Monday, 12 October 2009

အတွေ့အကြုံ

အတွေ့အကြုံပဲ ပြောမလား ဘာပဲပြောမလဲတော့ မသိဘူး fire alarm မြည်တာ ဒါပါနဲ့ဆို ၂ခိရှာ ၂ ခါရှိပြီ မြည်တိုင်းလဲ ချမ်းချမ်းစီးစီးနဲ့ အပြင်ထွက်နေရတယ်
ပထမ တခါပေါ့ ညကြီးမင်းကြီး ၇ နာရီ ၈ နာလောက်ထင်တယ် alarm ထမြည်ရော ဒါနဲ့ ဘာသံလဲ နားထောင်နေတာ ခဏနေတော့ ဘေးအခန်းကကောင်မလေးကို မေးကြည့်တော့ သူက Sky ဒါ alarm မြည်နေတာ ငါတို့အပြင်ထွက်ဖို့ လိုပြီ တဲ့ ဒါနဲ့လူလဲ ဖုံးကောက်ထည့်ပြီးတော့ ပိုက်ဆံအိတ်ယူ ပြီး အပြင်ထွက်လာလိုက်တယ် ကျန်တဲ့ ပစ္စည်းတွေတော့ ထားခဲ့တာပေါ့ သူ့သူ ဘာဖြစ်ဖြစ်ဆိုပြီးတော့ပေါ့လေ ဒါနဲ့ အပြင်မှာ တော်တော်လေး စောင့်လိုက်ရတယ် ချမ်းကလဲ ချမ်း ကိုယ်ကလဲ အထာမသိတော့ အပေါ်အင်္ကျီကို ပါးပါးလေးပဲ ဝတ်လာတာကိုး ပြီးတော့ အိမ်မှာဝတ်တဲ့ ဂါဝန် နဲ့ထွက်လာတော့ အမလေး လူကို လှုပ်နေရတယ် ချမ်းလို့ အဟီးးး ဖြစ်ပုံများ ပြောချင်ဘူး တော်တော်လေးကြာမှာ လူကြီးတယောက်ရောက်လာပြီး ဘာဖြစ်တာလဲ ဘာညာ ကြည့်ပြီး လုပ်ပေးလိုက်တော့ alarm တိတ်သွားရော တော်တော် နားညီးတာပဲ အဲကျတော့ အားလုံးက ဟေးးးးးးးးး ဆိုပြီး ဝိုင်းအော်ကြတယ် မြန်မာနိုင်ငံမှာ မီး ပြန်လာတာကျနေတာပဲ ဟက် ဒါနဲ့ ကိုယ့်အခန်းကိုယ်ဝင်ကြတာပေါ့
ဒါနဲ့ ပြီးမလား မှတ်တယ်မပြီးသေးဘူးနော် တနင်္ဂနွေနေ့ တရက်ပေါ့ အိပ်ယာ ထကလဲ နောက်ကျ တာနဲ့ မနက်စာနဲ့ နေ့လည်စာပေါင်းစားပြီး ဘလော့ဂ် လိုက်ဖတ်နေ ပြီးတော့ ဖွားကိ ရဲ့ တဂ်ပို့စ်လေး ရေးနေတုံး ပဲရှိသေးတယ် alarm ထမြည်ရော ဒီတခါတော့ မှတ်သွားပြီလေ ဘာလုပ်လဲ သိလား စာကို ပြီးအောင် ရေးလိုက်တယ် ပြီးတော့ ကမန်းကတန်း အဝတ်အစားလဲ ကျောပိုးအိတ် လွယ် ပြီး ထွက်လာခဲ့လိုက်တယ် အဟီးးးးး သေစရာရှိရင်တော့ သေပြီးတာ ကြာပြီနော် ဟက် အပြင်ရောက်တော့ လားလား နဲတဲ့လူအုပ်ကြီးမဟုတ်ဘူး ရပ်နေကြတာ ဒါနဲ့ ကိုယ်လဲ သူတို့နား သွားရပ်လိုက်တာပေါ့ ခဏနေတော့ ရဲတွေ ရောက်လာတယ် ပြီးတော့ ဘာဖြစ်လဲ ဘာလဲ ညာလဲ ကြည့်တယ်နေမှာပေါ့ နဲနဲကြာတော့ ရပြီ အားလုံး အထဲ ဝင်လို့ရပြီ ဆိုတာနဲ့ ဝင်လာခဲ့လိုက်တယ် ဘာမှန်းကိုမသိဘူး အားအားနဲ့ယားယား အဲဒီ alarm ကလဲ မြည်ပဲမြည်နေတယ် စိတ်ရှုပ်ဖို့ကောင်းတယ် ဘာရမလဲ ဒီတခါတော့ ဓာတ်ပုံရိုက်မယ် ဆိုပြီး ရိုက်လိုက်တယ် စောင့်ရတာ အကျိုးရှိအောင်လေ ဟက်
ပထမ တခါဖြစ်တုံးကတော့ ကိုဇော် က ပြောတယ် ပို့စ်အနေနဲ့ ရေးပေါ့တဲ့ ဟင့်အင်း ရေးချင်ပါဘူး လို့ ပြောပြီး ဒုတိယ တခါဖြစ်တော့ ဓာတ်ပုံလဲ ရိုက်ပြီးသားရှိတာနဲ့ တင်လိုက်တာ
ဒုတိယ တခါကတော့ ပြောမနေနဲ့ စားနေတဲ့ ထမင်းကိုလဲ သံယောဇဉ်ဖြတ် ကွန်ပြူတာကြီးပါ ထားခဲ့ရတာ သိလား တကယ်မီးလောင်ပြီးပါသွားရင်တော့ ငိုမှာနော် ဒါလေးပဲရှိတာ အပျင်းဖြေစရာဆိုလို့နော် ဟုတ်ဘူးလား ဟီးးဟီးးးး ကျန်တာတွေ စိတ်မဝင်စားဘူး ကွန်ပြူတာပဲ မီးထဲပါသွားလို့ကတော့ ရူးမှာ သိလား



