Thursday, 7 April 2011

Daily Likes

ယောက်ခမကြီး(ရှလွတ်နှင်းဆီ) က tag လာတော့ ရေးပေးတာပေါ့ (အမှန်တော့ ရေးချင်နေတာ ဘူမှ မtag တော့ ရေးရမှာ ရှက်သည်ပေါ့) ဟဟဟ နောက်ဆိုရင် မချစ်လို ပဲ တယောက်ယောက်ကို တိုးတိုးလေး ကပ်ပြောထားမှပဲ ဒီပို့စ်လေးတော့ များကို tag ပါဆိုပြီးတော့ ဟိဟိ (အဲဂလိုပဲ သိပ်ကဲတာနော်)

၁) ဖုံးကနေ alarm ကို ၆ နာရီ ပေးထားပါတယ် ၆ နာရီ တကြိမ် ၆ ခွဲတကြိမ် ၇ နာရီ တကြိမ်ရယ်ပေါ့ အကြိမ်တိုင်း ပိတ်ပိတ်ပြီးတော့ ပြန်အိပ်ရတာကို ကြိုက်ပါတယ် နောက်ဆုံး ၇ ခွဲမှ အိပ်ယာက ထ ပါတယ် အဲလိုမျိုး alarm ပိတ်ပြီး ပြန်ပြန် အိပ်ရတာကို ကြိုက်ပါတယ်

၂) ပြီးတော့ ဘေးနားက ကွန်ပြူတာလေးကို ဖွင့်ပြီးတော့ ဝင်းဒိုးတက်တာ စောင့်ရင်းနဲ့ ခဏ ပြန်နှပ်ရတာကို ကြိုက်ပါတယ်

၃) အရင်ဆုံး googlemail.com ကို ဝင်ပြီး reply ပြန်ထားတဲ့ သူငယ်ချင်းရဲ့ sweet msg ကို ဖတ်ရတာ ကြိုက်ပါတယ် (msg မတွေ့ရင် လူက အရမ်းစိတ်တိုပါတယ်)

၎) ပြီးတော့ facebook.com ကိုဝင်ပြီးတော့ notification တွေကို reply ရတာ ကြိုက်ပါတယ်

၅) မျက်နှာမသစ်ခင် ovaltine ဖျော်ပြီးတော့ ခဏ အအေးခံထား ပြီးတော့ ကျောင်းအတွက် lunch box ပြင်ဆင်ပါတယ် မျက်နှာသစ်ပြီးတော့ အဝတ်စားလဲရင်းနဲ့ အိုဗာတင်းသောက်ရတာကို ကြိုက်ပါတယ် (ကမန်းကတန်းလုပ်ရတဲ့ အလုပ်ပေါ့)

၆) ကျောင်းရောက်တော့ အရင်ဆုံး internet browser ကို ဝင်ပြီးတော့ မေးလ် ဖွင့်တယ် ဖေ့ဘွတ်ဖွင့် တယ် အဲလိုမျိုး လုပ်ရတာကို ကြိုက်ပါတယ်

၇) break time မှာ lunch စားပြီးတော့ library မှာ ရုပ်ရှင်ထိုင်ကြည့်ရတာကို ကြိုက်ပါတယ် (တခါတလေလဲ library ထဲမှာ စာလုပ်ရင်း ခဏလောက် အိပ်လိုက်ရတာကို နှစ်သက်ပါတယ်)

၈) ကျောင်းမှာ ကိုယ်လုပ်တဲ့ အရုပ်ကလေးတွေ လှုပ်ရှားနေရတာ မြင်ရင် အရမ်းသဘောကျပါတယ် (ထင်တဲ့အတိုင်းဖြစ်မလာတော့လဲ နှုတ်ခမ်းစူကာ ဆရာ့ကို မရတော့ဘူး ကြည့်ပေးဦးလို့ ပြောရတာကိုလဲ နှစ်သက်ပါတယ်)

၉) ကျောင်းက ပြန်ရောက်တော့ အင်္ကျီမလဲခင် ကွန်ပြူတာ အရင်ဖွင့်ရတာကို နှစ်သက်ပါတယ်

၁၀) သူငယ်ချင်းနဲ့ အချိန်ပေးပြီး စကားပြောရတာကို နှစ်သက်ပါတယ်

၁၁) ခေါက်ဆွဲထဲကို အာလူး ဂဏန်းချောင်း ဝက်အူချောင်း ကြက်ဥ မုန်ညှင်း ထည့်ပြုတ်ပြီး စားရတာကို နှစ်သက်ပါတယ် (ပိန်တော့မှာဖဲ)

၁၂) ပုံဆွဲရင်း သီချင်း နားထောင်ရတာကို နှစ်သက်ပါတယ်

၁၃) ည ၉ နာရီ ဘုရား ရှိခိုးဖို့ alarm ပေးထားပြီး ဟိုလုပ်ဒီလုပ်နဲ့ ၁၀ နာရီလောက်မှ ဘုရားရှိခိုးရတာကိုလဲ နှစ်သက်ပါတယ်

