အားလုံး အားလုံး မင်လာဆောင်ပါ အဲလေ ယောင်လို့ ဟိဟိ အားလုံးပဲ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ပျော်ရွှင်ကြပါစေနော် (ဒါက အင်ထရို) ဟဲဟဲ အခုတလော လေး တော်တော်လေးကို မအားတာပါ သိလား ရှူတင်တွေကလဲ သွားရသေးတယ်လေ သိတယ်မလား Happy New year တုံးက အငြိမ့်ကလဲ က ရသေးတယ်တော့ လုံးလုံးကြီးကို မအားတာပါ လက်တို့ပြီးတော့ ပြောရဦးမယ် အဲဒီ အငြိမ့်က တုံးက လေ တကယ်မအားတာ သိလား လူကလေ အော် မကောင်းပါဘူးလေ ကိုယ့်ဒက်ဒီ အငြိမ့်ကိုမှမ က ပေးရင် က မယ့်လူမရှိ ပဲ ဖြစ်နေပါမယ် ကျန်ညီမအစ်မ ၂ ယောက်ကလဲ ဝက်မက ရင် မက ဘူးတဲ့ ဒီလိုနဲ့ Hollywood ကိုသွားဖို့ အစီအစဉ်ဖျက်ပြီး အဲဒီညက အငြိမ့် က ပေးလိုက်ရတယ်လေ ဟက် ဒါနဲ့ ဘလော့ဂ်လေးကို ပစ်ထားသလို ဖြစ်နေတာ စိတ်မရှိနဲ့နော် အစ ကတော့ ဘလော့ဂ်ဂင်းတဲ့ လုပ်ငန်းကြီးကို အပြီးတိုင် ရပ်စဲမယ် ဆိုပြီး ဘလော့ဂ်လေးကို ပိတ်လိုက်သေးတယ်လေ နောက်တော့ပြန်ဖွင့် (တယောက်တည်း ဖွင့်လိုက်ပိတ်လိုက်လုပ်ပြီး ဆော့နေတာ လေ ဟားဟားးးး)
တနေ့က အစ်ကိုတော်က ဘလော့ဂ်ဂင်းတာ သိသွားတော့ အေးလေ မထူးပါဘူး ဆိုပြီး အခု ဆက်ဂင်းနေတယ် ဟီးးးးးးး (ဘလော့ဂ်ပိတ်လိုက်ပြီ လို့ ပြောခဲ့တဲ့ သူငယ်ချင်းများ အားလုံး ဘွာတေးနော် ဟီးးးး)
အခုလို နှစ်သစ်မှာ ဗုဒ္ဓမြတ်စွာရဲ့ အကြောင်းလေးတွေ နဲ့ စ လိုက်ကြရအောင်လား ဗဟုသုတ အဖြစ်နဲ့ ပြန်လည်မျှဝေ လိုက်ပါတယ်နော်
xxxxxxxxxx
မေး။ ။ ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လိုကူညီနိုင်ပါသလဲ။
ဖြေ။ ။ လျှပ်စစ်ဓာတ်ကို တွေ့ရှိတဲ့ မိုက်ကယ်ဖာရာဒေး(Michael Faraday) ဟာ ကွယ်လွန်သွားပါပြီ သို့သော်လဲ သူရဲ့ တွေ့ရှိချက်က ကျွန်ုပ်တို့ကို အခုတိုင် ကူညီနေပါတယ် ရောဂါပေါင်းများစွာကို ကုသတဲ့ ကုထုံးတွေကို တွေ့ရှိတဲ့ လူးဝစ်ပါးစ်ချား (Louis Pasteur) ဟာလဲ ကွန်လွန်သွားပါပြီ သို့သော်လဲ သူတွေ့ရှိတဲ့ ကုထုံးတွေက အခုတိုင် အသက်ပေါင်း များစွာကို ကယ်နေဆဲပါပဲ။
ကျော်ကြားတဲ့ အနုပညာများစွာကို တီထွင်ဖန်တီးခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီ (Leonardo da Vinci)ဟာလဲ သေသွားပါပြီ သို့သော်လဲ သူဖန်တီးခဲ့တဲ့ အနုပညာတွေက လူတွေကို အခုတိုင် ပျော်ရွှင်မှုပေးနေဆဲပါပဲ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးများနဲ့ အာဇာနည် ပုဂ္ဂိုလ် ကြီးများကွယ်လွန်သွားကြတာ ရာစုနှစ်ပေါင်းများစွာ ကြာသော်လဲ သူတို့အယေ် ကြာင်းကို ကျွန်ုပ်တို့ ဖတ်ရှုရတဲ့ အခါမှာ သူတို့လို နေထိုင်ပြုမူလိုစိတ်များ ကျွန်ုပ်တို့ သန္တာန်မှာ တဖွားဖွား ဖြစ်ပေါ်လာပါ ဟုတ်ပါတယ် ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာသွားပါပြီ သို့သော်လဲ ရှင်တော်မြတ်ဘုရားရဲ့ တရားတော်များဟာ အခုတိုင် ကူညီနေဆဲပါပဲ ဗုဒ္ဓမြတ်စွာရဲ့ နမူနာကောင်းတွေက လူတွေကို အခုတိုင် အားတက်စေတုန်းပါပဲ သူ့စကားတော် တွေက အခုတိုင် လူတွေရဲ့ ဘဝတွေကိုပြောင်းလဲ စေတုံးပါပဲ ဗုဒ္ဓမြတ်စွာမှာသာလျှင် ပရိနိဗ္ဗာန် စံပြီးနောက် ရာစုနှစ်ပေါင်း များစွာ ကြာလာသည့်တိုင်အောင် ဒီလိုစွမ်းအားများ ရှိနေနိုင်တာဖြစ်ပါတယ်
မေး။ ။ ဗုဒ္ဓမြတ်စွာဟာ ထာဝရဘုရား (God) လား။
ဖြေ။ ။ ဗုဒ္ဓြုမတ်စွာဟာ ထာဝရဘုရား မဟုတ်ပါဘူး ဗုဒ္ဓမြတ်စွာက သူဟာ ထာဝရဘုရားလို့ဖြစ်စေ ထာဝရဘုရားရဲ့ သားတော်လို့ဖြစ်စေ ထာဝရဘုရားက လွှတ်လိုက်တဲ့ တမန်တော်လို့ဖြစ်စေ မမိန့်ကြားပါဘူး ဗုဒ္ဓမြတ်စွာဟာ အလုံးစုံပြည့်စုံတဲ့ လူသား တစ်ဦးပါပဲ ဒါကြောင့် သူ့လို ကျွန်ုပ်တို့ကြိုးစားရင် ကျွန်ုပ်တို့လဲ သူ့လိုပဲ အလုံးစုံပြည့်စုံသူများ ဖြစ်နိုင်ကြောင်း မိန့်ကြားတော် မူပါတယ်
မေး။ ။ ဗုဒ္ဓမြတ်စွာဟာ ထာဝရ ဘုရားမဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေက ရှိခိုးကိုးကွယ်ကြသလဲ။
ဖြေ။ ။ ကိုးကွယ်နည်းအမျိုးမျိုး ရှိပါတယ် တချို့က တစုံတခုသော တန်ခိုးရှင် ဘုရားကို (God) ကိုကိုးကွယ်တဲ့အခါ အဲဒီဘုရားကို ချီးကျူးထောပနာ ပြုကြတယ် ဂုဏ်ပြုကြတယ် တစုံတရာ ပူဇော်ပ သ ကြတယ် ကိုယ်လိုတာကို ဘုရားဆီမှာ တောင်းကြတယ် အဲဒီလို လုပ်ကြတာကတော့ မိမိတို့ရဲ့ ချီးကျူးထောပနာ သံတွေကို အဲဒီဘုရားက ကြားလိမ့်မယ်လို့ ယုံကြည်လို့ ဆုတောင်းတာကို ဖြည့်ဆည်းပေးမယ်လို့ ယုံကြည်လို့ ပူဇော် ပ သ တာကိုလက်ခံလိမ့်မယ်လို့ ယုံကြည်လို့ ပါပဲ
ဗုဒ္ဓဘာဝင်တွေကတော့ ဒီလို ကိုးကွယ်ဆည်းကပ်မှု မျိုးကို မလုပ်ကြပါဘူး
တခြားကိုးကွယ် ဆည်းကပ်မှု တမျိုးကတော့ မိမိတို့ လေးမြတ်ကြည်ညိုတဲ့ ပုဂ္ဂိုလ် တဦးဦး သို့မဟုတ် တစုံတရာ ကို ရိုသေသမှု ဂါဝရ ပြုကြတယ် ဆရာအခန်းထဲ ဝင်လာရင် နေရာက ထ ပေးကြတယ် ဂုဏ်သရေရှိ တဲ့လူနဲ့တွေ့ရင် လက်ဆွဲနှုတ် ဆက်ကြတယ် အမျိုးသားသီချင်း တီးရင် မတ်တပ်ရပ် အလေးပြုကြတယ် ဒါတွေအားလုံးဟာ ရိုသေလေးစားမှုကို ပြတဲ့ အမူအရာတွေ ပါပဲ လေးမြတ် ကြည်ညိုမှုကို ဖော်ပြကြတာ ဖြစ်ပါတယ် ဒီလို အရိုအသေ ဂါဝရ ပြုပြီး ရှိခိုး ကိုးကွယ်မှုဟာ ဗုဒ္ဓဘာသာဝင်များ ပြုလုပ်ကြတဲ့ ရှိခိုးကိုးကွယ်မှုမျိုးပါပဲ
