Friday, 25 September 2009

ဝံလေး သိတဲ့ သူတို့အကြောင်းလေး

လူလဲ မအားဘူးလို့ပြောရင် ယုံမှာမဟုတ်ပါဘူး ဒါကြောင့် မပြောတော့ဘူးနော် ဒီရက်ပိုင်းအတွင်း ဘလော့ဂ်လေးကို ခဏလောက်ပိတ်ထားလိုက်တယ် ဘလော့ဂ်ပဲ လိုက်လည်နေလိုက်တော့တယ် ဒီအကြောင်းလေး ရေးချင်တာနဲ့ ပြန်ဖွင့်လိုက်မိတယ်

သူတို့အကြောင်း ဆိုတာတော့ ဒီနိုင်ငံက လူတွေ အကြောင်းပေါ့ အရင်ဆုံး ပြောရရင် သူတို့တွေ ဆေးလိပ်အရမ်းသောက်ကြတယ် မိန်းကလေးတွေက ပိုတောင် ဆိုးသေးတယ် အတန်းထဲမှာ break time ပေးလို့ပြန်လာရင် အိုးးးး ဟောင်ဟောင် ထ နေတာပဲ bus car စောင့်ရင်လဲ ဒီအတိုင်းပဲ စီးကရက် လက်ကြားထဲညှပ်ပြီးတော့ သောက်နေလိုက်ကြတာ စိတ်လေတယ် ညီမက စီးကရက်နံ့ လုံးဝ ကို မခံနိုင်တာ အဖေ အရင်က သောက်တယ် အဖေ့ကို သမီးရှေ့မှမသောက်နဲ့ သမီးအနံ့မခံနိုင်ဘူး ပြောထားလို့ အခုတော့ ဒက်ဒီကြီးက ဆေးလိပ်ပြတ်သွားပါပြီ အော် ပြောချင်တာလဲ ဘယ်ရောက်ကုန်ပြီလဲမသိဘူး တချို့တွေဆိုရင် ၁၅ နှစ်လောက်ကတည်းက စ သောက်တယ် ဆိုပဲ တကယ် တကယ် မြန်မာနိုင်ငံမှာ ကောင်လေးတွေ စီးကရက်သောက်တာကြည့်ပြီး စိတ်ပျက်လို့ အခု ဒီမှာ ပိုတောင်ဆိုးသေး တယ်

နောက်တခုကတော့ bus car စီးတဲ့အကြောင်းပေါ့နော် အရင်တုံးက အန်တီတို့နဲ့ နေတုံးကတော့ မစီးဖြစ်တော့ သိပ်မသိဘူးပေါ့လေ အခုတော့ bus car နဲ့ ၂ ပါးသွားနေရတော့ သိလာတယ် ဟိုး တခါ မကိရဲ့ ခုံဦးတမ်း ဆိုတာလေးကို ဖတ်တော့ မကိက ထိုင်ခုံပေါ်ကမဖယ်ပေးချင်တဲ့ ကိုယ်တော် မီးညောင်ရိုးကျိုးသွားတာလေးကို ရေးတော့ သတိရသွားတယ် ဒီမှာတော့ အရှေ့ခုံတွေက ကလေးတွန်းလှည်းတွေအတွက် လူကြီးတွေ အတွက်နဲ့ မသန်မစွမ်းတွေ အတွက်ထားတာပေါ့လေ ညီမကတော့ အမြဲပဲ နောက်မှာပဲ ထိုင်တယ် ထိုင်ခုံမရှိတော့ရင်တော့ အပေါ်တက်တယ် ၂ ထပ်ကားတွေဆိုတော့ အပေါ်တက်လို့ရတာပေါ့
တနေ့ လူတွေအရမ်းကျပ်တော့ ခုံတွေ နေရာမရှိတော့ဘူး ဒါနဲ့ကောင်မလေးတယောက်က ရှေ့ဆုံးခုံမှာ ထိုင်လိုက်တယ် ၂ မှတ်တိုင်လောက်နေတော့ အဘွားအိုတယောက်တက်လာတော့ သူက ဖယ်ပေးပြီးတော့ အဘွားအိုကို ထိုင်စေတယ် ကဲ ဘယ်လောက် ကျက်သရေရှိလိုက်တဲ့ မြင်ကွင်းလဲ မြင်ရတာနဲ့တင် စိတ်ထဲကို ကြည်နူးသွားတာပဲ စဉ်းစားမိတာလေး တခုပါ အဲဒီနေရာမှာ ဖွားကိရဲ့ ဟိုကိုယ်တော်ဆိုရင် ဖယ်ပေးမှာမဟုတ်ဘူးနော် ဘာကြောင့် မြန်မာတွေ အဲလိုဖြစ်သွားလဲ စဉ်းစားလို့မရဘူး ဘာ့ကြောင့် ဘာကြောင့် ဆိုတဲ့အတွေးတွေပေါ့ လေ

