Tuesday, 26 January 2010

ကိုယ်ဘယ်လိုရှင်းပြရမှန်းတောင် မသိဘူး

ကိုယ်နေ့တိုင်း ဘုရားရှိခိုးပါတယ် မနက်တကြိမ်နဲ့ ညတကြိမ်ပါ ကြွားတာမဟုတ်ပါဘူး ပြောစရာလေး ရှိလွန်းလို့ပါ လူလဲ ဒေါသထွက်တယ် မပြောချင်ဘူး ကိုယ်ပဲ အသုံးမကျလို့ မရှင်းပြတတ်တာလား တဖက်ကပဲ သဘောမပေါက်တာလားမသိဘူး တကယ်ပါ
ဖြစ်ချင်တော့ ပါးလုံးကပြောတယ် သူအလုပ်ကပြန်လာရင် စကားပြောမယ် ဝက် နင် ကွန်ပြူတာဖွင့်ထားတဲ့ ဒါနဲ့ ကိုယ်လဲ ကွန်ပြူတာဖွင့်ထားပါတယ် ဒါပေမယ့် သူပြန်လာလို့ ခေါ်ရင် ကိုယ်မရှိရင် ဒေါသထွက်မှာစိုးလို့ custom message တင်ထားလိုက်ပါတယ်
ပါးလုံးရေ ငါဘုရားရှိခိုးဦးမယ် ပြန်လာရင် ခဏစောင့် ပြီးရင်တက်လာခဲ့မယ် ရေးထားလိုက်ပါတယ် ဘုရားရှိခိုးလို့ ပြီးတော့ ကိုယ်က သူသိအောင် ပြန်ရောက်ပါပြီ ဆိုပြီး message တင်ထားလိုက်ပါတယ် အဲဒီမှာ ပြဿနာ စ ပါတယ် Steve က ကိုယ့်ကိုလှမ်းပြောပါတယ် ကိုယ် chat list ကိုပြန်တင်ပေးလိုက်ပါတယ် ဒေါသလဲ အရမ်းထွက်တယ်

steve.evergreen: why you need to pray all the time?
me: ဗုဒ္ဓဘာသာ တယောက်ကို ဘယ်နှကြိမ်ဘုရားရှိခိုးပါဆိုပြီးမသတ်မှတ်ပါဘူး ဒါပေမယ့် ကိုယ့်အဓိဌာန်နဲ့ကိုယ်ပါ

steve.evergreen: Muslims normally pray several times a day
me: ကိုယ်ယုံကြည်ရာ ကိုယ်သန်ရာ လုပ်နေတာပါ
သံသရာ ဝဋ်ဆင်းရဲကနေ လွတ်အောင်လို့ ကိုယ်နိုင်သလောက်လေး လုပ်နေတာပါ

steve.evergreen: But Buddha never advised how many time you need to bow your head
me: သိပ်အများကြီးလဲမဟုတ်ပါဘူး
အင်း
ဟုတ်တယ်

steve.evergreen: So long as you mind is clean, it is better than praying
me: ဟုတ်တယ်လေ
ဒါဆို ဘုရားရှိခိုးတာ မကောင်းဘူးလို့ ပြောနေတာလား

steve.evergreen: no need
praying is what muslim and christians do
me: ဟူးးးးးးးးးးးး
ဘယ်လိုရှင်းပြရမှန်းတောင်မသိဘူး
ရှိခိုးနည်းးကိုးကွယ်နည်းအမျိုးမျိုးရှိတယ်လေ

steve.evergreen: those are invernted after buddha
me: ဘာလဲ invernted ဆိုတာ
steve.evergreen: invented*
me: ကိုယ်မရှိခိုးနိုင်ရင် နေပါ သူများ ဘုရားရှိခိုးတာကို မနှောင့်ယှက်သင့်ဘူးထင်တယ်နော်

steve.evergreen: i have a concern with your time
me: concern
ဘာကိုဆိုလိုတာလဲ

steve.evergreen: you come here england. but not for worshiping and praying
but to attned uni
not for blogging at all
me: တခုလောက်မေးချင်လို့
အဲဒါ ရော ခင်ဗျားနဲ့ဘာဆိုင်လဲ
ကိုယ်ဘာလုပ်လုပ်ပေါ့ လူတိုင်းမှာ သူ့လွတ်လပ်ပိုင်ခွင့်တော့ရှိတယ်မလား

