Saturday, 31 October 2009

A to Z

A Alarm လေ သိပ်မုန်းပါတယ် အိပ်ကောင်းနေတုံး (အိမ်မက်ထဲမှာ စားကောင်းနေပြီ) ဆိုမြည်ပြီ အညင်ကတ်လို့ ပြန်ပိတ်ပြီး အိပ်ပေါင်းလဲ များနေပြီ ဟဲဟဲ (အဲဒီလိုနဲ့ ၇နာရီခွဲ alarm ပေးထားရင် ၁၀ နာရီလောက်မှ ထ ဖြစ်ပါတယ် ဟီးးးးးး)

B Blog ပါ ပထမဆုံး ကွန်ပြူတာ ဖွင့်ရင် အရင်ဆုံး ဖွင့်တဲ့ဆိုဒ် အဲဒီမှာ ဘယ်သူတွေ အသစ်တင်လဲ ၁ လိုက်လုရတာ အမော (ဟောဟဲဟောဟဲ မောတယ် ဖွားကိ ပါးလုံး အိမ်ကျယ် တို့နဲ့ အပြိုင်လု ရတာ တခါတလေ ဖေသားကြီးတောင် ပါသေး အဟေးးးအဟေးးးး)

C Computing ဘာသာရပ်ကို သင်ကြားနေပါတယ် (ဘာမှလာမမေးပါနဲ့ ကွန်ပြူတာနဲ့ပတ်သက်ရင် ပိတ်တာဖွင့်တာလောက်ပဲ သိပါတယ်)

D Dream(မက်မက် မဟုတ်ဘူးနော်) အိမ်မက်တွေ ရှိတယ် အဲဒါတွေကို အကောင်အထည် ဖော်ချင်တယ် ဖြစ်လာမယ်လို့လဲ ယုံကြည်ပါတယ်

E Exam လေ ကျောင်းသားတိုင်း ကျောင်းသားတိုင်း အမုန်းဆုံးပေါ့ ဟုတ်တယ်မလား (စာမေးပွဲမဖြေပဲနဲ့ Grade ကောင်းကောင်းနဲ့ အောင်ချင်ပါတယ် ဟဲဟဲ)

F Food ပေါ့ ခါး တဲ့အစားအစာကလွဲလို့ အကုန်စားတယ် ဘာမှမရှောင်ဘူး ယောင်းချက်ကျွေးမယ့် ဂေါ်ဇီလာ ခြေသည်းနဲ့ ဦးလူထွေးရဲ့ ချေးပိုးထိုး တုတ်ထိုးပါ ဖြစ်နိုင်ရင် စားချင်တယ် (လောလောဆယ် ယောင်းဘာမှမချက်နိုင်ပါ)

G Gucci လို့ပြောတဲ့ ဟီးရိုးအင်းရေ ငါတော့မဝယ်နိုင်ဘူးဟယ် ဟဲဟဲ အလကားပေးရင်တော့ ယူမယ်လေ ဟီးးးးး(သိပ်လဲ အကောင်းမကြိုက်ရှာဘူး)

H Htoo Eain Thin ရဲ့ အမေ့အိမ် သီချင်းကို ကြိုက်ပါတယ်

I Internet လေ အဲဒါကြီးမရှိရင် မနေတတ်ဘူး တကယ်ပြောတာ (အယ် ရေးလိုက်တာ ဟီးရိုးအင်း နဲ့တူသွားပြီ တော်ပြီ ပြန်မပြင်တော့ဘူး အမှန်ရေးတာပဲ ဟာပဲဟာပဲဟာကို နော်)

J Job ကောင်းကောင်းလိုချင်တယ် ဗျာ (ဥပမာ တနာရီကို ပေါင် ၂၀ ရတဲ့အလုပ်မျိုးပေါ့ ဟိဟိ)

K Korea သွားချင်တယ် အဲဒီမှာ ရုပ်ရှင်မင်းသားတွေကို သွားငမ်း အဲလေ ဟုတ်ပါဘူး မင်းသမီး သွားလုပ်မလို့ ဟိဟိ လာအားပေးကြနော် အခွေ ထွက်ရင် သိလား (ကိုရီးယားကိုလာရင် ကြယ်က ဘောဒီဂတ်လုပ်မယ် ဆိုပဲ)

