" ဒီကောလိပ်မှာနောက်မြန်မာ တယောက်ရှိသေးတယ် သူကပြောတယ် နင့် email address လိုချင်လို့တဲ့ ဒါနဲ့ ငါက နင့်ဆီက ခွင့်တောင်းဦးမယ်လို့ ပြောလိုက်တယ် " လို့ပြောလာတဲ့ international staff ရဲ့စကားကြောင့်
" ဟုတ်လား သူကရော ကျောင်းသားအသစ်လား "
" မဟုတ်ဘူး ရောက်တာ နဲနဲကြာပြီ သူ e mail address ပေးထားတယ် နင် ဆက်သွယ်လိုက်မလား ဒါမှမဟုတ် ငါကနေ တဆင့်ဆက်သွယ်မလား "
" အင်းလေ ငါပဲဆက်သွယ်လိုက်ပါ့မယ် ကျေးဇူးနော် "
" ရတယ် သူကလဲ ဝမ်းသာနေတာ ကောလိပ်မှာ မြန်မာနောက်တယောက်ရှိပြီဆိုလို့လေ တွေ့လိုက်ကြနော် " ဆိုပြီး စာရွက်လေး လှမ်းပေးသွားတဲ့ staff လေးကြောင့် အဲဒီ သူငယ်ချင်းနဲ့ အဆက်အသွယ် ရဖြစ်ခဲ့ပါတယ်
" ဟိုင်း staff က e mail address ပေးလို့ပါ ကောလိပ်မှာ တက်နေတဲ့ တယောက်ပါ "
" ဟုတ်ကဲ့ ဘာတက်နေလဲဟင် "
" ကွန်ပြူတာပါ "
" ဟုတ်လား မနက်ဖြန် အတန်းရှိလား "
" မရှိဘူး ဗုဒ္ဓဟူးနေ့ကျမှ ရှိတယ် "
" အော် ဟုတ်ပြီ အိုင်စီးး အဆင်ပြေတယ်မလား "
" ဟုတ် ပြေပါတယ် "
" အင်း လိုရမယ်ရ ကျွန်တော့် ဖုံးနံပါတယ် ယူထားလိုက်နော် " ဆိုပြီး ဖုံးနံပါတ် ပေးခဲ့တယ် ဒါနဲ့ ကိုယ်လဲပြန်ပေးလိုက်တယ်လေ
" မနက်ဖြန် အတန်းရှိလား "
" မရှိဘူး ဒါပေမယ့် စာရွက်စာတန်းကိစ္စ လုပ်စရာရှိတယ် အဲဒါ ၁၀ နာရီ ချိန်းထားလို့ နင်ရော "
" ဟုတ် ၁၀ ခွဲကနေ ၁၁ အထိ break ရတယ် အဲဒီအချိန်တွေ့မယ်လေ "
" အိုကေ လေ တွေ့မယ် ဘယ်မှာလဲ "
" main reception နောက်မှာ cantine ရှိတယ်လေ အဲဒီမှာ ကျွန်တော် နေ့လည်စာစားတယ် အဲမှာတွေ့မယ် လေ "
" ဟုတ်ပြီလေ ဒါဆိုလဲ အဲဒီမှာပေါ့ "
" အင်း ဖုံးခေါ်လိုက်မယ်နော် " လို့ပြောပြီး တွေ့ဖို့ အချိန်းအချက်လုပ်ခဲ့ကြတယ်
၁၀ နာရီမှာ စာရွက်စာတန်းကိစ္စ လုပ်ဖို့ ချိန်းထားပေမယ့် နဲနဲနှောင့်နှေးသွားခဲ့တယ် မပြည့်စုံတဲ့ စာရွက်တချို့ကြောင့် ၁၀ ခွဲမပြီးဘူး ဖြစ်သွားတယ်
" ဟယ်လို ကျွန်တော် main reception မှာ ရောက်နေပြီ "
" ဆော်ရီး ငါလေ ကိစ္စလေးမပြီးသေးလို့ အဲဒါ ခဏစောင့်နော် "
