လူဝတ်လဲလိုက်ပြီ ဆိုတော့ ကိုယ်တို့ကိုလဲ ကူပေါ့လေ ...... နောက် ည ၈ နာရီလောက်ကျတော့ ဝေယျာဝစ္စလင်မယား ကို ကန်တော့ကြတယ် ဟုတ်တယ်လေ သူတို့ အကုန်လုံး စီစဉ်ပေးလို့ ကိုယ်တို့တွေ ကောင်းကောင်း အားထုတ်လို့ရတယ်လေ
“ ကျေးဇူးတင်ပါတယ် ” ဆိုပြီး ကန်တော့လိုက်ကြတယ်.... ပြီးတော့ နတ်ပင့် ဓမ္မစကြာ နဲ့ ပဌာန်း ရွတ်ပြီး နတ်ပြန်ပို့ အားလုံးပြီးတော့ အမျှဝေတယ်လေ .... ကိုယ်ကတော့ အမြဲပဲ ကိုယ့်ဖေဖေ ကို အမျှဝေပေးပါတယ် ....

ဒီလိုနဲ့ မနက်ကျတော့ အာရုဏ်ကို ကမန်းကတန်းစားကြတယ် ..... အန်တီတင်က အကုန်လုံးစီစဉ်ပေးထားတယ်လေ .... ပြီးတော့ မမတွေက မနက် ၆ နာရီ တက္ကစီခေါ်ထားပြီးတော့ ဘူတာကို ထွက်သွားကြလေရဲ့ ......

ကိုယ့် ticket က within 1 month အကျုံးဝင်တော့ ဘယ်အချိန် ပြန်ပြန် မှီရာရထား ကောက်စီးလို့ရတယ် ကိုကိုက ဝယ်ရမှာလေ ဒါနဲ့ကိုကိုက ညကတည်းက လက်မှတ်ကြည့်တော့ ၂၄ ပေါင်တန်ဆိုတာနဲ့ တန်လို့ဆိုပြီး လက်မှတ်ဖြတ်လိုက်တယ် ရထားက ၇ နာရီမှာ တက္ကစီကို ၆ ၁၅ ခေါ်ထားလိုက်ပေါ့ တက္ကစီက ရောက်မလာဘူး လိပ်စာ မှားနေလို့ဆိုပြီးတော့ ဒီတော့ ၇ နာရီ ရထား မမီတော့ဘူး နောက်တက္ကစီကို ဖုံးထပ်ဆက် ဘာနဲ့ညာနဲ့ ၂၄ ပေါင် ဆုံးပေါ့ ..... အဲဓီ အချိန် ရထားလက်မှတ်တွေ ကြည့်လိုက်တော့ ပေါင် ၆၀ တွေ ကျော်ကုန်ပြီ ဒါနဲ့ ကိုကိုက ကားနဲ့ပဲသွားတော့မယ် ဆိုပြီးပဲ လက်မှတ်ဖြတ်လိုက်တော့တယ် ကားနဲ့က ၃၆ ပေါင် ဒါပေမယ့် ၄ နာရီလောက်နဲ့ ရောက်ရမယ့် ခရီးကို ၈ နာရီလောက် စီးလိုက်ရတာပေါ့ ကိုကို သနားပါတယ် .....

ကိုယ်က ဖြောင်းဖြရတာပေါ့ “ အော် .... ကိုကိုရယ် လှူတယ်ပဲ သဘောထားလိုက်ပေါ့နော့် ” ဆိုပြီးတော့ ကိုယ်က ငွေတန်ဖိုးမသိလို့ မဟုတ်ပါဘူး သိပါတယ် ၂၄ ဆိုတော့ ခေါက်ဆွဲ ၅ ပွဲစားလို့ရတယ်လေ

ကိုယ် အိမ်ကို ပြန်ရောက်တဲ့အချိန်ထိ ကိုကိုက ကားပေါ်မှာ .....
အိမ်ကိုပြန်ရောက်တော့ အကြောင်းကြားသင့်တဲ့လူတွေဆီ ဖုံးဆက်ပေါ့လေ (အုပ်ထိန်းသူတွေကို ဆိုလိုတာ) ခရီးရောက်မဆိုက် ဆုံးမစကားအပြောခံလိုက်ရတော့ တော်တော့်တော့ အောင့်တယ် ..... (ဒကာမကြီး စိတ်လျှော့)