နောက်တခုက bus car ပေါ်ကနေ ဆင်းရင် ကားသမားကို Thank you လို့ပြောတာလေးပါ ညီမလဲ ပြောတယ် သူများတွေလဲပြောတယ် မပြောတဲ့လူမရှိဘူး အော် ရန်ကုန်မှာတော့ ကားသမားက သေအောင် တရကြမ်းမောင်း စပါယ်ယာက လဲ အော်ငေါက်နေ ဆင်းတော့လဲ အတင်းတွန်းချ ဒီလိုဆိုတော့ ကျေးဇူးဆိုတဲ့ စကားကို ဘယ်ပြောတော့မလဲ နော် အခုဒီမှာ ဒီလိုမဟုတ်ဘူး တခါ တလေ အဘွားကြီးတွေ ရစ် တယ် ရစ်တယ်လဲ မဟုတ်ပါဘူးလေ သူတို့ လမ်းမေးတာပေါ့နော် ဒါဆိုရင် ကားသမားက စိတ်ရှည်ရှည်နဲ့ ပြောပေးနေရော မှတ်တိုင်ကြီးမှာ နောက်က bus car ကလဲ စောင့်တယ် သိလား ဟွန်းလဲမတီးဘူး အမလေး မြန်မာနိုင်ငံမှာ ဘယ်ရမလဲ ဟွန်းသံတွေ ဆူညံပြီး ပွက်လောရိုက်ကုန်မှာပေါ့ အရှေ့ကကား ဘာလို့မထွက်သေးလဲ ဘာလဲ ညာလဲ နဲ့ အမေကိုင်တုတ်ပြီး ဆဲလိုက်မယ့် ဖြစ်ခြင်း

အော် ဘာရယ်မဟုတ်ပါဘူး ဒီကိုရောက်လာတော့ တခုခုဆို ကိုယ့်နိုင်ငံနဲ့ ကိုယ် အမြဲနှိုင်းယှဉ်ကြည့်မိတယ် ပြီးတော့ စိတ်မကောင်းဘူး သက်ပြင်းရှည်ကြီးပဲ ချပြီးတော့ အားမလိုအားမရ ဖြစ်နေတယ် ကျောင်းနဲ့ အဆောင်နဲ့က ၄၅ မိနစ်လောက်ကားစီးရတော့ သိတယ်မလား ဟိုတွေးဒီတွေးပေါ့လေ အဓိက က တော့ ကိုယ့်နိုင်ငံအကြောင်းတွေ တွေးဖြစ်တာပါပဲ ဘာလို့ ကိုယ့်နိုင်ငံ ဒီလိုဖြစ်နေရတာလဲ ဘာကြောင့် ဘာတွေ ဆိုတဲ့ ဘာ မေးခွန်းတွေ တန်းစီပြီးတော့လေ

အဟီးးး ပေါက်တတ်ကရတွေ လျှောက်ရေးလို့ အမည်မသိ လာဆဲဦးမလားမသိဘူး အခုတလော အမည်မသိက တော်တော်လေးလိုက်နှောင့်ယှက်နေတယ်လေ အားလုံးလဲ သိကြမှာပါ ဒါကြောင့် ကြောက်တော့ကြောက်တယ် ဒီပို့စ်လေး တင်လိုက်တာ

