Thursday, 14 April 2011

Daily Dislikes

ယောက်ခမကြီးဖောက သူ့ချွေးမ အလိမ်မာတုံးလေး အသည်းတုံးလေးကို tag တော့လဲ ရေးပေးရမှာပေါ့ ယောက်ခမကြီးနော် သူ့ခမည်းခမက် အနှင်းနဲ့ များကို သိပ်ချစ်တာ ၂ ယောက်တည်းပဲ သီးသန့် tag တာ အဟွင့်

ကဲ ကဲ လေကြောရှည်မနေတော့ဘူး ပြောမယ် များ ဘာတွေ မကြိုက်လဲ ဆိုတာ

၁) မနက်စောစော အိပ်ယာ ထ ရတာ မကြိုက်ဘူး မုန်းတယ် မနက်မနက် မြည်တဲ့ alarm ကို သိပ်မုန်းတယ် ဖြစ်နိုင်ရင် လေ ကိုယ်သာ တျီလျံနာဖြစ်လို့ကတော့ အဲဒီ ဖုံးကို ပစ်ပေါက်ပစ်တယ် အဟုတ် ပြောတာ ဟွင့်

၂) လူတယောက်ကို တခါပြောလို့မရရင် ဆက်မပြောချင်တော့ဘူး စကားတခွန်းကို ၂ ခါမပြောချင်ဘူး မောလို့ အဲလိုမျိုး စကားတခွန်းကို ၂ ခါ ပြောရတာကို မုန်းတယ်

၃) လူတယောက်ရဲ့ အားနည်းချက်ကို ဟာသလုပ်ပြီးတော့ မှိုချိုးမျှစ်ချိုးပြောတတ်တဲ့လူတွေကို မုန်းတယ်

၎) ကိုယ့်ကိုယ်ကို အထင်ကြီးပြီးတော့ သူများတကာတွေကို ကိုယ့်လောက် မတတ်ဘူးဟု ထင်တဲ့ လူတွေကို မုန်းတယ် မကြိုက်ဘူး

၅) ငါသိ ငါတတ် ငါလုပ်မှ အဟုတ် ငါလုပ်တာမှ အကောင်း သူတပါးလုပ်တာ အချိုးမပြေဘူးလို့ယူဆတဲ့ အတ္တသမား တွေကို မုန်းတယ်

၆) ဆောင့်ကြွားကြွားနဲ့ မြောက်ကြွ မြောက်ကြွလုပ်တတ်တဲ့လူ မျိုးကိုလဲ မုန်းတယ်

၇) ဝ မရှိဘဲ ဝိ လုပ်တတ်တဲ့လူ အဲလိုလူမျိုးလဲ မုန်းတယ်

၈) အကြွားသန်တဲ့လူကိုလဲ မုန်းတယ် မကြိုက်ဘူး ကိုယ်ချမ်းသာ ကိုယ်တော်တာ ကြွားစရာမလိုဘူး သူများတွေပြောပြပေးလိမ့်မယ်လို့တော့ ကိုယ်ကထင်တယ် ပန်းသတင်းလေညှင်း ဆောင်သလိုပေါ့

၉) အထက်စီးကနေ ဆက်ဆံတတ်တဲ့လူ သူတပါးကို အပေါ်စီးကနေ နိုင်ထက်စီးနင်း ဆက်ဆံတတ်တဲ့လူ တွေကိုလဲ မုန်းတယ်

၁၀) အမိန့်ပေးပြီး ဟိန်းလား ဟောက်လား လုပ်တတ်တဲ့လူတွေကို မုန်းတယ်

၁၁) ပြဿနာ တခုဖြစ်ရင် အကြောင်းပြချက်မတောင်းဘဲနဲ့ အော်ဟစ် ဆူပူသောင်းကျန်းတတ်တဲ့လူမျိုးကို မုန်းတယ် ကိုယ့်အပြစ်ကို သူများ အပြစ်လုပ်တတ်တဲ့လူမျိုးကိုလဲ မုန်းတယ် မကြိုက်ဘူး

၁၂) ဘာမဟုတ်တာလေးနဲ့ ပြသနာရှာပြီးတော့ ခွင့်မလွှတ်တတ်တဲ့လူမျိုးကိုလဲ မုန်းတယ်

၁၃) ရင်ထဲကမပါဘဲနဲ့ ပါးစပ်ကလေးနဲ့ လျှာအရိုးမရှိတိုင်း လျှောက်ပြောတတ်တဲ့လူမျိုးကို မကြိုက်ဘူး မုန်းတယ်

