Tuesday, 20 April 2010

နှစ်သစ်မှာ ကိုယ်ဒါတွေလုပ်ခဲ့တယ် ....

နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ အားလုံးပဲ ပျော်ရွှင်ကြပါစေလို့ ဝက်ဝံလေးနဲ့ ဝက်ဝံလေးရဲ့ ကိုကို ဝက်ဝံကြီးတို့က နှုတ်ခွန်း ဆက်သလိုက်ပါတယ် (နှစ်သစ်ကိုကြိုဆိုတာ နောက်တောင်ကျနေပြီနော် ဟက်)


ဒီနိုင်ငံ အနေနဲ့တော့ Easter holiday ပေါ့ မြန်မာ့ အလိုရတော့ သင်္ကြန်ပေါ့ မြန်မာနှစ်ကူးပေါ့ မဟုတ်ပေဘူးလား ဟုတ်ပါတယ် (ကိုယ့်ဟာကိုယ် မေးပြီး ကိုယ့်ဟာကိုပဲ ဖြေတော့မယ် ဟက်) ကိုယ်ဘာလုပ်လဲဆိုတော့ အိမ်ပြန်တယ်လေ အိမ်ဆိုလို့ မြန်မာနိုင်ငံရယ်လို့မထင်လိုက်ပါနဲ့ညော် အန်တီ့ဆီပြန်တာပါ တောင်နဲ့မြောက်ကို ရထားစီးပြီးသွားတယ်လေ (ဒါကြောင့် ဘလော့ဂ်များကိုလိုက်မလည်နိုင်တာ ခွင့်လွှတ်တော်မူပါရန်) ဘာသွားလုပ်လဲ ဆိုတော့ ရိက္ခာသွားယူတာ ဟီးးးး အန်တီက သူ့တူမ မလာမှာစိုးလို့ စာတိုက်ကနေ ရထားလက်မှတ်ကို ကျောင်းမပိတ်ခင်ကတည်းက ပို့ပြီးသား ကိုကိုက ဘာပြောလဲ သိလား နင် အဲလိုမျိုး ပြန်နေမှတော့ ဘယ်လိုလုပ် အလုပ်ရတော့မလဲ တဲ့ တတ်နိုင်ဘူးလေ အန်တီ့ကို အလုပ်လုပ်မယ်ပြောရင် လုပ်လေ သမီးလို့ ပြောပြီး သူက အချိန်တန်ရင် ရထားလက်မှတ်လှမ်းပို့တာကိုး ဒီတော့ ဒီကလဲ လက်မှတ်အဆုံးမခံချင်တော့ ပြန်ရပြီပေါ့ (သိပ်မပြန်ချင်ရှာဘူး)

ဟုတ်တယ် အန်တီ့ ဆီ မှာလေ စားလိုက် သောက်လိုက် အိပ်လိုက် လေ့ကျင့်ခန်းလုပ်လိုက် (အဟုတ်ပြောတာ ညာဘူး) တနေ့၂ ခါ လမ်းလျှောက်တယ် ကမ်းနားသွားပြီး (လမ်းအလျှောက်ကောင်းလို့ ခြေထောက်ပေါက်ပါတယ် ငှဲငှဲ) အန်တီကသူ့တူမ ဝ နေလို့တဲ့ အဟဲ ဒီကြားထဲ အန်တီလစ်ရင် လစ်သလို ရုပ်ရှင်ကား ထိုင်ကြည့်ရသေးတယ် ဒီတော့ ဘယ်အားမလဲ စဉ်းစားသာကြည့်ကြပါဦး ဘယ်လောက်အလုပ်များသလဲ ဆိုတာ ဟီးးး အော်ရှိပါသေးတယ် စာလုပ်တယ်လေ အန်တီ့ရှေ့မှာ စားကောင်းအောင် ဟားဟားးးးးးးးးးးးး အန်တီက စားချင်တာ အကုန်ချက်ကျွေးတာ သမီး ဘာစားမလဲ ကိုယ့်သဘောပဲ ဟဲဟဲ ဇိမ်ကျနေတာလေ ဈေးဝယ်ထွက်ဈေးခြင်းထဲ စားချင်တာ အကုန်လိုက်ကောက်ထည့် အိမ်ပြန်ရောက်တော့ တူဝရီး ၂ ယောက်ချက်ကြ ပြုတ်ကြ ပြီးရင် စားကြသောက်ကြ ဟီးးဟီးးး နတ်သုဒ္ဓါပဲ နတ်စည်းစိမ်နဲ့တောင်မလဲနိုင် (အံမယ် ပိုထှာနော် )