မြန်မာအခေါ် ဘဲဥ ပေါ့ ရုရှားအခေါ် အမှိုက်ပေါ့ အဲ သူတို့ ၂ ယောက် အလုပ်ရှုပ်နေပုံလေးပေါ့



စောင့်နေကြတဲ့လူအုပ်ကြီးပေါ့ ဓာတ်ပုံရိုက်မှန်းတောင် သိရဲ့လားမသိပါဘူး လေ



ဘယ်နေရာမှာ error တက်နေလဲ ပြတဲ့ နေရာလေးပေါ့






အဲဒီဟာကြီးပေါ့ မီးတွေ တလင်းလင်းနဲ့ အချက်ပေး alarm မြည်တဲ့ဟာကြီး အခုကျတော့လဲ သူမဟုတ်သလိုပဲ လူဇိုးးးးးးးးး

နက်ဖြန် ကျမှ နှင်းရဲ့ တဂ်ပို့စ်ရေးမယ် အဟီးးး ခုတော့ အားသေးဘူး ဓာတ်ပုံလျှောက်ရိုက်လိုက်ဦးမယ် ဘိုင် တာ့တာ သွားပြီဗျိုးးးးးးးး ခေါ်နဲ့တော့ ရှိတော့ဘူးနော် ဟက်

21 comments:

kiki said...

ဟိဟိ ၁ မယူတာကြာ ပြီ ..ယူလိုက်ဦးမယ် ....

kiki said...

သူတို့ ဖိုင်းယား အလမ်း ကလဲ ... အဲရာ ပြတတ်သေးဒယ်လား အေ ...
ဟားဟား ... ဘယ်နေရာ ဘာငွေ့ ထွက်နေလဲ ။။
ထင်တာ ကတော့ ဝက် က လေး ရဲ့  Fart .. Fart .. Fart ...
Flatulence problem .... ကြောင့် ဖြစ်မယ် ...
ဟုတ်တယ် ဟုတ် .....

နောက်ဆို ကွန်ပူတာကြီးပါ လည်ပင်းချိတ်ပြီး မီးဘေးရှောင်နော် ... ခင်မင်စွာ နဲ့  အကြံပြုလိုက်သည် ...

kiki said...

အိုး ဟိုး ...ဘီဒူ မှ မတွေ့ သေးပါလား ....
သမီးကြီး ရော ... ကိုဇော်ကြီးရော .. ဘယ်ရောက် နေကြ တုန်းးး ၃ .. ၃... ၃ ...
တော်ပါပြီကွယ် .. လောဘ မကြီးတော့ ပါဘူး ...သွားပြီနော်
fire alarm မြည်နေပြီ.. ပြေးမှ ပဲ

မယ့်ကိုး said...

