Friday, 19 March 2010

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်...........

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် စာသင်စရာမလိုဘဲ ဘွဲ့ရချင်တယ်





ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင် အလုပ်လုပ်စရာမလိုဘဲနဲ့ ငွေတွေရချင်တယ်



ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် မိသားစု တွေအားလုံးကို စုံစုံလင်လင်ပျော်ပျော်ပါးပါး နဲ့ ဒီမှာ ရှိစေချင်တယ်



ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် ညီမလေးကို Oxford University မှာ ကျောင်းထားပေးချင်တယ်



ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် မိဘမဲ့နေရှာတဲ့ သူတို့လေးတွေအတွက်လဲ တာဝန်ယူပေးချင်တယ်



ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် ဒီလိုအဘိုးဘွားအိုတွေကိုလဲ စောင့်ရှောက်ချင်သေးတယ်လေ



ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် ဒီလို သဘာဝ အန္တာရယ်တွေလဲ မဖြစ်စေချင်ဘူးလေ





ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်...




မီးဘာမှပြောဘူးနော် ကိုယ့်ဟာကိုယ် သာ တွေးကြည့်ကြ ဟိ


ဆုတောင်းတိုင်းသာ ပြည့်မယ် ဆိုရင်....................................

အောက်ဆုံးပုံမှ လွဲ၍ ကျန်တဲ့ပုံများကို google မှ ရှာယူပါသည်
အောက်ဆုံးပုံကတော့ ကိုလူထွေးလက်ရာပါ
ခွင့်ပြုချက်တောင် မစောင့်ပဲ ယူပြီးတင်လိုက်တဲ့အတွက်ကိုလူထွေးရေ အဟီးးးး

21 comments:

Angel Shaper said...

ဆုတောင်း တိုင်းသာပြည့်မယ်ဆိုရင်....
တောင်းတဲ့ဆုတိုင်း ပြည့်စေချင်တယ်။

Angel Shaper said...

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်........
ပြည့်မယ်ဆိုရင်............... (ဆရာစားချန်သွားတယ်.. ဟဲဟဲ)

Angel Shaper said...

တောင်းတဲ့ဆုထက် လိုအပ်နေတဲ့ဆုလေးတွေ ပြည့်စုံပါစေ ညလေးရေ......

ဂျူနို said...

ဝက်ကလေးရေ
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် ဆုတောင်းပေးပါတယ်ကွယ်။

ဒါပေမယ့် စာမသင်ပဲနဲ့တော့ ဘွဲ့မရ ချင်ပါနဲ့ လေ။မသင်ဘဲရတော့ တကယ် မတတ်ဘူးပေါ့။
လူတွေ စာ မတတ်လေ အောက်ဆုံးပုံကြီး ပျော်လေ ဖြစ်နေမှာပေါ့။

ဘာလို့လဲ ကိုယ့်ဖာသာ တွေးကြည့် မအယ် ဘာမှ ပြောဘူးနော်။


မအယ်

kiki said...

တောင်းတဲ့ဆုတွေ ပြည့်စေသတည်းးးး
အောက်ဆုံးမှ စ၍ အစဉ်လိုက် ပြည့်စေသောဝ် ။
( ကွက်ကျော် ခြင်း သည်းမခံ နိုင် ...)

သူကြီးမင်း (တုံးဖလား) said...

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်....
ဒီနေ့ ကမ္ဘာကြီး ပျက်စေချင်တယ်။

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်....
မနက်ဖန် ကမ္ဘာသစ်တည်စေချင်တယ်။

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်....
တစ်ကမ္ဘာလုံး ဘာသာစကားတစ်မျိုးထဲ ဖြစ်စေချင်တယ်။

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်....
တစ်ကမ္ဘာလုံး ကိုးကွယ်မှုဘာသာ တစ်မျိုးထဲ ဖြစ်စေချင်တယ်။

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်....
တစ်ကမ္ဘာလုံး ထာဝရငြိမ်းချမ်းစေချင်တယ်။

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်....
ဝက်ကလေး အမြဲတမ်းပျော်မြူးပြီး ရှူရှူး.. အဲ.. ကြည်နူးနိုင်ပါစေ။

.....

rose of sharon said...

ငယ်ငယ်တုန်းကသူငယ်ချင်းတစ်ယောက်ကအော်တိုစာအုပ်ထဲမှာအမှတ်တရရေးပေးဖူးတယ်... .... "ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင် ကမ္ဘာကြီးမရှိတော့ဘူး" တဲ့

rose of sharon said...

ငယ်ငယ်တုန်းကသူငယ်ချင်းတစ်ယောက်က အော်တိုစာအုပ်ထဲမှာ အမှတ်တရ ရေးပေးဖူးတယ်.... "ဆုတောင်းတိုင်းသာ ရမယ်ဆိုရင် ကမ္ဘာကြီး မရှိတော့ဘူး" တဲ့

သံလွင် HeRo said...

ပြည့်စေသတည်း

ငယ် said...

