Saturday, 5 September 2009

ကျွန်မကို အမြင်ကတ်ကြသော အကြောင်းရင်းများ

ပန်းက တဂ်ထားတဲ့ ကျွန်မကို အမြင်ကတ်ကြသော အကြောင်းရင်းများ တဲ့ အင်း နဲနဲတော့ ရေးခက်ကြီးရယ် ပြောရမယ်ဆိုရင် ညီမ့ကိုအမြင်ကတ်တဲ့လူမရှိသလောက်ပဲ (ဟဟာဟားးး မွှန်းတာလေ အဲလို ကိုယ့်ကိုယ်)

အင်းးးးး ကျောင်းတုံးက ဟိုစပ်စပ် ဒီစပ်စပ်ပေါ့နော် သူများတကာတွေကို လိုက် စ တယ် ငိုအောင် စ တယ် စိတ်မဆိုးဆိုးအောင် စ တယ် သူတို့ စိတ်တိုပြီဆိုရင် တဟားဟားးးးးး နဲ့ရီတယ် ဟဲဟဲ အဲလို အကျင့်မကောင်းဘူးလေ အဲတော့ စ ခံရတဲ့လူတွေက အမြင်ကတ်ချင်ကတ်မှာပေါ့လေ မသိဘူး ဒါတော့ ပြီးတော့ ညီမက ပန်းလို အတန်းထဲမှာ စာ တော်တဲ့လူမဟုတ်ဘူးလေ ၁ ကနေ ၁၀ အတွင်းက စိတ်ကူးပေါက်မှ ဝင်တာ မဝင်တာများပါတယ် ဒီတော့ ပြိုင်ဘက်ရယ်လို့ ရှိဘူး ကိုယ်ကလဲ လိုက်မပြိုင်သလို ကိုယ့်ကိုလဲ လာမပြိုင်ကြဘူး မကောင်းဘူးလား ဟဟဟဟ

ပြောရရင်တော့ သူငယ်ချင်း တယောက်တော့ ရှိဖူးတယ် သူက ကျူရှင်ကလေ သူက ညီမရဲ့ အိမ်ဘေးနားမှာနေတယ် ကျောင်းချင်းမတူပါဘူး ညီမက အိမ်မှာ ဝိုင်းတာဆိုတော့ သူလဲ နီးတယ်ဆိုပြီး လာတက်တာပေါ့လေ သူ့မှာက အဖေ မရှိဘူးလေ ဒါနဲ့ မေမေကတော့ ပြောရှာပါတယ် သမီးရယ် သူကသနားပါတယ် အဖေမရှိရှာဘူး သူ့ကို ညှာပေါင်းနော် တဲ့ ဒါနဲ့ ညီမလဲ သူ့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံပါတယ် တကယ်ပြောတာပါ ညီမသူ့အပေါ်မှာ ဘာမနာလိုစိတ်မှ မရှိဘူးလေ သူကတော့ အရမ်းပြိုင်တာပဲ ညီမကတော့ အေးဆေးပဲနေတာကိုး ကျူရှင်မှာ စာမေးပွဲစစ်လို့ 1/2 လေးလောက် ညီမက သူ့ထက် သာသွားရင် ငိုပြီ တရှုံ့ရှုံ့နဲ့ စိတ်ကိုလေတယ် ဒါနဲ့ ဆရာမတွေကလဲသိတယ် သူ့စိတ်ဓာတ်ကို သူက ညီမ့ထက် သာရင်တော့ မျက်နှာက ပြုံးရွှင်နေတာပဲ ညီမကတော့ ဘာမှမဖြစ်ဘူး သူ သာ သည်ဖြစ်စေ နည်းသည်ဖြစ်စေ ဘာလုပ်ရမှာလဲ မဟုတ်ဘူးလားနော် ညီမက သူ့ထက် ၁ နှစ်ကြီးတယ်(ညီမ က နေမကောင်းတော့ ကျောင်းထားတာ ၆ နှစ်မှ ထားတော့ သူငယ်ချင်းတွေထက် ၁ နှစ်ကြီးနေတာလေ တချို့ကလဲ မ တပ်ပြီးခေါ်တယ် တချို့ကလဲ ဒီအတိုင်းနံမည်ပဲခေါ်တယ်) ဆိုတော့ သူကတော့ မ တပ်ပြီး ခေါ်လေ့ရှိတယ် တခါတလေ သူ့စကားတွေက တောင်ရောက်မြောက်ရောက်ရယ် ဘာတွေ ပြောမှန်းကိုမသိတာ သူက တော့ ညီမကို အမြင်ကတ်မှာပေါ့လေ ညီမ မှာက အဖေအမေ ပြည့်ပြည့်စုံစုံရှိတယ် ပြီးတော့ ညီမ့အစ်ကိုက သူ့အစ်ကိုထက်ကောင်းတယ် (ကြွားတာမဟုတ်ဘူးနော် တကယ်ပြောတာ) စသည်ဖြင့်ပေါ့လေ အဲလိုမျိုးဆိုတော့ အလိုလိုနေရင်း အမြင်ကတ်နေမှာပေါ့လေ ပါးစပ်ကသာ ချိုချိုနဲ့ သိပ်ပြောတတ်တာ အဟီးးးး ပြောရင်းနဲ့ သူများ အတင်းများ ဖြစ်သွားလားမသိဘူး တဂ်ထားတာနဲ့ ဆိုင်ရဲ့လားမသိဘူး ပန်းရေ စိတ်ညစ်ပါတယ် လူကလဲ ပြောပြီဆိုရင် ဘရိတ်အုပ်လို့မရတော့ဘူးရော

