Wednesday, 11 August 2010

waitress ဝက်

နွေရာသီကျောင်းပိတ်ရက် အန်တီတို့ အိမ်မှာပဲလေ ကျောင်းက ၂ လကြီးများတောင် ပိတ်တာဆိုတော့ လူလဲ ပျင်းလာတာနဲ့ အလုပ်လုပ်မလား ဆိုပြီး လိုက်လျှောက်တာပေါ့လေ ဖြစ်ချင်တော့ ဒီမှာက ဂျူလိုင် ၃၁ က နေ သြဂုတ် ၈ ရက်လောက်ထိ Cowes Week ပွဲတော်ရှိတယ်လေ ရွှက်လေပြိုင်ပွဲ ဘာညာပေါ့ သိပ်ကြီးလဲမဟုတ်ပါဘူး ဒါပေမယ့် ကျွန်းလေးဆိုတော့ လာလည်တဲ့လူတွေနဲ့ လူစည်တယ်လေ ဒါကြောင့် ဒီအချိန်လောက်ဆိုရင်တော့ အလုပ်ပေါပါတယ် Isle of Wight ကျွန်းလေးလေ သိတယ်မလား ရေလက်ကြားလေးပေါ့ Mainland ကိုသွားချင်ရင် Red funnel တို့ Red jet စီးရတယ် အဲဒီချိန်လောက်မှပဲ ဆိုင်တွေ ဘာတွေက ရောင်းရရှာတာကိုးးးး



waitress လိုတယ်ဆိုလို့ လျှောက်လိုက်တာပေါ့ ကိုယ့်ရဲ့ CV form တွေနဲ့ ဒီလိုနဲ့နေလာတာ ဘာမှလဲမဆက်သွယ်ဘူး ဒါနဲ့ ပဲ နောက်ထပ်အလုပ်တွေ ထပ်လျှောက်တာပေါ့ ဟုတ်တယ်လေ အိမ်မှာ နေရမှာ အလကား ပျင်းစရာကြီးနော့် အလကား ဝိတ်တက်တာပဲ အဖတ်တာပေါ့ ဒါနဲ့ တနေ့ ဖုံးဆက်တယ် Northwood House ကပါ အင်္ဂါနေ့ မနက် ၁၁ လောက် အရောက်လာခဲ့ပေးပါ တဲ့ အင်္ကျီ အမည်းနဲ့ ဘောင်းဘီ အမည်းဝတ်ခဲ့ပါ တဲ့ ရွေ နိပ်ဟ အင်တာဗျူးကိုတော့ အဲလိုဝတ်ခိုင်းမယ်မထင်ဘူး ဒါနဲ့ သွားပြီပေါ့


ဟိုရောက်တော့ တန်းပြီးတော့ ဘာမှမဗျူးဘူးနော် Bar မှာနေမလား kitchen မှာနေမလားတဲ့ ရတယ် ကြိုက်တဲ့နေရာထားပေါ့ ပြန်ဖြေလိုက်တယ် ဒါနဲ့ ဒီနေ့အလုပ်ဆင်းမလား နောက်နေ့မှလား တဲ့ ကိုယ်ကလဲ သိပ်အလုပ်လုပ်ချင်တယ်ဆိုတော့ ရပါတယ် ဒီနေ့ပဲပေါ့ ဆိုပြီး စ ပြီးဆင်းခဲ့ရတယ် ဟိ (ဒီလောက် ကောင်းတဲ့အလုပ် ဘယ်မှာမှ ရှာမရဘူးနော် ဟဲဟဲ) ဒါနဲ့ ၃ နာရီလောက်ကျတော့ ပြန်ခိုင်းတယ် အဝင်အထွက် စာရင်းမှတ်ခိုင်းတယ် ကိုယ့်ကို training ပေးတဲ့တယောက်ရှိတယ် သူက အကုန်သင်ပေးတယ်