" ဟုတ်ကဲ့ " လို့ပြောပြီး ဖုံးချသွားတယ် ဒါနဲ့ အားလုံးပြီးစီးတော့ သူငယ်ချင်းနဲ့တွေ့မယ်ဆိုပြီး main reception ကိုထွက်လာတော့ ဘာအရိပ်အယောင်မှလဲ မတွေ့တာနဲ့ ဖုံးဆက်လိုက်တယ် မကိုင်ဘူး number busy တဲ့ ၂ ကောလောက်ခေါ်တော့မကိုင်တော့ ကိုယ်လဲ ခဏလောက်စောင့်နေတော့ message တစောင်ဝင်လာတယ်
" sorry fri i have class so see you next time " တဲ့ နာရီကြည့်လိုက်တော့ ဟုတ်တာပေါ့ ၁၁ တောင်ရှိပြီလေ ဒါနဲ့
" no problem i have to 2 say sory bye c u " ဆိုပြီး ပြန်ပို့လိုက်တယ်
နောက်နေ့ အတန်းက break ပေးတော့ သူငယ်ချင်း ဖုံးကို တချက်လှမ်းခေါ်တော့ number busy ဆိုတာနဲ့ ပြန်ချထားလိုက်တယ် ညနေ အဆောင်လဲပြန်ရောက်တော့ message တစောင်ဝင်လာတယ်
" sorry fri i was in the classroom so can't use phone " တဲ့ ဒါနဲ့ ကိုယ်လဲ ဖုံးထဲက ပိုက်ဆံကုန်တော့မှာဆိုတော့ သူငယ်ချင်းကို ပြန်မပို့ဖြစ်လိုက်ဘူး ညကျ အွန်လိုင်းမှာတွေ့တော့ သူငယ်ချင်းနဲ့ ထပ်ချိန်းဖြစ်ခဲ့တယ်
" ၁၂ နာရီကနေ ၁ နာရီ အထိ ငါ break ရတယ် နင်ရော " ဆိုတော့
" ဟုတ်ကဲ့ ၁၂ ခွဲကနေ ၁ နာရီ အထိ break ရပါတယ် "
" ဒီလိုဆို "
" ဟုတ် တွေ့မယ်လေ main reception မှာပဲပေါ့ "
" အိုကေ ဆီးယူ "
ဒီနေ့က ဗွီဒီယိုအကြောင်းပေါ့ multimedia သင်ရတယ်လေ ကျူတာက အဖွဲ့လိုက် ဗွီဒီယိုကင်မရာ တလုံးစီပေးပြီး ကျောင်းသားတွေကို လိုက်ဗျူးခိုင်းတယ် ကိုယ်တို့ အုပ်စုက ၄ ယောက်အဖွဲ့ လေ ဒါနဲ့ လိုက်ဗျုးရတာပေါ့ ကျောင်းသူတွေကလဲ ရှက်တတ်လိုက်တာ ဒါနဲ့ staff တွေကိုပဲ အားမနာလျှာမကျိုးမေးရတော့တာပေါ့ အတန်းထဲပြန်ရောက်တော့ ကျူတာက
" အိုကေ နောက်တပတ်ကျမှ edit လုပ်မယ် အသံတွေလဲ လုပ်ကြတာပေါ့ " တဲ့ဆိုပြီး အတန်းဆင်းပေးခဲ့တယ်
သူငယ်ချင်းတွေနဲ့ နောက်တတန်းမစသေးတော့ main reception မှာစောင့်နေခဲ့ကြတယ်
" ဘယ်မှာနေလဲ " စပ်စုကြတယ်
" ဘယ်နှနှစ်လဲ " မေးကြတယ်
" ခန့်မှန်းကြည့်ပေါ့ " ဆိုတော့
" ၁၅ " တဲ့
" ဟဟဟ ငါအဲလောက်တောင် နုနေလို့လား " ဆိုတော့
" အင်း " တဲ့ (ကြုံတုံးလေး ကြွားလိုက်ဦးမယ်) တဟားဟားးးး နဲ့ရီလိုက်ရတာ ခဏနေတော့ ဖုံးဆက်လာတယ်
" ဘယ်မှာလဲ " တဲ့
