
တယောက်ကို အရမ်းဆိုးလို့ကို ချစ်တာ တာတေလန်အောင်ဆိုးလဲ ချစ်တာပဲ တယောက်ကတော့ အရမ်းလိမ်မာလို့ကိုချစ်တာ နှစ်ယောက်လုံးကို ဖြူစင်စွာ ချစ်တယ်။
-------
" ဇော်ဇော် ငါသတင်းတခုရထားတယ် နင်ကောင်မလေးတယောက်ကို လိုက်နေတယ်ဆို အဲဒါဟုတ်လား " ကျွန်မ အမေးကို မြင့်နိုင်က ပြုံးစိစိ လုပ်နေသည် ဇော်ဇော်က ဟက်ဟက်ပက်ပက်ရယ်ကာ
" မိဖြူ နင်ဟာလေ အကုန်လုံးကို လိုက်သိ သိနိုင်လွန်းတယ် ငါလေ နင့်ကိုတော့ ညာလို့မရတာ သိတယ် ဟား...ဟားး... "
" နင်တကယ် အတည်လား ဒီတယောက်က " ကျွန်မ အမေးကို မြင့်နိုင်က
" ဖြူမရယ် နင်ကလဲ ဒီကောင့်အကြောင်းမသိတာလဲမဟုတ်ဘဲနဲ့ "
" နင်နော် အဲလို ကြပ်ကြပ်လုပ် နင်တကယ်ချစ်တဲ့ ကောင်မလေးနဲ့ တွေ့ရင် အဲဒါ ပြောစရာဖြစ်မယ် "
" အောင်မာ ငါ့များ ငါက ဒါတွေ ပိုင်ပါတယ် ဟဲဟဲ"
သူတို့ ၂ ယောက်က ကျွန်မကို ခေါ်ပုံခေါ်နည်းချင်းမတူဘူးလေ ဇော်ဇော်က မိဖြူလို့ခေါ်ပြီး မြင့်နိုင်က ဖြူမလို့ခေါ်တယ်လေ။ ကျွန်မတို့ ၃ ယောက်က ငယ်ပေါင်းတွေဆိုတော့ တယောက်အကြောင်း တယောက်အကုန်သိကြလေသည် ဘာမှ လျှို့ဝှက်ထားတာမရှိခဲ့ဘူး ကျွန်မတို့သုံးယောက်က မေဂျာလဲ မတူကြဘူးကျွန်မက အင်္ဂလိပ်မေဂျာ မြင့်နိုင်က ကွန်ပြူတာ မေဂျာ ဇော်ဇော်က GTI တက်တယ်
-------------
စနေတနင်္ဂနွေ အားလပ်တုံးလေး ဝတ္ထုဖတ်နေတုံး
" ဖြူမ ရေ ဇော်ဇော်တယောက် ရန်ဖြစ်ပြန်ပြီ လာဟ သတင်းသွားမေးရအောင် " ဆိုပြီး အလောတကြီး လာခေါ်တဲ့ မြင့်နိုင်ရဲ့စကားကြောင့် ကျွန်မဖတ်လက်စ စာအုပ်ကိုပိတ်ကာ ဇော်ဇော်တို့ အိမ်ဘက်ကို နှစ်ယောက်သားထွက်လာခဲ့ကြသည်။
" သမီးတို့တောင်ရောက်လာပြီ ဇော်ဇော်က သူ့အခန်းထဲမှာ ရေချိုးနေတယ်နဲ့တူပါရဲ့ အန်တီလဲ ပြောမနိုင်တော့ဘူးကွယ် အခုပဲ အပြင်ထွက်ရဦးမယ်လေ ဇော်ဇော်နဲ့ရန်ဖြစ်တဲ့ ကောင်လေးတွေအိမ်သွားပြီး သတင်းသွားမေးရဦးမယ် ပြီးရင် လုပ်စရာရှိတာ လုပ်ရဦးမယ်လေ " ဟု ဆိုကာ ကျွန်မတို့ ၂ ယောက်ကို နှုတ်ဆက်၍ အန်တီကားမောင်းကာ ထွက်သွားလေတော့သည်။
ဇော်ဇော့်အခန်းထဲတွင် ဇော်ဇော်က အင်္ကျီဗလာကျင်းနှင့် ဆေးထည့်ဖို့လုပ်နေလေသည်။ ကျွန်မတို့ကိုမြင်တော့ သူက
" ဟာ အတော်ပဲ မိဖြူနဲ့ မြင့်နိုင် ငါ့ကို ဆေးဝိုင်းထည့်ပေးစမ်းပါ လာဟာ "