အင်းးးးး အမြင်ကတ်တဲ့အကြောင်းပြောရရင် ငယ်ငယ်က ညီမက သိပ်ဆိုးတာ ဆိုနေ မာနလဲအရမ်းကြီးတယ် အကောင်းပြောတာ မျက်နှာက ၁၆ ခေါက်ချိုးလေ (အယ် ၈ ခေါက်ချိုးတောင်မဟုတ်ဘူးနော် ၂ ဆ ဟဟဟ) ကမ္ဘာကြီးတခုလုံး ညီမ့လုပ်စာ ထိုင်စားနေရတဲ့အတိုင်းပဲ ဟဟဟဟ အော် တတ်နိုင်ဘူးလေ ဘုရားပေးတဲ့ ဒီရုပ်ပဲရှိတာကို လူကလဲ ဒီလိုပဲနေတတ်တာဟာကို ဒီတော့ လူတွေက ထင်တယ် ဒီကောင်မလေး မှုန်တေတေနဲ့ မာနခဲ သောက်မြင်ကတ်စရာဆိုပြီး သောက်ညင်ကတ်တဲ့လူလဲ ရှိတာပေါ့နော် နောက် ပေါင်းကြည့်လိုက်တော့မှ ပေါက်ကျော်မ စပ်စလူးမ ဟဟဟ အစရှိသဖြင့် ညီမရဲ့ ဂုဏ်ပုဒ်တွေ သူတို့ သိလာတာပေါ့နော် အဟက် မသိသေးခင်တော့ အမြင်ကတ်ကြတယ် သိလာတော့လဲ ခင်လိုက်ကြတာ အွန်လိုင်းတက်ရင် လက်ကိုမလည်တာ ဟဟဟဟ(အတည်ပြောတာမယုံဘူးလား ဟိဟိ)

ကဲ ပန်းရေ ကျေနပ်ပြီလို့ထင်ပါတယ်နော် ဟုတ်ရဲ့လားမသိဘူး ပန်း တဂ်ထားတဲ့ ပို့စ်လေး နဲ့ ကိုက်ရော ကိုက်ရဲ့လားမသိဘူး ညီမက အဲလိုပဲ ရေးချင်တာရေးတာ (သိတယ်မလား ဖေသားကြီးရဲ့ သမီးဆိုတော့ သူ့လိုပဲ ရေးချင်တာ ရေးတယ်လေ နော်)

ဆက်ပြီးတဂ်ပါ့မယ် ခေါင်းစဉ်ကတော့
ကျွန်မ/ ကျွန်တော် ကို အမြင်ကတ်ကြသော အကြောင်းရင်းများ ပဲဖြစ်ပါတယ် ကံထူးရှင်တွေကတော့