steve.evergreen: i just suggesting you
me: ကိုယ်ဘာလုပ်လုပ်
steve.evergreen: not to go to a wrong way
me: အကြံပေးစရာလဲမလိုပါဘူး
ခင်ဗျားဆီက အကြံလဲ ယူနေတာမဟုတ်ဘူး
တောင်းနေတာမဟုတ်ဘူး
ပေးစရာမလိုဘူး
ကျေးဇူးပါ

steve.evergreen: but you cant waste your parents money
by wasting your time with praying
me: ဖြုန်းသည်ဖြစ်စေ မဖြုန်းသည်ဖြစ်စေ
ခင်ဗျားနဲ့ဘာမှမဆိုင်သလို ခင်ဗျားအပူလဲမပါဘူး
ခင်ဗျားက ဒိတ္ထိပဲ

steve.evergreen: but you are using burmese people money.
here
me: ပြည်သူပိုင်ငွေ
လို့ ဘာကိစ ပြောတာလဲ
steve.evergreen: yes.

me: ခင်ဗျားမဆိုင်တာ တွေ လျှောက်မပြောပါနဲ့
တော်ပြီကွယ် ခင်ဗျား အကုသိုလ် ထဲ ကိုယ်ဝင်မပါချင်ဘူး

steve.evergreen: many people in burma are starving
and dying of many illness
But you are enjoying blogging and praying at night
that is not fair

me: ဘလော့ဂ်ဂင်းတာကို ထားပါ
ဘုရားရှိခိုးတာတော့
ထည့်မပြောသင့်ဘူး
ဒါဟာ ဘာသာရေးပါ

steve.evergreen: how many minutes did you spend for praying?
did you get back £ for it?
think yourself
dont argue
me: ဘယ်လိုရှင်းပြရမှန်းတောင်မသိတော့ဘူး

steve.evergreen: before you go to bed. think and think again
me: တော်ပါတော့
ခင်ဗျားနဲ့ ဆက်မပြောချင်တော့ဘူး
အကုသိုလ်မယူချင်ဘူး
အခုလေးတင်ဘုရားရှိခိုးပြီးပြန်လာတာ ကြည်နေတဲ့စိတ်တွေ နောက်သွားတာ အဲဒါ ခင်ဗျား ငရဲကြီးတယ် သိလား
steve.evergreen: go and have a decent bath all will clear
steve.evergreen: are you praying again after last talk with me?
Do you know Ma ma kom following which religion?
ok, fine if you are still praying
i can wait

ကိုယ်ဘာမှကို ပြန်မပြောချင်တော့လောက်အောင် စိတ်ကုန်လို့ ဘာမှပြန်မပြောဖြစ်ခဲ့ပါဘူး

မြန်မာနိုင်ငံမှာ လူတွေငတ်ပြတ်နေကြတာ ဟုတ်ပါတယ် ဒါပေမယ့် အဲဒါ ကိုယ် ဘုရားရှိခိုးတာနဲ့ ဆိုင်ပါသလား ကိုယ်ကဘုရားရှိခိုးတဲ့အကြောင်းကို အမြဲတမ်းထည့်ပြီးပြောမနေပါဘူး ဒါပေမယ့် ကိုယ်ညတိုင်း ဘုရားရှိခိုးတာ ပါးလုံးလဲသိပါတယ် တော်နေ သူမတွေ့ရင် ဒေါသဖြစ်မှာစိုးလို့က ကိုယ် အဲလိုလေး တင်လိုက်ရုံပါပဲ ကိုယ် အရမ်းဒေါသထွက်တယ် သူဟာ ဘာဘာသာမှ မကိုးကွယ်ပါဘူး လက်ခံပါတယ် ဘာဘာသာမှမကိုးကွယ်တာ ဒါပေမယ့်ကိုယ် ဒီလိုလုပ်တာတော့ မပြောသင့်ဘူး ထင်ပါတယ်
ကိုယ်လဲ ဆက်မရှင်းပြတတ်ဘူး ကိုယ်ပဲ အသုံးမကျတာ နေမှာပါ
chat list တွေ ကိုယ်မတင်တတ်ပါဘူး ဒါပေမယ့် တော်တော် ဒေါသထွက်လို့ တင်လိုက်ပါတယ်
ကိုယ်မကောင်းပါဘူး ဒါလေး ပြောတာနဲ့ ဒေါသထွက်တာ ကိုယ့်စိတ်ကိုယ် ကို ထိန်းသင့်တယ် ထင်တယ် ဒေါသမထွက်ပဲ ပြေပြေလည်လည် သူ နားလည်အောင် ရှင်းပြနိုင်ရင် ကောင်းမှာပဲ အခုတော့........