L Lottery ထိုးပါတယ် မပေါက်တာခက်တယ် (အယ် ပေါက်တဲ့ဟာ တခုတော့ရှိပါတယ် ပါးလုံး အိမ်ကျယ် မဖော်ကြေးနော် ဟီးဟီးးး)

M Myanmar တဲ့ သီချင်းတောင်ရှိသေးတယ် ဘာတဲ့ Beautiful Land Myanmar ဆိုပြီးလေ သိလား အဲဒါ မသိရင်လဲ ဝက် ဆိုတယ်ပဲထားလိုက်တော့ ဟားဟားးးးး

N No pain no gain တဲ့ အနာခံမှ အသာစံ တဲ့ အဲဒါလေးကို သဘောကျပါတယ်

O Olympic လေ ၂၀၁၂ မှာ ဒီမှာလုပ်မယ်တဲ့ အဟီးးး Nadal ကိုသွားအားပေးလိုက်ဦးမယ် (ကမ္ဘာကြီးရေ မပျက်နဲ့ဦးနော် သိလား ခဏလောက်အောင့်ထားဦးဟ)

P Pork ကြိုက်တယ်နော် JD ချက်တဲ့ ဝက်သား တအိုးလုံးလဲ စားမယ်နော် ဟိဟိ (ဦးလူထွေး ပြောတဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ဘလော့ဂ်တန်ဆောင်ထဲကလေ)

Q Quality မကောင်းတဲ့ ပစ္စည်းဆိုရင် အလကားပေးတောင် မယူဘူး (အလဲ့ လေကလဲကျယ်ထှာနော်)

R Rush Hour ကားလေ Jackie Chan ပါတဲ့ကား အဲဒီကားလေး လဲ စီဘောကျလယ်ကွယ် အဲဒီအထဲက ကုလားက ရီရတယ်

S Squid ဆိုတဲ့ ပြည်ကြီးငါးကို ကြိုက်တယ် အစ်ကိုနဲ့ အပြိုင်စားတာ

T Thorn ဆူးများတဲ့ နှင်းဆီပန်းကို မကြိုက်ဘူး သိလား လာမပေးနဲ့နော် ဟီးးးးးးးးးးး

U Umbrella သီချင်းကို ကြိုက်တယ် Rihanna ကိုလဲ ကြိုက်တယ်

V Virus တွေအများကြီးထဲက HIV ကိုအကြောက်ဆုံးပဲ

W Wait ဆိုတဲ့ စောင့်ရတဲ့အလုပ်ကို သိပ်မုန်းတာပဲ သိလား

X Xylophone တီးဖူးတယ်သိလား ကျောင်းမှာလေ တလု တလု ထုံချမ်းချမ်း အဲဒါသိလား ဟိုလေ ဝန်ကြီးပဒေသရာဇာ ရေးတဲ့ ပန်ထျာတေရှင် ထင်တယ် အဲဒီသီချင်းလေ တီးပြီးဆိုရတာ မှတ်မိသေးတယ် (ငယ်ငယ်က သူငယ်ချင်းတွေ လွမ်းတွားပြီကွယ်)

Y Youth ငယ်ရွယ်မှု အပူအပင်ကင်းတဲ့ ကလေးလေးဘဝလေးကို တခါပြန်ပြီးရချင်သေးတယ် (ဟိဟိ သီချင်းဆိုကြည့်ထှာ ကောင်းလား)

Z Zzzz အိပ်ခြင်းဟာ အပြစ်ကင်းတော့ အလုပ်တခုပါပဲတဲ့ ညီမကတော့ တနေ့ကို ၁၀ နာရီလောက် အိပ်မှ အိပ်ရေးဝ သူပါ ဟားဟားးးးးးး

တဂ်ထားတဲ့ ဟီးရိုးအင်းရေ ငါ အရမ်းတောင်းပန်တယ်ဟာ ပြီးရင် ဇကောပန်မယ်နော် သိလား ငါ လုံးလုံးကို မအားလို့ဟာ နော် အိမ်လေးပြင်နေတာရယ် စာမေးပွဲရှိတာရောကြောင့်သိလား အားနာတယ် ဟာ တဂ်ထားတဲ့လူတောင် မေ့နေလောက်ပြီ so sorry ဟာနော် ဘိုင်းးးးးးးး(ချော်လဲတာဟုတ်ဘူးနော် တာ့တာ လုပ်တာ)
aww ဒါနဲ့ သူငယ်ချင်း ညီအစ်ကို မောင်နှမများ စိတ်ဆိုးတော် မမူကြပါကုန်ရန် လင့်ခ် တွေလိုက်ထည့်လို့မပြီးသေးလို့ပါနော် လင့်ခ် လေးတွေ တဆိတ်လောက် ချန်ထားပေးခဲ့ပါရန်.............

