တနေ့သော အခါ အကျွန်ုပ် ဝက်ဝံလေးသည် ရှုတင်များကိုမသွား ရှိုးပွဲများအားလုံးကိုလဲ ငြင်းကာ ကိုရီးယားမင်းသားများနှင့်လဲ ရုပ်ရှင်ရိုက်ခြင်းကို ခေတ္တနားကာ အိမ်တွင် holiday ယူနေသော အခါသမယတွင်.... ဖွတ်ချက် ဖွတ်ချက် ရှူးးးး ဆိုတဲ့ အသံကို ကြားလိုက်ရပါတယ် ဘာများ ဖြစ်ပါသလဲ ခဏ ငြိမ်ပြီးနားထောင်နေခိုက် တံခါးခေါက်သံကိုကြားလိုက်ရတယ် (တင်းးးးးးတောင်.... ) PA ကိုလဲ off ပေးထားတော့ ကိုယ်တိုင်ပဲ သွားဖွင့်ပေးရတာပေါ့လေ ကိုယ်ထုကိုယ်ထ အဲ လေ ကိုယ်ထူကိုယ်ထ ပေါ့
တွေ့လိုက်ရသော လူနှစ်ယောက်ကြောင့် ကိုယ့်မျက်စိကိုပင် မယုံနိုင်လောက်အောင် အို... ရှုလော့ အရပ်ရှည်ရှည်အသားဖြူဖြူ Rain နဲ့သူလားငါလား လားလား မှမဆိုင်တဲ့ လူတယောက်နဲ့ ပါးဖောင်းဖောင်း (ဖားပြုတ်လေးတောင် ပါးဖောင်းရင် သူ့ထက်ချစ်ဖို့ ပိုကောင်းပါမယ်) ကောင်မလေး တယောက်ကို တွေ့လိုက်ရတော့ ဘယ်သူများလဲလို့ စဉ်းစား နေခိုက် ပါးဖောင်းဖောင်း ကောင်မလေးက
" ဟဲ့ ဝက် ငါနဲ့ ကိုသားကြီးလေ " ဆိုမှ
ဝက်ဝံလေး : အော် အေး အိမ်ကျယ်နဲ့ ကိုသားကြီးပါလား ဘာနဲ့လာကြတုံး ဆိုတော့
သားကြီး : ဟိုမှာလေ
လို့လက်ညိုးထိုးပြ တာကိုကြည့်လိုက်တော့ ထော်လာဂျီ အစုတ်ပေါ်မှ ချစ်ပါးလုံးက တာ့တာလှမ်းပြတယ် ဒါနဲ့
ဝက်ဝံလေး : ဟဲ့ ပါးလုံးလာလေ အိမ်ထဲကို
ပါးလုံး : နေပါစေတော့ ဝက်ရေ ငါ ဒီထော်လာဂျီကို နှိုက်ရဦးမယ် နင်တို့ပဲ စကားပြောကြတော့
ဒါနဲ့ သူတို့ ၂ ယောက်အိမ်ထဲ ဝင်လာကြသည် အိမ်ထဲရောက်ရောက်ချင်း
အိမ်ကျယ် : ဝက်ရယ် ပူလိုက်အိုက်လိုက်တာ အဲယားကွန်း ဖွင့်စမ်းပါ (ဒီဝက် တော်တော် ကပ်စီးနဲတယ်)
ဝက်ဝံလေး : အော် အေး ခုဏလေးတင် အေးလို့ပိတ်ထားတာ (ဟွန့် တကဲတည်း ငါ့မီတာခတွေ ကုန်ပါပြီ)

သားကြီး : တို့တွေ ဟိုးးးတခါက စီးရီးထုတ်မယ် ပြောထားတယ်လေ မှတ်မိသေးလား
ဝက်ဝံလေး : မေ့တောင်နေပြီကော ကိုသားကြီးရဲ့
သားကြီး : တို့လဲ မျက်နှာစာအုပ် (facebook) မှာ လယ်စိုက်ပြီး ပိုက်ဆံစုနေတာလေ ဟုတ်တယ်မလား အိန်ဂျယ်