" ဟုတ်ကဲ့ main reception မှာပါ "
" အော် ဟုတ်ကဲ့ လာပြီနော် " ဆိုပြီး ရောက်လာတယ် တွေ့တွေ့ချင်းပဲ ကိုယ်က စ ပြီးတော့
" အခုမှတွေ့ဖြစ်ကြတယ်နော် " ဆိုတော့
" ဟုတ်တယ် အစ်မက ဘယ်အချိန် အတန်းပြန်စ မှာလဲ စားပြီးပြီလား " တဲ့
" ၁ နာရီ အင်း စားပြီးပြီ "
" အဲလိုဆို ကျွန်တော် နေ့လည်စာ စားလိုက်ဦးမယ် "
" အိုကေ လေ နောက်တော့ တွေ့တာပေါ့ " ဆိုပြီး နှုတ်ဆက်ခဲ့ကြတယ်
တွေ့တွေ့ချင်း အစ်မ လို့ ခေါ်လိုက်တဲ့ သူငယ်ချင်းကို မကျေနပ်ဘူးး)))) ဟုတ်တယ်လေ ခေါ်စရာလားလို့ နော် အခုဆိုရင် ဝက် သူငယ်ချင်း အသစ်ရပြီလေ မြန်မာသူငယ်ချင်း တယောက် မူစလင် သူငယ်ချင်း ၂ ယောက်နဲ့ scott သူငယ်ချင်း(ကုလားလေး သူက ဒီမှာမွေးတော့ ဒီနိုင်ငံသားပေါ့) တယောက်ပေါ့ ကျန်တဲ့အတန်းထဲက သူငယ်ချင်းတွေနဲ့လဲ ခင်ပါတယ် ဒါပေမယ့် သူတို့က သူတို့အဖွဲ့နဲ့ သူတို့ဆိုတော့ သိပ်အခင်ကြီးမဟုတ်ဘူးပေါ့လေ
(ဘာရယ်မဟုတ် ရေးစရာမရှိလို့ ရေးလိုက်ရခြင်းဖြစ်ပါတယ်... ဘလော့ဂ်လေးလဲ ပစ်မထားချင်လို့လေ ခွင့်လွှတ်ပေးကြပါကုန် ပေါက်တတ်ကရပို့စ်ကို ဟိဟိ)
စာဖတ်ပရိတ်သတ်တယောက်က မေးတယ် ဒီနေ့ အသစ်မတင်ဘူးလားလို့ ဆိုလို့း) အဟီးးးး (ကြွားတယ်နော် ဝက် တကောင်ဟာလေ သူ့မှာ စာဖတ်ပရိတ်သတ်ရှိတာ ဟိဟိ) ရှားရှားပါးပါး ဒီတယောက်တည်း ရှိတာပါ များဂါတွေလို စာဖတ်ပရိတ်သတ် အညားဂျီး ရှိဘူးရယ် သိလား ကဲ စာဖတ်ပရိသတ်(ကျော်စိုးထွန်း) ရေ ကျေနပ်တော့နော် (ဟိဟိ နံမည်ဂျီး ထည့်ရေးပေးလိုက်တယ် သိလား ကွန်ပြူတာ အင်ဂျင်နီလာဂျီးရေ ဟဟဟ)
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
1 month ago



26 comments:
ပေါက်တတ်ကရလဲး ဖတ်တတ်တယ်..ရေးချင်သလိုသာရေး.. စာရေးတယ်ဆိုတဲ့ အားထုတ်မှုရှိတယ်လေ... ဟီး မမီးလိုပေါ့နော်...
အဟ.. နာက စာတော်တော်ရေးတယ်ဆိုတော့ ခိုင်းနှိုင်းလိုက်တာ..
ရေးချင်တာရေးဝက်ဝံလေးရေ
ကိုယ့်ဘလော့ပဲမဖတ်ချင်တဲ့လူပြန်သွားလိမ့်မယ်
အားပေးတယ်ဘာမှစိတ်မပူနဲ့ ...:P
မကြွားရေ ကြွားထားကြွားထား ပိုစ့်တွေ တရက်တပုဒ် ရေးတဲ့ အမှုနဲ့ ဖွားကိ နဲ့ ပေါင်းပြီး ရုံးတင်လိုက်အုံးမယ် ဘာမှတ်လဲ ...