ဘဝပြောင်းဇာတ်ညွှန်းပိုင်ရှင် ဦးလူထွေး (ပထမတဂ်တခုကိုမရေးတဲ့ လူဂျီးရေးပေးပါ ဒါတော့ shock မရှိဘူးမလား)
ဖေသားကြီး (တဂ် အကြွေးနှစ်ခုဖြစ်နေတယ် သနားထှာ ဂျွတ်ဂျွတ် ရေးပေးပါဦးလို့)
မေ့သမီးကြီးအိန်ဂျယ် (သူ့ကိုပစ်ထားကြတယ်တဲ့ ပစ်မထားကြောင်းလေး တဂ်လိုက်ပါတယ် ဟိဟိ)
ကလေးငယ်လေး (မမကို အရမ်းခင်လို့တဲ့ ဒီတော့ တဂ်လိုက်တယ် ကွယ် ငှဲငှဲ)
မမမှန်လေး ကိုလဲသနားတယ် မအားရှာဘူး တဂ်က ၂ တောင် သနားထှာနော် ငွားငွားးးးး
မချစ်ရ ရေ ဂျစ်လွန်းလို့ ထပ်တဂ်တယ်နော် ရေပေးပါ အဲလေ ရေးပေးပါ
ကောင်လေးငယ် နင်ရော ပါတယ် ရေးပါ
အရက်ခွက် ငါ့ကို ရစ်လွန်းအားကြီးတဲ့ ကောင်စုတ်လေး ဟားဟားးးးးး
ဧရာဝတီသားရေ နာ သရဲအကြောင်းချည်း ရေးတာမဟုတ်ရပါဟယ်
ကိုမြစ်ကျိုးအင်း ပထမတဂ်လဲ မရေးဘူး ဒါလေးတော့ ရေးပေးမယ်လား နော် နော် နော်
ယွန်းလေး ဟိဟိ လာပြန်ပြီ နောက် တတဂ်လေ ဟဲဟဲ
ဖွားကိ ဒါတော့ ရတယ် မလား ရေးပေးနော်
ယောင်းမြူးလေး ထိုည က ????? အဲလိုတွေရေးသွားတယ် ဘာဖွ မှာလဲဟင် သိချင်လို့ ဟိဟိ
နှင်းဆီ ရေးစရာ ရှိသွားပြီမလား စိတ်မကောင်းဘူးကွယ် ပထမ တခုကို ၃၄ ခေါက်တောင်စဉ်းစားလိုက်ရတယ်ဆိုတော့ ဒါလေး တော့ စဉ်းစားစရာ မလိုလောက်ဘူးထင်တယ်နော်
မယ်မီး နောက်တခုကွ လာထား ဟားဟားးးးးးးးး
ကိုပြည့်စုံ ပထမတခု မလာသေးဘူးလား ဒါလေးပါ ထပ်အားဖြည့် ဟိဟိ
ကဗျာဆရာရေ မင်းနေဝေးရေ နောက်တစ်တဂ်ကွ ကြိတ်ထား ဟိဟိ
အိမ် သူ့နံမည် ၅ ယောက်စာရင်းထဲ မပါလို့ မရေးဘူးတဲ့ ဒီတခါတော့ သေချာ ပေါက် ရေးပေးနော် မရေးပေးရင် လူပြိုဂျီးဖြစ်မယ် သိလား ဟွင်းးးး ကျိန်စာတိုက်ထားတယ် ဒါဗြဲ (သူတယောက်တည်း ကျိန်စာပါတာပါ ကျန်တဲ့လူတွေ ကျိန်စာလွတ် ဗလွတ်)
ဂွန်း ပထမ တခုလဲမရေးဘူး ဒါတော့ ရေးပေးဟာ လိမ္မာတယ်နော်
အနော် ရေ ခင်မင်မှုတွေ သိတယ်မလား ရေးပေးနော်
ရန်ကုန်သား ကို သနားတယ် တဂ်လိုက်ရမလား ဟင် တဂ်ဆိုလဲ ပြောဟယ် တဂ်မယ် အို... ရှုပ်ပါတယ် တဂ်ထားတယ် ဟိဟိ
ငှက်ငယ်လေး က သူ့မတဂ်လို့ စိတ်ချိုးနေဦးမယ် အာဘွား ဆိုးနဲ့ တဂ်လိုက်ပြီ
ယောင်းမက်ရေ ပျင်းကြီးထှာ ပထမ တခုလဲ မရေးဘူး ဒါလေးတော့ ရေးနော် နော် နော်
ငါ့ ကိုဇော် ကြီးကလေ ဦးလူထွေးရေးတဲ့ ချေးပိုးထိုးကြီးကို ဂျစ်လို့တဲ့ ဟဟဟဟဟ ရေးပါ ဝေ့လည်ကြောင်ပတ်မလုပ်နဲ့ ဟွင်းးးး
နောင် တောင်တောင် အဲလေ ပထမ တခု ခေါင်းစားရင် လျှော့ပေါ့ ပေးလိုက်မယ် ဒါလေးရေး ဟုတ်ပြီလား
မမကြည်ဖြူပိုင် ဘာတွေ ဖစ်နေရဲအသိဘူး အခုတလော တနားပါတယ် အဲတော့ တဂ်လိုက်တယ် သိရား ဟဲဟဲ
စည်သူ ပေါက်ပေါက်ရှာရှာ youtube က ဘာတွေ လျှောက်တင်မှန်းမသိဘူး ရေးပေးကွယ် နော်
ကိုဟန် ဒါက များ ရဲ့ ပထမဆုံး တဂ်ထင်တယ်နော် ဟုတ်ရား ရေးပေးပါ
မမလေး အဲလေ အရူးလေး ရေ ရေးပေးပါကွယ်နော် သံယောဇဥ်က တင်းလွန်းရင် ပြတ်တတ်တယ်ဟ သိလား ခွီးးးခွီးးးးးး
ကိုမင်းအိမ်ဖြူက သူ့ကိုမခင်ဘူးတဲ့ မတဂ်ဘူးတဲ့ ဟုတ်လား အဲလိုမဟုတ်ရပါရှင် တူက ဘလော့ဂ်မှမဂင်းတာ ဒါကြောင့်ပါ တဂ်ပါတယ် ရှင် ရေးပေးပါရှင်