ဘလော့ဂ် ဘာလို့ပိတ်လိုက်တာလဲ မေးတဲ့ မမကိုး မမမိုးစက်ပွင့် မမဆူး ကိုဝသန် လွန်း အရိုင်းလေး(တနားပါဒယ် ဖုံးဆက်ပြီးတောင်လှမ်းမေးရှာတာ ဟိဟိ) နဲ့ ဘလော့ဂ်ပြန်ဖွင့်ရန်တောင်းဆိုတဲ့ ဦးလူထွေး(သူ့ဘလော့ဂ်မှာ ကြော်ငြာထားတယ်လေ) ကိုဇော် ကိုပြည့်စုံ ကော်ကျို(ကျော်ကျော်အောင်)တို့ ဒီပို့စ် လေးနဲ့ကျေနပ်နိုင်လိမ့်မယ် လို့ထင်ပါတယ်

အညတရ ဘလော့ဂ်လေးတခုပါ ဒီဘလော့ဂ်လေး ဘယ်အချိန်မှာ ဘလော့ဂ်လောက ကနေ အပြီးအပိုင် ပျောက်ကွယ်သွားမလဲ ဆိုတာကိုတော့ ညီမကိုယ်တိုင်လဲ မသိပါဘူး အခုတမျိုး တော်ကြာတမျိုး အပြောင်းအလဲသိပ်မြန်တဲ့ ညီမရဲ့ စိတ်ကလဲ အစိုးမရပါဘူး မစဉ်းစားပဲ လုပ်ချင်တာလုပ်တတ်တဲ့ ကိုယ့်ကိုယ်ကိုလဲ သိပ်မကျေနပ်ချင်ဘူး
ဘာပဲဖြစ်ဖြစ်လေ ညီမ့ကို အားပေးတဲ့ ညီအစ်ကို မောင်နှမများ အားလုံးကို ညီမ ချစ်ပါတယ် အားလုံးကို သံယောဇဉ်လဲ ရှိတယ် (ဟုတ်တယ်လေ ချစ်စရာဆိုလို့ ဒီညီအစ်ကို မောင်နှမတွေပဲ ရှိတာကိုးလို့ နော့်)

31 comments:

ကိုလူထွေး said...

ဒီဘလော့ ဘယ်တော့ ပျောက်ကွယ်သွားမလဲဆိုတာတော့ ဝက်ကလေး ရည်းစားရသွားတဲ့ အချိန် ဖြစ်မှာပေါ့...

အဲဒီတော့မှ အသွားအလာဆင်ခြင်ရတာနဲ့တင် ခြေငြိမ်သွားလိမ့်မယ်...

ကိုလူထွေးတောင်းဆိုထားတဲ့ "အရေးသုံးပါး" လဲ မတွေ့ပါလား...းP

ခုံဦးရင်တော့ the green mile ထဲက ခုံကို မဦးမိပါစေနဲ့ ဝက်မလေးရေ...

းဝ)

ကိုလူထွေး said...

ဘလော့ပြန်ဖွင့်လို့ ဝမ်းသာကြောင်း ပြန်လာပြောတာပါ...

းဝ)

ဝသန်မိုး said...

သုံးကွ

ဝသန်မိုး said...

လေး နော်

ဝသန်မိုး said...

၅ လားမယူချင်ဘူးလေ

ဝသန်မိုး said...

၆ တောင် ရှိပေါ့

ဝသန်မိုး said...

ဝက် လေး ရေ
ကိုလူထွေး ပြောသလိုပဲ
ဘလော့ဂ်ပြန်ဖွင့်လို့ 
ထပ်တူထပ်မျှ ၀မ်းသာရပါကြောင်း
ဘာပဲရေးရေး ပွင့်ပွင့်လင်းလင်းနဲ့ 
ရိုးရိုးရှင်းရှင်း ရေးလို့ 
ဖတ်လို့ ကတော့ ကောင်းပြီးသား
ဆက်ရေးနော်


ခင်တဲ့
ကိုဝသန်

ဝသန်မိုး said...

ကဲ ပြန်ပြီကွယ်
ဒုန်းးးးးးးး
ဒုန်းးးးးးးး
ဒုန်းးးးးးးး
း)

Angel Shaper said...