ကဲပါလေ စာလဲရှည်သွားပြီ .....
အဲဒါပါပဲ ပျော်ခဲ့ရပါတယ် ... ဓမ္မမိတ်ဆွေတွေနဲ့တွေ့ခဲ့ရတယ် သူတို့ facebook account တွေယူခဲ့တယ်ပေါ့.....
နှစ်သစ်မှာ အားလုံးပဲ စိတ်သစ်လူသစ်နဲ့ ပျော်ရွှင်နိုင်ကြပါစေ

သဗ္ဗေသတ္တာ
အဝေရာ ဟောန္တု
အဗျာပဇ္ဇာ ဟောန္တု
အနီဃာ ဟောန္တု
သုခီအတ္တာနံ ပရိဟရန္တု
ဒုက္ခာ မုစ္စန္တု
ယထာလဒ္ဓ သမ္ပတ္တိတော မာဝိဂစ္ဆန္တု
ကမ္မသကာ(အပိတ် နိဂုံး)


Wednesday, 18 August 2010

Brighton သို့ တခေါက်

18.08.10

visa သက်တမ်းတိုးဖို့အတွက် နောက်တခါ Border and Agency ကိုဒိုးရပြန်ပြီလေ ဒီတခါတော့ Glasgow မဟုတ်တော့ဘူးလေ Brighton ပေါ့ ဘာလို့လဲ ဆိုတော့ အန်တီတို့နေတဲ့ Isle of Wight ကျွန်းနဲ့က အဲဒီ Brighton ကပဲ နီးတာကိုးးး အရင်ကတော့ Edinburgh မှာနေတော့ နီးတဲ့ Glasgow ကို သွားရတာပေါ့

Glasgow အလည်တခေါက် မဖတ်ရသေးရင် ဒီမှာပါ (ကြော်ငြာတာ ကြော်ငြာတာ :P)

ခရီးစဉ်အစ Southampton Central ကနေ ရထားစ စီးသည်ပေါ့ ကိုကိုနဲ့တူတူပေါ့ ၁ နာရီ ၄၅ မိနစ်တောင်ကြာတယ် ရထားပေါ်မှာ အိပ်ပြီးလိုက်လာတာပေါ့ ဘာရမလဲ အချိန်ရှိခိုက်လုံ့လစိုက်ပေါ့ ဟဲဟဲ ဟိုရောက်တော့ ၁၂ ခွဲ ချိန်းထားတာက ၁ နာရီ ၄၀ အချိန်တွေ ပိုနေသေးတာနဲ့ မြို့ထဲ လျှောက်ပတ်ကြည့်ကြသည်ပေါ့ (ကင်မရာ မပါသွားသဖြင့် မှတ်တမ်းမတင်နိုင်ပါ ဖုံးကလဲ အရေးရယ် အကြောင်းရယ်ဆိုရင် မေ့ခဲ့တယ်လေ ဒီတော့ အဟီးးးးး သည်းခံပါရှန်)

၁ နာရီ ၁၅ လောက်ကျတော့ ချိန်းထားတဲ့နေရာကိုသွားတာပေါ့ အဲဒီမှာ ခဏထဲပါ လက်ဗွေနှိပ် ပြီးတော့ ဓာတ်ပုံရိုက် ပြီးတော့ ပြီးခဲ့တာပဲလေ ဒါနဲ့ မြို့ထဲ နောက်ထပ်တခေါက် ထပ်ပတ်ပြီးတော့ လိုချင်တာလေးတွေ ဝယ်ပေါ့Boots ဝင်ပြီးတော့ အလှပြင်ခဲ့သေးတယ် (တော်တော်လှတယ် ကိုယ့်ဟာကိုပြောသည် ဟိ) ပြီးတော့ ၅ နာရီကျော်ကျော်လောက်မှာ မောင်နှမ ၂ ယောက်Southampton ကိုပြန်လာခဲ့ကြတယ်