23 comments:

ဗလာဗလာဗလာ said...

ဟေးးးးးးးးးးးးးးးးးးတစ်ကွတစ်ကွ

ဗလာဗလာဗလာ said...

သူများတွေတစ်သလိုလာတစ်သွားတာ
အိမ်လေးတော်တော်လှသွားတယ်နော်
ရှင်းရှင်းလေးနဲ့ငါကြိုက်တယ်သိလား
အဲ့ဒီလိုမျိုးလေးး

လင်းကြယ်ဖြူ said...

A to Z အလင်္ကာ တွေကို လေ့လာသွားပါ၏
ပျော်ပါစေ

စည်သူ said...

တော်တော်ကို ခွက်ခွက် ပြောင်တဲ့ ဝေးခလက်..းP

အောင်မယ်လေး... တစ်နာင်္ရကို ပေါင်နှစ်ဆယ်..
ဝေးခလက်ရယ်.. ကြည့်ကျဲ့လည်း လုပ်ပါအုံးဟ..

ငါက ဝက်သားရောင်းတာလေ..
တစ်နာရီမှ ဆယ်ပေါင်လောက်ကို မနဲ ခုတ်ရတာ..

ဝေးခလက်က..ပေါင်နှစ်ဆယ်.
အောင်မယ်လေး.. ပြေးပြီ ((((((((((((((((((ဟ))))))))))))))

Khyl said...

ဟယ်.... လှလိုက်တဲ့အိမ်ဂလေး...... ဝါနွတ်နွတ်လေး....
အနူဒူးဂေါင်းစွပ်ပြုတ်နဲ့ ဆင်ကောင်လုံးကျွတ်ကျွတ်ကြော်ရော......ကြိုက်လား...
ပွက်ဆိတ်တောက်တောက်ကြော်... အမ်မယ်လေး... စားပွဲကြီးပဲ စားလိုက်တော့မယ်.....

khin oo may said...

ငပေါ

သားကြီး said...

ဟေ
အပေါ်ကအင်္ဂလိပ်ကောင်ကြီးကဘူဒူတုန်း?
ဘယ့်နှာဘလော့ထိပ်စီးမှာတက်နေရာယူရတာတုန်း? အစွမ်းကုန်တော့ရယ်ပြနေတာပဲ
ခက်တာကမလှဘူးဖြစ်နေတယ် :P
alarmသိပ်မုန်းတယ်ဟုတ်စ?
အင်း...မုန်းလည်းမုန်းစရာပါပဲ alarmဆိုတဲ့
ဟာတွေကနေ့ရှိသ၍လူတွေကို “ထဗျိုးးးးး” “ထကြပါဗျိုးး” လို့အော်ဖို့ပဲတတ်နိုင်တဲ့ဟာတွေ
သားကြီးဆိုမနက်၉နာရီထမယ့်အရေး၈နာရီလောက်ကတည်းကalarmပေးထားတယ်
၁၅မိနစ်တခါမြည်လိုက် ထပိတ်လိုက် ၁၅မိန်စ်တစ်ခါမည်လိုက် ထပိတ်လိုက်နဲ့ လူလည်းနိုးရော alarmဆိုတာကြီးလည်းအော်ရလွန်းလို့လျှာထွက်ရော ဘေးအခန်းကလူဆိုသေချင်စော်ပါနံတာ :P

သားကြီး said...

တနာရီကို ပေါင် ၂၀ ရ ရမှာပေါ့
ယုံထားလိုက်စမ်းဘာ အဲထက်တောင်များများရရင် ရဦးမှာ
စိတ်ဓါတ်မကျနဲ့ ။ ခုလောလောဆယ်တော့ တနာရီပေါင်၂၀မရသေးလည်း တစ်နာရီကို ကိုယ့်ပေါင်ကိုအခါ၂၀တော့ကြိုထောင်းထားနှင့်ပေါ့ :P
(စတာပါကွယ် အဟီးးးး)
Beautiful Land Myanmarသီချင်းကိုပြောင်းပြန်ဆိုရမယ့်
အခါသမယရောက်နေပြီထင်တာပဲ :P

အတ္တ said...