စနေနေ့လာခဲ့ပါလို့ ပြောပြီး ပြန်လွှတ်လိုက်တယ် ဒီလိုနဲ့ အလုပ်ရခဲ့ပါသည် ဒန်တန်တန်

ဘာတွေလုပ်ရလဲဆိုတော့ ကိုယ်က မီးဖိုချောင်မှာနေတာဆိုတော့ ပန်းကန်ဆေး ပန်ကန်သုတ်ပေါ့ ဆေးတာ washing machine ရှိတယ်လေ အဲဒီထဲကို ပန်းကန်တွေထည့် ထွက်လာတဲ့ပန်းကန်တွေကို vinegar+water ရောထားတာနဲ့ ဖျန်းပြီးတော့သုတ်ရတယ် ပြီးတော့ service ပေးရတယ် service လို့ စားဖိုမှူးက အော်ခေါ်ရင် လုပ်တဲ့အလုပ်တွေကို ပစ်ပြီးတော့ ဗန်းကိုင်ပြီး သူ့ဆီသွားရတယ် service က first priority လေ ပထမဦးစားပေးပေါ့ စားဖိုမှူးက ဘယ်စားပွဲ နံပါတ်လို့ ပြောပြီးတော့ ပို့ခိုင်းတယ်


အဲဒီ စားပွဲကတော့ အစားအသောက် ဗန်းတွေ ချတဲ့စားပွဲ ပြီးတော့မှ ဝိတ်တာ တွေက ဟိုးအထဲ ကို သယ်သွားတာလေ ကိုယ်တို့က experience မရှိသေးတော့ ဧည့်သည်တွေ ဧည့်ခံလို့မရသေးဘူး ဒီတော့ မီးဖိုချောင်ကနေ အစားအစာ သယ်လာ အဲဒီလောက်ပဲပေါ့ လူက ပွဲတော်ရက်ဆိုတော့ တော်တော်စည်တယ် ဘယ်လိုမှ လက်မလည်ဘူး service တယောက်က ပေးနေတုံးရှိသေးတယ် နောက်ထပ်ခေါ်ပြန်ပြီ ဟိုက် ပြေးရပြန်ပြီ ဒီကြားထဲ စားဖိုမှူးရဲ့လက်ထောက် အရှည်ကြီး (အရပ်ကြီးကတော်တော်ရှည်ပါတယ်) နဲ့ ထုပ်ဆီးထိုးလိုက်သေးတယ် ဟိ သူက ဘယ်ရှောင်ကိုယ်ကလဲ ဘယ်လိုက်ရှောင် သူက ညာကပ်တော့ကိုယ်ကလိုက်ကပ်ပေးတယ် ရယ်လိုက်ရသေးတယ် ဟဟ ကိုယ်က ပြေးသွားတော့ စားဖိုမှူးက မပြေးနဲ့ တယောက်ယောက်ဓားကိုင်လာရင် ထိုးမိမယ် တဲ့ ဒါနဲ့ ဟုတ်ကဲ့ ဆိုပြီးတော့ မပြေးဘဲ ခပ်မြန်မြန် သွက်သွက်လေး လျှောက်တာပေါ့ မနက် ၁၁ လောက်ကနေ စ ကျတဲ့ လူက ၂ နာရီလောက်မှ စဲသွားတာ ပြီးတော့ ညနေကျတော့ ၆ နာရီလောက်ကနေ စ ကျပြီးတော့ ည ၁၁ ခွဲတောင် မပြီးချင်သေးဘူး ၂ ရက် night လုပ်ရတယ် အားဘားးးဘားးးး ၁၁ ခွဲလောက်မှ မပြီးချင်ပြီးချင် ဒါတောင် ဆေးစရာ သုတ်စရာတွေ ကျန်သေးတယ် မန်နေဂျာက ပြန်တော့ နောက်နေ့မှ ဆက်လုပ်ကြဆိုလို့ ပြီးလာတာ