21 comments:

chit palone said...

တရားခံကငါပါဝက်ရယ်။ သေသင့်ပါတယ်။ ငါတောင်ချီးကျူးနေတာ ငယ်သလောက် ဘုရားရှီခိုးချိန်တော့ အလန်းပေးပီး မပျက်ဘူးဆိုပြီးလေ။ နားထဲမထည့်ပါနဲ့ ဒေါသလည်းမထွက်နဲ့။ ငါလည်းအဲ့လိုပဲ။ ကိုယ့်ဟာကို ဘုရားသခင်ကိုယုံကြည်တာဘာဖြစ်လည်းနော်။ အပေါ်ထပ်ကအဖွားကြီးနဲ့ ဖိုက်လိုက်ရတာ လူတိုင်းကိုယ့်အခွင့်အရေးနဲ့ကိုယ်ပဲ အဲ့တော့ Good တယ်ထင်ရင် Do သာ Do မူယာဝက်လေး အားပေးနေတယ်။
မမပါးလုံး(ခ) သံမဏိဘဲ

မိုးခါး said...

စိတ်လျှော့ ၀က်လေးရေ ..း))

အိုက်ခီလောက် said...

ဟုတ်ပါ့ကွယ် ဘုရားရှိခိုးတာ ဘယ်လောက်ပဲရှိခိုးရှိခိုးပေါ့
ကိုယ့်ယုံကြည်လို့ လုပ်တာပဲ အင်း ဆပ်ဆလူးလေး တော်တော် စိတ်ကသိကအောက်ဖြစ်သွားမှာပဲနော့
အဲ့ကောင်ကလည်း ဘာသာတရား မရှိလို့ ဒီလိုစကားတွေပြောထွက်တာပေါ့ သူ့ သေရင် ဘယ်လိုမြုပ်မလည်း သဂြိုလ်မလည်း
ဖျာလေးလိပ်ပြီးေ၇ာ့အင့်ဆိုပြီး ပစ်ထုတ်ရမှာလား
လူတစ်ယောက်ဘဝကူးကောင်းဖို့ ဘာသာတရားကလည်းနောက်ဆုံး အထိတောင်မှ လိုအပ်နေတယ် ဘာမှရှင်းပြစရာကိုမလိုတာ ဆပ်ဆလူး ကိုယ်ယုံကြည်ရာကိုသာဆက်လုပ် ကိုယ့်အကြောင်းနဲ့ ကိုယ့်ပဲ သူ့ များဘာသာကိုလည်း မစော်ကားမိစေနဲ့ ပေါ့ ဟုတ်ဘူးလား ကိုယ့်ဘာသာလည်းအစော်ကားမခံနဲ့ ပေါ့ကွယ်

အိုက်ခီလောက် said...

တော်ကြာ နာကို အမှုလာပတ်နေအုန်းမယ် အဟိ
ဝက် ရေ ယုံကြည်ရာ ယုံကြည်ရာပေါ့နော့
ဘာမှပြောတော့ဘူး

နွေးနေခြည် said...