အိန်ဂျယ် : ဟုတ်ပါ့ ဝက်ရယ် ငါတို့တွေ ပိုက်ဆံစုနေတာဟ အခုတော့ တော်တော်လေးရပြီဆိုတော့ စီးရီးမထုတ်ပဲ ရှိုးပွဲလုပ်ရင်ကောင်းမလား လို့ အဲဒါ ဝက် နဲ့လာတိုင်ပင်တာလေ
ဝက်ဝံလေး : အင်း ကောင်းသားပဲ လုပ်တာပေါ့ ညီမလဲ အားလုံး နားထားတယ်လေ ရှုတင်တွေရော ရှိုးပွဲတွေရော ဆိုတော့ အားနေပါတယ် သမီးကြီး အိမ်ကျယ်ရယ်
အိန်ဂျယ် : ဒါဆိုရင် ဘယ်နေရာ ဘယ်အချိန် ဘာညာဆိုတာ ငါတို့ တိုင်ပင်ကြတာပေါ့
သားကြီး : ငါတို့ ၃ ယောက်ပဲ ဆိုရင် လာကြည့်မယ် လူမရှိပဲ နေမယ် ကိုယ့်အနေနဲ့တော့ ဒီးဒီး(စန္ဒမြင့်လွင်) မိုးဟေကို တင့်တင့်ထွန်း တို့ကို ဖိတ်ချင်တယ် သူတို့နဲ့ပါ ဆိုရင် ပွဲပိုစည်မလား လို့
ဝက်ဝံလေး : အမလေး ကိုသားကြီးရယ် ဒီဒီးက မိုက်ခဲကြီးနော် ဖြစ်ပါ့မလား
သားကြီး : ကိုယ်က တော့ မိုးဟေကို နဲ့အပြိုင် လှုပ်မလား လို့ စဉ်းစားနေတာ ဒီတော့ ဝက်လေးပဲ စန္ဒီမြင့်လွင်နဲ့အပြိုင် မိုက်ခဲ လိုက်ပေါ့ ဟုတ်ဘူးလား
ဝက်ဝံလေး : အမလေး သူတို့ လုပ်ချင်တာကို ငါ့ ဆွဲချနေပြန်ပါပြီ သွား ဘာ မိုက်မှ မခဲဘူး ကိုသားကြီးတို့ သမီး အိန်ဂျယ်တို့ပဲ လုပ်ချင်တာ လုပ်
အိန်ဂျယ် : ကဲပါ ဘယ်မှာလုပ်မှာလဲလို့ နေရာလေ
ဝက်ဝံလေး : ဘဘကြီးရဲ့ အိမ်တော်ရာ ရှိသားပဲ လုံခြုံရေးတောင် တောင်းစရာမလိုဘူး အဲဒီမှာ လုပ်မယ်
သားကြီး : ဖြစ်ပါ့မလား ဝက် ရာ ကြောက်တယ် ကွာ တခြားတနေရာ ရှာပါ
ဝက်ဝံလေး : အမလေး ဖြစ်မနေနဲ့ ဘဘကြီး သိပ်ရက်ရောတာနော် ဟိုမောဒယ်မလေး ဝက်ဝံရွှေရည် အဲ ဝတ်မှုန်ရွှေရည် မွေးနေ့မှာ သူ့မြေးက စိန်တဆင်စာနဲ့ ကားလက်ဆောင်ပေးတာနော် အဲဒီလောက်တောင် ရက်ရောတာနော် အခုတလောလေးတင်ပဲ ဧရာဝတီ တိုင်းသွားပြီး လှူပြီးပြန်လာတယ်ဆိုပဲ
အိန်ဂျယ် : အေး ပြီးရော ဝံဝံရေ ညီမလေး ပိုင်တယ်ဆိုလဲ ပြီးတာပဲ ဒါနဲ့ နေ့ရက်နဲ့ အချိန်ပြောကွယ်
ဝက်ဝံလေး : စက်တင်ဘာ ၃၁ ဆိုရင် မကောင်းဘူးလားလို့ အချိန်ကတော့ ည ၉ နာရီပေါ့လေ နော်
သားကြီး : ကောင်းသားဟ အဲဒီအချိန်ဆိုရင် ဘလော့ဂ်ဂါ မောင်နှမတွေလဲ အလုပ်ကပြန်ရောက်ပြီး အေးဆေး လာကြည့်နိုင်တာပေါ့