အံမယ်ရှိပါသေးတယ် အန်တီ့ကိုကူတယ်လေ (ရှုပ်တယ်ဆိုပိုမှန်မယ်) ခြံထဲမှာ ပန်းပင်ရေလောင်း သစ်ပင်စိုက် အိမ်ရှင်း အဲဒါတွေ ကူရှုပ်တာပေါ့ ဟဲဟဲ
ကိုကိုက ၂ ရက်လောက်ပဲ နေတာ အန်တီကတော့ သူ့တူတော်မောင်ကို သူ့အိမ်မှာပဲ နေစေချင်တာပေါ့ ဟိုကလဲ ယောက်ျားလေးဆိုတော့ သူ့သူငယ်ချင်းတွေနဲ့ အန်တီ့ဆီဘယ်ပြန်လာချင်မလဲ ဒါတောင် နှစ်ဦးပူဇာ ဆရာတော်ဘုရား (ချမ်းမြေ့ဆရာတော်) ကို ကန်တော့ဖို့ ပြောထားလို့ လာတာ (နှစ်တိုင်း အန်တီက ဖုံးထဲကနေ ကန်တော့ပါတယ် မြန်မာနိုင်ငံကို ဖုံးခေါ်ပြီးတော့) ဒါတောင် သားတော်မောင်က ကိုယ့်လိုမျိုး Edinburgh မှာနေရင် ပြန်တောင်လာမှာမဟုတ်ဘူး အန်တီနဲ့ နီးနီးနားနားမြို့မှာနေတာတောင် ပြန်လာချင်တာမဟုတ် ဟဟဟ (ဖွပြီဟ) အန်တီက ချစ်ရှာပါတယ် ကိုကို့ကိုလဲ ထမင်းစားတိုင်း
" အင်းလေ နေပေါ့ သားကြီးက ပြန်မလာတော့ မစားရုံပေါ့ " ဆိုပြီး သူသတိရနေတာလေ
ဘာတွေစားလဲ ဆိုရင် အင်း အင်းး အဓိက က မုန့်ဟင်းခါးပေါ့ ဆီထမင်းကို အကြော်စုံနဲ့ ပြီးတော့ ဘိတ်ကတ်ကြေးကိုက် ဆိတ်သားဟင်း (မချက်မှ မချက်တတ်တာ ဒီတော့ အန်တီချက်ကျွေးမှ တွယ်ရတာပေါ့)ခရမ်းသီးနှပ် ခရမ်းသီးမီးဖုတ်ကြော် (ခရမ်းသီးက အန်တီ့ဆီရောက်မှစားရတာ) မြန်မာဟင်း အစုံပေါ့ ဟဲဟဲ ဓာတ်ပုံရိုက်ဖို့ဟာ ကင်မရာက ပါသွားပြီး အားသွင်းတဲ့ဟာ အဆောင်မှာ ကျန်ခဲ့တော့ ကင်မရာအားမရှိတာနဲ့ မရိုက်ဖြစ် (လယ်ထွန်သွား နွားမေ့ ဆိုသလိုပေါ့ တော်ချက်) မရိုက်တာပဲ ကောင်းပါတယ်လေ မဟုတ်ရင် သွားရည်ယိုနေရမှာနော့်