- ဘုရားက ဘယ်နှကြိမ်ဘုရားရှိခိုးပါလို့ မသတ်မှတ်ထားဘူးဆိုတာ ဟုတ်ပါတယ်။ အချိန်၊ အကြိမ်အရေအတွက်နဲ့ နေရာတွေကို မသတ်မှတ်ထားပါဘူး။ ကိုယ့်အမြင်အရ ၀က်ကလေးက ဘာလို့ မနက်တကြိမ် ညတကြိမ် သတ်မှတ်လဲဆိုရင် ရိုသေလေးစားတဲ့ သဘောလို့ထင်ပါတယ်။ ဖြစ်သလို ကြုံရင် ကြုံသလို သတိရတဲ့အခါ ရှိခိုးလိုက်မယ်ဆိုရင် သူအနေနဲ့ မလေးစားရာရောက်မှာစိုးလို့ သတ်မှတ်တယ်လို့ထင်ပါတယ်။ အဓိဌာန် ပါရမီ သဘောပါ။

- စိတ်ထဲမှာရှင်း/ကြည်လင် နေရင် ဘုရားရှိခိုးတာထက် ပိုကောင်းတယ်လို့ ပြောထားတယ်။
မမှားပါဘူး။ ဒါပေမယ့် အဲလိုကြည်လင်ဖို့ ဘာတွေလုပ်ရမှာလဲ? လူရဲ့စိတ်က အရမ်းမြန်ပြီး အမြဲ တခုမဟုတ် တခုမှာ သွားတွယ်နေတတ်ပါတယ်။ လောဘ၊ ဒေါသ၊ မဟုတ်ရင် မောဟတော့ ဖြစ်နေပါတယ်။ လောဘနဲ့ဒေါသတော့ သိမှာပါ။ မောဟဆိုတာ မှန်ကန်တဲ့ သတိမဟုတ်တာပါ။ (ဥပမာ- ရုပ်ရှင်မှာ နစ်မြောနေတာမျိုး- ဒါက ကိုယ်နားလည်သလောက် ဥပမာလေးပါ။ ဒီထက် ကျယ်ပြန့်တာတွေ ရှိပါသေးတယ်။) အဲဒါတွေနဲ့ မငြိအောင် ဘုရားရှိခိုးတာပါ။ ဘုရားရှိခိုးနေတဲ့အချိန် သူ့ စိတ်ထဲမှာ အဲဒီသုံးမျိုးလုံးနဲ့ လွတ်ဖို့ ရာခိုင်နှုန်းများသွားပါပြီ။ (လွတ်သွားတယ်လို့မဆိုလိုပါဘူး။ ရှိခိုးနေရင် သူ့စိတ်ထဲ ပါးလုံးများရောက်နေပြီလား ဆိုပြီး စိတ်လွင့်ပြီး တွေးကောင်းတွေးပါလိမ့်မယ်။) ဒါပေမယ့် ရှိခိုးနေတဲ့အချိန်မှာ ဘုရားကို ယုံကြည်ကိုးကွယ်တဲ့ စိတ်နဲ့ သူ့စိတ်ထဲမှာ ကြည်နူးနေပါတယ်။ နာရီဝက် ဘုရားရှိခိုးပေမယ့် ၅ မိနစ်ပဲ စိတ်ကြည်လင်လည်း ဒါအမြတ်ပါ။ အဲဒါကို လိုချင်လို့ ဘုရားရှိခိုးတာပါ။

- no need လို့တော့ မသုံးသင့်ပါဘူး။ not enough လောက်ဆို လက်ခံနိုင်ပါသေးတယ်။

- by wasting your time with praying
ကျန်းမာရေးအတွက် အားကစားလုပ်တယ်ဆိုတာကိုတော့ လက်ခံမယ်ထင်ပါတယ်။ အဲလိုပဲ စိတ်ချမ်းသာရေးအတွက် ဘုရားရှိခိုးတယ်လို့ မှတ်ပေးလို့ရပါတယ်။

- many people in burma are starving and dying of many illness But you are enjoying blogging and praying
အနည်းဆုံး ဘုရားရှိခိုးပြီး မေတ္တာပို့ပေးလို့တော့ ရပါသေးတယ်။ ဗုဒ္ဓဘာသာ အမြင်အရဆိုရင်တော့ လူသတ္တ၀ါတိုင်း ဆင်းရဲကြပါတယ်။ မြန်မာပြည်မှာမှ မဟုတ်ပါဘူး။ မေတ္တာတရားတို့ ဗုဒ္ဓဘာသာတို့ကို မယုံကြည်ဘူးဆိုရင်လည်း ဒီအချက်ကို မရှင်းပြတတ်ပါဘူး။

