အခန်း (၂)
Eddie တော်တော်လေး တုန်လှုပ်သွားခဲ့တယ် တခြားခရီးသွားတွေကလဲ ရင်သပ်ရှုမောပြီး အသက်ရှူဖို့တောင် မေ့နေခဲ့တယ် Mr. Starkes က ဟက်ဟက်ပက်ပက် ရယ်မောတယ် ရယ်တာမှ သူ့မျက်နှာကြီးကို နီနေတာပဲ
" ဒါကလေ Terror Tower မှာ အမြဲပြောနေတဲ့ ပျက်လုံး တခုပေါ့ ခင်ဗျားတို့ကို ပျော်စေချင်လို့ပါ ဗျာ " တဲ့ Eddie ကလွဲလို့ ကျွန်မအပါအဝင်လူအားလုံး ရယ်လိုက်ကြတယ် Eddie ကတော့ တုန်လှုပ်နေတုံးပဲ ပြီးတော့
" ဒီလူရူးနေတာ " ဆိုပြီး တိုးတိုးလေး ပြောတယ်
တကယ်တော့ Mr.Starkes ကတော်တော်လေး သဘောကောင်းပြီးတော့ ပျော်ပျော်နေတတ်တဲ့လူတယောက်ပါ တော်တော်လေးလဲ ကူညီတတ်တဲ့ tour guide တယောက်ပါ လန်ဒန်မှာရှိရှိသမျှ သူအကုန်သိပုံပေါ်တယ် ကျွန်မနဲနဲ စိတ်ကသိကအောင်ဖြစ်တာ ဘာလဲ ဆိုတော့ တခါ တခါ သူ့ရဲ့ British စကားပြောကို သိပ်နားမလည်တာလေး တခုပါပဲ
" ခင်ဗျားတို့ တွေ့တဲ့အတိုင်းပါပဲဗျာ ဒီရဲတိုက်ကြီးမှာ အဆောက်အဦးတွေ အများကြီးရှိတယ် ဒီအဆောက်အဦးကတော့ စစ်သားတွေ နေဖို့ထိုင်ဖို့အတွက် ဆောက်ထားတဲ့ တန်းလျားပဲဖြစ်ပါတယ် " ဆိုပြီး Mr.Starkes က အဆောက်အဦးတွေကို ညွှန်ပြပြီးတော့ ရှင်းပြတယ် ကျွန်မက သူပြောတဲ့ စစ်သားတွေအတွက် တန်းလျားဆိုတဲ့အဆောက်အဦးကို ဓာတ်ပုံ ၂ ပုံ ၃ ပုံလောက် ရိုက်လိုက်တယ် အဆောက်အဦးက တော်တော်တော့ရှည်ပါတယ် ဒါပေမယ့် အမြင့်တော့ နိမ့်နိမ့်လေးရယ် တဲသာသာလောက်ပဲရှိပါတယ် ပြီးတော့ အဲဒီအဆောက်အဦးအရှေ့မှာ ရှိတဲ့ လုံခြုံရေးအဆောက်အအုံအသေးလေးကိုလဲ ဓာတ်ပုံရိုက်ခဲ့လိုက်တယ်
ကျွန်မ နောက်ကလူတွေရဲ့ ဟာ ဟင် ဆိုတဲ့ အံ့သြသံတွေကို ကြားလိုက်ရတော့ ဘာများလဲ ဆိုပြီး နောက်လှည့်ကြည့်လိုက်တော့ ခေါင်းစွပ်စွပ်ထားတဲ့ လူတယောက် အပေါက်ဝ မှာ ရပ်နေတယ် အဲဒီလူက အစိမ်းရောင် စစ်အင်္ကျီကြီးကို ဝတ်ထားပြီးတော့ လက်မှာလဲ ရှေးခေတ်သုံး ပုဆိန်ကြီးကို ကိုင်ထားတယ် Mr Starkes ကတော့ ဆက်လက်ရှင်းပြနေတယ်