" အပေအတေ လူဆိုး လူရမ်းကာ နင်ဘယ်တော့ လိမ်မာမှာလဲ ပြောစမ်း နင့်အမေကိုလဲမသနားဘူး မိဘမျက်နှာလဲမထောက်ဘူး " ကျွန်မ အပြောကို ဇော်ဇော်က
" အာာာ မိဖြူရာ နင်ကလေ ပွစိ ပွစိနဲ့ ငါ ဘာမှမလုပ်ဘူးနော် သူတို့က လာ စ တာဟ "
" တော်စမ်း ဒီမယ် ငါပြောမယ် ချိတ်ချိတ်ချင်းပဲ ချိတ်လို့ရမယ် နင်က ဖြောင့်နေရင် ဟိုဘက်ကဘာမှ လာချိတ်စရာ အကြောင်းမရှိဘူးဟဲ့ "
ကျွန်မတို့အတွက် ဇော်ဇော်ရန်ဖြစ်တာ အဆန်းမဟုတ်တော့ဘူးလေ တခါတလေ အဖွဲ့ ၂ ဖွဲ့ချိန်းပြီး ချကြတယ် လက်ဖက်ရည်ဆိုင်မှာ ရန်ဖြစ်ဟေ့ ဆိုရင် သွားမကြည့်နဲ့ ဇော်ဇော်တို့ အဖွဲ့ပဲ။ ဇော်ဇော်ဆိုတဲ့ ကျွန်မသူငယ်ချင်းက လူကောင်လေးကသာ ပိန်ပိန်နွဲ့နွဲ့လေးလိုနဲ့ လက်ဆ ကတော့ ပြင်းသလားမမေးနဲ့ သူနဲ့ရန်ဖြစ်ပြီးတဲ့လူတွေ တခုမဟုတ် တခု ကျိုးတာချည်းပဲ သူကလဲ သူ့ခန္ဓာကိုယ်မှာ အကောင်းတခုမှ မရှိတော့ဘူးလေ ဇော်ဇော်က အုပ်စုလိုက်လဲ ဗျင်းနိုင်သလို တယောက်ချင်းလဲ ချ နိုင်တယ်လေ သူက ဒီလိုမျိုး ရန်ဖြစ်ရတာကို ဂုဏ်ယူနေလားမသိပါဘူး။ ကျွန်မကတော့ သူ့မိဘတွေကို သနားတယ် သူ့မိဘတွေကလဲ သူ့မိဘတွေပဲလေ သူတို့သားလေးကို အချစ်မှားပြီး အလိုလိုက်နေကြတာကိုး သူတို့သားရန်ဖြစ်တိုင်း နောက်ကနေ ပိုက်ဆံနဲ့ လိုက်ရှင်းပေးနေတော့ ဇော်ဇော်တယောက် ဆိုးချင်တိုင်း ဆိုးနေတာလဲ မဆန်းဘူးပေါ့လေ
--------------------
" မြင့်နိုင် နင်မျက်နှာမကောင်းပါလား ဘာဖြစ်လို့လဲ "
" ငါ အရက်သောက်ရင် ကောင်းမလား စဉ်းစားနေတာ "
" ဘာာာာ ဘာလုပ်ဖို့ သောက်မှာလဲ စိတ်ညစ်နေလို့လား "
" အင်း "
" အောင်မာ စိတ်ညစ်တိုင်း အရက်သောက်တဲ့ ယောက်ျားမျိုးထဲ နင်ပါချင်လို့လား ပြောစမ်း "
" အင်းလေ ဒါကြောင့်ပေါ့ ဖြစ်နိုင်ရင် အဝေး ဆုံးကို ပြေးထွက်သွားချင်တယ် လူတွေမရှိတဲ့ နေရာပေါ့ တယောက်တည်း နေချင်တယ် "
မျက်လုံးများထဲတွင် မျက်ရည်ဝေ့ကာ ပြောနေသော မြင့်နိုင်ကို ကျွန်မ အရမ်းသနားသွားသည် သူ တခုခု စိတ်ညစ်နေပုံရတယ် ကျွန်မ မင်သက်စွာငေးကြည့်နေမိသည်
" နင် ဘာဖြစ်နေလဲ ငါ့ကို ပြောစမ်းပါ ငါ့ကို စိတ်ပူအောင် မလုပ်စမ်းပါနဲ့ "
" တော်ပါပြီ ဖြူမရာ ငါ ဘဝသစ် စ ချင်ပြီ နင်လဲ ဇော်ဇော်ကြောင့် စိတ်ညစ်ရတာနဲ့ ငါကြောင့် ထပ်ပြီး မခံစားစေချင်တော့ဘူးလေ "