ဟဲဟဲ ကြွားတာက ခုမှ စ မှာနော် ဟီးးးး ကြွားတယ်လို့ပဲ မှတ်ပေါ့

H&M ဝင်ပြီးတော့ အင်္ကျီတွေရွေးတာပေါ့ သိတဲ့အတိုင်းရယ် ဟိုအဆင်လေးကြိုက်လိုက် မတော်လိုက် ဒီဟာလေးကြိုက်လိုက် မတော်လိုက်ပြန်နဲ့ ရွေးလိုက်ရတာ နောက်တော့ အင်္ကျီ ၂ ထည်ရလာခဲ့တယ် ဟီးးးးးး


ဒါလေးကိုတွေ့တော့ တော်တော်လေး သဘောကျတာ ဒါနဲ့ ဝတ်ကြည့်တာ ပထမ တထည်က မတော်ဘူး ရွေးတာပေါ့ အဲဒါနဲ့ လိုချင်တာရလာခဲ့တာ



နောက်တထည်လဲ ပထမတထည်နဲ့ဈေးတူတယ်


ဝက်လား ပိုက်ချံ တပြားမှ မကုန်ဘူးလေ မယုံမရှိနဲ့နော် အဲဒီ ၂ ထည်က ကိုကို ဝယ်ပေးတာ ငှဲငှဲ မိုက်တယ်နော် ပြီးတော့ တရုတ်ဆိုင်ဝင်ပြီးတော့ မုန့်စားကြသည် ဒါလဲ ကိုကိုပဲ ရှင်းတာပေါ့ ဟက် သူ့ညီမလေး ပိန်မှာစိုးလို့တဲ့ ဟိ


ဟီးးး ဒီပို့စ်လေးကို ကြွားပို့စ်လို့ပဲ သတ်မှတ်လိုက်ပါနော် ဟဲဟဲ


အဟုတ်တကယ် ဒီနေ့ ပိုက်ဆံမကုန်ဘူး ရထားလက်မှတ်က ဦးလေးက ဝယ်ပေးတာ အင်္ကျီ ဖိုးက ကိုကိုက ဝယ်ပေးတာ ငွားငွားးးးးးး


ရွှေဝက်တို့ ကောင်းစားသည်ပေါ့ မယုံမရှိနဲ့နော် မယုံရင် blog လို့မှတ်လိုက် ဟားဟားးးးးးးးးးးးးး


ပြိုင်းတယ်နော် လမ်းလျှောက်ရတာ အိပ်ပြီဗျိုးးးးးးးးးး အားလုံး တာ့တာ ဂွတ်ည..........



ဒါ ဘူတူ့ပုံလဲ ဟဲဟဲ မှန်အောင်ဖြေပါ (ခရီးသွားတုံးက ရိုက်ထားတာ )

P.S. camera ပျက်နေပါသောကြောင့် ဖုံးနဲ့ရိုက်ထားတာဖြစ်ပါတယ် ဝါးနေပါက သည်းခံပါရန်။ ။ ။


Wednesday, 21 October 2009

Glasgow သို့ တခေါက်

၂၀.၁၀.၀၉
Glasgow ကိုသွားလည်တယ်လို့တော့ မထင်လိုက်နဲ့နော် မသွားမဖြစ်လို့သာ သွားရတာ သွားချင်တာမဟုတ်ဘူး တခါတခါသွားရင် ပိုက်ဆံကုန်တာကိုး ဒီတော့ သွားချင်ဖူးရယ် အဟီးးးး ဘာသွားလုပ်တာလဲ ဟုတ်လား မေးမှမေးရက်တယ် visa ကိစ္စလေ သက်တမ်းသွားတိုးတာ လက်ဗွေနှိပ် ဓာတ်ပုံရိုက်ပေါ့လေ ဒီမှာ မရှိလို့ အနီးဆုံးရှိတဲ့ Border Agency ကို ဒိုးရတာပေါ့
Physics ထဲမှာ သင်ရသလိုပဲ energy သုံးမှ အလုပ်ပြီးမြောက်တယ်တဲ့ ကဲ နဲနဲလေးပြင်ချင်တယ်နော့် ပိုက်ဆံကုန်မှာ အလုပ်ပြီးမြောက်တယ်လို့ ဟက်
ဟုတ်တယ် ကုန်တယ် ပြောရင်လဲ ညည်းတယ် ဖြစ်ဦးမယ် နဲနဲတော့ ပြောမယ်နော် အကုန်တော့မပြောဘူး ဟိဟိ Bus car ခက အသွားအပြန် return ticket ဝယ်တယ်လေ ၈ ပေါင်နဲ့ ၉၀ ပေးရတယ် တွေ့လား စ ရွေ့လိုက်တာနဲ့ ကုန်ပေါက်ပဲလေ