အိန်ဂျယ် : ဒါနဲ့ မိတ်ကပ်ရော ဘယ်သူနဲ့လုပ်မလဲ ဝက်
ဝက်ဝံလေး : ညီမကတော့ မာမီလူထွေး ရှိတယ်လေ
အိန်ဂျယ် : ဟင့်အင်း တို့တော့ မာမီမြစ်(ကိုမြစ်ကျိုးအင်း)မှ မာမီမျှစ် အဲလေ မာမီမြစ်ပဲနော် ညီမလေး မာမီလူထွေးက ကောင်းရော ကောင်းရဲ့လား
ဝက်ဝံလေး : အမလေး ကောင်းပါ့ ချောကလက် မှိုတက်ရုပ်ဖြစ်သွားအောင် ပြင်တတ်တာ ဒါနဲ့ မာမီမြစ်ကရော ကောင်းလို့လား
အိန်ဂျယ် : ကောင်းပါ့ သွေးစုတ်ဖုတ်ကောင် ရုပ် ဖြစ်အောင်ကို ပြင်တတ်တာ ငါသူနဲ့ပဲပြင်လာတာလေ မယုံရင် ငါ့ရုပ်ကိုကြည့်ပါလား ဒါနဲ့ ကိုသားကြီးကရော
သားကြီး : ကိုယ်ကတော့ ဖွားကိပဲ ဟေ့ ဘယ်သူဘာပြောပြော ဖွားကိက တော်တယ် မူလရှိရင်းစွဲထက် ၁၀ နှစ်ကြီးအောင်ကို ပြင်တတ်တာ အဲဒီလောက်တော်တော့ ကိုယ်လဲ လက်မလွှတ်နိုင်ဘူး ဖြစ်နေတာ လေ
ဝက်ဝံလေး : အေးလေ ကိုယ့်မာမီ ကိုယ်ရှိနေရင် ပြီးတာပဲပေါ့ အော် ဒါနဲ့ ယောင်းမြူးလေးက ပြောတယ် သူ စားသောက်ဖွယ်တွေ ချက်ပေးမယ်ဆိုပဲ
အိန်ဂျယ် : ဟုတ်လား ဘာဟင်းတွေ စီမံထားတယ်တဲ့လဲ
ဝက်ဝံလေး : မြွေခြေထောက် ဟင်းရယ် ဖြုတ်ဦးနှောက်ရယ် လို့ပြောတယ်
အိန်ဂျယ် : စားကောင်းမယ့်ပုံပဲနော် ကြားရတာ
သားကြီး : အင်းလေ သူက ဘာချက်ချက် အကုန်ကောင်းနေတဲ့ဟာကို
ဝက်ဝံလေး : ဟို ပြည့်စုံ ၂ ယောက်လေ သိတယ်မလား အနော်နဲ့ ကိုပြည့်စုံလေ သူတို့ကိုလက်မှတ်ရောင်းခိုင်းမလား လို့
သားကြီး : ဝက်ရေ ကိုဇော် ကပြောတယ် သူ လုံခြုံရေးတာဝန်ယူတယ်တဲ့
ဝက်ဝံလေး : အယ် မလိုဘူးလေ ဘဘဂျီးတို့အိမ်က တာဝန်ယူမယ့်ဟာကို
အိန်ဂျယ် : ဟုတ်ဘူးလေဟာ ကိုဇော်က ငါတို့ အဆိုကျော်တွေကို တာဝန်ယူမှာလေ အဲဒါ သူ့တာဝန်လေ
ဝက်ဝံလေး : အော် ဟုတ်သားပဲ သူ သဇင်တို့ ဇော်ပိုင်တို့ကို တာဝန်ယူသလိုပေါ့ အင်း အင်း
ထိုအခိုက် စက်ချေးတွေနဲ့ ပေပွပြီး ဝင်လာတဲ့ ပါးလုံးက
ဝက်ရေ တူ ရှိလားဟ
ဝက်ဝံလေး : အေး မီးဖိုချောင်ထဲမှာ သွားယူလိုက်
ဝက်ဝံလေး : ဒါနဲ့ပြောနေတာ ဘယ်ရောက်သွားလဲ
မီးဖိုချောင်ထဲမှ ပါးလုံး ကုန်းအော်သံ ဝက်ရေ...........