ညီမလေးကအတွေ့အကြုံလေး ရေးထားတာ ချစ်စရာလေး။

မမတို့ အရုံးမှာလည်း ပြီးခဲ့တဲ့အပတ်က fire alarm ဖြစ်တာ သတိရမိသေးတယ်။
ပြောရရင်တော့ အရှည်ကြီးပဲ ... =)

မြစ်ကျိုးအင်း said...

ဒီတခါမြည်ရင် ရိုက်ခွဲပစ်လိုက် အေးရော
ဘယ့်နှယ့်အေးအေးဆေးဆေး ဘလော့ မလည်ရဘူး အပြင်ပဲထွက်နေရရင် အလုပ်ရှုပ်တာပေါ့။
ဒါမှမဟုတ် alarmကို အခန်းထဲထည့်ပြီး လူတွေ ကအပြင်မှာနေကြပေါ့။ဒါဆိုနားအေးရော။

(စိတ်မဆိုးကြေးနော် အရောက်ပို့သွားပါတယ်။)

တောင်ပေါ်သား said...

သတိထားဦးဗျို့ နောက်တခါ စာတွေ ရေးမနေနဲ့ ကွန်ပျူတာကိုပါ သယ်သွားပေါ့း) အေးဆေး လျှောက်သွား ပြီးမှ ပြန် အဟီး မြှောက်ပေးတား)

လေးစားလျက်
တောင်ပေါ်သား

ခြေလှမ်းသစ် said...

ကိုမြစ်ကျိုးအင်းပြောသလို ဒီတခါ မြည်လာရင် ရိုက်သာ ချိုးလိုက် .. အေးရော ... မီးပဲ သူ့ဟာ သူလောင်တာ ဘာဖြစ်လဲ..နော် ... လောင်သွားလဲ ငြိမ်းရော.. မတော် ငှက်ကလေးရဲ့  ကွန်ပြူတာပဲ ပါသွားမှာပေါ့ မဟုတ်လား ဘာဖြစ်ရမှာလဲ ဒီတခါဆို အပြင်ထွက်မပြေးနဲ့ အခန်းထဲမှာ ဘလေဂ့်သာ ထိုင်လည်နေလိုက် ... တယ်လို့မီးလောင်ခဲ့ရင်လည်း နာ့ကို လှမ်းခေါ်လိုက် လာခဲ့မယ် ... အိုကေ

ခြေလှမ်းသစ် said...

စတာပါ ငှက်ကလေးရေ ... အရေးအကြောင်းဆို အဆင်သင့်ပြင်ထားရတယ် ... မိမိအတွက် အရေးကြီးမယ့် စာရွက် စာတမ်းတွေ ဘဏ်ကတ်တွေ ကားလိုင်စင်တွေ ကျောင်းနဲ့ပတ်သက်တဲ့ အရေးကြီး စာရွက်စာတမ်းတွေကို ကိုယ့်နဲ့ကပ်လျက်ထား တကယ်ဖြစ်လာရင် တခြားအဖိုးတန်ပစ္စည်းတွေ (ရွှေ၊ ငွေ) ကိုပြောတာနော် ... လက်ပ်တော့ပ် လောက်တော့ ရအောင်သည်ပါ .... တခြား အရေးမကြီးတာတွေတော့ လုံးဝ စိတ်မ၀င်စားနဲ့ ထားသာပစ်လိုက် ... ကိုယ် သယ်မဲ့ ပစ္စည်းက များနေရင် ကိုယ်လွတ်ရုန်းဖို့ ဒုက္ခရောက်အုံးမယ် ... ပြင်ဆင်ထားတာ အကောင်းဆုံးပါ .....

Lucifer said...

မမီးအတွေ့အကြုံပြောရရင်လည်း များကြီးပဲ..ရယ်မှာစိုးလို့ မပြောတော့ဘူး..သူများအတွေ့အကြုံတော့ ဖတ်သွားတယ်..ဟီးးးးးးးးးး

စိမ်း... said...

သြော် ကြည့် ပြောချင်တာပြောပြီး ထပြေးတယ်... ခက်တယ် ဒီကလေးတစ်ယောက်နဲ့တော့ :P

chit palone said...

