" ငါကြောက်တယ် " လို့ Eddie က ပြောတယ်
ကျွန်မလဲ ကြက်သီးများ ထ ပြီး အင်္ကျီဇစ်ကိုလည်ပင်းအထိ ဆွဲလိုက်မိတယ်
" နင်နော် ငါက နင့်ကို တောင်းပန် ခယပြီး Terror Tower လိုက်ခဲ့ပါ ပြောတာမဟုတ်ဘူးနော် နင်သွားချင်တယ်ဆိုလို့နော် "
သူက သူ့ရဲ့မျက်ဝန်းညိုညို လေးများနဲ့ တာဝါကြီးကိုမော့ကြည့်လိုက်တယ် ရုတ်တရက်ထူးဆန်းစွာ တိုက်ခတ်လာတဲ့လေက သူ့ရဲ့ ဆံပင်လေးတွေက ပွတ်တိုက်သွားတယ်
" Sue ငါလေ ထူးဆန်းသလို ခံစားရတယ် သိလား မကောင်းတဲ့အငွေ့အသက်လိုပဲ "
ကျွန်မက သူ့ကို မနှစ်မြို့တဲ့ ပုံစံ လုပ်ပြပြီးတော့
" Eddie နင်နော် နင့်အသက်က ၁၀ နှစ် ဖြစ်နေပြီနော် ကိုယ့်အရိပ်ကို ပြန်ပြီး ကြောက်ရတော့မယ့်အရွယ်မဟုတ်ဘူးနော် ဒါက ရဲတိုက် ဟောင်းကြီးတခုပဲ နေ့တိုင်း ရာကျော်တဲ့ ခရီးသွားတွေ ဒီကိုလာကြတာ "
" ဒါ ဒါပေမယ့် ဒီနေရမှာ လူတွေကို အကျဉ်းချထားခဲ့တယ် " ဆိုပြီး Eddie က ထစ်ထစ်ငေါ့ငေါ့ ပြောတယ် သူ့မျက်နှာကလဲ ချက်ချင်းကို ဖြူရော်သွားတယ်
" လူတွေကို ဒီအထဲမှာ ပိတ်လှောင်ထားပြီး အစာရေစာငတ်အောင် ထားပြီး သေစေခဲ့တာလေ "
" အာာာာာ အဲဒါ ဟိုးးးးးး လွန်ခဲ့တဲ့ အနှစ် တရာလောက်ကပါ အခုသူတို့ လူတွေကို အကျဉ်းမချတော့ဘူးလေ ပို့စကဒ်လေးတွေပဲ ရောင်းတော့တာပါ " ဆိုပြီး ကျွန်မက ပြောတယ်
ကျွန်မတို့ ၂ ယောက် မှေးမှိန်နေပြီ ဖြစ်တဲ့ castle ကြီးကို စူးစိုက်ကြည့်နေကြတယ်
ရဲတိုက် ရဲ့ ဘေးတဖက်တချက်မှာ မျှော်စင် ၂ ခုက သူ့ရဲ့လက်သဖွယ် မားမားမတ်မတ်ကြီး တည်ရှိနေတယ်
ခပ်ကြမ်းကြမ်း တိုက်ခတ်လိုက်သော လေကြောင့် ကျောရိုးထဲ ထိအောင် စိမ့်သွားတယ် သစ်ပင်အိုကြီးတွေ ကြည့်ရတာလဲ ခြောက်ခြားဖွယ်ရာ အတိတွေနဲ့
ရာသီဥတုက နွေဦးရာသီနဲ့မတူဘူး စိမ့်ပြီးအေးနေတယ် မိုးရေစက်တစက် ကျွန်မနဖူးပေါ်သို့ ကျလာတယ် ပြီးတော့ ပါးပြင်ပေါ်သို့
အိုးးး ဘယ်လောက်များ သာယာလိုက်တဲ့ လန်ဒန်ပါလဲ ဒီလိုနေ့မျိုးမှာ နံမည်ကြီးလှတဲ့ Terror Tower ကြီးဆီကိုလာရတာ ဘယ်လောက်များ ကောင်းလိုက်သလဲ လို့ တွေးနေမိတယ်