ဟမလေး မောလိုက်တာ ရေလေး တိုက်ကြပါဟ ဟိုးးးဟိုးးးးး ခစ်ခစ် ရေးပေးကြနော် ဒီတခါ မရေးပေးတဲ့ လူတွေကို မခေါ်တော့ဘူးမှတ် (အယ်တော်နော် မခေါ်တော့ဘူးဆိုရင် ဝမ်းသာသွားဦးမယ် ဟဟဟဟ)

26 comments:

ဝသန်မိုး said...

ဝက်အိမ်ဘူမှရှိသေး ဖူး
၁ယူထားဦးမယ်

ဝသန်မိုး said...

၂ ရတော့လည်းယူတာပေါ့လေ
တော်သေး ကျုပ်အမည်နာမမပါလို့ 
ဟီး
ရေးပေးမယ်အရင်တက်ဂ်ကိုတော့
ထနစောင့်
ဒါဖဲ
း)

ဝသန်မိုး said...

၃ ကော ပေးဦးမှာလား
ပေးရင်တော့ယူဦးမှာပေါ့

ကဲကဲ အဲလောက် လက်ဆော့ရရင်
တော်ပါပြီလေ

ပြန်တော့မယ် ကွယ်

ဝသန်မိုး said...

၎ မယူချင်ပါဘူးဆိုနေ
တာ့တာကွယ်
ဝက်ကလေးရယ်

စည်သူ said...

ဟား.. ဟား.. ဟား..

အမြင်ကတ်လည်း ဘာမှမကြောက်နဲ့

အကြွေးထူတော့ သတိရတဲ့သူများတယ်လေ

အမြဲတမ်း ကို့ကို အောင့်မေ့နေမှာ..

အခုလဲအဲလိုပါပဲ..း)

ခင်မင်စွာဖြင့်
စည်သူ။

kyalkalay said...

