Tuesday, 30 March 2010

ကျွန်ုပ် နှင့် အင်တာနက်



ဒီနေ့ နေ့လည်လောက် အိမ်နဲ့ စကားပြောမယ်ဆိုပြီး ကွန်ပြူတာဖွင့်လိုက်တော့မှ အင်တာနက် မရမှန်းသိတယ် ဒါနဲ့ အင်တာနက်ဆိုင်ပြေးရတာပေါ့ ဟိုရောက်တော့ အိမ်ကလဲ မီးပျက်လို့တဲ့ ဒါနဲ့ မနက်ဖြန် တွေ့မယ်ဆိုပြီး အဆောင်ကို ပြန်လာခဲ့ရတယ် internet သုံးခ ၇၅ ပြားထွက်သွားပါ၏ ။

ပြန်ရောက်တော့ ဘာလုပ်ရတယ်မှတ်လဲ ဖုံးဆက်ရတာပေါ့ သိတယ်မလား ကိုယ်က အင်တာနက်မရှိရင် မနေတတ်ဘူးလေ (အပိုတွေ အရင်တုံးက ဘယ်လိုနေခဲ့လဲမသိဘူးနော် အခုကျမှ ဖြစ်ပျက်နေလိုက်တာ ဟိ) အဆောင်ကပေးတဲ့ ဖုံးနံပါတ်နဲ့ Internet help desk ကို ဖုံးဆက်တာပေါ့ ဒါနဲ့ ဟိုဘက်က ဘာဖြစ်လဲ ဘာညာ သရကာ ကွာစိ ညာစိ မေးတာပေါ့ ဘယ်နေ့က နောက်ဆုံးသုံးလဲ မနေ့ညကပေါ့ ဘယ်နေ့က အင်တာနက်မရတာလဲ ဒီနေ့မနက်ပေါ့ ဒါနဲ့ သူက ဟုတ်ပြီ ဟိုလိုလုပ် ဒီလိုလုပ် ညွှန်းတာပေါ့ brower ကို ဖွင့် ဘယ်ထဲကို ဝင် အဲဒီမှာ စစ် ဘာတွေ့လဲ ဘာညာပေါ့ ဖုံးထဲကနေ လှမ်းပြောရော သူပြောတာတွေ လိုက်လုပ်တာလဲ ဘာမှမထူးဘူး ဒါနဲ့ ဟိုဘက် တရားခံ ရှာစရာမတွေ့တော့ ဘာပြောလဲ သိလား ဘာ antivirus သုံးလဲတဲ့ McAfee သုံးတယ်ဆိုတော့ ဘယ်တုံးက နောက်ဆုံး scan ဖတ်လိုက်တာလဲ တဲ့ လွန်ခဲ့တဲ့ ၂ ရက်လောက်ကလို့ အမှန်တော့ McAfee က trial version ကုန်သွားလို့ ဖြုတ်လိုက်တာတောင် ကြာနေပြီ ဟိ အင်း အဲဒါဆိုရင် scan ဖတ်တဲ့ ပြီးရင် restart ချ အဲဒါပြီးရင် သူ့ကို ဖုံးထပ်ဆက်တဲ့

သူပြောတဲ့ အတိုင်းလုပ်တာပဲ ရလဲမရဘူး စိတ်ကလဲ တို ဒေါသကလဲ ထွက်တာလဲ ပြန်မဆက်တော့ဘူး နေပေါ့ အဲဒါ server က ဖြစ်တာပါ ကွန်ပြူတာနဲ့ ဘာမှမဆိုင်ဘူး www.google.co.uk လို့ရိုက်ထည့်တာကို 403 forbidden တဲ့ လူလဲ ဒေါသထွက်လို့ ဂိမ်းဆော့နေလိုက်တယ် dinner dash 2 လေ ဒေါင်းထားတာရှိတယ် အဲဒါ ဆော့နေရင်းတန်းလန်း သူကလဲ မိနစ် ၆၀ လဲရောက်ရော ဆော့လို့ရတော့ဘူးတဲ့ ဝယ်ရမယ်တဲ့ ဝယ်နိုင်ပါဘူး စိတ်တိုတိုနဲ့ ပိတ်ပြီး အခန်းတွေ ရှင်းလိုက်တယ် ဖုံးဖိုးလဲ ကုန်ပြီ ဖုံးဆက်မေးလိုက်ရတာ ၁၀ ပေါင်တောင် စားသွားတယ် ဟင့် မယုံမရှိနဲ့ မီးမှာက landline phone မရှိဘူးလေ အဲဒါဆို ပိုက်ချံပိုကုန်တယ်


အဲလိုပဲ အော်ငိုလိုက်တော့မယ် ဗြဲဗြဲ

ညဘက်ရောက်တော့ စာလုပ်မယ်ဆိုပြီး ကွန်ပြူတာဖွင့်တော့ အင်တာနက်ရကော ပျော်လိုက်တာ အဟီးးးးးးးးးးးး
ဘာာမှ antivirus နဲ့ ဆိုင်ပါဘူး သူ့သူ server က ဖြစ်တာ အခုလဲ ဘာ antivirus မှ တင်မထားဘူး ဒီတိုင်းပဲ တကယ်တကယ် ဖုံးဖိုး ၁၀ ပေါင် ကုန်တာပဲ အဖတ်တင်တယ် နောက်ဆို မဆက်တော့ဘူး ဟွင့် ချိတ်နာတယ်