ကျွန်မတို့က အခုမှ England ကို စ ရောက်တာပါ First day ပေါ့ Eddie နဲ့ ကျွန်မက လန်ဒန်ရှိ မြင်မြင်သမျှမြင်ကွင်းတွေကိုလိုက်ကြည့်နေခဲ့တယ် ကျွန်မတို့ မိဘတွေကတော့ ဟိုတယ်မှာ အစည်းအဝေး လုပ်ဖို့ နေရစ်ခဲ့ကြတယ် ဒါကြောင့် ကျွန်မတို့က အခုလို ခရီးသွား အဖွဲ့နဲ့ ရောက်လာရတာ ဖြစ်တယ်
ကျွန်မတို့ British Museum ကိုလဲ ရောက်ပြီးပြီ Harrods department store ကိုဖြတ်ပြီး လမ်းလျှောက်ခဲ့ကြပြီးပြီ Westminster Abbey နဲ့ Trafalgar Square ကိုလဲ ရောက်ပြီးကြပြီ
နေ့လည်စာ အနေနဲ့ကျွန်မတို့ English pub မှာ ဝက်အူချောင်းနဲ့ mashed potatoes ကိုစားခဲ့ကြတယ် အဲဒီနောက်မှာတော့ ကျွန်မတို့ ခရီးသွားအုပ်စု (tour အဖွဲ့) ဟာ ဆိုရင် ဘတ်စ်ကားစီးခဲ့တယ် နှစ်ထပ်ကားကြီးရဲ့အပေါ်ထပ်မှာ ထိုင်ပြီး နေရောင်လေးနဲ့ ကြည်နူးစွာ စီးပြီးလိုက်လာခဲ့ကြတယ်
လန်ဒန်က ကျွန်မထင်သလိုပါပဲ ကြီးလဲကြီးပြီး လူလဲထူထပ်တယ် လမ်းကျဉ်းကျဉ်းလေးထဲမှာ စတိုင်းဆိုင်တွေ တက္ကစီကားတွေနဲ့ပြည့်သိပ်ကာ jammed ဖြစ်နေတယ် ပလက်ဖောင်းပေါ်မှာလဲ ကမ္ဘာအနှံ့အပြားအသီးသီးက လူတွေ ခရီးသွားတွေနဲ့ ပြည့်ကျပ်နေတယ် ကျွန်မရဲ့ကြောက်တတ်လှတဲ့ မောင်လေးကတော့ ဘယ်နေရာဖြစ်ဖြစ် သွားရမှာ စိတ်လှုပ်ရှားပြီး ဂဏာမငြိမ် ဖြစ်နေတတ်တာ အခုလို မရောက်ဘူးတဲ့ city ဆိုတော့ ပိုဆိုးတာပေါ့လေ ကျွန်မက အသက် ၁၂ နှစ်ရှိပြီဆိုတော့ သူ့ထက်တော့ တည်ငြိမ်ပါတယ် ပြီးတော့ကျွန်မက သူ့ကို တည်တည်ငြိမ်ငြိမ်ဖြစ်အောင် သူ့ကို ထိန်းနိုင်ပါတယ်
Eddie က Terror Tower ကြီးကို သွားရအောင်လို့ ပြောတုံးက ကျွန်မ တော်တော်လေး အံ့သြခဲ့တယ် ကျွန်မတို့ ရဲ့ Tour Guide က မျက်နှာနီကြီးနဲ့ ထိပ်ပြောင်ကြီးပါ သူ့နံမည်က Mr Starkes လို့ခေါ်တယ် သူက ကျွန်မတို့ ခရီးသွားတွေကို ပလက်ဖောင်းပေါ်မှာ လူစုစေပါတယ် ကျွန်မတို့ အပါအဝင် အားလုံး စုစုပေါင်း ၁၂ ယောက်ပေါ့ အကုန်လုံးက လူကြီးတွေချည်းပဲ လေ ကျွန်မတို့ ၂ ယောက်သာ ကလေးတွေပေါ့
Mr Starkes က ကျွန်မတို့ကို ရွေးခိုင်းတယ်
" Museum နဲ့ Tower ဘယ်ဟာကို သွားမလဲ " တဲ့ Eddie က ထအော်တယ်
