visa သက်တမ်းတိုးဖို့အတွက် နောက်တခါ Border and Agency ကိုဒိုးရပြန်ပြီလေ ဒီတခါတော့ Glasgow မဟုတ်တော့ဘူးလေ Brighton ပေါ့ ဘာလို့လဲ ဆိုတော့ အန်တီတို့နေတဲ့ Isle of Wight ကျွန်းနဲ့က အဲဒီ Brighton ကပဲ နီးတာကိုးးး အရင်ကတော့ Edinburgh မှာနေတော့ နီးတဲ့ Glasgow ကို သွားရတာပေါ့
Glasgow အလည်တခေါက် မဖတ်ရသေးရင် ဒီမှာပါ (ကြော်ငြာတာ ကြော်ငြာတာ :P)
ခရီးစဉ်အစ Southampton Central ကနေ ရထားစ စီးသည်ပေါ့ ကိုကိုနဲ့တူတူပေါ့ ၁ နာရီ ၄၅ မိနစ်တောင်ကြာတယ် ရထားပေါ်မှာ အိပ်ပြီးလိုက်လာတာပေါ့ ဘာရမလဲ အချိန်ရှိခိုက်လုံ့လစိုက်ပေါ့ ဟဲဟဲ ဟိုရောက်တော့ ၁၂ ခွဲ ချိန်းထားတာက ၁ နာရီ ၄၀ အချိန်တွေ ပိုနေသေးတာနဲ့ မြို့ထဲ လျှောက်ပတ်ကြည့်ကြသည်ပေါ့ (ကင်မရာ မပါသွားသဖြင့် မှတ်တမ်းမတင်နိုင်ပါ ဖုံးကလဲ အရေးရယ် အကြောင်းရယ်ဆိုရင် မေ့ခဲ့တယ်လေ ဒီတော့ အဟီးးးးး သည်းခံပါရှန်)
၁ နာရီ ၁၅ လောက်ကျတော့ ချိန်းထားတဲ့နေရာကိုသွားတာပေါ့ အဲဒီမှာ ခဏထဲပါ လက်ဗွေနှိပ် ပြီးတော့ ဓာတ်ပုံရိုက် ပြီးတော့ ပြီးခဲ့တာပဲလေ ဒါနဲ့ မြို့ထဲ နောက်ထပ်တခေါက် ထပ်ပတ်ပြီးတော့ လိုချင်တာလေးတွေ ဝယ်ပေါ့Boots ဝင်ပြီးတော့ အလှပြင်ခဲ့သေးတယ် (တော်တော်လှတယ် ကိုယ့်ဟာကိုပြောသည် ဟိ) ပြီးတော့ ၅ နာရီကျော်ကျော်လောက်မှာ မောင်နှမ ၂ ယောက်Southampton ကိုပြန်လာခဲ့ကြတယ်
ဟဲဟဲ ကြွားတာက ခုမှ စ မှာနော် ဟီးးးး ကြွားတယ်လို့ပဲ မှတ်ပေါ့
H&M ဝင်ပြီးတော့ အင်္ကျီတွေရွေးတာပေါ့ သိတဲ့အတိုင်းရယ် ဟိုအဆင်လေးကြိုက်လိုက် မတော်လိုက် ဒီဟာလေးကြိုက်လိုက် မတော်လိုက်ပြန်နဲ့ ရွေးလိုက်ရတာ နောက်တော့ အင်္ကျီ ၂ ထည်ရလာခဲ့တယ် ဟီးးးးးး
ဒါလေးကိုတွေ့တော့ တော်တော်လေး သဘောကျတာ ဒါနဲ့ ဝတ်ကြည့်တာ ပထမ တထည်က မတော်ဘူး ရွေးတာပေါ့ အဲဒါနဲ့ လိုချင်တာရလာခဲ့တာ
နောက်တထည်လဲ ပထမတထည်နဲ့ဈေးတူတယ်
ဝက်လား ပိုက်ချံ တပြားမှ မကုန်ဘူးလေ မယုံမရှိနဲ့နော် အဲဒီ ၂ ထည်က ကိုကို ဝယ်ပေးတာ ငှဲငှဲ မိုက်တယ်နော် ပြီးတော့ တရုတ်ဆိုင်ဝင်ပြီးတော့ မုန့်စားကြသည် ဒါလဲ ကိုကိုပဲ ရှင်းတာပေါ့ ဟက် သူ့ညီမလေး ပိန်မှာစိုးလို့တဲ့ ဟိ
ဟီးးး ဒီပို့စ်လေးကို ကြွားပို့စ်လို့ပဲ သတ်မှတ်လိုက်ပါနော် ဟဲဟဲ
အဟုတ်တကယ် ဒီနေ့ ပိုက်ဆံမကုန်ဘူး ရထားလက်မှတ်က ဦးလေးက ဝယ်ပေးတာ အင်္ကျီ ဖိုးက ကိုကိုက ဝယ်ပေးတာ ငွားငွားးးးးးး
ရွှေဝက်တို့ ကောင်းစားသည်ပေါ့ မယုံမရှိနဲ့နော် မယုံရင် blog လို့မှတ်လိုက် ဟားဟားးးးးးးးးးးးးး
ပြိုင်းတယ်နော် လမ်းလျှောက်ရတာ အိပ်ပြီဗျိုးးးးးးးးးး အားလုံး တာ့တာ ဂွတ်ည..........