ခရီးစဉ် စ ပါပြီ
ချိန်းထားတာက ၁ နာရီ ငါ ရှာရဦးမှာ ရထားစီးရမှာ ဘာညာနဲ့ တွက်ပြီးတော့ ၇နာရီ ၁၅ လောက်အိမ်က ထွက်သွားလိုက်တယ် ကားဂိတ်ရောက်တော့ ၇နာရီခွဲ Glasgow သွားမယ့်လက်မှတ်ဝယ်ပြီး ကားထွက်တော့ ၇နာရီ ၄၅ ဟိုကိုရောက်ဖို့ ၁ နာရီ ၂၀ မိနစ်ကားမောင်းတယ် ကားပေါ်မှာ ဘုရားစာရွတ် ဟိုတွေးဒီတွေးနဲ့ ခဏနေတော့ အိပ်ငိုက်လာရော မငိုက်ပဲနေမလား မနက်အစောကြီးထ ရတာကိုး ဒါနဲ့ အိပ်ပျော်သွားပါရောပေါ့ ဟိဟိ စိတ်မပူပါနဲ့ Glasgow မရောက်ခင်နိုးပါတယ် ဟီးးးး
အဲဒီ Glasgow ကားဂိတ်ကနေ ဘူတာရုံကို လမ်းလျှောက် (ဟိုမေးဒီစမ်းပေါ့လေ သိတယ်မလား ပါးစပ်ပါရင် ရွာရောက်တယ်လေ) ဘူတာရုံရောက်တော့ လက်မှတ်ဝယ်
တောသူမအကြောင်း ပြောပြမယ် ဟီးးး ရီချင်လိုက်တာ ကိုယ့်ဟာကိုလဲ
ကိုယ်က ဘယ်သိမှာလဲ ရထားလက်မှတ်က ရထားပေါ်မှာ လိုက်စစ်မယ် မှတ်တာကိုး ဂိတ်ပေါက်ဝလဲ ဖြတ်ရော သွားလို့မရဘူး ဟိုးအတန်းကြီးက တားထားတယ် (ရထားစီးတဲ့လူတွေသိမှာပါ) အယ် ဆက်တိုးလို့မရဘူး ငါ့ဘာလို့တားလဲ တိုးတယ် မရဘူး အင် ဘာများမှားသလဲပေါ့ နောက်ဘေးနားက တယောက်ကလက်မှတ်လေးကို ထည့်ပြီး ဟိုဘက်ကနေ ပြန်ထွက်လာတော့မှ အော် ဒီလိုလုပ်ရပါလား ဆိုပြီး အဲလိုလုပ်မှ အတန်းလေး ဖွင့်ပေးတယ် ဟားဟားးးး ရီလိုက်ရတာ အော် တောသူမရယ် ဒါတောင်မသိဘူးလား ဆိုပြီး ဘယ်သိမှာလဲလို့ တခါမှ ရထားမှ မစီးဖူးတာကိုး

ဒါနဲ့ သွားရမယ့် Cessnock ဘူတာကို ရောက်ဖို့ outer circle ကိုစီးရတယ် တဲ့ စီးလာလိုက်တယ်