- did you get back £ for it?
အခုချက်ခြင်း ရှိခိုး ခုချက်ခြင်း £ တွေတော့ ကျမလာပါဘူး။ ဒါပေမယ့် သူ့ရဲ့ ရိုသေတတ်တဲ့စိတ်၊ ဒေါသကို ထိန်းတတ်တဲ့စိတ် (ခုဆိုရင်လည်း သူဒေါသဖြစ်နေမှန်း သူသိပါတယ်)၊ သည်းခံတတ်တဲ့စိတ်၊ အဓိဌာန်ချပြီး လုပ်တတ်တဲ့ စိတ်တွေက ဘုရားရှိခိုးရင်း အခြေခံလာတယ်လို့ ယူဆပါတယ်။ အဲဒါတွေကြောင့် နောင်တချိန် လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ လူ့ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် £ တွေလည်းပို ရလာနိုင်သလို၊ လူတွေရဲ့ ချစ်ခင်လေးစားမှုကိုလည်း ရလာနိုင်ပါတယ်။ နောင်ဘ၀တွေဘာတွေတော့ ယုံမယ်မထင်လို့ မပြောတော့ပါဘူး။

အတ္တ said...

ကောင်းရာ ကောင်းကျိုး ၊ ရွတ်သယ်ပိုးက
ခနိုးခနဲ့ ၊ ဆိုကဲ့ရဲ့လည်း
မဖဲ့မစောင်း ၊ ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ် ၊ ရှေးရှုနှင်လော့ ...။

(ရွှေဟင်္သာဆရာတော်ကြီးပြောတာနော်...) ၀က် နာမဟုတ်ဘူး။

MTZ said...

ညီမလေး ကိုကိုလဲပါးလုံးပြောမှပဲ ညီမလေး blog ကိုရောက်တော့တယ်။ ကိုတို့ကမိရိုးဖလာဗုဒ္ဓဘာသာ
ထက်ပိုတဲ့မိသားစု ကပေါက်ဖွားလာတာပါ။ဘာပဲပြော
ပြောကို ရှင်းပြနှိင်သလောက်တော့ရှင်းပြပါ။မရလဲ
ဒီအတိုင်းထားလိုက်ပေါ့စိတ်ညစ်စရာမလိုပါဘူး။
ဒါပေမယ်နောက်ဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့အချိန်မ
ကုန်ပါစေနဲ့။မေမေတို့ဖေဖေတို့ကဘုရားတရားလုပ်ဖို့ မမေ့ဖို့မှာတယ်ညီမလေးက အဲ့ဒါကိုလိုက်နာပြီးလုပ်
တယ်။ဒါပဲပေါ့။ ရွှေတွေငွေတွေလိုချင်လို့လုပ်နေတာမ
ဟုတ်ပါဘူး။ဒါပေမယ့်ဘုရားတရားဂုဏ်ကျေးဇူးကြောင့်
ကိုတို့ဒီလိုနေရတာကိုတော့မမေ့ပါနဲ့။ကျန်းမာရေးကိုဂ
ရုစိုက်ပါညီမလေး။

မြစ်ကျိုးအင်း said...

မေးခွန်း ၆ ခုလောက် ပြီးထဲက ဘာမှ ဆက်ပြီး ပြောနေစရာကို မလိုတော့ဘူးလေ။

ဘယ်အကြောင်းအရာကို အချိန်ဘယ်လောက် အတိုင်းအတာထိ ဆွေးနွေးမယ်ဆိုတာ ကိုယ်နဲ့ ဆွေးနွေးဖက်ရဲ့ ဥာဏ်အရည်အသွေး၊ သူရဲ့ မျှတတဲ့ အတွေးအခေါ်၊ ဆွေးနွေးနေတဲ့ အကြောင်းအရာပေါ်မှာသူဘယ်လောက်ထိ ထဲထဲဝင်ဝင် သိသလဲဆိုတာကို ကြည့်ပြီး ဆုံးဖြတ်ရမှာပါပဲ။

ဘဝမှာ ဒါမျိုးတွေ ထပ်ကြုံလာအုံးမှာပါ။
အချိန်အကုန်မခံပါနဲ့

ဝက်ဝံလေး said...