ညီမလေးရေ...ဒီနေ့အကြောင်းလေး လာဖတ်သွားတယ်။
မမက ညီမလေးရဲ့ ထာဝရစာဖတ်သူပါနော့။ဘလော့အစထဲက ဖတ်ခဲ့သူပါကွယ်။ အခုတော့ ကိုယ့်အစ်မကို မေ့ပြီပေါ့လေ။ :P
(ချစ်လို့ စတာနော် ညီမလေး... =)
တယ်ကြိုးစားတဲ့ တို့ဝက်ပဲ ဂုဏ်ယူပါတယ် သူငယ်ချင်းတယောက်ရပြီဆိုတော့ မဟုတ်ရင် တို့ဝက်ဗမာလိုပြောဖို့မေ့နေမှာစိုးလို့ အဟိ
ခင်မင်လျှက်
ပါးလုံး
တိန် .. ၁၅ နှစ်သမီး ဝက်ကလေး ...
လက်ညောင်းခံရေးတာကို
မျက်စိညောင်းခံပြီး ဖတ်သွားပါတယ် ...
ဒိုင်ယာရီထဲက စာမျက်နှာပေါ့ ကွယ် ..
အလေ့အကျင့်ရတာပေါ့ ။
လက်ကွက် မေ့နေမစိုး လို့  ရေးပါ ..ရေးပါ ..
ဝက်ကြီးတဲ့သူ ..အဲ .. ဝဋ်ကြီင်္းတဲ့သူတွေ လာဖတ်ပါမယ်...
သြော်...ခုတော့ အီကိုဖေကို ဖုတ်လေတဲ့ငပိ
ရှိတယ်လို့တောင်မထင်တော့ဘူးပေါ့
ဖတ်လာခဲ့တာ စသိကတည်းကပဲ
ဒါတောင် စာဖတ်ပရိတ်သတ်စာရင်းမသွင်းဘူးပေါ့လေ
ရပါ၏ ရပါ၏
ကျော်စိုးထွန်းရေ ကျေနပ်သလားဝေးး
အင်ဂျင်နီယာကြီးဖြစ်တဲ့ကျော်စိုးထွန်းကျေနပ်
လည်း အင်ဂျင်နီယာကြီးမဖြစ်တဲ့သားကြီး မကျေနပ်ဘူးဝေးးး :P
ခင်လို့စတာပါကွယ်
စိတ်ဆိုးနဲ့နော်
စိတ်ဆိုးရင် ထိပ်ထိုးမယ် “တိန်” :P
ယောင်းလေးက ဘာရေးရေး ဖတ်လို့ ကောင်းတယ်
ရေးသာရေးသိလားကလေး
ကိုကြီးဇော်နဲ့  ဖွာကိ တို့ ကလေ ..ကလေးကိုနော့ ယောင်းးးးးး
ယောင်းမြူး
အလွဲတွေ များနေတယ်နော်၊ မနေ့က မ နဲ့လဲ.. တစ်ယောက်၅ ခါ လောက် ဖုန်းဆက်ပြီးမှ စကားပြောလို့ ရတော့တယ်
ဟောဗျာ.......................?????????????
i c
n p
c u
းဝ)
အမက သူငယ်ချင်းအသစ်ထပ်ရတော့ ကျနော်ဝမ်းသာပါတယ် အမ
းဝ)
ဒီသူငယ် ကွန်ပြူတာသာသင်နေတာ သင်္ချာညံ့တယ်...
၁၅ နဲ့ ၅၁ မှားပြောသွားတယ်...
းဝ)
သူငယ်ချင်းရတယ်ကြားရတာ ပျော်စရာ
ဝက်ကလေး အတော်နုပုံရတယ်နော် :) ကို လူထွေးလို တော့ရက်ရက်စက်စက်ကြီး မတွေးမိ ပါဘူး အကြွေးဆပ်ပြီးပါပြီ
ခင်တဲ့
ရန်ကုန်သား :)
ရေးပါ ရေးပါ... မမရယ်... ဘာရေးရေး ကျမတို့က ဖတ်ရမှာပါ... ဟင့်...