တင်ပျဉ်ခွေထိုင်ပြီး ရင်ခွင်ထက်မှာ လက်နှစ်ဖက်ကို ရွရွလေး ချထားတဲ့ ဗုဒ္ဓရုပ်ပွားတော်ရဲ့ မဟာကရုဏာတော်ဖြင့် ကြည်လင် လန်းဆန်းနေတဲ့ မျက်နှာတော်ဟာ ကျွန်ုပ်တို့ သန္တာန်မှာ ငြိမ်းအေးမှုနဲ့ မေတ္တာတရား တိုးပွားအောင် ကြိုးစားကြဖို့ ကျွန်ုပ်တို့ကို သတိပေးနေပါတယ် အမွှေးတိုင် ရဲ့ အမွှေးနံ့က ကျွန်ုပ်တို သန္တာန်မှာ ကောင်းမှုကုသိုလ် တွေပျံ့နှံ့နေစေဖို့ သတိပေးနေပါတယ် ဆီမီးကတော့ ပညာဆီမီး တန်ဆောင် ထွန်းပြောင် စေဖို့ သတိပေးပါတယ် ကပ်လှူထားတဲ့ ပန်းများ ညှိုးနွမ်း ကြွေကျသွားတဲ့ သဘောကတော့ ကျွန်ုပ်တို့အား အနိစ္စတရားကို သတိရစေပါတယ် ဗုဒ္ဓရုပ်ပွားတော်ရှေ့မှာ ဦးညွတ်ရှိခိုးခြင်းက ကျွန်ုပ်တို့ကို တရားဓမ္မ ဟောပြောညွှန်ပြ ဆုံးမတော်မူတဲ့အတွက် ဗုဒ္ဓရှင်တော် မြတ်ဘုရားရဲ့ ဂုဏ်ကျေးဇူးတော်ကို လေးမြတ်ကော်ရော် ပူဇော်ခြင်း ဖြစ်ပါတယ် ဒါဟာ ဗုဒ္ဓဘာသာဝင်များရဲ့ ရှိခိုးကိုးကွယ်မှုပါပဲ။
xxxxxxxxxxx
ချမ်းမြေ့ဆရာတော်ဘုရား ဘာသာပြန်ထားတဲ့ နိုင်ငံခြားသား ဘုန်းတော်ကြီးတစ်ပါး၏ ဗုဒ္ဓဘာသာအမြင် အမေးအဖြေများ စာအုပ်မှ ထုတ်နုတ် ဖော်ပြလိုက်ပါတယ် အရမ်းကောင်းပြီး ဗဟုသုတရစေတဲ့အတွက် မျှဝေပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်
xxxxxxxx
အမေးအဖြ (၁) လေးကတော့ ဒီမှာ ပါ သိချင်ရင် ကလစ် ကြည့်လိုက်ပေါ့နော့်
May You All be Happy.
Wish you all be Happy New year.
Chearsssssssss
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
1 month ago



11 comments:
ဝက်လေးရေ...
အမေးအဖြေလေးတင်ပေးတာ ဖတ်ရတဲ့ အတွက် ကျေးဇူးပါနော်...
ဝက်လေးရေ
မင်္ဂလာရှိတဲ့ နံနက်ခင်းလေးပါး))
ဝက်ဝံလေး.... ဟဲးဟဲး
ဒီနေ့အားလို့ စာလာဖတ်တာ
ကောင်းတယ် အမေးအဖြေလေးက
အငြိမ့်ကတယ်ဆိုလို့ တကယ်များလား ထင်နေတာ...
းဝ)
ဝက်ကလေး
ဒီတခါတော့ လျှော်မလို နဲ့ တော်၏ ။
ဆက်လက် တော်ပါ ။ မပေါ်ပါစေနှင့်
( မတော်တရော် ဟဟ ။ အငြိမ့် က ရင် သတိထားလို့ ပြောတာ )
ခါးချိနေတဲ့  ဖွားကိ ..း)
မင်္ဂလာရှိတဲ့ စာလေးနဲ့ စာပြန်စရေးတာ အရမ်းဝမ်းသာတယ် ညီမလေး =)
ဝက်မလေးက ခပ်ပေါပေါလေး ထင်တယ်။ ဟဲ ဟဲ။
ရေးထားတာလေးတွေ ကောင်းလိုက်တာ ညီမရေ..။
ကျေးဇူးပါ..။
မင်္ဂလာဆောင်ပြီးပြီ လာပြောတာ အသိသေးဘူးထင်လို့ အဟတ်
အငြိမ့်ကတာလား
တော်ကြာ ကြမ်းပြင်ပေါက်ထွက်ကုန်အုန်းမယ်သိလား
ကောင်းပါတယ်......
နင်တို့ ပိုပီး လေ့လာထားသင့်တယ်..
ဘာလို့လဲဆိုတော့ နင်တို့သိထားမှ နင့်ပတ်ဝန်းကျင်က မေးလာခဲ့ရင် ဖြေနိုင်မှာ
ဟေး... နာ့ညီမလေး ပူတူးတူးလေး ပျံလာပီ... ပျော်တယ်ဟေး..
Post a Comment