Thursday, 10 June 2010

Sign Languages

လက်ဟန်ခြေဟန် sign language ကို အဓိကနားမကြားတဲ့လူတွေအတွက် တီထွင်ခဲ့တာဖြစ်ပါတယ် နားမကြားတဲ့အတွက် သူတို့ဟာ စကားလဲမပြောနိုင်ပါဘူး ဒီလက်ဟန်ခြေဟန် နည်းသာမရှိဘူးဆိုရင် သူတို့ဟာ တခြားလူများနဲ့ communicate လုပ်ဖို့ တော်တော်လေး ခက်ခဲသွားပါမည်
လက်ကိုအများဆုံးအသုံးပြုရပါတယ် ခန္ဓာကိုယ် မျက်နှာအမူအရာ တွေကို အသုံးပြုပြီး တဖက်လူနားလည်အောင် ပြောရတဲ့ဘာသာစကားတမျိုးဖြစ်ပါတယ်

လက်ဟန်ခြေဟန် sign language လို့ခေါ်တဲ့ ဘာသာစကားကို ဘယ်သူ စ တီထွင်ခဲ့လဲဆိုရင် ၁၈ရာစုနှစ်လောက်က ပြင်သစ်လူမျိုး Abbot Charles-Michel l'Epée က တီထွင်ခဲ့တာဖြစ်ပါတယ် ဘယ်ကနေ အစပြုခဲ့လဲဆိုရင်တော့ အီတာလျံလူမျိုးတွေက ၁၆ ရာစုနှစ်လောက်ကနေ originated အစပြုခဲ့ပါတယ် အဲဒီကမှတဆင့် ပြင်သစ်ကို ၁၇ ရာစုလောက်မှာ ပျံ့ပွားသွားခဲ့ပါတယ်


Abbot Charles-Michel l'Epée ကို Father of the Deaf လို့လဲ ခေါ်ကြပါတယ်



ဒါက ပြင်သစ်လိုပါ

ပြင်သစ် sign language ကို Thomas Gallaudet ဟာ ၁၈၁၆ မှာ အမေရိကားကို ယူဆောင်လာခဲ့တယ် သူဟာ အမေရိကန်ရှိ Hartford မှ နားမကြားကျောင်းကိုတည်ထောင် ခဲ့သူဖြစ်တယ် သူဟာ အမေရိကန် လက်ဟန်ခြေဟန် ပြောနည်းကို ထပ်ပြီးတော့ modify လုပ်ခဲ့သူဖြစ်တယ်



အမေရိကန်လိုဖြစ်ပါတယ်

BSL(British Sign language) ကိုတော့ ၁၈ March 2003 မှာ UK Government က အသိမှတ်ပြုပြီးတော့ သုံးစွဲခဲ့ပါတယ် ဒါပေမယ့် တရားဝင် protection လုပ်ထားခြင်း မရှိတဲ့အတွက် unoffical language တရားမဝင်ဘူးလို့လဲ ပြောလို့ရပါတယ် မည်သို့ပင်ဆိုစေ ယူကေမှာတော့ ယူကေ sign language ကိုသုံးနေကြပါတယ်



ဗြိတိန်လို အက္ခရာဖြစ်ပါတယ်

BANZSL (British, Australian and New Zealand Sign Language) လို့လဲ ခေါ်ပါတယ် ဗြိတိန် အော်စီ နဲ့ နယူးဇီလန် တို့က အသုံးပြုပုံခြင်း တူပါတယ်
BSL ဟာ Irish Sign language နဲ့ လဲ နဲနဲလေး ကွဲပြားပါတယ် Irish Sign language က French Sign Language (LSF) and (American Sign Language)ASL နဲ့ဆင်တူတယ်လို့တော့ ပြောနိုင်ပါတယ်



