
ဖေဖော်ဝါရီ ၁၃ မှာ
ဗိုလ်ချုပ်မွေးနေ့ပါ
မျက်ရည်သွန်လို့ ဘဝင်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး
ပြည်ထောင်စု ရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်
ကောင်းစေချင်တဲ့ မှာစကား
ငါတို့မမေ့အား
ဒါလေးပဲ ရပါတော့တယ် ကျန်တဲ့အရှေ့က အပိုဒ်တွေ မရတော့ဘူးလေ
ဗိုလ်ချုပ်အောင်ဆန်းကို ၁၃ ရက် ဖေဖော်ဝါရီ ၁၉၁၅ မှာ မွေးခဲ့ပြီးပါတယ် ရှေ့နေ ဦးဖာနဲ့ မိခင် ဒေါ်စုက မွေးခဲ့ပါတယ် (ဒါတွေကလဲ သိပြီးသားတွေပါ) ကဗျာထဲမှာ ပါတဲ့အတိုင်းပဲ ဇူလိုင်လမှာ ကျဆုံးခဲ့ပါတယ် ၁၉ ရက် ဇူလိုင် ၁၉၄၇ ပါ အဲဒီနေ့မှာ ခေါင်းဆောင်တော်တော်များများ ကျဆုံးခဲ့ပါတယ်
၁၉ ဇူလိုင် မမေ့နိုင် တဲ့
ဗိုလ်ချုပ်ရဲ့ နံမည်လေးတွေရှိပါတယ်
ငယ်နံမည်က ထိန်လင်း
သခင် အောင်ဆန်း လို့လဲခေါ်ပါတယ်
ဂျပန် အမည် Omoda Monchi
တရုတ်အမည် Tan Lu Sho
Resistance period code name: U Naung Cho
Contact code name with General Ne Win: Ko Set Pe.
ဒါတွေကတော့ wiki ကနေ ရတဲ့အချက်တွေပါ
အခုချိန်မှာ ဗိုလ်ချုပ်သာရှိနေခဲ့မယ်ဆိုရင် ဖေဖော်ဝါရီ ၁၃ ရက်နေ့ဟာ သူ့ရဲ့ အသက် ၉၅ နှစ်ပြည့်ပေါ့ ဒါပေမယ့် အခုနောက်ပိုင်း ဖေဖော်ဝါရီ ၁၃ ကိုမေ့နေခဲ့ပြီး ဖေဖော်ဝါရီ ၁၄ ကျတော့ သိကြတယ်
မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိတယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ
ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးတဲ့အဖေ
မြန်မာလူမျိုးရဲ့အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့။
ဒီက နေရတဲ့ ကဗျာလေးပါ ကြိုက်လို့ပါ



13 comments:
ဟိုစပ်စပ် ဒီစပ်စပ်သွားလည်ပြီး စုထားတာလေး ဖောက်သည်ချပေးတာ ကောင်းပါတယ်။
ဒါနဲ့...
ဖေဖော်ဝါရီ ၁၃ တော့ သိတယ်။ ဗိုလ်ချုပ်မွေးနေ့လေ။
ဖေဖော်ဝါရီ ၁၄ ဆိုတာ ဘာကိုပြောတာပါလိမ့်။းဝ
ဖေဖော်ဝါရီ ၁၃ ဟာ
ဗိုလ်ချုပ်မွေးနေ့ပါ
တထောင့် ကိုးရာ တဆယ့်ငါး
ရှေ့နေ ဦးဖာသား။
ဇာတိနတ်မောက်
မကွေးခရိုင်
သိကြ များခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့
ဇာနည်ဘွား
မိခင် ဒေါ်စုသား။
ပြည်ထောင်စုရေး
ကြိုးပမ်းဆောင်
ပြည်ချစ် တိုးခေါင်ဆောင်။
ဆိုရှယ်လစ်ဘောင်
လမ်းစဉ်များ
ဗိုလ်ချုပ် ချမှတ်သွား။
မှတ်မိတဲ့ အပိုဒ်လေးတွေပါ။
ဒီဝက်တော့ လေ
ကဗျာကိုလည်း အလွတ်မရပေမယ့်
ဗိုလ်ချုပ် မွေးနေ့ ကိုတော့ သတိရဖော်ရသားပဲ
အသိအမှတ်ပြုပေးရမယ့် နေ့ ကောင်းနေ့ ထူးတွေပါပဲ
အားလုံးက ဝိုင်းဝန်း အသိအမှတ်ပြုပြီးဂုဏ်ယူကျမယ်ဆိုရင် ဘယ်တော့မှ ပျောက်ကွယ်သွားမယ် မဟုတ်ပါဘူး
မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိတယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ
ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးတဲ့အဖေ
မြန်မာလူမျိုးရဲ့အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့
ဒီကဗျာလေးကို အရင်နှစ် တွေ့ စကတည်းကို ကြိုက်နေတာ ဟဟ မိုက်တယ် ခိုက်တယ် စာသားလေးတွေ ဝက်ကလေးရ
ဝက်ကလေး က လူသာငယ်တယ်
အသိတော့ မငယ်ပါ့လား။ကောင်းပါပေ့ ။
တို့ တတွေရဲ့  ဗိုလ်ချုပ် အစစ်ကို သတိတရ ရှိနေစေဖို့ ၊သူ့ စကားကို လိုက်နာဖို့ 
တို့ အားလုံး ရဲ့ တာဝန်ပဲ ။
နောင်လာ နောက်သား မျိုးဆက်သစ်တွေကို
လက်ဆင့် ကမ်းပေးဖို့ လည်း လိုတာပေါ့ ။
၁၃ ရက် ပြီးတော့ လည်း ၁၄ ရက်ပေါ့ ကွယ် ..
