Saturday, 30 January 2010

HaPpY BiRtHdAy ပါ ကိုကို

ကိုကိုရဲ့ အသက်၂၃ နှစ်ပြည့်မွေးနေ့ပေါ့
ကိုယ်တို့ ရန်ကုန်မှာ ရှိတုံးကတော့ ချမ်းမြေ့ ရိပ်သာမှာ အရုဏ်ဆွမ်းကပ်ကြတယ် မိသားစုတွေ တပျော်တပါးပေါ့ ကြီးကြီးက ရော့ သားကြီးဖို့ ဆိုပြီး စာအိတ်လေးနဲ့ ပေးရင် ဟာာာ ကြီးကြီးကလဲ မဟုတ်တာ ဆိုပြီး လက်လှမ်းပြီး ယူတတ်တယ် (ဟိ ဖွပြီ) ဘုန်းကြီးအရုဏ်ဆွမ်းဘုန်းပေး ယောဂီတွေ စားပြီးရင် မောင်နှမ ၄ယောက် တပျော်တပါး စ ကြနောက်ကြရင်း နဲ့ စားသောက်ကြတယ် (ပျော်ဖို့ကောင်းတယ် အခုတော့လဲ တော်တော်လေး လွမ်းပါတယ်) ကိုယ်တို့ ဒီကို ရောက်နေပေမယ့် အိမ်ကလူကြီးတွေကတော့ အမြဲပဲ မွေးနေ့ ရောက်တိုင်း အရုဏ်ဆွမ်း ကပ်ပေးပါတယ် ကိုယ်တို့ ၂ ယောက်ကိုလဲ အမြဲသတိရတယ် ပြောပါတယ် ကျန်ခဲ့တဲ့လူကြီးတွေကတော့ အမြဲသတိရနေတာပေါ့လေ ဘာလေး ချက်ရင် ဒါက သားကြီး ကြိုက်တာ ဒါကတော့ သမီးလတ် ကြိုက်တာဆိုပြီး အမြဲအောက်မေ့နေတာပါ

ကဲပါ မွေးနေ့ရှင်ရဲ့ ဂုဏ်ပုဒ်လေးတွေ ဖော်လိုက်ကြရအောင် ဟားးးးးးးးး
ကိုကိုက အကုန်ကောင်းပါတယ် (စိတ်ပျက်ဖို့) အဲလေ ဟုတ်ပါဘူး အအိပ်မက်တာလေး တခုပါပဲ အအိပ်ကတော့ တော်တော်မက်တယ် သူအိပ်နေရင်းသွားနှိုးရင် စိတ်တိုတယ် အော်ရော အိပ်ယာက နိုးလို့ ကြည်ကြည်လင်လင်ဆိုရင် ဘာခိုင်းခိုင်း အကုန်လုပ်ပေးတယ် အခုတော့ သူလဲ ဒီရောက်တော့ ကျောင်းတက် အလုပ်လုပ်နဲ့ အအိပ်မမက်နိုင်ရှာတော့ပါဘူးလေ (သနားထှာာာ နော် ဂျွတ် ဂျွတ်) ညီမတွေလဲ တော်တော် ချစ်ပါတယ် (သံပရပ်နဲ့) တကယ်ပါ ကိုယ့်ကို အရင်တုံးက မုန့်ဖိုးပေးတယ် တလ ပေါင် ၈၀ အန်တီတို့ အိမ်မှာနေတုံးကတော့ အဲတုံးက စားစရိတ် အဆောင်ခ ဘာမှပေးစရာမလိုဘူးလေ သူက သူဌေးသိလား (ဖွပြီဟ သူများတွေ ပိုက်ဆံလာချေးရင် ကိုယ့်ဟာကိုသာ ရှောင်တော့ဟေ့) တလကို ပေါင် ၄၀၀ လောက်ဝင်တာ သူ့ကိုဈေးဆစ်တာပေါ့ ညီမလေးကို ၁၀၀ ပေးပါလား ဆိုတော့ အောင်မာ အလကားရတဲ့ ပိုက်ဆံ ၈၀ မယူချင်လဲ နေ ဆိုတာနဲ့ ထပ်မပြောရဲတော့ဘူး ဟုတ်တယ်လေ တော်နေ စိတ်တော် ကောက်ပြီး မပေးတော့ရင် ဘယ့်နှယ့်လုပ်မီတုံးးး အခုတော့ သူလဲ မပေးနိုင်ရှာတော့ ဘူး သူ့ဟာနဲ့သူနေပြီဆိုတော့လေ တော်ပြီ ဒီ့ထက် ဂုဏ်ပုဒ်တွေ ထပ်ဖော်ရင် ရိုက်ပေါက်ပဲ ဒီတော့ သူ့မွေးနေ့လေးအတွက် လာလည်တဲ့ ဧည့်သည်တွေကို ဧည့်ခံမယ်နော်