ဝက်ဝံလေး : အေး လာပြီဟ ဘာဖြစ်တုံး
ပါးလုံး : ဘယ်မှာလဲ တူ
ဝက်ဝံလေး : ဒီမှာလေ မတွေ့ဘူးလား မြွေသာဆို နင့် ပေါက်သတ်လိုက်ပြီ
ပါးလုံး : နာတော့မယ် ဒီဝက်တော့ ငါရေနွေးအိုးတည်ပြီးပေါ်ပလိုက်တော့မယ် ငါ ကားပြင်နေတာ ဒီထမင်းစားတဲ့ တူဘာလုပ်ရမှာတုံး hammer တူ အဲဒီ တူကိုပြောတာ လဒ ရဲ့
ဝက်ဝံလေး : အွန့် ဆိတ်ချည်းပဲ ဘဲလေးဘာလေးမွေး ကြက်လေးဘာလေးမွေး ဇီးကွက်လေးဘာလေးမွေး တိမှမတိဖဲ ဟာပဲဟာပဲဟာကို နေဦး ခဏ
ရော့
ပါးလုံးထွက်သွားတော့ အိမ်ကျယ်တို့ဆီပြန်လာကာ
ဝက်ဝံလေး : ဒါနဲ့ ကိုရူးရ အဲ ကိုယုယတို့လို ချိုသော တီနှစ်ကောင်(တီတီဆွီ) တို့လို အိမ်ထောင်ရှင်တွေက လာနိုင်ပါ့မလား
အိန်ဂျယ် : ကိုယုယကြီးက သူ့ကင်မရာ ကြီးကို သ နေတယ်ဆိုပဲ လွင်မိုးစတိုင်လ် လေ ငါတို့ တွေကို ဓာတ်ပုံရိုက်မလို့တဲ့
ဝက်ဝံလေး : ဟို ပြည့်စုံ ၂ ယောက်လေ သိတယ်မလား အနော်နဲ့ ကိုပြည့်စုံလေ သူတို့ကိုလက်မှတ်ရောင်းခိုင်း
သားကြီး : ဝက်ရေ ကိုဇော် ကပြောတယ် သူ လုံခြုံရေးတာဝန်ယူတယ်တဲ့
ဝက်ဝံလေး : အယ် မလိုဘူးလေ ဘဘဂျီးတို့အိမ်က တာဝန်ယူမယ့်ဟာကို
အိန်ဂျယ် : ဟုတ်ဘူးလေဟာ ကိုဇော်က ငါတို့ အဆိုကျော်တွေကို တာဝန်ယူမှာလေ အဲဒါ သူ့တာဝန်လေ
ဝက်ဝံလေး : အော် ဟုတ်သားပဲ သူ သဇင်တို့ ဇော်ပိုင်တို့ကို တာဝန်ယူသလိုပေါ့ အင်း အင်း
ထိုအခိုက် စက်ချေးတွေနဲ့ ပေပွပြီး ဝင်လာတဲ့ ပါးလုံးက
ဝက်ရေ တူ ရှိလားဟ
ဝက်ဝံလေး : အေး မီးဖိုချောင်ထဲမှာ သွားယူလိုက်
ဝက်ဝံလေး : ဒါနဲ့ပြောနေတာ ဘယ်ရောက်သွားလဲ
မီးဖိုချောင်ထဲမှ ပါးလုံး ကုန်းအော်သံ ဝက်ရေ...........