" ဘယ်သူများ ဒီမှာ ဆံပင်ညှပ်ချင်ကြတုံး ဒါကတော့ ရဲတိုက်ရဲ့ ဆံပင်ညှပ်တဲ့ နေရာ ဆံသပဲဖြစ်တယ် " တဲ့ ကျွန်မတို့တွေ ရယ်လိုက်ကြတယ် ခုဏကမြင်ခဲ့တဲ့ အစိမ်းရောင်ဝတ်ထားတဲ့ အာဏာပါးကွက်သားကြီးက ကျွန်မတို့အားလုံးကို အလေးပြုပြီးတော့ အဆောက်အဦးထဲ ဝင်ရောက်ပျောက်ကွယ်သွားတယ် Eddie က
" ဟိ ရယ်စရာကြီးနော် " ဆိုပြီး တိုးတိုးလေး လာပြောတယ် သူက ရယ်စရာလို့သာပြောတယ် ကျွန်မနားကို တိုးတိုးပြီး ကပ်လာတယ်
" ကျွန်တော်တို့တွေ ဒီရဲတိုက်ထဲကို ဝင်တော့မှာဖြစ်တယ် အထဲမှာ အခန်းတွေ အများကြီးနဲ့ လမ်းတွေ အများကြီးရှိတာကြောင့် လူပျောက်သွားမှာ စိုးပါတယ် ဒါကြောင့် အကုန်လုံး ပူးပူးကပ်ကပ်နေပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ကြပါ " ဆိုပြီး Mr Starkes က ပြောတယ် ကျွန်မက
" ဝိုးးး စိတ်ဝင်စားစရာပဲ " Eddie က ကျွန်မကို နားမလည်သလို လှမ်းကြည့်တယ် ကျွန်မက
" Eddie နင် အထဲကိုဝင်ရမှာ မကြောက်ဘူးမလား " ဆိုတော့ သူက
" ဘယ်သူလဲ ငါလား " ဆိုပြီး အထစ်ထစ် အငေါ့ငေါ့နဲ့ မေးတယ် Mr Starkes က ဆက်ပြီးတော့ ပြောတယ်
" အထဲမှာ ခင်ဗျားတို့ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ ပစ္စည်းတွေ ထောင်သားတွေကို နှိပ်စက်တဲ့ လက်နက်ကိရိယာတွေကို တွေ့ရမှာဖြစ်တယ် ဒီထောင်က တော်တော်လေးတော့ ရက်စက်တယ် ကျွန်တော် အကြံတခုတော့ ပေးချင်တယ် ဗျာ ခင်ဗျားတို့ အိမ်ပြန်ရောက်ရင် ဒီမှာ တွေ့ခဲ့တဲ့အတိုင်း မလုပ်ကြဖို့ပဲ " ဟားးးး လူတချို့ရယ်ကြတယ် သူ့ရဲ့စကားကို ကျွန်မကတော့ သူပြောတာနဲ့တင် အထဲကို ဝင်ချင်နေပြီ Mr Starkes က
" ထပ်ပြောမယ် ဗျာ ကျွန်တော်အားလုံးကို မေတ္တာရပ်ခံပါတယ် အားလုံး ပူးပူးကပ်ကပ်နေပြီး လူစုမကွဲအောင် နေပါ ကျွန်တော် နောက်ဆုံး လိုက်ပို့တုံးက လူပျောက်လို့ဗျ ကျွန်တော့် သူဌေးဆိုရင် ကျွန်တော့်ကို အမြဲဆူတယ် " ကျွန်မ ရယ်မိတယ် ဒီစကားဟာလဲ ပြောနေကျ ဟာသပဲ ထင်ပါရဲ့လို့ စိတ်ထဲ တွေးလိုက်မိတယ်
အဝင်အဝမှာ ကျွန်မက မျှော်စင်ကြီးကို မော့ကြည့်လိုက်တယ် ကျောက်တုံးတွေနဲ့ လုပ်ထားပြီး လေးထောင့်ကွက်သေးသေးလေးတွေက လွဲလို့ ပြတင်းပေါက်လုံးဝ မရှိဘူး ဟိုးးးးး လွန်ခဲ့တဲ့ နှစ်ပေါင်းရာပေါင်းများစွာက လူတွေ ဒီမှာ အကျဉ်းချ ခံရတာပါလား လို့ ကျွန်မ စိတ်ထဲတွေးလိုက်မိတယ်