မနက် ၉ နာရီလောက် အလုပ်စ လုပ်ရတယ် restaurant ခန်းကို hoover တိုက်ရတယ် ပြီးတော့ ခွက်တွေ ချရတယ် ခက်ရင်း ဇွန်း ဘယ်လို စီတယ်ဆိုတာ သင်ပေးတယ် white wine glass က ဘယ်နားထားရတယ် red wine glass က ဘယ်လိုထားရတယ် စ သည်ဖြင့်ပေါ့ ပြီးတော့ napkin ခေါက်တာ သင်ပေးတယ် လှလလေး ခေါက်တတ်သွားပြီ သိလား အဲဒါ ပြီးတော့ မနက် ၁၁ လောက် ဧည့်သည်တွေမလာ ခင် staff lunch ဆိုပြီးကျွေးတယ် တခါတလေ အလုပ်အရမ်းရှုပ်ရင်တော့ မကျွေးဘူးပေါ့ မကျွေးလဲ အရေးမစိုက်ပေါင် ကိုယ်တို့ကတော့ အိမ်ကနေ ဝါးတီးဖွင့်ခဲ့တာပေါ့ မနက်အဆိုင်းက မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ပေါ့ ညအဆိုင်းကတော့ ညနေ ၄ နာရီကနေ ဆိုင်ပိတ်တဲ့အထိ အားပါးပါးးးး ခြေဖနောင့်တွေ တောင့်နေတာပဲ မညည်းချင်ပါဘူး မညည်းပါဘူး ဒီလိုပဲပေါ့ တနာရီ ၆ ပေါင်ရတယ်လေ ခုတော့ ဘဏ်ထဲ ပိုက်ဆံမဝင်သေးဘူး လကုန်မှ ပေးမယ်တဲ့ လောလောဆယ်တော့ အလုပ်လုပ်တဲ့နာရီပေါင်း ၄၀ တော့ကျော်ပြီ ဟိ


အသွားအပြန်လား စိတ်မပူပါနဲ့ လိုက်ပို့ပေးမယ့် ကြိုပေးမယ့်လူရှိတယ်လေ ဟဲဟဲ ဝက်တို့ ကံကောင်းပုံများ မပြောချင်ပါဘူးကွယ် (ဆက်ပြောလိုက်မယ်နော်) အိမ်က ဦးလေးက လိုက်ပို့ပေးတယ်လေ ဟိုးးးတပတ် စနေနေ့က အလုပ်ခေါ်တယ် ဒါကတော့ waitress မဟုတ်ဘူး အိမ်နဲ့တော်တော်ဝေးတဲ့ ဘတ်စ်ကား ၂ ဆင့်လောက်စီးရတဲ့ဆီမှာ ခေါ်တာ လူ ၂ ယောက်လောက်နဲ့ သန့်ရှင်းရေးတဲ့ ဟိုလေ သိတယ်မလား holiday ရာသီတွေမှာ ဘန်ဂလိုတွေ ငှားတာလေ အဲဒါ ဧည့်သည်တွေမလာခင် လာပြီး အိမ်ကို ရှင်းရတာပေါ့ တနာရီ ၇ ပေါင်တဲ့ ဒါနဲ့ သွားလုပ်တာပေါ့ ဟဟဟ ၄ နာရီ လုပ်ခဲ့တယ် အဲဒါလဲ ဘတ်စ်ကားစီးစရာမလိုဘူးနော် ဘုန်းကံမြင့်နေတာ ဟက် ဦးလေး လိုက်ပို့တာပဲ ဟိ

ဒီမှာနေတာ ဝက်တကောင် ဘတ်ဂျက်ထိခိုက်တယ်ဗျ (ရွဲ့ပြောခြင်း) အသွားအပြန်လိုက်ပို့ပေးတယ် ပြီးတော့ ဖုံးဖိုးကုန်နေလို့တဲ့ ဖုံးထဲတောင် ပိုက်ဆံ သွင်းပေးလိုက်သေး အဟေးးးဟေးးးးး