အန်တီက မုန့်ဖိုး တယောက်ကိုပေါင် ၁၀၀ စီပေးပါတယ် (ရဟူးးးးးးး အိမ်ကလဲ မုန့်ဖိုးပေးပါတယ် ငါကွ ဘလော့ဂ်ဂါတွေကို မုန့်ဝယ်ကျွေးမယ်နော် ဟဲဟဲ) အိမ်က ဖေ နဲ့ မေ ကိုလဲ လှမ်းကန်တော့ပါတယ် တီတီ့ကိုလဲ ကန်တော့ပါတယ် နှစ်ဆန်းတရက်နေ့ကပေါ့ (ဒါမျိုးတွေ ဒါမျိုးတွေကြောင့် တီတီက ဒီတူနဲ့ တူမ ကိုချစ်နေတာ နေမှာ ဟဲဟဲ) ရှိသေးတယ် ရတနာတိုက် ကြီးလဲ ပေးတယ်ဂျ သိချင်ရင် ကလစ်ကြည့်လိုက်
" သမီးရယ် ရုပ်ရှင်ကြည့်သီချင်းနားထောင်တာလဲ နားထောင်ပေါ့ အားတော့ ဒါလေးတွေလဲ နားထောင်ပေါ့ " ဆိုပြီး ပေးတာ ဟဲဟဲ မယုံမရှိနဲ့နော် ၂ ပုဒ် တိတိ နာပြီးပြီ (ကိုကိုရေ အားရင် နားထောင်ကြည့် ဟိဟိ မထင်ပေါင်)

သင်္ကြန် သင်္ကြန် အင်းးးး ကိုယ်နဲ့တော့မဆိုင်သလိုပါပဲ လည်လေ့လည်ထ မရှိတော့ သိပ်ကြီးလဲ ဖီလင်မရှိလှပါဘူး အသက် ၁ နှစ်ကြီးသွားပြီပေါ့လေ ဟက် (တရားရတဲ့ လေသံနဲ့ ဟားဟားးးးးးးးး)

------

နှစ်သစ်မှာ အားလုံးကို ချမ်းမြေ့ ဆရာတော်ဘုရားရဲ့ နှစ်သစ်မင်္ဂလာ သဝဏ်လွှာ ဆိုတဲ့ ဆောင်ပုဒ်လေး လက်ဆောင်ပေးချင်ပါတယ်

နှစ်ဟောင်းကုန်ပျောက် နှစ်သစ်ရောက် ထွန်းတောက်မင်္ဂလာရှိပါစေ။
နှစ်သစ်မင်္ဂလာ ဒီချိန်ခါ စိတ်မှာညစ်မဲ ကင်းပါစေ။
နှစ်သစ်ချိန်ခါ များသတ္တာ ချမ်းသာကိုယ်စိတ်မြဲပါစေ။
တနှစ်ပတ်လုံး စိတ်ဖြူဖုံး ရွှင်ပြုံးကြည်သာ ရှိပါစေ။
ကုသိုလ် ကျန်းမာ ပညာ စီးပွား ဒီရေလား တိုးပွားကြပါစေ။

အားလုံးပဲ Happy New Year ပါနော် ရဟူးးးးးးးးးးးးးးးးးးးးးးးးးးး

13 comments:

သမီးကြီး said...

နှစ်သစ်မှာ မင်္ဂလာရှိပြီး စိတ်ချမ်းသာကိုယ်ကျန်းမာရှိပြီး အလွဲများနဲ့ဝေးပါစေ ဝက်ဝံလေးရေ

ကာရံဆူး said...

ညလေးရေ...အစားကောင်းတွေ စားပြီး ၀ိတ်တွေ တိုးလာတာပေါ့...မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သစ်မှာ ပျော်စရာအတိ စိတ်ချမ်းမြေ့ စရာ အဖုံဖုံ..လိုအင်တွေ ကုံလုံလို့ စိတ်နဲ့ ကိုယ် တစ်ထပ်တည်း ကျပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်...

မောင်မိုး said...

နှစ်သစ်မှာ အတိုးချပြီး အသစ်အသစ်တွေစားနိုင်ပါစေ။ အဲဒါမှာ အဆီအရစ်အရစ်တိုးလာမယ်။ ဟဲ...ဟဲ စိတ်မညစ်နဲ့ ညီမလေး။ အစ်ကိုလည်း အပြိုင်တက်လာနေမှာပါ။

rose of sharon said...

ကောင်းသားဘဲ ... ဒါမှနားရက်ပီသတာပေါ့.... နားရက်မှာကောင်းကောင်းစား ကောင်းကောင်းနား လိုက်ရတာကောင်းတယ်ညီမလေး

Khyl said...