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် ... ငါမျှော်လင့်တဲ့အိမ်လေးမှာ ငါရှိစေချင်တဲ့သူတွေနဲ့ အတူ ပျော်ရွင်စွာ ဘဝလေးကိုကုန်ဆုံးချင်တယ် .. ရေပိုက်ရယ် ...
တကိုယ်ကောင်းဆန်သွားမိရင်လည်း အဲ့ဆုလေးတခုတည်းပဲ တောင်းချင်တယ် .....

မြစ်ကျိုးအင်း said...

အပေါ်ဆုံးဆုကိုတော့ ကြိုးစားပြီးမှ ရစေချင်တယ်။ ကျန်တာတွေတော့ ဆုတောင်ပြည့်စေချင်တယ်။ ဆုတောင်းဆိုပေမယ့် မဖြစ်လာနိင်စရာ မရှိပါဘူး
ထိုက်သင့်တဲ့ အားထုတ်မှုတော့ ရှိရမှာပေါ့

အဖြူရောင်နတ်သမီး said...

ကိုမြစ်ကျိုးအင်း ပြောသလိုပဲပေါ့ ညီမလေးရေ...
အပေါ်ဆုံးဆု ကိုတော့ ကြိုးစားပြီးတော့ယူပါ...
ကျန်တာတွေကတော့ ညီမလေးတောင်းတဲ့ ဆုနဲ့ပြည့်ပါစေကွယ်...

ကြည်ဖြူပိုင် said...

အပေါ်ဆုံးဆုတောင်းက မမနဲ့ကွက်တိပဲ
တို့ ၂ယောက်တူတယ်ကွနော်
စာကျက်ပျင်းပုံရတယ် :P
ညီမလေးဆုတောင်းတွေပြည့်စေသော် ၀်

ပါပါးကွက်စ် said...

ဆုတောင်းတိုင်းပြည့်မယ်ဆိုရင်
အောက်ဆုံးပုံနဲ့ ဝက်ဆလူး လေးနဲ့ အမျိုးတော် ပါစေကွယ်
ဒါမှ ကျန်တဲ့ဆုတွေပါ ပြည့်ရောပေါ့ ဟဲဟဲ

Anonymous said...

ဆုတောင်းတတ်လိုက်တာနော်
ထီဆုကြီးကြီးသာပေါက်လို့ကတော့
ဆုတစ်ခုကလွဲလို့ အကုန်ပြည့်နိုင်တယ်..
တစ်ခြားမဟုတ်ပါဘူး..
စာမသင်ဘဲ ဘွဲ့ရတယ် ဆိုတာကလွဲလို့လို့ ပြောတာပါ..
း)

ကိုလူထွေး said...

အောက်ဆုံးကဟာ ဘဒုပုံကြီးတုန်း...

းဝ)

ဝက်ဝံလေး said...

အဟက် အောက်ဆုံးက ကိုလူထွေး ပုံလေ အောာာာ် ပြောတာဆုံးအောင် နားထောင်အူးလေ ကိုလူထွေး ဆွဲထားတဲ့ပုံလို့ အဟိ ရမ်းရမ်း စီဘောကျလို့ ဝ တင်လိုက်တီကွယ် စိတ်ချိုးနဲ့ ဟက်

အနှိုင်းမဲ့ said...

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်....၀က်ဝံလေးလို
သူငယ်ချင်းတွေအများကြီး ပိုင်ဆိုင်ချင်တယ်.. :(

သိင်္ဂါကျော် said...

ဆုတောင်းတိုင်း ပြည့်ပါစေ ညီမလေးရေ..။

ကိုကိုမောင် ရဲ့ အပေါ်က ဆုတောင်းတွေကိုတော့ သိပ်မကြိုက်ဘူးကွယ်...

leomark said...

အောင်မလေးဗျာ...လောဘကြီးလိုက်တာ..မပြည့်တဲ့ဆုမို့လို့ပဲ..ဟီးးး ပြည့်တဲ့ ပြည့်မဲ့ ဆုသာဆိုရင် ..မတွေးဝံ့ ဘူး။။။း)

shwezinu said...

ညီမ ရေးတာကြည့်ပြီး ကဗျာတပုဒ်သတိရသွားတယ်

ဟိုမှာ ပုထိုး ဆုပြည့်နိုးနှင့်
ဆုမျိုးတရာ တောင်းခဲ့ပါသည်
ဒီမှာ ပုထိုး ဆုပြည့်နိုးနှင့်
ဆုမျိုးတရာ တောင်းခဲ့ပါသည်
ဆုတောင်းတိုင်းသာ ပြည့်ခဲ့လျှင်
အဘယ်မှာ မျက်ရည် ရှိအံ့နည်း

ညီမ ရဲ့ ဆုတောင်းလေးတွေက ကောင်းလို့ ပြည့်ပါစေလို့ ဆုတောင်းပေးပါတယ်

ခင်တဲ့
ရွှေစင်ဦး