" တော်စမ်းဟယ် နင်တို့က ငါ့သူငယ်ချင်းတွေမလား ဘာဖြစ်လဲ ပြော ဘာလဲ နင်ငါ့ကို လူရာမသွင်းဘူးလား ဒီလိုလား "
" အချစ်ဆိုတာ ဘယ်လိုမျိုးလဲ နင်သိလား ဖြူမ "
ကျွန်မ သဘောပေါက်လိုက်ပြီ ဒီကောင် တယောက်ယောက်ကိုတော့ ချစ်နေပုံပေါ်တယ်
" ငါနင်တို့ ၂ ယောက်ကို ချစ်တယ်လေ အဲဒါ အချစ်ပဲပေါ့ "
" ဟာာာာာာာာာ နင်ကလဲဟာ တူဘူးလေ ငါတို့ ၂ ယောက်ကို နင်ချစ်တာ သူငယ်ချင်းအချစ်လေဟာ "
ကျွန်မလဲ ခေါင်းကုတ်ကာ " ဒါဆို ရည်းစားထားတာကို ပြောတာလား "
" အင်း အင်း ဟုတ်တယ် "
" ပြောစမ်း နင်ဘယ်သူ့ကို ကြိုက်နေလို့လဲ "
" နင်သိပါတယ်ဟာ ဖြူမရာ ငါကြိုက်တဲ့ ကောင်မလေး ငါ့ကို ထားသွားတယ်ဆိုတာ "
" အေးလေ သိတယ်လေ အခုက ဘာဖြစ်ပြန်တုံး နင်ဟာလေ လျှို့လျှို့ဝှက်ဝှက်နဲ့ ပြောစမ်းပါ ဟယ် ငါ စိတ်မရှည်ဘူးနော် "
ထိုအချိန်တွင် ဇော်ဇော် ရောက်လာကာ
" နင်ကလဲ စိတ်ကို မရှည်ဘူး နဲနဲပါးပါးလေး စိတ်ရှည်ရှည်ထားစမ်းပါ လူက လက်တဆစ် စိတ်က လက်တဆစ်ဆိုတာ အဲဒါကိုပြောတာနေမှာ ဟားဟားးးးးးးးးးးး "
" အရူး နင်ဘာမှမသိပဲ နားစွန်နားဖျား ကြားတာကို ဝင်ပြောမနေနဲ့ ဒီမှာ ဒီကောင်ကြီး ကွဲနေလို့ အသည်းပြောပါတယ် "
" ဟင် မြင့်နိုင် ဘာဖြစ်တုံး သယ်ရင်းရယ် မျက်နှာလဲမကောင်းပါလား ဘာလဲဟင် အရက်နာကျလို့လား ပြောစမ်းပါ ငါ့ကို "
ကျွန်မက ဇော်ဇော့်ကို
" စိတ်ညစ်တယ် အရေးထဲ နင်ကလာနောက်နေသေးတယ် နင့်အကောင်ကို မေးသာကြည့်တော့ဟေ့ ငါမေးတာလဲမဖြေဘူး ဒီကောင် တခုခုတော့ တခုခုပဲ "
ဇော်ဇော်က " အေးပေါ့ တခုနဲ့ တခုပေါင်း ၂ ခုရတယ်လေ ဟဲဟဲ " ဟုဆိုကာ ရယ်ကျဲကျဲလုပ်နေလေသည် မြင့်နိုင်က
" မနေ့က ငါငိုတယ် "
" ဘာာာာာာာ " ကျွန်မနဲ့ ဇော်ဇော် ၂ ယောက်သား ပြိုင်တူထွက်လာတဲ့အသံဖြစ်သည် ဇော်ဇော်က
" ဟေ့ကောင် မင်း ယောက်ျားမဟုတ်ဘူးလား ဘာကိစ္စ မျက်ရည်ကျတာလဲ ပြောစမ်း မင်းကို ဘယ်ကောင်အနိုင်ကျင့်လဲ ငါသွားဖြဲမယ် ပြော အခုပြော "
" နေစမ်းပါ နင်ကလဲ တဆိတ်ရှိ လက်ပါမယ် ဆိုတာချည်းပဲ တခါတလေ လက်ပါလို့မရတဲ့ ကိစ္စလဲ ရှိတယ်ဟ မြင့်နိုင်ပြောစမ်းပါ ငါ့ကို စိတ်ပူအောင်မလုပ်နဲ့ နင်ဘာလို့ ငိုလဲ ငါ့ကိုပြော "