Cessnock ဘူတာပေါ့

Cessnock ဘူတာကိုရောက်တော့ ၉နာရီ ခွဲ ဒါနဲ့ Border Agency ကိုလိုက်ရှာတယ် မြေပုံတရွက်ရယ် ဟိုလူ့မေး ဒီလူ့မေးနဲ့ ရှာလိုက်တာ တွေ့ပါပြီ ဒါနဲ့ သွားတာပေါ့ ငါ appointment လုပ်ထားလို့ ၁ နာရီ ဆိုတော့ ဟာ စောနေတယ် နင် ၁၂ လောက်မှ ပြန်လာခဲ့ ဆိုတာနဲ့ ဟိုနား ဒီနားလျှောက်သွားပြီး အချိန်ဖြုန်းနေလိုက်တယ် သိပ်ဝေးဝေး လံလံလဲမသွားရဘူး တော်နေ လမ်းပျောက်သွားရင် ဂွိ နေမှာစိုးလို့
ရာသီဥတုက အေးတာကိုး ဒါနဲ့ ရှူးရှူးပေါက်ချင်လာရော public toilet လိုက်ရှာတယ် မရှိဘူး ဒွက်ခ ဆိုင်တဆိုင်ဝင်ပြီးမေးတော့ ဒီနားမှာမရှိဘူး တဲ့ ဟိုးးးထောင့်နားမှာ ကော်ဖီဆိုင်ရှိတယ် အဲဒီမှာ သွားလို့တော့ရတယ် ဒါပေမယ့် နင် သူတို့ဆီက ကော်ဖီ ဝယ်သောက်ရမယ် တဲ့ မတတ်နိုင်ဘူးလေ ဝယ် ဆိုလဲဝယ်တာပေါ့ ဆိုင်ထဲဝင်ပြီးတော့ ကြည့်တယ် ဘာရမလဲပေါ့ ကော်ဖီတော့ ကိုယ်က မကြိုက်တော့ မသောက်ချင်ဘူး ဒါနဲ့ Hot chocolate ရတယ်ဆိုတာနဲ့ ဝယ်သောက်ပြီး အိမ်သာထဲဝင်လိုက်ရတယ် ဟီးးးး

အချိန်လဲဖြုန်းပြီးသွားတော့ ၁၂ လောက်ကျတော့ Border Agency ကိုသွားတာပေါ့ ဟိုရောက်တော့ လက်ဗွေနှိပ် ဓာတ်ပုံရိုက်ပြီး ပြန်လာရတာပါပဲ
အပြန်မှာ ဇာတ်လမ်း စ ပြီလေ ကိုယ့်ဟာကိုယ်လဲသိတယ် အသွားတော့ လမ်းမှားမှာမဟုတ်ဘူး စိတ်ဆောင်နေတာဆိုတော့ လေ အပြန်ကျတော့ အကုန်လုံးလဲ ပြီးပြီဆိုပြီး အေးဆေး စိတ်ကိုလဲလွှတ်ပြီး လုပ်ချင်တာလုပ်တာလေ ရထားပြန်စီးတော့ အင်း ငါ outer circle စီးရမှာပဲဆိုပြီး မြေပုံလဲကြည့်လိုက်ရော အင် Buchanan street လဲမပါ ပါ့လားဆိုပြီး ဟိုဘက် inner circle ကိုကြည့်လိုက်တော့ဟိဟိ Buchanan street ဆိုမှ inner circle ကိုပြန်စီးခဲ့တယ် သိမှမသိဘဲကို သူတို့လဲ ဘတ်စ်ကားတွေလိုပဲနော် အသွားကျရင် ဒီဘက် အပြန်ကျတော့ ဟိုဘက်နော် ဟားဟားးးးး



inner circle တွေ outer circle တွေ နဲ့ရှုပ်နေတာပဲ ဟွင်းးး

နောက်ရှိသေးတယ် လမ်းတွေ မှားကုန်တာလေ ဘူတာရုံက ထွက်ပြီးတော့ ကားဂိတ်ကိုပြန်မရောက်တော့ဘူး ဒါနဲ့မဖြစ်ချေတော့ဘူး ဆိုပြီး မြေပုံထုတ် တွေ့တဲ့လူကို ဘယ်လိုသွားရလဲ လိုက်မေး လူကြီးတယောက်က တော်တော်သဘောကောင်းတယ်သိလား သူ့ကိုပြောတာပေါ့ ငါ ဘတ်စ်ကားဂိတ် သွားချင်တယ် ဆိုပြီး မြေပုံပြတော့ (အဲဒီမြေပုံက ဘတ်စ်ကား ဂိတ်ကနေယူလာတဲ့ Glasgow မြေပုံလေ) သူက ငါတို့ ဒီနားကို ရောက်နေတာ တွေ့လား မြေပုံကို ဒီလိုကိုင် ဒီလိုမကိုင်နဲ့ လို့လဲပြောတယ် ဟီးးးး ဟိုမှာ church ကျောင်းတွေ့လား ဟိုးမှာမြင်နေရတဲ့ ဆိုင်းဘုတ် အပြာရောင်တွေ့လား အဲဒီကိုရောက်ရင် ဘယ်ကွေ့ အဲဒါဆိုရင် ရောက်ပြီတဲ့ သေချာရှင်းပြပေးတယ် ကျေးဇူးလို့ ပြောတော့ ကံကောင်းပါစေ ဆိုပြီး ထွက်သွားတယ်
ဘာရမလဲ သူပြောတဲ့ church ပုံလဲ ဓာတ်ပုံရိုက်လာခဲ့တယ် ဆိုင်းဘုတ် အပြာကြီးလဲ ဓာတ်ပုံရိုက်လာခဲ့တယ်