ဝက်ရေ.... ငါသိပါတယ်။ နင်ခြေငြိမ်နေကတည်းက ရှုပ်နေမှန်းးးးး
ခုတော့ အတုယူစရာကောင်းတဲ့ အကျင့်လေးတွေ ချပြတဲ့ ပိုစ့်သစ်လေးနဲ့ ပြန်တွေ့ ရလို့ ပိုတောင် ချစ်ဖို့ကောင်းလာတယ်။ ငါလဲ ကိုသားကြီးနဲ့ နင့်ကို သတိရတိုင်း နင်တို့ ဘလော့တွေကို တိတ်တိတ်လေး ၀င်ချောင်းတာ နင်မသိဘူးမို့လား။ ငါတကယ်သတိရပါတယ်။ ငါလဲ ဒီလကုန်ပြန်တော့မယ်လေ။ ဂရုစိုက်နော်။ အဆင်ပြေပျော်ရွှင်ပါစေဟာ....

မယ့်ကိုး said...

ညီမလေးစာပြန်ရေးဖြစ်တာ ဝမ်းသာတယ်။
ညီမလေးအားလပ်တဲ့အခါ ဒီလို အတွေးလေး အမြင်လေးတွေကို နောက်လည်း မျှဝေပေးမယ်လို့ အစ်မယုံပါတယ်...
ညီမလေး ပျော်ရွှင်ချမ်းမြေ့ပါစေ။
အမြဲအားပေးနေတဲ့...

rose of sharon said...

ရေးပါချစ်စရာ ဝက်ကလေးရေ... ဘာရေးရေးအားပေးနေတာ သိရက်သားနဲ့... အမည်မသိဆိုတာ မမဆီမှာလဲ အဲလိုတွေ လာရေးတာဘဲ... ဘာဘဲဖြစ်ဖြစ်ပါကွယ်... ကိုယ့်ကိုချစ်တဲ့သူတွေ အများကြီး ရှိနေတာဘဲဟာ... ဂရုမစိုက်ပါနဲ့

kiki said...

ခုလို အသိတရားတွေ အတွေးအခေါ်တွေ တိုးတက်လာ တာ စဉ်းစားလာတာ ဝက်ကလေး ရင့်ကျက်လာပြီပေါ့ ...
( ရင့် နေသောကြက်ကြီး ဟု ဆိုလိုခြင်းမဟုတ်ကြောင်း ရှင်းပါတယ်နော် )
တိုက်ဆိုင်မှုတွေရှိတိုင်း ကိုယ့်နိုင်ငံရဲ့  အခြေအနေတွေ နဲ့ယှဉ်ပြီး သတိရတတ်တယ် ဆို တာ ကိုယ့်နိုင်ငံကို ချစ်မြတ်နိုးနေတဲ့သူတယောက်မှန်း မှန်းဆလို့ရပါတယ် ..

ဟီး ... ရောမ ရောက်လို့ ရောမ လိုတော့ အားလုံးလိုက်မကျင့်မိစေနဲ့ နော် ..
ကိုယ်ကောင်းရင် ခေါင်းမရွေ့ ပါဘူး ..
ဘယ်သူတွေ ဘာလာနှောက်ယှက်ယှက် ဂရု စိုက်စရာ မလိုပါဘူး ဝက်လေးရေ ..
အားတဲ့ အချိန် စာတွေ ဆက်ရေးပါ..

ဖွား ကိ ...

မင်းအိမ်ဖြူ said...

ညီမရေ

ဘလော့တော့ မပိတ်ပါနဲ့ မနေ့ညက ကိုလူထွေးဆီကသိ တယ် ၊ လာတော့ပိတ်ထားတယ်လေ

နောက် မင်းနေရော ပဲ

စာတော့ဒီနေ့မှ ပို့မလို့ပါ

ဒီပိုစ့်လေး က ညီမဆီမှာ ဖတ်သမျှထဲမှာ အစ်ကို့ အတွေး လေးနဲ့ ဆင်တယ် ဟာဟ

ညီမရေ ဟိုတစ်နေ့က အမည်မသိကိုပြောထားတာ တွေ့လိုက်ရတယ် ၊ သိပ်မပြောနဲ့နော် ညီမ

စေတနာကောင်းတဲ့ ငှက်ဝက် ပျော်ရွှင်ပါစေ

မင်းအိမ်ဖြူ

မျက်မှန်လေး said...