" ငါ အရမ်းချစ်တဲ့ အမ တယောက် ငါ့ကို အထင်လွဲတယ် သူ့ကိုလဲ လုံးဝ စကားမပြောနဲ့တော့လို့ ပြောတယ် ငါအရမ်းခံရတယ် ဟာ "
" ဘာ ကိစ္စလဲ ငါဝင်ပါပေးရမလား ပြောလေ " ကျွန်မ အမေးကိုမြင့်နိုင်က ပြာပြာသလဲ
" မလုပ်နဲ့ ဖြူမ ပိုဆိုးကုန်လိမ့်မယ် မနေ့က ငါလဲငိုတယ် သူလဲငိုတယ် ငါ့ရင်ထဲအရမ်းခံစားရတယ် တယောက်ယောက်ကို ဆုံးရှုံးသွားသလိုကြီး မခံစားနိုင်ဘူးဟာ "
ပြောရင်း ဝေ့တက်လာတဲ့ မျက်ရည်တွေကို မျက်တောင်နဲ့ ပုတ်ခတ်ပုတ်ခတ် လုပ်နေလေသည် ဇော်ဇော်က သက်ပြင်းချကာ
" ကျွတ် မင်းကလဲကွာ တယောက်တည်းကို ပုံအောထားတာကို ငါ့လို အများကြီးထားလေ နော် မိဖြူဟုတ်တယ်မလား " ဆိုပြီး ကျွန်မကို တံတောင်နဲ့လာတွတ်လေသည်
" မဟုတ်ဘူး ငါက သူ့ကို အမတယောက်လိုသံယောဇဉ်ရှိတာ အမတယောက်လိုပဲ ချစ်တာ အင်းလေ ချစ်တာတော့ ချစ်တာပေါ့ ဒါပေမယ့် ငါချစ်တာ မင်းလိုမျိုးမဟုတ်ဘူးလေကွာ " ဆိုပြီး ရှင်းပြနေလေသည်
ဇော်ဇော်က ခေါင်းကုတ်ကာ " ဟာာာ မင်းဟာကကွာ ခက်လိုက်တာ ဘယ်လိုဝင်ဖြန်ဖြေရမယ်မှန်းတောင်မသိဘူး အယ် တကယ်လို့ မိဖြူ ကိစ္စဆိုရင်တော့ ငါက ဟိုဘက်က ကောင်လေးကို ကုတ်ကနေ ဆွဲပြီး နရင်း ၂ ချက်လောက် တီးလိုက်ရင် ဖြစ်တယ် ဟဲဟဲ "
ကျွန်မက သူ့ကို မဲ့ရွဲ့ကာ " နင်ဟာလေ အဲလိုမျိုး ငါ့ကောင်လေးကိုသွားလုပ်ကြည့်ပါလား ဟိုက တခါတည်း ဖြတ်ကိန်းပဲ "
" အေးတာပဲလေ ဒီတော့လဲ နင်ရည်းစားမထားနဲ့ပေါ့ ဟားဟားးးးးး "
ကျွန်မတို့ ၂ ယောက်ပြောတဲ့စကားတွေကို မြင့်နိုင်တယောက် လိုက်မရယ်နိုင်ပါ သူ့ရင်ထဲ ဘယ်လောက်တောင် ပူနေမလဲ ကျွန်မ ခန့်မှန်းမိလေသည်
မြင့်နိုင်က " ထားလိုက်ပါဟာ ငါ့အတွက် ဘာမှမဖြစ်ကြနဲ့ ငါကခဏပါပဲ နောက်တော့လဲ ကောင်းသွားမှာပါ "
ကျွန်မ မြင့်နိုင်ကို သနားသလို ငေးကြည့်နေမိလေသည်။
------------
" နင်ရည်းစားမထားနဲ့နော် မိဖြူ သိလား "
ရုတ်တရက်ပြောလိုက်တဲ့ ဇော်ဇော့်စကားကြောင့် ကျွန်မ မျက်မှောင်ကြုံကာ ကြည့်လိုက်မိသည်
" ဘာလဲဟ ကြောင်တောင်တောင်နဲ့ "
" ဟဲ့ ယောက်ျားတွေက မကောင်းဘူး ဒါကြောင့်ပြောနေတာ နင် ကြိုက်နေတဲ့ အကောင်ရှိလဲ ငါ့ကိုပြော ငါ စုံစမ်းပေးမယ် အဲဒါပြောတာ "
" အောင်မာ အခု ငါက ဘာဖြစ်နေလို့တုံး "