ငါ့ညီမလေး တရားတွေနာပြီ မယ်သီဝတ်တော့မှာပဲ( ထင်ပေါင်..) ခွိ... စတာညော်....

မြစ်ကျိုးအင်း said...

ဒါကြောင့် ဆက်သွယ်မှု ဧရိယာ ပြင်ပကို ရောက်နေတာကိုးး။

အသွားတုန်းက ရထားလက်မှတ် ဝယ်ပေးရင် အပြင်ဆိုရင် အိမ်အထိ တက္ကစီဖိုးပါ ပေးလိုက်မယ် ထင်တယ်။ တပါတ်လောက် စားလိုက်သောက်လိုက် နဲ့ဆိုတော့ သူ့တူမ လမ်းလျှောက်ဖို့ မလွယ်နိင်တာ သိနေလောက်တယ်။

ဒါရိုက်တာကွက်စ် said...

ဆလူးလေးရေ

Happy New Year ပါနော် စကိုက်ပီ
(နင်က ရဟူး ဆိုတော့ ငါက စကိုက်ပီပေါ့ )

kiki said...

ဪ... ဒါကြောင့် ဝက်ကလေး ခမျာ ပေါင် ၁၀၀ တိတိ တိုးသွား ရှာတာ ကိုး.....
( ဝိတ် မလျှော့ .... ဝိတ် မလျှော့ နဲ့  .. ဝက်ကလေး ငယ်သေးတယ် .. ပေါ်စားလို့  ရသေးဘူးးး )
နှစ်သစ် မှာ ..လိုသလောက် ဝ ပါစေ။။ အဲ့ ..ပျော်ရွှင် ချမ်းမြေ့ ပါစေ .....

Anonymous said...

နှစ်သစ်မှာ ဆန္ဒအားလုံးပြည့်ဝပါစေ ချစ်ညီမလေးရေ..
ဒီထက်ပိုပြီးလဲ ၀ပါစေ.. အဲလေ ဒီဆုတော့ မတောင်းပေးတော့ပါဘူး
မတောင်းဘဲပြည့်မှာကို သိနေတာကြောင့်ပါ..
အဟိ.. စိတ်မဆိုးနဲ့ ချစ်လို့စတာ..
ရေလာလောင်းသွားတယ်နော်.. အေးချမ်းပါစေ..

ချစ်တဲ့
မချော

ကိုလူထွေး said...

အန်တီပေးတာက ပေါင် ၁၀၀
ကိုယ့်မှာရှိနေတာက ပေါင် ၁၀၀

စုစုပေါင်းတော့ ပေါင် ၂၀၀


းဝ)

အဖြူရောင်နတ်သမီး said...

အရင်က ပေါင်တစ်ရာ...
အန်တီ့ဆီ သွားစားတော့ နောက်ထပ်ပေါင်တစ်ရာထပ်တိုးလာတယ်ပေါ့...
“အောင်မြတ်လေး...”းးး)))
ဘာမှအားမငယ်နဲ့..ညီမလေးရေ...
လှတာချက်စားလို့မရဘူး...ဝတာ ဖက်ထားလို့ရတယ်နော်...
စိတ်ကူးမလွဲနဲ့...
းးး)))
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေကွယ်...

မန့်တာ နောက်ကျသွားတယ်..ချောဒီး...သွေ့ပုချိ

ပိုးဟပ်လေး said...

စားချင်စရာလေးတွေချည်း
တန်းစီရေးချ သွားပါလားကွယ်ရို့
အင်းန်း ဓွတ်ပုံပါတင်လို့ကတော့
မော်နီတာတောင် လျှာနဲ့ ပြေးလျက်မိမလားပဲ

:ဝ)

သူကြီးမင်း (တုံးဖလား) said...

ဝက်ကလေးက တယ်ဟုတ်ပါလား။ တရားနှစ်ပုဒ်တောင် နာခဲ့တာကိုး။ ဘာတရားတွေလဲ ပြန်ပြောပြး)၀။

နှစ်သစ်မှာ အဆင်ပြေပါစေ။