ခုတော့ ပွဲတော်ရက်က ပြီးသွားပြီဆိုတော့ Northwood House က အချိန်တွေလျှော့မယ်တဲ့ ဒါနဲ့ တပတ် ၂ ရက်လောက်ပဲလုပ်ရတော့တယ် အရင်တပတ်ကဆိုရင် နေ့တိုင်းလိုလို အလုပ်ဆင်းရတာ တခါဆင်းရင် ၇ နာရီပဲ တခါတလေ break time 15 mins နားရတယ် တခါတလေ မနားရဘူး

ဝိတ်လား အလုပ်လုပ်တယ်ဆိုလို့ ကျသွားတယ်မထင်စေချင်ပါ (မထင်မှန်းလဲသိပါတယ်) ပိုများ တက်လာသလားလို့ အလုပ်မသွားခင်ကလဲ စားသွားတယ်လေ ဟိုက ကျွေးလဲစားမယ်ပေါ့ မကျွေးလဲ နေနိုင်အောင်ဆိုပြီးတော့ ပြန်လာတော့လဲ ထပ်စားတယ်လေ ဟိ

ဝက်ကလေး မအားဘူးနော် အလုပ်လုပ်နေတယ် ဟဲဟဲ ကိုကိုပြောသလို နင်က အားသာမအားတာ ဟိုဘလော့ဂ်လဲ နင့််တွေ့တယ် ဒီဘလော့ဂ်လဲ နင်ရှိတယ် တဲ့ အော် ဒါကတော့ ဝါသနာကိုးအေ့ နော် ဟီးးးးးးးးးး တားလို့မရဘူးလေကွယ် ဟဲဟဲ




19 comments:

အဖြူရောင်နတ်သမီး said...

အဖော်ရပြီ ညီမလေးရေ...

အမအလုပ်လုပ်တဲ့ဆိုင်ဆိုရင် အခုအချိန်မှာ တညကို လူ(၃၀၀)ဝင်တယ်...
မီးဖိုချောင်က ပုဂံဆေးသမားတွေ ဘယ်လောက်ပင်ပမ်းလိမ့်မလဲဆိုတာတွေးသာကြည့်ပေတော့..။
နောက်မှ ဓာတ်ပုံရိုက်ပို့လိုက်မယ်နော်...
မတွေ့တာလဲကြာပေါ့..ညီမလေးနဲ့လေ..။
ဘလော့ဂ်နှစ်ပတ်လည်တောင် မလာဘူးနော်...မအားဘူးထင်တယ်..။

အဆင်ပြေပါစေကွယ်..။
အာဘွား..

ဝက်ဝံလေး said...

ပန်းကန်ဆေးတဲ့လူက သက်သက်ရှိတယ် မ ရေ ဒါကို မနိုင်တာ သူကလဲ မီးဖိုချောင်က ထွက်လာတဲ့ အိုးတွေ ခွက်တွေ ဆေးရတာလေ အဲဒါတွေက စက်ထဲထည့်မရတော့ သမီးတို့အလုပ်က အဲဒါတွေလုပ်စရာမလိုဘူး ပန်းကန်သုတ် ဒီလောက်ပဲပေါ့ ဒါပေမယ့် ပန်းကန်တွေ ပုံနေတယ်ဆိုတော့ ကူလုပ်ပေးရတာပေါ့လေ အားပါးးးပါးးးး နဲတဲ့ပန်းကန်တွေမဟုတ်ဘူး အထပ်လိုက် ကျကွဲတာလဲ ကွဲပေါ့ ဟိ ဒါပေမယ့်ပျော်ပါတယ် သူငယ်ချင်းတွေရတယ်လေ