အေးဟာ ပါးလုံးရာ နောက်ဆို ငါလေ ခဏလေးလို့ပဲ တင်တော့မယ် ဟာ အဲဒီ ဘာသာမရှိတွေက ပြောရခက်တာဟ ဘာသာခြားတွေက ရှင်းပြရင် နားလည်သေးတယ်

ဟုတ်ကဲ့ လျှော့လိုက်ပါပြီ မမမိုးခါးရယ် အစလောက်ပဲဒေါသထွက်တာပါ နောက်တော့ ဘာမှမဖြစ်တော့ဘူး အော် သူနားမလည်လို့ ပြောတာလို့ပဲ တွေးလိုက်တော့တယ် ကိုယ်လုပ်နေတာ ဆက်လုပ်မယ်လေ

ကိုခလောက် ဟုတ်ကဲ့ ကိုယ့်ဘာသာကို စော်ကားမခံပါဘူး ဒါပေမယ့် နားလည်အောင် မရှင်းပြတတ်တာ ခက်တယ် ဟီးးးး

မမနွေးနေခြည် ရေးပေးထားတဲ့ ကွန်မန့်ဖတ်ရတာ နောက်တခါဆို ပြန်ရှင်းပြတတ်ပြီထင်ပါရဲ့ ဟိုတခါ ကိုလူထွေး ပို့စ်ထဲက ဟိုမမ ဘယ်သူလဲ သူပြောသလို ကိုယ့်ဘာသာအကြောင်းကို ပိုသိအောင်လုပ်ထားရမယ် ဒါမှ ရှင်းပြနိုင်မှာ

ဟုတ်ကဲ့ အတ္တ ကိုယ်လုပ်စရာရှိတာတော့ ဆက်လုပ်သွားမှာပါ ကျေးဇူးးးနော်

ကိုကိုရေ အခုမှ လာလည်ပြီး ဖတ်လိုက်ရတဲ့ ပို့စ်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားရင် ဆော်ရီးးးးဟ ညီမလေးလဲ အဲတုံးက ဒေါသထွက်လို့ပါ အခုလဲ ထိန်းနိုင်ပါပြီ ဟုတ်တယ် အချိန်ကုန်မခံပါဘူး ဒါလေးအတွက်နဲ့ ကိုယ်လုပ်စရာရှိတာ လုပ်ရမှာပေါ့ မဟုတ်ဘူးလား နော်

ကိုမြစ် ပြောတာ မှန်ပါတယ် မေးခွန်း ၆ ခုနဲ့တင် ဘာမှဆက်ပြောစရာမလိုတော့ဘူး ဒါပေမယ့်ရှင်းပြချင်တယ် ဘယ်လိုနားလည်အောင် ရှင်းပြရမှန်းတောင် မသိဘူး
တော်ပြီ ဒီ ကိစ္စ ဒီမှာပဲ အဆုံးသတ်တော့မယ် ကိုယ့်ကြောင့် ပွဲဆူရင်မကောင်းဘူး အခုတလော ဘာသာရေး ဆိုဒ်ကလဲ ရှိနေတော့လေ

ကွန်မန့်များ အားလုံးအတွက် ကျေးဇူးးးးးးးးးးးး

Vista said...

ဒေါသထွက်စရာမလိုပါဘူးညီမလေးဝက်
သူပြောတာတစ်ချို့ ကတော့မှန်ပါတယ် ၊ စိတ်ထည်းမှာကြည်လင်အေးနေရင် ဘုရားရှိခိုးစရာမလိုပါဘူး၊
ဘယ်နှစ်ကြိမ်ရှိခိုးရမယ်ဆိုတာလည်းမရှိဘူးလေ။
တစ်ချို့ လူကြီးတွေလို
“ သြကာသ သြကာသ...ဟဲ့ ဟိုအကောင်တွေ “ ဆိုလည်း အလကားပဲလေ။
စိတ်ကြည်လင်တယ် ဆိုတာတော့မနွေးနေခြည်ပြောသွားပြီးမို့ လို့ မရှင်းတော့ဘူးနော်။
ကျန်တာတွေ ကတော့
စတယ်လို့ သဘောထားလိုက်ပါ။
တကယ့်ကို ဖျက်လိုဖျက်ဆီးလိုက်ကတ်ပြောတယ်ဆိုလည်း
သူ့ သဘောသူလို့ သဘောထားရမယ်၊ ညီမလေးဒေါသထွက်သွား
လို့ စိတ်တွေပူလောင်သွားရတယ်မလား အဲဒါအရှုံးပဲ။
မြတ်စွာဘုရားဟာ မန္ဓာတ်မင်းကိုမေတ္တာ
နဲ့ သာအောင်တယ်မလား ၊
မေတ္တာသည်သာအောင်မြင်ရာ၏တဲ့ ။ အရာရာကို မေတ္တာ နဲ့ ကြည့်ဖို့ ဆိုတာတစ်ကယ်မလွယ်တာ ။အခက်ဆုံးတောင်ပြောလို့ ရတယ်။
ဘယ်လို မှပြောမရတဲ့လူကြတော့လည်း ဥပေက္ခာ
ပြုလိုက်ရတယ်။ ဥပေက္ခာလည်းအခက်သားပဲ။ တော်တော်များများမလုပ်နိုင်ကြဘူး။
သူ့ သဘောသူလို့ မှတ်ပါ။
ပျော်ရွှင်ပါစေဝက်ကလေး။