ဒါ ဘူတူ့ပုံလဲ ဟဲဟဲ မှန်အောင်ဖြေပါ (ခရီးသွားတုံးက ရိုက်ထားတာ )
P.S. camera ပျက်နေပါသောကြောင့် ဖုံးနဲ့ရိုက်ထားတာဖြစ်ပါတယ် ဝါးနေပါက သည်းခံပါရန်။ ။ ။



16 comments:
ဝယ်လာတဲ့ အင်္ကျီတွေက XXXXXXXXL ပဲ ဖြစ်ရမယ်။ ( ဒါမှ မဟုတ် အင်ဖနတီ XL ပဲ ဖြစ်မယ်။ ) ဒါတောင်မှ ပထမချုပ်ရိုးကို ဖြေပြီးတော့ ဝတ်ရမှာ ထင်တယ် :P
ဘယ်သူပုံလဲ ဆိုတော့...
ကိုကိုနဲ့ နှစ်ယောက် သွားတာ ဆိုတော့...
ဟိုဘက်က ယောက်ျားလေးက ကိုကိုပေါ့။
ဒါဆို ဒီဘက်က ဖြူဖြူနဲ့ ဝက်ဝံလေးပေါ့ ဟားဟားဟား။ ဝက်ဝံလေးကို အသားမည်းမယ် ထင်နေတာ အခုလိုတော့လည်း ဖြူဖွေးနေပါလား :P
မနက်ကပဲ မမိုးငွေ့ရဲ့ ချစ်သူလက်ဆောင်တွေ သွားငမ်းလာသေးတယ်..။
အခုလည်း ဝက်ဝံလေးရဲ့ အကိုဝယ်ပေးတဲ့ လက်ဆောင်လေးတွေ ထပ်လာငမ်းတာ...။
အင်္ကျီလေးတွေကို ကြည့်တာနဲ့ ဝက်ဝံလေးရဲ့ပုံ ထွက်နေတယ်..၊ အရမ်းဝယ်တတ်တာပဲ..။
ကြွားတာကိုဘဲ သီးခံဖတ်သွားပါတယ်...
ဝက်ကလေးတောင် ကြွားတတ်နေပြီကိုး
လှနေတယ်ဆိုလို့ ကြားရတာ ၀မ်းသာပါတယ်..
ကြွားမှန်းသိသိကြီးနဲ့ မသိချင်ယောင်ဆောင်သွားတယ်..
ချစ်သူ့လက်ဆောင်ရော....လက်ဆောင်ရော
ငေးကြည့်သွားတယ်...။ငေးရုံပါပဲ.......
ဓါတ်ပုံထဲကပုံကပုံက ၀က်ဝံကိုကိုမလားဟေ့...
ခင်တဲ့
သဒ္ဓါ
ဝက်က အလှတောင် ပြင်တတ်နေပြီဆိုပါတော့ ဟုတ်လား
အင်း လှမှာပါ လှမှာပါ
ပုံထဲမှာတောင် သိပ်လှနေပြီဆိုမှတော့..
အပြင်မှာတော့ မပြောတော့ပါဘူး..
စာများများရေးရအောင် ခရီးများများသွားနော်..
အင်္ကျီတွေက သေးမနေဘူးလား :-)
မြေးအကျီင်္တွေက ဖွားစောင်ခြုံအိပ်လို့ရတယ်။:-)
မြေးတောင် တော်တော်ထွားနေပြီပဲ။
အဒူပုံလဲဆိုလို့ သေချာကြည့်တာ
ကိုကိုနဲ့မြေးပဲဖစ်မှာပေါ့။:-)
ခင်တဲ့
ဖွားငယ်
ကိုဇော်တော့ နာတော့မယ် ဘာာာာ XXL လဲ အဟုတ်ဘူး များကိုများနော် တေမယ် ဟွင့် ဝက်ပါဆိုနေ့ ဘယ့်နှယ့် ဖြူဖြူဖွေးဖွေး ခွေးဖြစ်သွားရတာဒုံးး)
အရမ်းဝယ်တတ်တယ်လို့ပြောတဲ့ မမနတ်သမီး ကျေးဇူး အာဘွားးးးးး
ပါးပါးရေ ပါးပါးရဲ့ အီးးးဟီးးး ခုမှ လာတယ် ကျန်းးး သမီးလေးကို ပစ်ထားတယ် ဗြဲ
မှန်တယ် မသဒ္ဓါ အဲဒါ ကိုကို့ပုံ
ဒေါ်ရွှေချောရယ် ဝက်က နဂိုထည်းက လှပြီးသားပါ နဂိုရှိမှ နဂိုင်းထွက်တာ သိတယ်မလား ဟက်ဟက်
အောင်မာ ကိုနွေဆူး အင်္ကျီတွေကအတော်ပဲ ဘာမှမသေးဘူး ဟွင့်
ဖွား အစုတ်ပလုပ် ဘာာာ ကိုကိုနဲ့မြေးလဲ မြေးပုံတပုံမှ မပါဘူး ဟွန့်
ပထမကြွားတဲ့အကျီ င်္လေးကလှသားပဲ။ ဒုတိယအကျီ င်္ကတော့ တရုတ်အကျီ င်္လိုလို ဘာလိုလိုပဲ ၀က်ဝတ်မယ် ဆိုရင် မှန်သေချာကြည့်အုံးနော်း)))
ကိုကိုက ကျောပေးနေပါလား ၀က်ရဲ့းP
ခေါင်းမူးတွားတယ်။
ဆလူးနော်.. ဒီလိုသာ သုံးနေရင် ဒယ်ဒယ် လျှာထွက်လိမ့်မယ်
ဝက်တို့ ကံကောင်းချက်ကတော့ မစမဲ့သူတွေ တန်းစီနေတော့တာဘဲ။း)
ဓာတ်ပုံထဲကလူက နောက်ကကြည့်ရတာ ကျုပ်ယောက္ဖနဲ့ ခပ်ဆင်ဆင်ပဲ..။ :P
ငှက်ရဲ့ အစ်ကိုဖြစ်နေပါက ဘွာတေး (၁၀၀၀၀၀)
ဝက်တကောင်၏ ခံစားချက်
http://chenaddy.blogspot.com/2010/08/blog-post_16.html
he he, just kidding :)
ဝက်ဝံလေးတို့ကတော့
ဒီအကိုတစ်ယောက်ရထားတာတယ်မိုက်ပါလား
ကြည့်စမ်းလှလိုက်တဲ့အင်္ကျီ..
ကောင်းပါလေ့
အပေါ်အကျီလေးကိုပိုကြိုက်တယ်
အင်္ကျင်္ီလေးတွေကလှရုံတင်မက
ကြယ်လေးတွေတောင်တလက်လက်တောက်လို့
ဒါဝက်လက်ချက်နေမယ်
:D
အပေါ်က အကျားလေးက ပိုလှတယ်။ နောက်ဆုံးပုံက ၀က်ကလေးရဲ့ ကိုကိုပေါ့ ... နော့လေ ...
Post a Comment