၁၄) ရှေ့တမျိုး ကွယ်ရာတမျိုးလုပ်တတ်တဲ့ လူမျိုးကိုလဲ မုန်းတယ်

၁၅) လူတွေ သိပ်ထူထပ်ရင် မကြိုက်ဘူး လူရှုပ်ရင် မကြိုက်ဘူး မျက်စိနောက်လို့

၁၆) နားပူတာ မကြိုက်ဘူး ဘေးကနေ ပွစိ ပွစိ ပြောနေတာလဲ မကြိုက်ဘူး အေးဆေးပဲ နေချင်လို့

၁၇) ပြောပြီးသား အကြောင်းရာ တခုကို ထပ်ခါတလဲ လဲ ဒါချည်းပဲ စမြုံ့ပြန်ပြီး ပြောပြောနေတတ်တဲ့လူတွေကို မုန်းတယ်

၁၈) ရာသီဥတု ပူရင်မကြိုက်ဘူး ပူအိုက်လာရင် လူက အလိုလို စိတ်တိုလာလို့ ချွေးထွက်တာကို မကြိုက်ဘူး စိုစိ စိုစိ နဲ့မနေတတ်လို့

၁၉) စိတ်အရမ်းတိုရင် ဘယ်သူနဲ့မှ စကားမပြောချင်ဘူး ပြောခံရတဲ့လူကို ဆဲလိုက်တာသော်လည်းကောင်း အော်လိုက်တာသော်လည်းကောင်း လုပ်မိမှာစိုးလို့ ကိုယ်ကလဲ ကိုယ့်ကို အော်ရင် မကြိုက်ဘူးလေ

၂၀) နောက်ဆုံး ကိုယ့်ကိုယ်ကို မကြိုက်ဆုံးဘဲ ဘာလို့လဲ ဆိုတော့ အပျင်းကြီးလို့ အီလေး ဆွဲလို့ တခါတလေ ကျတော့ ဈေးဝယ်မယ်လို့ တွေးလိုက်ပြီး တော်ပါဘီလေ မသွားတော့ပါဘူး ဖြစ်ပြန်ရော ဟုတ်သေးပါဘူး သွားမယ် ဆိုပြီးတော့ ချက်ချင်း ကောက်ထ သွားတာ အဲလိုမျိုး စိတ်က ခုတမျိုး တော်ကြာတမျိုးနဲ့ အပြောင်းလဲ မြန်လွန်းလို့ မလုပ်ဘူးဆိုလဲ မလုပ်ဘူး လုပ်မယ်ဆိုလဲ ချက်ချင်း ကောက်ထ လုပ်တတ်တာ ဘာမှန်းကိုမသိဘူး နောက်ပြီးတော့ သူများကြိုက်မှန်းမသိ မကြိုက်မှန်းမသိ အရမ်း စ တတ်လွန်းတယ် မကြိုက်တကာ့ မကြိုက်ဆုံးကတော့ ကိုယ့်ကိုယ်ကို ပါပဲ လို့ ပြောရင်းနဲ့ ဒီ Dislikes ပို့စ်လေးကို အဆုံးသတ်ပါရစေ ရှန် .....

5 comments:

ကိုကိုမောင်(ပန်းရနံ့) said...

အားလုံးကို ပက်ပက်စက်စက် ထောက်ခံကြောင်းပါ ၀က်ကလေးရေ...း))))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ရှင်မွှေးကြူ said...

ဖတ်ရှုထောက်ခံ အားပေးသွားပါကြောင်း :P

Anonymous said...

I agree :)

mg mg ko (EE ya nant) @ bear hunter

စံပယ်ချို said...

အချက်အလက်တွေ အားလုံးကိုထောက်ခံ
အားပေးသွးပါ၏။

Anonymous said...

လူတစ်ယောက်ရဲ့ အားနည်းချက်ကို ဟာသလုပ်ပြီးပြောတာကို မုန်းတာကတော့ တည့်တည့်ကြီးကို တူသွားပြီ။း) ကျန်တာတွေလည်း တူတယ်။း) အရမ်းကို ချစ်စရာကောင်းတဲ့ အရေးအသားလေးတွေကို လာဖတ်သွားပါတယ်ရှင်။


ခင်တဲ့
မေသိမ့်