kiki said...

အပေါ်က လူကြီး မိဘ မောင်နှမ များ ရှင်းပြ ပြီးသွားတာမို့  ..ဘာမှ ထပ်ရှင်းပြဖို့  မလိုတော့ဘုးထင်တယ် ဝက်ဆလူး ရေ ...

ဗုဒ္ဓရဲ့  အဆုံးအမများကို နားလည် လိုက်နာ ကျင့်သုံး တဲ့  ဗုဒ္ဓဘာသာဝင်ကောင်း တယောက်ဖြစ်ကြဖို့  ပဲ အရေးကြီးပါတယ် ။ ကိုယ်ယုံကြည်ရာ ဘာသာတရား ကို စွဲစွဲမြဲမြဲသာ ဆက်လုပ်ပါ လေ။

Anonymous said...

ဒီကောင်ဘယ်သူလဲ။ တစ်ခါတည်း block လိုက်ပါကွာ။
လမင်း

Anonymous said...

အဲ့ဒီကောင်ဘယ်သူလဲဆိုတာ မသိဘူးလား။ စရာဝမ် ပါ အင်ဂလမ်ကတဲ့။ မခင်ဦးမေကို သွားသွားအီနေတဲ့ သူပေါ့။ နောက်ပိုင်းတော့ အကုန်လုံးကို စက်အီတော့တယ်။ တစ်ယောက်မှ မချန်ဘူး။ ကျုပ်ကိုတောင် အီတယ်။ ကောင်မလေးအကောက်နဲ့ ၀င်ပြောလိုက်တာလေ။ ဒီကောင်စရာဝမ်စစ်တယ်။ ဆေးတမ်တစ်ချောင်းနဲ့ တချိန်လုံး ထိုးဖို့ ချောင်းနေတာ။ :) :) :))) :)))


မောင်ဘ

Tavoygyi said...

ဘာသာရေး ကို အလေးထား
တာလေးစားမိပါတယ်.........

minthant2009 said...

ကျွန်တော် ငယ်ငယ်က ဘာသာရေး
လုပ်လေ့မရှိပါ..ခုတော့လဲ ဘာသာရေး
ကိုပိုသက်ဝင်ယုံကြည်လာတယ်...
ကိုယ်ယုံကြည်ရာ ဘာသာတရား ကို စွဲစွဲမြဲမြဲ
လုပ်နေတာမင်္ဂလာပါ....

Steve Evergreen said...

မောင်ဘ နာက နင့်လို ကောင်မလေးတွေကို သမာဒိပိုးပိုးတာ မဟုတ်ဘူးကွ။ နင်သာ ကိုဘကိုဘ နဲ့ တဘထဲ စီဘုန်းမှာ ဘနေအောင် ဝိုင်းဝိုင်းလယ်အောင် ညိုမြလုပ်နေတာ။

ဝက်ဝံလေး said...