" Tower Tower Tower ကိုတခါမှ မရောက်ဖူးဘူး Tower ကိုလိုက်ပို့ပေးပါ " တဲ့
ဒါနဲ့ ကျွန်မတို့လဲ ဘတ်စ်ကားကိုအကြာကြီး စီးပြီးတော့ မြို့ပြင်ဆီသို့ ထွက်လာခဲ့ကြတယ်
အိုဟောင်းနေတဲ့ အိမ်တွေ လမ်းပေါ်ရှိ စတိုးဆိုင်တွေကို ဖြတ်ပြီးတော့ နောက်ဆုံးမှာတော့ ကျွန်မတို့ Terror Tower ကြီးဆီသို့ ရောက်လာခဲ့ကြတယ် ဘတ်စ်ကား ရပ်လိုက်တဲ့အခါမှာ ကျွန်မတို့ ကားအပြင်ဘက်ကို ထွက်လိုက်ကြပြီးတော့ လမ်းကျဉ်းကျဉ်လေးထဲ လျှောက်ဝင်လာကြတယ် လမ်းလေးက နံရံအမြင့်ကြီး တခုနဲ့ ဆုံးသွားခဲ့တယ် (မြန်မာလိုအခေါ်ဆိုရင် အဲဒါ မြို့ရိုးလို့ ခေါ်မယ်ထင်တယ်နော်
" မြန်မြန်လာ ဟ Sue ရ " လို့ Eddie က ကျွန်မကို ပြောတယ်
" ငါတို့တွေ အုပ်စုနဲ့ ကွဲသွားလိမ့်မယ် " တဲ့
" သူတို့ ငါတို့ကို စောင့်မှာပါ စိတ်မပူပါနဲ့ ငါတို့ လမ်းမပျောက်ပါဘူး " လို့ ကျွန်မက Eddie ကိုပြောလိုက်တယ် ကျွန်မတို့ အဆောက်အဦးပေါ်သို့ ပြေးတက်လိုက်ပြီးတော့ ရှေ့ကသွားတဲ့လူတွေနောက်ကို အမီလိုက်ခဲ့ကြတယ်
Mr.Starkes က ကျွန်မတို့ အဖွဲ့ကို လမ်းပြ ခေါ်ဆောင်သွားခဲ့တယ် Mr.Starkes က မီးခိုးရောင် ကျောက်တုံးတွေနဲ့ဆောက်ထားတဲ့ အဆောက်အဦးရှေ့ကို ရပ်ပြီးတော့ရှင်းပြတယ် ကျောက်တုံးတွေကြားထဲမှာလဲ မြက်ပင်တွေနဲ့ အိုဟောင်းနေတဲ့ပုံကို ပိုပေါ်လွင်စေတယ်
" ဒီနံရံကြီးကတော့ original ရဲတိုက်ရဲ့ နံရံပဲဖြစ်တယ် ဒီဟာကြီးကို Roman တွေက လွန်ခဲ့သော နှစ်ပေါင်း ၄၀၀ လောက်က ဆောက်ခဲ့ကြတာ အဲဒီကတည်းက လန်ဒန်ဟာဆိုရင် Roman city ဖြစ်ခဲ့တာ " ကျွန်မကြည့်လိုက်တယ် တချို့နေရာတွေမှာ အုတ်တွေကျကွဲပြီး လပ်နေတဲ့နေရာတွေနဲ့ ဒီနံရံကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀ လောက်ကဟာကြီးလားလို့တောင် သံသယ ဝင်မိတယ် Mr Starkes ဦးဆောင်တဲ့နောက်ကို ကျွန်မတို့ လိုက်လာခဲ့ကြတယ် သူက ရဲတိုက်ကြီးမှ တဆင့် မျှော်စင်ကြီးဆီသို့ ဦးတည်ကာ ခေါ်လာခဲ့တယ်