လကားစတာ... ရေးနော်.... မျှော်နေတယ် ..အသစ်..
အစ်မလို့ခေါ်တယ် ဟုတ်လား.... တော်တော်ဆိုးပါလား
ဝက်ဝံလေးနော် ချိတ်ချိုးလိုက်မှာ များဂါ က လဲစာဖတ်ပရိတ်သတ်ပဲလေ... အမြဲလာအားပေးတာကို အတိအမှတ်မပြုဘူးပေါ့လေ...။း(
တေခန်းဖြတ်ပလိုက်မှာနော် ဟွင်းးးးးးး
ပြန်ပီ ပြန်ပီ
ဒုန်း ဒုန်း ဒုန်း ( ကလဲ့စားပြန်ချေတာ) ဟိးP
ဝက် ရဲ့ နှင်း
hninhaymar
ဒါဆိုလည်းပြန်မယ်ကွယ် ။ တို့များ စာဖတ်တာ ပရိသတ်ဟုတ်ဘူးဆိုပဲ။ ပြီးရောဝံလေးက နုတယ်ဆိုရင် အင်းးးမင်းကြားရင်တော့ ပိန်းတယ် ပြောခံရအုံးမယ်နော့။ ပြန်မယ်နော် သစ်သစ်ရေးထား (သိအောင်အော်သွားသည်)
:) :) ;)
မှားပါတယ်။နာမည်လေးပြောမိတာ။မှားပါပြီဗျ။
ကိုသားကြီးရေကျေနပ်တော့ဖူး။နာမည်လူတွေသိကုန်ပြီ :P
ကြေက်ပါပြီဗျ။ :P :D
ဇာတ်လမ်းက ဒီကစတာပဲ
ငါ အူတိုတယ်နော်
ဒီမယ် ဦးကျော်စိုးထွန်း ဆိုသော ကိုယ်တော်
ဝက်ဝ လေးကို ဆောင်မကြည့်ရှူ့ပြီး
ကိုယ်ဖိရင်ဖိဆောင့်ရှောက် ပေးပါ(ပိုမတွေးရ)
မူဆလင်နှစ်ကောင် ဝက်ကိုပေါ်စားရင်
ခများ တာဝန်နော်
ဒီနေ့က ဗွီဒီယိုအကြောင်းပေါ့ multimedia သင်ရတယ်လေ Q တာက အဖွဲ့လိုက် ဗွီဒီယို???????????????????????????????
ဟင့်..အတစ်တင်ရယ်ချိုလို့ အပြေးလေးလာတာ..နာ့မှာ နံပါတယ်23တောင်ပါလား..နောက်နေ့ ကျ အစောကြီး လာတော့မယ်.. ဟိဟိ...အဲလိုအားပေးတာ..ချစ်ညလေ ကုလားတွေနဲ့ အပေါင်းနဲ့လေ..ညလေးအတားမဲတာတေံ ကူးကုန်မှာချိုးရို့ပါနော်..နီဂရိုးနဲ့ပဲပေါင်းလေနော်...
ပန်ဘီ..တာ့တာ...
အမ ကလဲ အမ ကို ချစ်ခင်လို့  အမ လို့  ခေါ်တာ မကြိုက် ရင် နောက်ကို အမ လို့ မခေါ်တော့ ပါဘူးနော်း))
မလာပါ။ မဖတ်ပါ။ ဒါပဲနော်။ ဟွန်းးး
ကြယ်ကလေးပြောတဲ့ အတိုင်းပဲဟေ့။
ဦးအင်ဂျင်ကျော်စိုးထွန်းကြီး
အဲလေ ဦး အင်ဂျင်နီယာ ကျော်စိုးထွန်းကြီး တမီးဒို့  ၀က်ကို ၀ကွက်အပ်ပါသည်။ ဟို မူစလင်နှစ်ကောင်ပေါ်စားရင် သင်ကိုယ်တိုင် ပြန်မွေးပေးရမည်။ ဟိဟိ
Post a Comment