ဟုတ်ကဲ့ ဗစ်(အချစ်) သမီး နောက်ဆိုရင် ယဉ်ယဉ်ကျေးကျေးပြန်ပြောပြီးတော့ လျစ်လျှူရှုတတ်အောင် နေပါ့မယ် ပြောပြပေးတာ ကျေးဇူးပါ

မကိရေ အခုမှပဲ ပေါ်လာတယ် ဘယ်ပျောက်နေတာတုံး အေ့

အယ် မောင်ဘ ဆိုတာ ဘယ်မောင်ဘလဲ ကိုဘလား(boyz) လား ဟို ဆရာကြီးတို့ဆီကလား

Tavoygyi ကျေးဇူးးပါ

ကိုမင်းသန့်ရေ ဘာသာရေးလုပ်တာတော့ ကောင်းပါတယ် စွဲစွဲမြဲမြဲ လုပ်ပေါ့

comment များ အတွက်ကျေးဇူးးးး

သိင်္ဂါကျော် said...

တစ်ခါတုန်းက ခရစ်ယာန် ဆရာတစ်ယောက်က ကိုယ်တို့ကို ပြောခဲ့ဖူးတယ်။ “မြန်မာနိုင်ငံကြီး ဆင်းရဲနေတာ ဗုဒ္ဓဘာသာဝင်တွေ များလို့” တဲ့။ ကိုယ်တို့ အားလုံး မခံချင်ကြပေမယ့် ဘယ်လို ရှင်းပြရမှန်း မသိလို့ ဒီတိုင်းငြိမ်နေလိုက်ရတယ်။ ခုထိ မမေ့သေးဘူး။

Steve Evergreen said...

အဲဒီခရစ်ယာန် ဆရာ ကို ပြောလိုက် piss off လို့။ သူ့ဖုန်းနံပါတ်သိရင်ပြောပါ။ သူနဲ့စကား ပြောချင်တယ်။

khin oo may said...

စတိကစေတနာနဲ့ပြောတာပါ။ ပထမပိုင်းကတော့ ဘုရားကိုအရေအတွက်နဲ့မရှိခိုးစေချင်လို့ ဘလော့လုပ်ရင်အချိနိုန် ပညာရေးလစ်ဟင်းမှာစိုးလို့ေ နာက်ပိုင်းကတော့ဝါသနာအရ စိတ်ကဖောက်လာပြီးဝက်ကလေးကို စတာပါလို့ထင်တာဘဲ။ သူကရူးနေတာ ဝက်ကလေးရဲ့ စိတ်ထဲမထားနဲ့စိတ်တိုလာရင်ထွက်သွားလိုက်မ။အစ်မ ဆိုစကားကို သွားမပြောဘူး တိတ်တိတ်ကလေးနေတယ်။

သူကြီးမင်း (တုံးဖလား) said...

ဝက်ကလေး...
စိတ်မညစ်ပါနဲ့။ စတိဗ်က အစသန်လောက်တယ်။

ပြီးတော့ ၀က်ကလေး ပါရမီနဲနဲလိုနေလို့ ပါရမီဖြည့်ပေးတာ ဖြစ်မယ်ထင်တယ်။ ခန္တီပါရမီလေ။ အဲဒီပါရမီသာ အောင်မြင်လို့ကတော့ ၀က်ကလေးရေ... အားလုံးအောင်မြင်ပြီသာ မှတ်ပေတော့။

စိတ်မဆင်းရဲနဲ့တော့။ ပါးဟအသားကုန်ဖွင့်ဟပြီး အားရပါးရရယ်မောလိုက်ပါ။ စိတ်ညစ်တာတွေ စိတ်တိုတာတွေ ဟို အဝေးဆီ ရောက်သွားလိမ့်မယ်။

ဒါပေမဲ့...
တစ်စုံတစ်ယောက်ကြောင့် အဓိဋ္ဌာန်ပါရမီကိုတော့ မပျက်စေနဲ့။ အဲဒါ အရေးအကြီးဆုံးဘဲ။
ပျော်ဖို့ ဘလော့ဂင်းတယ် ချတ်တင်ထိုင်တယ်ဆိုရင် ဘာဖြစ်ဖြစ် ပျော်ပျော်တွေးပြီး ပျော်ပျော်ကြီးဘဲ နေလိုက်ပါ။

စိတ်လန်းဆန်းမှု ကြည်နူးမှုများ ၀က်ကလေးဆီ စုဝေးနိုင်ပါစေ။