ဟ ဟ

လူချစ်လူခင်ပေါသော ကျနော်
ရုံတယ်နော်

ကျေးဇူး ဝက်ဝလေး

မင်းအိမ်ဖြူ Minn Eain Phyu said...

ဟာဟ ငှက်တစ်ဖြစ်လဲ ၀က်တို့ကတော့ လုပ်ပြီ ...
အမြင်ကပ်တဲ့အထဲမှာ အစ်ကိုလည်းပါတယ်လေ
မတဂ်လို့ ရယ် နောက် မောင်နှမတွေ စားရင်ထဲမှာ မပါလို့ရယ်.. ဟာဟ နောက်တာနော်

ပျော်ရွှင်ပါစေဗျာ
မင်းအိမ်ဖြူ

Anonymous said...

ထိုည....ထိုည...ထိုည

သိချင်နေပြီမှတ်လား ယောင်းလေ

ယောင်းလေးကပိုသိမှာပေါ့ ဟုတ်ဖူးလား

ထွမယ် များများတဂ် သိလား

ရေးမယ်ဟေ့ ဘယ်တော့လဲ တော့သိဖူးရယ်လေ

ကျမမျိုးက ရှင်လေးလို စာမရေးးတတ်ဖူးကွယ်

စဉ်းစား ရင် နွားဖြစ်မှာကြောက်လို့ 

မစဉ်းစားရဲ့ဖူး သိလား မစဉ်းစားတော့ အိုင်ဒီယာက

မထွက် ဘီလိုရေးရပါ့နော် ယောင်းရယ်

kiki said...

အင်း...ခက်တော့ခက်နေပါပြီ ၊ ဒီဝက်တကောင်နဲ့ တော့...

ဒုတ်တောင်းနေပြီထင်တယ် နော် ...တယ်လေ...ပြောလိုက်ချင်တော့ဘူး .
လူဂျီးကို ဒါတွေရေး ခိုင်းရလား လို့ ..
( လာမယ် ကြာမယ်ပေါ့နော် )

သားကြီး said...

တဂ်ကိုအတိုးနဲ့သာ ဆပ်ရမယ်ဆို
သားကြီးတို့မွဲကိန်းပဲ
ပထမတောင်မကြေသေးဘူး
လာပြန်ပြီနောက်တခု
ဖေ့သမီးလေး တယ်လည်းမကောင်းဘူး
သားကြီးကိုအမြင်ကပ်တဲ့လူတွေကို လျှောက်ရေးရရင် ရေးလို့တောင်ကုန်မှာမဟုတ်တော့ဘူး
ရိုက်ပွဲထဲကလူတွေကိုရေးရမလား သောက်ပွဲထဲကလူတွေကိုရေးရမလား
စဉ်းစားရင်းနဲ့ဦးနှောက်ခြောက်ရပါတယ်ကွယ်
အတတ်နိုင်ဆုံးတော့ရေးပေးပါမယ်လေ
ဒါပေမယ့် သိတယ်မဟုတ်လား
လာမယ်ကြာမယ်ပေါ့နော် ဟဲဟဲ
အခုတလောgraphicဘက်ပဲ စိတ်ကရောက်နေတယ်ဟ

ကြည်ဖြူပိုင် said...

ဟေးရောင်.....ကုန်ကြမ်းစုတုန်းကွ
ကိုယ့်ကိုလည်းအမြင်ကတ်သူသိပ်ရှိဘူး
လိုက်မေးရဦးမှာ ဘယ်အချိန်မှာကတ်လဲလို့ :P
လာမယ်..ကြာမယ်
ဟဲဟဲ...ပဟေဠိလေးကြောင့်သနားနေတယ်လား
:P

မြစ်ကျိုးအင်း said...

အခုရော ရှိသေးလား အမြင်ကပ်တဲ့သူ
ဒီလောက်ခင်ဘို့ကောင်းတဲ့ ၀က်ဝံလေးကို ဘယ်သူမှ မကပ်လောက်တော့ပါဘူး။
ကောင်းအောင်နေပေမယ့်လည်း ကပ်ချင်ကပ်ကြတာပဲ။

yangonthar said...