" ငါ့များ ဘာမှမသိဘူးများ ထင်နေလား ငါ့မှာလဲ မျက်စိတွေ နားတွေရှိပါတယ် မိဖြူရယ် နင် တိတ်တိတ်နဲ့ ကြိတ်လုပ်မယ် မကြံနဲ့နော် သေသွားမယ် " ဟု ဆိုကာကျွန်မကို လက်သီးဆုပ်ပြလေသည်
" ဟမ် ငါက ဘာလုပ်နေလို့တုံး ဘာတွေ ကြားလာပြီး ငါ့ကို လာဆူနေတာတုံး မြင့်နိုင် ဒီကောင် ဘာပြောနေတာလဲ နင်သိလား " ဆိုတော့ မြင့်နိုင်က ခေါင်းခါကာ
" သိဘူးလေ " ဟု အူကြောင်ကြောင်နဲ့ ဖြေလေသည်
ကျွန်မလဲ ခေါင်းကုတ်တာ " ဇော်ဇော်ရယ် ပြောစရာရှိရင် တဲ့ပြော ငါက တဲ့မှ ကြိုက်တာ တွတ်တွေ ဘာတွေမကြိုက်ဘူး အဲလေ ယောင်လို့ ဝေ့လည်ကြောင်ပတ်ပြောနေတာတွေ ငါမကြိုက်ဘူး လို့ အဟီးးးး "
" ဟားး..ဟားး.. နင် မဟုတ်တာ လုပ်ထားတယ်မလား မှန်းးးး ငါ ဘာမှတောင်မပြောရသေးဘူး နင်က ကြောက်နေပြီ "
" အရူး ငါ့ကို လာရစ်နေတယ် အရေးထဲ နာတော့မယ် နင်တော့လား "
" ဟဲဟဲ ငါက စ တာပါ နင်က လိမ်မာမှန်းသိပါတယ် လာ လိုက်ခဲ့ဟာ ငါ ဒီနေ့ပွပေါက်တိုးလာလို့ မုန့်ဝယ်ကျွေးမယ် ညစာ ညစာ ဟဲဟဲ "
-----
ကျွန်မတို့ ၃ ယောက် ဆိုင်ထဲသို့ဝင်ထိုင်လိုက်သည်နှင့် ဘေးနားက ဝိုင်းက ယောက်ျား ၃ ယောက်ကကြည့်နေသည်ကို ကျွန်မ ခံစားလိုက်ရသည်
စားပွဲထိုးကောင်လေးကို မှာစရာရှိတာ မှာပြီး ကျွန်မတို့ စကားပြောနေကြလေသည် ထိုအခိုက် ကျွန်မ ပခုံးကို တယောက်ယောက်က လာတို့သောကြောင့် ကျွန်မ မော့ကြည့်လိုက်မိသည် ဟိုဘက်ဝိုင်းက ယောက်ျား ၃ ယောက်ထဲက တယောက်ပါလား
ကျွန်မက " ဘာကိစ္စ ရှိလို့လဲမသိဘူး " ဆိုတော့ သူက
" ဘယ်လောက်ပေးရမလဲ ကောင်မလေး သူတို့ ၂ ယောက်နဲ့ ပြီးရင် ကိုယ်တို့ ဝိုင်းကိုပါ လာခဲ့လေ "
ဟင် ကျွန်မ ကြောင်သွားတယ် ဘာပြောရမယ်မှန်းမသိဘူး ဖြစ်သွားတယ် ရှက်လဲ အရမ်းရှက်သွားမိတယ်
ထိုအခိုက် ဝုန်း ခနဲ ဆို ဇော်ဇော်က မတ်တပ်ရပ်လိုက်ပြီး
" ခင်ဗျား ဘာစကားပြောတာလဲ စကားကိုကြည့်ပြောပါ ခင်ဗျား မူးနေရင်လဲ အေးဆေး နေ ကျွန်တော်ရန်မဖြစ်ချင်ဘူး ဗျာ "
ကျွန်မလဲ ပြာပြာသလဲ မတ်တပ်ရပ်လိုက်ပြီး ဇော်ဇော်နဲ့ လူကြီးရဲ့ ကြားထဲကို ဝင်လိုက်လေသည်
" ဒီက အကိုကြီးရှင့် ကျွန်မ တောင်းပန်ပါတယ် ကျွန်မတို့က သူငယ်ချင်းတွေပါ အကိုကြီး မူးနေရင်လဲ အေးဆေးနေပါနော် ကျွန်မသူငယ်ချင်းက စိတ်ဆတ်လို့ပါ ဒီထက်ဆိုးလာရင် သူ့ကို ကျွန်မ ထိန်းလို့ရမှာမဟုတ်ဘူး "