ဝက်ဝံလေး : အေး လာပြီဟ ဘာဖြစ်တုံး
ပါးလုံး : ဘယ်မှာလဲ တူ
ဝက်ဝံလေး : ဒီမှာလေ မတွေ့ဘူးလား မြွေသာဆို နင့် ပေါက်သတ်လိုက်ပြီ
ပါးလုံး : နာတော့မယ် ဒီဝက်တော့ ငါရေနွေးအိုးတည်ပြီးပေါ်ပလိုက်ေ
ဝက်ဝံလေး : အွန့် ဆိတ်ချည်းပဲ ဘဲလေးဘာလေးမွေး ကြက်လေးဘာလေးမွေး ဇီးကွက်လေးဘာလေးမွေး တိမှမတိဖဲ ဟာပဲဟာပဲဟာကို နေဦး ခဏ
ရော့
ပါးလုံးထွက်သွားတော့ အိမ်ကျယ်တို့ဆီပြန်လာကာ
ဝက်ဝံလေး : ဒါနဲ့ ကိုရူးရ အဲ ကိုယုယတို့လို ချိုသော တီနှစ်ကောင်(တီတီဆွီ) တို့လို အိမ်ထောင်ရှင်တွေက လာနိုင်ပါ့မလား
အိန်ဂျယ် : ကိုယုယကြီးက သူ့ကင်မရာ ကြီးကို သ နေတယ်ဆိုပဲ လွင်မိုးစတိုင်လ် လေ ငါတို့ တွေကို ဓာတ်ပုံရိုက်မလို့တဲ့
သားကြီး : အိုကေ ဝက်ရေ ဒီလိုဆိုရင် ရှိုးပွဲနေ့မှာ ဆုံမယ်နော် ဟုတ်ပီလား အော် ဒါနဲ့ ပိုက်ဆံက ဘယ်လောက် သတ်မှတ်တုံး
ဝက်ဝံလေး : မြန်မာဒေါ်လာ ၅၀၀၀ ဆိုရင် ဘယ်လိုလဲ သင့်တယ်ထင်တယ် နော်
အိန်ဂျယ် အင်းလေ ကောင်းသားပဲ ငါကတော့ အပြတ် ဟော့ရှော့ ဝတ်ပစ်မယ် ကွ တွန့်တွန့်ထွန်းနဲ့အပြိုင်ဟဲဟဲ
ထိုစဉ်
ပါးလုံး : ဝက်ရေ ပြီးပြီ ရော့ ဆိုပြီး တူလာပြန်ပေးတယ်
အလိုလေး ရှူလော့ အဲ ရှုလော့ ဖြစ်ပျက်နေတဲ့ တူ တွန့်လိန်ကောက်ကွေးနေတာပဲ မျက်လုံးပြူးသွားတဲ့ ဝက်ကလေးကို ပါးလုံးက သွားဖြဲကာ
ပါးလုံး : ဝက်ရယ် ငါ ထု တာ အားပါသွားလို့ အဲလိုဖြစ်သွားတယ် ရတယ်မလား
ဝက်ဝံလေး : ရပါတယ် ဟယ် ကိစ္စမရှိပါဘူး(ငနာမ ငါ့ပစ္စည်းတွေကို ဖျက်လိုဖျက်ဆီးနဲ့ ငါ ပိုက်ဆံနဲ့ဝယ်ထားရတဲ့ ဟာကို) ငါလေ ဟယ်လီကော်ပတာ မောင်းတဲ့လူကို အနားပေးထားလို့ သိလား မဟုတ်ရင် နင်တို့ကို လိုက်ပို့လို့ရတယ်
အိန်ဂျယ် : နေပါစေ ဝက်ရယ် (အလကား ကုတ်ကစီးမ လေကလဲကြွားသေး အဲလိုလေကြွားလို့လဲ ဝ နေတာကြည့်ပါဦး လေတွေချည်းပြည့်နေတာ)
သားကြီး : ဝက်လေး စေတနာကောင်းတာ အစ်ကိုတို့ သိပါတယ်(သူတောင် ဟယ်လီကော်ပတာ မစီးနိုင်လို့ ပုစဉ်းဖင်ကြားညှပ်နေရတာများ မသိရင် ခက်မယ် ဟွန့် )
အိန်ဂျယ် : ဝက်ရေ စကားကောင်းနေတာ ညီမလေးရေ တို့ပြန်တော့မယ်ဟ
ဝက်ဝံလေး : အယ် ပြန်တော့မလို့လား ဘာမှတောင် မကျွေးလိုက်ရဘူး (ကြွကြွမြန်မြန်)