နောက်ဆုံးပိတ်။ ။ ကိုကိုရေ ဖုံးဖိုး ၁၀ ပေါင်လောက် မသွင်းပေးချင်ဘူးလားလို့ ညီမလေးကို အဟီးးးးးး



မျက်နှာမြင် ချစ်ခင်ပါစေ ဆိုတဲ့အတိုင်းလေ အဟိ ပုံလှလှလေးတင်ထားတယ် ဟဲဟဲ

27 comments:

သူကြီးမင်း (တုံးဖလား) said...

အောက်ဆုံးက ၀က်ပြုံးနေတဲ့ ပုံလေး အရမ်းလှတယ်။ ဆွဲဆောင်မှုအရမ်းရှိတာဘဲတဲ့။ Butcher က ပြောတယ်။

အင်တာနက်က တစ်ခါတစ်လေ စိတ်ကောက်တတ်တယ်။ သူစိတ်ကောက်ရင် ပြန်စိတ်ကောက်ပြလိုက်။ ပြန်ကောင်းသွားရော။

အင်တာနက်ဖက်ပြီးမွေးဖွားလာတာမဟုတ်ပေမဲ့လဲ နေရာဒေသနှင့်ခေတ်ရေစီးကြောင်းအရ အင်တာနက်မရှိရင် နေမထိထိုင်မသာ ဖြစ်တာကတော့ deadsure ပါဘဲ။

ဝက်ကလေး ပြုံးပန်းပွင့်နိုင်ပါစေ။

..

ဝက်ဝံလေး said...

အီးလိုတွေ လာ မှုတ်တွားတယ် မီးက ဘာမှ နားမလည်ပါဘူးဆိုကာမှ ရှင်း ဘတ်ချာနဲ့ ဒက်ရှူးဂါးဆိုတာ ဘာဒုံး ရှင်းးးးးးးး ဟွင်းးးးးး

kiki said...

အဲ့ဒီလိုလေး အိမ်သာနတ်ကြီး တခါ တခါ ပျက် ပျက်ပေးမှ..
ဝက်ကလေးလည်း အိပ်ခန်း ရှင်းဖြစ်မှာ ....
ဒီတော့ တပါတ် တခါ ပျက် ပါစေ .....
တခါပျက်ရင် ၆ ရက်ကြာပါစေ....
ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါတယ် နော်...း)))))

MTZ said...

ဟင့်အင်း ဒီလတော့ ဆောရီးပဲ ငါ လဲ ebay နှိပ်စက်တာ နဲနဲများသွားလို့ ရှိတော့ဘူး စပ်ဖြဲဖြဲလုပ်
မနေနဲမရှိရင် နင့် ၀2 ကဒ်သုံးဒါပဲ

သက်တန့်ချို said...

ဝက်လေးပုံက မျက်နှာချင်ချစ်စရာကြီးပဲ ဟဟ အင်တာနက်က အဲဒီမှာတောင် အဲဒီလို ဖြစ်တုန်းလားး)

သိင်္ဂါကျော် said...

မြန်မာနိုင်ငံက server တွေပဲ ပျက်တတ်သလားလို့ အဲဒီက server တွေလည်း ပျက်တတ်တယ်ပေါ့.. ထူးဆန်းပါပေ့...။

SHWE ZIN U said...

ဝက်ကလေးက ဝက်ဝံလေးနဲ့တူလား.. အင်တာနက်ကလည်း ပျက်တာဘဲလား

ခင်တဲ့
ရွှေစင်

leomark said...

တနားလိုက်တာ.. ဟိ...း)

rose of sharon said...

ဒီလောက်ချစ်စရာကောင်းတဲ့ရုပ်လေးနဲ့ အာဗြဲကြီးနဲ့အော်ငိုပြီးတောင်းတာ ဘယ်အစ်ကိုကမပေးဘဲနေပါ့မလဲ?

မြစ်ကျိုးအင်း said...

ပျက်ရင် ပျက်တယ်မှတ်လေ
တရားတောင်ရသေးးး

ဒါရိုက်တာကွက်စ် said...

သာမီးးးး ဆလူးးးလေးးး

သွားတွေတောင် စုံစုံစေ့စေ့ ထွက်လာပြီပဲ
အရင်ထက် ပိုချောလာပြီ (အောက်ဆုံးပုံကို ရည်ညွှန်းသည်)

ပုံ

ဒက်ဒီကွက်စ်

Khyl said...

ငါ့ညီမလေး သွားလေးကို တိုက်ထားတာပြောင်.. နေတာပဲ.. ဟိဟိ..

တိတ်တိတ် ငိုနဲ့နော်.. တော်ကြာ ပါးစပ်ကြီးပြန်ပိတ်လို့မရပဲနေနေဦးမယ်....