ဝက်ဝံလေးရေ..
အဲလိုတော့လုပ်ပါနဲ့ကွာ
ဘလော့လောက မှာ ၀ံလေး မရှိလို့မဖြစ်ပါဘူး

ဝံလေးဘလော့ပိတ်မယ်ဆိုရင် ကိုယ်စိတ်ညစ်ရင်ဘယ်ဘလော့သွားလည်ရမလည်း
မလုပ်နဲ့နော်နော်...နော်လို့

Anonymous said...
This comment has been removed by the author.
မိုးစက်ပွင့်လေး said...

ညလေးရေ..အမြဲရောက်ပါတယ်ကွယ်..
ပိတ်ထားတာတွေ့ တော့လေ လှည့်ပဲပြန်နေရတယ်.
ဘလော့လေးတော့ မပိတ်ပါနဲ့နော်..စာပြန်ရေးလို့ ဝမ်းသာကြောင်းပါရှင်.....

ငှက်ငယ်လေး said...

နာလည်းထုမှပြန်ရောက်တယ်ဟယ်..လာလည်သွားတယ်

:P said...

ပြန်ဖွင့်တာ ဝမ်းသာပါတယ်

maylay said...

ညီမလေးရေ ဝမ်းသာလိုက်တာ ဂျီတော့ခ်လည်းပိတ် အွန်လိုင်းပေါ်လည်း မရှိ။ အိမ်လည်းပိတ်ထားတော့ (ကိုယ့်ဆီမှာတော့ လာမန့်နေပေမယ့်) စိတ်ပူနေတာ။ မင်းကတော့ ပြောတယ်။ သူ့ကိုဘယ်သူတွယ်လို့လဲမသိတဲ့။
အပြန်အလှန် သိပ်မပြောပါနဲ့ဝံလေးရေ။ သူ့အရိပ် သူ့နောက်လိုက်လိမ့်မယ်။ ဝံလေးကို ချစ်သူများပါတယ်။ စာဆက်ရေးနော်။ ကျန်းမာပျော်ရွှင်အောင်လည်းနေဦး။

kohan said...

ဆိုရိုးစကားကြားဘူးတာတော့ “သစ်ပင်မြင့်လေ လေတိုက်ခံရလေ” တဲ့

စည်သူ said...

အော်... အဲလိုလား..

မလုပ်နဲ့ဆို ပိုလုပ်ချင်တယ်..ဟဲဟဲ..

အဒီတော့.. သောက်တယ်ကွာ.. သောက်တယ်ကွာ..
ဘူး..ရှူး.. ဟာ..ကောင်းလိုက်တာ..း)

ဘယ်သူဆေးလိပ်လည်းမသိဘူး
ခိုးသောက်လိုက်တာ.. အရသာကိုရှိလို့..းP

နောက်ဆုံးကျတော့မှ
ပြောလိုက်ချင်ဘူး..ဟွန်း..း(

zawzaw said...

ဝက်ကလေးက အခုမှ အမြင်မှန်တွေ ရနေပီ သူ့ကိုဘယ်လောက် သူငယ်ချင်းတွေက ချစ်သလဲဆိုတာလေ ပြန်လာရမှာပေါ့... ဟုတ်လား...? ဘာကိုပဲတွေ့တွေ့ ကိုယ်မြန်မာပြည်ကို ယှဉ်ပြီးသတိရတာ ကျေးဇူးတင်လိုက်တာကွာ .. အမမြေကိုအမြဲတမ်း သတိရတတ်တဲ့ ညီမလေး အောင်မြင်ပါစေနော်...

ကြယ်ကလေးချစ်သူ said...

ဘာလို့ ဘလော့ပိတ်သွားလဲ မေးမယ်မေးမယ်နဲ့ မမေးဖြစ်ဘူး။
ပြန်ဖွင့်ပြီဆိုတော့လဲဝမ်းသာတာပေါ့။
မအားလို့ စာမရေးဖြစ်ပေမဲ့ ဘလော့မပိတ်ထားပါနဲ့ ။

ကျော်ကျော်အောင် said...