သားကြီး : ဒီလိုဆိုလဲ ကိုယ်တို့မပြန်သေးဘူးလေ သွားလုပ်လိုက်လေ တခုခု(ကုပ်စီးမ ဆီက ဝ အောင်ကို စားသွားရမယ်)
အိန်ဂျယ် : ဟုတ်ပါ့ ညီမလေးရယ် အစ်မတို့က မပြန်သေးလဲဖြစ်ပါတယ် ညီမလေး စေတနာကို အသိအမှတ်ပြုချင်တယ်ကွယ် (ဝက်ပုတ် မှတ်ပြီလား ဒင်းဘာဆက်ပြောမလဲ စောင့်ကြည့်ရမယ်)
ဝက်ဝံလေး : အလိုလေး ညီမကြောင့် နောက်ကျနေပါ့မယ်နော် သွားစရာရှိတာ သွားပါနော် (ငတ်ကြီးကျတယ်ကွာ သူများအိမ်လာပြီးတော့)
ဒုန်းဒုန်းးးး ဆိုပြီး ပါးလုံး ဝင်လာကာ
ပါးလုံး : ဟဲ့မြန်မြန်လာကြ ငါ့ထော်လာဂျီက အစိုးမရဘူး အခုတမျိုးတော်ကြာတမျိုးနဲ့ မြန်မာနိုင်ငံမီးလိုပဲ မလာလိုက်ပျက်လိုက်နဲ့ ကောင်းနေတုံး ဒိုးမှဖြစ်မယ် လာ မြန်မြန်
ဝက်ဝံလေး : အေး ဒါဆိုလဲသွားကြတော့နော် နောက်မှ ပဲ ငါမုန့်ကျွေးတော့မယ် (ဟူးးးးး တော်ပါသေးရဲ့ ထော်လှဂျီကယ်ပေလို့)
ဖွတ် ဖွတ် ဒိုင်း ဒိုင်းးးး ထွက်သွားသော ထော်လာဂျီလေးကို လက်ပြရင်းးးးးးးးးးးးးးးးးးး

ကဲ အားလုံးကို ဖိတ်ကြားအပ်ပါတယ် သားကြီး အိန်ဂျယ် နဲ့ ဝက်ဝံလေး တို့ရဲ့ ရှိုးပွဲကို မပျက်မကွက် တက်ရောက်ကြဖို့ အထူးမေတ္တာရပ်ခံအပ်ပါတယ်
နေ့ရက်။ ။၃၁ စက်တင်ဘာ ၂၀၁၀ (ရွေးကောက်ပွဲအမီ)
နေရာ။ ။ဘဘကြီးရဲ့ အိမ်တော်ရာ
အချိန်။ ။ည ၉ နာရီ
လက်မှတ် တန်ဖိုးကတော့ မြန်မာဒေါ်လာ ၅၀၀၀ ပဲဖြစ်ပါတယ် အကျွေးအမွေးကိုတော့ ယောင်း(မြူးသျှရီ)က စီစဉ်ထားပါတယ်
P.S ဒီပို့စ်လေး ရေးထားတာ ကြာပါပြီ မတင်တော့ဘူး လုပ်ထားပေမယ့် အိမ်ကျယ့်အတွက် အမှတ်တရ ရေးပေးလိုက်ပါတယ်(အနော့်ရဲ့အကြံပါ ကျေးဇူးပါအနော်ရေ အကျန် အဲ အကြံပေးတဲ့အတွက်)
အနော်ပေးတဲ့ နောက်ထပ်အကြံ ဒေါ်လှ ၁၀၀၀ ကနေ ၅၀၀၀ ကိုပြောင်းထားပါတယ်နော် ငှဲငှဲ

26 comments:
ဟဟဟားးးးးးးးးးးးးး
တစ် ရတယ်ကွ။
နှစ်လဲ ယူလိုက်တယ်။
ဘီမှာတုံး အမောင်သားဂျီးနဲ့ ဂျစ်ပါးလုံးးး ဟုန်းးဟုန်းးးး
ပြာပြာပွဲကပြီးသွားပြီဘဲ
အထုနိုဝင်ဘာ၂၀၀၉လေ
ပြီးတော့ဒါဒါဆီမှာမြန်မာဒေါ်လှခြင်ဖူတော်ရှိဘူးရယ်
နောက်တစ်ပွဲကျရင်တေချာသံချောင်းခေါက်နော်
ဆော်ရီး ဒါဒါ ရေးထားတာ နဲနဲကြာသွားလို့ ပြီးသွားမှန်းမသိလိုက်ဘူး ဖြစ်နေတယ် ပြန်ပြင်လိုက်ပြီ ၂၀၁၀ လို့ ဟဲဟဲ
ချစ်ညလေး ၀က်ဝက်ရေ....