Irish လိုဖြစ်ပါတယ်

Sign language အမြောက်အမြားရှိပါတယ် spanish Sing Language စသည်ဖြင့်ပေါ့ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ သူတို့ရဲ့ကိုယ်စီ မိခင်ဘာသာစကားရှိသလို Sign language လဲရှိပါတယ် မြန်မာ Sign languageအနေနဲ့ alphabet တွေကတော့ အမေရိက ကိုယူပါတယ်တဲ့ မြန်မာက သူငယ်ချင်းတယောက်ပြောပါတယ် ကျန်တဲ့အသုံးအနှုန်းတွေကတော့ international ပါတဲ့



စပိန်လိုပါ

လေ့လာကြည့်လိုက်ရင် ပိုပြီးသေသပ်တာက British Sign language လို့ပြောရင်မမှားပါဘူး သူက A,E,I,O,U (vowels) တွေကို သက်သက်ခွဲထုတ်ထားပြီး A ဆိုရင် လက်မ E ဆိုရင် လက်ညိုး စသည်ဖြင့် မှတ်ရလွယ်အောင် လုပ်ထားတာ တွေ့ရပါတယ် တခြားဟာတွေလိုမဟုတ်ပါဘူး ကျန်တဲ့ အက္ခရာ C, D, J, K, P, Q, T, V, X and Y တွေကိုတော့ သူတို့ရဲ့ပုံစံအတိုင်း လုပ်ထားပါတယ် ဥပမ C ဆိုရင် လက်ညိုးနဲ့ လက်မ ကွေးပြီး သူ့ပုံစံဖြစ်အောင် လုပ်ထားပါတယ်


British Sign Language:
How To Introduce Yourself Using British Sign Language


British Sign Language:
How To Express Feelings In British Sign Language

------

ဗဟုသုတ ဖြစ်စေရန် အလို့ငှာ ရှာပြီးတင်ပေးလိုက်ပါတယ် အချက်လက်များနှင့်ပုံများကို wiki နှင့် google မှ ရှာယူပါသည် အမှားယွင်းရှိပါက ဖြည့်ပေးကြပါလို့

-------

ဝက်အခုတလော ပို့စ်မတင်ပဲ အပျင်းထူနေတာများလို့ google မှာဟိုရှာဒီရှာနဲ့ ဒါလေးသဘောကျလို့ တင်လိုက်တာပါ အားလုံးပျော်ရွှင်နိုင်ကြပါစေ။ လိုက်ပြောကြည့်ပေါ့နော့်အပျင်းပြေပေါ့

17 comments:

သူကြီးမင်း (တုံးဖလား) said...

ဆိုင်းလင်းဂွေ့ဂ်ျလေး သေချာလာဖတ် သေချာကြည့်သွားပါတယ်။ နောက်ဆိုရင် ၀က်ကလေးက ဆိုင်းလင်းဂွေ့ဂ်ျကိုဘဲ အသုံးပြုတော့မှာဆိုတော့ ဆက်ဆံတဲ့အခါ နားမလည်မှာ စိုးလို့။းဝ)
စတာ။ စိတ်မဆိုးနဲ့ဦး။ သေချာတာမဟုတ်ဘူး။ ဆိုးချင်ဆိုးနေမှာ။ ဆိုးဆိုးပေါ့။ ၁ ယူသွားပြီ။

ကိုဇော် said...

ကျေးဇူးပဲ ဝက်ကလေးရေ. .
ဗဟုသုတ အနေနဲ့ သိရတာပေါ့။
နောက်လိုရင် လိုက်ပြောပေးနော်. .အဲလေ. .
လိုရင် လာယူမယ် ပြောတာ. .

( ကားပေါ်ကနေ ခက်ခက်ခဲခဲ မန့်သွားတယ်နော်။ )

khin oo may said...

ပါးစပ်နဲ့တင်နားညည်းနေတာ လက်နဲ့ပါ ထပ်ပြောရင်တော့ အမလေး....... အများသူငါ.ခက်ရပါ့.

သဒ္ဓါလှိုင်း said...

ဝက်ဝံလေးရေ..အပြေးအလွှားလာကြည့်သွားတယ်..။
ပျော်ရွှင်ပါစေကွယ်...

ခင်တဲ့
လှိုင်း

ခိုင်နုငယ် said...