ဒွတ်ခပါလာ ကြွေးသုံးခုရှိပြီ ..... အားးးးးးးး
သရဲခြောက်ခံလိုက်ရ အချွန်နဲ့ မခံလိုက်ရ အင်း ခုတစ်ပတ်တည်း တက်ဂ် တာပဲကြည့်နှစ်ခါ :(
ပျားမှ အကြီးကြီးတုပ်တာ
ဟုတ်ကဲ့ ရေးပါ့မယ် တက်ဂ်ပို့စ်တွေ ရေးရင်းရေး
ရင်းငယ်ကျိုးငယ်နာ အကုန်ပေါ်တော့မယ်ထင်
ပါတယ်
နောက်သေချာနားထောင်နော်သယ်ချင်း
ဒီလောက် သဘောကောင်းတဲ့ ကျနော့်သယ်ချင်း
ကိုဘယ်သူ အမြင်ကပ်သလဲ တွေ့ မယ် ဘူးသီး နဲ့ ကို ကိုင်ရိုက်ပစ်ဦးမယ် ....ဟဟ တက်ဂ် ကလေး ခွင့်လွှတ်လိုက်ရင်တော့
ကောင်းမှာ ပဲ :P
အရင်ကြွေးတွေ နဲ့အတူ အလှည့်ကျဆပ်ပါ့မယ် ခုတော့ မကြီးဝါ တက်ဂ် ကိုဆပ်လိုက်ဦးမယ်
ခင်တဲ့
ရန်ကုန်သား :D

ကိုလူထွေး said...

ကိုယ့်ပေါင်ကိုယ် လှန်ထောင်းရမယ့်အဖြစ်မို့ မလွယ်ပါလား ဝက်ကလေးရေ...

မခင်လို့မဟုတ်ပါဘူး... ဒီတခါလဲ အမိန့်ဖီဆန်မှနဲ့တူတယ်...

းဝ)

ဧရာဝတီသား said...

ဝက်ကလေး ရေ လုပ်လိုက်ဟ၊ ငယ်ကျိုးငယ်နာတွေ ပေါ်ကုန်တော့မှာပဲ၊ အခုရက်ပိုင်း မအားလို့ ၀က်ကလေးရေ၊ အားတဲ့ အခါရေးပေးပါ့မယ်။

အင်း ၀က်ကလေး ကိုတော့ အခုအမြင်ကတ်တဲ့ လူ မရှိလောက်ပါဘူး။ အားလုံးက ခင်ကြတာကိုး။

ကဲပြန်လိမ့်လိုက်ဦးမယ် ...ဒုန်း ...ဒုန်း ။ :D

ယွန်း said...

0က်ရေ....
တဂ်ဖို့ ဘယ်သူကျန်သေးလဲ..
ရွာထဲက လူကုန်ပြီ...

Angel Shaper said...

ဒီတစ်ခါ ၀သန်မိုးပါ။
မနက် အိပ်ယာမထခင် ဘလော့ဂါရုံးကို လက်မှတ်လာထိုးပါ။ နေရာယူ သောင်းကျန်းမှုနော် အပြစ်ကြီးတယ်။ လာမထိုးရင် ( လက်မှတ်နော် ) အန်တီကိကိ သိတယ်။ ဘာပြစ်ဒဏ်ချလဲဆိုတာ ဟိဟိ။
ဘယ့်နှယ် ငါမရှိတုန်း သောင်းကျန်းရတယ်လို့  လူကြားလို့မှ မကောင်း။။ ဗြဲ ဟဲဟဲ
အယ်... ဒီဝက်ဟာလေ
တော်တော် လက်သွက်သကိုးးးးးးးးးး
သမီးကြီး ရှိုးပွဲတွေ ဆက်နေတာသိတယ်ဟုတ်။
ကြာမည်။ ကြာမည်။ ပေါ့။ အဲလေ လာမည် ကြာမည်ပေါ့ဟဲ့နော့်။ ငါ့ကို ပစ်ထားပြီးတော့ တက်ဂ်နဲ့ လာခေါ်တယ်။ ဟွန်းးးးးးး သားကြီးလဲ ဘာထူးလဲ။ တရေးနိုးမှ လာပြီး သမီးကြီးဆီ သတိတရ လာတယ်တဲ့။ ဟင်းးးနင်တို့ နှစ်ကောင်ကို ကွေးနေတယ်။ ရေခဲမုန့် အရင်ဝယ်ကျွေးးးးးးး ဒါပဲ ဟွန်းးး

မယ့်ကိုး said...