၁၄) ကျောင်းပိတ်တဲ့ရက်တွေဆို ထမင်းစားရင်း ရုပ်ရှင်ကြည့်ရတာကို နှစ်သက်ပါတယ်

၁၅) တခါတလေ ကိုအောင်ထွန်း(အန်တီ့သူငယ်ချင်း တူ) တို့ အိမ်မှာ သွားပြီးတော့ ညစာ စားရတာကို နှစ်သက်ပါတယ် (ချက် ကူ ပေးရင်းနဲ့ စကားလေးဘာလေးပြောပေါ့)

၁၆) ဦးထုပ်မဆောင်းဘဲ လေတိုက်ခံရတဲ့ အရသာကို ကြိုက်ပါတယ် (ဆံပင်လေးတွေ လေထဲ လွင့်နေတာပေါ့)

၁၇) သေလုအောင် အေးနေပါစေ လက်အိပ်မစွပ်ဘဲ လက်ကို အိပ်ကပ်ထဲ ထည့်ထားရတာ ကြိုက်ပါတယ်

၁၈) လူတွေကို ပြုံးပြရတာ နှစ်သက်ပါတယ် (အထူးသဖြင့် ကလေးတွေကိုပေါ့)

၁၉) ဈေးလျှော့ပစ္စည်းလေးတွေကို ဝယ်ရတာ နှစ်သက်ပါတယ် (တန်တာ မတန်တာမသိဘူး buy 1 get 2 ဆိုလို့ကတော့ ဆွဲပြီးသားပဲ)

၂၀) နောက်ဆုံး အနှစ်သက်ဆုံးကတော့ ကိုယ့်ဟာကို ကြိုက်သလိုနေ ကြိုက်သလိုစား လွတ်လွတ်လပ်လပ် နေရတဲ့ အရသာကို အကြိုက်ဆုံးပါပဲ ချုပ်ချယ်မှုမရှိတဲ့ ကိုယ့်ဘဝကို ကိုယ်ပျော်ပါတယ် အရမ်းအရမ်းကို နှစ်သက်ပါတယ် ရှင်

tag ပေးတဲ့ ယောက်ခမကြီးကို ကျေးဇူးအရမ်းတင်ပါတယ်လို့ ဒန်တန်တန် ........

အကုန်လုံး ရေးပြီးသွားပြီလို့ထင်ပါတယ် မရေးရသေးလို့ ရေးချင်ရင်လေ များ ကို လာပြောနော် များ tag လုပ်ပေးမယ် အိုခေ ......

9 comments:

rose of sharon said...

ချုပ်ချယ်မှုမရှိတဲ့ကိုယ့်ဘဝလေးကို ကိုယ်ပျော်တယ် ဆိုတာလေးကို နှစ်သက်တယ်...
ချက်ချင်းရေးပေးတာ ကျေးဇူးတင်တယ် ချစ်စရာကောင်းတဲ့ဝက်ကလေးရေ....

မယ့်ကိုး said...

လျှော့ဈေးနဲ့ ဝယ်မိတာတွေကို ညီမလေး သတိထားကြည့်မိရင် နောက်ကျ ကိုယ်က သိပ်မသုံးဖြစ်တာ မသုံးချင်တာ တွေ့လိမ့်မယ်လို့ မမထင်တယ် :) ...လွတ်လွတ်လပ်လပ် နေရတဲ့ အရသာကို အကြိုက်ဆုံးပါပဲ ဆိုတဲ့ ညီမလေး ...အမြဲလွတ်လပ်ပျော်ရွှင်ပါစေး)

ကိုဇော် said...

ဝက်ကလေး ကိုက် ထားတာလေးတွေက . . .အဲလေ . . .ကြိုက်ထားတာလေးတွေကိုက ကြိုက်ချင်စရာ။

ဘာကို ကိုက် ဆိုတာတော့ မပြောတော့ဘူးနော်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဝက်
ပိန်အောင်လုပ်ရတာ အစားလျော့ရတာကိုရော မကြိုက်ဘူးလား
အဲဒါကိုကြိုက်လို့ကတော့ ၀က်လေး ခုထက် ပိုလှလာမယ်..
ဟိဟိ .. ကြိုက်လိုက်နော်

Angelhlaing(May everybody be happy and healthy! said...

ချစ်စရာ Daily Likes တွေပါပဲ...
ပြုံးလျှက် အားပေးသွား ၏။
ကောင်းသောနေ့ လေးဖြစ်ပါစေ။

ခြင် said...

ဝက်ကလေး လိုက်ခ်တွေ အားလုံးကို ကြိုက်ပါတယ်... :)))

မျက်မှန်လေး said...

my likes are totally same as yours...

မြစ်ကျိုးအင်း said...

နံပါတ်၁တော့ အကြိုက်တူတယ်

Khyl said...

ဘယ်မှာတုန်းစီဘောက်... ရေပက်မလို့...... ကဲဟာဗွမ်းးးးးးး