Tuesday, 23 February 2010

ဒီလိုလူမျိုး အများကြီး ရှိသင့်တယ်




ဝက်ကို ပရဟိတ စာတွေချည်း ရေးနေတယ် မပြောပါနဲ့ အသက်ကလေးရလာတော့လေ (အဟက် တော်တော်ကြီးနေရှာပြီ ကိုးးး) အဲလိုမျိုး စာလေးတွေပဲ ရေးချင်တော့တယ် (မိုက်တယ်ကွာ လေသံကတော့) ပြီးတော့ ဆားချက်တာလဲ ပါတာပေါ့နော် ဟီးးး အခုတလော ဘာမှမရေးဖြစ်တော့ သူများတွေဆီက ကုန်ကြမ်းလိုက်စု နေတယ်လေ ဟဟဟဟ

-----------

ကျွန်တော် တစ်နေ့ လုံး အရမ်းပင်ပန်းနွမ်းနယ်နေတာ သဘောင်္ ပြန်ထွက်ဖို့ အတွက် ပြင်ဆင်ရင်းပေါ့  ညနေ သူငယ်ချင်းတွေနဲ့  တစ်ခါတစ်လေ အပျင်းပြေလေး လက်ဖက်ရည်ဆိုင် သွားထိုင်ဖြစ်တယ် သူတို့လာခေါ်တာနဲ့ ကိုယ်လည်းစိတ်က အရမ်းပင်ပန်းနေပြီ
ဒီလို လမ်းဘေးဘက်ဖက်ရည်ဆိုင်မထိုင်ဖြစ်တာလည်းကြာပေါ့လေ အဲဒါနဲ့  သူငယ်ချင်းတွေနဲ့ အတူတူ လမ်းထိပ်က လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်တယ်
လူငယ်တွေဆိုတဲ့အတိုင်း လက်ဖက်ရည်ဆိုင်ထိုင်တဲ့ အချိန် ဟိုပြောဒီပြော လျှောက်ပြောနေကြတာ အဲဒီအထဲမှာ တန်ဖိုးရှိတဲ့ စကားဆိုလို့ တစ်လုံးမှ မပါဘူး သူငယ်ချင်းတစ်ယောက်က အကြောင်း အရာ တစ်ခု ဗျာ ဘာလဲတော့ မမှတ်မိတော့ဘူး အဲဒါပြောနေလို့ စိတ်ဝင်တစားနားထောင်နေတုန်း ဗြုန်းဆို ခြေထောက်ကို လက်တစ်စုံက အားရပါးရလာကိုင်တာ ခံစားလိုက်ရတယ် ရုတ်တရက်ဆိုတော့ လန့်သွားတာပေါ့ ပြီးတော့ အသံလေး တစ်သံပါ တစ်ခါတည်း ထွက်လာတယ်
(ကိုကြီးရယ် သား ထမင်းစားဖို့ မရှိလို့ မုန်ဖိုးလေး တစ်ဆယ်လောက်ပေးပါ) တဲ့
တစ်ဆယ်ဆိုတဲ့ ငွေက ဘာလုပ်လို့ ရမလဲ

အဲဒီအချိန်မှာ ဆိုင်ရှင်နဲ့  ကျန်တဲ့ သူငယ်ချင်းတွေက အာရုံနောက်တယ် မရှိဘူးတဲ့ 
ဆိုင်ရှင်ကလည်းမောင်းထုတ်နေတယ်
သူကလည်းကျွန်တော်ခြေထောက်ကို မလွတ်ဘူးဗျာ အတင်းကိုဖတ်ထား
ကျွန်တော့် စိတ်ထဲမှာ တစ်ခုခံစားလိုက်ရတယ် ငါ့ကိုအားကိုးတစ်ကြီး ဖတ်တွယ်ထားတာပါ့လားလို့ 
ကလေးကို ငုံကြည့်လိုက်တော့ ရုပ်က သနားကမားလေးဗျာ့
ဒါနဲ့ ကျွန်တော်လည်း ကျွန်တော့် ခြေထောက်ကိုလွှတ်ဖို့ ပြီးတော့ ခုံယူပြီး ကျွန်တော် အနားမှာ ခဏလာထိုင်ဖို့ ကလေးကိုပြောလိုက်တယ်
တစ်ခါတည်း ဆိုင်ရှင်ကိုလည်းအအေးတစ်လုံးမှာလိုက်တယ်ဗျာ