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟေ့ဝက်ကလေး
ဒီတစ်ခါက်စားပွဲထိုးလိုတယ်ဆိုရင် လက်တို့လိုက်ပါဦး
အစ်မ လာခဲ့မယ်...
ပန်းကန်ဘဲဆေးရဆေးရ ကြမ်းဘဲတိုက်ရတိုက်ရ
ဘာဖြစ်ဖြစ်ပါကွယ်.. ၀က်ကိုအားကျလို့ လုပ်ပစ်လိုက်ဦးမယ်..း)
ဝက်ကလေးအလုပ်တွေဘာတွေလုပ်လို့ဘာလား.. ကောင်းလိုက်တာ အလုပ်နဲ့အတူ အတွေ့အကြုံကောင်းတွေအများကြီး ရပါစေနော်...

သူကြီးမင်း (တုံးဖလား) said...

အင်း... ဟန်ကျလိုက်တာ။ အလုပ်နှင့်ဝါသနာနှင့်က ကွက်တိပေဘဲကိုး။

T T Sweet said...

ကျောင်းပိတ်ရက်မှာ အလုပ်လုပ်တာ သိပ်ကောင်းတာပေါ့။ ၀င်ငွေလဲရ လူလဲမပျင်းတော့ဘူး ...

သဒ္ဓါလှိုင်း said...

ကောင်းတယ်ဝက်ကလေးရေ..။
အလုပ်လုပ်မှအတွေ့အကြုံကောင်းတွေရလာမှာ..။
အလုပ်လုပ်နေရရင်ပျော်ဖို့ကောင်းပါတယ်..
(အဲ..ခေါ်ချင်သလိုခေါ်နော်...)ရပါတယ်..
ခင်မင်စွာ
သဒ္ဓါ

ခိုင်နုငယ် said...

ဝက်စ်ထွက်ဆိုလို့ပျောက်နေတဲ့ငါ့မြေး.
ဘလောပ့်ပေါ်ဘယ်အပေါက်ကများတိုးဝင်ထွက်စ်သွားသလဲလို့လာကြည့်တာ။း)
သြော်..မြေးရယ်..စာမလာ..သတင်းမကြားနဲ့
ဖွားကမြေးအတွက်..စိတ်တွေပိန်နေမိတာ။..အဲလေ
ပူနေမိတာ..။..မြေးကဘယ်ဆိုးလို့လဲ..၀က်စ်ထွက်
တွေတောင်း)လုပ်တတ်နေပြီ။ ကောင်းကောင်းလုပ်နှော်
မြေး..ဒါမှမြေး..ဟဲဟဲ..မြေးသိပါတယ်။း)

မြေးဝက်ရဲ့ဖွားငယ်း)

မယ့်ကိုး said...

ညီမလေးက တော်လိုက်တာ။ အဆီလည်းကျ အတွေ့အကြုံတွေလည်း အများကြီးရ =)

နွေဆူးလင်္ကာ said...

အလုပ်လုပ်တာ ကောင်းတာပေါ့ .. လုပ်သာလုပ် ..

ကိုဇော် said...

အလုပ်ဟူသမျှ ဂုဏ်ရှိစွ...တဲ့။

ဘာမှ မတတ်ဘူး ဆိုတဲ့ လူတောင်မှ အခုလို အလုပ်လေး စလုပ်လိုက်တော့ နေပုံထိုင်ပုံ သိလာပြီ။ ပြောတတ် ဆိုတတ်လာပြီ ၊ လုပ်တတ် ကိုင်တတ်လာပြီ။
ဒါတွေ အားလုံးက ကောင်းတာတွေချည်းပဲပေါ့ ညီမရာ။

အမြဲတမ်း ပြုံးပျော်ရွှင်နေပါစေ။

ချစ်ကြည်အေး said...

ဝက်ရေ ဝက်လိမ္မာလေး ဖြစ်သွားပြီပေါ့....ဟ ဟ ဂွတ်ထ :))

khin oo may said...