Khyl said...

ဟိုက်.. ကိုမြှစ် ရောက်နေတာကိုး..... အသံ မပေးဘာမပေးနဲ့ လုကိုလန့်သွားတာပဲ... အဟေးးး

Anonymous said...

ဓာတ်ပုံကို ခုမှ မြင်ဖူးတော့တယ်။ လှမှလှပဲ။ ဖုန်းဖိုးလည်း မြန်မြန်ရပါစေ။

ဝက်ဝံလေး said...

ဟင် အပေါ်မှာ MTZ နံမည်နဲ့ အပေးဘူးတဲ့ ရေးတွားရယ် ကိုကိုက ဖုံးဖိုးမသွင်းပေးဖူးတဲ့ အီးးးဟီးးး
ဟွင့် နေပေါ့ အန်တီ့ကို ထည့်ခိုင်းမယ် ဘာမှတ်ဒုံးးးးးးး ဂလောက် မျက်နှာဖြဲပြတာလဲ အရဘူးတဲ့ ဟိ

Anonymous said...

အော် ၀က်ကလေးဒီလောက်ချောတာ ခုမှဘဲသိရတော့တယ် ...
အောက်ဆုံးပုံက နံမည်နဲ့လိုက်အောင်ကို ချစ်စရာကောင်းတယ်...
တွေ့ရတာ ၀မ်းသာပါတယ်နော်.... ဟီး

လင်းကြယ်ဖြူ said...

အော်..အင်တာနက်..အင်တာနက်...
ရင်နာလျက်ပါပဲ အဲ့ဒီ့အင်တာနက်အတွက်လေ
တစ်ချို့ အရပ်ဒေသတွေမှာ...ပေါ့....း )

ပျော်ပါစေ
*.*.*

အိုက်ခီလောက် said...

မျက်နှာမြင် ချစ်ချင်ပါတယ် ဝက် ရ
အဲ့လို ဖုန်းဖိုး ထည့်ထည့်ပေးနေရင် မချစ်တာပဲကောင်းပါတယ်လေ ဟဟ

သဒ္ဓါလှိုင်း said...

ဝက်ဝံလေးရေ..။
နေကောင်းလား..။ မအားလို့အခုမှလာပြီးစာကြွေးဆပ်သွား
တယ်နော်.။ ပျော်ရွှင်ပါစေနော်။
ခင်တဲ့
သဒ္ဓါ

သုခုမလေဒီ said...

ဝက်ရယ်နေတဲ့ပုံလေး အတော်လှတယ် (သွားတွေကိုပြောဒါနော်)း)))
ဝက်တို့က ပိုက်ပိုက်လိုရင် ကိုကိုရေ ပဲနော်းP

မယ့်ကိုး said...

စိတ်ညစ်စရာကိုတောင် ညီမလေးက ရွှင်ရွှင်လေး ရေးသွားတယ် =)
ညီမလေး မမနည်း သုံးပါလား။ မမက ဖုန်း ပိုက်ဆံကုန်ရင် ဘယ်တော့မှ မထည့်ဘူး။ အဲဒီတော့ မမ အစ်မက ဆက်သွယ်လို့ မရလို့ စိတ်ညစ်တယ် ဆိုပြီး ပိုက်ဆံထည့်ပေးရော :P...
ညီမလေးလည်း အဲလို ဖုန်းဖြတ်ပြီး နေကြည့်ပါလား ကိုကို ထည့်ပေးမှာပါ :P

Angel Shaper said...

ကြည့်စမ်းးငါ့ညီမလေး တော်တော်ချောလာပါလားးဟေ့ :))

သမီးကြီး said...

စိတ်ညစ်စရာတွေကို ချစ်စရာကောင်းသွားအောင်ရေးတတ်တဲ့ ညီမလေး အမြဲစိတ်ပျော်ရွှင်ပါစေ။

sosegado said...

အခက်အခဲလေးတွေ၊ စိတ်သွားတဲ့အတိုင်း ပျော်အောင်ရေးထားတာကို ပျော်ရွှင်စွာဖတ်သွားပါတယ်

အဖြူရောင်နတ်သမီး said...

ဝက်ဝံလေးတို့ လှချက်...ချောချက်ကတော့...
ဟူး...လွယ်ပါဘူး...မင်းကြောင့်ရူး...



ရောက်တာနောက်ကျသွားတယ်..ညီမလေးရေ..

ကာရံဆူး said...

ကောင်မလေးရေ...ချစ်ဖို့ ကောင်းတဲ့ ပုံလေးတွေနဲ့ ပျော်စရာလေးတွေရေးတတ်လို့ ချီးကျူးပါတယ်နော်...အောက်ဆုံးက ပုံကြီးကတော့..ဟွင်း..ကလူထွင်း လက်ရာမြောက်ပါပေတယ်...တစ်ပိုင်းပဲ ဆိုတော့ မှန်းချင်ရာ မှန်းလိုက်တော့မယ်...

ခြင် said...

ဝက်ကလေးရေ... ရေလာလောင်းတယ်... ဗွမ်း(((((((((((((