"ကဲ ညီလေး အကို့ ခြေထောက်ကို လွှတ်တော့နော် ပြီးရင် ထိုင်ဖို့ ခုံလေး တစ်လုံးယူပြီး ဒီနားမှာ ခဏထိုင် ငါ့ညီကို အကိုပြောစရာရှိတယ် "
ဆိုပြီး ပြောလိုက်တော့ ကျန်တဲ့ သူတွေကလည်း ကျွန်တော့်ကို အံ့သြတကြီး ကြည့်နေတယ်
ကလေးကလည်း ခဏတော့ ကြောင်နေတယ် နောက်မှ ခုံလေးယူပြီး အနားမှာလာထိုင်တယ်
အဲဒါနဲ့ ကျွန်တော်လည်း သူ့ ဆီက သိချင်တာတွေကိုစမေးတော့တာဘဲ
"ညီလေး ငါ့ညီမှာ မိဘတွေ မရှိတော့ဘူးလား အခု ငါ့ညီက အရွယ်လည်းတော်တော်ရောက်နေပြီး အလုပ်လုပ်မယ်ဆိုလုပ်နိုင်တယ် ဘာလို့ မလုပ်တာလဲ " ဆိုတော့
သူက ယဉ်ယဉ်ကျေးကျေးဘဲ ပြန်ပြောတယ်ဗျာ ကျွန်တော် တွေ့ ဘူးတဲ့ ကလေးတွေထဲမှာ ယဉ်ကျေးတဲ့ ကလေးတစ်ယောက်ပေါ့ဗျာသူ မျက်လုံးလေး ကလည်ကလည်နဲ့ မျက်ရည်တွေ ၀ဲပြီးပြောနေတာလေးက သနားဖို့ ကောင်းတယ်ဗျာ
"သားမှာ အဖေလည်း ရှိတယ် အမေလည်း ရှိပါတယ် ဒါပေမယ့် စီပွားရေးက အဆင်မပြေဘူး ညီလေး တစ်ယောက်နဲ့ ညီမလေးတစ်ယောက်လည်း ရှိတယ် " တဲ့ 
သူ အလုပ်အရမ်းလုပ်ချင်တယ်တဲ့
ဒါပေမယ့် သူ့ ကို အလုပ်ဘယ်သူမှမပေးဘူး ပေးမယ့်သူမရှိဘူးတဲ့ 
အဲဒါကြောင့် သူကျောင်းက ပြန်လာတဲ့ အချိန် အိမ်ပြန်တဲ့ အချိန် သူတတ်နိုင်တဲ့ ဒီအလုပ်ကို ရှက်ပေမယ့် သူလုပ်နေရတာပါတဲ့ 
ကျွန်တော်က
" ညီ အလုပ်ရမယ် ဆို လုပ်မလား " မေးတော့ သူဝမ်းသာအားရ ဖြေတယ်ဗျာ
" လုပ်မယ် " တဲ့ 
ကဲဒါဆို အဆင်ပြေပြီး ခဏစောင့်ဆို
ကျွန်တော်လည်း လက်ဖက်ရည်ဆိုင် ပိုင်ရှင်ကို ခေါ်တော့တာဘဲ
ဆိုင်နာမည်က မေတ္တာရွှေရည် တဲ့ 
"ကဲ ဦးလေး ရေ ခဏလာပါဦးဗျာ ဦးလေး ပြောထားတာ လေဗျာ ဆိုင်မှာ အလုပ်သမားတစ်ယောက်လောက်ခေါ်မယ်ဆို တကယ်ခေါ်မှာလား " ဆိုတော့
" အင့်း လူလိုနေတယ် " တဲ့ 
" ဟုတ်ပြီ ဒါဆို ဒီကလေးကို ဦးလေးဆိုင်မှာ ခန့် ပေး သူ့ ကို ဦးလေးကဘယ်လောက်ပေးမလဲ ကျန်တာ ကလေး အတွက်လစဉ်ကျွန်တော် ထောက်ပံ့မယ် " ဆိုတော့
သူခဏ စဉ်းစားတယ်ဒါနဲ့ 
" ဦးလေး တစ်လကို ထမင်းကျွေးထား သူကျောင်းတက်ဖို့ အချိန်ပေးလိုက် တစ်လ ငါးထောင်လောက်ဘဲ ပေးလိုက်ဗျာ ကျွန်တော် တစ်သောင်းပေးမယ် ဒါပေမယ့်  ကလေးကိုကျောင်းတက်ဖို့တော့အချိန် ဦးလေးက နားလည်ပေးရမယ် " ဆိုတော့
သူလည်း သဘောတူတယ်
ဒါနဲ့ကလေးကို သေချာမေး တကယ်လုပ်ချင်လား မလုပ်ချင်ဘူးလား