ပန်းကန်တွေ အထပ်လိုက်ကွဲတယ်တဲ့ဘုရားဘုရား။

ဝက်ဝံလေး said...

အပျိုကြီးရယ် ဘယ့်နှယ့် ငါ့အမကို ကြမ်းတိုက်ခိုင်းပါ့မလဲနော် ဟဲဟဲး)

ဦးကိုကိုမောင်ရေ ဝါသနာရယ်လို့တော့ အဟုတ်ပါဘူး dinner dash ကစားတာ များသွားလို့နဲ့တူပါရဲ့ ဟိ

ဟုတ်တယ် မဆွီရေ မဟုတ်ရင်လူက ပျင်းနေရော

အလုပ်ကသင်ပေးသွားပါတယ် မသဒ္ဓါရေ အရင်ကဘယ်လိုခေါ်လဲမမှတ်မိတော့ဘူး ဟဟဟ

ဖွား မြေးလေး မအားလို့နော် လာခဲ့မယ်သိလား အကြွေးလာရှင်းမယ် စာကြွေးပြောပါတယ် ဟက်ဟက်

အဆီက သိပ်မကျဘူး မမကိုးရဲ့ ဟိ ဒုံရင်းပါပဲ မထူးပါဘူး ဟီးးးး

မှန်တယ် (ခဲ) ကိုနွေဆူးရေ

ဝူးတယ် ဝူးတယ် ကိုဇော်ပြောတာ သိပ်မှန်တယ် မှန်ပြီးရင်းမှန်ပဲ ဟက်ဟက်

ဝက်ကအမြဲတမ်းလိမ်မာပြီးသားပါ မချစ်ရယ် ငှဲငှဲ

မာမီနော် မဟုတ်ကဟုတ်က အထပ်လိုက်မခွဲပါဘူး မီးက တချပ်တည်း ခွဲတာပါ အဟိ သူငယ်ချင်းတွေလဲ အနဲဆုံးတယောက်တချပ်တော့ ခွဲဖူးတယ် ဟိ အဖော်ရှိတယ်ကွ ငွားငွားးးးး

အားလုံး ကျေးဇူးး ရှဲရှဲ

leomark said...

ဟိုက် ...ရှား...ဘာာာာားးးးးးး မျက်လုံးပြီး ပြန်သွားတယ်ဗျာ။

rose of sharon said...

ဘာပုံတင်ထားတာလဲ? အင်္ကျီအမည်းဘောင်းဘီအမည်းနဲ့ပုံလေးတင်ပါလား ညီမလေးရဲ့ :P

ကြည်ဖြူပိုင် said...

ကောင်းတယ် င့ါညီမ လုပ်သာလုပ်
အားပေးတယ်
ဒါမှငါ့ညီမ၀က်...:D
အလုပ်မရှိပျင်းစရာကြီးနော်...ကျောင်းပိတ်ထားတာကို
လုပ်လုပ်

သုခုမလေဒီ said...

ဟား ဒါဆို ၀က်တို့ ထောနေတာပေါ့လေ။ ကောင်းတယ် ကောင်းတယ် waitress အလုပ်လည်းကျင့်သားရ ပိုက်ပိုက်လည်းရ တစ်ချက်ခုတ် နှစ်ချက်ပြတ်ရော.။
အဟီး မွေးနေ့ရောက်ရင် ကောင်းကောင်းကျွေးရမယ် မှတ်နော်။း)))

မောင်မိုး said...

အံမယ်...ပျောက်နေတယ်လို့မှတ်တယ်..။ သူက ပိုက်ပိုက်တွေ ရှာနေတာကိုး...ကောင်းတယ်...ကောင်းတယ်။

ဒါရိုက်တာကွက်စ် said...

ငါရှိသ၍ ငါ့သမီး ၃ယောက် မငတ်စေရဘူး
(ဘီယာမူးနေသံဖြင့် ဖတ်ရန်)