" ဒါကတော့ Roman တွေက ခံတပ်အဖြစ်ဆောက်ထားတာပါ နောက်တော့ Roman တွေထွက်သွားပြီးတဲ့အခါ ဒါဟာ အကျဉ်းထောင် ဖြစ်လာခဲ့တယ်လေ အဲဒီအထဲမှာ ရက်စက်မှုတွေ ညှင်းပန်းနှိပ်စက်မှုတွေ လုပ်ခဲ့တယ် " Mr Starkes ကရှင်းပြနေတယ် ကျွန်မက ကျွန်မရဲ့ ကင်မရာ သေးသေးလေးကို အိတ်ထဲကနေ ထုတ်ပြီးတော့ အဲဒီ Roman နံရံကြီးကို ဓာတ်ပုံရိုက်လိုက်တယ် ပြီးတော့ ရဲတိုက်ထဲ ရှိပုံတချို့ကိုလဲ ရိုက်လိုက်သေးတယ် ရာသီဥတုကြီးက ပိုပြီးတော့ မှိုင်းပြီး မိုးအုံ့သွားသလို ပဲ ဒါပေမယ့် ပုံကောင်းကောင်းတော့ ထွက်လာမယ် ထင်ပါရဲ့
" ဒီနေရာကတော့ အခွန်မဆောင်တဲ့လူတွေ အကြွေးမပေးတဲ့လူတွေကို ထားတဲ့နေရာ ပဲ တကယ်လို့ ခင်ဗျားတို့ဟာ အခွန်ဆောင်ဖို့ ပိုက်ဆံမရှိဘူး မေ့နေမယ်ဆိုရင် ဒီအကျဉ်းထောင်ထဲကို ပို့ခံရမှာပေါ့ " လို့ Mr Starkes က ဆက်ရှင်းတယ် ကျွန်မတို့တွေ guardhouse သေးသေးလေး ကိုဖြတ်လာခဲ့ကြတယ် အဲဒါလေးက phone booth အရွယ်အစားလောက်ပဲရှိတယ် ကျောက်တုံးဖြူဖြူလေးတွေနဲ့ ဆောက်ထားပြီး ခေါင်းမိုးလေးကလဲ ခပ်စောင်းစောင်းလေး။ အဲဒီအထဲမှာ ဘာမှမရှိ ဗလာနတ္ထိပဲဖြစ်မှာပဲလို့ ကျွန်မ တွေးလိုက်မိတယ် မီးခိုးရောင် ယူနီဖောင်းဝတ်ထားတဲ့ အစောင့်တယောက်က သေနတ်ကို ပခုံးပေါ်တင်ပြီးတော့ အဲဒီထဲကနေ ထွက်လာတာကို ကျွန်မ တအံ့တသြကျွန်မတွေ့လိုက်ရတယ်။ ကျွန်မ Eddie ကိုတိုးတိုးလေး ကပ်ပြောလိုက်တယ်
" Eddie ငါတို့တွေ ဒီမြို့ရိုးကနေ ကျော်ပြီး အပြင်ဘက်ကိုဘာမှမမြင်ရဘူး သိလား အခုချိန် ငါတို့လာရာလမ်းကို ပြန်လှည့်မယ်ဆိုရင် (နောက်ပြန်ဆုတ်မယ်) အချိန်မီသေးတယ် " Eddie နဲနဲ တုန်လှုပ်သွားတယ် ကျွန်မပြောတဲ့စကားကြောင့်ပဲလား ဒါမှမဟုတ် ခပ်ပြင်းပြင်းတိုက်ခတ်လိုက်တဲ့ လေးအေးအေးကြောင့်လားတော့မသိဘူး
အဲဒီအချိန်မှာ Mr. Starkes က လူအုပ်ဘက်လှည့်ပြီးတော့
" ကျွန်တော် တကယ့်ကိုစိတ်မကောင်းပါဘူး အားလုံးကိုလဲ ဆော်ရီးပါလို့တောင်းပန်ပါတယ် အကုန်လုံးကို မကောင်းတဲ့သတင်းတခုပြောစရာရှိတယ် " ဆိုပြီး သူက တယောက်ချင်းစီကို တခုခုကို စိုးရိမ်ကြောင့်ကြတဲ့မျက်နှာအမူအရာနဲ့ လိုက်ကြည့်လိုက်တယ် Mr. Starkes ပြောတဲ့စကားတွေ အမူအရာတွေကြောင့် ကျွန်မစိတ်ထဲထင့်သွားတယ် နဲနဲလဲ တုန်လှုပ်သွားမိတယ် ဘာများပါလိမ့်?