နင်အိမ်လေးပြန်ဖွင့်လိုက်တာ
သိတောင်မသိလိုက်ဘူးဘာရယ်မ
ဟုတ်ငါဝင်နေကြနေရာလေးဆို
တော့ပိတ်ထားလဲနေတိုင်းဝင်ကြည့်
မိတယ်အခုမှဘဲအိမ်ထဲဝင်လို့ရတော့
တယ်...ကျေးဇူးပါအိမ်တံခါးပြန်ဖွင့်
ပေးလို့..မောတောင်မောတယ်နေ့တိုင်း
လာလာချောင်းရတာ...ဘီယာတစ်လုံး
လောက်တိုက်ပါအုံးဟ..

Unknown said...

ချစ်စရာဆိုလို့ ဒီမောင်နှမတွေပဲ ရှိတာပဲဆိုပြီး ဘယ်သူမှ မသိခင် ပျောက်ပျောက်သွားတယ်....

ကြယ်ကလေးချစ်သူပြောသလို....
စာမရေးဖြစ်လည်း ဘလော့ဘ်လေးတော့ဖွင့်ထားပေးပါဗျာ...

အနှောင့်အယှက်ဆိုတာကတော့ နေရာတိုင်းမှာရှိပါတယ်...
မမှုပါနဲ့ ဂရုမစိုက်ပါနဲ့ မှန်တယ်ထင်ရင် လုပ်သာလုပ်ဗျို့...


တာ့တာနော်....
နောက်ပျောက်သွားလို့ကတော့ ဟွန်း
ဝက်ကလေး
ပြုတ်စားပစ်မယ်... ဟိဟိ....

ချစ်ခင်စွာဖြင့်
ကိုပြည့်စုံ

moe moe said...

အားပေးနေတယ်နော်...

အနော် said...

ဝက်ဝံကလေး ဘလော့မပိတ်ပါနဲ့ ဟိုနေ့တွေက လာဖို့လုပ်နေတာ ရဘူး ဘာဖြစ်မှန်းမသိဘူး
အခုမှ သိရတယ်
ပိတ်လို့ မရဘူးဝေ့ ဒုန်း ဒုန်း ဒုန်း ဆိုပီး ဝက်ကလေး လှိမ့်တဲ့ အသံ မကြားရဘဲ နေမှာပေါ့ ဟွန်း

မချစ်ရ said...

ဂျစ်လေးးရေ
မမလာလည်တယ်နော်
ကောင်လေးငယ်ဆီမှာ
မမမေးလ်တောင်းလိုက်နော်

လူရိုင်းလေး said...

ဟုတ်ပါ့နော် ငါ့နှယ် ဖုန်းဆက်ပြီးတောင် လှမ်းမေးရတာ မိနစ်တွေတောင် မရှိတော့ဘူးရယ် အခုလို ပြန်ဖွင့်ပြီးဆိုတော့လဲ ကောင်းတာပေါ့ကွယ်
ငါကတော့ ပြန်မဖွင့်တော့ဘူး
စာရေးဖို့ ခဲတံပျောက်နေတယ် အခုထိရှာမတွေ့သေးဘူး

mae said...

ဝံမလေး.. ပျောက်နေလို့ ဖုန်းတောင် ဆက်တော့မလို့

မ လဲ ဒီအတွေးတွေ ရဖူးတယ်၊ ဘတ်စကားစီးရင်းပေါ့၊ ဒီမှာတော့ အားကစားသိပ်လုပ်တဲ့ မြို့ဆိုတော့ ဆေးလိပ်ဒီလောက် မသောက်ကြဘူး

ကာရံဆူး said...

ညီမလေး ၀က်ဝံလေးရေ...ဘလော့ပြန်ဖွင့်လို့ ..ကျေးဇူးတင်ပါတယ်...၀မ်းလဲသာပါတယ်...နောက်ဆုံးမှ ရောက်တာကိုတော့ ခွင့်လွှတ်ပါကွယ်...အိမ်မှာ ကိစ္စလေးနည်းနည်း ရှုပ်နေလို့ ..(နောက်မှ ပြောပြမယ် နှစ်ကိုယ်ကြား..:P)..ဆက်ကြိုးစားညီမလေးရေ..တို့ တွေ အားလုံး အတတ်နိုင်ဆုံး လမ်းဆုံးရောက်အောင် လျှောက်ကြတာပေါ့..အားမွေး ညီမလေး...