Tuesday, 23 February 2010

လှည်းကူးမြို့ က မိဘမဲ့ ကလေးများ












ဘီယာတစ်ဗူးသောက်မယ်ကြံတိုင်း
သူတို့လေးတွေအတွက် တစ်မနက်စာ ကို သတိရပေးပါ။
စီးကရက် တစ်ဖွာရှိုက်မယ်ကြံတိုင်း
သူတို့လေးတွေအတွက် မိုးရေဒဏ်မှ လွတ်မြောက်နိုင်အောင်စဉ်းစားပေးပါ။
မလိုအပ်တဲ့လောကဝတ်တွေပြုနေမဲ့အစား
တကယ်လိုအပ်နေတဲ့သူတို့လေးတွေဆီ ပြေးမြင်ယာင်မိပါ။



12 comments:

kiki said...

ဘီယာမသောက် စီးကရက်မဖွာ ပေ မဲ့လည်း
သူတို့ လေးတွေ အတွက် သတိရ စာနာပြီး
အပိုတွေ ဝတ်မဲ့ စားမဲ့ အထဲက နဲနဲ ဖဲ့ပေးဘို့ 
ချွေတာကြရင် လည်း ကောင်းတာပေါ့ နော်..

ဝက်ကလေး လိမ္မာပိုလာပြီ ပဲ..း))

Anonymous said...

်ဝက်ဝံလေးစာတွေဖတ်ရတာ
အသိအလိမ္မာ တိုးလာတယ်လို့ ယူဆလို့ရတယ်
နောင်ကိုလဲ ပရဟိတ လှုံ့ဆော်စာလေး များများရေးနော်...
လင့်ယူသွားတယ်..သိလား

T T Sweet said...

ဝက်ဝံလေး ... ပုံလေးတွေ ကြည့်သွားပါတယ်။
ရန်ကုန်ပြန်တိုင်း မိဘမဲ့ ခလေးကျောင်းနဲ့ မျက်မမြင်ကျောင်းတွေကို အမြဲလှူဖြစ်တယ်။ ၀က်ဝံလေးရဲ့ ပရဟိတစိတ်ဓာတ်ကို ချီးကျူးပါတယ်။ ဆက်လက် လှုတ်ရှားနိုင်ပါစေ။

လင်းကြယ်ဖြူ said...

နှိုးဆော်တိုက်တွန်းမှုတွေထဲမှာ အမွန်မြတ်ဆုံးဖြစ်တဲ့
အလှူ ကိုသိုလ် တိုက်တွန်းမှုလေး ပြုသွားတာပဲ...
ပရဟိတ အလှူ အတွက် လေးစားပါတယ်...
ပျော်ပါစေ
*.*.*

မျက်မှန်လေး said...

ဝက်ဝံလေးကတော့ခုတလောပို့စ်တွေက ပရဟိတတွေဘာပဲလား။တော်တော်လိမ္မာနေပြီဟေ့။
ဟဟ......

မြစ်ကျိုးအင်း said...

မိဘမဲ့ကလေးဆိုတဲ့နာမည်ကြားရတာနဲ့တင် သနားဖို့ကောင်းနေပါပြီ။ ဓါတ်ပုံလေးတွေ ကြည့်ရတော့ ပိုပြီး သနားဂရုဏာ သက်စဖွယ် ပါပဲ။ ဒါမျိုးလေးတွေ ဆက်ရေး ဝက်လေးရေ။
ကောင်းတယ် အားပေးတယ်။

သိင်္ဂါကျော် said...

ဂေဟာကိုတောင် မရောက်ပဲ လမ်းဘေးမှာ ဖြစ်သလို ရှာဖွေ စားသောက်နေရတဲ့ ကလေးကို တွေ့ရင် စိတ်ထဲမှာ မကောင်းဘူး.. တတ်နိုင်သမျှ ကူညီကြဖို့ပါပဲလေ..

Angel Shaper said...

ဆလူးလေးတော့ လိမ္မာလာလို့ အချစ်ပိုရပြန်ပါပြီ။
အမိမဲ့အဖမဲ့တဲ့ မိဘမဲ့ကလေးလေးတွေ ဘုရားသခင်ကောင်းကြီးပေးပါစေလို့ ဆုတောင်းခဲ့တယ်။
လူသားချင်း စာနာညှာတာ ထောက်ထားမှုနဲ့ တတ်နိုင်တဲ့ဘက်က တတ်နိုင်သလောက်လေး ကူညီနိုင်ကြပါစေလေ။ တို့လဲ ဆုတောင်းရင်း ကြိုးစားအကောင်အထည်ဖော်ကြမယ်လေ။

သူကြီးမင်း (တုံးဖလား) said...

လိုအပ်တဲ့နေရာမှာ မိုးရွာတာ ကောင်းပါတယ် ၀က်ကလေး။ မိုးများများရွာအောင်သာ ၀ိုင်းဝန်းလှုံ့ဆော် တိုက်တွန်း အသိပေးကြရမှာပေါ့။ အဲဒါဟာလဲ ဘလော့ဂ်ရေးရင်း ကုသိုလ်ယူတဲ့သဘောပါဘဲ။ ယူတတ်ရင် နေရာတိုင်းမှာ ကုသိုလ်တွေရှိနေပါတယ်။

ဆက်လုပ် ၀က်ကလေး။

ကာရံဆူး said...

ဝက်ကလေးရေ... အုတ်တစ်ချပ်ပဲ ဖြစ်ဖြစ် သဲတစ်ပွင့်ပဲ ဖြစ်ဖြစ် တကယ်လိုအပ်လို့ ပေးရတာ ကုသိုလ်ရပါတယ်...အစ်မတို့ တွေက ရှေးကုသိုလ်ကံကောင်းလို့ မိဘရှိကြပေမဲ့ မိဘမဲ့ သူတို့ လေးတွေ ဘ၀ကို တထောင့် တနေရာက အားဖြည့်ကူညီနိုင်ကြရင် အတိုင်းထက် အလွန်ပါပဲ...မျှဝေတဲ့ အတွက် ကျေးဇူးနော်...

rose of sharon said...

ဂုဏ်ယူပါတယ် ဝက်ကလေးရေ

ချစ်ကြည်အေး said...

ဝက်လိမ်မာလေး....:)