" ဟေ သတင်းဆို ဟုတ်လား ? " ဆိုပြီး Eddie က ကျွန်မနားကို တိုးတိုးပြီး ကပ်လာတယ် Mr. Starkes က သူ့စကားကို ဆက်ပြောတယ်
" ခင်ဗျားတို့အားလုံး ဒီအထဲမှာ ထောင်သွင်းအကျဉ်းချခံရမယ် ဒီကို ဘာကိစ္စနဲ့ လာရတာလဲ ဆိုတဲ့အကြောင်းရင်းအမှန်ကို ခင်ဗျားတို့မပြောသရွေ့ တသက်လုံး ဒီမှာ အကျဉ်းချခံရမယ် ညှင်းပန်းနှိပ်စက်လဲ ခံရမယ် "
xxxxxxxxxxxx
ဆက်ရေးပါဦးမယ်



6 comments:
ဝက်ကလေးက တိုးတက်လာပြီ ဝေးး
ဘာသာပြန်တွေတောင် ရေးနေပြီပဲ ။
ကြက်သီး မထရသေးခင်ပဲ ဆက်ရန် ရောက်သွားရော တဲ့ ..
ကောင်းရော .. မြန်မြန် ဆက်ရေးပါ ..
ညီမလေး ဘာသာပြန်တာ ကောင်းလိုက်တာ။ စိတ်ဝင်စားဖို့ကောင်းတယ်။ ဆက်ရန်စောင့်နေပါ့မယ်ရှင် =)
ဆက်ရန်..
ဘယ်တော့မှများ ဆက်မလဲ မသိဘူး။
တစ်ခါရေးပြီး တစ်လလောက်ပစ်ထားတာဆိုတော့ :D
ကောင်းလိုက်တာ စိတ်ဝင်စားတယ် ..
စောင့်ဖတ်မယ်နော်..ဝက်ဝံလေးရေ...
ဝက်ဝံကို တရုတ်လိုဆို(ရှုံ မောင်း )..
ညီမလေး ၀က်ကလေးရေ...စိတ်ဝင်စားစွာ ကြည့်နေတုန်း မီးပြတ်သွားသလိုပါပဲ... မြန်မြန်နော်..
ဆလူးးးးးးးးးးးး
ငါ အခန်း ၂ ဖတ်ပြီးမှ ၁ ဖတ်တာ။
နင်ဘာလုပ်ချင်လဲ။
ပြော.......
နင်တဖြည်းဖြည်း င့ါနီးနီးကို တော်လာတာပါလား
ဆိုတာ မြင်ရတယ်ဟေ့။ အဟဲ
နောက်တာ အတည် ဘာသာပြန်ကောင်းတယ်။
မူရင်းဝတ္ထုတောင် ဒီလောက် ဖတ်မကောင်းဘူးလားလို့ (အဟိ..ဖောကြည့်တာ မူရင်းဝတ္ထု မဖတ်ဖူးဘူးနော်) ဟဟားးးးး
Post a Comment