လူကြီးပြောတဲ့ church ကျောင်းနဲ့ ဆိုင်းဘုတ် အပြာလေ

သူပြောတဲ့ ဆိုင်းဘုတ် အပြာရောင်ကိုရောက်ပြီး ဘယ်လဲကွေ့ပြီးရော အမလေး များလိုက်တဲ့လူတွေ ရှုပ်ရှက်ကိုခတ်နေတာပဲ လူလဲ ဘယ်ကိုကွေ့လို့ ကွေ့ရမယ်မှန်းမသိတော့ဘူး မထူးဘူး မေးမယ် ဆိုပြီး အလှူခံနေတဲ့ အဘိုးကြီး ၂ ယောက်ကိုမေးတယ် သူတို့က ပြောပြတယ် အလှူထည့်ခဲ့တယ် သူတို့ကိုလဲဓာတ်ပုံရိုက်ခဲ့တယ် အဘိုးကြီးတွေက ပြုံးလို့ အဟီးးး အားကြီးချစ်ဖို့ကောင်းတယ်





အလှူခံအဘိုးကြီး ၂ ယောက်ပေါ့

လျှောက် လျှောက် ရောက်အောင်လျှောက် ဝေးးးး Buchanan Bus station ကိုတွေ့ပြီကွ အဲဒီတော့မှပဲ ဝမ်းသာသွားတယ် ငါ ပြန်ရောက်ပြီဆိုပြီး ဓာတ်ပုံတွေလဲ မလွတ်တမ်းရိုက်ခဲ့လိုက်တယ်




ဒါကတော့ bus car ဂိတ်



ဒီပုံကတော့ Buchanan ကားဂိတ်ထဲက



ဟဲ့ဖယ်လေ ငါ ဒီမှာ ဓာတ်ပုံရိုက်နေတယ် အယ် ကိုယ်တော်က ပို့စ်တောင် ပေးလိုက်သေးတယ် ဟားဟားးးး(တကယ်တော့ အဲလိုဖယ်ပါ မပြောဖြစ်ပါဘူး ဒါပေမယ့် သိရမှာပေါ့လို့ ဒီမှာ သူများက ဓာတ်ပုံရိုက်နေတဲ့ဟာကို အလိုက်ကန်းဆိုးကို မသိတဲ့ဟာကြီး) ဘတ်စ်ကား ဂိတ်မျက်နှာချင်းဆိုင်က နာရီပေါ့



Holloween နီးပြီလေ ဒါကြောင့် ဒီလိုပြင်ထားတယ်



ဝင်ဝယ်တယ်လို့ထင်နဲ့နော် (မထင်မှန်းလဲသိပါတယ်) အပြင်ကနေပဲ ဓာတ်ပုံရိုက်ခဲ့တာ ဟားဟားးးးး



အဲဒါကြီးရှေ့မှာ ဓာတ်ပုံရိုက်ထားသေးတယ် ကိုယ့်ပုံပါနေတော့ တင်တော့ဘူးရယ် ဟီးးးးး (မလှလို့)

ဒီလိုနဲ့ အိမ်ကိုပြန်ရောက်ခဲ့ပါတယ်

လတ်တလော အခြေအနေ : ခြေထောက်နာနေပါတယ် နာနေရင်းတန်းလန်း နဲ့ပဲ ဒီနေ့ အိမ်သွားရှာလိုက်သေးတယ် အိမ်ရှင်နဲ့လဲသွားတွေ့လိုက်ပါသေးတယ် ဟီးးး ခြေထောက်က တော်တော် နာတာပဲ မနေ့ကလေ တချိန်လုံးခြေထောက်ကိုကွေးထားရတာကိုး ဒါကြောင့် ဒါကြောင့်
ခြေထောက်နာနေသောကြောင့် ဝက် တကောင်မသောင်းကျန်းနိုင်ပါ ဟားဟားးးးးးး