ဒီလိုပြောလိုက်တော့ ဟိုဘက်က သူ့သူငယ်ချင်း ၂ ယောက်က လာဆွဲပြီး ခေါ်သွားလေသည်
ဇော်ဇော်က တောက်တခေါက်ခေါက်နဲ့ ဆိုင်ထဲက လူတွေကလဲ ဝိုင်းကြည့်နေကြသည် ကျွန်မ ရှက်လိုက်တာ မျက်နှာဘယ်နားထားရမယ်မှန်းကိုမသိဘူး မျက်လုံးကို မှိတ်ပြီး သက်ပြင်းချလိုက်မိသည်
ကျွန်မလက်ကို မြင့်နိုင်က ဆွဲကာ
" လာ ဖြူမ သွားမယ် ဇော်ဇော် ငါတို့ သွားရအောင် " ဟု ဆိုကာ ဆိုင်ထဲမှ ကျွန်မတို့ ထွက်လာခဲ့ကြလေသည်။
------------
တရှုံ့ရှုံ့နဲ့ ငိုနေသော ကျွန်မကို သူတို့ ၂ ယောက်ကြည့်ပြီး ဘာလုပ်လို့လုပ်ရမယ်မှန်းမသိ ဖြစ်နေလေသည်
ဇော်ဇော်က " ငါ မှားတာ ငါ့ကိုသာ ရိုက်လိုက်စမ်းပါ မိဖြူရယ်နော် "
" တိတ်ပါ ဖြူမရယ် တိတ်တိတ် ငိုနဲ့တော့ နော် "
ကျွန်မမျက်ရည်များကို သုတ်ပြီး
" ငိုချင်လို့ ငိုတယ်များ မှတ်နေလား သူ့သူ ကျလာတဲ့ မျက်ရည်ကို ဘယ်လိုထိန်းမလဲ ဟဲ့ "
" အေး ဒါဆိုလဲ မငိုနဲ့တော့ဟယ် နင်ငိုတာ လှလဲလှဘူး ဟားဟားး... " ဟု ဇော်ဇော်က ရယ်နေလေသည်
" အောင်မာ ငိုပါတယ်ဆိုလှမလား တေနာရဲ့ မင်းသမီးတွေလို ငါက လှလှလေးမှ မငိုတတ်တဲ့ဟာကို အေး နောက်တခါကျမှ မှန်ထဲကြည့်ပြီး ငိုဦးမယ် "
မြင့်နိုင်က ရယ်ကာ " အေး နင် နောက်တခါ ငိုရင် ငါလဲ နင်နဲ့အတူလိုက်ငိုပေးမယ်နော် " တဲ့
ကျွန်မလဲ ဟက်ဟက်ပက်ပက်ရယ်လိုက်မိသည်
ဇော်ဇော်က " ကဲကဲ ငိုမနေနဲ့ တိတ်တိတ် ငါ ရေခဲမုန့်ဝယ်ကျွေးမယ် "
" အောင်မာ ရေခဲမုန့်ဝယ်ကျွေးရအောင် ငါက ကလေးလား မစားပါဘူး "
" အယ် နင်မစားလဲ နေပေါ့ မြင့်နိုင်ငါတို့ ရေခဲမုန့်သွားဝယ်ရအောင် လာ "
ဒါနဲ့ ကျွန်မလဲ " ဟဲ့ ငါ့အတွက်ပါ ချောကလက်ရေခဲမုန့်ဝယ်ခဲ့ " ဟု အော်ပြောလိုက်လေသည်
-------------
" နိုင်ငံခြား သွားတော့မယ် " ဟု ပြောလိုက်သော ဇော်ဇော့်စကားကြောင့် ကျွန်မနဲ့ မြင့်နိုင် ဘာမှမပြောနိုင်ပဲ နှုတ်ဆိတ်နေခဲ့လေသည်
မျက်ရည်တွေဝဲကာ မြင့်နိုင်က " ဇော်ဇော် ဟိုမှာ ကျန်းမာရေး ဂရုစိုက်နော် ငါတို့ သတိရနေမယ်သိလား ငါတို့ကိုတော့ မမေ့နဲ့နော် " ဟုတတွတ်တွတ် မှာနေလေသည်
" မိဖြူ နင်ရော ငါ့ကို ဘာမှာဦးမလဲ နင်ပြောဦးလေ အရင်ကလို ပွစိ ပွစိ ပြောဦးလေ ဟာ "