ဆိုတော့ သူလည်း လုပ်ချင်ပါတယ်တဲ့ 
အိမ်ကိုပြောလိုက်ဦးမယ်ဆိုတော့
ကျွန်တော်လည်း နောက်နေ့ သူ အဖေဖြစ်ဖြစ် အမေဖြစ်ဖြစ်ပါ ခေါ်လာဖို့ ပြောလိုက်တယ်
နောက်နေ့ မနက် ကိုးနာရီလောက် လက်ဖက်ရည်ဆိုင် သွားတော့

သူ့ မိဘတွေနဲ့ အတူ ကျွန်တော့်ကိုစောင့်နေကြတယ်ဗျာ့ 
ကျွန်တော်လည်း ကျွန်တော်တတ်နိုင်တာလေး ကလေး အတွက် အ၀တ်အစားနည်းနည်းပါပေးလိုက်တယ်

တကယ်ခံစားရတယ်ဗျာ လက်အုပ်လေးချီပြီး

မျက်ရည်တွေဝဲလို့ သူ အမေကလည်း ကျေးဇူးတင်တဲ့အကြောင်းတွေနဲ့ စုံနေတာဘဲ ဗျာ
ကျွန်တော်လည်း စိတ်ထဲမှာ တစ်မျိုးကြီး သူတို့ပြောနေတာတွေလည်း ဘာမှမကြားတော့ဘူး
လူကြီးတွေေ ပြာတဲ့ ပီတိဆိုတာ ဒါများလားပေါ့
အားလုံးပြန်သွားတဲ့ အချိန်မှာ ကလေး ကို ကျွန်တော် ခွန့်အားပေးဖို့ကျန်သေးတယ်
ဒါအရေးကြိးတယ် အားငယ်နေတဲ့ သူ့ စိတ်ကို
မြှင့်တင်ပေးဖို့ လိုတယ်
မဟုတ်ရင် သူက လူထဲ လူ့ ဆိုတာထဲက မထွက်နိုင်တဲ့ ကလေးတစ်ယောက်ဖြစ်လာလိမ့်မယ်
အဲဒီတော့ ဟုတ်တာကော မဟုတ်တာကောပေါ့ဗျာ
ကျွန်တော် က အခု သင်္ဘောလိုက်နေတယ်
လူတိုင်းက မဟုတ်တောင် လူတော်တော် များများက
ခင်ခင်မင်မင် သူ့ နေရာနဲ့ သူလေးစားမှုရှိတယ်
ဒါပေမယ့် ဒါကမွေးကတည်းက ရလာတာလည်းမဟုတ်သလို
ချမ်းသာတဲ့ အသိုင်းကနေလည်း ပေါက်ဖွားလာတာ မဟုတ်ဘူးဆိုတာ မျိုးပေါ့
ကျွန်တော် ငယ်ငယ်က ဘယ်လောက်ဆင်းရဲတာ ဘယ်လိုနေခဲ့ရတာမျိုးလေးတွေ
လူတစ်ယောက်မှာ လိုချင်စိတ်ဖြစ်ချင်စိတ်ရယ် ကြိုးစားချင်စိတ်
ဒါရှိဖို့ လိုတယ်
ပြီးတော့ ကိုယ်ကိုကိုယ့် ယုံကြည်စိတ် ထားရမယ်
အားငယ်စိတ်မမွေးရဘူး
ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ဖို့ 
အမြဲတမ်းကြိုးစားနေမယ်
ဖြစ်အောင်ကို လုပ်မယ် ဖြစ်ကို ဖြစ်ရမယ်ဆိုတာ မျိုးထားရမယ် ပေါ့
ကျွန်တော် သိသလောက်မှတ်သလောက်လေးတွေ ပြောပြီး
အားပေးလိုက်တယ်