ဗယ်လက်တင်းမှာလား ။ ညာလက်တင်းမှာလား ..
ကဲပါလေ...
ရှည်ရှည်ဝေးဝေး မပြောတော့ပါဘူး။
သမီးကြီး ညီမမို့လို့ တော်တာပါ ဒီဆလူးလေး ဟဲဟဲ။
ဟုတ်တယ်ဟုတ်။
မကီကလဲ ၁၂ ရက် ပြည်ထောင်စုနေ့
၁၃ရက်နေ့ ဗိုလ်ချုပ်မွေးနေ့
၁၄ရက်နေ့ ချစ်သူမွေးနေ့ အဲလေ ချစ်သူများနေ့ ဟဲဟဲ
၁၅ရက်နေ့ ဘာနေ့ ဘာနေ့ တွေရှိသေးလဲ ဟိဟိ...
မမေ့ဘူး ညီမလေး။ ကဗျာအသစ်လေးတွေ ဖတ်ရလို့လည်း ကျေးဇူး =)
ဟုတ်တယ်လေမှန်တာပေါ့... ခြင်နဲ့ဆို ၃၇ ၀မ်းကွဲတော်တယ်... ၀က်ကလေးက...
ဗိုလ်ချုပ်ကို ၀က်ကလေးတို့လို လူငယ်လေးတွေ သတိတရ ရှိနေကြတာ ၀မ်းသာစရာပါ...
ဗိုလ်ချုပ်ဟာ ပြည်သူတွေရဲ့ ရင်ထဲမှာ ဘယ်လိုပင်ဖျက်ဖျက် မပျက်နိုင်ပါဘူး..
အယ် ကိုကိုမောင် ဖေဖော်ဝါရီ ၁၄ မသိဘူးလား ဘာတဲ့ မကိပြောတဲ့ ဘယ်လက်တင်းတာဆိုတာလေ ဟိဟိ
မှတ်မိတဲ့အပိုဒ်လေးတွေ ချရေးပေးသွားတဲ့ အမည်မသိ ကျေးဇူးး
အောင်မာ ဘယ်သူလဲ ဝက်လေ ဒီတော့ လန်းရမှာပေါ့ ကိုခလောက် ရဲ့ ဟက်
ဖွားကိရေ ဘယ်လက်လဲမတင်းဘူး ညာလက်လဲမတင်းဘူး အကုန်အကောင်း ဟိဟိ
၁၅ ရက်နေ့က အိမ်ကျယ် ဝမ်းလျှောတဲ့နေ့တဲ့ ခိခိ
လည်လည်လာလို့ ကျေးဇူးး မမကိုး
၃၇ ဆို သမီးက ၃၇ မင်းနတ်ပဲသိတာ ဟိဟိ ဟုတ် မမေ့ဘူး စိတ်ချ အဟဲ
အားလုံး ကျေးဇူးးးးးးးးး အထူးးး
ဘယ်လက်တင်း
ညာလက်တင်း
ဘာတွေလဲမသိ။ ပိုတောင်ရှုပ်သွားသေးတယ်။
ပြောပြပါ ၀က်ကလေး။
လွတ်လပ်ရေးရတာအောင်ဆန်းကြောင့်လို
ထင်ရင်မှားလိမ့်မယ် Geo politic
ကြောင့် British က Asia က ဆုတ်
ဖို့ ဆုံးဖြတ်ပြီးသားပါ..
ဗမာတသိုက်က ကိုယ့်ဘာသာ
မွှန်းနေကြတာ
သူငယ်ချင်းတွေကို အခုလို မျှဝေပေးတော့ မသိသေးသူတွေ သိရတာပေါ့...
းဝ)
ဝက်ဝံလေး ရေ အဲလောက်သိရင်ပဲ ချီးကျုးရမှာပါ။
မသိတဲ့သူတွေအများကြီးရှိနေပါသေးတယ်။
ခုလို အသိတရားလေးနဲ့ ဗိုလ်ချုပ်မွေးနေ့ဂုဏ်ပြုပိုစ့်လေး တင်တာ ၀မ်းသာမိပါတယ်
အဆင်ပြေပျော်ရွှင်ပါစေ။
Post a Comment