ဒီမှာတော့မလေးသတင်းတွေမှာ
လက်ဟန်နဲ့ပြောပြောနေတာတွေ့နေရတယ်။
အစကတော့..ဘာလဲနားမလည်ဘူး။
နောက်မှနားမကြားသူတွေအတွက်ဆိုတာသိရတော့တယ်။
လာပြီးလေ့လာသွားပါတယ်...၀က်ကလေးရေ

ချော(အစိမ်းရောင်လွင်ပြင်) said...

သိပ်ကောင်းတာဘဲ
ဝက်ကလေးက ရှာရှာဖွေဖွေ တင်ပေးထားတာဘဲ
ကျေးဇူးပါအေ...

ချစ်ကြည်အေး said...

ဝက်ဝက်ကတော်ထှာ...။ International sign languages အားလုံးကိုကြည့်အပြီးမှာ ခေါင်းမူးပြီး ပြန်ပြီ....ဟဟ:P

ပိုးဟပ်လေး said...

ဧကန္တ သင်တန်းဖွင့်တော့မယ် ထင်တယ်
သင်တန်းသား ရှာပေးမယ်လေ :P

မနက်ထဲက ဖတ်ချင်နေတာ ဘာများလဲလို့
ကွန်နရှင် မကောင်းလို့ပေါ့



ခင်တဲ့
ပိုးဟပ်လေး

Angel Shaper said...

ဟော.... ဆရာမ.... သင်တန်းဖွင့်မဲ့ရက်လည်း တစ်ခါတည်း ကြော်ငြာလိုက်တာဟုတ်ဘူး။ လာတက်မလို့ပါဆို... လက်မခံဘူးလားးးးး ပြော...
ကလေးတွေကို လက်ခံလား.. မခံဘူးလား....
နာမည်စာရင်း ကြိုသွင်းခဲ့တယ်နော်...

Anonymous said...

ဝက်ကလေးရေ မျက်မမြင်စာကော ရေးပါအုန်း။ မအယ် ပေးခဲ့တဲ့ ကော့မန့် ဘယ်ရောက်သွားပါလိမ့်။

မအယ်

ရေသန့်  said...

........................
..........................
...........................

ရေသန့်  said...

..........
..........
..........

နှင်းပွင့်ဖြူ said...

ခုလို တင်ပေးတဲ့အတွက် ကျေးဇူးပါ...
အားပေးသွားပါတယ်.... :)

သုခုမလေဒီ said...

sign language ကိုစိတ်ဝင်စားနေတာ ကြာပီ။ ခုတော့ ၀က်ရဲ့ သင်တန်းလာတက်ရမလို ဖြစ်နေပြီး)))
ကျေးဇူးပါ ၀က်ရေ ..။ copy လေးယူသွားမယ်..။
သင်တန်းကြေးဘယ်လောက်ယူမလဲ ကြိုပြောနော်းP

သဒ္ဓါလှိုင်း said...

ဝက်ဝံလေးရေ..
ပျောက်နေလို့လာချောင်းသွားတယ်ဟေ့...

ခင်တဲ့
လှိုင်း....

ဒေါင်းမင်း said...

အဟဲလက်ဟန်ခြေဟန်ကတော့ကျွန်တော်တို့ကပိုင်တယ်
ဟီးရောက်တဲ့နေရာတိုင်းအင်္ဂစာသိပ်မတက်တော့လက်
ဟန်ခြေဟန်ပဲလေ...ဟီး
မှတ်သားသွားပါတယ်။ကျေးဇူး

T T Sweet said...

ဝက်ဝံလေးရေ ... ဗဟုသုတအနေနဲ့ လာဖတ်သွားပါတယ်။ဟိုနေ့ကပဲ Super nanny မှာ စကားမပြောတတ်တဲ့ မိဘ၂ပါးက မွေးလာတဲ့ စကားပြောတတ်တဲ့ ခလေးတွေ အကြောင်းရိုက်ထားတာ။ ခလေးတွေက sign language မတတ်လို့ မိဘတွေနဲ့ communication problem ဖြစ်တဲ့အကြောင်း တော်တော် စိတ်ဝင်စားဖို့ကောင်းတယ်။