အမှတ်တရရေးပေးတာ ကျေးကျေးစ်နော်။
ရယ်လိုက်ရတာ ဖတ်ဖတ်ကိုမောလို့ဟဟ။။
အကြံပေးတဲ့ သယ်ရင်းကြီး အနော့်ကိုလဲ ကျေးဇူးကြီးကြီးးးးးးးးးးးးး
နာက မိုးဟေကိုလေးနဲ့အပြိုင် လှုပ်မလို့ဟာကို ကိုသားဂျီးက လုတယ်။ အဟင့်
ဘယ်တတ်နိုင်မလဲ တွန့်တွန့်ထွန်းနဲ့အပြိုင် လိုက်တွန့်ရုံပေါ့နော်။ ဟဟားးးးးးးးးး
နာ့ရုပ်ကြည့်စမ်း မာမီမြစ်ပြင်ပေးထားတာ လှလို့ ပလို့ ဆိတ်ကလေးလို ဖြစ်လို့ ဟိဟိ။ လှလာတာကိုပြောတာ။ နာတို့ဒရိုင်ဘာက ကြမ်းတယ်ဟ။ င့ါဟတ်စကီး ပေးမမောင်းဘူး။ တော်ကြာ တွေ့ ကရာ တိမ်စိုင်ခဲတွေ ၀င်ကျုံးနေမှ အမှုပတ်နေမယ် အဟဲ။
တကယ်ပျော်တယ်။ ကျေးဇူးတင်တယ်နော်။
ယောင်းလေး
ချက်ဖူးနော်
ဟွန့် သူများကအလှများပြရမလာလို့ 
အမြဲချက်ပဲချက်ခိုင်းတယ်
ချက်ဖူးးးးးးးးးးးးးးးးးးးးးးးးးးးး
ဒို့များက တော့ ဝက်ကလေးထွန့် ထွန့် လူးတင်ပြတာ ကို ပဲ ကြည့်ချင်ပါတယ် ...
တင်ပြပါ ...တင်ပြပါ ... တင်ပြပေးပါ ....ကျန်တာ မပြပါနဲ့ ...
ဒေါ်လှက ဈေးတက်နေလို့  ဒေါ်မြပဲ ပေးမယ် ..ရမလားးးးး
လာတော့လာချင်သား...လက်မှတ်ကဈေးကြီးလိုက်တာ :D
အပေါ်ကစာတွေဖတ်ပြီးရယ်လိုက်ရတာ :D
၃၁ စက်တင်ဘာ ၂၀၁၀ ဒီအချိန် ဒီနေရာ ဒီရှိုးပွဲမှာ အားလုံး ပြန်တွေ့ကြမယ်နော်း)
ဝက်ကလေး ရေ ..
ပျောက်နေပါတယ် မှတ်နေတာ ရှိုးပွဲ လုပ်ဖို့ စီစဉ်နေတာကိုး ..... ဖတ်ပြီး ရယ်သွားတယ် ... ပျော်စရာတွေရေးထားလို့ ဖတ်ပြီး အပျော်လေးတွေနဲ့ ပြန်သွားတယ် .. ဟယ်လီကော်ပတာနဲ့ လိုက်ပို့ မနေပါနဲ့တော့ .. ကိုယ့် ဘလော့ဂ်မောင်နှမတွေတော့ မြန်မာဒေါ်လာနဲ့ ၀ယ်ခိုင်း မနေနဲ့လေ .. လေးဖြူရဲ့ ရှိုးလိုပေါ့ .. ဆွေမျိုးအရင်းကြီးတွေ ဟာကို... နော .. အပြင်လူတွေပဲ ၀ယ်ခိုင်းပေါ့ ..