အရင်ဆုံး ကိတ်မုန့်လှီးပေါ့ ကိတ်မုန့်စားပေါ့



ပြီးရင် တရုတ် ဟင်းတွေနဲ့ ဧည့်ခံမယ်







တော်ပြီလား ဝ ပြီလား ရေခဲမုန့်စားပါဦးလား လို့



နောက်ဆုံး ကျန်သေးတယ်နော် ကိုယ့်ဟာကိုယ်သာ ထည့်သောက်ကြတော့ ဟဲဟဲ



ကိုကိုရေ မွေးနေ့မှာ ပျော်ရွှင်ပါစေ မိဘ ကိုလုပ်ကျွေးနိုင်တဲ့ သားကောင်းရတနာလေး ဖြစ်ပါစေ
ညီမလေးတွေကိုလဲ မုန့်ဖိုးများများပေး နိုင်ပါစေ (ဒါအရေးကြီးတယ်)
ကဲ ဝက်ဝံလေးရဲ့ အကို ဝက်ဝံကြီး မွေးနေ့ပါဗျားးးးးးးးးးးးး ဆုတောင်းပေးလိုက်ကြပါဦးးးး နော်

19 comments:

Steve Evergreen said...

Happy Birthday :)

ချစ်ကြည်အေး said...

ဟင်....ဘယ်မှာလဲလို့....မုန့်သံကြားလို့ ညက်လုံး ကျယ်သွားဒယ်......
အဲလိုကျွေးရင် သိတ်စိတ်ဆိုးဒယ်...လှမ်းယူလို့မရ...စားမရ.. နဲ့ မြင်ယုံလေးတင်...ဟွန်းး စောစောစီးစီး...ညီမ ဝက်ဝက်တို့ နှိပ်စက်လိုက်ပုံ.....
ကိုကို့ အတွက် Happy Birthday ပါနော်.... :))

မယ့်ကိုး said...

ညီမလေးရဲ့ ကိုကို မွေးနေ့မှ အစ ထာဝရပျော်ရွှင်ကာ ကိုယ်ရောစိတ်ပါ ချမ်းသာပါစေလို့ ဆုတောင်ပေးပါတယ်။
ညီမလေးရဲ့ကိုကို အလွန်တရာချစ်စရာကောင်းတဲ့ ညီမလေးကို မွေးနေ့မှာ မုန့်ဖိုးတွေ အများကြီးပေးကာ အလှုတွေအများကြီး လုပ်နိုင်ပါစေ :)))

Vista said...

Happy Birthday ဝက်ဝံကြီး ( ဝက်ဝံလေး ကိုကိုမိုလို့ ခေါ်တာနော် ) ။

PAUK said...

ဝက်ဝံလေးရဲ့ကိုကို..
မွေးနေ့မှာပျော်ရွှင်ပါစေ....။။

ကြည်ဖြူပိုင် said...

ဝက်ဝံလေးရဲ့ကိုကိုပျော်ရွှင်ဖွယ်မွေးနေ့
ပေါင်းများစွာပိုင်ဆိုင်နိုင်ပါစေ။
အောင်မြင်မှုအပေါင်းခညောင်းပြီး ညီမလေးတွေကိုလဲ
မုန့်ဖိုးများများပေးနိုင်ပါစေ(ဒါမှတို့ဝက်ဝံလေး ပိုက်ပိုက်အများကြီးရမှာ)
စာကြွင်း။ ။ ညီမလေးရေစာပြန်ရေးတာ
ဝမ်းမြောက်ပါတယ်။
အမမအားလို့အမြဲမလာဖြစ်ရင်လဲခွင့်လွှတ်နော

ကာရံဆူး said...

ညီမလေးရဲ့ ကိုကို မွေးနေ့ မှာ ကျန်းမာ ပျော်ရွှင်ချမ်းမြေ့မှုနဲ့ အတူ မိသားစုအပေါ်တွင် သိတတ်သော သားလိမ္မာဖြစ်ပြီး ဘ၀ဆုံးတိုင် လိုအင်ဆန္ဒအဖြာဖြာ မတောင့်တ မကြောင့်ကြပဲ ပြည့်စုံနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်... မုန့် တွေ တ၀စားသွားတယ်နော်...ထ မနိုင်တော့ဘူး...လာထူအုံး.. :P

Khyl said...

ဟိုက်...ကိတ်မုန့်ကြီး... ကိတ်မုန့်ကြီး.... အဲလေ...
ဟတ်ပီးဘတ်ဒေး.... ဝက်ဝံကိုကိုကြီး(ဂျမဒါ ကိုကိုကြီးနဲ့ အညှိုးတော်လား)....

လင်းကြယ်ဖြူ said...

မွေးနေ့ရှင်ရော...
မွေးနေ့ဆုတောင်း ပေးသူရော
အားလုံး
ပျော်ပါစေခင်ဗျာ...

*.*.*

maylay said...