ကျွန်မ ရင်ထဲမှာ ဆို့နေသည် လည်ချောင်းထဲတွင် တစုံတခုက တစ်နေသလို စကားပြောလို့မရဘူးဖြစ်နေသည် ကျွန်မတံတွေးကိုမြိုချကာ အသက်ကိုပြင်းပြင်းရှူပြီး
" နင် လိမ်လိမ်မာမာ နေနော် မဆိုးနဲ့ပေါ့ "
ကျွန်မတို့ ၃ ယောက် တယောက်ကို တယောက်ကြည့်ကာ ငိုမိလေသည်
ဇော်ဇော်က " ငါ နင်တို့ကို ချစ်တယ် " ဟု ဆိုလေသည်
မြင့်နိုင်ကလဲ " ငါတို့ကိုမမေ့ရဘူးနော် " ဟု ပြောလေသည်
ကျွန်မက " နင်ဟိုမှာ ဆိုးတယ်ဆိုတဲ့ သတင်းကြားရင် နင့်ကိုခွင့်မလွှတ်ဘူးနော် "
------------

ကျွန်မတို့မှာ ဆွဲကြိုးလေး ကိုယ်စီရှိကြသည် အသဲပုံဆွဲကြိုးလေးပေါ့ ကျွန်မရဲ့ ဆွဲကြိုးထဲမှာ မြင့်နိုင်နဲ့ ဇော်ဇော့်ရဲ့ ပုံရှိပြီးတော့ မြင့်နိုင်ဆွဲကြိုးထဲမှာတော့ ကျွန်မနဲ့ ဇော်ဇော်ရဲ့ပုံရှိသလို ဇော်ဇော့် ဆွဲကြိုးထဲမှာတော့ ကျွန်မနဲ့ မြင့်နိုင်ပုံရှိလေသည်။ သတိရတိုင်း အားတိုင်း ကိုင်ကြည့်မိတာတော့ ဒီဆွဲကြိုးလေးပဲပေါ့ အခုတော့လဲ သူငယ်ချင်းတွေ တယောက်တနေရာစီ ကျွန်မ သူတို့ကို သိပ်လွမ်းတယ် ပြသနာတခုခုဖြစ်တိုင်း သူတို့ ၂ ယောက်ကို သတိရတတ်သလို ဘာမှမဖြစ်ပဲလဲ သတိရနေတတ်တယ် သူတို့ကရော ကျွန်မကို သတိရမယ် လို့ ထင်ပါတယ် ကျွန်မငိုနေတဲ့အခါတိုင်းလဲ သူတို့ နံမည် တ ပြီး ငိုလေ့ရှိတယ် သူတို့ကို ကျွန်မသိပ်လွမ်းတယ် တနေ့မှာ ကျွန်မတို့ သူငယ်ချင်းတွေ အတူဆုံနိုင်မယ်လို့ မျှော်လင့်မိပါတယ် တနေ့နေ့ပေါ့..........
အဲဒီတနေ့ကို ကျွန်မ စောင့်နေပါ့မယ်
------------
သူငယ်ချင်း ၂ ယောက်ရှိလေသည်
တယောက်ကို အရမ်းဆိုးလို့ကို ချစ်တာ တာတေလန်အောင်ဆိုးလဲ ချစ်တာပဲ တယောက်ကတော့ အရမ်းလိမ်မာလို့ကိုချစ်တာ နှစ်ယောက်လုံးကို ဖြူစင်စွာ ချစ်တယ်။
-------
ဟီးးးးးးး စာမရေးတာတောင်ကြာပြီလေ ဖတ်လို့မကောင်းရင်လဲ သည်းခံပြီးသာ ဖတ်ကြတော့နော် မစန္ဒာရဲ့ ဝတ္ထုခေါင်းစဉ်လေးကို သဘောကျလို့ ဟက်
ပုံများကို google မှ ရှာယူပါသည်
ဆွဲကြိုးရှိလား လာမမေးနဲ့နော် အရှိဘူးနော် ဟီးးးးးး (ဒါက ကြိုတင်ဖြေရှင်းချက်)



13 comments:
ဖတ်ကောင်းကောင်းနဲ့ဖတ်လိုက်တာ ဝက်ဝံလေးရဲ့ကိုယ်တွေ့လားလို့... ပြီးမှ ဆွဲကြိုးမရှိဘူးဆိုတော့ ဇာတ်လမ်းသက်သက်ပေါ့... တော်လိုက်တာ... ငါ့ညီမလေးတော်တယ်...