ဝက်ကလေး မိုးဟေကို လို ကိုယ်လုံးမျိုး ဖြစ်သွားပြီဆိုရင် လာခဲ့မယ် :P
ဝက်ရေ... တို့အတွက် လက်မ တစ်ချောင်း... အဲလေ လက်မှတ် တစ်စောင်...
ဟေး..၀က်ကလေးရေ.. ဓာတ်ပုံ တကယ်လာရိုက်မှာနော်..အဟီး။
ဒါပေမယ့် ရှိုးပွဲအတွက် လက်မှတ် အလကားပေးရမယ်...ဒါပဲ..ဒါပဲ..
yu ya
အကြံတွေချည်းပဲ ပေးတာ ဟုတ်ပါဘူး
ကွန်မန့်လဲ နောက်ဆုံးမှ လာမန့်ပါတယ် :(
အနော်ကတော့ လက်မှတ်ရောင်းရတယ်ဆိုတော့ ရှေ့ဆုံးခုံကို ကြိုဦးထားလိုက်တယ် ဟဲဟဲ
အဲ့တာမှ မိုးဝက်ဝံဟေကိုလေးရဲ့ တွန့်တွန့်လူးဒန့်စ်နဲ့ အကိုသားကြီးရဲ့ ရိန်းနဲ့အပြိုင် ပါဖောမန့်စ်စ်စ် အမငီး တံတွေးစင်တယ် ဟိဟိ အဝကြည့်ရမယ်
ပီးတော့ အိန်ကျယ်လေးရဲ့ အကအလှတွေကိုလဲ အလွမ်းတွေ ပြေသွားလောက်အောင် ကြည့်ရမယ်ဆိုတော့ ၂၀၁၀ ကို မျှော်နေမယ် နော် နော် နော် လို့ :)
စာဖတ်တာ ၅ မိနစ်ကြာတယ် ဓါတ်ပုံကိုတော့ ၁၀ မိနစ် တိတိ ကြည့်လိုက်တယ် အေးရော
မူယာဝက်က ရေးလည်းရေးတတ်တယ် ပါးစပ်က ထုတ်ပြောတာနဲ့ စိတ်ထဲက တွေးတာတွေ ကိုဖတ်ရတာ တကယ် ရယ်ရတယ်။
နာမည်နဲ့လိုက်ပါပေတယ် မူယာမာယာက များပါ့
အိမ်ကျယ်က ပါးဖောင်းတယ်တဲ့လား .. သေချာပြန်ကြည့်ဦးမှ .. =P
အင်း အဲဒီနေ့တော့ သေချာသျှောင်မှ
ဟာဟ လာကြည့်မယ်
မြွှေခြေထောင်ဟင်းလည်းစားမယ် P:
မင်းအိမ်ဖြူ
အင်း အဲဒီနေ့တော့ သေချာသျှောင်မှ
ဟာဟ လာကြည့်မယ်
မြွှေခြေထောင်ဟင်းလည်းစားမယ် P:
မင်းအိမ်ဖြူ
ဓါတ်ပုံးလေးလာကြည့်သွားပါ၏
လက်မှတ်က ခုကတည်းက ဘွတ်တွေများနေပါလား
ဝက်ရဲ့ ။ VIP တန်းကမကျန်တော့ဘူးလား။ ရှိုးပွဲကဖြင့် ၂၀၁၀မှ ၀က်တို့ ထွန့် ထွန့် လူးမှာကို အတော်စိတ်ဝင်စား
ကြတယ်။း)) မြန်မာငွေ ၅၀၀၀ ဆိုတော့တန်ပါတယ် လေ။ နေရာလေးသာချန်ထားပေးနော်။
ဝက်ဝံလေး ရှိုးပွဲတွေ များနေပြီထင်တယ်။
Post a Comment