ဒီလောက်ချစ်ဖို့ကောင်းတဲ့ ညီမလေးကို အမြင်ကတ်ခဲ့တဲ့သူလည်း ရှိသေးတယ်နော်။
ဘယ်သူမှ မရှောင်နိုင်တဲ့ လောကဓံပေပဲ။
လူတွေကုန်ပြီဆိုပေမယ့် မမကို သိနားလည်စွာ ချန်ထားပေးခဲ့တဲ့ ညီမလေးကို အထူးကျေးဇူးတင်ပါတယ် =)

Lucifer said...

ဝက်ဝံလေးမှာတောင် အမြင်ကပ်တဲ့သူရှိရင် ..မမီးမှာတော့ ဆိုဖွယ်ရာ မရှိ... တော်တော်များတယ် သိလား..ကြွားခဲ့တာလေ..

မင်းနေဝေး said...

ဟားးးးးးးး .... သေပြီဆရာပဲ ....
အဲ့လိုကျတော့ ဘယ်လိုလုပ်ရပါ့ ........
ချောင်ကွယ်ထိုင်ပြီး ကဗျာလောက်ရေးနေတဲ့လူကို ဘယ်သူက အမြင်မကတ်ရှိမလည်း .... ခက်ကပီ ၀က်ရေ .....

maylay said...

ကောင်းလိုက်တာ ဟိဟိ ဝံလေးရေ သူတို့ကို ထပ်တလဲလဲ တဂ်နေလို့ ဝံလေးကို အမြင်ကတ်နေပါအုံးမယ်နော်။ မေလေးတော့ မပါဘူးနော်။ ချစ်ပြိးသားပဲ (ကိုယ့်ကို မတဂ်လို့ ဟိဟိ) ဘယ်လိုဖြစ်ဖြစ်ပေါ့ စာရေးထားတာကိုက ကိုယ် သူတို့ကို ဘယ်လောက်အရေးထားတာ ပေါါ်တယ်လေနော်။ ကျန်းမာပျော်ရွှင်ပါစေ

rose of sharon said...

ဝက်ဝံလေးကို အမြင်ကတ်တဲ့သူ မရှိလောက်ဘူးထင်ရဲ့ ... ဒီလောက်ချစ်စရာကောင်းတာကို.... ငယ်ငယ်တုန်းကတစ်ယောက်ကလဲ မနာလိုဖြစ်တာနေမှာ... အမြင်ကတ်တာမဟုတ်ဘူးထင်ရဲ့... တဂ်ထားတယ်ဆိုတော့ ရေးရမှာပေါ့... ရေးစရာရှိသွားတာလဲ မှန်ပါတယ်... ခလေးတွေကျောင်းသွားရင် ရေးပေးမယ်နော်

mae said...

မ email ကို ဖျောက်ပစ်လို့ အမြင်ကပ်တယ်၊ စပ်စလူးစိန်လေး.. အဆင်ပြေရဲ့လား? glasgow သွားပီးပလား? မ မှာ အဲ့မှာ မိတ်ဆွေတော့ရှိတယ်၊ လိုရင် ပြောလေ၊ သူနဲ့ သိပ်တော့မခင်ဘူး၊ သဘောတော့ ကောင်းပါတယ်

Anonymous said...

တစ်ခု က မပြီသေးဘူး နောက်တစ်ခု လာပြီ..

သုခုမလေဒီ said...

တဂ်အားကောင်းလိုက်တား)
ဂင်းနစ်စံချိန်မီမလားပဲနော်။း)
အလည်လာသွားပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေ။

မျက်မှန်လေး said...

ဟေးးတဂ်တွေအများကြီးဘဲ
ရေးမယ်ရေးမယ်နော်
ဟီး၂