အိမ်က တော့ တော်တော်ကောင်းတယ်ဟ
ရှင်းရှင်းလေးနဲ့ လှတယ်
သေသေသပ်သပ်လေးလဲ ဖြစ်သွားတယ်

သံလွင် HeRo said...

ဟဲဟဲ....ဝက်ကြီး တနေ့တနေ့ အကြွေးများဆပ်
မလားလို့ လာကြည့်ရတာမောလွန်းလို့ လိမ္မော်ရည်တွေဝယ်သောက်ရတာ မန်းနီးတော်တော် ထိနေပြီသိလား။
ကျေးဇူးပဲ ဟရောင်း) ပြုံးသွားတယ်
တချို့ဟာတွေ တော်တော်တူတားပဲ ပန်ထျာတေရှင်ကို နာလဲတီးဖူးတယ်....အခုတော့မေ့သွားပီး)

kiki said...

ရော့ ရော့ ရော့ ။။
ဝက်လက်မြို့ က ဝက်လေးအတွက် today special ဂေါ်ဇီလာ ခြေသည်းနဲ့ ချေးပိုးထိုး တုတ်ထိုး ပေါင် ၂၀ ဘိုး လာပို့ ပေးတယ် ......တထိုင်တည်း နဲ့ ကုန်အောင်စား ..မကုန်ရင် အဆ၂၀ ပြန်လျော်ရမယ် .. ဟိဟိ

ကိုလူထွေး said...

တော်သေးတာပေါ့
X for Xဂွကြီး လို့ မပြောလို့...

း)

မင်းအိမ်ဖြူ Minn Eain Phyu said...

ရောက်လာ၏

ဟိုတစ်ရက်က ၀င်မရပါ

ကိုယ့်နာမည် မပါလို့ ပြန်သွားပြီ P

minneainphyu

rose of sharon said...

ဝက်ကလေးရဲ့A to Z ကတယ်မိုက်ပါလား.... အိမ်ကလဲပြောင်းလိုက်တာနော် ခဏခဏ.... Nadel ကဝက်ကလေးရဲ့ကောင်းကင်လား :P

zawzaw said...

N for ငှက် .. S for စက်တင်ဘာ .. W for ၀က်ဝံလေး ဒါတွေကျ ဘာလို့ မရေးတာလဲကွ

မချစ်ရ said...

ဂျစ်လေး ၀က်ဝံရေ
A to Z ရေးနိုင်တာတော်တယ်ဝေးးးးး
ဒါနဲ့မတွေ့တာကြာပြီ ဘယ်တွေပျောက်
မီးပုံးပျံပွဲကြည့်နေတာနဲ့ဘလော့အိမ်
မလည်ဖြစ်တာလည်းကြာနေပြီ
သတိတော့ရနေပါတယ်

linmgmg said...

အပြောင်းအလဲ များလှခြည်လားဟ :D

မြစ်ကျိုးအင်း said...

အမ်မယ် ၀က်က ABCD ကောင်းကောင်းရတယ်ပေါ့

မြစ်ကျိုးအင်း said...

အပေါ်က ပုံ အကြောင်း မှတ်မိတယ်နော်

နောက်တခါမှ သတင်းမေးတော့မယ် :)

moemoestar said...

အိမ်လေးက အသစ်ဖြစ်သွားပြီ
လှတယ်နော်...

မျက်မှန်လေး said...

ဟဟ မမ ၀က်ဝံလေးတို့ကတော့ လုပ်လိုက်ပြန်ပြီ

သူမို့ကြံကြံဖန်ဖန်စဉ်းစားတတ်တယ်
ရေလည်ချီးကျူးတယ်

ဘွား....

Waing said...

A-Z ကိုဖတ်ရင်း ပြုံးသွားတယ် ပေါ့ပေါ့ပါးပါးလေးတွေ စဉ်းစားပြီးရေးထားတာပဲ
ဝက်လေးရေ စာမေးပွဲကို အောင်မြင်စွာဖြေနိုင်ပါစေ

Unknown said...

အော်..ဖြစ်ရလေ ၀က်ကလေးရယ်.. Computer နဲ့ပက်သက် ရင် ပိတ်တာ ဖွင့်တာ သိရင်နဲ့ကို လုံလောက်နေပါပြီနော့..။ တစ်ခါတလေ ဖိတ်မရ ဖွင့်မရ ဖြစ်နေမှ ဒုက္ခ... အဟီး။

yu ya