အားလုံးပဲ နှစ်သစ်မှာ မင်္ဂလာဆောင်နိုင်ကြပါစေ .....
နှစ်သစ်ကနေ စ လို့ တနှစ်လုံး ပျော်ရွှင်သွားကြရအောင် ဟာသ လေးနဲ့ပဲ စ လိုက်ပါရစေနော် ... သိပြီးသားလဲ ဖြစ်ချင်ဖြစ်မယ် မသိသေးတဲ့လူများလဲ ရယ်မောနိုင်အောင်လို့ မှတ်မိတဲ့ဟာသလေးများကို တင်ပေးလိုက်ပါရစေ ..
ပုံဆွဲတော်တဲ့ ဆရာမ
ဆရာမက ကျောက်သင်ပုန်းပေါ်တွင် ပန်းသီးပုံ ဆွဲလိုက်သည် ထို့နောက် ကျောင်းသားများကို မေးလိုက်သည်။
ဆရာမ ။ ။ ကလေးတို့ ဒါ ဘာပုံလဲ
ကျောင်းသားများ ။ ။ (တညီတညွတ်တည်း) ဖင်တုံးကြီးပါ ဆရာမ
ဆရာမ အရမ်းဒေါသထွက်ကာ ကျောင်းအုပ်ကြီး ရုံးခန်းသို့ ဒေါနဲ့မောနဲ့ ထွက်သွားလေသည် ။ ထို့နောက် ကျောင်းအုပ်ဆရာကြီးနဲ့ အတူ ဆရာမ ပြန်လာလေသည်။ ဆရာကြီးက ကျောင်းသားများကို ဆိုဆုံးမ စကား ပြောသည် ထို့နောက် ကျောက်သင်ပုန်းဖက်သို့ လှည့်ကြည့်လိုက်ပြီးတော့
“ ဟင် ??? ဒီ ကျောက်သင်ပုန်းပေါ်က ဖင်တုံးကြီးက ဘယ်သူဆွဲထား တာလဲ ”

---------
အားလုံးကို သူ မြင်မိ လို့
အတန်းထဲတွင် ဆရာမက ကျောင်းသားများကို စာမေးလေသည်။
ဆရာမ ။ ။ ငါးဖယ်က ဘာလို့ ပြားနေတာလဲ
မောင်ပီတာ။ ။ ဝေလ ငါးနဲ့ တူတူ အိပ်လို့ပါ ဆရာမ
ဆရာမ အကြီးအကျယ် ဒေါသထွက်ကာ
ဆရာမ ။ ။ သွား .... မင်း အခန်းပြင်ထွက်သွား အခန်း ဝ မှာ မတ်တပ်ရပ်နေ
ဟု ပြောလိုက်သည်။
ထို့နောက် ဆရာမ က ကျောင်းသားများကို စာ ဆက်မေးလေသည်
ဆရာမ။ ။ ကျောက်ပုဇွန် ရဲ့ မျက်လုံးကရော ဘာလို့ ပြူးနေတာလဲ
အခန်း ဝ မှနေ၍ မောင်ပီတာ ပြန် ပြောလိုက်ပုံ က
မောင်ပီတာ။ ။ အဲဒါတွေ အားလုံးကို သူ မြင် မိ လို့ပါ
----------
မှတ်မိ နေ တဲ့ မောင်ကောင်းထိုက်ဟာသလေး တွေပါ
တကယ်လို့ မရယ် ရဘူး ဆိုရင်လဲ ကလိ ထိုးပြီးတော့သာ ရယ်လိုက်ပါတော့နော် ....
အားလုံး ပျော်ရွှင် နိုင်ကြပါစေ



2 comments:
ခွီး ခွီးးးး ခွီးးး
ကလိထိုးပြီး ရယ်သွားပါသည်။း)
ပျောက်ချက်သား ကောင်းလှချည်လား ၀က်မလေး။
မင်္ဂလာနှစ်သစ်ပါ ချစ်တဲ့ ဝက်ကလေးရေ
ကလိထိုးပြီးတော့ မရယ်ပါရစေနဲ့
ရိုးရိုးဘဲ ရယ်သွားပါတယ်။။
နှစ်သစ်မှာ အစစအဆင်ပြေပါစေ... ပျော်ရွှင်ပါစေနော်။
Post a Comment