Happy birthday ပါ ဝံလေးရဲ့ကိုကိုရေ။ နောင်နှစ်ပေါင်းများစွာတိုင် ချစ်သောမိသားစုနဲ့အတူ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစွာ ဘဝလမ်းကို ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ညီမလေးတွေကိုလည်း မုန့်ဖိုးများများပေးနိုင်လောက်တဲ့ အလုပ်ကောင်းကောင်းလေးလည်း အမြဲတမ်း အောင်မြင်စွာ လုပ်နိုင်ပါစေ

moemoestar said...

ဝက်ဝံလေးရဲ့ ကိုကို
ပျော်ရွှင်ဖွယ်မွေးနေ့ ပေါင်း၁၂၀တိုင်ပါစေ...
ဝက်ဝံလေးကိုလည်း မုန့် ဖိုးများများ ပေးနိုင်ပါစေ...

သုခုမလေဒီ said...

အကိုတစ်ယောက်ရဲ့ မရှိမဲ့ရှိမယ့် ဂုဏ်ပုဒ်တွေကို ဖော်နေရလား ၀က်ကလေးရဲ့။
HaPpY BiRthDaY ! ပါ ၀က်ဝံ ရဲ့ကိုကိုရေ။း))
ဆန္ဒတွေပြည့်ဝပါစေ။ ပိုက်ဆံတွေလည်းများများရပါစေ။ ၀က်ကိုမပေးနဲ့နော်းP နောက်တာပါ။
ဝက်ဝံလေးကိုလည်း မုန့်ဖိုးများများပေးနိုင်ပါစေ။

သူကြီးမင်း (တုံးဖလား) said...

မောင်နှမနှစ်ယောက်လုံး ပျော်ရွှင်နိုင်ကြပါစေ။
ဝက်ဝံလေးအကိုလဲ မွေးနေ့ကစပြီး အရာရာမှာ ပြုံပန်းဝေနိုင်ပါစေ။

ဝက်ဝံလေးကိုလဲ မုန့်ဖိုး တိုးပေးနိုင်ပါစေ။

ဝက်ဝံလေးကို နေရာတော်တော်များများမှာ တွေ့လို့ လိုက်လာကြည့်တာ။

Anonymous said...

ကိုယ်တိုင်းလည်း သွားပြောလိုက်ပါတယ်

Happy Birthday ဆိုပြီးတော့

ပျော်ရွှင်ပါစေဗျာ

မင်းအိမ်ဖြူ

မျက်မှန်လေး said...

ဝက်ဝံလေးရေ....

လာစားသွားပြီနော....
အအိပ်မက်တဲ့ ကိုကို ကိုလည်းနှိုးပြီး
Happy Birthday လို့ပြောပေးပါနော်။။

MTZ said...

ကျွန်တော့မွေးနေ့မှာ တကူးတက လာပြီး မွေးနေ့ဆုတောင်းပေးတဲ့သူငယ်ချင်းများအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျား)။ အားလုံးပေးတဲ့ဆု
နဲ့ပြည့်ပါစေ ။ ၀က်ဝံလေးကို ခင်သလိုကျွန်တော့ကိုလဲ
ခင်နိုင်ပါတယ်ဗျာ။ အားလုံးပဲ Happy Birthday ပါခင်ဗျာ

khin oo may said...

happy birthday MTZ.
ကျန်းမာပျောရွင်သက်ရှည်ပါစေ။

အိုက်ခီလောက် said...

ဝက်ကလေး အကိုမွေးနေ့ ကိုး
ဒါဆို ဝက်ကြီးပေါ့ အဟတ်
ကိုယ့်ဟာကိုငှဲ့ သောက်ဆိုလို့ ခွက်ပဲမြင်တယ်
သေချာကြည့်မှ ခွက်နောက်မှ မှုန်မှုန်လေးနဲ့ ပုလင်းကိုမြင်တယ်
သေချာပြပါ ဘာအရက်လည်းဆိုတာ မွေးနေ့ အရက်သောက်မလို့ ပါဆိုမှ
ဝက်ကြီး ရေ မွေးနေ့ မှနောင် နှစ်ပေါင်းများစွာ အထိ
အမြဲပြုံးပျှော်နိုင်ပါစေဗျာ ဆုတောင်းပေးတယ်
ဝက်ကလေး အစားအသောက်ကနည်းတယ်ဟ
ထပ်ဖြည့်ပေးပါဦး ကိတ်မုန့် ခွဲသွားတာလည်း မမှီလိုက်ဘူး နောက်ကျနေတာနဲ့ 
အရက်လည်းသောက်မယ်ဆိုမှ အခွံပဲကျန်တော့တယ်
ပြန်လုပ်ပေးပါ မွေးနေ့ ပွဲကို ဟွန်း ဟွန်းး ဟင်းဟင်းးးးးးးးး

မြတ်မွန် said...

ဝက်ဝံလေးရဲ့ ကိုကို ရော ဝက်ဝံလေးရော..ပျော်ရွှင်ပါစေ..
happy brithday..