တကယ်တမ်းပြောရရင်လေ ကလေးတွေနဲ့ ပါတ်သတ်ပြီး စောင့်ရှောက်ဖို့ ဒီလို ကူညီဖို့  တစ်ခါမှ အတွေးမ၀င်ဖူးပါဘူး ကျွန်တော် ချစ်သူနဲ့ တွေ့ ပြီး နောက်ပိုင်းမှ မိဘမဲ့နေတဲ့ ကလေးတွေအတွက် ဒုက္ခရောက်နေတဲ့ ကလေးတွေ အတွက် ဘယ်လို ကူညီမလဲ ဆိုတာ တွေးလာတယ် ချစ်သည်းကို အရမ်းကျေးဇူးတင်ပါတယ် ကျွန်တော့်ကို လူ့ ထဲ က လူတစ်ယောက်ဖြစ်လာအောင် ရည်ရွယ်ချက်တွေ ရည်မှန်းချက်တွေ ပိုပြီး အဓိပ္ပါယ် ပြည့်စုံအောင် အသိဥာဏ်တစ်ခု ပေးတဲ့ အတွက်ပေါ့ နောက်တချက် ကချစ်သည်းနဲ့ ကျွန်တော် အတူတူလက်တွဲပြီး မိဘမဲ့ကလေးတွေအတွက် နားခိုရာ ဂေဟာလေး တစ်ခုကို ထူထောင်ပြီး ကလေးတွေကို စောင့်ရှောက်ဖို့ ကြိုးစားနေပါတယ် ချစ်သည်းအရင်ကတည်းက အဲလိုမျိုးလေး လုပ်ချင်နေတာလေ ကျွန်တော်ကတော့ ပါရမီ ဖြည့်ပေးချင်ပါတယ်

--------

ကဲ အဲဒီ အကိုကြီးကတော့ ဝက်ကလေးရဲ့ သူငယ်ချင်းလိုလဲ ခင် အမလိုလဲ ချစ်တဲ့မမ တယောက်ရဲ့ ချစ်သူပါ သူတို့ရဲ့ အကြံအစည်လေးတွေ မြန်မြန်အောင်မြင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် နော်




9 comments:

Angel Shaper said...

အသက်ကြီးလာတဲ့ ညလေး ဆလူး ကို အမှတ်တွေအများကြီးပေးလိုက်ပါတယ် ဟဲဟဲ။

ဆားချက်က ငန်နေလို့ဟေ့ သွေးတွေတိုးနေတယ် ဆေးပြေးသောက်မှ။ ဟိဟိ

Angel Shaper said...

အဲလို စာနာစိတ်ကလေးနဲ့ အသိစိတ်ကလေးနဲ့ လူပီသတဲ့ ကိုလေးလို လူများများ ထွန်းကားလာပါစေ။
အဲဒီလို အဲဒီလို... ဒုက္ခရောက်နေတဲ့သူလေးတွေ ပြေလည်ပါစေ။
အကိုတို့ချစ်သူနှစ်ယောက်ရဲ့ စိတ်ကူးအကြံအစည် အိပ်မက်လေး အမြန်ဆုံး အကောင်ထည်ဖော်နိုင်ဖို့ ဘုရားသခင် ကောင်းကြီးပေးလမ်းပြ ပို့ဆောင်ပါစေနော်။

Angel Shaper said...