တော်သေးတာပေါ့ နင်ဟောက်နေတုံးသာဆိုရင်တော့ နိုးမှာမဟုတ်ဘူးနော်။ အခုတော့ လည်နေတုန်းလေးဆိုတော့ နည်းနည်းတော်သေးတယ် ဟိ အိပ်နေတုန်းဆိုလို့ကတော့ ငါသိတယ် နင့်မျက်လုံးကိုသရဲထုံးကွင်း သွားတောင် နိုးမှာမဟုတ်ဘူး မဟုတ်လားဟင် အဟိ
ခင်မင်လျှက်
သယ်ရင်းလေး ပါးလုံး

မချစ်ရ said...

အာာာာာ ဘယ်လိုတွေဖြစ်တာတုန်း
ရင်တုန်စရာတွေပါလား
ဟုတ်ပါ့..တော်သေးတာပေါ့နော်
ဝက်ဝံကလေးဘာမှမဖြစ်လို့

Anonymous said...

အဲဒါ ဒီလိုလုပ်ရတယ်ဗျ.. အလန်းမြည်တဲ့ နေရာမှာ သူ့ဆီသွားတဲ့ ဝါယာကြိုးကိုရှာပြီး ဖြတ်လိုက် ဘာသံမှ မမြည်တော့ဘူး။ ပြမည်ပါဆိုတာတောင် မမြည်စေရဘူး။ အဲ... မီးလောင်နေလို့ လူပါ မီးထဲ ပါသွားရင်တော့ မတတ်နိုင်ဘူးနော်.. အဟီး

Angel Shaper said...

မယ်မယ်ကိ.................
ဘာလုပ်နေတာလဲ ဟမ်။
တစ်မှ သုံးယူပြန်ဘီ။
ဒီနေ့သမီးကြီး ကံမကောင်းပါလားးးးးးးးးး ဟရို့ 
နေဦးးးးးးးးး အားလုံးကို ကွေးပစ်မယ်။ ဟွန်းးးးးး

ဝက်ရေ.. နောက်တစ်ခါဖြစ်ရင်တော့ (တကယ်ဖြစ်ရင်ပြောတာ)အဆင့်သင့်ဖြစ်ရအောင်လို့ လက်တော့ပ်လောက်တော့ အမြဲလွယ်ထား၊ ပစ္စည်းတွေအကုန်ထုတ်ပြီးသားဖြစ်နေပါစေ။ အလမ်းထမြည်တာနဲ့ ပစ္စည်းတွေ လွတ်ရာပို့ပြီး လူသာ အခန်းထဲ ငြိမ်ငြိမ်ထိုင်နေ။ဒါပါပဲ (ချစ်ခင်၍ အကြံပေးလိုက်ပါသည်)

မင်းအိမ်ဖြူ Minn Eain Phyu said...

ဝက်ကလေးရယ်

လူပါရင်ပါပါစေ

ပစည်းတွေတော့ ဘာမှမဖြစ်ပါစေနဲ့

အော်မှားသွားလို့ပါ

နောက်တာ လူလွတ်အောင်ပြေးပါ ဟာဟ

ပျော်ရွှင်ပါစေ
မင်းအိမ်ဖြူ

ဘယ်ရောက်နေတာလဲ အခု

Khyl said...

နာကြိုက်တဲ့ ဘုအဲကိုများ.. အမှိုက်တဲ့... အက်စက်ပါ့ကွယ်.... အဟင့်....

ဟီး စတာ....

ကောင်လေးငယ် said...

ဟာ ၀က်ကလေးရာ ကွန်ပျူတာ မီးထဲပါသွားလို့တော့
စိတ်မပျက်ပါနဲ့ဟာ..နာ နင့်ကို တစ်ဝက်ဆိုင်းတစ်ဝက်ဆုံးနဲ့ ရောင်းပေးမယ်သိလား....

rose of sharon said...

ဓာတ်ပုံရအောင်ရိုက်လိုက်တယ်...တော်တယ်

သိင်္ဂါကျော် said...

alarm မြည်ရတဲ့ အကြောင်းအရင်းက ဘာလဲ အဲဒါကို သိချင်တယ်လေ...

Beauty Studio USA Branded Store said...

ဆေးလာသောက်ဦးလေ။

သားကြီး said...

မြန်မာအခေါ်ဘဲဥ ရုရှားအခေါ်အမှိုက်
မလေးရှားအခေါ်“ကြွက်”
ဘာပဲဖြစ်ဖြစ်alarmမြည်ရင်အပြင်ထွက်နေ
ပါကွယ် ကပ်ရပ်ပြီးတော့မနေပါနဲ့