ခုနကသမီးလေးကွန်ပျူတာနဲ့ရေးလို့ သမီးလေးaccountနဲ့ဝင်သွားတယ်... roseတော့rosပါဘဲ... :)
သူငယ်ချင်းတွေ ဆုံစည်း ပျော်ရွှင် နိုင်ကြပါစေ
*.*.*
ဝက်ဝံလေးက တော်ချက်
ဝတ္ထုတွေဘာတွေတောင် ကောင်းကောင်းရေးတတ်တယ်
မမတောင် ၀က်ဝံလေးလောက် မရဘူး..
အားမငယ်နဲ့ ဖတ်လို့ကောင်းတယ်သိလား..
မမထင်တာက တကယ့်အဖြစ်အပျက်လို့ ထင်တာဘဲ..
ဟုတ်လားဟေ??
ဟိုက် ဇော်ဇော်အကြောင်းပဲဇောင်းပေးရေးသွားလိုက်တာ
နိုင်ငံခြားသွားတာက ဇော်ဇော်ဟုတ်ပါပြီ
မြင့်နိုင်ကဘယ်ပျောက်သွားတုန်း
ဇတ်သိမ်းမလှဘူးကွာ ဝက်
အပိုင်းနှစ်ပြန်ရေး ဒါပဲ အဟတ်
ရေးတော့မရေးတတ်ဘူး ဝေဖန်တာတော့တတ်တယ် နာ့ကွ
မြင့်နိုင်ကြီးဘယ်ရောက်သွားတုန်း ဝက် သိချင်တယ်
ကိုကြီး ဖိုးရွှေလိပ်ရေ... ဇော်ဇော်က ......(ကွက်လပ်) မှာလေ။ ဟဲဟဲ..
ဖွလိုက်ရ ပွကုန်မယ်။ ခစ်ခစ် နောက်တာ အတည်နော်။
သူငယ်ချင်း ၂ ယောက်ရှိလေသည်။
တယောက်ကို အရမ်းဆိုးလို့ကို ချစ်တာ တာတေလန်အောင်ဆိုးလဲ ချစ်တာပဲ တယောက်ကတော့ အရမ်းလိမ်မာလို့ကိုချစ်တာ နှစ်ယောက်လုံးကို ဖြူစင်စွာ ချစ်တယ်။
တကယ်ချစ်တယ်။ အဲလေ....
တကယ်ကောင်းတယ် ညလေး။
ဝက်ကလေးရေ... တော်တယ်ကွာ.... လုံးချင်းထုတ်ကွာ...
အော်...
ဝက်ကလေးမှာလဲ ဇာတ်လမ်းလေးနဲ့ပါလား။ ဖတ်ရတာတော့ အတော်လေး သနားဖို့ကောင်းပါတယ်။ ဒါပေမဲ့ ၀က်ကလေးပုံစံကို ကြည့်ရတာ လွမ်းတတ် ဆွေးတတ်မဲ့ပုံမပေါ်ဘူး။ အမြဲတမ်း တဟားဟား တဟီးဟီးဘဲ။ (အတော်လွမ်းနေပုံရတယ်းဝါ်)။
ဖတ်လို့ကောင်းပါတယ်။ ဆက်ရေး။ အားပေးနေမယ်။
ဝက်လုံးလုံးဖက်တီးလေးရေ....
ညီမ ဝက်ကလေး ကိုယ်တွေ့များလားလို့ ...............မထင်မိပါဘူးကွယ်....ဆက်ရေး ညီမရေ...အားပေးနေတယ်နော်....:)
ညီမလေးစာလေးတွေကို အမြဲအားပေးနေတယ်နော် ညီမလေး။ စာကြွေးတွေလည်း ရှင်းသွားတယ်နော်
အချစ်တွေထဲမှာ သူငယ်ချင်း သံယောဇဉ်ချစ်က ပိုခိုင်မြဲပါတယ်..
ဟဲ...ဟဲဟဲ..။
ှဆွဲကြိုး မရှိတာ မယုံဘူးနော်
ဝက်ဝံလေးက ဝက်လေးနဲ့ မတူဘဲ လှမှာပါနော်
ခင်တဲ့
ရွှေစင်
Post a Comment