ဒုန်းးးးးးးဒိုင်းးးးးးးးးးးးးးးခလွမ်းးးးးးးးးးးးး
ချွမ်းးးးးးးးးးး ဝုန်းးးးးးးးးးးး ဒိုင်းးးးးးးးးးးးးးး
တွေ့သမျှအကုန် ဝင်တိုက်သွားတယ်ဟေ့။

ဝက်ဆလူးးးးးးးးးး ဆလူးဝက်လေးးးးလဲ....
စာမေးပွဲတိုင်းအောင်ပါစေနော်။ ဆားငန်ကောင်းကောင်းလေးတွေ ငါးပိငန်ကောင်းကောင်းလေးတွေ များများကြီး ချက်နိုင်ပါစေလို့။ ဟိဟိ

Khyl said...

ဟာ... ဟေ့... ကြမ်းပြင်ပေါ်မှာ... ဘီယာဘူးတွေပါလား.... တေပါပီတော်.... မှောက်၇က်လဲပါပြီ... ၀က်ရေ.... တဗျက်စီးယူဂဲ့... နာလေ.... ကတောက်.... (ဟဲဟဲ)စာကြွေးလာဆပ်တာ အေ့...

သူကြီးမင်း (တုံးဖလား) said...

ဝက်ကလေးက အသက်ရလာတော့ သားသားမီးမီးအရွယ်တွေကို ပြုစုပျိုးထောင်ပေးချင်စိတ် ပြင်းပြနေပုံရတယ်။ ဂုဏ်ယူပါတယ် ၀က်ကလေးရယ်။ ဆက်လက်ပြီး ကိုယ်တိုင်ပြုစုပျိုးထောင်ပေးနိုင်ပါစေ။

ဝက်ကလေးလဲ ဒါမျိုးလေးတွေနဲ့ ဆားများများချက်နိုင်ပါစေ။းဝ(

Anonymous said...

အင်း အသက်ကြီးလာတော့လည်း ဒီလိုစိတ်မျိုးပေါ်လာသင့်ပါတယ်လေးD မိဘမဲ့ကလေးတွေကို ကူညီချင်တယ်ဆိုတဲ့ ၀က်ကလေးရဲ့ အရမ်းခင်တဲ့ မမရဲ့ ချစ်သူကိုကို ကို လေးစားသွားပါတယ်။ အမှန်တကယ်လည်း သူတို့လေးတွေအတွက် လိုအပ်ချက်ပေါင်းများစွာ ရှိနေတယ်လေ ။ အဲဒီ အကြံအစည်လေး အမြန်ဆုံး အကောင်အထည်ပေါ်လာနိုင်ပါစေ ။

Anonymous said...

အသက်ငယ်ပေမဲ့ ဒီလိုစာလေးတွေရေးချင်စိတ်ရှိတာကိုက
ချီးကျူးစရာပါ ၀က်ကလေးရေ..
ကိုယ်ချင်းစာစိတ်ကလေးကြောင့်သာ
ဒီလိုစာတွေရေးနိုင်တာပေါ့
စာထဲက လူရဲ့စိတ်ထားလေးက လှသလို
ဒီစာရေးတဲ့ဝက်ကလေးကလဲ
စိတ်ထားလေး လှမှာပါ ..မမ ယုံကြည်ပါတယ်...

သူကြီးမင်း (တုံးဖလား) said...

ဝက်ကလေး။
မအိပ်သေးဘူးလား။ ဘာတွေလုပ်နေပါလိမ့်။
ရှိနေမှန်းသိလို့ လှမ်းစလိုက်တာ။
အိပ်တော့မယ်။

ဂျေဂျူဝိုင် said...

ကျွန်တော်တို့ အဖွဲ့တွေ စုစည်းပြီး တစ်ခါတစ်ခေါက် လာရောက် လှူဒါန်းနိုင်အောင် ကြိုးစားပါ့မယ်။