ကျွန်မတို့တွေ အထဲကို စ ပြီးဝင်ပါပြီ
" ဟေးးး Eddie လှည့် ဒီဘက်ကိုလှည့် " လို့သူ့ကိုလှမ်းပြောပြီးတော့ကျွန်မက အိတ်ထဲက ကင်မရာကို ထုတ်လိုက်တယ်
" သွားရအောင်ဟာ သူများတွေ သွားကုန်ကြပြီ " လို့ Eddie က ပြောတယ်
" လုပ်ပါဟာ ငါ နင့်ကို ဒီ ရဲတိုက် အဝင် အဝ ရှေ့မှာ ဓာတ်ပုံရိုက်ပေးချင်လို့ပါ " ဆိုပြီး ကျွန်မက ကင်မရာနဲ့ သူ့ကို ချိန်လိုက်တယ် Eddie ကတော့ မချိုမချဉ်မျက်နှာ လုပ်ပြတယ် ကျွန်မက ကလစ် နှိပ်လိုက်တယ်
ဘယ်လိုမှ ထင်မထားပါဘူး ဒီပုံဟာ Eddie အတွက် ကျွန်မ နောက်ဆုံး ရိုက်ပေးခဲ့တဲ့ ဓာတ်ပုံ ဆိုတာ........
xxxxxxxxxxx
ဘယ်သူပြောတုံး ပို့စ် တခါတင်ပြီး တလ လောက်ဆိုတာ ဟွင်းးးးး 



7 comments:
အောင်မယ်..........
ငါ တစ် ရတယ်ဟ။။
ဟုတ်လားးးးးးးးးးးး ဝေ့
အောင်မယ်......
တော်ချက်.... ငါ့ညီမလို့ မပြောရဘူး။
သေချာတယ် ချစ်ကို ဝက်ကြီး ကူညီပေးလို့ အဲလောက်ကောင်းတာ ဟုတ်တယ်မလားးးးးးးး
တမင် ရန်ရှာသွားတယ်။
မကျေနပ်ရင် လိုက်ခဲ့ဟေ့။
ဟဲဟဲဟဲ
ဝက်ဝံလေးရေ... လာလည်သွားတယ်... ဖတ်သွားတယ်... စိတ်ဝင်စားစရာကောင်းတယ်....
ဖတ်သွားပြန်ပါတယ် ဝက်ဝံလေးရေ..
ဆက်လက်မျှော်နေပါ့မယ်နော်..။
ဟဲ ဟဲ။
ပို့စ်တစ်ခုတင်ပြီး တစ်လလောက်ကြာနေကျဝက်ကလေးက ဒီတစ်ခါတော့ ပို့စ်အဟောင်းလေး မမေ့ခင် အသစ်ထပ်တင်တယ်။ မဟုတ်မှလွဲရော.. အေဒင်ဘရာမှာ ရာသီဥတုဖောက်ပြန်နေပြီထင်တယ်။း-းဝ။
ဝက်ကလေးလဲ အကျဉ်းချခံနေရဦးမယ်နော်။ အတိတ်ကို သွားကြသူများထဲ ပါသွားရင်ပေါ့။
ဟိုတစ်ယောက်က ဘာဖြစ်လို့ သူ့အတွက် နောက်ဆုံးဓါတ်ပုံရိုက်ပေးလိုက်ခြင်းလဲ။ နိုင်ငံခြားကို အပြီးထွက်သွားလို့လား။ ဒါမှမဟုတ် ဟို ဂိုက်လူကြီးပြောသလို ရယ်စရာဟာသလုပ်တာလား။
မှန်မှန်မြန်မြန်ပြောစမ်းပါဝက်ကလေးရယ်။
လာဖတ်တယ်.. မြန်မြန်ဆက်နော်...
အယ်.. ကင်မရာ ပျောက်သွားလို့လား..
ဖလင် ကုန်သွားတာလား
မြန်မြန်ဆက်ရေးပါ ။
တန်းလန်းကြီး ....ဟွင်းး
Post a Comment